← Chapters

အခန်း (၂၇-၂၈)

Vol. 2 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 2 Ch. 27-28

အခန်း (၂၇)။

“ဒီတစ်ခါတော့ ဒီဟုန်ယွိ တော်တော်ဒုက္ခရောက်လိမ့်မယ်။ သူ သေချာပေါက် အပြစ်ပေး ခံရလိမ့်မယ်။”

“ဟုတ်တယ် ပြန်သွားကြည့်ရအောင်။"

“ပထမမဒမ်က သူ့ကို မကြိုက်ဘူး၊ ဒီနေ့, သူက သူ့အစ်ကိုကို တကယ်ရိုက်တယ်။ ဟုန်ဂီက မြင်းစီးမတော်ပေမယ့် တတိယမဒမ်က အသေးမွှားမဟုတ်ဘူး”။

“ငါ ထူးဆန်းတာ ရှာတွေ့တယ်။ ဟုန်ယွိဟာ အတိတ်တုန်းကဆို ပြဿနာ တွေ့ကြုံရတဲ့ အခါ အမြဲတမ်း ရှောင်တိမ်းနေခဲ့တယ်။ ဒီနေ့ ဘာလို့ သူက ဒီလောက်တောင် ကြမ်းနေရ တာလဲ"

“ငါ မသိဘူး၊ သူ့တည်ငြိမ်မူတွေ ပျောက်သွားတာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူ ဟုန်ဂီကို ရိုက်နှက်လိုက်တဲ့ပုံစံကို ကြည့်ရတာ အတော့်ကို သေသပ်တယ်။ သူ သိုင်းပညာကို ဘယ်မှာ သင်ယူခဲ့လဲ မသိဘူး။”

“အတိုချုပ်ပြောရရင်, ဒီတစ်ခါတော့ သူ တော်တော်ဒုက္ခရောက်လိမ့်မယ်"

"ဟုတ်တယ်၊ ဟုတ်တယ်။"

မြို့စားစံအိမ်မှ အစောင့်လေးငါးယောက် အကယ်ဒမီကျောင်းထဲသို့ တန်းစီဝင်လာသည်ကို မြင်လိုက်ရသောအခါ ပြန့်ကျဲနေသော ကျောင်းသားများသည် အချင်းချင်း တီးတိုးတီးတိုး ပြောကြသည်။

ကျောင်းရှိ ကျောင်းသားများ အားလုံးသည် မြို့စားဝူဝမ်၏ အိမ်ထောင်စုနှင့် ဆက်စပ်နေ သောကြောင့် စံအိမ်တွင်းရှိ ဟုန်ယွိ၏ရပ်တည်မူနှင့် ၎င်းတို့ကြားမှ သိမ်မွေ့သော ဆက်ဆံရေးကို သိရှိထားကြသည်။

အတိုချုပ်ပြောရရင်၊ ယခုတစ်ခါတော့ ဟုန်ယွိ ဒုက္ခရောက်နေပြီဟု လူအများက ထင်နေကြ သည်။

"ပထမမဒမ်က ငါ့ကို ပြန်ခေါ်နေတာလား"

စိတ်ခံစားချက်ကင်းမဲ့သည့် အစောင့်လေးငါးယောက်နှင့် သူ့ပတ်ဝန်းကျင်ရှိ လူများ၏ တီတိုးပြောသံများနှင့် ရင်ဆိုင်ရသောအခါတွင် ဟုန်ယွိသည် အလွန်တုန်လှုပ်ခြင်း၊ စိုးရိမ် ပူပန်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းတို့ကို မပြခဲ့ပေ။ ယင်းအစား သူသည် သူ့ လက်စွပ်ကို စိတ်ချလက်ချ လှန်ပြလိုက်ပြီး မတ်တပ်မရပ်ဘဲ နေလိုက်သည်။ သူသည် သူ့လက်မပေါ်မှ လက်စွပ်ကို ပွတ်သပ်ရုံသာ ပွတ်သပ်နေပါသည်။

“ဒါပေမယ့် ဒီနေ့ ငါ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားတာ ရှိတယ်။ ပြီးတော့ ငါက စံအိမ်မှာ ဧည့်သည်အဖြစ် ရောက်လာခဲ့မယ်။ ပထမမဒမ်ကို ဂါရဝပြုဖို့ မပြန်ခင် ဒီမိတ်ဆွေ နဲ့ အရင်ချိန်းထားသင့်တယ် ထင်တယ်။”

ဟုန်ယွိက အေးဆေးတည်ငြိမ်စွာ ပြောသည်။

“မိတ်ဆွေနဲ့ချိန်းထားတာလား။ မြို့စားစံအိမ်တွင်းကို သာမန်လူတွေ ဝင်ခွင့်မပြုပါဘူး၊ ဒါက သခင်လေးယွိ သိထားရမယ့် စည်းကမ်း ဖြစ်တယ်။ ဒါ့အပြင် ဒီနေ့ ပထမမဒမ်က သခင်လေးကို ရှာခိုင်းလိုက်တာ။ ကျွန်တော်တို့ အချိန်မီ မရောက်ရင်, ကျွန်တော်တို့ အတွက် ခက်ခဲလိမ့်မယ်။”

အစောင့်တစ်ဦးမှ ဟုန်ယွိ၏ စကားကို ကြားလိုက်သောအခါတွင်, ခံစားချက်ကင်းမဲ့သည့် သူ့မျက်နှာပေါ်မှာ မမြင်နိုင်လောက်သည့် လှောင်ပြောင်သရော်မူတစ်ခု ထွက်ပေါ်လာ သည်။ သူ့စကားက ယဉ်ကျေးသော်လည်း, အကယ်၍, ဟုန်ယွိသာ ငြင်းဆန်နေပါက, သူတို့သည် သံသယမရှိ လှုပ်ရှားလိမ့်မည်။

"သာမန်လူလား။ သာမန်လူ မဟုတ်ဘူး။ ဟင့်၊ မင်းတို့ ဒီကိုရောက်လာပြီးဆိုမှတော့, ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ ညွှန်ကြားရေးမှူးရုံးကို သွားပြီး ငါ့အတွက် နတ်ဘုရားလေ ပြည်နယ်က ကျန်းနန်မင်းသမီးကို ဖိတ်ကြားလိုက်ပါ။ သူမက ဒီနေ့ မြို့စားစံအိမ်ကို ဧည့်သည်အဖြစ် လာမယ်လို့ ငါ့ကို ပြောခဲ့တယ်။ ဟင်း...၊ ဒီလက်စွပ်ကို မင်းတို့နဲ့အတူ ယူသွားပြီး သက်သေ အထောက်အထားအဖြစ် အသုံးပြုလိုက်ပါ။ ဒီလိုနည်းနဲ့ဆို မင်းတို့ သူမအစောင့်တွေနဲ့တွေ့တဲ့အခါ အဆင်ပြေလိမ့်မယ်”။

ဟုန်ယွိက သူ့လက်မက သံမဏိလက်စွပ်ကို ချွတ်လိုက်ပြီး အစောင့်ကို စကားပြောရင်း စားပွဲပေါ်တင်လိုက်ပါသည်။

"ကျန်းနန်မင်းသမီးက စံအိမ်ကြီးကို သွားချင်နေတယ်" အစောင့်လေးငါးယောက်သည် “ကျန်းနန်မင်းသမီး” ဟူသော စကားကို ကြားသောအခါ သူတို့၏မျက်နှာများသည် ချက်ချင်းပင် အံ့အားသင့်သွားကြသည်။ သို့သော်, သိပ်မကြာခင်မှာပင်၊ ဟုန်ယွိ၏လက်ထဲ ကကနေ စားပွဲပေါ်တင်ထားသည့် သံမဏိလက်စွပ်ကို စိုက်ကြည့်ရင်း သူတို့မျက်လုံးတွေ က အံ့ဩသည့် အမူအရာတွေ ပေါ်လာပါသည်။

ဤသံမဏိလက်စွပ်သည် ထူးခြားသောပုံစံများ ပါရှိသည်။ ၎င်းပေါ်တွင် ဂန္ဓမာပန်းနှင့်တူ သော တိမ်တိုက်ပုံစံများ ပါရှိပြီး၊ တစ်ချိန်တည်းမှာပင် လက်စွပ်၏ကိုယ်ထည်ကို အလွန် လက်ရာမြောက်ပြီး တွန့်လိမ်ထားသော စာလုံးများဖြင့် ရေးထွင်းထားသည်။ ၎င်းသည် နတ်ဘုရားလေ ပြည်နယ်၏ ဘာသာစကား ဖြစ်သည်။ ထိုသံမဏိလက်စွပ်သည် နတ်ဘုရား လေပြည်နယ်၏ ဂန္ဓမာတိမ်တိုက်ပုံစံ သံမဏိဖြစ်ပြီး ၎င်းသည် အဆင့်တူရွှေထက်ပင် ပို၍ ဈေးကြီးသည်။

အစောင့်တစ်ယောက်က လက်စွပ်ကို ကိုင်လိုက်ပြီး သူ့လက်ထဲမှာ ချိန်ဆကြည့်လိုက်ပါ သည်။ ထိုစာလုံးများကို မြင်သောအခါတွင် သူ့အမူအရာက ပြောင်းသွားသည်။

"ဒါက တကယ်ကို ကျန်းနန်မင်းသမီးရဲ့ လက်မ လက်စွပ်ပဲ။ နောက်ဆုံး အကြိမ်တုန်းက ကျန်းနန်မင်းသမီး မင်းသားရုန်ရဲ့ စံအိမ်တော်မှာ စာအုပ်တွေဖတ်ဖို့၊ မင်းသားရုန်ရဲ့ ပထမ မဒမ်က ရက်အနည်းငယ်ကြာအောင် ပြင်ဆင်ပေးခဲ့ရဖူးတယ်။ သူမရဲ့ ဧည့်ခံမူကို အလွန် စေ့စပ်တယ်။ ဧကရာဇ်မင်းကြီးတောင်မှ ဒီအကြောင်းကို ကြားသိရတော့ အရမ်းကို ဝမ်းသာသွားတယ်...။ တကယ်လို့, သူမသာ ငါတို့ရဲ့စံအိမ်ကြီးဆီ သွားမယ်ဆိုရင်..."

အစောင့်အများအပြားက တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး၊ အချင်းချင်း တီးတိုးမပြောဘဲ မနေနိုင်ခဲ့ပါချေ။

"ဒီနေ့, ငါ ကျန်းနန်မင်းသမီးနဲ့ ချိန်းထားတာရှိတယ်။ မင်းတို့ ဒီလက်မလက်စွပ်ကို ပြပြီး ဟုန်ယွိက သူမကို ဖိတ်ကြားတယ်လို့ ပြောလိုက်ပါ။ တကယ်လို့, သူမ နောက်ကျမှ ရောက်လာခဲ့ပြီး၊ ငါ့ကိုမတွေ့ရင် ကောလဟာလတွေ ဖြစ်လာနိုင်တယ်..." ဟုန်ယွိက ထပ်ပြောသည်။

"ကောင်းပါပြီ။" ဒီအစောင့်အကြပ်က ပြဿနာရှာမိမှာ တကယ်ကို ကြောက်ပါတယ်။”

“ပြန်သွားပြီး ပထမမဒမ်ကို ပြင်ဆင်ဖို့ ပြောပြလိုက်ပါ့မယ်။ ကျွန်တော်က ညွှန်ကြားချက် အတိုင်း သွားလိုက်ပါ့မယ်” အစောင့်ခေါင်းဆောင်က ကမန်းကတန်း ပြောသည်။ ထို့နောက် လက်မလက်စွပ်ကို ကိုင်ကာ ညွှန်ကြားရေးမှူးရုံးထံ အမြန်သွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ဟုန်ယွိနှင့် အစောင့်တပ်သားတို့ စကားပြောသံကို ကြားလိုက်သော အခါ လူအများ၏ မျက်လုံးများ ပြူးသွားခဲ့ကြသည်။ ယခုလိုဖြစ်လာလိမ့်မည်ဟု မည်သူက မှ မမျှော်လင့်ထားခဲ့ပါဘူး။

နတ်ဘုရားလေပြည်နယ် ကျန်နန်မင်းသမီးသည် နတ်ဘုရားလေပြည်နယ်၏ဘုရင်အား တော်ဝင်ချန်မင်းဆက် ဧကရာဇ်မင်းမြတ်မှ ပေးအပ်ထားသည့် ဘွဲ့တစ်ခု ဖြစ်သည်။ ယွန်မင်လူမျိုးတို့သည် ကျောက်စိမ်းမြို့တော်ကို တိုက်ခိုက်သောအခါတွင်, သူတို့သည် တိုက်ခိုက်ရန်အတွက် တောင်ပင်လယ်ကနေ စစ်တပ်ကို စေလွှတ်ခဲ့သည်။ ထိုအချိန်တွင်၊ နတ်ဘုရားလေပြည်နယ်သည် တော်ဝင်ချန် မင်းဆက်၏ အကြီးစားပြည်နယ်တစ်ခု ဖြစ်သည်။ တော်ဝင်ချန်ရေတပ်ကို ကြားဖြတ်ကူညီရန် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့သည်။ အပြင်းအထန်တိုက်ပွဲအပြီးတွင် သူတို့သည် ယွန်မင်ပြည်နယ်၏စစ်တပ်ကို အနိုင်ယူခဲ့ သည်။

နောက်ပိုင်းတွင် ဧကရာဇ်သည် မမွေးသေးသော သမီးတော်အတွက် ကျန်းနန်မင်းသမီး ဘွဲ့ဖြင့် နတ်ဘုရားလေပြည်နယ်၏ ဘုရင်အား ဆုချီးမြှင့်ခဲ့သည်။ (ယောင်္ကျားလေး ဖြစ်ခဲ့လျှင် ကျန်းနန်မင်းသား ဖြစ်လိမ့်မည်။)

ယခု ကျန်းနန်မင်းသမီးသည် အရွယ်ရောက်လာသောအခါ, သူမသည် တော်ဝင်ချန် မင်းဆက် ကျောက်စိမ်းမြို့တော်သို့ စာပေလေ့လာရန် ရောက်ရှိလာပြီး၊ ဧကရာဇ် မင်းမြတ်ထံ လည်ပတ်ရန် နန်းတော်သို့ ဝင်ရောက်ခဲ့သည်။ ဧကရာဇ်မင်းမြတ်နှင့် ဧကရီ ဒိုဝါဂါတို့သည် သူမအား အလွန်နှစ်သက်ကြပြီး ၎င်းတို့၏ သမီးတော်အဖြစ် တရားဝင် မွေးစားခဲ့သည်။ သူမ မှူးမတ်အိမ်များ, ဝန်ကြီးချုပ်အိမ်များသို့ သွားသောအခါ၌ပင်၊ မဒမ်များနှင့် သခင်များက ယဉ်ကျေးသိမ်မွေ့ရမည်။ ဆန့်ကျင်ဘက်အနေဖြင့်, အကယ်၍, ဧကရာဇ်မင်းမြတ်သာ ထိုအကြောင်းကို ကြားသိပါက တော်ဝင်ချန်မင်းဆက်မှာ ကြီးမားသည့် ပြဿနာတစ်ရပ် ဖြစ်လာလိမ့်မည်။

ကျင့်ဝတ်များသည် တိုင်းတစ်ပါး မင်းသမီးရှေ့မှာ မဆိုထားနှင့်, မိသားစုကြီးတစ်ခုမှာပင် အရေးကြီးဆုံးအရာ ဖြစ်သည်။

ဤအစောင့်များသည် ဟုန်ယွိက ကျန်းနန်မင်းသမီးကို အဘယ်ကြောင့် သိနေသည်ကို နားမလည်သော်လည်း ဟုန်ယွိတွင် အစစ်မှန် လက်မလက်စွပ် ရှိနေသည်။ ယင်းက လေးနက်သည့်ကိစ္စဖြစ်ပြီး၊ သူတို့သည် လျစ်လျူမရှုဝံ့ကြပေ။

ဟင်း......

အစောင့်တစ်ဦး ထွက်သွားသည်ကို မြင်ပြီးနောက် အခြားအစောင့်များသည် မြို့စားစံအိမ် သို့ အမြန်ပြန်သွားခဲ့ကြသည်။ ဟုန်ယွိသည် သူ့စိတ်ထဲတွင် သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိပါသည်။

မင်းသမီး လော်ယွန်၊ မင်းကို အကာအကွယ်အဖြစ် အသုံးချမိတဲ့အတွက် ငါ့ကို အပြစ်မတင် နဲ့။ ဒါပေမယ့် ငါဟုန်ယွိက မင်းရဲ့အာဏာကို ချေးငှားလိုက်ရုံပါ။ ငါ သေချာပေါက် မင်းအတွက် ပြန်ပေးဆပ်ပေးမယ် ဟုန်ယွိက တွေးလိုက်သည်။

ထိုနေ့က ဟုန်ယွိသည် ထိုးဖောက်ကြွက်ဆိုင်တွင် လော်ယွန်၏ ကိုယ်ရေးအချက်လက်ကို မြင်ပြီး သူမနှင့် စကားစမြည်ပြောရန် သွားခဲ့သည်။ သူသည် ပညာရှင်တစ်ဦး၏ ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ ကျင့်ကြံခြင်းအကြောင်း သူမနှင့် ဆွေးနွေးခဲ့သည်။ သူသည် သူမနှင့် ရင်းနှီးရန် စိတ်ကူးရှိခဲ့သည်။

ဟုန်ရွှေ့ကျောင်းသည် လီမြို့စားငယ်လေး ကျင်းယုရှင်းကို သိသည်။ သူတို့နှစ်ယောက် သည် ရင်းနှီးလာကာ စုံတွဲများ ဖြစ်သွားနိုင်ချေ များသည်။ အနာဂတ်တွင်၊ သူမသည် မြို့စား၏ မြို့စားကတော် ဖြစ်လာနိုင်ရန် အခွင့်အရေးရှိသည်။ ထို့အတွက်ကြောင့် မြို့စား စံအိမ်တွင် သူမ၏အဆင့်အတန်းသည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။ ပထမ မဒမ်တောင်မှ တစ်ခုခုလုပ်လိုလျှင် တွန့်ဆုတ်ရပါသည်။

သို့သော် ဟုန်ယွိသည် လူတွေအကြောင်း သိလာသောအခါတွင်, သူတို့တွေ့ခဲ့ဖူးသော ဖြူစင်ပြီး အပြစ်ကင်းသော ချိုင့်ဝှမ်းရှိမြေခွေးငယ်များကို အမှတ်ရစေခဲ့သည်။

ဟုန်ယွိ ဒီနေ့ ဟုန်ဂီကို တိုက်ခိုက်ရဲသည့် အကြောင်းရင်းမှာ သူ့မှာ စိတ်ကူးအနည်းငယ် ရှိနေ၍ ဖြစ်သည်။ ထိုသို့မဟုတ်လျှင်, သူသည် ခေတ္တရှောင်ရှားရန် ရွေးချယ်ခဲ့လိမ့်မည်။

ထိုနေ့တုန်းက လော်ယွန်သည် ဟုန်ယွိကို သူမနှင့် ကစားရန် တောင်းဆိုခဲ့ပြီး၊ ယင်းက ယခုအခါ အသုံးဝင်သွားခဲ့သည်။

“ဒီကိစ္စက မဒမ်ကျောက်ကို မျက်နှာပျက်စေပေမယ့်, အနာဂတ်မှာ ငါ့ရဲ့နေ့ရက်တွေက ပိုခက်ခဲလာလိမ့်မယ်။ ဒါပေမယ့်... ငါ မြို့စားစံအိမ်မှာ ကြာကြာနေဖို့ မရည်ရွယ်ထားဘူး။ အင်ပါယာ စာမေးပွဲတွေ ပြီးသွားတဲ့အခါ, ငါက ဂျူရန်တစ်ယောက် ဖြစ်လာမယ်။ ဒါက ငါ့အတွက် ထွက်သွားဖို့ လုံးဝ တရားမျှတမှု ရှိလိမ့်မယ်။”

ဟုန်ယွိ တွေးလိုက်သည်။

“ဟုန်ယွိ ... မင်း ငါ့ဆီ ဘာလို့ အခုမှ လာတာလဲ... ငါ မင်းကို ပြောစရာရှိတယ်။ ဒါပေမယ့် ဒီလက အရမ်းအလုပ်များနေပြီး၊ ငါ တော်ဝင်နန်းတော်ထဲ ရောက်နေတာ။” ဟုန်ယွိသည် လေးလေးနက်နက် တွေးတောနေချိန်မှာ အကယ်ဒမီတံခါးဝမှ ရုတ်တရက် ဆူဆူညံညံ အသံတစ်ခု ထွက်ပေါ်လာပြီး၊ ကြည်လင်ပြီး ငြိမ့်ညောင်းသော အသံကို ကြားလိုက်ရသည်။

အသံပိုင်ရှင်က ထိုနေ့က ထိုးဖောက်ကြွက်ဆိုပေါ်တွင် သူတွေ့ခဲ့သော လော်ယွန် ဖြစ်သည်။

အင်ပါယာကောလိပ်တွင် ပညာသင်ကြားနေသော အမျိုးသမီး။ တိုင်းတပါး မင်းမျိုး မင်းနွယ်ဝင်, ဂန္ဓမာတိမ်တိုက်ပုံစံလက်စွပ်, ဤအချက်လက်တွေက ဟုန်ယွိအနေဖြင့် သူမသည် ကျန်းနန်မင်းသမီး ဖြစ်သည်ကို အလွယ်တကူ သိနိုင်ပါသည်။

ဟုန်ယွိက အမြန်ထရပ်လိုက်ပြီး, လော်ယွန်က ပေါ့ပေါ့ပါးပါး အမျိုးသမီးဝတ်စုံ ပြောင်းလဲ ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ သူမပုံစံက သွယ်လျပြီး ပြေပြစ်သောကိုယ်နေဟန် ရှိသည်။

လော်ယွန်သည် ဟုန်ယွိကို မြင်ပြီးသည်နှင့် သူမသည် အလွန်တရာ အပြစ်ကင်းသော အပြုအမူဖြင့် ပြောပြီးနောက် သူမ၏လက်ထဲမှ လက်မလက်စွပ်ကို ယူကာ ဟုန်ယွိအား ပေးလိုက်သည်။ "မြို့စားဝူဝမ်ရဲ့စံအိမ်ကြီး၊ ငါ အဲဒီကို သွားချင်နေတာ ကြာပြီ။ သခင်မြို့စား ဝူဝမ်က ထူးထူးခြားခြား လူတစ်ယောက်ဖြစ်ပြီး ငါ့ခမည်းတော်တောင် သူ့အကြောင်းကို မကြာခဏ ပြောလေ့ရှိတယ်။ လာ၊ မင်းအိမ်ကိုသွားပြီး စကားပြောရအောင်။”

သူမပြောနေစဉ်တွင် သူမသည် လှည့်၍ ဟုန်ယွိကို အကယ်ဒမီမှ ဆွဲထုတ်လာခဲ့သည်။

ထိုမှသာ ပထမအကယ်ဒမီမှ ကျောင်းသားများသည် မှိန်းမောနေရာမှ သတိပြန်လည်လာ ကြပါသည်။

မြို့စားဝူဝမ်၏ ပင်မနေအိမ်...။

ပင်မခန်းမဆောင်တွင် အမျိုးသမီးနှစ်ဦး ထိုင်နေပြီး အစေခံမိန်းကလေးတစ်စုက သူတို့ကို စောင့်နေသည်။

သူမတို့ထဲတွင် ရွှေချည်မျှင်ထိုး အစိမ်းဖျော့ဖျော့ သားမွှေးဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးသည် ရှေ့ဆုံးမှာထိုင်နေပါသည်။ သူမ၏ဆံပင်များသည် အလွန်ရှည်ပြီး ဖြောင့်စင်းကာ သူမ၏ဆံပင်များပေါ်တွင် သန့်စင်သော ရွှေစင်အခေါင်းပေါက် ဒေါင်းဆံထိုး တစ်ခု ရှိနေသည်။ သူမဘေးမှာ ငွေရောင်ယုန်မွေးကုတ်အင်္ကျီ ဝတ်ဆင်ထားသည့် အစေခံ မိန်းကလေး လေးငါးယောက်လောက် ရပ်နေပြီး၊ အားလုံးက လှပပြီး ချစ်စဖွယ်ကောင်း သည်။

ထိုအမျိုးသမီး၏ မျက်နှာပေါ်မှာ မည်သည့်အရေးအကြောင်းတွေမှ မရှိပါဘူး။ သူမသည် အသက်သုံးဆယ် ဒါမှမဟုတ် လေးဆယ်ကျော်လောက် ရှိပုံရပါသည်။ သူမမျက်ခုံးကြားက ကျက်သရေရှိပြီး ပညာရှင်ဆန်သည့် အမူအရာရှိနေပြီး၊ သူမ၏ဖြောင့်စင်းသော မျက်ခုံးများ သည် စူးရှသောရောင်ဝါကို ပေးစွမ်းသည်။

သူမလက်ထဲတွင် ခေါင်းမှခြေဖျားအထိ ဆွတ်ဆွတ်ဖြူ ကြောင်လေးတစ်ကောင် ရှိနေသည်။

ဤအမျိုးသမီးသည် မြို့စားစံအိမ်ရှိ လူခုနစ်ရာမှ ရှစ်ရာတို့၏ အိမ်တွင်းရေးကို တာဝန်ယူရ သော ပထမအိမ်တော်ဌာနခွဲမှ မဒမ်ကျောက် ဖြစ်သည်။

"အစ်မကြီး၊ ကျွန်မတို့ မြို့စားစံအိမ်ကြီးမှာ အစ်မကြီးက မိသားစုကို စီမံခန့်ခွဲရာမှာ ကောင်းတယ်လို့ ပြောနေကြတယ် မဟုတ်လား။ ဟုန်ယွိလိုလူတွေအတွက်တော့, ဒီညီမက သူ့ကို မကြိုက်ဘူးလို့ ပြောရမယ်။ တကယ်လို့ သူသာ အခြားမြင့်မြတ်တဲ့ မိသားစုထဲမှာဆို, သူက အမှောင်ထဲမှာ သတ်ဖြတ်ခံရလောက်ပြီ။ သူက ကျွန်မရဲ့အစ်မလို ဘယ်လိုလုပ် သက်ညှာပေးခြင်းခံရမှာလဲ။ အစ်မကြီးက သူ့ကို နှစ်စဉ်နှစ်တိုင်း, လတိုင်းမှာ ပိုက်ဆံတွေ၊ ဆန်တွေ ပေးခဲ့တယ်။ သူ့ကို ဘယ်တော့မှ မနှိပ်စက်ခဲ့ဘူး။ အစ်မကြီးက သူ့ကို တိတ်ဆိတ် စွာ စာလေ့လာခိုင်းတယ်။ ဘယ်သူသိမှာလဲ၊ သူက တကယ်ကို ရူးသွပ်သူတစ်ယောက်ဆို တာကို။ မြို့စားက သူ့ကို ကိုယ်ခံပညာ မလေ့ကျင့်ဖို့ ညွှန်ကြားထားပေမယ့်၊ သူက လျှို့ဝှက် စွာ လေ့ကျင့်နေခဲ့တယ်။ သိတာတယ်။ သူက သေဆုံးသွားတဲ့ အဲဒီပြည်တန်ဆာမိခင်ရဲ့ ဂုဏ်သတင်းအတွက် တိုက်ပွဲဝင်လိုနေမှာ ထင်ရှားလွန်းတယ်။ သူက အဲဒီပြည်တန်ဆာမရဲ့ ဂုဏ်သတင်းကို ကျွန်မအစ်မကြီးထက် သာလွန်စေဖို့အတွက် မြို့စားစံအိမ်ကြီးရဲ့ စည်းကမ်းတွေကိုတောင် ချိုးဖောက်လိုတယ်။ ကြည့်စမ်း၊ ဘယ်လောက်ရက်စက်တဲ့ စိတ်နှလုံးရှိသူလဲ။ ဒီတစ်ကြိမ်မှာလည်း သူက ကျွန်မရဲ့ ရုန်ဖန်းနဲ့ ဂီအာတို့ကို ဒဏ်ရာရစေခဲ့ တယ်။ အစ်မကြီး သက်ညှာနေလို့မရမတော့ဘူး။ အစ်မကြီး ဆုံးဖြတ်ချက်တစ်ခု ချရမယ်။"

ထိုအချိန်တွင် မဒမ်ကျောက်၏အောက်က အမျိုးသမီးက စကားပြောသည်။ ဤအမျိုးသမီး သည် အကောင်းစားအဝတ်စားများကို ဝတ်ဆင်ထားပြီး သူမစကားပြောသည့် အခါအတိုင်း သူမ၏နှုတ်ခမ်းများက လှုပ်ရှားသွားကာ, သူမ၏ချွန်ထက်သော သွားများပင် ပေါ်လာပါ သည်။

"ဒီကိစ္စရဲ့ အကြောင်းရင်းကို ငါသိထားပြီးသား။ မင်းရဲ့ဟုန်ဂွီဟာ ရိုင်းစိုင်းတဲ့ လုပ်ရပ် အတွက် အပြစ်ရှိတယ်။ ဒါပေမယ့် ဒီဟုန်ယွိက မြို့စားရဲ့တားမြစ်ချက်ကို ချိုးဖောက်ပြီး၊ ကိုယ်ခံပညာ လျှို့ဝှက်လေ့ကျင့်ရဲတယ်။ ငါ့မှာ မိသားစုစည်းမျဉ်းအတိုင်း လိုက်နာဖို့က လွဲလို့ ရွေးချယ်စရာ မရှိဘူး။ မဟုတ်ရင်, ငါ မြို့စားစံအိမ်ကြီးမှာ လူခုနစ်ရာကနေ ရှစ်ရာကို ဘယ်လိုလုပ် စီမံခန့်ခွဲမလဲ။”

မဒမ်ကျောက်၏မျက်လုံးများတွင် အေးစက်စက် အလင်းရောင်တစ်ခု လင်းလက်သွား သော်လည်း သူမ၏လေသံမှာ အလွန်တည်ငြိမ်နေ၏။

"ဟုန်ယွိကို ခေါ်ဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်ထားပြီးပြီ။ သူက မလာရဲဘူး။"

ထိုအချိန်တွင် အစောင့်တစ်ဦးသည် အလျင်အမြန် ဝင်လာသည်။

"ဘာလဲ? မင်းက ဟုန်ယွိကို ဒီကို ခေါ်လာပြီလား။ ဒါဆို, ခြံဝင်းထဲမှာ သူ့ကို အရင်ဆုံး ဒူးထောက်ခိုင်းလိုက်ပါ။" မဒမ်ကျောက်က အစောင့်ကိုတွေ့တော့ သူမလေသံက အရမ်း တည်ငြိမ်ပြီး ကြောင်ကလေးကို လက်ဖြင့် ထိလိုက်ပါသည်။

"ကျန်းနန်မင်းသမီးက မြို့စားစံအိမ်ကို လာနေပြီ။ ပြီးတော့ သူမက လမ်းမှာရောက်နေပြီ။ ကျွန်တော်က မဒမ်ကို အကြောင်းကြားဖို့ အရင်လာခဲ့တာပါ မဒမ်" အစောင့်က ကမန်းကတန်း ပြောသည်။

"ဘာ..." မဒမ်ကျောက် ရုတ်တရက် ထရပ်လိုက်သည်။

"မြန်မြန်၊ အမွှေးနံ့သာတိုင်တွေ မီးထွန်းလိုက်။ အိမ်ဖော်တွေကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီး၊ ကြိုဆိုဖို့ တံခါးဝကို သွားလိုက်ပါ။ ကျင့်ဝတ်တွေကို မပျက်စီးစေနဲ့" မဒမ်ကျောက်က ချက်ချင်း အမိန့်ပေးသည်။ သူမ စိတ်လှုပ်ရှားနေပုံရသည်။

အခန်း (၂၈)။

"ကျန်းနန်မင်းသမီးက အကြောင်းပြချက်မရှိဘဲ ငါတို့အိမ်ထဲကို လာခဲ့တာလို့ မင်း ထင်နေ တာလား။ တကယ်ဆို, ငါတို့ အဆင်သင့်ဖြစ်ဖို့ အတွက် သူမ မလာခင်ကတည်းက အကြောင်းကြားထားသင့်တယ်။ ငါတို့ ကောင်းကောင်း ပြင်ဆင်မထားဘဲ ကျင့်ဝတ်သိက္ခာ ကင်းမဲ့ပြီး ထွက်လာခဲ့ရင် ဒါက အသေးအမွှားကိစ္စ မဟုတ်တော့ဘူး”

မြို့စားစံအိမ်၏ ပင်မတံခါးများသည် ကျယ်ပြောစွာ ပွင့်သွားခဲ့သည်။ အစေခံမိန်းကလေး နှစ်ယောက်သည် တံခါးတဖက်စီမှာ တန်းစီရပ်နေကြသည်။ ပင်မတံခါး နောက်ဘက် ဝင်းအလယ်တွင် အမွှေးတိုင်ခုံ တစ်ခုရှိသည်။ စန္ဒကူးနံ့သာမွှေးရနံ့က သင်းပျံ့နေပြီး၊ မြို့စားစံအိမ်၏ မီးဖိုသုံးလုံးက အမွှေးတိုင်စားပွဲဘေးတွင် တည်ရှိနေကာ၊ မဒမ်သုံးယောက် သည် အဝေးကို လှမ်းမျှော်ကြည့်ရန် တံခါးအပြင်ဘက်သို့ အဆက်မပြတ် လှမ်းကြည့်နေပါ သည်။

ပထမအိမ်တော်ဌာနခွဲ၏ မဒမ်ကျောက်သည် မတ်မတ်ထိုင်နေနိုင်သော်လည်း ဒုတိယ အိမ်တော်ဌာနခွဲမှ မဒမ်ဖန်းနှင့် တတိယအိမ်တော်ဌာနခွဲမှ မဒမ်ရုန်တို့သည် အနည်းငယ် ချွေးပြန်နေကြပြီ။

သူမတို့သည် ကျန်းနန်မင်းသမီးသည် အိမ်တော်သို့ ရောက်ရှိလာကြောင်း ကြားသိရသော အခါတွင် သန့်ရှင်းရေးနှင့် သေသပ်သပ်ရပ်စေရန် ချက်ခြင်း စီစဉ်ကြရသည်။ အချိန် အတော်ကြာပြီးနောက်၊ သူမတို့သည် တရားရုံးမှ အပ်နှင်းထားသော ဖီးနစ်သရဖူနှင့် ဝတ်လုံကို ပြောင်းလဲဝတ်ဆင်ခဲ့ကြသည်။ နောက်ဆုံးတော့ သူမတို့လုပ်စရာကိစ္စများ ပြီးဆီးသွားပါပြီ။ သူမတို့သည် ခြံဝင်းထဲမှာ ထိုင်ပြီး အနှောင့်ယှက်မရှိ လက်ဖက်ရည်ပင် မသောက်နိုင်ပင် စိတ်အားထက်သန်စွာ စောင့်နေကြပါသည်။

ကျန်းနန်မင်းသမီးသည် ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ဘွဲ့အပ်နှင်းထားသော မင်းသမီး တစ်ပါး ဖြစ်သည်။ သူမသည် မင်းသားတစ်ပါးနှင့် ညီမျှပြီး သူမ၏ဘွဲ့သည် မြို့စားတစ်ဦး ထက် သာလွန်ပါသည်။

မှန်ပါသည်။ တရားရုံးမှာ မြို့စားဝူဝမ်၏ရာထူးဖြင့်ဆိုပါက, သာမာန်မင်းသမီးများသည် ဤမျှ ကြီးကြီးကျယ်ကျယ် ပြောနေစရာ မလိုပါဘူး။ သို့သော်လည်း ကျန်းနန်မင်းသမီး သည် အမှန်တကယ် ဩဇာရှိသော မင်းသမီးတစ်ပါး ဖြစ်သည်။ တော်ဝင်ချန်မင်းဆက် သည် တောင်ပိုင်းပင်လယ်ကို ကာကွယ်ရန် နတ်ဘုရားလေပြည်နယ်ကို မှီခိုနေရဆဲ ဖြစ်သည်။ ဤအဆင့်တန်းက သေးငယ်သော ကိစ္စမဟုတ်ပေ။

ထို့အပြင်၊ ဤကျန်းနန်မင်းသမီးသည် ဧကရီဒိုဝါဂါနှင့် ဧကရာဇ်မင်းမြတ်တို့၏ မျက်နှာသာ ပေးခြင်း ခံရသူသည်။ ရက်အနည်းငယ်ကြာတိုင်း, ဧကရီနှင့်ဧကရာဇ်မင်းမြတ်တို့သည် သူမကို စကားစမြည်ပြောရန် နန်းတော်ထဲသို့ ခေါ်ပြီး ဆုချလေ့ရှိသည်။

အိမ်ရှေ့မင်းသားရုန်ပင်လျှင် ကျန်းနန်မင်းသမီး ကျောင်းတက်မည်ဟု ကြားသောအခါ သုံးရက် ကြိုတင်ပြင်ဆင်ရလေသည်။ သူတို့သည် ကျင့်ဝတ်သိက္ခာမရှိဘူးဟု လူတွေက ပြောဆိုကြမည်ကို ကြောက်ရွှံ့ကြသည်။ အထူးသဖြင့် တော်ဝင်ချန်မင်းဆက်၏ ကျင့်ဝတ် သိက္ခာနှင့်ပတ်သက်၍ ဂုဏ်သိက္ခာ ထိခိုက်စေမည်ကို စိုးရွှံ့ကြပါသည်။

ထို့ကြောင့် စံအိမ်အတွင်းရှိ “မဒမ်" သုံးဦးတို့သည် ထိုသတင်းကြားလျှင် ပေါ့ပေါ့ဆဆ မပြုမူဝံ့ကြပေ။ သူမတို့၏ ဝတ်စားဆင်ယင်မှုတွေကို ပြသရန်အတွက် တရားရုံးက အပ်နှင်း ထားသည့် ဝတ်စုံကို ပြောင်းလဲဝတ်ဆင်ကြရပါမည်။

မဟုတ်ရင် အတင်းအဖျင်းစကားတွေ ပြန့်သွားနိုင်သည်။

မိသားစုကြီးတစ်ခုတွင် ၎င်းတို့၏စံနှုန်းများနှင့်ပတ်သက်၍ ဟာကွက်များ ရှိ၍မရပေ။

ယခုအချိန်တွင် မဒမ်ရုန်သည် မဒမ်ကျောက်အား မိသားစုစည်းမျဉ်းအရ ဟုန်ယွိကို အပြစ်ပေးသင့်ကြောင်း ပြောကြားခြင်း မရှိတော့ပေ။ ဦးစားပေးမည့်အရာများ ရှိလာခဲ့ပြီ။ သို့သော်၊ နှုတ်ချွန်သော ထိုအမျိုးသမီးသည် ဒုတိယအိမ်တော်ဌာနခွဲ၏ မဒမ်ဖန်းအား ရန်လိုသည့် မျက်လုံးများဖြင့် ဆက်လက်ကြည့်ရှုနေခဲ့ရာ, ယင်းက မဒမ်ဖန်းအား အနည်းငယ် အံ့ဩသွားစေသည်။

မဒမ်ရုန်၏ကျွန်သည် ဟုန်ယွိ ထုတ်ဖော်ပြသခဲ့သော ကိုယ်ခံပညာမှာ ဟုန်ရွှေ့ကျောင်း၏ ကောင်းကင်ဝိညာဉ်ငယ် ဖမ်းယူခြင်းလက်ဝါး ဖြစ်ကြောင်း သူမထံ တိတ်တဆိတ် သတင်းပို့ခဲ့သည်။ ဟုန်ရွှေ့ကျောင်းသည် ဒုတိယအိမ်တော်ဌာနခွဲ၏ သမီးဖြစ်သည်။

"ဟမ့်၊ မင်းမိသားစုရဲ့ ဟုန်ရွှေ့ကျောင်းက ဟုန်ယွိကို လျှို့ဝှက်ပြီး သိုင်းပညာ သင်ကြားပေး ထားတာကို ငါသိပေမယ့် မဒမ်ကျောက်ရှေ့မှာ ထုတ်ပြောရလောက်အောင် ငါ မမိုက်မဲဘူး။ တကယ်လို့ ငါ အဲဒီလိုလုပ်လိုက်ရင်, ပွတ်တိုက်မူဖြစ်ပြီး ငါက လှုံ့ဆော်ပေးသူဖြစ်တယ်လို့ သံသယဝင်ကြလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် သခင်ကြီးက ဉာဏ်ကောင်းတဲ့သူ တစ်ယောက်ပဲ။ ခဏကြည့်လိုက်ရုံနဲ့ သူ သဲလွန်စတွေကို ရှာတွေ့လိမ့်မယ်။"

မဒမ်ရုန်က သူ့စိတ်ထဲမှာ တွက်ဆကြည့်လိုက်ပါသည်။

ရုတ်တရက် အိမ်စောင့်တစ်ယောက်က တံခါးနားရောက်လာပြီး တံခါးနားက အစေခံ အဘွားအိုတစ်ယောက်ဆီ သတင်းစကားပို့သည်။ အစေခံအဘွားအိုသည် အလျင်အမြန် ဝင်လာပြီး မဒမ်ကျောက်အား တီးတိုးပြောရန် ခေါင်းငုံ့လိုက်သည်။

မဒမ်ကျောက်၏ အမူအရာသည် ပုံမှန်အတိုင်း အေးဆေးတည်ငြိမ်ပြီး ချောမောလှပသော ဇနီးသည်တစ်ဦး၏ အသွင်အပြင်ရှိသော်လည်း သူမ၏အမူအရာမှာ အနည်းငယ် ပြောင်းလဲ သွားပြီး ငါ "သိပြီ”ဟု ပြောလိုက်သည်။

"အစ်မ ဘာဖြစ်နေတာလဲ"

မဒမ်ဖန်းနှင့် မဒမ်ရုန်တို့ နှစ်ယောက်စလုံးက မေးသည်။

"ဘာမှမဖြစ်ပါဘူး။ မင်းသမီးက တံခါးဆီကို ရောက်လာတော့မယ်။ သူမကို ကြိုဆိုဖို့ တံခါး ကို သွားရအောင်။" မဒမ်ကျောက်၏ လေသံမှာ အလွန်တည်ငြိမ်နေပြီး ပေါက်ကွဲ ထွက်မလာစေရန် တစ်စုံတစ်ခုကို အတင်းအကြပ် ဖိနှိပ်နေသကဲ့သို့ ဖြစ်နေသည်။

"မင်းသမီးက ဘာလို့ လမ်းလျှောက်လာတာလဲ။ ဆီဒင်ကုလားထိုင်ပေါ်မှာ မဟုတ်ဘူး လား? အဲဒါ စည်းကမ်းနဲ့ ဆန့်ကျင်တယ်။”

စည်းမျဉ်းတွေအရ မင်းသမီး အပြင်ထွက်သည့်အခါ လူရှစ်ယောက် သယ်ဆောင်လာသည့် ဆီဒင်ကုလားထိုင်မှာ ထိုင်ရပါသည်။ ဆီဒင်ကုလားထိုင်ကိုလည်း ရွှေပိုးထည်, ရွှေဖီးနစ် တွေနှင့် ရစ်ပတ်ထားရမည်။ သူမကိုလည်း မြင်းစီးသူရဲ အစောင့်နှစ်ဆယ်၊ ဆေဘာ အစောင့်နှစ်ဆယ်၊ လေးသည်တော်အစောင့်နှစ်ဆယ်တို့ဖြင့် ဝိုင်းရံထားရမည် ဖြစ်ပါသည်။ ဤအရာက တော်ဝင်မိသားစု၏ ကိုယ်ပိုင်လက္ခဏာနှင့် ပုံစံကို ပြသဖို့အပြင် မင်းသမီး၏ ဘေးကင်းမှုကို သေချာစေရန် ဖြစ်ပါသည်။

အကယ်၍ သူမသည် ဆီဒင်ကုလားထိုင်တွင် မထိုင်ဘဲ ဤစည်းမျဉ်းများ မပါရှိပါက၊ လာရောက်လည်ပတ်ရာမှာ အနည်းငယ် ရိုင်းစိုင်းသလို ဖြစ်သွားလိမ့်မည်။ ထို့ကြောင့် မဒမ်ဖန်းနှင့် မဒမ်ကျောက်တို့ အနည်းငယ် စိတ်မချမ်းသာ ဖြစ်သွားခဲ့ရသည်။

သို့သော် တံခါးဝသို့ ရောက်သောအခါ, သူမတို့သည် အဝေးမှ လှမ်းကြည့်လိုက်လျှင် နားလည်သွားပါသည်။ ထို့အပြင်၊ သူမတို့၏မျက်နှာပေါ်ရှိ ထိတ်လန့်မှုက သူမတို့ “မြင့်မြတ်သောအမျိုးသမီး”ဆိုသည့် ဂုဏ်ပုဒ်ကို ဆုံးရှုံးစေခဲ့သည်။

တောင်ပိုင်းမင်းသမီးသည် ဆီဒင်ကုလားထိုင်ကို ယူဆောင်လာပြီး ဆေဘာအစောင့်များ၊ လေးသည်တော်အစောင့်များနှင့် စစ်သည်တော်များလည်း ရှိနေသောကြောင့် ဖြစ်ပါသည်။ လိုအပ်သမျှအရာအားလုံး ရှိနေကြပြီး ကျင့်ဝတ်က နည်းနည်းလေးမှ ချို့ယွင်းချက် မရှိပါဘူး။ သို့သော် သူမသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ထားသော လူငယ်တစ်ဦးနှင့် အတူ အပြင်ကနေ လျှောက်လာနေသည်။ သူတို့နှစ်ယောက်သည် စကားစမြည်ပြောရင်း ရယ်မောကာ အရမ်းပျော်ပြီး စိတ်လှုပ်ရှားနေပုံပင်။

ထိုလူငယ်မှာ ဟုန်ယွိ ဖြစ်သည်။

မဒမ်ဖန်းဖြစ်စေ၊ မဒမ်ရုန်ဖြစ်စေ, စံအိမ်ကြီးထဲက အစောင့်ရှောက်တွေ၊ အိမ်စောင့်တွေ၊ အစေခံအဘွားအို၊ အစေခံတွေ၊ အိမ်အကူတွေဖြစ်စေ, ဟုန်ယွိ စကားပြောနေသည်ကို တွေ့ရတော့ သူတို့အားလုံး တုန်လှုပ်သွားကြပါသည်။

တောင်ပိုင်းမင်းသမီး လော်ယွန်သည် တံခါးဝသို့ ရောက်သောအခါ၊ မြို့စားစံအိမ်မှ မဒမ်သုံးယောက်က သူမကို ပထမဆုံး နှုတ်ဆက်သည်။ ထို့နောက် မဒမ်ကျောက်သည် စူးရှပြီး အေးစက်စက် အလင်းရောင်များပါဝင်သော သူမ၏ မျက်လုံးများဖြင့် ဟုန်ယွိကို ပြစ်တင်ရှုတ်ချပါသည်။

"ဟုန်ယွိက ငါ့သူငယ်ချင်းပါ မဒမ်ကျောက်။ မဒမ်ကျောက်က သူ ဘာလုပ်နေတယ်လို့ ထင်လို့လဲ။ သူက ဒီနေ့ ငါ့ကို ဒီကို ဖိတ်တဲ့သူပါ။ အခုလေးတင် ငါ သူ့ကိုပါ ဆီဒင် ကုလားထိုင်မှာ ထိုင်ခိုင်းဖို့ ဖိတ်ခေါ်ပေမယ့် သူ့အခြေအနေက ဆီဒင်ထိုင်ခုံမှာ ထိုင်ခွင့်မ ရှိဘူးလို့ ပြောပြီး သူက ငြင်းတယ်။ နောက်ပြီး အဆင်မပြေတာတွေလည်း အများကြီးပဲ။ ငါက သူနဲ့ စကားပြောချင်နေတော့, ငါပဲ ဆီဒင်ထိုင်ခုံပေါ်က ဆင်းလိုက်ရတယ်။ မဒမ်, တကယ်လို့, မဒမ် အပြစ်ပြောချင်ရင် ငါ့ကိုပဲ ပြောပါ။ ဟုန်ယွိကို အပြစ်မပြောနဲ့။ သူက ငါ့သူငယ်ချင်းကောင်းပဲ”

တောင်ပိုင်းမင်းသမီး လော်ယွန်က မဒမ်ကျောက်ကို မျက်စောင်းထိုးကာ စကားပြောသည်။

"ကျွန်မလိုမဒမ်တစ်ယောက်က မင်းသမီးကို ဘယ်လိုလုပ် အပြစ်ပြောရဲပါ့မလဲ။" မဒမ် ကျောက်က ဆောလျင်စွာ ဦးညွှတ်ပြီး တောင်းပန်လိုက်သည်။ မဒမ်ဖန်း၊ မဒမ်ရုန်၊ အစေခံ အဘွားအိုနှင့် အိမ်အကူတို့သည်လည်း လိုက်ပါ၍ ဦးညွှတ်ကြသည်။

“ဒီလောက် ကျင့်ဝတ်တွေ မလိုဘူး။ ငါ နည်းနည်း မူးနေတယ်။ ဟုတ်တယ်၊ သခင် မြို့စား ဝူဝမ်ရဲ့ စံအိမ်ကြီးမှာရှိတဲ့ ဟန်ဟွန်စာကြည့်တိုက်မှာ စာအုပ်တွေ အများကြီး စုဆောင်း ထားတယ်လို့ ဟုန်ယွိဆီက ကြားရတယ်။ သခင်မြို့စားဝူဝမ်ဟာ ကမ္ဘာပေါ်မှာ ရှားရှား ပါးပါး သူရဲကောင်းတစ်ဦးဖြစ်တယ်လို့ ကြားသိရပြီး, ငါ သူ့ကို အရမ်းလေးစားတယ်။ ဒီနေ့ သူ့စာကြည့်တိုက်ကို ငါ သွားကြည့်ချင်တယ်။ မဒမ်ကျောက်က ငါ့ကို စာဖတ်ခွင့် ပြုမှာလား လို့ သိချင်မိတယ်”။

လော်ယွန်သည် စာအုပ်စုဆောင်းထားသည့်အကြောင်း ပြောသောအခါတွင် သူမမျက်နှာ ပေါ်ရှိ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားခြင်းမရှိဘဲ သူမ၏ စကားများက ပို၍ပင် အပြစ်ကင်း စင်သွားသည်။

"မင်းသမီး ဒီကို ကြွရောက်လာတာက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါ" မဒမ်ကျောက်က ကမန်းကတန်း ပြောလိုက်သည်။ ထို့နောက် သူမက "ရွှန်အာ, တုန်းအာ, မင်းတို့ နှစ်ယောက်စီက အိမ်အကူအယောက်နှစ်ဆယ်ကို စာကြည့်တိုက်ထဲကို ခေါ်သွားပြီး သပ်သပ်ရပ်ရပ် သန့်ရှင်းရေးလုပ်ထားကြ။ ပြီးရင်, ငါ မင်းသမီးကို စာကြည့်တိုက်ထဲ လိုက်ပို့ပေးမယ်"

“မလိုပါဘူး။ ဟုန်ယွိက ငါ့ကို စာအုပ်တွေနဲ့ မိတ်ဆက်ပေးနိုင်ပါတယ်။ စာဖတ်တာက တိတ်ဆိတ် ငြိမ်သက်နေဖို့ လိုတယ်။ ပြီးတော့, လူတွေအများကြီး ငါ့ကိုစောင့်နေတာမျိုး ငါ မလိုပါဘူး။ ငါ ဟုန်ယွိနဲ့ စကားပြောချင်သေးတယ်" လော်ယွန်က ဆိုသည်။

"မင်းသမီးကို မနာခံဘဲ မနေရဲပါဘူး" မဒမ်ကျောက်က ဒူးထောက်ပြန်သည်။

ထို့နောက် လူတစ်စုက လော်ယွန်ကို လက်ဖက်ရည်သောက်ရန် မြို့စားစံအိမ်ကြီးဆီသို့ ခေါ်ဆောင်သွားကြသည်။

လော်ယွန်ကို ဖိတ်ခေါ်သူအနေဖြင့် ဟုန်ယွိသည် ပင်မခန်းမတွင် ပထမဆုံးအကြိမ် ထိုင်ခွင့်ရခဲ့သည်။ အစေခံအဘွားအို၊ အိမ်ဖော်တွေ၊ ကျွန်တွေ၊ မဒမ်ဖန်း၏ စိတ်ရှုပ်ထွေးနေ မှု, တမဒမ်ရုန်၏ အမျက်ဒေါသတွေကို မြင်လိုက်ရတော့ ဟုန်ယွိက သူ့နှလုံးသားထဲမှာ လှောင်ရယ်နေသော်လည်း ထုတ်ဖော်ပြသခြင်း မရှိခဲ့ပေ။

မဒမ်ကျောက်၏ မျက်လုံးများက တည်ငြိမ်နေခဲ့ပြီး သူမ၏အမူအရာက လှပနေဆဲ ဖြစ်သည်။ သူမ ဘာတွေတွေးနေလဲဆိုသည်ကို ဘယ်သူမှ မပြောနိုင်ပါဘူး။

သို့သော် ဤအခြေနေသည် ဟုန်ယွိကို အထူးသတိရှိစေခဲ့သည်။

ယနေ့တွင် မဒမ်ကျောက်သည် ဟုန်ယွိကို အပြစ်ပေးရန်အတွက် ကိုယ်ဟန် အနေအထား ကို ပန်ဆင်ထားသော်လည်း ဟုန်ယွိသည် ကျန်းနန်မင်းသမီးကို ဧည့်သည်အဖြစ် အမှန်တကယ် ဖိတ်ကြားလာလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ သူမသည် အမျက်ဒေါသကို ဖြေဖျောက်ရန်ပင် နေရာမရှိတော့ဘဲ သူတို့ကို ကြိုဆိုရန် နံ့သာတိုင်ကို နာခံစွာ ထွန်းပြီး အဝတ်အစားလဲခိုင်းလိုက်ရသည်။

ဤအရာက မြို့စားစံအိမ်ကြီးမှာ မဒမ်ကျောက်၏ ဂုဏ်သိက္ခာကို အမှန်ပင် ပြောင်ပြောင်း တင်းတင်း ဖျက်ဆီးလိုက်ခြင်း ဖြစ်ပါသည်။

"အမေ၊ သား ဒီနေ့ ကျန်းနန်မင်းသမီးရဲ့ စွမ်းအားကို ငှားရမ်းခဲ့ရပေမယ့် အနည်းဆုံးတော့ မဒမ်ကျောက်ကို မျက်နှာပျက်စေခဲ့တယ်။ အမေရဲ့ဝိညာဉ်က ကောင်းကင်ဘုံမှာ နှစ်သိမ့် နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါက အသေးမွှား ကပ်ဆိုးတစ်ခု မဟုတ်မှန်း ကျွန်တော် သိပေမယ့်, ကျွန်တော်မှာ့ တခြားနည်းလမ်းတွေ ရှိနေသေးတယ်" ဟုန်ယွိက သူ့စိတ်ထဲမှာ တိတ်တဆိတ် ပြောလိုက်ပါသည်။

"လက်ဖက်ရည် သောက်ပြီးသွားပြီ။ မဒမ်ကျောက်၊ ဒီနေ့ မဒမ်ကို နှောင့်ယှက်ပေးမိလို့ တောင်းပန်ပါတယ်။ ဟုန်ယွိ, စာအုပ်တွေဖတ်ဖို့ ငါ့နောက် လိုက်ခဲ့ပါ။" လော်ယွန်က စိတ်မရှည်စွာ ထရပ်လိုက်သည်။

"မင်းသမီးက အချိန်မရွေး လာလည်နိုင်ပါတယ်။ မင်းသမီးရဲ့ အနှောက်အယှက်ဆိုတဲ့ စကားက ကျွန်မကို စိတ်မသက်မသာ ဖြစ်စေပါတယ်။" မဒမ်ကျောက်က ကမန်းကတန်း မတ်တပ်ထရပ်ပြီး "ဟုန်ယွိ၊ မင်းသမီးကို ကောင်းကောင်း ခစားပါ။ လျစ်လျူမရူမိစေနဲ့" ဟု ဟုန်ယွိအား ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ။" ဟုန်ယွိက လေးစားတတ်သူပါ။ ကျင့်ဝတ်နဲ့ပတ်သက်ရင်လည်း အပြစ်ကင်း စင်ပါတယ်။ ထို့နောက် လော်ယွန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။

"အစ်မ… ဒါက အတင့်ရဲလွန်းတယ်!" ဟုန်ယွိနှင့် မင်းသမီးတို့ ထွက်သွားပြီးနောက် မဒမ်ရုန်က အော်ပြောလိုက်ပါသည်။

"ငါ ဒီကိစ္စကို မြို့စားဆီကို သတင်းပို့လိုက်မယ်။ မင်းသမီး ထွက်သွားပြီးရင် မိသားစု စည်းကမ်းတွေအတိုင်း ငါ ဆက်လက် ကျင့်သုံးမယ်။" မဒမ်ကျောက်က သူမလက်ကို မြှောက်လိုက်ပြီး မဒမ်ရုန် စကားမပြောရန် တားလိုက်သည်။

ထိုအချိန်တွင် တံခါးအပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ပြန်ရောက်လာသူက လော်ယွန်ဖြစ်နေသည်။

"မင်းသမီးလေး, မင်းသမီးလေး ဘာလို့ ပြန်လာတာလဲ။ စာမဖတ်ဘူးလား" မဒမ်ကျောက် က မတ်တပ် ရပ်ပြန်သည်။

"ငါ ရုတ်တရက် တစ်ခုခုကိုတွေးမိပြီး မဒမ်ကျောက်ကို ပြောပြချင်တယ်" လော်ယွန်က ရုတ်တရက် ပြောလိုက်သည်။ "လွန်ခဲ့တဲ့ ရက်အနည်းငယ်က, ငါ နန်းတော်ထဲမှာ ဧကရီ ဒိုဝါဂါ ကြင်ယာတော်ယွမ်တို့နဲ့ စကားပြောဖြစ်ခဲ့တယ်။ ကြင်ယာတော်ယွမ်က အိမ်ကို လွမ်းတဲ့အကြောင်း ပြောခဲ့တယ်။ နှစ်သစ်ကူးကာလမှာ မောင်းမမိဿံ မိဖုရားတွေဟာ နှစ်သစ်ကူးကာလအတွင်းမှာ ဆွေမျိုးတွေအိမ် မပြန်နိုင်တာကိုတွေ့ရတော့ အထီးကျန် သလို ခံစားရတယ်တဲ့။ ဒါကြောင့် သူမက ဆွေမျိုးတစ်ယောက်ကို အသိအမှတ် ပြုချင်နေ တယ်။ ဒီနေရာမှာ ဧကရီဒိုဝါဂါကလည်း ကြင်ယာတော်ယွမ်က ယွမ်တူးပြည်နယ်ကနေ လက်ထပ်ခဲ့သူဖြစ်ကြောင်းကိုလည်း သိထားတယ်။ သူမက ကျောက်စိမ်းမြို့တော်မှာ ဆွေမျိုးမရှိ အထီးကျန်ဖြစ်နေတာကြောင့် သူမကလည်း သဘောတူပေးခဲ့တယ်။ ဒါ့ကြောင့် သူမက ကြင်ယာတော်ယွမ်ကို သူမအသိအမှတ်ပြုမယ့် ဆွေမျိုးကို ရွေးချယ်ရန် တောင်းဆို ဖို့ ပြောခဲ့တယ်။ ကြင်ယာတော်ယွမ်က သခင်မြို့စားဝူဝမ်ဟာ ယွန်တူးပြည်နယ် တစ်လျှောက် ကျော်ကြားပြီး၊ သူ့ကို ဆွေမျိုးတစ်ဦးအဖြစ် အသိအမှတ်ပြုလိုကြောင်း ပြောကြားခဲ့သည်။ ဧကရီဒိုဝါဂါက သဘောတူပြီး ရက်အနည်းငယ်အတွင်း အမိန့်ပြန်တမ်း တစ်စောင် ထုတ်တော့မယ်။ ကြင်ယာတော်ယွမ်နဲ့ မင်းသမီးရုန်ချွန်းတို့ စကားစမြည် ပြောနေကြပြီး ဟုန်ယွိရဲ့ ကဗျာစွမ်းရည်ကို ကြားသိသွားခဲ့တယ်။ ကြင်ယာတော်ယွမ်က အချိန်တန်ရင် သူနဲ့တွေ့ချင်တယ်လို့ ပြောခဲ့သေးတယ်။"

ထိုစကားကိုကြားတော့ ခန်းမထဲကလူတွေအားလုံး မှင်သက်သွားကြလေသည်။

All Chapters