အခန်း (၂၉-၃၁)
Vol. 3 Ch. 29-31
အခန်း (၂၉)။
"ကြင်ယာတော်ယွမ်က ငါတို့မြို့စားဝူဝမ်စံအိမ်နဲ့ အိမ်ထောင်ရေး မဟာမိတ် ဖွဲ့ချင်နေတာလား။ ဘာလို့ နန်းတော်ကနေ ဘာသတင်းမှ မထွက်သေး တာလဲ။ ဒါပေမယ့် ကျန်းနန် မင်းသမီးကိုယ်တိုင် နန်းတော်ထဲမှာ ရှိနေတာမို့ ဒီသတင်းက အမှန်ဖြစ်ရမယ်။ မကြာခင်မှာ အင်ပါယာအမိန့် ထွက်လာတော့မယ်။ ဒါက ကိစ္စအကြီးကြီးပဲ။”
ကျန်းနန်မင်းသမီး လော်ယွန်၏ ပျင်းရိပျင်းရွဲစကားသံက အပြာရောင်လျှပ်စီးတစ်ခုထက် အားမနည်းလှပေ။ ခန်းမကြီးထဲက လူတိုင်း အံ့ဩသွားကြ သည်။ တုန်လှုပ် ချောက်ချားမှုမှ ပထမဆုံး ပြန်လည်သတိဝင်လာသူမှာ ချောမောပြီး ကျက်သရေရှိသော မဒမ်ကျောက် ဖြစ်သည်။
ထိုအချိန်တွင် သူမသည် ဟုန်ယွိကို မည်သို့အပြစ်ပေးရမည်ကို တွေးတောမနေတော့ပေ။ ယင်းအစား သူမသည် ထိုစကားလုံးတွေ၏ အရေးပါမှုကို စဉ်းစားနေခဲ့ပါသည်။
တော်ဝင်ချန်မင်းဆက်၏ ဧကရာဇ် မောင်းမမိဿံများသည် နန်းတော်မှ မထွက်ခွာနိုင် သော်လည်း အင်ပါယာတရားရုံးသည် ကရုဏာတရားနှင့်အတူ ကျင့်ဝတ်များဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သည်။ နှစ်သစ်ကူးကာလတွင် နှစ်စဉ်နှစ်တိုင်း နန်းတော်အတွင်း၌ ကြာရှည်စွာ နေထိုင်ကြသော ဧကရာဇ် မောင်းမမိဿံများနှင့် မိဖုရားများသည် ကောင်းကင်ဘုံ၏ ကြီးမားသောကရုဏာကို ပြသရန် မိဘများထံ အလည်အပတ် သွားနိုင် ကြောင်း အထူးအမိန့်ထုတ်ထားသည်။
သို့သော် တိုင်းတပါးမှ လက်ထပ်ထားသော မင်းသမီးများလည်း ရှိသည်။ သူတို့သည် သူတို့ မိဘတွေဆီ အလည်အိမ်ပြန်ရန် မဖြစ်နိုင်ဘဲ သူတို့ဘဝတစ်လျှောက်လုံး အထီးကျန်စွာ နေနိုင်ကြရသည်။ ထို့ကြောင့် မောင်းမမိဿံများကြားမှာ ဤကဲ့သို့ စည်းကမ်းရှိခဲ့သည်။ ဧကရီဒိုဝါဂါ သို့မဟုတ် ဧကရီသည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ မိသားစုကို ကျေးဇူးရှင်အဖြစ် သတ်မှတ်ရန်အတွက် အင်ပါယာအမိန့်ကို ထုတ်ပြန် မည်ဖြစ်သည်။ ထို့နောက် နှစ်သစ်ကူးကာလတွင် သူတို့သည် ဧကရာဇ် မောင်းမမိဿံများကဲ့သို့ ၎င်းတို့၏ မိဘများထံ ပြန်သွားနိုင်မည် ဖြစ်သည်။
အကြောင်းပြချက်က မောင်းမမိဿံများ၏ စွမ်းအားကို ချိန်ခွင်လျှာညှိရန် ဖြစ်သည်။ တိုင်းတပါး မင်းသမီးလေးများသည် မောင်းမမိဿံများအဖြစ် လက်ထပ်ပြီးနောက် သူမတို့ စိတ်ဆင်းရဲကြလိမ့်မည်။ မိဘများ၏ ပံ့ပိုးကူညီမှုမရှိဘဲ မျက်နှာသာရရန် ပြိုင်ဆိုင်ရပြီး၊ သူမတို့ နှိပ်စက်ညှဉ်းပန်းခံရရန် လွယ်ကူလိမ့်မည်။ ထိုအရာများသည် အခြားနိုင်ငံများကို ပြဿနာဖြစ်လာစေရန် ဆင်ခြေပေးလာနိုင်သည်။
ယွန်မင်ဘုရင့်နိုင်ငံသည် တော်ဝင်ချန်ဘုရင့်နိုင်ငံကို တိုက်ခိုက်သောအခါတွင် လက်ထပ်ခဲ့ သော မင်းသမီးတစ်ပါးကို အေးခဲနန်းတော်သို့ နှင်ထုတ်ပြီးနောက် အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေခဲ့ခြင်းကြောင့် ဖြစ်သည်။ စစ်ပွဲစတင်ရန် အကြောင်းပြချက်တစ်ခု အဖြစ် ၎င်းကို အသုံးပြုခဲ့သည်။
ကျေးဇူးတရားကို အသိအမှတ်ပြုပြီးနောက် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ မိသားစုများကို အထူးဆုလာဘ်ဟု ယူဆနိုင်သည့် တော်ဝင်မိသားစု၏ ဆွေမျိုးအဖြစ် မှတ်ယူနိုင်သည်။ ၎င်းက အားလုံးပျော်ရွှင်ရသည်ဟု ပြောနိုင်ပါသည်။
သို့သော် ဤသည်မှာ အမျိုးသားနိုင်ငံရေးမဟုတ်ဘဲ ပြည်တွင်းရေး ဖြစ်သည်။ ထို့ကြောင့် ထိုအင်ပါယာအမိန့်သည် အင်ပါယာအမိန့် တစ်ခုမဟုတ်သော် လည်း မောင်းမမိဿံများအတွက် အင်ပါယာအမိန့်ဖြစ်ပါသည်။
ကြင်ယာတော်ယွမ်သည် မူလက မြောက်ဘက်ရှိ ယွန်တူးဘုရင်နိုင်ငံ၏ မင်းသမီးတစ်ပါး ဖြစ်သည်။ သူမသည် နန်းတော်မှာ အိမ်ထောင်ကျတာ မကြာသေးသော်လည်း သူမသည် လေးလေးနက်နက် နှစ်သက်သဘောကျခံရသူ ဖြစ်သည်။ နှစ်သစ်ကူးမတိုင်ခင်မှာ သူမအား ဧကရာဇ်ကိုယ်လုပ်တော် ဘွဲ့ ပေးအပ်ခဲ့သည်။ သူမ၏အဆင့်အတန်းသည် ဧကရီ အောက်သာရှိပြီး နန်းတော်တွင်လည်း စံပြပုဂ္ဂိုလ် ဖြစ်သည်။
မြို့စားဝူဝမ်၏နေအိမ်နှင့် ဤအိမ်ထောင်ရေးမဟာမိတ်ဖွဲ့ခြင်းသည် မြို့စားစံအိမ်၏ နေထိုင်မှု အခြေအနေကိုလည်း တိုးတက်စေနိုင်သည်။
"အစ်မ၊ ဒါက ကောင်းပါတယ်။ ကျွန်မတို့ ပြင်ဆင်ရမှာပေါ့။ ကြင်ယာတော်ယွမ်က ကျွန်မ တို့ကို သူမရဲ့ကျေးဇူးရှင်တွေအဖြစ် အသိအမှတ်ပြုထားတယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ အရာပဲ။ ကျွန်မတို့ဟာ ဧကရာဇ်မိသားစုရဲ့ ဆွေမျိုးတွေ ဖြစ်လာကြလိမ့်မယ်။ တကယ်လို့, ကြင်ယာတော်မှာ သားတော် တစ်ပါး ဒါမှမဟုတ် နှစ်ပါး ဖွားမြင်ခဲ့ပါက ထီးနန်းအမွေ ဆက်ဆံခွင့်မရပေမယ့် အနည်းဆုံး ဧကရာဇ်မင်းသားတွေ ဖြစ်လာကြလိမ့်မယ်။ တကယ်လို့, ကျွန်မတို့သာ သူတို့ကိုအမှီပြုပြီး တက်လှမ်းနိုင်ခဲ့ရင်, အနာဂတ်မှာ အကန့်အသတ်မဲ့ ကံကြမ္မာတွေ ရလာလိမ့်မယ်။”
ကနဦး ထိတ်လန့်သွားပြီးနောက် လူတိုင်းသည် စိတ်ဝိညာဉ်ဖြင့် ဆွေးနွေးကြသည်။ နှုတ်သီးကောင်း မဒမ်ရုန်သည်ပင် ချက်ချင်း ရှေ့ထွက်လာပါသည်။
မဒမ်ဖန်းက နှုတ်ဆိတ်နေခဲ့သည်။
အိမ်အစေခံများနှင့် ကလေးထိန်းများကလည်း အသေးစိတ် ဆွေးနွေးကြသည်။
"ဒါက အသေးအဖွဲကိစ္စတော့ မဟုတ်ပါဘူး။ ဧကရီရဲ့အမိန့် မချခင်မှာ ဘယ်သူမှ မပြောသင့်ဘူး။ ကိုယ့်အလုပ်ကို လုပ်ကြပါ။ မြို့စားက နိုင်ငံတော် ကိစ္စတွေပြီးလို့ ပြန်ရောက်လာရင်, ငါ မြို့စားနဲ့ လူကိုယ်တိုင် ဆွေးနွေးမယ်။"
မဒမ်ကျောက်လည်း ပြန်ထိုင်လိုက်သည်။ သူမ၏ မျက်နှာက တည်ငြိမ်နေသည်။ သူမ ဘာတွေတွေးနေလဲဆိုသည်ကို မည်သူမှ မသိနိုင်ပါဘူး။
"ဒါဆို ဟုန်ယွိကိုရော" မဒမ်ရုန်ကတော့ လက်မလျှော့ချင်သေးပေ။
"မြို့စား အိမ်ပြန်လာမှ ဆုံးဖြတ်ချက်ချပါစေ။ မင်းအိမ်ဖော်တွေကို ဟုန်ဂီနဲ့ ရုန်ဖန်းတို့ အတွက် ဆေးဝါးနဲ့ ပြန်လည်ကုသရေးဆေးတွေယူဖို့ ငါတို့မိသားစုရဲ့ ဆေးခန်းမကို သွားခိုင်းလိုက်ပါ။" မဒမ်ကျောက်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ အိမ်အကူတစ်ဦး သည် သူမ၏အလေ့အထကို သိရှိပြီး၊ သူမလက်ထဲတွင်ကိုင်ဆောင်ထားသည့် နှင်းဖြူရောင် အိမ်မွေးတိရစ္ဆာန် ကြောင်ကလေးကို အလျင်အမြန် လွှဲပြောင်းပေးလိုက်ပါသည်။
သူမလက်ထဲတွင် အဖြူရောင်ကြောင်ကလေးအား လှမ်းကိုင်လိုက်ရင်း မဒမ်ကျောက်၏ အမူအရာမှာ ကြောက်စရာကောင်း လောက်အောင် ငြိမ်သက်သွားပါသည်။
"မင်းတို့အားလုံး အလုပ်များနေတာ ကြာပြီ။ အခု အနားယူလို့ရပြီလေ။ နောက်ပိုင်း မင်းသမီးကို ထမင်းသုံးဆောင်ခိုင်းရမယ်။ သူမအပြင်ထွက်မလာခင် အနားယူခြင်းက မင်းတို့အတွက် လျော်ကြေးအဖြစ် အားမွေးလို့ရတယ်”။
မဒမ်ကျောက်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။ သူမ၏အမူအရာကိုမြင်လျှင် မဒမ်ဖန်းနှင့် မဒမ်ရုန်တို့သည် အိမ်ဖော်များနှင့် အစေခံ အဘွားအိုများနှင့်အတူ လိမ္မာပါးနပ်စွာ ဆုတ်ခွာသွားခဲ့သည်။
မြို့စားစံအိမ်သည် တင်းကျပ်သော စည်းမျဉ်းများရှိပြီး၊ မဒမ်ကျောက်တွင် လုံးဝ အာဏာ ရှိသည်။
အားလုံး ထွက်သွားပြီးသည်နှင့် မြို့စားစံအိမ်၏ ပင်မခန်းမကြီးသည် ချက်ချင်း တိတ်ဆိတ် သွားသည်။ ခန်းမကျယ်ကြီးထဲတွင် ကြောင်အူသံကိုသာ ကြားနေရသည်။
"ရွှန်းအား, တုန်းအား၊ အရှေ့ဘက်ခြံဝင်းရှိ အော်စမန်သပ်ပန်းရနံ့အဆောင်ကို သန့်ရှင်းရေး လုပ်လိုက်ပါ။ ခဏနေရင် ဟုန်ယွိကို အဲဒီခြံဝန်းထဲ ရွေ့ပြောင်းခိုင်းပြီး၊ တာဝန်ထမ်းဆောင် ဖို့ လျင်မြန်ဖျတ်လတ်ပြီး လိမ္မာပါးနပ်တဲ့ အိမ်ဖော်လေးယောက်ကို ရွေးလိုက်ပါ။ ပြီးတော့ ငွေစာရင်းရုံးကိုသွားပြီး ပစ္စည်းဝယ်ဖို့ သူ့အတွက် ငွေသုံးရာကို ထုတ်ယူလိုက်ပါ။ သူ့စာမေးပွဲအတွက် ပြင်ဆင်နေတယ်လို့ ပြောလိုက်ရုံပဲ။” မဒမ်ကျောက်က သူမအနားရှိ အိမ်ဖော်နှစ်ယောက်ကို ညွှန်ကြားလိုက်သည်။
"မဒမ်..."
ထိုအမိန့်ကိုကြားတော့ အိမ်ဖော်နှစ်ယောက်၏ မျက်လုံးတွေက ပြူးကျယ်သွားပါသည်။ သူမတို့ အရမ်းကို ဝေခွဲမရဖြစ်သွားပါသည်။
"သွားလုပ်လိုက်၊ ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်။"
အိမ်အကူနှစ်ယောက် ထွက်သွားပြီးနောက် မဒမ်ကျောက်က သူမလက်ကို ထပ်မံ ဝှေ့ယမ်း လိုက်သည်။ အစေခံအဘွားအိုတစ်ယောက်သည် အနောက်ကနေ ရှေ့ကို လျှောက်လာပါသည်။ ဤအဘွားအိုသည် ဦးခေါင်းတစ်ခုလုံး ငွေရောင်ဆံပင်များ ပြည့်နေပြီး၊ မြင့်မားသော နှာတံနှင့် နက်ရှိုင်း သော မျက်လုံးတစ်စုံ ရှိသည်။ သူမသည် အလွန်အသက်ကြီးပုံ ပေါက်နေ သော်လည်း အနီးကပ်ကြည့်လျှင် သူမ၏လက်ချောင်းများက သေးသွယ်ပြီး အရေကြောင်း တစ်ခုလေးတောင်မရှိသည်ကို သိနိုင်မည် ဖြစ်သည်။ သူမပုံစံက အသက်နှစ်ဆယ်ကျော် မိန်းကလေးတစ်ယောက်လိုပင်။
“ရှီအာ မကြာသေးခင်က အလုပ်များနေသလား။ နတ်ဘုရားစက်ယန္တရားစခန်းကို သွားပြီး၊ ပြန်လာဖို့ အချိန်တစ်ခုယူခိုင်းလိုက်ပါ။ နောက်ပြီး ခန်းအာဆီကို စာတစ်စောင်ရေးလိုက် ပါ။”
"သခင်မလေး၊ ဘာလို့ ဒီလိုလုပ်နေမှာလဲ။ တကယ်လို့, သခင်လေးသာ ခေါင်းငြိမ့်လိုက်ရင်, ကျွန်မက ဟုန်ယွိဖျားနာပြီး၊ သူ့ဝိညာဉ်က ဘာဖြစ်သွားမှန်းမသိဘဲ မြေအောက်ကမ္ဘာကို အရောက်ပြန်သွားခိုင်းနိုင်ဖို့ အာမခံနိုင်ပါတယ်။ ဒီကလေးက နည်းနည်းတော့ အနှောက် အယှက် ဖြစ်တယ်ဆိုတာ ကျွန်မ သိပြီးသားပဲ။ အရင်တုန်းက သူ့ကို ဂရုမစိုက်ပေမယ့် အခု သူက ပြဿနာဖြစ်လာပြီ။ အနာဂတ်မှာ သူကြီးပြင်းလာတဲ့အခါ, ဘာဖြစ်သွားမလဲ။" အဘွားအိုက အေးစက်စွာ ပြောသည်။
"မြို့စားက စည်းကမ်းတွေကို လိုက်နာသူတစ်ယောက်ပဲ။ သူ့ဆီကနေ ဘာမှ ဖုံးကွယ်ထား လို့ မရဘူး။ နှစ်ပေါင်းများစွာကြာပြီးတဲ့ နောက်မှာတော့, သူ့ဒေါသကို ငါ နားလည်တယ်။ ဒါကြောင့် သူ့ရှေ့မှာ ငါ ဘာမှ မလုပ်ဖြစ်ခဲ့ဘူး။ သွားတော့ ငါ့မှာ ကိုယ်ပိုင် အစီအစဉ် ရှိတယ်။" မဒမ်ကျောက်က သူမလက်ကို ဝှေ့ယမ်းလိုက်သည်။
"အာ..၊ ဟုန်ယွိ မင်းတို့အိမ်မှာရှိတဲ့ ဒီလန်ဟွမ်စာကြည့်ခန်းက တကယ် အကြီးကြီးပဲ။ မင်းသားရုန်ရဲ့ အိမ်ထက်တောင် ပိုကျယ်တယ်။ အနည်းဆုံး စာအုပ် ခြောက်သောင်းကနေ ခုနစ်သောင်းလောက် ရှိရမယ်။ ဒီနေ့တစ်ရက်ပဲ ကြည့်ရတာ နှမြောစရာပဲ။ ငါ ညဘက် နန်းတော်ကို သွားရမှာ။" လော်ယွန်သည် မဟော်ဂနီစင်များစွာနှင့် စာအုပ်များ၏ ရနံ့များ ပြည့်နှက်နေသော စာအုပ်စင်ကြီးများကို ကြည့်လိုက်သည်။
မြို့စားဝူဝမ်နေအိမ်ရှိ စာကြည့်တိုက်ကို လန်ဟွန်စာကြည့်တိုက်ဟု ခေါ်သည်။ အနည်းဆုံး စတုရန်းပေငါးရာ ကျယ်ဝန်းပြီး လူနှစ်ယောက်စာ အမြင့်ရှိသော စာအုပ်စင်များဖြင့် ဝန်းရံထားသည်။ စာအုပ်စင်များတွင် စာအုပ်များဖြင့် ပြည့်နေသည်။ အလယ်တွင် စန္ဒကူးသားစားပွဲကြီးတစ်ခု၊ ကျောက်စိမ်းစက္ကူအထပ်၊ ခရမ်းရောင် ရွှေစုတ်တံ တစ်ချောင်း နှင့် ခြေဖဝါးအရွယ်အစားရှိ ခရမ်းရောင်မှင်းသွေး ကျောက်ကြီးတစ်ခုတို့ ပါဝင်သည်။ ဤပရိဘောဂအားလုံးသည် ချမ်းသာပြီး ဩဇာကြီးမားသော မိသားစုတစ်ခု ဖြစ်သင့်သည့် ပုံစံဖြစ်သည်။
စာကြည့်တိုက်ရှေ့က နံရံမှာ လေးတစ်လက်ကို ချိတ်ဆွဲထားသည်။ ၎င်းသည် တစ်ကိုယ် လုံး တောက်ပြောင်နေပြီး တစ်ချက်ကြည့်လိုက်လျှင် သံမဏိကောင်းဖြင့် ပြုလုပ်ထားသည် ဟု ဆိုနိုင်သည်။ ပို၍အံ့ဩစရာကောင်းသည်မှာ သံမဏိလေး၏ တောက်ပြောင်သော ကိုယ်ထည်မှာ ရေခဲအက်ကွဲကြောင်းတွေ အများကြီးရှိနေပါသည်။ ၎င်းသည် ရွှေနှင့်ညီမျှ သော ရေခဲခွဲသံမဏိ ဖြစ်သည်။
လေး၏ကိုယ်ထည်ကိုပြုလုပ်ရန် သံမဏိကိုအသုံးပြုသောအခါ လေး၏တည်ငြိမ်မှုသည် စိတ်ကူးမယဉ်နိုင်တော့ပေ။ ပို၍အရေးကြီးသည်က, ဤလေးသည် အက်ကွဲတတ်သော သစ်သားလေးများကဲ့သို့ လေးခြောက်သွေ့သွားခြင်း သို့မဟုတ် အင်းဆက် ပိုးမွှားတွေစားခံ ရခြင်းစသည့် မည်သည့်ပြဿနာမှ မရှိတော့ပါဘူး။ ၎င်းက လေးလံလွန်းလှသည်။ စစ်တပ်ရှိ ဗိုလ်ချုပ်များသည်ပင် စစ်တိုက်ရာတွင် အသုံးမချနိုင်ဘဲ စမ်းသပ်မှုများ အတွက်သာ အသုံးပြုနိုင်ပါသည်။ ယခုလိုရေခဲခွဲသံမဏိ အမျိုးအစားဖြင့်ဆိုပါက ပြောစရာ မရှိတော့ပါဘူး။
လေးညှို့သည် လက်ချောင်းကဲ့သို့ ထူ၏။ ၎င်းသည် အနက်ရောင်ဖြစ်ပြီး မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကိုမူ မပြောနိုင်ပေ။
သို့သော် ကော်ဖြင့်စိမ်ထားသော စပါးအုံးမြွေကြီး၏ အရွတ်ဖြင့် ပြုလုပ်ထားကြောင်း ဟုန်ယွိ ကြားဖူးသည်။ ၎င်းသည် အလွန် ပျော့ပြောင်းပြီး၊ ကြာရှည်ခံနိုင်သည်။ ကျိုးမင်းဆက်၏ ကျော်ကြားသော လေးဆယ်လက်ထဲမှ တစ်လက် ဖြစ်သည်။ ဤလေးကို ကြယ်ချွေလေးဟုခေါ်ပြီး ရန်သူများကို ခြေလှမ်းတစ်ထောင်အကွာမှ လွယ်ကူစွာ ပစ်ခတ်နိုင်သည်။
ဟုန်ယွိသည် နံရံမှာချိတ်ထားသည့် ကြယ်ကြွေလေးကို ကြည့်ပြီး, သူသည် လေးကို ဆွဲကြည့်ရန် နည်းနည်းလေးတောင် အတွေးမရှိပေ။
"မှတ်တမ်းစာအုပ်များအရ၊ လွန်ခဲ့တဲ့နှစ်တစ်ရာက ကျိုးမင်းဆက် အထွတ်အထိပ်ရောက် တဲ့အခါ နာမည်ကြီး လေးဆယ်လက် ရှိခဲ့တယ်။ ပထမတစ်လက်က နေခွင်းလေးဖြစ်ပြီး၊ ဒုတိယတစ်လက်က လမင်းရင်ခွင်ဖြစ်တယ်။ တတိယတစ်လက်ကတော့ ဒီကြယ်ချွေလေး ပဲ။ ပထမလေးနှစ်လက်က ဘယ်လောက်တောင် အားကောင်းနေလဲလို့ ငါ သိချင်မိသား။”
ဟုန်ယွိသည် ငယ်စဉ်က သူ့အဖေအသုံးပြုခဲ့သည့် ကြယ်ချွေလေးကို နောက်ဆုံး တွေ့လိုက်ရပြီ။
ထို့နောက် သူ့မျက်လုံးတွေက စားပွဲပေါ်ကို စိုက်ကျသွားသည်။
စားပွဲခုံပေါ်တွင် ဟုန်ရွှန်ကျိ မကြာခဏ ဖတ်လေ့ရှိသော စာအုပ်များဖြစ်ပြီး ၎င်းတို့ကို တစ်ပေအမြင့်အထိ တန်းစီထားသည်။
ဟုန်ယွိ ချက်ခြင်း မြင်လိုက်သည်။ ပထမဆုံးစာအုပ်မှာ ဝိညာဉ်လိပ်အသက်ရူပညာရပ် ဖြစ်သည်။
၎င်းသည် ကိုယ်တွင်းအင်္ဂါများကို လေ့ကျင့်ရန်အတွက် တာအိုဘုန်းတော်ကြီးများ အသုံးပြုသည့် အသက်ရှူနည်းစနစ်တစ်ခု ဖြစ်သည်။
ဗုဒ္ဓကိုယ်ခံပညာသည် အရွတ်နှင့်အရိုးများကို အာရုံစိုက်ပြီး၊ ကမ္ဘာပေါ်တွင် အရွတ်နှင့် အရိုးများကို လေ့ကျင့်ပေးသော ကိုယ်ခံပညာတွေထဲမှာ အကောင်းဆုံးဖြစ်သည်။ သို့သော်၊ တာအိုဘာသာ ကိုယ်ခံပညာသည် အသက်ရှုခြင်းကို အာရုံစိုက်ပြီး၊ အတွင်းအင်္ဂါများကို လေ့ကျင့်ပေးရာတွင် ဗုဒ္ဓဘာသာ ကိုယ်ခံပညာထက် သာလွန်သည်။
အခန်း (၃၀) ။
"ဝိညာဉ်လိပ်အသက်ရူပညာရပ်သည် တာအိုဘာသာ၏ သိမ်မွေ့နက်ရှိုင်းသော အသက်ရှု နည်းစနစ်တစ်ခု ဖြစ်ပြီး ၎င်းသည် ခွန်အားအတွက် အတွင်းပိုင်းလေ့ကျင့်မှုပုံစံတစ်ခု ဖြစ်သည်။ တာအိုဘာသာ၏ အသက်ရှုနည်းစနစ်များသည် ဒိုင်ဇင်ဘုရားကျောင်းရှိ ဗုဒ္ဓဘာသာ၏ အသက်ရှုနည်း များထက် ပိုမိုနက်နဲပါသည်။ ၎င်းသည် သိုင်းကျမ်းများကို အသေးစိတ် နှိုင်းယှဉ်ထားသောကြောင့် ယုံကြည်သင့်ပါသည်။ သို့သော်၊ ဒိုင်ဇင် ဘုရားကျောင်း ၏ နွားသိုးနတ်ဆိုး ခွန်အားလက်သီးပညာရပ်နှင့် ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းပညာရပ်သည် တာအိုဘာသာလက်သီးပညာရပ် အများစုထက် များစွာပိုမိုနက်ရှိုင်းပါသည်။ ဗုဒ္ဓဘာသာသည် အရိုးများကို အာရုံစိုက်ပြီး တာအိုဘာသာသည် အသက်ရှုခြင်းကို အာရုံစိုက်သည်။ နှစ်ခုစလုံးမှာ ကိုယ်ပိုင် အရည်အချင်းတွေ ရှိကြပါသည်။"
ဟုန်ယွိ၏ မျက်လုံးများက စားပွဲပေါ်ရှိ ဝိညာဉ်လိပ်အသက်ရှုနည်းပညာရပ်ဆီသို့ ရောက်သွားခဲ့သည်။ သူသည် ကိုယ်ခံပညာကို လေ့ကျင့်ခြင်း၏ အခြေခံသဘောတရားများ ကို သဘာဝကျကျ တွေးဆခဲ့သည်။
“ပစ္စုပ္ပန်ကမ္ဘာရူလိုင်သုတ္တန်၊ ဒိုက်ဇင်ဘုရားကျောင်းရဲ့ အကြီးမြတ်ဆုံး လျှို့ဝှက် ကျမ်းစာအုပ်က ဘယ်လိုပုံစံလဲဆိုတာကို ငါ သိချင်မိတယ်"။
ဟုန်ယွိသည် သိုင်းကျမ်းထဲမှ ရရှိသော အမိတ္တဘသုတ္တန်ကို တွေးတောနေခဲ့သည်။ လွန်ခဲ့သည့် လအနည်းငယ်က သူသည် သိုင်းကျမ်းများကို ရှာဖွေခဲ့သော်လည်း အခြားကျမ်းများကို မတွေ့ခဲ့ရပါ။
အလွန်ရှင်းလင်းစွာ၊ သိုင်းကျမ်းတစ်ခုလုံးတွင် အမိတ္တဘသုတ္တန်တစ်ခုသာ ပါရှိသည်။ ပစ္စုပ္ပန်ကမ္ဘာရူလိုင်သုတ္တန်နှင့် အနာဂတ်အသက်မဲ့ကျမ်း နှစ်ကျမ်းတို့သည် အမည်မသိ တစ်နေရာတွင် ဝှက်ထားပုံရသည်။
သူသည် စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်ရင်း စားပွဲဆီသို့ လျှောက်သွားကာ ဝိညာဉ်လိပ် အသက်ရှုနည်းကို ကောက်ယူပြီး လှန်ကြည့်လိုက်သည်။
စာအုပ်က မထူပါဘူး။ စာမျက်နှာ ဆယ့်ရှစ်မျက်နှာသာ ရှိသည်။ ပထမစာမျက်နှာ ကိုးမျက်နှာမှာ လူသားတစ်ယောက်၏ပုံသဏ္ဍာန်များဖြင့် ပြည့်နေသည်။ ၎င်းသည် လူတစ်ယောက်၏အသက်ရှူမှုအရှည်နှင့် အသက်ရှူနေစဉ် အတွင်းအင်္ဂါများ၏ လှုပ်ရှားမှု များကို ပုံဖော်ထားပါသည်။
ပုံ၏ဘေးတွင် စာလုံးသေးသေးလေးများ ရှိနေသည်။ ဟုန်ယွိသည် စာလုံးများက လှပ တိကျပြီး အဓိပ္ပါယ်ကို ချက်ချင်း နားလည်နိုင်စေသည်ဟု ခံစားမိသည်။
နောက်ဆုံး စာမျက်နှာကိုးမျက်နှာက ဆေးစာတွေကို မှတ်တမ်းတင်ထားသည်။ ၎င်းတို့ အားလုံးသည် အစာအိမ်ရှင်းလင်းခြင်း၊ ပိုးကိုးမျိုးသတ်ဖြတ်ခြင်း၊ အညစ်အကြေးများကို ဖယ်ရှားခြင်းအတွက် ဆေးညွှန်းများဖြစ်သည်။
“ဒါက ရှားရှားပါးပါး လျှို့ဝှက်စာအုပ်ပဲ...
ဟုန်ယွိသည် ဝိညာဉ်လိပ်အသက်ရှူနည်း၏တန်ဖိုးကို ချက်ချင်း အတည်ပြုခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် စာအုပ်ထဲက ပုံတွေက ရှင်းလင်းသည်။ စုတ်ချက် အနည်းငယ်ဖြင့် လူ့ခန္ဓာကိုယ်သည် အသက်ဝင်လှသည်။ ပုံထဲက အင်္ဂါအစိတ်ပိုင်းတွေကို မြင်လိုက်သည့်အခါ ဟုန်ယွိက သူ့ကိုယ်တွင်းအင်္ဂါတွေနှင့် တစ်နေရာတည်းမှာ ရှိနေသလို ခံစားရပါသည်။
ကိုယ်ခံပညာ မည်မျှပင် ထူးချွန်နေပါစေ၊ အသုံးပြုသော စာလုံးများသည် မှားယွင်းနေပြီး ပုံများသည် မှုန်ဝါးနေပါက လူအများ နားလည်ရန် ခက်ခဲစေသည်။ ရလဒ်အနေဖြင့် လေ့ကျင့်သည့်အခါ ချီသွေဖည်ခြင်းခံရမည်မှာ သေချာပါသည်။ ဥပမာအားဖြင့်၊ သိုင်းကျမ်း တွင် မှတ်တမ်းတင်ထားသော လက်သီးနည်းစနစ်များစွာ ရှိသည်။ စကားလုံးများသည် လျှို့ဝှက်ဆန်းကြယ်ပြီး ရုပ်ပုံတွေက ရိုးရှင်းနေသည်။ ၎င်းကို လူတွေ လေ့ကျင့်ရန် မဖြစ်နိုင်ပါဘူး။
အခြားတစ်ဖက်တွင်မူ စာအုပ်ရေးသူသည် လှပသောစကားလုံးများနှင့်အတူ ရုပ်ပုံများက ကွက်ကွက်ကွင်းကွင်း ရှိသည်။ လေ့ကျင့်သူများသည် အားထုတ်မှုထက်ဝက်ဖြင့် ရလဒ် နှစ်ဆရရှိကြပြီး အမှားအယွင်း မရှိနိုင်တော့ပေ။
လက်သီးပညာရပ်၏ တန်ဖိုးကြီးမားသောအစိတ်အပိုင်းကို ဤအရာများဖြင့် ဆုံးဖြတ်ကြပါ သည်။
"သို့သော် ဤရုပ်ပုံများသည် ကွက်ကွက်ကွင်းကွင်းနှင့် သက်ရှိထင်ရှားရှိသော်ငြားလည်း အမိတ္တဘသုတ္တန်နှင့် မိုင်ပေါင်းများစွာ ဝေးကွာနေပါသေး၏။ ၎င်းမှာ အမိတ္တဘသုတ္တန်၏ ကျက်သရေမျိုး မရှိပေ။”
ဟုန်ယွိသည် ဤလျှို့ဝှက်စာအုပ်၏ သရုပ်ဖော်ပုံများကို အမိတ္တဘသုတ္တန်နှင့် နှိုင်းယှဉ်ခဲ့ သော်လည်း ကွာခြားချက်ကိုလည်း နှိုင်းယှဉ်ခဲ့ပါသည်။
"အယ်၊ ဒီပန်းချီကား။"
ဟုန်ယွိသည် အမိတ္တဘသုတ္တန်တွင်ရှိသော အမိတ္တဘဗုဒ္ဓ၏ရုပ်ပုံကို ဝိညာဉ်လိပ် အသက်ရှူနည်းဖြင့် နှိုင်းယှဉ်ကြည့်နေစဉ်မှာ သူ၏မျက်လုံးများသည် နံရံတွင်ဆွဲထားသော ပန်းချီကားတစ်ချပ်ဆီသို့ ပြောင်းသွားခဲ့သည်။
ထိုပန်းချီကားမှာ ဇီးပန်းပွင့်ပုံပါသည်။
ရေခဲနှင့် ဆီးနှင်းများရှိသော ကမ္ဘာတွင်၊ ရေခဲနှင့် နှင်းများကြားတွင် ဇီးပန်းပွင့်အနည်းငယ် ပွင့်နေပါသည်။
ဟုန်ယွိသည် ရေခဲနှင့်နှင်းကမ္ဘာထဲရှိ ဇီးပန်းပွင့်များကို ကြည့်လိုက်သည်။ ပထမတော့ သူ သိပ်ပြီး မစဉ်းစားဘဲ ကွက်ကွက်ကွင်းကွင်းလေးသာ ခံစားရသည်။ သို့သော် သူ ပို၍ ကြည့်မိလေ အရိုးထိတိုင်စူးရှသော အေးစက်မှုကို ပိုခံစားရလေ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူ၏နှာခေါင်းနှင့် ပါးစပ်သည် ဂုဏ်ယူစရာကောင်းသော နှင်းရနံ့ကိုပင် အနံ့ရနေပုံရသည်။
“ဒါ ဘယ်သူ့ပန်းချီကားလဲ။ ဆွဲဆောင်မူရှိလိုက်တာ။ ဒါဟာ လက်တွေ့ကျတဲ့ အင်မော်တယ် ပစ္စည်းတစ်ခုလား။” ဟုန်ယွိသည် ရှေ့သို့ လှမ်းလျှောက် လာပြီးနောက် "တော်ဝင်ချန်မင်းဆက် နှစ် ၄၀၊ ပထမလ၊ ချန်ဒေါင်ဇီ၊ အစ်ကိုရွှန်ကျိအတွက် မန်ပိုင်ယွန်မှ လက်ဆောင်" ဟု ရေးထိုးထားကြောင်း တွေ့လိုက်ရသည်။
"ဒါဆို ဒါ ပန်းချီသူတော်စင် ချန်ဒေါင်ဇီရဲ့ ပန်းချီကားလား။ ရွှန်ကျိသည် သူ့အဖေဖြစ်သည်မှာ ထင်ရှားသည်။ မန်ပိုင်ယွန်က ဘယ်သူလဲ။ အမျိုးသမီး တစ်ဦး ဖြစ်ပုံရတယ်။ ဒီပန်းချီကား.. နှင်းများ၊ ကျောက်စိမ်းအရိုးများနဲ့ ရေခဲအမှုန်းမွှားများကြား ဂုဏ်ယူစွာ ရပ်တည်နေတယ်။ ပန်းချီ သူတော်စင်ရဲ့ ပန်းချီကားက မျှော်လင့်ထားတဲ့အတိုင်းပင်။ ဒါပေမယ့် သေချာစဉ်းစားကြည့် ရင်၊ ဒီပန်းချီကားက အမိတ္တဘသုတ္တန်နဲ့ မယှဉ်နိုင်သေးဘူး”။
ကုန်ပစ္စည်းကို မသိမှာကို ကြောက်စရာ မလိုပါဘူး။ ကုန်ပစ္စည်းကို နှိုင်းယှဉ်ရန် ကြောက်ရွံ့ခြင်းမျိုးသာ ရှိပါသည်။
ဟုန်ယွိသည် ပန်းချီကို လေ့လာရင်း အမိတ္တဘသုတ္တန်တွင် ဗုဒ္ဓအကြောင်းကို တွေးတောမိ သည်။
အမိတ္တဘသုတ္တန်တွင် မြတ်စွာဘုရား၏ အယူအဆသည် ကျယ်ပြောပြီး အကန့်အသတ် မရှိပေ။ ၎င်းသည် ထာဝရ မလှုပ်မယှက် အလယ်မှာ ထိုင်နေခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုင်နေရင်းဖြင့် ထောင်ပေါင်းများစွာသော အသက်တွေကို ကြည့်နေသည်။ အတိတ်က အရာအားလုံးက ဖန်တီးမှုသက်သက်သာ ဖြစ်ပြီး၊ ဘာမှမရှိပေ။
ဤအချက်ကို သူတော်စင်ပန်းချီကား၏ ပန်းချီကားချပ်နှင့် နှိုင်းယှဉ်ပြီးနောက် စစ်မှန်သည့် အဓိပ္ပါယ်ကို သူ ရှာတွေ့ခဲ့သည်။ သူသည် ပန်းချီကားတွင်ပါရှိသော ဗုဒ္ဓဘာသာတရား တော်များ၏ သဘောတရားများကို လေးနက်စွာ နားလည် သဘောပေါက်ခဲ့ပါသည်။
ဟုန်ယွိ၏ နှလုံးသားထဲတွင် စကားလုံးများဖြင့်သာ နားလည်နိုင်ပြီး ဖော်မပြနိုင်သော ခံစားချက်တစ်ခု ရှိနေခဲ့သည်။
ဇင်သည် နှလုံးသားဖြစ်သည်။ တာအိုသည် နှလုံးသားဖြစ်ပြီး ဝိညာဉ်က စိတ်ဖြစ်သည်။
ဟုန်ယွိသည် သူ့စိတ်ထဲတွင် ဗုဒ္ဓရုပ်ပွားတော်အား သဘာဝအတိုင်း မြင်ယောင်လာသည်။ သူသည် မြတ်စွာဘုရားနှင့် တစ်သားတည်း ဖြစ်လာပုံရသည်။ လေဟာနယ်သည် ကျယ်ပြောပြီး အကန့်အသတ်မရှိဟု သူခံစားမိသည်။ သူသည် တကယ်ကို မလှုပ်ရှားတော့ သည့်အတိုင်း အလယ်ဗဟိုမှာ တစ်ယောက်တည်း ထိုင်နေပြီး၊ သူ့စိတ်တွေက လှုပ်ရှားခြင်း မရှိခဲ့ပေ။ သူသည် ထောင်ပေါင်းများစွာသော ဘဝများကို တခဏချင်း ရင်ဆိုင်ခဲ့ရသည်။ သူ့အတွေ့အကြုံအားလုံးသည် အိပ်မက်တစ်ခုလိုပင်။ အရိပ်အယောင်မရှိဘဲ ပျောက်ကွယ် သွားသည့် သင်္ခါရမျိုးစုံပင်။
သူ၏ စိတ်ဝိညာဉ်သည် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။ ၎င်းသည် သူ့ခန္ဓာကိုယ်က ထွက်သွားတော့မည်ဟု ခံစားလာရသည်။
အချိန်ကာလတစ်ခုကြာပြီးနောက်။
ဘုန်း…။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် မလှုပ်ရှားပေ။ သူသည် အမှန်တကယ်ပင် တံခါးကနေ ထွက်လာပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ သူ့မှာ အဆင်မပြေမှု တစ်ခုတစ်လေကို မှ မခံစားရပါဘူး။
အချိန်က နေ့ခင်းကြောင်တောင် ဖြစ်နေခဲ့သည်။
သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားသောအခါတွင် တစ်စုံတစ်ရာ အဆင်မပြေမှု ကို မခံစားရပေ။
နေ့လမ်းလျှောက်ခြင်းနယ်ပယ်။
ဟုန်ယွိသည် ညဉ့်လမ်းလျှောက်ခြင်းနယ်ပယ် ပြီးဆုံးပြီးကတည်းက အမိတ္တဘသုတ္တန်ကို လေ့ကျင့်ခဲသည်မှာ တစ်လကျော်ရှိနေပြီ ဖြစ်သည်။ သူ အဆင့်မဖြတ်ကျော်နိုင်ခဲ့ပါဘူး။ သူသည် အနည်းငယ် တိုးတက်မှု ရှိခဲ့သော်လည်း, ယခုအခါ အောင်မြင်မှုတစ်ခု ရရှိသွားခဲ့ပြီ ဖြစ်သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီးနောက် လှည့်လည်သွားလာ ခြင်း မပြုတော့ပေ။ ယင်းအစား သူ့ခန္ဓာကိုယ်ဆီ ပြန်သွားပြီး သူ့လက်ထဲက စာအုပ်ကို ကြည့်လိုက်သည်။
နောက်ဆုံးအကြိမ် သူ့ခန္ဓာကိုယ်ကို စွန့်ခွာချိန်မှာ သူ့စိတ်ဝိညာဉ်ကို ဒဏ်ရာရစေခဲ့သည်။ သူသည် ပေါ့ပေါ့တန်တန် မထွက်ရဲတော့ပေ။ သူသည် အရာရာကို တွက်ဆခဲ့ရသည်။
စာမျက်နှာများကို လှန်ကြည့်သောအခါ၊ ရုပ်ပုံများနှင့် စကားလုံးများကို အသေချာ ဖတ်ပြီး နောက် သူ့စိတ်ထဲတွင် ရေးထွင်းထားပုံရသည်။ တကယ်ဆို သူ့မှာ ဓါတ်ပုံရိုက်ထားသလို မှတ်ဉာဏ်မျိုး ရှိနေခဲ့သည်။
"နေ့လမ်းလျှောက်ခြင်း နယ်ပယ်ကို ရောက်ပြီးနောက် ငါ့မှာ ဓာတ်ပုံရိုက်ထားသလို မှတ်ဉာဏ်မျိုး ရရှိသွားတာလား" ဟုန်ယွိသည် သူ၏ပြောင်းလဲမှု များကို ရှာဖွေတွေ့ရှိပြီး စာအုပ်ကို အမြန် လှန်ကြည့်လိုက်သည်။
"ငါဟာ နွားသိုးနတ်ဆိုးခွန်အားပညာရပ်ကို ကျွမ်းကျင်ပြီး၊ ကြွက်သားတွေကို အတိုင်း အတာတစ်ခုအထိ လေ့ကျင့်ထားပြီး၊ သိုင်းတပည့်နယ်ပယ်ကို ရောက်ရှိခဲ့ပြီ။ ဒါ့အပြင်, ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးကိုလည်း ကျွမ်းကျင်သွားပြီး၊ လေ့ကျင့်ရေးပညာရပ် များအတွက် စိတ်ပူစရာမလိုတော့ဘဲ သိုင်းသခင်နယ်ပယ်အထိ တောက်လျှောက် လေ့ကျင့်နိုင်ပြီ။ ဒါပေမယ့် ငါ အသက်ရှုခြင်း နည်းပညာရပ်ကို လေ့ကျင့်ဖို့ လိုအပ်သေး တယ်။ ငါ့ရဲ့ကြွက်သားတွေ၊ အရိုးတွေ, အရေပြားနဲ့ အသားတွေကို လေ့ကျင့်ဖို့အတွက် အသက်ရှုခြင်း နည်းလမ်းများကိုလည်း အသုံးပြုနိုင်တယ်။” ဟုန်ယွိသည် စာအုပ်ကို လှန်ကြည့်ရင်း သူသည် ၎င်းကို အလွတ်ကျက်မှတ်သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ့စိတ်နှလုံးထဲတွင် ရွှင်မြူးနေပြီး "ကံကောင်းထောက်မစွာ၊ ဒီနေ့ ငါ ကျန်းနန်မင်းသမီးရဲ့ ဩဇာအာဏာနဲ့ ငါပါ ဝင်ခွင့်ရခဲ့တယ်။ ဒါကြောင့် အဖေ့ရဲ့ စာကြည့်ခန်းထဲ ဝင်ပြီး ကြည့်ရှုနိုင်ခဲ့တယ်။ အခု ငါ အဆင့်ဖြတ်ကျော်ပြီးတဲ့အပြင်, ဒီလျှို့ဝှက်စာအုပ်တွေကိုလည်း အလွတ်ကျက်မှတ်နိုင်ပြီ”။
ဟုန်ယွိသည် သူ့အဖေ၏ စာကြည့်ခန်းထဲတွင် အဘယ်ကြောင့် ဤလေးနက်သိမ်မွေ့သော အသက်ရှုခြင်းနည်းစနစ် ရှိနေခြင်းနှင့်ပတ်သက်၍ သံသယမရှိပေ။
ဟုန်ရွှန်ကျိသည် သိုင်းသူတော်စင်တစ်ဦး ဖြစ်သည်။ သူ့စာကြည့်ခန်းတွင် လက်သီး ပညာရပ်များ မရှိပါမှ ထူးဆန်းနေပေလိမ့်မည်။
ဟုန်ယွိသည် ဝိညာဉ်လိပ် အသက်ရှူခြင်းနည်းပညာကို ဖတ်ပြီးသည်နှင့် ဒုတိယမြောက် လက်သီးပညာရပ်တစ်ခုခုကို ရှာကြည့်တော့မည့်အချိန်မှာ တစ်ခုခုမှားနေပြီဟု ရုတ်တရက် ခံစားလိုက်ရသည်။
“ဟင့်အင်း၊ အဖေက ငါ့ကို ကိုယ်ခံပညာ လေ့ကျင့်ဖို့ ခွင့်ပြုမထားဘူး။ ငါက လျှို့ဝှက်စွာ လေ့ကျင့်ထားတာ တစ်ခုဘဲ။ ဒါပေမယ့် သူ့စာအုပ်တွေကို လှန်ကြည့်ဖို့ ကျန်းနန် မင်းသမီးရဲ့ စွမ်းအားကိုတောင် ငါ ငှားခဲ့တယ်။ ဒါက သူ့ရဲ့ပြောင်းပြန်ကြေးခွံကို ထိလိုက် တာ မဟုတ်ဘူးလား"
ထိုအကြောင်းကို ဟုန်ယွိ တွေးလိုက်မိသည့်အခါ, ဤကိစ္စက အသေးအမွှားကိစ္စ မဟုတ်ဟု ခံစားလိုက်ရသည်။ သူ့နောက်ကျောသည် အေးစက်သော ချွေးများဖြင့် စိုရွှဲနေသည်။
"မင်းသမီး၊ မှောင်လာပြီ။ ပထမမဒမ်က မင်းသမီးကို ညစာစားဖို့ ဖိတ်ကြားလိုက်ပါတယ်။" ဟုန်ယွိ ထိတ်လန့်နေစဉ်မှာ အစေခံလေးယောက်နှင့်အတူ အိမ်အကူတစ်ယောက် ဝင်လာပါသည်။
"မှောင်နေပြီလား။"
ဟုန်ယွိသည် ပြတင်းပေါက်ကို ကြည့်လိုက်တော့ မည်းမှောင်နေသည်ကို မြင်လိုက်ရပါ သည်။
“စာဖတ်နေရင်း အချိန်တွေ ဒီလောက်မြန်မြန် ကုန်သွားဖို့ ငါ မမျှော်လင့်ထားဘူး။ မင်းသမီး ဘယ်မှာလဲ မင်းသမီးက…"
ထိုမှသာလျှင် လော်ယွန်သည် စာအုပ်စင်တစ်ဖက်ရှိ စာအုပ်တစ်အုပ်ကို ဖတ်နေမှန်း ဟုန်ယွိ သဘောပေါက်သွားသည်။ သူမသည် အလွန်စိတ်အားထက်သန်စွာဖြင့် ခြေထောက်များကို ဖြန့်ကာ ကြမ်းပြင်ပေါ်တွင် ထိုင်နေသည်။ သူမနှင့်ပတ်သက်ပြီး မည်သည့်အထင်လွဲစရာမျှ မရှိသလို မင်းသမီးလေးတစ်ပါး၏ အရိပ်အယောင်လည်း လုံးဝ မရှိပါဘူး။
ဟုန်ယွိ၏ ထပ်ခါတလဲလဲ ခေါ်သံကိုကြားတော့ လော်ယွန်က ကြောင်တက်တက် အမူအရာဖြင့် ခေါင်းယမ်းလိုက်သည်။ သူမက "အာ" တစ်ချိန်တည်းမှာ သူမသည် မတ်တပ် ထရပ်သည်။
“မင်းသမီး၊ မင်းသမီးက သိုင်းပညာ တကယ်တော်တယ်။" ဟုန်ယွိက သူ့စိတ်ထဲတွင် ချီးမွမ်းလိုက်သည်။ အချိန်အကြာကြီး စာဖတ်ပြီးနောက် လော်ယွန် မတ်တပ် ထရပ်လိုက် သောအခါ, သူမသည် အနည်းငယ် နာကျင်ခြင်း သို့မဟုတ် မသက်မသာ ခံစားရခြင်းမျိုး မရှိခဲ့ပေ။
"အီယာ… မှောင်နေပြီပဲ" လော်ယွန်က ရေရွတ်သည်။ သူမသည် စာအုပ်ကို စင်ပေါ် ပြန်တင်ကာ ပေါင်ကိုပုတ်ရင်း ဟုန်ယွိကို ပြုံးပြသည်။ "ဟုန်ယွိ၊ မင်း ဘာလို့ ငါ့ကို အခုနက စကားမပြောတာလဲ"
“ငါတို့က စာဖတ်တဲ့ထဲမှာ စိတ်နစ်မြုပ်သွားကြတာလေ။ ငါတို့ အချိန်ရမှ စကားပြောကြတာပေါ့" ဟုန်ယွိက အတင်းပြုံးပြသည်။ ဟုန်ရွှန်ကျိ ဒေါသထွက်ခြင်း၏ အကျိုးဆက်တွေ ကို သူတွေးနေတုန်းပင်။
"ဟုတ်တယ်၊ ငါတို့က ငါတို့က စာဖတ်တဲ့အထဲမှာ နှစ်မြုပ်သွားကြတာပဲ" လော်ယွန် ရုတ်တရက် ဟုန်ယွိကို စိုက်ကြည့်ပြီး ပြုံးလိုက်သည်။ "မင်းက လူတော်တစ်ယောက်ပဲ။”
လော်ယွန်၏ အပြုံးသည် ဟုန်ယွိ၏ စိုးရိမ်မှုကို လျော့ပါးစေသည်။ မည်သို့ပင်ဖြစ်စေ, သူ လုပ်ခဲ့ပြီးသွားပြီ။ ဖြစ်လာသမျှကို သူ့နည်းလမ်းဖြင့်သာ ကိုင်တွယ်ဖြေရှင်းရသည်။ အချိန်တန်သောအခါ, သူသည် ဟုန်ရွှန်ကျိကို ရင်ဆိုင်ရန် နည်းလမ်းတစ်ခုကို တွေးနေမိ သည်။
လော်ယွန်က လူတော်တစ်ယောက်ဟု ပြောစကားကို ကြားတော့ ဟုန်ယွိသည် သူတို့ နှစ်ယောက်ကြားက အလှမ်းဝေးမူက နည်းနည်းတိုသွားသည်ဟု ရုတ်တရက် ခံစားလိုက်ရ သည်။
လန်ဟွမ် စာကြည့်တိုက် ခရီးစဉ်တွင် သူတို့နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စကားတစ်လုံးမှ မပြောခဲ့ကြသော်လည်း တိတ်ဆိတ်စွာ စာဖတ်နေခဲ့ကြသည်။ သို့သော် ယင်းက သူတို့သည် စကားလုံးပေါင်းတစ်ထောင်ထက် ပိုရင်းနှီးသွားပုံရသည်။
“ငါ နန်းတော်ကို သွားတော့မယ်။ ဒီနေ့ ဘာစကားမှ မပြောလိုက်ရတာ နှမြောစရာပဲ။ တကယ်လို့ မင်းသာ စံအိမ်ကြီးမှာ မနေဘူးဆိုရင် မင်းကို ငါ မကြာခဏ လိုက်ရှာနိုင်တယ်။ ဒီလိုမှမဟုတ်ဘဲ ဒီစံအိမ်ကြီးထဲမှာဆို လုပ်ထုံးလုပ်နည်းတွေ အရမ်းများနေလိမ့်မယ်။ အဲဒါတွေက ပျင်းစရာကြီး" လော်ယွန်က ပြောသည်။
"စကားမစပ်၊ မင်း တာအိုဘုရားကျောင်းကနေ သွေးပုံစံသံမဏိကို ဝယ်ပြီးပြီလား။" ဟုန်ယွိက မေးသည်။
"မဝယ်ရသေးဘူး။ ကျောက်စိမ်းမြို့တော် ဘုရားကျောင်းက အကြီးကြီးပဲ။ ဟိုဟိုဒီဒီ လျှောက်သွားရင်းတောင် ငါ့မှာ မူးနှောက်နေတာပဲ။ ငါ ဟိုဟိုဒီဒီ လျှောက်သွားပြီး အကြာကြီး မေးမြန်းကြည့်တယ်။ ဒါပေမယ့် တာအိုဘုန်းကြီးတွေ ဘယ်သူမှ သွေးပုံစံ သံမဏိအကြောင်း မသိကြဘူး။"
"အခုနက မင်းပြောခဲ့တဲ့ ကြင်ယာတော်ယွမ်ကိစ္စကရော"
"ဒီလိုပါပဲ..."
နှစ်ယောက်သား စကားစမြည်ပြောရင်း ထွက်လာကြသည်။
အခန်း (၃၁)။
ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာပြီး မြို့စားဝူဝမ်စံအိမ်တစ်ခုလုံးသည် မီးပုံးနီများဖြင့် ထိန်ထိန်လင်းနေပါသည်။ လူတိုင်းက အလုပ်များနေပြီး ညဘက်တွင် သာမန်အိမ်ထောင်စုတစ်ခုရှိသင့်သည့် တိတ်ဆိတ်ငြိမ်သက်ခြင်း အရိပ်အယောင်မျိုး ရှိမနေခဲ့ပေ။၊
ကျန်းနန်မင်းသမီးလော်ယွန်သည် အိမ်မပြန်မီ အထိမ်းမှတ် သင်္ကေတအနေဖြင့် ညစာစားခဲ့ သည်။ ယုတ္တိကျကျပြောရလျှင်၊ စံအိမ်တစ်ခုလုံး အနားယူသင့်သော်လည်း အစေခံများနှင့် အိမ်အကူများသည် အပြေးအလွှား ဝင်လိုက်ထွက်လိုက်နှင့် ခါတိုင်းထက်ပင် အလုပ်ရှုပ်နေ ကြကြောင်း ပြသနေသည်။
အိမ်၏ အနောက်မြောက်ထောင့်ရှိ ဘေးတံခါးမှ အရည်အသွေးမြင့် ရွှေအုတ်များ၊ တောက်ပြောင်နေသော ကြွေပြားများ၊ အာရဇ်ပင်များနှင့် အခြားပစ္စည်းများ ဆက်တိုက် စီးဆင်းနေပါသည်။ ၎င်းသည် တည်ဆောက်မှု၏ လက္ခဏာများ ရှိနေပါသည်။
ယခုလိုအလုပ်များနေရသည့်အတွက် အကြောင်းပြချက်တစ်ခုသာ ရှိပါသည်။ ညနေစောင်း မှာ အင်ပါယာအမိန့်စာ ရောက်ရှိလာခဲ့ပါသည်။ ဧကရီဒိုဝါဂါသည် မြို့စားဝူဝမ်မိသားစုနှင့် ကြင်ယာတော်ယွမ်အတွက် လက်ထပ်ပေါင်းစည်းရန် ရည်ရွယ်သည်။ ဆယ်ရက်အကြာ တွင် ကြင်ယာတော်ယွမ်သည် သူမ၏မွေးရပ်မြေ လွမ်းမောခြင်းဝေဒနာကို ကုစားပြီး သူမ၏မိသားစုထံမှ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဤအရာသည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။ ထို့အပြင် ကျန်းနန်မင်းသမီးသည် နေအိမ်သို့ လာရောက်လည်ပတ်ခြင်းထက် များစွာ ကြီးကျယ်ခမ်းနားသည်။ ကျင့်ဝတ်တွေ က ပိုမိုရှုပ်ထွေးပြီး ကြီးမားသော ဆောက်လုပ်ရေးလုပ်ငန်းကို ဆောင်ရွက်ရန် လိုအပ်ပါ သည်။
မင်းသမီးနေအိမ်သို့ ရောက်ရှိလာသောအခါတွင် ဧည့်ခံရန် စားပွဲတစ်ခုသာ ခင်းထား၍ရပါ သည်။ ကြင်ယာတော် နေအိမ်သို့ ရောက်သောအခါ မဒမ်တို့သည် ကြိုဆိုရန် ဒူးထောက်နေ ကြရသည်။
သို့သော် ဤအရာကလည်း ဂုဏ်ယူစရာကိစ္စတစ်ရပ် ဖြစ်ပါသည်။ မြို့စားဝူဝမ်စံအိမ်၏ ဟုန်မိသားစုသည် ပြောင်းလဲသွားပြီး ဧကရာဇ်မင်းမြတ်၏ ဆွေတော်မျိုးတော်များ ဖြစ်လာကြမည်။ သူတို့၏ အဆင့်အတန်းသည် ပို၍ပင် ခိုင်မာပြီး ခမ်းနားသွားသည်။
နေအိမ်သည် စည်ကားနေသော်လည်း ဟုန်ယွိသည် အတွေးထဲတွင် နစ်မွန်းနေခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ။ မဒမ်ကျောက်က ငါ့အပေါ် စေတနာထားပြနေတာလား။ သူမက ငါ့ကို အခန်းပြောင်းဖို့ ကူညီပေးပြီး ငွေသုံးရာ ပေးဖို့တောင် အစပြုခဲ့တယ်။ သူမ ဘယ်တုန်း က ဒီလောက်ရက်ရောလာတာလဲ။ ငါက မင်းသမီးနဲ့ သိနေတယ်ဆိုရင်တောင် မင်းသမီးက မြို့စားစံအိမ်ရဲ့ မိသားစုကိစ္စတွေမှာ ဝင်စွက်ဖက်နိုင်မှာ မဟုတ်ဘူး။ ငါလည်း သူမအာဏာ ကို ခဏလောက်သာ ငှားယူနိုင်ပြီး တစ်သက်လုံးအတွက် မငှားရမ်းနိုင်ဘူး။ သူမက အခုချိန်မှာ ငါ့စိတ်နှလုံးကို အရင်ဆုံး ပြေငြိမ်းအောင်လုပ်ပြီးမှ ငါနဲ့ရင်ဆိုင်ဖို့ ဖြည်းဖြည်း ချင်း စီမံရန် ဖြစ်နိုင်ချေရှိတယ်”။
ပြတင်းပေါက် အပြင်ဘက်မှာ လှပသော ရူခင်းများနှင့် အော်စမန်သပ်ပန်းပင်များ။ တောက်ပသော လမင်းကြီးသည် သစ်ပင်များ၏ အရိပ်များမှတဆင့် လင်းလက်နေ၏။ သစ်ပင်များ၏အောက်ခြေက သန့်ရှင်းသပ်ရပ်သည်။ ကျောက်စားပွဲများနှင့် ထိုင်ခုံများ သည် လက်ရာမြောက်ပြီး အံဝင်ခွင်ကျ ဖြစ်လှပါသည်။ ကျောက်တုံးများဖြင့် ဖန်တီးထား သော ဥယျာဉ်တစ်ခုနှင့် ရေကန်တစ်ခုလည်း ရှိနေခဲ့သည်။
ဘေးခန်းတွင် ဖန်သားပြင်နှင့် ဆိုဖာတစ်လုံး ရှိသည်။ အတွင်းခန်းနှင့် အပြင်ဘက် အခန်းများအားလုံးကို အရည်အသွေးမြင့် သစ်သားဖြင့် ပြုလုပ်ထားသည်။ အဆောင်သည် ကျယ်ဝန်းပြီး သက်တောင့်သက်သာရှိလှပါသည်။
အတွင်းခန်းကတော့ ဟုန်ယွိနေထိုင်မည့် အခန်းဖြစ်ပြီး၊ အပြင်ခန်းကတော့ သူ့အစေခံ အိမ်အကူလေးယောက် အနားယူသည့် အခန်း ဖြစ်ပါသည်။
ညဘက်တွင် ကိစ္စတစ်စုံတစ်ရာရှိလျှင် ပေါ့ပေါ့ပါးပါး လှမ်းခေါ်ရုံဖြစ်ပြီး၊ အပြင်ခန်းရှိ အစေခံမိန်းကလေးများသည် ချက်ချင်းနိုးထပြီး သခင်၏အမိန့်ကို နားထောင်ကြရသည်။
၎င်းသည် မြို့စားစံအိမ်၏ အိမ်ထောင်စုတစ်ခုမှ သခင်လေးတစ်ဦးအတွက် စံပြု ဆက်ဆံမှု ဖြစ်သည်။ ဤပတ်ဝန်းကျင်သည် ဟုန်ယွိနေထိုင်ခဲ့သည့် အနောက်မြောက်ထောင့်ရှိ ခြံဝင်းငယ်ထက် အဆတစ်ရာ ပိုကောင်းသည်။
ထိုအချိန်တွင် ဟုန်ယွိသည် ကုတင်ပေါ်တွင် ထိုင်နေသည်။ အိပ်ရာကို ပိုးစောင်များဖြင့် ဖုံးအုပ်ထားပြီး အမွှေးနံ့သာရနံ့များက လေထဲတွင် ပျံ့လွင့်နေသည်။ အိပ်ရာပေါ်မှာ လှဲလျောင်းသူတိုင်း စည်းစိမ်ဥစ္စာနှင့် ဂုဏ်ကျက်သရေ၏ အရသာကို ခံစားမိပြီး မထချင်လောက်ပေ။
သို့သော် ဟုန်ယွိသည် မအိပ်ခဲ့ပေ။ ယင်းအစား သူသည် ကုတင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေ ပါသည်။ သူသည် မီးလည်း မထွန်းပေ။ ယင်းအစား မျက်လုံးကို မှိတ်ပြီး အမှောင်ထဲမှာ တရားထိုင်နေခဲ့သည်။
လော်ယွန် ထွက်သွားသောအခါ၊ ကျောက်ဖူရန်သည် မြို့စားစံအိမ် အရှေ့ဘက်ခြမ်းရှိ အော်စမန်သပ် ပန်းရနံ့အဆောင်ကို သူ့အား အပ်နှင်းခဲ့ကြောင်း ဟုန်ယွိ သိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ့အား ပြုစုရန် အစေခံမိန်းကလေး လေးဦးကို ခန့်အပ်ခဲ့ပြီး စာရင်းကိုင်ကို ငွေသုံးရာပင် ပေးခိုင်းခဲ့သည်။
အပေါ်ယံမှာတော့ သူမသည် သူတို့၏ ဆက်ဆံရေးကို မြှင့်တင်ရန် ကြိုးစားနေပုံရသည်။ သို့သော်၊ ဟုန်ယွိသည် ဤမျှလောက် မရိုးရှင်းကြောင်း သိသည်။
ကျန်းနန်မင်းသမီး လော်ယွန်က သူ့ကို အချိန်တိုလေး သိခဲ့သည်ကို မဆိုထားနှင့်။ အကယ်၍, သူတို့သည် သူငယ်ချင်းကောင်းတွေ ဖြစ်နေလျှင်ပင်, ကျောက်ဖူရန်က သူ့ကို ဤမျှလောက် လေးလေးစားစား ဆက်ဆံမှာ မဟုတ်ပါဘူး။
ကျောက်ဖူရန်မှာ သားနှစ်ယောက်ရှိသည်ကို သိထားရပါမည်။ ဟုန်ရှီသည် အကြီးဆုံးသား ဖြစ်ပြီး၊ နောင်တွင် မြို့စား၏ဘွဲ့ကို ဆက်ခံရမည့်သူ ဖြစ်သည်။ အခုလည်း သူသည် အကျင့် စရိုက်ကောင်းသူ မဟုတ်ပေ။ သူသည် ဘုရင့်တပ်မတော်၏ အဓိကတပ်ရင်း သုံးခုထဲမှ တစ်ခုဖြစ်သော နတ်ဘုရားစက်ယန္တရားစခန်း၏ တပ်မှူးဖြစ်သည်။ သူ၏ကိုယ်ရေး အချက်လက်က လျှို့ဝှက်ဆန်းကြယ်ပြီး သူ၏ကိုယ်ခံပညာစွမ်းရည်မှာ အထင်ကြီးစရာ ကောင်းသည်။
ဒုတိယသားဖြစ်သူသည် တောင်ဘက်တွင် ချမ်းသာသော ပြည်နယ်တစ်ခုတွင် အရာရှိ တစ်ဦး ဖြစ်လာသည်။
ထို့အပြင်၊ သူမ၏အိမ်ထောင်စုသည်လည်း မရိုးရှင်းလှပေ။ သူမတို့မှာ ပညာရှင် မျိုးဆက်ပေါင်းများစွာ ရှိခဲ့သည်။
"သူမ ဘယ်လိုပဲ ကြံစည်နေပါစေ, ငါ အမြန်ဆုံး ထွက်သွားသင့်တယ်။ ဒါပေမယ့် ငါ အထက်တန်းပညာရှင်တစ်ဦး ဖြစ်လာပြီးမှပဲ ငါ ပြောပိုင်ခွင့် ရှိလိမ့်မယ်။"
ဟုန်ယွိသည် မြို့စားစံအိမ်မှ ထွက်ခွာချင်နေသည်မှာ ကြာပါပြီ။ သို့သော် သူ့တွင် ဝင်ငွေအရင်းအမြစ် မရှိပေ။ ထို့အပြင် မြို့စားစံအိမ်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူဆန္ဒရှိသလို မထွက်ခွာနိုင်ပေ။
သို့သော် သူသည် အထက်တန်းပညာရှင်တစ်ဦး ဖြစ်လာသည်နှင့် မတူတော့ပေ။ အခြေခံ ပညာရှင်တစ်ဦးသည် သခင်လေးတစ်ဦးမျှသာဖြစ်ပြီး၊ အထက်တန်း ပညာရှင်တစ်ဦးသည် ဆရာတစ်ဦး ဖြစ်သည်။ အထက်တန်းပညာရှင်တစ်ဦး ဖြစ်လာပြီးနောက်တွင် သူ၏ အဆင့်အတန်းသည် သိသိသာသာ ပြောင်းလဲသွားလိမ့်မည်။ သူ၏မိသားစုသည် အင်ပါယာ တရားရုံး၏ အခွန်၊ မြေခွန်နှင့် လုပ်အားတို့မှ ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။
ဆိုရိုးစကားအတိုင်းဆို, တိုင်းသူပြည်သားများက အခွန်ပေးဆောင်ရန် မလိုပါ။
ဤစည်းမျဉ်းဖြင့်၊ သာမန်လူအများသည် သင့်ကိုအားကိုးပြီး၊ သူတို့ကိုယ်သူတို့ ကျွန်အဖြစ် ရောင်းစားလာကြသည်။ သူတို့သည် အခွန်ရှောင်နိုင်ရန်အတွက် သူတို့၏လယ်ယာမြေများ ကို သင့်နာမည်အောက်မှာပင် ထည့်ထားနိုင်သည်။
တော်ဝင်ချန်မင်းဆက်သည် ရွှေခေတ်တွင်ရှိသော်လည်း အခွန်များက အလွန်မြင့်မားနေ သေးပြီး လုပ်အားမှာလည်း အဆန်းမဟုတ်ပေ။
တစ်နည်းဆိုရသော် ဟုန်ယွိသည် အထက်တန်းပညာရှင်တစ်ဦး ဖြစ်လာသည်နှင့်၊ လက်ဗလာဖြင့် ထွက်ခွာသွားသည့်တိုင် သူ့အတွက် အလုပ်လုပ်ရန် ငွေနှင့်မြေနေရာများ ပို့ပေးမည့်သူ အများအပြား ရှိလာပေလိမ့်မည်။ သူသည် တစ်နှစ်ခွဲအတွင်း ကြီးကျယ် ခမ်းနားသော မိသားစုတစ်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ပို၍အရေးကြီးသည်မှာ အထက်တန်းပညာရှင်တစ်ဦး၏ အဆင့်အတန်းသည် ဒေသဆိုင်ရာ အရာရှိတစ်ဦးနှင့် ညီမျှသည်။ ခရိုင်တရားသူကြီးနှင့် တွေ့သည့်အခါ ညီအကိုတွေအဖြစ် အချင်းချင်း ခေါ်ပြော၍ ရပါသည်။ ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် ၎င်းတို့သည် ယမန်သို့ ဝင်ရောက်နိုင်သည်။ (ယမန်ဟူသည်) ဒေသဆိုင်ရာအရာရှိ (စီရင်စု သို့မဟုတ် တရားသူကြီးကဲ့သို့) ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်ပြီး နေထိုင်သည့် နေရာ။)
ထိုအခြေအနေဖြင့် သူတို့သည် ပြောပိုင်ခွင့် ရှိလာမည်။ မြို့စားစံအိမ်အတွင်းမှ ထွက်သွား လိုပါက ဟုန်ရွှန်ကျိသည် သူ့ကို ပြစ်တင်ရန် သို့မဟုတ် တားဆီးရန် အကြောင်းပြချက် မရှိတော့ပေ။
"ကြင်ယာတော်ယွမ်... ဇိယွဲ့ … သူတို့ ဘာလုပ်နေတာလဲ။ ကြင်ယာတော်ယွမ်ဟာ နန်းတော်ထဲက တစ်စုံတစ်ယောက်လို့ ငါ ခန့်မှန်းမိပေမယ့် သူမကို ဧကရာဇ်ရဲ့ မြင့်မြတ်တဲ့ ကြင်ယာတော်ဖြစ်နေဖို့ မမျှော်လင့်ထားခဲ့ဘူး။ သူမက ညသန်းခေါင်ယံမှာ နန်းတော်ကနေ ထွက်နိုင်လောက်အောင် ကိုယ်ခံပညာကျွမ်းကျင်ပြီး၊ သူမဆွေမျိုးတွေထံ အလည်ပတ် သွားခဲ့တယ်။ သူမကလည်း ဇိယွဲ့နဲ့ သူငယ်ချင်း ဖြစ်ပုံရတယ်။ သူမကရော တစ္ဆေ အင်မော်တယ် မဟာနတ်ဆိုးကြီး ရှစ်ယောက်ထဲက တစ်ယောက် ဖြစ်နိုင်မလား။ ဒါပေမယ့် သူမက ယွန်တူးနိုင်ငံရဲ့ မင်းသမီးပဲ။ ဇိယွဲ့က ယွန်တူးနိုင်ငံ ဘိုင်မိသားစုရဲ့ အဖွဲ့ဝင် တစ်ယောက်ဖြစ်ပုံရတယ်။ သူတို့က ယွမ်တူးနိုင်ငံမှာ လူပြန်ဝင်စားပြီးနောက် တော်ဝင် ချန်မင်းဆက် နန်းတော်သို့ ဝင်ရောက်ခဲ့ကြတယ်။ သူတို့အနေနဲ့ ကျမ်းစာတွေ ရှာဖွေရုံလောက်နဲ့ မရိုးရှင်းမှာ ကြောက်ရတယ်။ သူတို့ တစ်ခုခုကို ကြံစည်နေတာများ ဖြစ် နိုင်မလား။”
ထိုအချိန်တွင် ဟုန်ယွိသည် လော်ယွန်ထံမှ အချို့သောအရာများကို သိရှိနေပြီ ဖြစ်သည်။ အနောက်တောင်တန်း၏ ဆောင်းဦးလဘုရားကျောင်းမှာ သူတွေ့ခဲ့သည့် ကြင်ယာတော် ယွမ်သည် ဧကရာဇ်၏ မြင့်မြတ်သော ကြင်ယာတော်ဖြစ်သည့်အပြင်, ယွမ်တူနိုင်ငံ၏ မင်းသမီးတစ်ပါး ဖြစ်ကြောင်း သူ့ခန့်မှန်းချက်ကို အတည်ပြုခဲ့ပါသည်။
တစ္ဆေအင်မော်တယ် မဟာနတ်ဆိုးကြီးရှစ်ယောက်၊ ဟာကူဇိယွဲ့နှင့် ကြင်ယာတော်ယွမ်။ ဤလူများ အားလုံးကို အတူတကွ ချိတ်ဆက်မိသောအခါတွင်၊ ဟုန်ယွိသည် ကြီးမားသော ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေကြောင်း ယောင်ဝါးဝါး ခံစားမိသည်။ အနာဂတ်မှာ ကြီးကြီး မားမား တစ်ခုခုဖြစ်လာမည်မှာ သေချာပါသည်။
"ဒါပေမယ့် ဒါက ငါနဲ့ ဘာဆိုင်လို့လဲ။ ငါချမ်းသာရင် ကမ္ဘာကြီးကို ကူညီမယ်။ ငါ ဆင်းရဲတဲ့ အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်မယ်။ အခုလောလောဆယ်တော့ ငါက ဆင်းရဲပြီး၊ ကိုယ့်ကိုယ် ကို ဂရုစိုက်နိုင်ဖို့ အိပ်နေရုံပဲ တတ်နိုင်သေးတယ်။ ဒီဩဇာအာဏာကြီးမားသူတွေရဲ့ ကိစ္စတွေက ငါနဲ့ဘာဆိုင်လဲ။ သူတို့အနေနဲ့ တော်ဝင်ချန်မင်းဆက်ကို ဖြုတ်ချချင်ရင်တောင် ငါ့မှာ ဘာမှ လုပ်နိုင်စွမ်းမရှိဘူး။ ပန်းကန်လုံး ဘယ်လောက်ကြီးကြီး ထမင်းအိုးလောက် ဘယ်ကြီးနိုင်မှာလဲ။ ကိုယ် ဘာမှလုပ်နိုင်စွမ်းမရှိတဲ့ အရာတွေကို ဝင်စွက်ဖက်တာက ပညာရှိမဟုတ်ဘဲ အဆင်ခြင်မဲ့ လူတစ်ယောက်ရဲ့ အပြုအမူသာဖြစ်တယ်။ ကိုယ့်ကိစ္စကိုယ် ပြန်စဉ်းစားတာက ပိုကောင်းပါတယ်။”
ဟုန်ယွိ၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။
သူ့အတွေးတွေကို ငြိမ်သက်သွားပြီးနောက် ဟုန်ယွိသည် ချန်ဒေါင်ဇီ၏ ဇီးပန်းပွင့်များ၏ ပန်းချီကားကို သူ မည်သို့မည်ပုံ ကြည့်ခဲ့သည့်အကြောင်းကို တွေးလိုက်မိသည်။ ထိုအရာမှတဆင့် သူသည် အမိတ္တဘသုတ္တန်ကို နက်နက်ရှိုင်းရှိုင်း နားလည်လာပြီး၊ သူ့ခန္ဓာကိုယ်ကို စွန့်ခွာကာ ခရီးထွက်နိုင်ခဲ့သည်။ ယခု သူ နောက်ဆုံး တည်ငြိမ်သွားသောအခါ၊ ဟုန်ယွိသည် သူ့စိတ်ဝိညာဉ် ကြံ့ခိုင်မှုအတိုင်းအတာကို စမ်းသပ်ရန် ဆုံးဖြတ်ခဲ့သည်။
အတိုချုံး ပုံရိပ်ဖော်ပြီးနောက်တွင်၊ သူ၏စိတ်ဝိညာဉ်သည် လွင့်မျောသွားခဲ့ပြီ ဖြစ်သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားသည်နှင့် တပြိုင်နက် ပေါ့ပေါ့ပါးပါး ခံစားချက်မျိုး ခံစားလိုက်ရသည်။ သူသည် အခန်းတစ်ဝိုက် တွင် လွင့်ပျံလာသည်။ ထိုနေရာ မှာ တစ်ခဏနေပြီးနောက်, နောက်အခိုက်အတန့်မှာ တနေရာသို့ ရောက်လာခဲ့သည်။ ခြေလှမ်း ဆယ်လှမ်းအတွင်းက မျက်စိတစ်မှိတ်အတွင်းမှာပင် ရှိလာခဲ့သည်။ သူသည် အနည်းငယ် တစ္ဆေသရဲဆန်သည်ဟုပင် ခံစားရ၏။
သံသယရှိစရာမလိုပေ၊ ဤသည်မှာ သူ၏စိတ်ဝိညာဉ်ကို ကြံ့ခိုင်ခံ့စေခြင်း၏ ရလာဒ်ဖြစ်သည်။
ညဘက်ခရီးထွက်သည့်အခါ သူ့စိတ်ဝိညာဉ်က မြေပြင်အထက် နှစ်ပေကနေ သုံးပေ လောက်သာ လွင့်ပျံနိုင်ခဲ့သည်ကို သိထားရမည်။ သူသည် အမြန်လမ်းမလျှောက်နိုင်ပေ။ မဟုတ်ရင်, သူသည် ဒဏ်ရာရပြီး အန္တရာယ်ရှိနိုင်သည်။
သို့သော် ယခု ခြေလှမ်းဆယ်လှမ်းသည် မျက်စိတစ်မှိတ်အတွင်း ရောက်သွားခဲ့ပြီ။ သူသည် မိုင်တစ်ထောင်ခရီးကို မသွားနိုင်သေးသော်လည်း ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကို အဝေးသို့ စွန့်နိုင်နေပြီဟု ခံစားမိသည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် လွင့်ပျံလာသည်။ သူသည် စင်္ကြံအတိုတစ်ခုကို ဖြတ်၍ အပြင်ဘက်အခန်းသို့ ရောက်သွားသည်။ အပြင်ခန်းရှိ ကုတင်ပေါ်တွင် အိမ်အကူ လေးယောက် အိပ်နေပါသည်။ သူမတို့၏ အသက်ရှုသံက ချောမွေ့နေ၏။ သူတို့၏ မျက်လုံးများက မှိတ်ထားပြီး နားရွက်များက အနည်းငယ် လှုပ်ရှားနေသည်။ သူတို့သည် ကြောင်များနှင့် ခွေးများကဲ့သို့ သွက်လက်ကြ၏။
ရှင်းပါတယ်၊ သူမတို့သည် ကျွမ်းကျင်သည့် အိမ်ဖော်တွေ ဖြစ်ကြပါသည်။
“ငါ့ရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေတာလား။" ဟုန်ယွိက လှောင်ပြောင်သရော်လိုက် သည်။
ဤအခိုက်အတန့်တွင် ပုံသဏ္ဍာန်တစ်ခု တိတ်တိတ်ဆိတ်ဆိတ် ဝင်လာသည်။ ၎င်းသည် အထဲသို့ လှမ်းဝင်ပြီးနောက်၊ ထိုပုံသဏ္ဍာန်သည် အစေခံ ကျွန်တစ်ဦး၏ ပခုံးကို ပုတ်လိုက် သည်။ ထိုအစေခံမလေးသည် ချက်ချင်းနိုးလာပြီး သူမရှေ့ကလူကို မြင်လိုက်တော့ အသံတိုးတိုးဖြင့် ပြောလိုက်သည် "အဖွားကျန်းလား"
လမ်းလျှောက်လာသူသည် ခေါင်းတွင် ငွေရောင်ဆံပင် အပြည့်ရှိသော်လည်း သူမ၏ လက်များသည် ငယ်ရွယ်သော မိန်းကလေးတစ်ဦးကဲ့ပင်။ သူမသည် ပထမမဒမ် နောက်သို့ လိုက်ပါခဲ့သည့် အဖွားကြီးဖြစ်ပြီး သူမ၏နာမည်ကတော့ အဖွားကျန်းပါ။
အဖွားကျန်းက သူမလက်ကို ဝှေ့ယမ်းပြီး အိမ်အကူကို သူမနောက် လိုက်လာရန် ညွှန်ပြပြီး၊ ထွက်ခွာသွားခဲ့သည်။
အိမ်အကူသည် အလွန်သတိထားပြီး၊ ချက်ချင်းပင် သူမနောက်သို့ လိုက်သွားခဲ့သည်။ နှစ်ယောက်သား နံရံတစ်ခု၏ခြေရင်းမှာ ရပ်ပြီး စကားပြောနေကြသည်။
"ဒီကလေးကို စောင့်ကြည့်ပါ။ သူ့ရဲ့ လှုပ်ရှားမှုတိုင်းကို ချက်ချင်း သတင်းပို့ပါ။ သူဘယ်မှာ သိုင်းပညာ လေ့ကျင့်ခဲ့သလဲ၊ သူ ဘယ်လို ကိုယ်ခံပညာမျိုး လေ့ကျင့်ခဲ့လဲဆိုတာ ရှာကြည့်ပါ။ နောက်ပြီး...
ဟုန်ယွိက စကားပြောအသံကို ကြားလိုက်ရသည်။
အကယ်၍, သူသည် စိတ်ဝိညာဉ်ဖြင့် ခရီးသွားနိုင်သည့် အစွမ်းကို မပိုင်ဆိုင်ထားဘူးဆို လျှင်, ဒီအဖွားကျန်းကို သူ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ သူမသည် အလွန်ကျွမ်းကျင်သည်။