အခန်း (၃၂-၃၄)
Vol. 3 Ch. 32-34
အခန်း (၃၂)။
"အဖွားကျန်းက မဒမ်ကျောက်ရဲ့ ခန်းဝင်ပစ္စည်း အစိတ်အပိုင်းတစ်ခုပဲ။ သူမကို နှစ်ပေါင်း များစွာ ခိုင်းစေခဲ့ပြီး သူမရဲ့ကိုယ်ရေးအချက်လက်က သာမန်မဟုတ်ဘူး။ ညဘက်ကြီး သူမ ဘာလို့ ငါ့အခန်းထဲ ခိုးဝင်ပြီး၊ ငါ့ကို ထောက်လှမ်းဖို့အကြောင်း အစေခံ မိန်းကလေးနဲ့ စကားပြောရတာလဲ။ မဒမ်ကျောက်က တကယ်ကို စိတ်ထားမကောင်းဘူးပဲ။ ဒါပေမယ့် သူတို့သူလျှိုလုပ်ဖို့ ထိုက်တန်တာ ငါ့မှာ ဘာရှိလို့လဲ။ သူတို့ ပြောနေတာတွေကို နားထောင်ကြည့်ရအောင်။”
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး ထိုအရာကို မြင်လိုက်ရသည်။ သူသည် သူ့စိတ်နှလုံးထဲတွင် ရယ်မောကာ လွင့်ပျံသွားခဲ့သည်။
သူ့လိုပညာရှင်ငယ်လေးတစ်ယောက်မှာ မဒမ်ကျောက်၏ အာရုံစိုက်မှုနှင့် ထိုက်တန်သည့် အရာကို သူ မြင်ချင်မိသည်။ တကယ်ကို သူမသည် သူမ၏ အရေးပါသည့် လူတွေကို စေလွှတ်လိုက်သည်။
“နတ်ဘုရားတွေက စောင့်ကြည့်နေကြတယ်။ ကြံစည်မူတွေနဲ့ ပရိယာယ်တွေကို နတ်ဘုရားတွေက သေချာသိတယ်။ ဒီစကားက အကြောင်းပြချက် မရှိတာမဟုတ်ဘူးပဲ။"
ဟုန်ယွိသည် စိတ်ထဲမှာ တွေးလိုက်မိပါသည်။ သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားသောကြောင့် သူ့ကို သရဲတစ္ဆေတစ်ကောင်ဟု ယူဆနိုင်သည်။ သူသည် ဟုန်ဂီက သူ့ကိုလုပ်ကြံရန် ကြံစည်ခဲ့သည်ကို ပထမအကြိမ် ကြားရပြီး၊ ဒုတိယအကြိမ်မှာတော့ အဖွားကျန်းနှင့် အစေခံမိန်းကလေးများ၏ ပူးပေါင်းကြံစည်မှုကို ကြားရပြန်ပါသည်။ “နတ်ဘုရားတွေက အထက်ကနေကြည့်နေတယ်” ဆိုသည့် စာအုပ်တွေမှာ ပြောထား သော စကားတွေကို တကယ်ကို လက်တွေ့ပြနေပုံရပါသည်။
“သူ အခု ကုတင်ပေါ်မှာ ထိုင်နေတယ်။ သူ အိပ်ပျော်နေတာလား ဒါမှမဟုတ် တခြား တစ်ခုခု လုပ်နေတာလား မသိဘူး။ သူ ကိုယ်ခံပညာ လေ့ကျင့်နေတာ မတွေ့ရဘူး" အစေခံ မိန်းကလေးက အဖွားကျန်း၏ မေးခွန်းကိုကြားပြီး သူမ သတိထားမိသည်ကို အမြန် ဖြေလိုက်ပါသည်။
ဟုတ်ပါသည်။ ထိုစကားအားလုံးကို ဟုန်ယွိက ကြားနေရပါသည်။
"အင်း၊ မင်းတို့ သူ့ရဲ့လှုပ်ရှားမှုတွေကို သေချာ အာရုံစိုက်ရမယ်။ ထူးထူးခြားခြား တစ်ခုခု ရှိရင် ငါ့ကို သတင်းပို့ရမယ်။ ပြီးရင် မဒမ်ကို ငါပြောမယ်။ သူ့အဝတ်အစားတွေ၊ စာအုပ်တွေ ကို ကြည့်ပြီး ထူးထူးခြားခြား တစ်ခုခုရှိမရှိ ကြည့်စမ်း။ မင်းတို့အားလုံးက ဉာဏ်ကောင်းတဲ့ အိမ်ဖော်တွေပဲ။ ဒါကြောင့် ဒီကိစ္စတွေကို မင်းတို့ကို သိပ်သင်ပေးနေစရာ မလိုဘူး။"
"အဖွားကျန်း စိတ်မပူနဲ့။ သူဆံပင်တစ်ချောင်း ပျောက်သွားရင်တောင် သိအောင်လုပ်ပြီး အကြောင်းကြားပေးမယ်လို့ အာမခံပါတယ်" အစေခံမိန်းကလေးသည် အတွင်းခန်းဆီသို့ လှမ်းကြည့်ကာ လိမ္မာပါးနပ်စွာ ပြောလိုက်သည်။
"ငါ့ပစ္စည်းတွေကို ရှာဖို့လား။ ကံကောင်းစွာပဲ၊ ငါ သိုင်းကျမ်းတွေကို ကြည့်ပြီး၊ မီးရှို့ပစ် လိုက်လို့။ ငါ အမိတ္တဘသုတ္တန်ကို ဂရုစိုက်ရမယ်။ ဒီစက်ဆုပ်ရွံရှာဖွယ် လူအုပ်စု တွေ့သွား ရင် အဆုံးမဲ့ဒုက္ခတွေ ရောက်လာလိမ့်မယ်။” ဟုန်ယွိက တုန်လှုပ်သွားပြီး သူ ကံကောင်းသည်ဟု ခံစားရပါသည်။
သူသည် ဂရုတစိုက်ရှိသူ လူတစ်ယောက်ဖြစ်သော်လည်း ထိုအစေခံလေးယောက်သည် နေ့တိုင်း သူ့အား ခစားနေပြီး မကောင်းသော ရည်ရွယ်ချက်များ ရှိနေသည်။ အကယ်၍, သူ သတိမထားမိပါက အမိတ္တဘသုတ္တန်ကို အမှန်တကယ် ရှာတွေ့သွားနိုင်သည်။
သို့သော် ယခုကြားလိုက်ရသည်မှာ သတိပေးချက်တစ်ခု ဖြစ်သည်။ ဟုန်ယွိသည် လျှို့ဝှက် စွာ စောင့်ကြပ်ခံနေခဲ့ရသည်။
"ဒီနေ့ကစပြီး မင်းတို့ရဲ့ လစဉ်ထောက်ပံ့ကြေးကို တစ်လကို ငွေဆယ်စအထိ တိုးပေးမယ်။" အဖွားကျန်းက ပြောသည်။
"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် မဒမ်" အစေခံအိမ်အကူများသည် မဒမ်ကျောက်အား ကမန်းကတန်း ကျေးဇူးတင်စကား ဆိုသည်။ မဒမ်ကျောက် မပါရှိသော် လည်း အစေခံအိမ်အကူများသည် အလွန်ရိုသေနေသေး၏ "ဒါပေမယ့် ဒီကောင်လေးရဲ့ ပုံစံအရဆို, သူက ဒီစံအိမ်ကြီးမှာ အကြာကြီးနေဖို့ မရည်ရွယ်ထားဘူးလို့ ထင်ရပါတယ်။ နောက်လမှာ အင်ပါယာစာမေးပွဲတွေ ဖြေရတော့မယ်။ စာမေးပွဲတွေအောင်ပြီး သူ အထက်န်းပညာရှင်တစ်ဦး ဖြစ်သွားရင်, သူ သေချာပေါက် ထွက်သွားမှာ သေချာတယ်။ ကျွန်မတို့ ဘာဆက်လုပ်ရမလဲ။ သူ့မှာ စာပေအရည်အချင်း ရှိတယ်လို့ ငါ ကြားဖူးတယ်။ ဆိုတော့ သူက စာမေးပွဲမှာတော့ တော်တော် ယုံကြည်မှု ရှိရမယ်။”
“မင်းတို့က သူ့အတွေးတွေကို မြင်နိုင်စွမ်းရှိတယ်။ အရမ်း ထက်မြက်တယ်။ ငါ ပြန်လာတဲ့ အခါ မင်းတို့ကို ကောင်းကောင်း ချီးမြှောက်မယ်" အဖွားကျန်းက ချီးကျူးစကားဆိုသည်။ သူမ၏လေသံက အေးစက်လာသည်။ "ဟုတ်တယ်, ငါ သေချာပေါက် သူ့ကို စာမေးပွဲ အောင်မြင်ဖို့ ခွင့်မပြုနိုင်ဘူး။ သူ့မှာ စာပေအရည်အချင်း ရှိသလား..."
"အဖွားကျန်းက ကျွန်မကို အစားသောက်နဲ့ သူ့ကို အန္တရာယ်ဖြစ်စေချင်နေတာလား။ ဒီလိုနည်းနဲ့ဆို, သူက အင်ပါယာ စာမေးပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးပေါ့” အိမ်အကူက ပြောသည်။
"အဲဒါမျိုး မလိုအပ်ဘူး။ ကိုယ်ကိုယ်တိုင် စွန့်စားရတဲ့နည်းလမ်းက လွယ်ကူတယ်။ ပြီးတော့, သိသာလွန်းတယ်။ ဆန့်ကျင်ဘက်အနေနဲ့ မင်းတို့ကို ဘယ်သူမှ အပြစ်မရှာနိုင်အောင် သူ့ကို ပုံမှန်အတိုင်း ကောင်းကောင်းကျွေးပြီး ခံစားရမယ်။" အဖွားကျန်း၏ မျက်နှာသည် ထူးထူးခြားခြား မည်းမှောင်သွားသည်။ သူမက ပါးစပ်ကိုဖွင့်ကာ ရယ်မောရင်း “ဟီး..ဟီး. ငါ့မှာ နည်းလမ်းတွေ ရှိပါတယ်။ အင်ပါယာ စာမေးပွဲဖြေဖို့ တစ်လပဲ လိုပါတော့တယ်။ တကယ်လို့, သူသာ ဒီတလအတွင်းမှာ၊ နေ့ရောညပါ နာကျဉ်းဝိညာတွေရဲ့ အမဲလိုက်ခံရပြီး၊ သူ့စိတ်ဝိညာဉ် ပြင်းထန်စွာ ဒဏ်ရာရရှိသွားမယ်ဆိုရင်, သူ့အနေနဲ့ အင်ပါယာ စာမေးပွဲကို ဘယ်လို ဖြေဆိုနိုင်ဦးမလဲဆိုတာ ကြည့်ကြစို့”။
လရောင်က မှိန်မှိန်၊ နံရံထောင့်နှင့် အဘွားကြီး၏ ထူးဆန်းပြီး အုံ့မှိုင်းသော အပြုံး။ ဤအရာ အားလုံးက အဖွားကျန်းကို နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်သွားစေပါသည်။
အလုပ်ကျွေးပြုသည့် အစေခံမိန်းကလေးသည် အဖွားကျန်း၏ အုံ့မှိုင်းနေသည့် မျက်နှာကို မြင်တော့ သူမသည် ကြောက်လန့်တကြား ခုန်လိုက်မိပါသည်။
“သွားတော့, မင်း သူ့ကို ဘာမှ တွေ့မသွားစေနဲ့။ ဒီကောင်လေးက ကျန်းနန်မင်းသမီးကို တိတ်တဆိတ် သိကျွမ်းခွင့်ရအောင် လုပ်နိုင်တာဆိုတော့, သူက တော်တော်လေး ဉာဏ်ကောင်းပြီး ရိုးရှင်းတဲ့ လူတစ်ယောက်မဟုတ်ဘူး။ သူက အလွန်အကြံစည်များသူ တစ်ယောက်လို့ ငါ ပြောနိုင်တယ်။ သူ အဖွားကျန်းက သူမလက်ကို ဝှေ့ယမ်းလိုက်ပါသည်။
"ကျွန်မ သတိထားပါ့မယ်။" အစေခံမိန်းကလေးက ခေါင်းညိတ်ပြပြီး အခန်းထဲသို့ ပေါ့ပေါ့ ပါးပါး လျှောက်သွားခဲ့သည်။
"ငါမြင်သလောက်ဆို, သူ့ရဲ့ကိုယ်ခံပညာ လေ့ကျင့်မှုက ကြွက်သားအဆင့်ကို ရောက်နေရုံ လေးပဲ။ ဒါက အရမ်းနည်းနေပါသေးတယ်။ ဒါ့အပြင်, ဒီချီနဲ့သွေးစွမ်းအင် နည်းနည်းလေးက စိတ်ဝိညာဉ် ရှုပ်ထွေးတဲ့အခြေအနေကို ရင်ဆိုင်ဆန့်ကျင်ဖို့ သိပ်အသုံးမဝင်သေးဘူး။ ဒါပေမယ့် သူဆက်ပြီး လေ့ကျင့်မယ်ဆိုရင် သူ့ရဲ့ချီနဲ့သွေးစွမ်းအင်တွေက အချိန်ကြာလာ တာနဲ့အမျှ ပိုအားကောင်းလာပြီး သူ့ကို ထိန်းထားနိုင်စွမ်းမရှိမှာ ငါ စိုးရိမ်မိတယ်။ ဒီအကြောင်းကို မေးလိုက်ပါ။ ငါ သူ့ကို အရင်ဆုံး တစ်လလောက် အိပ်မက်ဆိုးတွေ မက်ခွင့်ပေးပြီး၊ သူ့စိတ်ဝိညာဉ်ကို ဒဏ်ရာရအောင် လုပ်မယ်။ သူကိုယ်တိုင်တောင် မသိဘဲ သူ့စိတ်ဝိညာဉ် ဒဏ်ရာရသွားရင် သူ ဘာလုပ်နိုင်မှာလဲ။”
အစေခံမိန်းကလေး အခန်းထဲဝင်သွားပြီးနောက် အဖွားကျန်းက ရက်စက်စွာ ပြုံးပြီး သူမကိုယ်သူမ ရေရွတ်သည်။ သူမသည် ကျောက်ဆောင်နောက်ကွယ်ရှိ လျှို့ဝှက်ထောင့် တစ်ခုဆီသို့ လျှောက်သွားကာ ထိုင်ပြီး မျက်လုံးများကို မှိတ်ထားလိုက်ပါသည်။
"ဟင်"
အဖွားကျန်းသည် တရားထိုင်နေပြီး သူမ၏အခွံထဲမှ ထွက်လာပြီဟု ဟုန်ယွိ သိလိုက် သည်။
သူမကိုယ်သူမ ရေရွတ်နေချိန်မှာ, အဖွားကျန်း၏ ညစ်ညမ်းသော အမူအရာကို ဟုန်ယွိက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ ညစဉ်ညတိုင်း အိပ်မက်ဆိုးတွေ မက်ပြီး သူ့စိတ်ဝိညာဉ် ကို ထိခိုက်စေချင်သည်ဟူသော သူမစကားကို ကြားလိုက်ရသည့်အခါ သူမသည် စိတ်ဝိညာဉ်ပညာရပ်ကို ကျင့်ကြံထားသူတစ်ယောက် ဖြစ်ကြောင်း သူ သိလိုက်ပြီ။
"မှော်ဆရာ၊ မင်း ငါ့ကို ဘယ်လိုလုပ် ထိခိုက်အောင်လုပ်ရဲတာလဲ။ ငါက အင်မော်တယ် တာအိုကို ကျင့်ကြံနေသူမဟုတ်ဘူးလို့ ဘယ်သူပြောလဲ။ တကယ်လို့, ငါ မကျင့်ကြံထား ရင်တောင်, ငါက ဖြောင့်မတ်မှုနဲ့ ပြည့်စုံတယ်။ ရှက်စရာကိစ္စ ဘာတစ်ခုမှ မလုပ်တတ်ဘူး။ ငါက စဉ်းလဲကောက်ကျစ်သူလည်း မဟုတ်ဘူး။ ပြီးတော့ ငါက ပညာရှင်တစ်ဦးဖြစ်တယ်။ မင်း ငါ့ကို ဘယ်လိုလုပ် လှည့်စားနိုင်မှာလဲ။”
ဟုန်ယွိ၏ စိတ်နှလုံးသည် ထိန်းမနိုင်သိမ်းမရ ဒေါသတကြီးဖြင့် ခုန်လာပါသည်။
ဟုန်ယွိသည် မြင့်မြတ်သော စိတ်ဝိညာဉ်ပညာရပ်ကို ကျင့်ကြံရာတွင် သေးငယ်သော အောင်မြင်မူအချို့ကို ပိုင်ဆိုင်ထားပြီး၊ သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် ညဘက် သို့မဟုတ် နေ့ဘက်မှာပင် လှည့်လည်သွားလာနိုင်သော်လည်း ဤစွမ်းရည်ကို အားကိုးခြင်း ဖြင့် သူသည် တရားမဝင်သော အရာများစွာကို ပြုလုပ်နိုင်ပါသည်။ သို့သော် ဟုန်ယွိသည် တစ်ခါမှ မလုပ်ဖူးပါဘူး။ သူသည် သူ၏မြင့်မြတ်သော စိတ်ဝိညာဉ်ကို ကြံ့ခိုင်ခံ့စေရန် အတွက်သာ ကျင့်ကြံခဲ့ပြီး 'ရေမြေ' နှင့် သူ့ကိုယ်သူ ရင်းနှီးစေရန် လှည့်လည်သွားလာ ခဲ့ခြင်းဖြစ်ပါသည်။ အများဆုံး သူသည် ဟုန်ရွှေ့ကျောင်း သူမလက်သီးပညာရပ်ကို လေ့ကျင့်နေချိန်မှာ ကြည့်ရှုလေ့ရှိပါသည်။ ဤကိစ္စက သာမန်ကိစ္စပင်။
သူတို့နှစ်ယောက်စလုံးသည် စိတ်ဝိညာဉ်ကို ကျင့်ကြံခဲ့ကြသည်။ အကယ်၍၊ လူတစ်ယောက်သည် လှည့်ကွက်ကစားရန် သူ့အခွံထဲက ထွက်ခွာခြင်း စွမ်းရည်ကို အသုံးပြုခဲ့မည်ဆိုလျှင်၊ သူသည် မကောင်းဆိုးဝါးလမ်း၏ မှော်ဆရာတစ်ဦး ဖြစ်သွားလိမ့် မည်။ အခြားတစ်ဖက်တွင်မူ၊ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်း၊ မိမိ၏ စိတ်ဝိညာဉ် ကို ကြံ့ခိုင်ခံ့စေခြင်းဖြင့် ကောင်းကင်နှင့်မြေကြီးကို လှည့်ပတ်သွားလာခြင်းသည် အင်မော်တယ်တာအို၏ ဖြောင့်မတ်သောလမ်းစဉ် ဖြစ်သည်။
ဤသည်မှာ ဟုန်ယွိ ငယ်ရွယ်စဉ် စတင်လေ့လာပညာသင်ကြားခဲ့ကတည်းက ကောင်းစွာ သိရှိခဲ့သည့် ခြားနားချက် ဖြစ်ပါသည်။
ဟုန်ယွိသည် အထူးသဖြင့် ထိုကဲ့သို့သော လူဆိုးများနှင့် သရဲတစ္ဆေများကို မုန်းတီးပြီး၊ စက်ဆုပ်ရွံရှာသည်။
"ဟင့်"
ဟုန်ယွိသည် မုန်းတီးမှုနှင့် ဒေါသများ ပြည့်နှက်နေချိန်မှာ မြေပြင်ပေါ်တွင် တရားထိုင်နေ သော အဖွားကျန်းသည် တစ်စုံတစ်ခုကို ခံစားမိသွားပုံရသည်။ သူမသည် မျက်လုံးတွေကို ဖွင့်ပြီး အပေါ်ကို လှမ်းကြည့်လိုက်သည်။
ဟုန်ယွိသည် အခန်းထဲသို့ ချက်ချင်းဝင်လာပြီး သူ့စိတ်ဝိညာဉ်ကို သူ့ခန္ဓာကိုယ်ဆီ ပြန်ပို့လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် တခဏအနားယူရန် လဲလျောင်းနေလိုက် သည်။
ဒီအဖွားကျန်းက သူ့ကို ဘယ်လို ရင်ဆိုင်မလဲဆိုတာ သူ သိချင်နေပါသည်။
သူမ၏ကိုယ်ခံပညာစွမ်းရည်က ဟုန်ယွိထက် အများကြီးသာလွန်ပါသည်။ သူမသည် သူ့ကို ဒုက္ခပေးချင်နေသောကြောင့် ဟုန်ယွိ သတိထားရပါလိမ့်မည်။
"ဒါက ပုံရိပ်ယောင်တစ်ခုများလား? တစ်စုံတစ်ယောက်က လွင့်ပျံနေတဲ့ စိတ်ဝိညာဉ်နဲ့ ငါ့ကို ချောင်းကြည့်နေပုံရတယ်။ ငါ ရှင်တန်သိုင်းသခင်နယ်ပယ်ကို မရောက်ခဲ့သေးတာ နှမြောစရာပဲ။ ဒီလိုမှမဟုတ်ရင် ငါ့ရဲ့ပြင်းထန်တဲ့သွေးချီနဲ့ဆို, ငါ သွားလာနေတဲ့ ဝိညာဉ်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်။”
အဖွားကျန်းသည် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပါဘူး။ သူမ၏ မှိုင်းညို့နေသော မျက်လုံးများကို ပြန်မှိတ်ကာ ပုံရိပ်ဖော်ခြင်း နယ်ပယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။
လေးနာရီခန့်ကြာသောအခါ မြို့စားစံအိမ်သည် တိတ်ဆိတ်သွားခဲ့သည်။ ညဉ့်နက်ပြီ။ အဖွားကျန်းတစ်ယောက် ခေါင်းလှုပ်သွားသည်။ သူမ၏ အသက်ရှူသံနှင့် နှလုံးခုန်သံများ က ငြိမ်သက်သွား၏။ သူမ၏ စိတ်ဝိညာဉ်သည် သူမ၏ခန္ဓာကိုယ်မှ ထွက်သွားခဲ့သည်မှာ ထင်ရှားသည်။
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် ခဏတဖြုတ် အနားယူပြီး လဲလျောင်းနေ၏။ ရုတ်တရက် လေတိုးသံကို သူ ကြားလိုက်ရသည်။ လေက တစ္ဆေအော်သံကဲ့သို့ တံခါးကို ဝင်တိုးခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ပြတင်းပေါက်မှ လရောင်က လင်းလက်လာ သည်။ အရိပ်များသည် မြေပြင်ပေါ်တွင် တွားသွားနေရင်း ထရန် ရုန်းကန်နေသည့်အတိုင်း တွန့်လိမ်ကောက်ကွေးကာ ထွက်ပေါ်လာပါသည်။
လေတိုက်ခတ်ပြီးသည်နှင့် လရောင်အောက်တွင် အရိပ်များ တွန့်လိမ်နေသည်။ ၎င်းတို့သည် မြေပြင်ပေါ်တွင် တွားသွားနေရင်း ထရန် ရုန်းကန်နေကြ၏။ ထိုခံစားချက်က လူတွေကို သူတို့၏မှတ်ဉာဏ်ထဲမှာပင် ကြောက်လန့်သွားစေနိုင်အောင် အလွန်ထူးဆန်း လွန်းပါသည်။
"ဒါက အိပ်မွေ့ချခြင်းပညာလား"
ဟုန်ယွိသည် သူ့မျက်လုံးများကို မဖွင့်နိုင်တော့ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။ အခန်းထဲမှာ လရိပ်တွေက လှည့်နေသည်ကို သူ အဘယ့်ကြောင့် မမြင်နိုင်မည်နည်း။ ဤအရာက ထင်ယောင်ထင်မှား ပုံရိပ်များ ဖြစ်ရမည်။
သို့သော် ထိုထင်ယောင်ထင်မှား ပုံရိပ်များက အစစ်မှန်ဆန်လွန်းပါသည်။ အသေးစိတ်ကို မသိဘဲ ပြင်ဆင်မထားပါက အစစ်အမှန်လား အတုလား မပြောနိုင်ပေ။
ဟုန်ယွိသည် နားလည်ပြီး မျက်လုံးများကို ဖွင့်ကြည့်ချင်မိသည်။ သို့သော် ရုတ်တရက် သူ့ခြေလက်တွေကို မထိန်းချုပ်နိုင်သလို သူ့မျက်လုံးတွေကိုလည်း လုံးဝ မဖွင့်နိုင်တော့ပါ ဘူး။
ထိုဖြစ်ရပ်က အိပ်မက်ဆိုးတစ်ခုကြောင့် ထိတ်လန့်တကြား ဖြစ်ခဲ့ရသူတစ်ဦးနှင့် တူနေပါ သည်။ အိပ်မက်က အတုမှန်းသိသော်လည်း မနိုးထနိုင်တော့ပေ။
ဤခံစားချက်သည် အားကိုးရာမဲ့မှုနှင့် ထိတ်လန့်မှု ဖြစ်ခဲ့သည်။
"လေဟာနယ်က ကျယ်ပြန့်တယ်။ အလယ်မှာ ငါထိုင်နေတယ်။ ကမ္ဘာပေါင်း ထောင်နဲ့ချီက တခဏအတွင်း ဖြတ်သန်းသွားခဲ့တယ်။ အရာအားလုံးက လုပ်ကြံဖန်တီးထားတာ။" ဟုန်ယွိသည် ထိတ်လန့်သွားခြင်း မရှိပေ။ အမိတ္တဘသုတ္တန်ကို ကျင့်ကြံပြီး ထိုထက်ပိုပြီး အစွမ်းထက်သည့် လှည့်စားမှုပုံရိပ်တွေကို တွေ့ကြုံခံစားလိုက်သည်။ သူသည် သူ့စိတ်ထဲ မှာ အထင်သေးစွာ ပြက်ရယ်ပြုရင်း၊ အမိတ္တဘ မြတ်စွာဘုရားနှင့် တစ်သားတည်း ဖြစ်ခြင်းဟူသောနယ်ပယ်၌ ချက်ခြင်းပင် နှစ်မြုပ်သွားလေ၏။
လေဟာနယ်ထဲတွင် တောက်ပသော အလင်းရောင်တစ်ခု ရှိခဲ့သည်။
ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်က ခုန်ထွက်သွားသည်ကို ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းသည် ပေါက်ကွဲထွက်လာသော နေမင်းကဲ့သို့ ပြင်းထန်စွာ လင်းလက်လာသည်။ အခန်းထဲက သရဲတစ္ဆေတွေအားလုံး အငွေ့ပျံသွားခဲ့သည်။
သူ မျက်လုံးဖွင့်လိုက်သည်နှင့် လရောင်က တောက်ပနေ၏။ အခြေအနေက အလွန် တိတ်ဆိတ်နေသည်။ သရဲတစ္ဆေနှင့် လေတိုးသံများ မည်သည့်နေရာမှာ ရှိနေသနည်း။ ရွှေရောင်အလင်းတန်းဆိုတာလည်း မရှိပါဘူး။
အခုနက အရာအားလုံးသည် ထင်ယောင်ထင်မှား ပုံရိပ်ယောင်များနှင့် အတွေးများ၏ တိုက်ပွဲတစ်ခု ဖြစ်ပါသည်။
တစ်ချိန်တည်းမှာပင် အခန်းအပြင်ဘက်ရှိ ကျောက်တုံးကြီးမှ စူးစူးဝါးဝါး ကျယ်လောင်စွာ အော်ဟစ်သံကို ဟုန်ယွိ ကြားလိုက်ရသည်။ အသံက ဒဏ်ရာရှိသော သားရဲတစ်ကောင်ကဲ့ သို့ပင်။
အခန်း (၃၃)။
"သူမရဲ့စိတ်ဝိညာဉ် ဒဏ်ရာက တော်တော်လေး ဆိုးလောက်တယ်။”
ဟုန်ယွိသည် အော်ဟစ်သံကို ကြားလိုက်သောအခါတွင်, သူ ပထမဆုံး တွေးလိုက်မိသည်က အဖွားကျန်းသည် စိတ်ဝိညာဉ် လှည့်ဖြားခြင်း နည်းပညာရပ်ဖြင့် ထင်ယောင်ထင်မှား ဖြစ်အောင် ဖန်တီးခဲ့သည့်အကြောင်း ဖြစ်သည်။ အိပ်မက်ဆိုးသည် သူ၏စိတ်ဝိညာဉ်ကို နာကျင်စေသော အခါတွင်, သူသည် ၎င်းအား ဖိနှိပ်ရန် အမိတ္တဘဗုဒ္ဓပုံတော်ကို အသုံးပြုခဲ့ သည်။ ထို့ကြောင့် သူမသည် ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့သည်။ မဟုတ်ပါက, သူမသည် ထိုကဲ့သို့ ထိန်းချုပ်မှု ဆုံးရှုံးပြီး ဤကဲ့သို့ ကျယ်လောင်စွာ အော်ဟစ်ခြင်းမျိုး မပြုလုပ်နိုင် ပေ။
စိတ်ဝိညာဉ် ဒဏ်ရာရခြင်းက အလွန်အန္တရာယ်များပါသည်။ ပွန်းပဲ့ဒဏ်ရာထက် ဆယ်ဆ ပိုအန္တရာယ်များသည်။ အကယ်၍, လူတစ်ယောက်သည် သတိမထားမိရင် တနေကုန် မှိန်းမောနေလိမ့်မည်။ အကယ်၍, ပြင်းထန်လွန်းပါက, သူတို့စိတ်ဝိညာဉ် ပျက်ဆီးပြီး ရူးသွားနိုင်သည်။ ထို့ထက်ပို၍ နက်ရှိုင်းပါက သူတို့၏စိတ်ဝိညာဉ် ပြန့်ကျဲသွားပြီး လုံးဝ ပျောက်ကွယ်သွားနိုင်ပါသည်။ ကုသရန် နည်းလမ်း မရှိပေ။
"ဖြောင့်မတ်တဲ့ချီက သန့်စင်သော နေမင်းကဲ့သို့ အားကောင်းတယ်။ ဒီနတ်ဆိုးတွေနဲ့ သရဲတစ္ဆေတွေက ၎င်းအနီးသို့ကပ်ပြီး စိတ်ရှုပ်ထွေးအောင် ဘယ်လိုလုပ်လုပ်နိုင်မှာလဲ။ ဒါပေမယ့် ဒီစုန်းမအိုကြီးရဲ့ စိတ်ဝိဉာဉ်က အလွန်နက်ရှိုင်းတယ်။ အတိတ်တုန်းကသာဆို ငါ သူမနဲ့တွေ့ရင် အလွယ်တကူ ဒဏ်ရာရသွားလိမ့်မယ်”။
ဟုန်ယွိသည် နတ်ဆိုးများ မြေကြီးကို တူးဖော်ထွက်လာသကဲ့သို့ ဖြစ်ခဲ့သော မြေပြင်ကို ကြည့်ရင်း ပုံရိပ်ယောင်ထဲရှိ အေးစိမ့်သောလေနှင့် မြေပြင်ပေါ်ရှိ အရိပ်များကို တွေးလိုက်မိ တိုင်း သူ့ဆံပင်တွေက အဆုံးထိ ထောင်မတ်သွားပါသည်။
သာမာန်လူတွေဆို သူတို့၏ အသိဉာဏ်ကင်းလွတ်ပြီး ကြောက်လန့်နေမည်မှာ သေချာပါသည်။
စိတ်ဝိညာဉ်လှည့်ဖျားခြင်းပညာရပ်သည်လည်း စိတ်ကူးပုံဖော်ခြင်း နည်းလမ်းတစ်မျိုး ဖြစ် ကြောင်း သူလည်း သိထားပါသည်။ ၎င်းသည် စိတ်ဝိညာဉ်ကို အခွံထဲမှထွက်ကာ၊ ရန်သူကို အဝေးမှ ထင်ယောင်ထင်မှား ပုံရိပ်မြင်ယောင်များဖြင့် ဝန်းရံထားနိုင်ရန် အသုံးပြုပြီး၊ ရန်သူကို ပုံရိပ်ယောင် အမျိုးမျိုးကြောင့် ကြောက်ရွံ့စေခြင်း၊ နာကျင်စေခြင်း၊ ပူလောင်စေ ခြင်း စသည်တို့ဖြင့် ရန်သူ၏စိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်ပါသည်။
ဤသည်မှာ ပုံစံမဲ့အတွေးတိုက်ပွဲတစ်ခု ဖြစ်သည်။ ၎င်းသည် လက်သီးနှင့်ထိုးခြင်း ခြေကန်ခြင်း တိုက်ပွဲများနှင့် မတူဘဲ ပို၍ပင် အန္တရာယ်များပါသည်။
ဥပမာအားဖြင့်၊ မြေခွေး သို့မဟုတ် သွေးဆောင်ဖျားယောင်းသူသည် လူများကို စိတ်ရှုပ်ထွေးစေပြီး၊ သူတို့၏အိပ်မက်ထဲတွင် လူများနှင့် ရင်းနှီးစေရန် မိန်းမလှများအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။ ထိုလူသည် အားနည်းပြီး သေဆုံးသွားလိမ့်မည်။
အကယ်၍, ဟုန်ယွိသည် လူတွေကို စိတ်ရှုပ်ထွေးစေချင်သည်ဆိုလျှင်, သူသည် အခွံထဲက ထွက်လာပြီး အမိတ္တဘသုတ္တန်ထဲက စိတ်ကူးပုံဖော်နည်း အမျိုးမျိုးကို ပြသနိုင်ပါသည်။ သူသည် ၎င်းတို့ကို အခြားသူများအပေါ်တွင် အသုံးပြုနိုင်ပြီး ၎င်းတို့ကို ခုခံနိုင်စွမ်းမရှိ အောင် ပြုလုပ်နိုင်ပါသည်။
သူသည် စိတ်ဝိညာဉ်လွင့်မျောပြီး အမျိုးသမီးခန်းထဲကိုတောင် ခိုးဝင်သွားနိုင်ပါသေးသည်။ သူမ အိပ်မောကျနေအချိန်မှာ သူ့စိတ်ဝိညာဉ်က သူမ၏အိပ်မက်ထဲကို ဝင်သွားပြီး သူမနှင့် အတူ တစ်ညတာ အတူနေနိုင်ပါသည်။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော်လည်း စိတ်ဝိညာဉ်၏ အပြန်အလှန် ရစ်ပတ်မူသည် တစ်နေရာတည်းတွင် ရှိနေသကဲ့သို့ ဖြစ်နေ လိမ့်မည်။ ယင်းက မတူညီသော ခံစားချက်တစ်ခု ဖြစ်ပါသည်။
သို့သော် ဤကဲ့သို့ ဆွဲမက်ဖွယ်ကောင်းပြီး အရှက်မဲ့သော အပြုအမူမျိုးသည် လူကြီး လူကောင်းတို့၏ နည်းလမ်းမဟုတ်သလို တာအိုကျင့်ကြံသူများ၏ နည်းလမ်းလည်း မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ, ဟုန်ယွိက ပြုလုပ်လိမ့်မည် မဟုတ်ပေ။
လူတွေ အိပ်ပျော်နေချိန်မှာ သူတို့၏ စိတ်ဝိညာဉ်များသည် စိတ်ရှုပ်ထွေးမှု အရှိဆုံးနှင့် အားနည်းဆုံးဖြစ်ပြီး၊ မကြာခဏဆိုသလို နတ်ဆိုးဝိညာဉ်က အလွယ်တကူ ကျူးကျော် ဝင်ရောက်ပြီး အိပ်မက်ဆိုးတွေဖြင့် နှိပ်စက်နိုင်ပါသည်။
အခုလေးတင်၊ အဖွားကျန်းသည် ည၏သေဆုံးနေချိန်ကို အခွင့်ကောင်းယူပြီး ဟုန်ယွိ အိပ်ပျော်နေပြီဟု အထင်ဖြင့် သူမသည် ပုံရိပ်ယောင်မန္တာန်ကို တိတ်တဆိတ် ချလိုက် သည်။ ဟုန်ယွိသည် သူမ၏ အကြံအစည်ကို မြင်တွေ့ပြီးပြီဟု သူမ မမျှော်လင့်ခဲ့ပေ။
သို့သော် သူသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း ဟုန်ယွိသည် အိပ်မက်ဆိုး သခင်၏ ဖိနှိပ်ခံရလုနီးပါး ဖြစ်နေသေးသည်။ ဤအချက်က အဖွားကျန်း၏ နက်ရှိုင်းသော ကျင့်ကြံမှုကိုလည်း ပြသနေသည်။
“ဒါက မြင့်မြတ်သော စိတ်ဝိညာဉ်တိုက်ပွဲကို ငါ ပထမဆုံးအကြိမ် တွေ့ကြုံဖူးတာပဲ။ ဒါက ငါ အတွေ့အကြုံကောင်းတွေ ရတယ်လို့ ပြောလို့ရတယ်။ နောက်တစ်ကြိမ် ဒီလိုအဖြစ်မျိုး ကြုံတွေ့ရတဲ့အခါ ငါ ဘယ်လို ကာကွယ်ရမလဲဆိုတာ သိသွားရုံတင်မကဘူး တန်ပြန် တိုက်ခိုက်နည်းကိုလည်း သိသွားခဲ့တယ်။ ဒီနေ့၊ အဖွားကျန်းရဲ့စိတ်ဝိညာဉ်က သူမအခွံထဲမှ ထွက်လာတဲ့အခါ၊ ငါ ချက်ချင်း တန်ပြန်တိုက်ခိုက်ပြီး မကောင်းမှုအားလုံးကို ဖယ်ရှားသင့် တယ်”။
ဟုန်ယွိသည် 'မကောင်းမှုကို ချေမှုန်းခြင်း' ဟူသော စကားကို တွေးလိုက်မိသည်နှင့် တပြိုင်နက် သူ၏စိတ်ဝိညာဉ်သည် သူ့အခွံထဲမှ ခုန်ထွက်သွားပြီး ပြတင်းပေါက်မှ လွင့်ပျံသွားခဲ့သည်။ ခြေလှမ်းအနည်းငယ်ကြာတော့ အဖွားကျန်း တရားထိုင်နေသည့် ကျောက်တုံးကြီးဆီကို သူ ရောက်ရှိသွားခဲ့သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် နေ့လမ်းလျှောက်ခြင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ကိုယ်ခန္ဓာတစ်ခုလုံးကို သိုင်းသခင်အဆင့်အထိ လေ့ကျင့်ထားသော ကျွမ်းကျင်သူ တစ်ယောက်နှင့် တူသည်။ ခြေလှမ်းတစ်လှမ်းဖြင့် သူသည် တစ်ကြိမ်လျှင် ဆယ်လှမ်းအထိ လျင်မြန်စွာ ရွေ့လျားနိုင်ပါသည်။
သို့သော် ကျောက်တုံးကြီးနောက်ကွယ်တွင် မည်သူမှ မရှိပေ။ မည်သည့် အရိပ်အယောင်ကိုမျှ မတွေ့ရပါဘူး။ အဖွားကျန်းတစ်ယောက် ပျောက်ကွယ်နေပြီ ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အိမ်ဖော်အချို့ နိုးလာပြီး စစ်ဆေးရန် မီးပုံးများ ကိုင်ဆောင်ကာ လမ်းလျှောက်လာကြသည်။
ဟုန်ယွိသည် လှည့်ပတ်ကြည့်ရှုပြီး အိမ်ရှေ့သို့ လွင့်မျောသွားသည်။ သို့သော်၊ အဖွားကျန်း သည် မည်သည့်လမ်းကြောင်းမှ လျှောက်သွားသည်ကို မတွေ့ခဲ့ရပေ။
"သူမ တကယ်ကို အမြန်ထွက်သွားတယ်။ တကယ်လို့, ဒီအဖွားကျန်းသာ မြင့်မြတ်သော စိတ်ဝိညာဉ် နတ်ဆိုးပညာရပ်ကို အသုံးမပြုဘဲ ငါ့ကိုသတ်ဖို့ ကိုယ်ခံပညာကို တိုက်ရိုက် အသုံးပြုခဲ့မယ်ဆိုရင် ငါ ပြန်တိုက်ခိုက်နိုင်စွမ်း ရှိမှာမဟုတ်ဘူး။" တစ်ချက်ကြည့်လိုက်ရုံ ဖြင့် အဖွားကျန်း၏ ကိုယ်ခံပညာသည် အလွန်နက်နဲပြီး သူ့ထက် များစွာ အားကောင်း ကြောင်း ဟုန်ယွိ သိလိုက်သည်။
သို့သော် ဟုန်ယွိသည် စိတ်မလျှော့သေးပေ။ သူ၏မြင့်မြတ်သော စိတ်ဝိညာဉ်သည် မြို့စား စံအိမ်နံရံများ တစ်ဝိုက်တွင် ပျံဝဲပြီး တစ်ကြိမ် လှည့်ပတ်သွားခဲ့သည်။ သူသည် စိတ်နှလုံး အကြွင်းမဲ့ဖြင့် ရှာဖွေလေ၏။
“တကယ်လို့, အမုန်းအာဃာတရှိရင် ငါ လက်စားချေရမယ်။ ရန်ငြိုးရှိရင် ငါ ပြန်ပေးဆပ်ရ မယ်။ ငါက ပညာရှင်တစ်ဦး ဖြစ်တယ်။ ဖြောင့်မတ်ခြင်း၊ အမှန်တရား၊ အကျင့်စာရိတ္တ, ဒီသုံးခုလုံးက မရှိမဖြစ်ပဲ။ ဒီနေ့ မင်း ငါ့ကိုသတ်ဖို့လာခဲ့မှတော့ မင်းကို ငါ မလွှတ်မပေးနိုင် ဘူး”။
ဖြောင့်မတ်ခြင်း၊ အမှန်တရားနှင့်၊ ရန်ငြိုး။ ဤနေရာသည် ဖြောင့်မတ်ခြင်းတရားများ ကိန်းအောင်းနေသည့် နေရာဖြစ်သည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ယခုအခါ လူသုံးရပ်စာ အမြင့်အထိ မြင့်တတ်လာနိုင်ပြီ။ သူ့စိတ်ဝိညာဉ်သည ခြံဝင်းတံတိုင်း၏ထိပ်မှာ ရှိနေသည်။ သူသည် ပတ်ဝန်းကျင်ကို လှမ်းမြင်လိုက်တော့ ပို၍ ရှင်းရှင်းလင်းလင်း မြင်ရသည်။ သူသည် တစ္ဆေတစ်ကောင် ဖြစ်သောကြောင့် ညဘက်တွင် ရေထဲမှ ငါးတစ်ကောင်လို ဖြစ်နေသည်။ သူသည် နေ့ခင်း ဘက်ထက် ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
နေ့ခင်းဘက် နေရောင်ခြည်သည် သရဲတစ္ဆေများ၏ အဆိုးဆုံးရန်သူ ဖြစ်သည်။ နေ့ခင်း ကြောင်တောင်ထွက်လာသည့် နိမ့်ကျသော ကျင့်ကြံမူအခြေခံရှိသူ တစ္ဆေများသည် ဘာကို မှ မမြင်နိုင်တော့ပါဘူး။ သူတို့သည် ကမ္ဘာကြီးတစ်ခုလုံး မျက်စိကန်းလောက်သည့် အဖြူရောင်များဖြင့် ပြည့်နှက်နေသည်ကိုသာ မြင်နိုင်ကြပြီး၊ ၎င်းတို့၏ တစ်ကိုယ်လုံး နာကျင်မူကို ခံစားကြရပေမည်။ ဤအကြောင်းကို တာအိုကျမ်းတွေမှာ မှတ်တမ်းတင်ထား ပါသည်။
သူသည် အစွမ်းကုန်ရှာဖွေနေစဉ်တွင် ဟုန်ယွိသည် မြို့စားစံအိမ်ဆီသို့ ဦးတည်သွားသော လမ်းကြောင်းတစ်ခုတွင် အနက်ရောင်အရိပ်တစ်ခု ပေါ်လာပြီး၊ ထောင့်တစ်နေရာတွင် မောဟိုက်နေသည်ကို အမှန်ပင် တွေ့ရှိခဲ့ရသည်။
၎င်းက အဖွားကျန်း ဖြစ်သည်။
ထိုအချိန်တွင် အဖွားကျန်း ဒဏ်ရာအပြင်းအထန် ရနေပုံရသည်။ သူမ၏ လက်များသည် ထောင့်စွန်းတွင်ရှိနေပြီး ခေါင်းကို အုပ်ထားသည်။ သူမ၏ ငွေရောင်ဆံပင်သည် ဖရိုဖရဲ ပြန့်ကျဲနေပြီး နတ်ဆိုးတစ်ကောင်လို ဖြစ်နေသည်။ သူမတစ်ကိုယ်လုံး တုန်ယင်နေသည်။
"ယာကရှာနတ်ဆိုးဘုရင်" ဟုန်ယွိသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူသည် ရုတ်တရက် စိတ်ကူးပုံရိပ်ဖော်ခြင်းသို့ ဝင်ရောက်သွားသည်။
ရုတ်တရက်ဆိုသလိုပင် ပုံရိပ်ယောင်တစ်ခု မွေးဖွားလာခဲ့သည်။ ဟုန်ယွိ၏ရှေ့တွင် မျက်နှာစိမ်းနှင့် အစွယ်ရှိသော ဧရာမနတ်ဆိုးကြီးတစ်ကောင် ပေါ်လာသည်။ ၎င်းသည် အရပ်က သုံးပေရှိပြီး၊ ဦးခေါင်းက အနီရောင်ဆံပင် အပြည့်နှင့်ပင်။ သူ့လက်ထဲတွင် ချွန်ထက်သော အနက်ရောင် စတီးခက်ရင်းကို ကိုင်ထားပြီး၊ လက်နှင့်ခြေများကို အကြေးခွံ များဖြင့် ဖုံးအုပ်ထားသည်။ ၎င်းသည် အလွန်ကြောက်စရာကောင်းပြီး လူတွေကို သူတို့၏ မှတ်ဉာဏ်ထဲကနေ ကြောက်ရွံ့စေနိုင်ပါသည်။
ဤနတ်ဆိုးကြီး ပေါ်လာသည်နှင့် တပြိုင်နက် ဟုန်ယွိဆီသို့ ချက်ချင်း ပြေးသွားပြီး သံမဏိ ခက်ရင်းကို မြှောက်ကာ ထိုးလိုက်သည်။
ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို ချက်ခြင်းပင် ပုံရိပ်ယောင်ပုံဖော်ခြင်း အခြေအနေသို့ ဝင်ရောက်ကာ လေဟာနယ်ထဲသို့ ခုန်ဆင်းသွားသည်။ သူသည် အမိတ္တဘအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ရွှေရောင်အလင်းတန်းကို ထုတ်လွှတ်၏။ ဤဘီလူးကြီးသည် ချက်ချင်းပင် တုန်လှုပ်သွားကာ ရှေ့သို့ မတိုးဝံ့တော့ပေ။
ဤသည်မှာ အမိတ္တဘကျမ်းကို သူကျင့်ကြံနေချိန်၌ ဟုန်ယွိ မြင်တွေ့ခဲ့သော ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ သုတ္တန်ကျမ်းစာအရ ဤအတွင်းစိတ်ဝိညာဉ် နတ်ဆိုးကို ယာကရှာနတ်ဆိုးဘုရင်ဟု ခေါ်သည်။
အရင်တုန်းကဆို, ဤယာကရှာနတ်ဆိုးဘုရင် ပေါ်လာတိုင်း ဟုန်ယွိသည် အမိတ္တဘဗုဒ္ဓကို မြင်ယောင်နိုင်ရန် သူ့ခွန်အားရှိသမျှကို အသုံးပြုခဲ့ရပြီး၊ ၎င်းကို ရွှေရောင်အလင်းတန်းတစ်ခုဖြင့် ချက်ချင်း ဖျောက်ဖျက်ပစ်ခဲ့ရသည်။ သို့သော်, ဒီနေ့မှာတော့ ဟုန်ယွိသည် သူ့ခွန်အားကို အနည်းငယ် ထိန်းထားခဲ့ပါသည်။ သူသည် ရွှေရောင်အလင်းအောက်တွင် ဤယာကရှာနတ်ဆိုးဘုရင်ကို ဖိနှိပ်ထားပြီး၊ ၎င်းကို မဖျက်ဆီးခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် အမိတ္တဘကျမ်းက "ယာကရှာနတ်ဆိုးဘုရင်သည် အတွင်းနတ်ဆိုး ၁၈ ပါးထဲက တစ်ပါးဖြစ်ပြီး၊ မှော်အစွမ်းရှိကာ အလွန်မင်း ကြောက်မက်ဖွယ် ကောင်း၏။ ၎င်း၏စိတ်နှလုံးကို ဖိနှိပ်ခြင်းဖြင့် အကာအကွယ် ဖြစ်စေနိုင်သည်" ဟု ဆိုထား သောကြောင့် ဖြစ်ပါသည်။
ယခုအချိန်တွင်၊ ဟုန်ယွိသည် ထိုနတ်ဆိုးကို စိတ်ကူးပုံဖော်ထားပြီး ၎င်းကို သူ့ကိုယ်ပိုင် အဖြစ် အသုံးပြုနိုင်ရန် ဖိနှိပ်နေ၏။
လူတွေကို တိုက်ခိုက်နိုင်ရန်အတွက် နတ်ဆိုးကို ပုံရိပ်ဖော်မြင်ယောင်ရာမှာ ပထမဆုံး လုပ်ရမည့်အရာက နတ်ဆိုးကို ပုံရိပ်ဖော်မြင်ယောင်ပြီး ဖိနှိပ်ထားဖို့ပင်။ သို့မှသာ, တဖက်လူ၏ စိတ်ဝိညာဉ်ကို အန္တရာယ်ပြုနိုင်ရန် အမိန့်ပေးနိုင်ပါလိမ့်မည်။
ရွှေရောင်အလင်းတန်းတွေ၏ ဖိနှိပ်မှုအောက်မှာ ထိုယာကရှာနတ်ဆိုးဘုရင်သည် လုံးဝကို ရှုံးနိမ့်သွားခဲ့သည်။ ဟုန်ယွိသည်ပင် ၎င်း၏ကြောက်လန့်မှုကို ခံစားနိုင်သည်။ ထို့ကြောင့် သူ့တွင် အကြံတစ်ခုရပြီး သူမ၏ခေါင်းကို ဖက်ထားသည့် အဖွားကျန်းကို ညွှန်ပြလိုက် သည်။
ယာကရှာနတ်ဆိုးဘုရင်သည် ချက်ချင်းပင် ဟိန်းဟောက်ပြီး ပြင်းထန်စွာ ပြေးသွားခဲ့သည်။ ၎င်းသည် ခက်ရင်းကို မြှောက်ပြီး အဖွားကျန်းကို ထိုးလိုက်ပါသည်။
တစ်ချိန်တည်းမှာပင်၊ ယာကရှာနတ်ဆိုးဘုရင်သည် အဖွားကျန်း၏ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားသလို ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ထို့နောက် ဟုန်ယွိသည် အဖွားကျန်း၏ တစ်ကိုယ်လုံးကို ဆန်ခါကဲ့သို့ တုန်ခါနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်သည် တစ်စုံတစ်ခုဖြင့် ထိုးခံရသကဲ့သို့ ပြင်းထန်စွာ တွန့်လိမ်သွားသည်။
"သူမက ပုံရိပ်ယောင်တစ်ခုထဲ ကျရောက်သွားပြီး သူ့ကိုယ်သူ ရုန်းမထွက်နိုင်တော့ဘူး”
ဘန်း၊ ဘန်း၊ ဘန်း၊ ပြင်းထန်စွာ လှုပ်ခါပြီးနောက် အဖွားကျန်း၏ ခန္ဓာကိုယ် ရပ်တန့်သွား သည်။ သူမသည် အသက်အနည်းငယ်သာ ရှူတော့ပြီး မျက်လုံးများက ပြန့်ကျဲနေသည်။
ဟုန်ယွိသည် သူမ၏ဝိညာဉ် လွင့်သွားသည်ကို သိလိုက်သည်။
"ဤကမ္ဘာပေါ်တွင် နတ်ဆိုးများ မရှိပါ။ ၎င်းတို့အားလုံးသည် လူ့နှလုံးသားမှ ဖန်တီးထား သော စိတ်ကူးယဉ်ပုံရိပ်များ ဖြစ်သည်။ ကံမကောင်းစွာဖြင့်၊ လူအနည်းငယ်သာ ၎င်းတို့ကို မြင်နိုင်သည်" အဖွားကျန်း၏ စိတ်ဝိညာဉ် လွင့်ပျံသွားသည်ကို မြင်လိုက်ရတော့ ဟုန်ယွိ သည် သူ့နှလုံးသားထဲတွင် အမှန်တရားကို နားလည်လာသည်။
အခန်း (၃၄)။
"ခုနက ဘာတွေအော်နေတာလဲ။ ဆူညံလွန်းလို့ အိပ်မပျော်ဘူးလား”။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်သို့ ပြန်ရောက်လာပြီးနောက်တွင် သူသည် နိုးလာဟန်ဆောင်ကာ အိပ်ယာပေါ်မှာ တမင်တကာ လှည့်ပတ်ရင်း ကြောင်တက်တက် အော်လိုက်သည်။
"သခင်လေးယွိ၊ မင်း အိပ်မက်ဆိုး မက်နေတာလား။ အပြင်မှာ ဘာအော်သံမှ မရှိဘူး။”
"အော်သံ မကြားရဘူး။"
အစေခံမလေးနှစ်ယောက်က အပြင်ကနေ ပြန်ဖြေသည်။ ဟုန်ယွိသည် ရယ်မောကာ ကုတင်ပေါ်တွင် လှဲလျောင်းနေကာ ခံစားချက် လှိုင်းလုံးများကို ခံစားကာ အိပ်မပျော်နိုင် ပေ။
"ငါ ဒီနေ့ လူတစ်ယောက်ကို တကယ် သတ်ခဲ့တာလား။ သွေးမထွက်ပေမယ့် အဖွားကျန်းရဲ့ စိတ်ဝိညာဉ်က လွင့်ပျယ်သွားခဲ့ပြီး၊ သူမ အသက်မရှင်နိုင်တော့မှာ ထင်ရှားတယ်။ သူမ အသက်ရှင်ခဲ့ရင်တောင် ဦးနှောက်မဲ့ လူတုံးလူအတစ်ယောက် ဖြစ်လာလိမ့်မယ်။ အခု ဘာ လုပ်ရမလဲ။ ဒီစုန်းမ အဖွားကျန်းက မဒမ်ကျောက်ရဲ့ လူဖြစ်တယ်။ အခု သူမ တစ်ခုခု ဖြစ်သွားပြီဆိုတော့ သူမက အလွယ်တကူ လွှတ်ထားမှာ မဟုတ်ဘူး။ ဒီအိမ်ကြီးမှာ ငါ မနေနိုင်တော့ဘူး။”
သူအိပ်ပြီးသည်နှင့်, ဟုန်ယွိသည် ဒီနေ့ကိစ္စက အသေးအမွှားကိစ္စမဟုတ်ဟု ခံစားလိုက်ရ ပါသည်။
ယနေ့တွင် သူသည် ဟုန်ဂီနှင့် ရုန်ဖန်းတို့ကို မြင်းစီးကာ ရက်စက်စွာ ရိုက်နှက်ခဲ့ပြီး ထိုဘေးဆိုးကြီးကို တားဆီးနိုင်ရန် ကျန်းနန်မင်းသမီးကို အသုံးပြုခဲ့သည်။ ဤသည်မှာ ဟိုးရှေးရှေးကတည်းက စီစဉ်ခဲ့သည့်အရာဖြစ်ပြီး သူသည် ဗရုတ်သုတ်ခလုပ်ကာ အိမ်တွင်း ၌ သူ၏အာဏာကို ထူထောင်နိုင်ခဲ့ပြီး တစ်ချိန်တည်းမှာပင် မဒမ်ကျောက်ကိုလည်း ဒေါသထွက်စေခဲ့သည်။
ဤကိစ္စသည်လည်း အသေးအမွှားကိစ္စတစ် ခုဖြစ်ပြီး ဘာမှဖြစ်မလာဟု ထင်ရသော်လည်း စုပြုံနေသည့် နာကြည်းမှုတွေက ပိုနက်ရှိုင်းလာမည်မှာ သေချာပါသည်။ သို့သော်လည်း နာကြည်းစရာတွေ ရှိခဲ့လျှင်ပင်, ဤအရာက အနာဂတ်ကိစ္စဖြစ်ပြီး အခုလောလောဆယ် ပူပန်လို့ မရပါဘူး။
“ခုနက ငါ အဖွားကျန်းနောက်ကို လိုက်မသွားတော့ဘူး။ မင်းက ငါ့အပေါ် မှော်ပညာတွေ သုံးခဲ့ပေမယ့် ငါ့ရဲ့ဝိညာဉ်က ဒဏ်ရာရသွားတယ်။ သူပြန်လာရင် မဒမ်ကျောက်ကို သေချာ ပြောပြမယ်၊ ငါ တာအိုနည်းပညာကို လေ့ကျင့်ထားတဲ့အချက်ကို ဖော်ထုတ်လိမ့်မယ်။ ဒီကိစ္စကို ဖော်ထုတ်ရင် အသေးအမွှားကိစ္စတော့ မဟုတ်ပါဘူး။ အဆိုးနှစ်ခုကြားက လိုက်ရှာလိုက်တာက ပိုကောင်းပါတယ်။ ဒါပေမယ့် ဒီနည်းက အနာဂတ်မှာ ပိုအန္တရာယ်များလာမှာကို ငါကြောက်တယ်။”
“တန်ပြန်အကဲဖြတ်ဖို့ စဉ်းစားရမယ်။"
အခုအချိန်မှာတော့ ဟုန်ယွိက စိတ်ပူနေတာ သုံးခုပဲ ရှိတော့တယ်။
ပထမအချက်မှာ ဟုန်ရွှန်ကျိသည် ကိုယ်ခံပညာမလေ့ကျင့်ရန် တားမြစ်ခဲ့သော်လည်း ၎င်းကို လျှို့ဝှက်စွာ လေ့ကျင့်ခဲ့သည်။
ဒုတိယအချက်မှာ သူသည် ကိုယ်ခံပညာကို တိတ်တဆိတ် လေ့ကျင့်ရုံသာမက ဟုန်ရွှန်ကျိ၏ လေ့လာမှုကို စူးစမ်းရန်အတွက် ကျန်းနန်မင်းသမီး၏ ဩဇာကို ငှားရမ်းခဲ့သည်။
တတိယအချက်ကတော့ အဖွားကျန်း၏ စိတ်ဝိညာဉ်ကို အခုချက်ချင်း ဖျက်ဆီးပစ်ဖို့ပါပဲ။ လူသေတွေက သက်သေမပြနိုင်ဘဲ တစ်ဖက်လူက သူ့ကို ညဘက်မှာ တိတ်တဆိတ် ကြံစည်နေပေမယ့် အမှောင်ထဲမှာ ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်သေးပါဘူး။
ဟုန်ယွိသည် ဤအချက်သုံးချက်ကို သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါ တွေးနေသော်လည်း ၎င်းတို့ကို ဖြေရှင်းရန် ပြီးပြည့်စုံသော အစီအစဉ် မရှိပေ။ သို့သော် သူ လုပ်ကိုလုပ်ရပါမည်။ မလုပ်ရင် အခြေအနေ ပိုဆိုးသွားလိမ့်မည်။
"ရက်အနည်းငယ်ကြာရင် ကြင်ယာတော်ယွမ်က သူ့ဆွေမျိုးတွေဆီ အလည်ပတ်ပြန်လာ ပြီး စံအိမ်ကို လာလည်လိမ့်မယ်။ မယ်မယ်က ငါကို ပြောပြထားတဲ့အတွက် လောလော ဆယ်မှာတော့ အဖေက ငါ့ကို ဘာမှ မလုပ်ဝံ့မှာကို ကြောက်တယ်။ အခြေအနေတွေ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။" ဟုန်ယွိသည် ကြင်ယာတော်ယွမ်ကို တွေးနေပြန် သည်။ "ဒီအရာတွေက ရှုပ်ထွေးလွန်းတယ်။ အဲဒါတွေကို တွေးနေတာက ငါ့ရဲ့ စိတ်ဓာတ်ကို ဖြုန်းတီးနေတာပဲ။ ဘာပဲဖြစ်ဖြစ် ငါ အစွမ်းကုန် ကြိုးစားပြီးပြီ၊ ငါလည်း လမ်းကြောင်းမှန် ပေါ်ရောက်အောင် လုပ်နိုင်မှာပါ"။
ဟုန်ယွိသည် ဤအချက်သုံးချက်ကို တကယ်ကို မတွေးတော့ဘဲ ရပ်ပစ်လိုက်သည်။ ယင်းအစား သူသည် မျက်လုံးများကိုမှိတ်ထားပြီး အဖွားကျန်းနှင့် တိုက်ပွဲ၏ မြင်ကွင်းကို အာရုံစိုက်နေခဲ့သည်။
"စိတ်ဝိညာဉ်ကို ကျင့်ကြံရာမှာ ယင်စိတ်ဝိညာဉ်သည် အရာဝတ္ထုကို မောင်းနှင်ခြင်းကို မကျွမ်းကျင်သေးသရွေ့ စိတ်ဝိညာဉ်နည်းလမ်းတွေက သေးငယ်တဲ့ လှည့်ကွက်တစ်ခုပဲလို့ ငါ ထင်ခဲ့တယ်။ ဒါပေမယ့် အရမ်းစိတ်လှုပ်ရှားဖို့တော့ မမျှော်လင့်ထားပါဘူး။ ခြေရာမချန် ဘဲ သတ်လိုက်သလိုပါပဲ။ အနာဂတ်မှာ သတိထားရမယ်။"
ယနေ့တွင် ဟုန်ယွိသည် စိတ်ဝိညာဉ် လှည့်စားခြင်းနည်းပညာကို ပထမဆုံးအကြိမ် အသုံးပြုခဲ့သည်။ ရလာဒ်ကို ချက်ခြင်းဆုံးဖြတ်ပြီး သေချာစဉ်းစားသော်လည်း ဤအရာက တကယ့်ကို အန္တရာယ်ကြီးမားပါသည်။ သို့သော် ၎င်းကို တွေ့ကြုံပြီးနောက်တွင် သူသည် တစ်ခုခုကို သင်ယူခဲ့သည်။
"စိတ်ဝိညာဉ် လှည့်စားခြင်းပညာရပ်က လူတစ်ယောက်ရဲ အတွင်းစိတ်ဝိညာဉ်ကို ဦးစွာ နှိုးဆွပေးပြီး လှည့်စားခြင်းများကို နှိုးဆွပေးကာ ၎င်းတို့ကို နှိုးဆွပေးသော်လည်း မပျက်စီးစေပါ။ နှလုံးသားကို နှိမ့်ချပြီးနောက် အခြားသူများအပေါ်တွင် အသုံးပြုသည်။ အခြား သူများကို မခုခံနိုင်ပါက ၎င်းတို့သည် ၎င်းကိုချက်ချင်း နှစ်မြုပ်သွားမည်ဖြစ်ပြီး ၎င်းတို့၏စိတ်ဝိညာဉ်သည် ပြင်းထန်စွာ ဒဏ်ရာရသွား မည်ဖြစ်သည်။ သေချာပါတယ်၊ အခြားသူတွေဟာ နတ်ဆိုးရဲ့ထင်ယောင်ထင်မှားကို တစ်ကြိမ်တည်းနဲ့ ဖျက်ဆီးပစ်ဖို့ လုံလောက်တဲ့ အစွမ်းထက်တယ်ဆိုရင် တန်ပြန်တိုက်ခိုက်မှုကြောင့် သူတို့လည်း ဒဏ်ရာရသွားပါလိမ့်မယ်။
ဟုန်ယွိသည် စိတ်ဝိညာဉ် လှည့်စားခြင်းပညာရပ်၏ နိယာမကို ရှင်းရှင်းလင်းလင်း နားလည်ခဲ့သည်။ အသွားနှစ်ဖက်ပါဓား၊ ပထမဦးစွာ ကိုယ့်ကိုကိုယ် ဒဏ်ရာရစေပြီးနောက် အခြားသူများကို ဒဏ်ရာရစေခဲ့သည်။ ထင်ယောင်ထင်မှား ဖန်တီးပြီးသည်နှင့် ၎င်းကို မျိုသိပ်ထား၍ မရနိုင်ဘဲ၊
အောင်မြင်စွာ နှိမ်နင်းပြီး တစ်ပါးသူအား အသုံးချလျှင်ပင် တစ်ပါးသူ ဖျက်ဆီးခံရသောအခါ စိတ်ဓာတ် ဒဏ်ရာရသွားမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် အတွင်းနတ်ဆိုးသည် ဝိညာဉ်နှင့် နီးကပ်စွာ ဆက်စပ်နေသော ကြောင့်၊ အခြားသူများ ဖျက်ဆီးခံရပါက စိတ်ဝိညာဉ်သည် သဘာဝအလျောက် ဒဏ်ရာရသွားမည် ဖြစ်သည်။
အဖွားကျန်းက ဒီလိုပါပဲ။ သူမသည် သူ့ကို ပထမဆုံး စိတ်ရှုပ်စေပြီးနောက် ပျက်စီးသွားကာ ဒဏ်ရာ ပြင်းထန်စွာ ခံစားခဲ့ရသည်။
"ကိုယ်ခံပညာ လေ့ကျင့်မှုက တစ်ရက်တည်းနဲ့ လုပ်လို့ရမယ့်အရာ မဟုတ်ပါဘူး။ အခုချိန်မှာတော့ ငါ့ကြွက်သားတွေကို အပြည့်အဝ လေ့ကျင့်ပြီး သိုင်းပညာနယ်ပယ်ကို ရောက်နေပြီလို့ ခံစားရတယ်။ ဒါပေမယ့် တကယ့် တိုက်ပွဲတွေ ကင်းမဲ့နေတော့ တကယ့် ကိုယ်ခံပညာ ကောင်းကောင်း မတတ်မှာကို ကြောက်နေတယ်။ စိတ်ဝိညာဉ်သည် နေ့စဉ် ခရီးသွားနိုင်သော်လည်း ထိုနေ့တွင် စာသင်ခန်းထဲတွင် ကောင်းကင်သည် မှောင်နေပြီး ညနှင့်မတူ။ ပူပြင်းတဲ့နေရောင်အောက်မှာ တကယ်လမ်းလျှောက်နိုင်ရင် တစ်နေ့ပြီး တစ်နေ့ တကယ် ခရီးထွက်နိုင်မှာပါ။”
နေ့လမ်းလျှောက်ခြင်းနယ်ပယ်ကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်ခဲ့ရပါသည်။ ပထမဦးစွာ သူသည် နေရောင်ခြည်မပါဘဲ တိမ်ထူသောနေ့တွင် လှည့်လည်ကာ၊ နံနက်နှင့် ညနေခင်းများတွင် နေရောင်အောက်တွင် တဖြည်းဖြည်း လှည့်လည်သွားခဲ့သည်။ နောက်ဆုံးတွင် သူသည် တောက်လောင်သော နေရောင်အောက်တွင် လှည့်လည် သွားလာ နိုင်မည် ဖြစ်သည်။ ထို့နောက်တွင်၊ သူသည် ယဉ်ဝိညာဉ်ဖြစ်လာနိုင်ပြီး အရာများကို ထိန်းချုပ်နိုင်စွမ်း ရှိသည်။
"ကျင့်ကြံခြင်းကိုလည်း အဆင့်ဆင့် လုပ်ဆောင်ရပါမယ်။ အမိတ္တဘသုတ္တန်ရဲ့ နောက်ကျော မှာ နတ်ဆိုးတွေကို ဆင့်ခေါ်ပြီး စိတ်ဝိညာဉ်အတတ်ပညာတွေ ပါရှိပါတယ်။ လူတွေကို ဒုက္ခပေးဖို့ အသုံးမပြုပေမယ့် လူတွေကို ဒုက္ခပေးမယ့် နတ်ဆိုးတစ္ဆေနဲ့ ကြုံဆုံရမယ်ဆိုရင် အဲဒါကို သင်ယူရပါဦးမယ်။"
ဟုန်ယွိသည် ထိုအကြောင်းကို တွေးတောရင်း အမိတ္တဘသုတ္တန်ကို တိတ်တဆိတ် ထုတ်ကာ ကုတင်ပေါ်တင်လိုက်သည်။ ဤအချိန်သည် အမိတ္တဘသုတ္တန်၏ နောက်ကျော ဖြစ်သည်။
အမိတ္တဘသုတ္တန်ရဲ့ နောက်ကျောမှာ လက်ဖဝါးအရွယ် သေးငယ်တဲ့ ရုပ်ပုံတွေ အများကြီး ပါပါတယ်။ ၎င်းတို့အားလုံးသည် သက်ရှိထင်ရှားရှိသော လူများနှင့် ပတ်ဝန်းကျင်များ ဖြစ်သည်။ သုတ္တန်၏ ရှေ့မျက်နှာစာ၌ အချိုးကျပြီး သုတ္တန်ပုံများကို ဖြည့်ပေးသည်။
ဥပမာအားဖြင့် သုတ္တန်၌ ကြယ်တို့၏အလင်းသည် ခေါင်းထိပ်မှ သုံးလက်မသို့ ဝင်လျှင် အသုရာငရဲ ပေါ်လာလိမ့်မည်။
ထိုသုတ္တန်၏ နောက်ကျောတွင် အသုရာငရဲ၏ အသေးစိတ်ပုံရှိသည်။ ထိုအရာက ကြောက်စရာ ကောင်းလွန်းပါသည်။ လူတွေက အဲဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်စေပါ သည်။
သုတ္တန်၌ ကြယ်များ၏ အလင်းသည် မျက်ခုံးထဲသို့ နက်နက်နဲနဲ ဝင်သွားလျှင် ကျောက်စိမ်း မိန်းကလေး ပေါ်လာလိမ့်မည်။
သုတ္တန်၏နောက်ဘက်တွင် သွေးဆူအောင်ပြုလုပ်သော ကျောက်စိမ်းမိန်းကလေးရုပ်ပုံရှိ သည်။
“စိတ်ဝိညာဉ်ကို တိုက်ခိုက်သော နတ်ဆိုးနတ်ဆိုးကြီးငါးပါး။ ပထမတစ်မျိုးမှာ ယာကရှာ နတ်ဆိုးဘုရင်၊ ဒုတိယမှာ ရှာချာဆာနတ်ဆိုးဘုရင် ဖြစ်ပြီး တတိယမှာ အသုရာဂိုဂျိုစွန် စတုတ္ထမှာ ကင်းကောင်၊ ပဉ္စမမှာ မင်စီလာဘုရင် ဖြစ်သည်။ လူတစ်ဦး၏ ကျင့်ကြံမှုက နက်ရှိုင်းခြင်းမရှိပါက ထိုအတွင်းနတ်ဆိုးများကို ဖိနှိပ်ရန် မလုံလောက်ပါ။ ဤငါးပါးကို မမြင်နိုင်ပေ၊ မဟုတ်ပါက တစ်စုံတစ်ယောက်သည် ဒေါသတကြီး တိုက်ခိုက်မူကို ခံရလိမ့်မည်။”
အမိတ္တဘသုတ္တန်၏ နောက်ကျောတွင် ရုပ်ပုံငါးပုံကို ဟုန်ယွိက မြင်သည်။ ပထမပုံမှာ သံမဏိခက်ရင်းကိုကိုင်ပြီး မြင်ယောင်မိသည့် ယာကရှာ နတ်ဆိုးဘုရင်၏ ကြောက်မက် ဖွယ် ကောင်းသောပုံ ဖြစ်သည်။
ဒုတိယပုံမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ချောင်းပါသော နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့မှာ သွေးနီရောင်မျက်လုံးတွေ၊ အစွယ်တွေနဲ့ ဆံပင်ဖြူတွေ ရှိတယ်။ ၎င်း၏ကျားမ။ သွေးနီရဲနေသော မျက်လုံးများက သူ့ကို စိုက်ကြည့်ရင်း နှလုံးသားကို အေးခဲသွား စေသည်။
ဟုန်ယွိ ကြည့်လိုက်သည်နှင့် သူ့ရှေ့က မြင်ကွင်းက ရုတ်တရက် ရွေ့သွားသလို ခံစားလိုက် ရသည်။ နတ်ဆိုးသည် ရုတ်တရက် ပုံထဲမှ ခုန်ထွက်လာပုံရသည်။ သူ့နှာခေါင်းက သွေးရနံ့ တွေ သင်းပျံ့နေ၏။ သူ့ပတ်ဝန်းကျင်မှာလည်း သွေးအိုင်ထဲတွင် ရှိနေသလိုပင် သွေးများ ရွှဲနေသည်။
"မကောင်းတော့ဘူး။" ဟုန်ယွိ၏ နှလုံးသားသည် တုန်လှုပ်သွားသည်။ အမိတ္တဘ မြတ်စွာဘုရားကို ချက်ခြင်း မြင်ယောင်ပြီး အတွေးတွေကို လွင့်ပစ်လိုက်ရသည်။ သူ့ရှေ့က ထင်ယောင်ထင်မှားပုံရိပ်လည်း ပျောက်သွားခဲ့သည်။
သူသည် အသက်နှင့်တူသောရုပ်ပုံသဏ္ဍာန်ဖြင့် ဝင်ရောက်လာသည်ကို သူသိပြီး စိတ်ကူး ပုံဖော်မှုအခြေအနေသို့ မသိလိုက်ဘဲ လှည့်စားမှုတစ်ခု ထုတ်ပေးခဲ့သည်။
"ဘယ်လို ယာကရှာဘုရင်၊ ငါ့ရဲ့ အာရုံစူးစိုက်မှု အားကောင်းပုံမပေါ်သလို၊ ငါ့ရဲ့ စိတ်ဝိညာဉ်က ခိုင်လုံမှုလည်း မရှိပါဘူး။ ယာကရှာဘုရင် ထွက်လာပြီး တိုက်ခိုက်ဖို့ ငါ မမြင်နိုင်သေးပါဘူး။ မဟုတ်ရင် ငါမနှိမ်နင်းနိုင်ရင် ငါ့စိတ်တွေ လွင့်သွားလိမ့်မယ်။
ဟုန်ယွိ အံ့ဩသွားသည်။ သူသည် အသုရာဂိုဂျိုစွန်, ကင်းကောင်နှင့် မင်စီလာဘုရင်တို့ကို မကြည့်ခဲ့ပေ။ မဟာနတ်ဆိုးနတ်ဘုရားသုံးပါးသည် သူ၏လက်ရှိနတ်ဆိုးဝိညာဉ်ကို မြင်ယောင်နိုင်သောအရာ မဟုတ်ပေ။
"ယာကရှာဘုရင်"
ဟုန်ယွိသည် သိမ်မွေ့နက်ရှိုင်းသော အိပ်မက်ဆိုးကို ဖိနှိပ်ခြင်းနည်းပညာကို နားလည်ပြီး နောက်တွင် သူ အတွေးတစ်ခုဝင်လာခဲ့သည်။ မျက်နှာစိမ်း၊ အစွယ်၊ သုံးပေအရပ်ရှည်သော ယာကရှာသည် သံမဏိခက်ရင်းကို ကိုင်ဆောင်ထားသည်ကို မြင်ယောင်ပြီး ချက်ချင်းပင် ရှုံးနိမ့်သွားသည်။
ဟုန်ယွိသည် အကြိမ်ကြိမ် မြင်ယောင်လာကာ ဖိနှိပ်ပြီး အမိန့်ပေးသည်။ အကြိမ်ပေါင်း မည်မျှသိပြီးနောက်၊ သူသည် ယာကရှာနတ်ဆိုးဘုရင်ကို ကျွမ်းကျင်လာခဲ့သည်။ မြင်ယောင်ပြီးသည်နှင့် သူ ချက်ချင်းထွက်ပြီး သူလိုချင်သည့်နေရာကို တိုက်ခိုက်ခိုင်းနိုင် သည်။
ဟုန်ယွိသည် အမိတ္တဘသုတ္တန်ကို ထုပ်ပိုးပြီး မျက်စိမှိတ်ကာ အနားယူလိုက်လေသည်။ သူသည် မိုးလင်းသည်အထိ အိပ်တယ်။
အရုဏ်တက်ချိန်တွင် ဟုန်ယွိသည် အိမ်ကြီးတဝိုက်တွင် ပေါ့ပေါ့ပါးပါး လမ်းလျှောက်ရင်း ဆွေးနွေးသံများစွာကို ကြားလိုက်ရသည်။ "ပထမဆုံး မဒမ်ရဲ့ ကိုယ်ရေးကိုယ်တာ မိခင် အဖွားကျန်းက မနေ့ညက ရုတ်တရက် လေဖြတ်သွားခဲ့တယ်။ အခု သူမဟာ ဦးနှောက်မဲ့ လူးတုံးလူမိုက်တစ်ယောက် ဖြစ်သွားပါပြီ။"