← Chapters

အခန်း (၃၈-၄၀)

Vol. 3 Ch. 38-40

အခန်း (၃၈-၄၀)

Vol. 3 Ch. 38-40

အခန်း (၃၈)။

"ပန်းကြဲပြည့်တန်ဆာရုံ၊ ကျန်းနန်မင်းသမီးရဲ့ ဖိတ်ကြားချက်လား။ ကျောက်စိမ်း မြို့တော်ရဲ့ အရည်အချင်းအရှိဆုံး အမျိုးသမီး ဆုမူက ရူပဗေဒနဲ့ ကဗျာအကြောင်း ဆွေးနွေးဖို့ အစည်းအဝေးလုပ်မှာလား”။

ဤဖိတ်ကြားချက်ကို ဟုန်ယွိ ကြားသောအခါ သူသည် မျက်မှောင်ကြုတ်သွားပြီး၊ သူ့ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ဤခံစားချက်သည် “ကျောက်စိမ်းမြို့တော်၏ အရည်အချင်းအရှိဆုံး အမျိုးသမီး"ဟူသော ဘွဲ့ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

"ငါ့အမေဟာ လွန်ခဲ့တဲ့ ၁၈ နှစ်က ကျောက်စိမ်းမြို့တော်ရဲ့ အရည်အချင်းအရှိဆုံး အမျိုးသမီးတစ်ဦးပဲ။ ဒါပေမယ့် အဲဒါက ဘာအသုံးကျလို့လဲ။ သူမက နှိမ့်ကျတဲ့ လူတစ်ယောက် ဖြစ်ခဲ့တာပဲ မဟုတ်ဘူးလား။ လက်ထပ်ပြီးရင် သူမက သာမန်လူထက် တောင် ပိုဆိုးရွားလိမ့်မယ်။”

ထိုဖိတ်ကြားချက်ကို ကြားတော့ သူ့ရင်ထဲမှာ မဆုံးနိုင်သည့် လွမ်းဆွေးမှုတွေ ပြည့်နှက်လာပါသည်။ တကယ်ဆို, သူ့နှလုံးသားထဲမှာ နားမလည်နိုင်သည့် အမျက်ဒေါသတွေတောင် ရှိနေခဲ့ပါသည်။

ထိုဒေါသက မည်သည့်နေရာက ရောက်လာမှန်း ဟုန်ယွိ မသိပါဘူး။ သူ့အမေ၏ အခြေအနေ မမျှတမှုကြောင့် ဖြစ်နိုင်ပါသည်။

"ငါ တက်သင့်လား မတက်သင့်ဘူးလား။ တကယ်လို့, ငါ ဒီလိုနေရာတွေ သွားနေတာ အဖေ သိသွားရင်, ဒါက ကြောက်စရာကိစ္စကြီး ဖြစ်သွားလိမ့်မယ်။ ဒါပေမယ့် ငါ လော်ယွန်ရဲ့ ကျေးဇူးကို ပြန်ပေးဆပ်ရမယ်။ ဒီလိုအကြောင်းပြချက်နဲ့ သူမရဲ့တွေ့ဆုံမှုကို ငြင်းပယ်ဖို့က မသင့်လျော်ပုံပဲ။ ဘာပဲဖြစ်ဖြစ်၊ ကျောက်စိမ်းမြို့တော်ရဲ့ အရည်အချင်းအရှိဆုံး အမျိုးသမီး ကို ငါ သွားကြည့်တာက ကြီးကြီးမားမားတော့ မဖြစ်လောက်ပါဘူး။"

မြို့စားဝူဝမ်စံအိမ်၏ မိသားစုစည်းကမ်းတွေက တင်းကျပ်ပါသည်။ မိသားစု၏ သားသမီး များကို ထိုသို့သော အပျော်အပါးနေရာများသို့ မဝင်ရောက်ရန် တားမြစ်ထားသည်။

ဤအရာက တားမြစ်နိုင်သည့်ကိစ္စ မဟုတ်သော်လည်း, အကယ်၍, ဟုန်ရွှန်ကျိသာ သိရှိသွားပါက, သူသည် ကောင်းကောင်း ရိုက်နှက်ခံရပြီး၊ ချမ်းသာပေးခံရမည် မဟုတ်ပေ။

သို့သော် ဟုန်ယွိသည် ဤစည်းကမ်းများကို မလိုက်နာနိုင်သောကြောင့် သူ့နှလုံးသားကို မာကြောစေရုံသာ ရှိပါတော့သည်။

တကယ်တော့ သူသည် ထိုပါရမီရှင်အမျိုးသမီးကို တွေ့ချင်သောကြောင့် ပန်းကြဲ ပြည့်တန်ဆာရုံသို့ သွားမည်မဟုတ်ကြောင်း သူသိသည်။ ပိုအရေးကြီးသည်မှာ သူ့အမေနှင့် ပတ်သက်ပြီး သတိရသွား၍ ဖြစ်ပါသည်။

“ပြန်သွားပြီး မင်းသမီးကို သတင်းပို့လိုက်ပါ။ ငါ ချက်ချင်း လာခဲ့မယ်လို့။"

ဟုန်ယွိက၊ ဖိတ်ကြားလွှာကို လက်ခံပြီး၊ သူ့ဝတ်စုံလက်မောင်းထဲမှာ သိမ်းထားလိုက်ပါ သည်။ သူ ထရပ်ပြီး သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ပြင်ဆင်လိုက်သည်။ သူသည် မကြာသေးခင်က ချုပ်ထားသော ပိုးသားအဝတ်ထည်ကို ဝတ်ဆင်ကာ၊ ပါးလွှာသော အောက်ခံဖိနပ်အသစ်တစ်ရံကို ပြောင်းစီးပြီး၊ သူအပြင်မထွက်မီ သူ့အဝတ်အစားတွေကို သေသေသပ်သပ် ဆွဲဆန့်လိုက်ပါသည်။

အခု သူ့မှာ ပိုက်ဆံရှိသော်လည်း သူ့ဝတ်စားဆင်ယင်မှုက ခမ်းနားထည်ဝါပြီး၊ ပြောင်ပြောင် လက်လက် မဟုတ်ပါဘူး။ သူသည် ပညာတတ် အရာရှိတစ်ဦး၏ စံပြုသားတစ်ယောက် ဖြစ်သည်။

ဤဝတ်စုံသည် သူဂျူရန်တစ်ဦး ဖြစ်လာချိန်မှာ သူ့ကိုယ်သူ့အတွက် ကြိုတင်ပြင်ဆင်ထား သည့် ဝတ်စုံဖြစ်ပါသည်။ မင်းသမီးလေး၏ အစည်းအဝေးကိုတက်ရောက်ပြီး၊ သူ့အမေနှင့် ပတ်သက်၍ ပြန်သတိရမိသောကြောင့် ဝတ်စားဆင်ယင်မှုကို သိပ်ပြီး ဝတ်စားလို့မရပါဘူး။

ဟုန်ယွိက ဖိတ်စာကို ကောက်ယူပြီး ထွက်သွားသည်ကို မြင်တော့ ဟုန်ယုနှင့် ဟွန်ယုတို့ သည် အကြည့်ချင်း ဖလှယ်လိုက်ကြပါသည်။ သူတို့ထဲမှ တစ်ယောက်က ပင်မနေအိမ်ဆီ သို့ အလျင်အမြန် ထွက်သွားသည်။ မဒမ်ကျောက်ကို သတင်းပို့ရန် သိသာပါသည်။

ကျောက်စိမ်းမြို့တော်အရှေ့ဘက်တွင် ပန်းကြဲပြည့်တန်ဆာရုံ တည်ရှိသည်။ ၎င်းသည် အစစ်မှန် အဆောက်အဦတစ်ခု မဟုတ်သော်လည်း ဧကဆယ်ဂဏန်းလောက် ကျယ်ဝန်းပါ သည်။ ကျောက်စိမ်းနှင့် ထွင်းထားသော ခုံတန်းများဖြင့် တည်ဆောက်ထားသည်။ ထိုဧရိယာထဲမှာ ငါးထပ်ပါ အဆောက်အဦတစ်ခု ရှိသည်။ တံခါးရှေ့မှာ တောက်တောက် ပြောင်ပြောင် ဝတ်ထားသည့် ကျွန်တွေရှိသည်။ တံခါးနောက်တွင် ရှည်လျားပြီး နက်နဲသော ပန်းပွင့်ခန်းမကြီး တစ်ခုရှိသည်။

အဝင်ဝတွင် တောက်ပသော ရောင်စုံမြင်းရထားများ၊ အစိမ်းရောင် သန့်ရှင်းသပ်ရပ်သော ဆီဒင်ထိုင်ခုံများ၊ ပန်းရောင်နှင့် ရွှေရောင်ခြယ်ထားသော ဆီဒင်ကုလားထိုင်များ အစသည် ဖြင့် အများအပြား ရှိသည်။ အစေခံတွေ၏ လမ်းညွှန်မှုအောက်မှာ အားလုံးက ထိတ်လန့် တကြားဖြစ်သည့် အရိပ်အယောင် နည်းနည်းမျှမရှိဘဲ စနစ်တကျ လှုပ်ရှားနေကြပါသည်။

ယခုလိုအလှဆင်မှုမျိုးနှင့် ခမ်းနားမှုက သာမာန်ပြည်သူများနှင့် ချမ်းသာသည့် မိသားစုများ ကိုပင် ထိတ်လန့်သွားအောင် လုပ်နိုင်လုမတတ်ပင်။

အမှန်စင်စစ်၊ ပန်းကြဲပြည့်တန်ဆာရုံသည် အနည်းဆုံး ငွေစရာနှင့်ချီ၍ ကုန်ကျမည် ဖြစ်သည်။ ၎င်းသည် အခြေခံအားဖြင့် ငွေကြေးဖြုန်းတီးရသည့် တည်ထောင်မှုတစ်ခု ဖြစ်သည်။ ပန်းကြဲပြည့်တန်ဆာရုံကို ကျောက်စိမ်းမြို့တော်တွင် နံပါတ်တစ် ပြည့်တန်ဆာ ရုံတစ်ခုအဖြစ် မည်သူက တောင်းဆိုခဲ့သနည်း။

ဟုန်ယွိသည် ခမ်းနားထည်ဝါသော မဏ္ဍပ်တန်းနှင့် မဏ္ဍပ်ထိပ်ရှိ ပန်းရောင် တိပီများကို ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသည်။ မထင်မရှား မွှေးရနံ့ သင်းသင်းလေးပင် ရှိနေပါသည်။ သူ မဝင်ခင်မှာပင် နူးညံ့သိမ်မွေ့သည့် ကျောက်စိမ်းမွှေးရနံ့ကို သူ ရရှိနေပြီ။ အရှက်မဲ့သည့် သရုပ်ပျက်အသံများက လူတစ်ယောက်၏ အရင်းအမြစ်ကို ပုပ်သိုးသွားအောင် လုပ်ဆောင်နိုင်ပါသည်။

"ပန်းကြဲပြည့်တန်ဆာရုံက ပြည့်တန်ဆာရုံတစ်ခုဆိုသော်လည်း အားလုံးက ဖြောင့်မတ်ပြီး၊ တရားဝင်သူတွေချည်း ဖြစ်ပါသည်။ သူတို့သည် သူတို့၏ကျွမ်းကျင်မူ ပညာရပ်ကိုသာ ရောင်းစားကြပြီး၊ ခန္ဓာကိုယ်ကို ရောင်းစားသူများ မဟုတ်ကြပေ။ အထဲမှာ အမျိုးသမီးတွေ အားလုံးက အနုပညာရပ်လေးပါးကို ကျွမ်းကျင်ကြသည်။ ကဗျာနှင့် သီချင်းတွေမှာလည်း အလွန် ထူးချွန်ကြပါသည်။ ကျောက်စိမ်းမြို့တော်က မှူးမတ်တွေ၊ အရပ်ဘက်နှင့် စစ်ဘက် အရာရှိတွေ အစည်းအဝေး လုပ်သည့်အခါတိုင်း, အရာရှိများသည် ငွေကို ရေလိုသုံးဖို့ မတွန့်ဆုတ်တတ်ကြပါဘူး။ ဤနေရာသည် ခမ်းနားထည်ဝါသည့် ပြည့်တန်ဆာရုံတစ်ခု ဖြစ်ပြီး၊ ခန္ဓာကိုယ်ကို အရင်းနှီးပြုသည့် သာမန်ပြည့်တန်ဆာခန်းများနှင့် အလွန် ကွာခြား ပါသည်။”

ဤပန်းကြဲပြည့်တန်ဆာရုံ၏ စီမံခန့်ခွဲမှုသည် အပြေပြစ်ဆုံးသော ပြည့်တန်ဆာရုံတစ်ခု ဖြစ်သည်ကို ဟုန်ယွိ သိထားသည်။

သို့သော် ဤနေရာမျိုးသည် ခန္ဓာကိုယ်ကိုရောင်းစားသော ပြည့်တန်ဆာရုံများထက် များစွာ အကျိုးအမြတ်များသည်။

ကျောက်စိမ်းမြို့တော်တွင် မှူးမတ်များ၊ ပညာရှင်အရာရှိများ၊ အရပ်ဘက်နှင့် စစ်ဘက် အရာရှိအချို့သည် ရက်အနည်းငယ်ကြာတိုင်း စည်းဝေးပွဲလေး တစ်ခု ကျင်းပရန် ၎င်းတို့၏ သူငယ်ချင်းများကို ခေါ်လာကြသည်။ သူတို့သည် အရက်သောက်ပြီး ပျော်ပျော်ပါးပါး ကဗျာအကြောင်း, အဖိုးတန် ပန်းချီကားစသည်အကြောင်းကို ပြောဆိုကြသည်။

ထိုအချိန်တွင်၊ သူတို့သည် ထင်ရှားပေါ်လွင်စေရန် ရိုမန်တစ်ဆန်ဆန် အမျိုးသမီးအဖော် တစ်ဦး လိုအပ်ပါသည်။ အထူးသဖြင့် လှပပြေပြစ်သော မိန်းမမျိုး ဖြစ်သည်။ သေချာသည် မှာ, အိမ်ဖော်များ မောင်းမမိဿံများ၊ မယားငယ်များနှင့် စရိုက်ကြမ်းသော မိန်းမများက မသင့်တော်ပေ။

ဟုတ်ပါသည်။ အသင့်တော်ဆုံး ရွေးချယ်ခံတွေကလည်း ထိုဖြောင့်မတ်မှန်ကန်သည့် တရားဝင်အမျိုးသမီးများ ဖြစ်ကြပါသည်။

စည်းဝေးပွဲတိုင်းတွင် ဤဖြောင့်မတ်သော အမျိုးသမီးများကို ဖိတ်ခေါ်ရန် အအေးဆုံး အမျိုးသမီးတစ်ဦးပင်လျှင် ငွေစရာဂဏန်း လိုအပ်ပေလိမ့်မည်။ ကျောက်စိမ်းမြို့တော်မှာ နံပါတ်တစ် ပါရမီရှင်မိန်းကလေးကို မဆိုထားနှင့်, ငွေစတထောင်တန်သည့် နာမည်ကြီး အမျိုးသမီးများပင် မရှိသလောက် ရှားပါးပါသည်။

သေချာသည်မှာ, မြို့စားဝူဝမ်၏စံအိမ်ကြီးမှာ ယခုလိုတွေ့ဆုံမှုမျိုး တစ်ခါမှ မရှိခဲ့ဖူးပါဘူး။ အင်ပါယာတရားရုံ၌ အသနားခံစာ မှတ်တမ်းများစွာကို ရေးသားခဲ့သည့် ဟုန်ရွှန်ကျိသည် ပင် ဧကရာဇ်နန်းတော်က ပန်းကြဲပြည့်တန်ဆာရုံကဲ့သို့သော ပြည့်တန်ဆာရုံများကို ပိတ်ပင်ရန် အကြံပေးခဲ့ဖူးပါသည်။

သို့သော် ထိုအကြံပေးချက်စာသည် ပြင်းထန်သော ဆန့်ကျင်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ ထို့အပြင် ပန်းကြဲပြည့်တန်ဆာရုံကဲ့သို့သော ပြည့်တန်ဆာရုံများသည် တော်ဝင်တရားရုံးသို့ နှစ်စဉ် အခွန်အမြောက်အများ ပေးဆောင်ကြသည်။ သူတို့၏ ဆက်ဆံရေးက ပို၍ပင် ရှုပ်ထွေးနေနိုင် သည်။ မြို့စားဝူဝမ်စံအိမ်လို အစွမ်းထက်သည့် ပုံရိပ်ရှိသူတစ်ဦးကပင် မဖယ်ရှားနိုင်ခဲ့ပါဘူး။

ဟုန်ယွိသည် ပန်းကြဲပြည့်တန်ဆာရုံ၏ တံခါးဝသို့ ရောက်သောအခါတွင် ချက်ချင်းဆိုသလို ပင် သူ့ကို လာနှုတ်ဆက်သည့် အစေခံနှစ်ယောက်က သူ့ကို အပေါ်အောက် ငုံ့ကြည့်နေကြ သည်။

အများအားဖြင့် ပန်းကြဲပြည့်တန်ဆာရုံကို ရောက်လာသူများသည် ဆီဒင်ထိုင်ခုံများ သို့မဟုတ် ရထားများဖြင့် လာကြပါသည်။ ဟုန်ယွိလို ခြေလျင်လျှောက်လာသူ တစ်ယောက်မှ မရှိသလောက်ပင်။ (ဆီဒင်ထိုင်ခုံနှင့်ပတ်သက်၍ ရှေ့မှာ ရေးပြီးပါပြီ)။

သို့သော် ဟုန်ယွိသည် သစ်လွင်တောက်ပသော အဝတ်စားကို ဝတ်စားဆင်ယင်ထားပြီး၊ ပညာရှင်တစ်ဦး၏ စိတ်နေသဘောထားကို ပိုင်ဆိုင်ထားသည်။ အစေခံတွေအနေဖြင့် သူ့ကို နှင်ထုတ်ရန် မေးမြန်းစုံစမ်းက မကောင်းတော့ပေ။ သို့သော်၊ ဟုန်ယွိသည် ကျန်းနန် မင်းသမီးလော်ယွန်မှ ဖိတ်ကြားလွှာကို ထုတ်ပြလိုက်သောအခါတွင် သူတို့၏ မျက်နှာများ သည် ချက်ချင်း ပြောင်းလဲသွားပြီး အပြုံးများဖြင့် ဝေဆာလာပါသည်။

ဟုန်ယွိသည် အကြံပေးခအဖြစ် သူတို့နှစ်ယောက်ကို ငွေစနှစ်ခုစီ ပေးလိုက်သောအခါ၊ အစေခံနှစ်ယောက်သည် မျက်လုံးတွေစွေပြီး၊ သူတို့၏ကျောကုန်းတွေက ကွေးညွှတ်သွား ရင်း ပြုံးပြကြသည်။ ထို့နောက် သူတို့သည် ဟုန်ယွိကို အထဲကို အမြန်ခေါ်သွားကြသည်။

“ငါ ဘယ်ကိုသွားနေပါစေ, ငါ စည်းမျဉ်းစည်းကမ်းတွေကို ဂရုစိုက်ရမှာပဲ”

ဟုန်ယွိသည် သူ့တွင် ငွေစရာဂဏန်းမျှသာ ရှိသော်လည်း, သူသည် တစ်ကြိမ်တည်းတွင် ငွေစလေးခုကို ဖြုန်းတီးလိုက်ရပြီး၊ သူ၏နှလုံးသားက နာကျင်မှုကို ခံစားခဲ့ရသည်။ သို့သော် မည်သည့်နေရာကို သွားပါစေ, စည်းကမ်းစည်းကမ်းတွေ ရှိသည်ကို သူ နားလည်ထားပါ သည်။ ပန်းကြဲပြည့်တန်ဆာရုံ၏ စည်းမျဉ်းသည် တစ်ကြိမ်တည်းဖြင့် ငွေစတစ်ထောင်ကို လွှင့်ပစ်ရန်ဖြစ်သည်။ အကြံပြုရမည့်အချိန် ရောက်သောအခါ၊ တစ်စုံတစ်ယောက်က အကြံလာပေးလိမ့်မည်။ မဟုတ်ရင် သူ့အတွက် အတားအဆီးတွေ အများကြီးရှိလာလိမ့် မည်။

အတွင်းမှာ ရှည်လျားသော စင်္ကြံများ၊ စင်မြင့်များ၊ ဥယျာဉ်များ၊ ရေကန်များနှင့် အခြား အခန်းများစွာ ပါဝင်သည်။ အလှဆင်မှုတွေက ချမ်းသာကြွယ်ဝသည့် မိသားစုတွေထက်ပင် ပိုခမ်းနားပါသည်။

အနည်းငယ် လှည့်လည်သွားပြီးသောအခါ, ကျယ်ဝန်းသော ဧည့်ခန်းမကြီးသည် သူ့ ရှေ့တွင် ပေါ်လာပါသည်။ ၎င်းသည် ချမ်းသာကြွယ်ဝသည့် မိသားစုတစ်ခု၏ ပင်မခြံဝင်း ကြီးနှင့် တူသည်။ စင်မြင့်တွေက တောက်ပပြီး ခြံဝင်းက ကျယ်ဝန်းပါသည်။ ဤနေရာတွင် လူငယ်များစွာ စုဝေးခဲ့ကြသည်။

ဟုန်ယွိသည် သခင်လေးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော လော်ယွန်ကို ချက်ချင်း တွေ့လိုက်ရသည်။ သူမသည် သူမလက်ထဲတွင် ခေါက်ယပ်တောင်ကို ကိုင်ထားပြီး ခါးမှာ ကျောက်စိမ်းဆွဲသီးတစ်ခုကို ဆွဲထားပါသည်။

ယခုအချိန်တွင် သူမအား မြင့်မြတ်သော အထက်လွှာပုဂ္ဂိုလ်များ ဝိုင်းရံထားသည်။

"သခင်မဆုမူက ဘာလို့ ထွက်မလာသေးတာလဲ။ ငါတို့ စောင့်နေတာ နှစ်နာရီလောက် ရှိပြီ။”

“ဒီနေ့က ကျန်းနန်မင်းသမီးရဲ့ ဖိတ်ကြားချက်လေ။ သခင်မလေးဆုမူက ဒီလောက် မောက်မာနေသေးလား"။

ထိုအချိန်တွင် မြင့်မြတ်သော အထက်လွှာလူတစ်စုက ဆူဆူညံညံ ဖြစ်နေကြသည်။ သူတို့ အနားမှာ လက်ဝတ်ရတနာတွေ ဝတ်ဆင်ထားသည့် မိန်းမချောလေးတွေနှင့် အစေခံ တချို့က သူတို့နှင့်အတူ စကားစမြည် ပြောနေကြသည်။ “သခင်မဆုမူက အရမ်းကို အရေးကြီးတဲ့ ဧည့်သည်တစ်ဦးနဲ့ တွေ့နေတယ်။ သူမကို ဒီမှာ ခဏစောင့်ရမယ်။”

"ဘယ်ဧည့်သည်က အရေးကြီးလို့လဲ။ ကျန်းနန်မင်းသမီးထက် ပိုအရေးကြီးလို့လား။ လာ သွားကြည့်ရအောင်။” လူတစ်စုက ရိုင်းစိုင်းစွာ ပြန်ပြောကြသည်။

"မင်းတို့တွေ ဆူညံလွန်းတယ်။ တော်ဝင်ချန်မင်းဆက်က အယဉ်ကျေးဆုံးပဲ မဟုတ်လား" လော်ယွန်သည် သူမ၏ခေါက်ယပ်တောင်ကို ဝှေ့ယမ်းပြီး, ခေါင်းခါလိုက်မိသည်။ ထိုလူများသည် ချက်ချင်း ငြိမ်သွားကြပါသည်။ တစ်ချိန်တည်းမှာပင် သူမသည် ဟုန်ယွိကို တွေ့လိုက်ရသည်။ သူမမျက်လုံးတွေက တောက်ပလာပြီး သူ့ဆီသို့ လျှောက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်။

ပန်းကြဲပြည့်တန်ဆာအိမ်၏ အရှေ့ဘက်ကျသော ပဉ္စမထပ်ရှိ ဆိတ်ငြိမ်သော အခန်းတွင်..၊

နူးညံ့သိမ်မွေ့သော အငွေ့အသက်ဖြင့် ထူးထူးခြားခြား လှပနေသော အမျိုးသမီးတစ်ဦး သည် အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေ၏။

သူမနှင့် ဆန့်ကျင်ဘက်တွင် ပိုးထည်ဝတ်ရုံကို ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေပါသည်။ ထိုလူက ဟုန်ရွှန်ကျိပါ။

အခန်း (၃၉)။

ခမ်းနားထည်ဝါသော ဆင်စွယ်ကုလားကာများ, ပန်းရောင်ပိတ်ကျဲစများနှင့်အတူ၊ ကျောက်စိမ်းကဲ့သို့ နွေးထွေးသော အခန်းသည် မွန်းကြပ်မူများဖြင့် ပြည့်နှက်နေပါသည်။

ကျောက်စိမ်းမြို့တော်၌ ပန်းကြဲပြည့်တန်ဆာရုံ၏ နံပါတ်တစ်အမျိုးသမီးဆုမူနှင့် တော်ဝင် ချန်မင်းဆက် ဝူဝမ်မြို့စား ဟုန်ရွှန်ကျိ....။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့သည် စကားမပြောဘဲ မျက်နှာချင်း ဆိုင်ထိုင်ကာ တစ်ယောက်ကို တစ်ယောက် အေးစက်စွာ ကြည့်နေလေသည်။

အခန်းထဲတွင် အခြားမည်သူမျှမရှိပေ။

ဤကဲ့သို့သော မြင်ကွင်းမျိုးသည် ပြည့်တန်ဆာခန်းရှိ ယောက်ျားတစ်ယောက်နှင့် မိန်းမ တစ်ယောက် ဖြစ်သင့်သည့် မြင်ကွင်းမျိုး မဟုတ်ပေ။

“အင်ပါယာတရားရုံးရဲ့ မဏ္ဍိုင်ကြီးဖြစ်ပြီး၊ ကွန်ဖြူးရှပ် အယူဝါဒဆိုင်ရာရဲ့ ထင်ရှားတဲ့ ဝန်ကြီးနဲ့ အစိုးရအဖွဲ့ရဲ့ မဟာအတွင်းဝန်ဖြစ်တဲ့ မြို့စားဝူဝမ်က ပန်းကြဲပြည့်တန်ဆာရုံကို ပိတ်သိမ်းဖို့ အသနားခံစာတင်ခဲ့တာ မဟုတ်ဘူးလား။ ဒီနေ့ ရှင် ဘာလို့ ပန်းကြဲ ပြည့်တန်ဆာရုံကို လာခဲ့တာလဲ။”

ရုတ်တရက် ဆုမူက စကားပြောပြီး အခန်းထဲက တိတ်ဆိတ်မူကို ဖြိုခွဲလိုက်ပါသည်။ သူမ၏စကားလုံးတွေက ရေစီးသံအလားပင်။ သူမ၏စကားများသည် ဟုန်ရွှန်ကျိကို ရည်ရွယ်သော်လည်း သူမ၏စကားများမှတဆင့် မည်သည့်ခံစားချက်ကိုမှ ခံစားနိုင်မည် မဟုတ်ပေ။

"အတော်လေး နီးစပ်ပါတယ်”။

ဟုန်ရွှန်ကျိသည် မျက်လုံးများကို မှိတ်လိုက်ပြီး စကားနှစ်လုံးကို ထွေးထုတ်လိုက်သည်။

"မြို့စား, ရှင်က မန်ပိုင်ယွန်အကြောင်း ပြောနေတာလား။ ကံမကောင်းစွာဘဲ၊ သူမဟာ မူလက တော်ဝင်တာအိုရဲ့ အကြီးမြတ်ဆုံး လျစ်လျူရှုခြင်း တာအိုကို ကျင့်ကြံခဲ့ပေမယ့် သူမကိုယ်တိုင် စွန့်လွှတ်ပြီး အချစ်ထောင်ချောက်ထဲ ကျရောက်သွားခဲ့တယ်။ သူမကိုယ် သူမ ရုန်းမထွက်နိုင်တော့ဘဲ သူမရဲ့ စိတ်ဝိညာဉ်ဟာ ဒဏ်ရာကြီးကြီးမားမားရခဲ့ပြီး၊ သူမ လည်း လူဆိုးတစ်ယောက်ရဲ့ အခွင့်ကောင်းယူခြင်း ခံခဲ့ရတယ်။ ဆုမူက ဆက်ပြောသည် "ဒါပေမဲ့ မစိုးရိမ်ပါနဲ့ မြို့စား, တိုင်ရှန်တာအိုဂိုဏ်းရဲ့ တပည့်တစ်ယောက်ဟာ အချစ်နွံထဲ ကျရောက်သွားတဲ့အခါ, တိုင်ရှန်တာအိုဂိုဏ်းရဲ့တပည့် ဘယ်တော့မှ ပြန်ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ သခင်မြို့စားကိုလည်း ဒီကိစ္စကြောင့် ပြဿနာရှာမှာ မဟုတ်ဘူး။ မြို့စား, ရှင် ဒီနေ့ ကျွန်မကို ဒီကိစ္စကြောင့် လာရှာတာဆိုရင် ရှင် စိတ်ချလက်ချနေနိုင်ပါတယ်။”

"အစ်ကိုရှန်ကျိကိုယ်တိုင် ငါ့ကို လာရှာတာတောင်, ငါက ဘာလို့ သူ့ကို ကြောက်ရမှာလဲ" ဟုန်ရွှန်ကျိက သူ့လက်တွေကို ဖြန့်ပြီး၊ ကုလားထိုင်ရဲ့ ဘောင်ပေါ်မှာ တင်လိုက်ပါသည်။ မသိစိတ်အရ, သူသည် အရာအားလုံးကို ထိန်းချုပ်နိုင်သည့် အနေအထားရှိနေသည့်အတိုင်း ပင်။

"ငါ ဒီနေ့ မင်းကို လာတွေ့တာက ကြီးမြတ်သောလမ်းစဉ်မှာ ဘယ်လိုထူးချွန်သူမျိုး ပေါ်လာလဲဆိုတာ ငါ သိချင်လို့ပဲ။ ဒီနေ့တော့ မင်းဆုမူက တကယ်ကို ထူးထူးခြားခြား ဖြစ်နေတာကို ငါ တွေ့လိုက်ရတယ်။ မင်းရဲ့သိုင်းပညာက နှင်းခဲလို ခြင်ဆီပြောင်းလဲခြင်း နယ်ပယ်ကို ရောက်နေပြီ။ နှမြောစရာကောင်းတာက, မင်းက သွေးအမျှင်တွေနဲ့ သန့်စင်တဲ့သွေးကို ပြဒါအဖြစ် ပြောင်းလဲပစ်နိုင်အဆင့်နဲ့ ခြေလှမ်းအနည်းငယ်လောက် ဝေးနေသေးတာပဲ။ တာအိုနည်းစနစ်နဲ့ စိတ်ဝိညာဉ် ကျင့်ကြံခြင်းနဲ့ ပတ်သက်ရင်တော့ မင်းက တစ္ဆေအင်မော်တယ်တစ်ယောက် ဖြစ်လာပြီလားလို့ ငါ သိချင်မိတယ်။"

"မြို့စားရဲ့ အမြင်အာရုံက လျှပ်စီးလိုပါပဲ။ စိတ်ဝိညာဉ် အသေးမွှားလေးကိုတောင် ထွင်းဖောက်မြင်နိုင်တယ်မဟုတ်လား" ဆုမူက တည်ငြိမ်စွာ ပြောသည်။

စိတ်ဝိညာဉ်ကျင့်ကြံခြင်းသည် ခန္ဓာကိုယ်အတွင်း၌ နက်ရှိုင်းစွာ ဖုံးကွယ်ထားနိုင်ပြီး၊ မမြင်နိုင်သော၊ ရစ်ပတ်နှောင်ဖွဲ့၍ မရနိုင်တေသာအရာများ ဖြစ်သည်။ အခွံထဲက မထွက်သေးသရွေ့ မည်သူက မည်သည့်နယ်ပယ် ကျင့်ကြံမူရှိလဲဆိုသည်ကို ဘယ်သူမှ မပြောနိုင်ပါဘူး။ သို့သော် သိုင်းပညာလေ့ကျင့်သူများကတော့ မတူပေ။ သွေးချီကို ပြင်ပ ကမ္ဘာနှင့်ထိတွေ့နိုင်ပြီး အမြင်အာရုံကောင်းသူများသည် မြင်နိုင်ပါသည်။

"တိုင်ရှန်တာအိုဂိုဏ်းရဲ့ အမျိုးသမီးတွေက တကယ်ကို အရည်အချင်းရှိသူတွေပါပဲ။" ဟုန်ရွှန်ကျိ ရုတ်တရက် ပြုံးလိုက်သည်။ "မင်းက တစ္ဆေအင်မော်တယ် မဟာနတ်ဆိုးကြီး ရှစ်ပါးအပြင်, မကောင်းဆိုးဝါးဂိုဏ်းတွေဖြစ်တဲ့ အသက်မဲ့တာအိုဂိုဏ်းနဲ့ စစ်မှန်တဲ့ လေဟာနယ်တာအိုဂိုဏ်း ကိုင်တွယ်ဖို့ ဒီအချိန် ရောက်လာခဲ့တယ်။ ဒါပေမယ့် ကမ္ဘာပေါ်ရှိ အင်မော်တယ် မဟာနတ်ဆိုးကြီးရှစ်ယောက်စလုံးဟာ အနှစ်တစ်ရာတိုင်တိုင် ကျင့်ကြံခဲ့ ကြတယ်။ သူတို့ရဲ့နတ်ဆိုးနည်းပညာရပ်တွေနဲ့ သဘာဝလွန် စွမ်းအားတွေက အံ့ဩစရာ ဖြစ်နေပြီ။ မကောင်းဆိုးဝါးဂိုဏ်းတွေဖြစ်တဲ့ အသက်မဲ့ တာအိုဂိုဏ်းနဲ့ အစစ်အမှန် လေဟာနယ်တာအိုဂိုဏ်းနှစ်ခုဆို ပိုပြီးတော့တောင် ရှာဖွေဖို့ခက်တယ်။ ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ တကယ်လို့, မင်းတစ်ယောက်တည်း ဒီနေရာမှာ ထင်ထင်ပေါ်ပေါ် နေထိုင်မယ်ဆိုရင်, မင်း အန္တရာယ်ကြုံတွေ့မှာကို ငါ စိုးရိမ်မိတယ်။ မင်း ငါ့စံအိမ်က မိုဆေဘာ အစောင့်တပ်ဖွဲ့ဝင်ငါးဆယ်၊ ဒူးလေးအစောင့်တပ်ဖွဲ့ဝင် ငါးဆယ်နဲ့ သံမဏိ အစောင့်တပ်ဖွဲ့ဝင်ငါးဆယ်ကို ဒီနေရာမှာ စုစည်းပြီး၊ မင်း အသုံးပြုနိုင်တဲ့ တံဆိပ်ပြား တစ်ခု ငါ့မှာရှိတယ်။ ဒီလူတွေဟာ နှစ်ပေါင်းများစွာ ငါ့နောက်ကို လိုက်ခဲ့ကြတဲ့ ကျွမ်းကျင် သူတွေပဲ။ သူတို့က တောင်လိုပုံနေတဲ့အလောင်းကောင်တွေနဲ့ သွေးပင်လယ်ထဲက တက်လှမ်းကြလာသူတွေပဲ။ သူတို့က ပြင်းထန်တဲ့ စိတ်စွမ်းအားကို ပိုင်ဆိုင်ထားကြတယ်။ တစ္ဆေအင်မော်တယ်တွေတောင် ၎င်းတို့ကို စိတ်ရှုပ်ထွေးအောင် မလုပ်နိုင်ကြဘူး။ မကောင်းသော နည်းစနစ်တွေက သူတို့အတွက် အသုံးမဝင်ဘူး။”

သူစကားပြောနေစဉ်တွင် ဟုန်ရွှန်ကျိသည် သူ၏လက်ချောင်းကို လှုပ်ရှားပြီး အနီရောင် ရွှေတံဆိပ်တစ်ခုကို စားပွဲပေါ်တွင် တင်လိုက်ပါသည်။

ရွှေတံဆိပ်၏ရှေ့ပိုင်းမှာ သက်ဝင်လှုပ်ရှားနေသော ချီလင်ပုံကို ထွင်းထုထားသည်။ နောက်ကျောတွင် 'အမိန့်' ဟူသော စာလုံးပါရှိသည်။

"ကောင်းလိုက်တဲ့ “အမိန့်”။ လူသတ်ချင်စိတ်တွေနဲ့ ပြည့်နှက်နေတယ်။ စကြဝဠာတစ်ခွင် ကို သံမဏိတပ်သားတွေ နင်းချေသွားတဲ့ ခံစားချက်မျိုး ရှိနေတယ်။" ဆုမူက ပြောလိုက် သော်လည်း မယူပေ။ “တိုင်ရှန်တာအိုဂိုဏ်းက ရှေးခေတ်ကတည်းက ဆင်းသက်လာခဲ့တဲ့ ဂိုဏ်းတစ်ခုပဲ။ ကျွန်မတို့က မြို့စားရဲ့လောကစွမ်းအားကို အားကိုးပြီး ကာကွယ်ယူဖို့ မလိုအပ်ပါဘူး။ ပြန်ယူထားလိုက်ပါ”။

သူမ စကားပြောနေစဉ် ဆုမူက စားပွဲပေါ်ကို ဖိလိုက်ရာ ရွှေတံဆိပ်က ဟုန်ရွှန်ကျိဆီသို့ ပျံသန်းသွားသည်။

ဟုန်ရွှန်ကျိက သူ့ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ရွှေတံဆိပ်က အထဲသို့ ပြုတ်ကျ သွားသည်။ သူ ရယ်ပြီး မတ်တပ်ရပ်လိုက်ပါသည်။

"မြို့စား, ကျေးဇူးပြုပြီး ခဏစောင့်ပါဦး။" ဟုန်ရွှန်ကျိ ထွက်သွားတော့မည်ကို ဆုမူ မြင်လိုက်သည်။

"ဘာဖြစ်လို့လဲ?" ဟုန်ရွှန်ကျိက မေးသည်။

“ဂိုဏ်းသခင်က ကျွန်မကို မြို့စားကို မေးခွန်းတစ်ခု မေးခိုင်းလိုက်ပါတယ်။" ဆုမူက ပြောသည်။

"အဲဒါဘာလဲ" ဟုန်ရွှန်ကျိသည် ဆုမူကို နောက်ပြန်လှည့်ကြည့်သည်။

"အဲဒီတုန်းက တော်ဝင်ချန်စစ်တပ်က အရှေ့ရပ်ကနေ တက်လာပြီး၊ တော်ဝင်ကျိုး မင်းဆက်ကို ချေမှုန်းပစ်လိုက်တယ်။ နောက်ဆုံးတော့ တောင်ကို သိမ်းပိုက်လိုက်တယ်။ စစ်ပွဲက အထူးသဖြင့် ဝမ်းနည်းစရာကောင်းပြီး တော်ဝင်ကျိုးမင်းဆက်ရဲ့ အကြွင်းအကျန် တွေက အဆက်မပြတ် ခုခံခဲ့ကြတယ်။ စစ်ပွဲ နောက်ဆုံးမရပ်တန့်မီ တော်ဝင်ချန်မင်းဆက် ဟာ နှစ်ပေါင်း ၃၀ တိုင် ကြာမြင့်ခဲ့တယ်။ တောင်ပိုင်းစစ်ပွဲက ဆယ်စုနှစ်များစွာ ကြာခဲ့ တယ်။ လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ကြပြီး အရိုးတွေကို တောထဲတွင် ရှာဖွေတွေ့ရှိကြတယ်။ မိုင်ထောင်ချီတိုင်အောင် ကြက်တွန်သံ မကြားနိုင်တော့ဘူး။ ဒါပေမယ့် ကိုယ်ကျင့်တရား ကင်းမဲ့ပြီး ကံကြမ္မာကောင်းကို ရှာဖွေသူ လူအချို့ ရှိခဲ့ကြတယ်။ ဥပမာအနေနဲ့၊ သူတို့က လူတွေကို လုယက်ခြင်း၊ ကျွန်တွေကို ရောင်းဝယ်ဖောက်ကားခြင်း၊ ဆယ်ကျော်သက် မိန်းကလေးတွေကို ပြည့်တန်ဆာများတွေအဖြစ် တော်ဝင်ချန်မင်းဆက် စစ်တပ်စခန်းကို ရောင်းစားခြင်းတို့ပဲ။ ဒီကိစ္စက မြို့စားရဲ့ဇနီး အိမ်ထောင်စုဖြစ်သော ကျောက်မိသားစုနဲ့ ဆက်စပ်မှု ရှိနေပါသလား။” ဆုမူက မေးသည်။

"ဟမ့်" ဟုန်ရွှန်ကျိက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောသည် "တောင်ပိုင်း ကျောက်မိသားစုက တောင်ပိုင်းမှာရှိတဲ့ မိသားစုကြီးတစ်ခုပဲ။ သူတို့က ပညာရှင်မိသားစုတွေပဲ။ အဲဒီတုန်းက သူတို့ဟာ တော်ဝင်ချန်မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးတွေ နောက်ကို လိုက်ခဲ့ကြပြီး၊ တောင်ပိုင်းက အရိုင်းစိုင်းလူတွေကို ချေမှုန်းဖို့ ကူညီပေးခဲ့တယ်။ သူတို့ကို အင်ပါယာတရားရုံးက ဘွဲ့များအပ်နှင်းခဲ့ပြီး မျိုးဆက်သုံးဆက်တိုင်တိုင် ပညာရှင် တွေ ဖြစ်ခဲ့တယ်။ ဒီကိစ္စကို မှတ်တမ်းတွေမှာ စစ်ဆေးနိုင်တယ်။ နောက်ဆုံးတော့, ကြီးမြတ်သော တော်ဝင်တာအိုဝါဒီတွေဟာ လူရိုင်းတွေပဲ။ မင်းက အင်ပါယာ တရားရုံး ကိုယ်စား ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်နေပါသလား။ မင်းက တိုင်းပြည်ရဲ့ မြင့်မြတ်တဲ့ လက်နက်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတာလား။”

"ဘယ်လောက် အထင်ကြီးစရာကောင်းတဲ့ ပြောချက်လဲ။" ဆုမူက အေးဆေးတည်ငြိမ်စွာ ပြောသည် "မြို့စား, ကျွန်မ ရှင်နဲ့ ငြင်းခုံနေတာ မဟုတ်ဘူး။ ကျွန်မက ဂိုဏ်းသခင်ရဲ့ စကားတွေကို ပြောပြတာပါ။ ဒါက ဂိုဏ်းသခင် ပြောခဲ့တဲ့စကားပဲ။ မြို့စား နားထောင်ပါ။ “

“ငါ နားထောင်နေပါတယ်" ဟု ဟုန်ရွှန်ကျိက ပြောသည်။

"ဂိုဏ်းသခင်က ပြောတယ် “ငါ တောင်ပိုင်းမှာ စုံစမ်းနေပြီ။ တကယ်လို့, အဲဒီတုန်းက အဖြစ်အပျက်က မြို့စားဇနီး, ကျောက်မိသားစုနဲ့ ဆက်စပ်နေပြီး၊ ဒီအကြောင်းကို မင်းဟုန်ရွှန်ကျိပါ သိထားတယ်ဆိုရင်, ငါ မင်းရဲ့ကျောက်နဲ့ ဟုန်မိသားစုနှစ်ခုစလုံးကို သေချာပေါက် ချေမှုန်းပစ်မယ်။ ခွေးတစ်ကောင်ကိုတောင် ချမ်းသာမပေးဘူးတဲ့”။ (ဤနေရာ၌ သူမဂိုဏ်းသခင် ပြောသည့်ပုံစံအတိုင်း ပြန်ပြောခြင်း ဖြစ်ပါသည်)။

“ငါ မင်းရဲ့ မိသားစုတစ်ခုလုံးကို ချေမှုန်းပစ်မယ်"

ဤဝါကျနှစ်ကြောင်းကို ပြောလိုက်သည်နှင့် တပြိုင်နက် သတ်ဖြတ်လိုသည့် အငွေ့အသက် ပေါ်လာသည်။ ဆုမူ ပြောသလိုမျိုး လှပသည်ဟု လုံးဝ မထင်ပါဘူး။

ဘန်း..။

ဆုမူ၏ရှေ့ရှိ စားပွဲသည် အပိုင်းပိုင်းကွဲသွားသည်။ ဟုန်ရွှန်ကျိက အေးစက်စွာ ပြေသည် "ဘယ်လောက်တောင် မောက်မာလိုက်တဲ့ ကြီးမြတ်သော တော်ဝင်တာအိုဝါဒီလဲ။ တကယ်လို့, မိုးကောင်းကင်က လူတွေကို ချေမှုန်းပစ်ချင်တယ်ရင် လူတွေကို ရူးသွပ်စေမှာ သေချာတယ်။ မိုနိုဂါတာရီက ဒီလိုပြောမှတော့, ကြီးမြတ်သော တော်ဝင်တာအိုဝါဒီတွေ လည်း ပျက်သုဉ်းဖို့ ဝေးမှာ မဟုတ်တော့ဘူး။"

“ကျွန်မရဲ့ ကြီးမြတ်သော တော်ဝင်တာအိုဂိုဏ်းဟာ ဒါဇင်နှင့်ချီတဲ့ မင်းဆက်တွေကို ဖြတ်သန်းခဲ့ပြီး ရှေးခေတ်ကတည်းက နှစ်ပေါင်း နှစ်ထောင်ကနေ သုံးထောင်အထိ တည်ရှိ ခဲ့တယ်။ ယနေ့အထိ ကျွန်မတို့ ရှေးဟောင်းဂိုဏ်းတွေက တည်ရှိနေတုန်းပဲ။ ပျက်သုန်းဖို့, မပျက်သုန်းဖို့ကိစ္စက မြို့စား ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဆုမူက ပြောသည် "မြို့စား၊ အင်ပါယာရဲ့ဩဇာအာဏာနဲ့ တိုင်းပြည်ရဲ့ မြင့်မြတ်တဲ့လက်နက်လို အရာတွေမျိုးတွေကို ပြောမနေပါနဲ့။ ကျွန်မရဲ့ကြီးမြတ်သော တော်ဝင်တာအိုဂိုဏ်းက ရှေးခေတ်ကတည်းက တည်ရှိခဲ့တဲ့ တော်ဝင်တာအိုကိုပဲ လေးစားတယ်။ အင်ပါယာဩဇာအာဏာနဲ့ တိုင်းပြည် ဆိုတာက အားလုံးတဒင်္ဂပဲ”။

"ကောင်းပြီလေ။ မိုနိုဂါတာရီဟာ ဒီလောက်မာနကြီးမယ်လို့ ငါ မမျှော်လင့်ထားဘူး။ သူက ခန္ဓာကိုယ်ကို ဖြိုခွဲနိုင်မူအချို့နဲ့အတူ ပိုပိုပြီး မောက်မာလာ တယ်။ သူ့ကပ်ဘေးဒုက္ခက ဝေးတော့မှာ မဟုတ်ဘူး။”

ဟုန်ရွှန်ကျိ၏ အမူအရာ ရုတ်တရက် ငြိမ်သက်သွားပါသည်။ သူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောသည် “ဆုမူ၊ မင်းအနေနဲ့ ကိုယ့်အစွမ်းအစကို အားကိုးနိုင်ဖို့ပဲလိုတယ်" ထိုစကားကို ပြောပြီးနောက် ထွက်သွားလေ၏။

သူ အထပ်မြင့် အဆောက်အဦးမှ ထွက်လာစဉ်, သူ့မျက်လုံးများကို လှည့်ကြည့်ရာ အဆောက်အဦ အနည်းငယ်၏ အက်ကွဲကြောင်းများမှတဆင့် ဟုန်ယွိနှင့် ကျန်းနန် မင်းသမီးတို့သည် အဝေးက ခြံဝင်းတစ်ခုတွင် ဘေးချင်းကပ် ရပ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ မြင့်မြတ်သော သခင်လေးအုပ်စုလည်း ရှိနေခဲ့သည်။

"ဟမ့်" ဟုန်ရွှန်ကျိ၏ မျက်လုံးများကို တဖျပ်ဖျပ်ခတ်နေသည်။ သူ မည်သည့်အကြောင်း တွေးနေလဲ မည်သူမှ မသိနိုင်ပါဘူး။ တစ်ချက်ကြည့်လိုက်ပြီး နောက် သူသည် အကြည့်ကို ပြန်ရုပ်သိမ်းပြီး လှေကားထစ်မှ ဆင်းလိုက်သည်။ လှေကားအောက်ခြေသို့ ရောက်သော အခါတွင် လူလေးယောက်ထမ်း ထမ်းစင်တစ်ခု ရှိနေသည်။ သူသည် ထမ်းစင်ပေါ် ဝင်ထိုင် ပြီးနောက် အထမ်းသမားများက ထမ်းစင်ကို မြှောက်လိုက်ကြသည်။ သူသည် မည်သူမှ သတိမထားမိဘဲ ထွက်ခွာသွားခဲ့သည်။

"ဟုန်ယွိ၊ သူကတော့ စစ်ဌာနချုပ်ရဲ့ လက်ထောက်ဝန်ကြီး ဟွာမိသားစုရဲ့ သခင်လေးပဲ။ သူကတော့ ဓလေ့ထုံးတမ်းစဉ်လာဝန်ကြီး ဝမ်မိသားစုရဲ့ သခင်လေးပဲ။ သူကတော့ ချန်လီ မြို့စားရဲ့ သခင်လေးဖြစ်တယ်။ ဒါကတော့......"

ဟုန်ရွှန်ကျိသည် အောက်ထပ်သို့ ဆင်းလာစဉ် ကျန်းနန်မင်းသမီးသည် ယနေ့ ခန်းမသို့ တက်ရောက်နေသော သခင်လေးအုပ်စုနှင့် ဟုန်ယွိကို မိတ်ဆက်ပေးနေခဲ့သည်။

အခန်း (၄၀) ။

“နောက်ဆုံးတော့၊ ငါတို့ရဲ့ တော်ဝင်ချန်မင်းဆက်ဟာ အချိန်တိုလေးအတွင်းမှာပဲ ထူထောင်နိုင်ခဲ့တယ်။ ယဉ်ကျေးမှုကို ပိုတန်ဖိုးထားပြီး, ကိုယ်ခံပညာ ကို နှိမ့်ချတဲ့ လမ်းစဉ်က တဖြည်းဖြည်း ကြီးထွားလာပေမယ့်, ငယ်ရွယ်နုပျိုပြီး အားမာန်အပြည့်ရှိတဲ့ လူငယ်တွေ ရှိနေသေးပြီး၊ မင်းဆက်ရဲ့ အခြေခံအုတ်မြစ်တွေက ပုပ်ဆွေးမသွားခဲ့ဘူး။"

ဟုန်ယွိသည် ကျန်းနန်မင်းသမီး၏ မိတ်ဆက်စကားကို နားထောင်ပြီး, ထိုအရာရှိများ၊ မြင့်မြတ်သော သခင်လေးများနှင့် ဝန်ကြီးများကို တစ်ယောက်ပြီးတစ်ယောက် ပြန်နှုတ်ဆက်လိုက်ပါသည်။

သူသည် ထိုလူများ၏စကားနှင့် အမူအရာတို့ကို သတိပြုမိပြီး၊ သူ့ကိုယ်သူ တွေးတောရင်း အခြေအနေကို ဂရုတစိုက် ပိုင်းခြားသုံးသပ်နေသည်။

ဤသခင်လေးများ အားလုံးသည် အသုံးဖြုန်းကြီးသည့် လူဘော်ကြော့များ မဟုတ်ကြပေ။ ဟုန်ယွိ၏အမြင်အရ အများစုမှာ သပ်ရပ်စွာ ဝတ်ဆင်ထားကြ သော်လည်း အားလုံးက မာကျောပြီး သန်မာကြသည်။ သူတို့သည် လေးဆွဲရာတွင် အသုံးပြုနိုင်သည့် လက်မ လက်စွပ်တစ်ခုစီ ရှိနေကြသည်။ သူတို့မှာလည်း အတွေ့အကြုံနှင့် တည်ငြိမ်မှုအချို့ ရှိကြပါ သည်။ ဤအချက်မှပင် ဟုန်ယွိသည် တော်ဝင်ချန်အင်ပါယာသည် ၎င်း၏ အထွတ်အထိပ်၌ ရှိနေကြောင်း သိလိုက်သည်။

ဟုန်ယွိသည် သမိုင်းကို ကောင်းစွာ တတ်သိနားလည်ပြီး၊ မင်းဆက်တစ်ခု ပြိုလဲခြင်းအား ဤမြင့်မြတ်သော သခင်လေးများ၊ မှူးမတ်များနှင့် ဝန်ကြီးများ ကို ကြည့်ရုံဖြင့် သိမြင်နိုင်ပါ သည်။

အကယ်၍, မင်းမျိုးမင်းနွယ်များ၊ မြို့စားကြီးများ၊ ဝန်ကြီးများ၊ ပညာရှင်များနှင့် အရာရှိများ၏ သားသမီးများသည် ယေဘုယျအားဖြင့် ကဗျာရေးနည်း၊ ပန်းချီဆွဲ၊ စစ်တုရင်နှင့် ကုချင်းတီးနည်းတို့ကိုသာ သိကြပြီး, ကိုယ်ခံပညာကို မလေ့ကျင့်ပါက၊ သူတို့၏ ခန္ဓာကိုယ်သည် လေကိုခံနိုင်ရည်အား အားနည်းလာပြီး၊ သူတို့၏ယင်ဓာတ်သည် ပွင့်လန်းလာကာ ယန်ဓာတ်ကလည်း ဆုတ်ယုတ်လာကာ အားမာန်များ ကင်းမဲ့လာမည် ဖြစ်သည်။ ထိုအရာက အင်ပါယာ တရားရုံး ဆုတ်ယုတ်သွားသည့် လက္ခဏာဖြစ်လာလိမ့်မည်။

သို့သော်, ဤမြင့်မြတ်သော သခင်လေးများသည် ထိုကဲ့သို့ မဟုတ်ပေ။ တော်ဝင်ချန် မင်းဆက်သည် ငယ်ရွယ်နုပျိုပြီး အားမာန်အပြည့်နှင့် လူငယ်တွေ ပြည့်နေသေးသည်ကို ဟုန်ယွိ သိသည်။

ဤသည်မှာ မင်းဆက်တိုင်း၏ ပြိုလဲခြင်းနှင့် တိုးတက်ခြင်း၏ သက်သေဖြစ်သည်။

အကြောင်းမှာ မင်းမျိုးမင်းနွယ်များ၊ မှူးမတ်များ၏ အမျိုးအနွယ်များသည် အနာဂတ်တွင် တရားရုံးမှာ အရာရှိများ ဖြစ်လာနိုင်သောကြောင့် ဖြစ်သည်။ ဤသည်မှာ မင်းဆက်၏ အနာဂတ် ဖြစ်သည်။

ဟုန်ယွိသည် ဤပန်းကြဲပြည့်တန်ဆာရုံနှင့်ပတ်သက်၍ ဤခရီးစဉ်သည် ထိုက်တန်သည် ဟု ခံစားမိသည်။ တခြားအရာတွေကို မပြောလိုပေ။ ဤမြင့်မြတ်သော သခင်လေးများ၏ အငွေ့အသက်တွေနှင့် မင်းဆက်တိုးတက်ခြင်း ပြိုလဲခြင်းကို မြင်ရရုံဖြင့်ပင်, ယင်းက စာအုပ်တစ်သောင်း ဖတ်ခြင်းက မိုင်တစ်သောင်း လမ်းလျှောက်ခြင်းလောက် မကောင်းဘူး ဟု သူ့ကို ခံစားရစေပါသည်။

"ဒါက မြို့စားဝူဝမ်စံအိမ်ရဲ့ သခင်လေး ဟုန်ယွိပါ။ သူက ရူပဗေဒဘာသာရပ်ကို ကျွမ်းကျင် ပြီး ငါ့ရဲ့သူငယ်ချင်းကောင်း တစ်ယောက်လည်း ဖြစ်တယ်။" ကျန်းနန်မင်းသမီး လော်ယွန် က ဟုန်ယွိကို မိတ်ဆက်ပေးခဲ့ပြီး ဟုန်ယွိ၏ ကိုယ်ရေးအချက်လက်ကို မိတ်ဆက်ပေးခဲ့ သည်။

မြို့စားဝူဝမ်စံအိမ်၏ နေအိမ်မှဖြစ်ကြောင်း ထိုမြင့်မြတ်သော သခင်လေးများ ကြားသော အခါတွင် သူတို့အားလုံး၏ မျက်နှာများသည် လေးနက်သော အမူအရာများ ပေါ်လွင်လာ သည်။ မြို့စားဝူဝမ်စံအိမ်၏ ကျယ်လောင်သော နာမည်သည် လူအများကို ထိတ်လန့်စေခဲ့ သည်မှာ ထင်ရှားပါသည်။

အမှန်မှာ၊ တော်ဝင်ချန်မင်းဆက်တွင် မြို့စားဝူဝမ်စံအိမ်သည် ဝမ်ရီထက်ပင် ပိုကျော်ကြားခဲ့ သည်။ အင်ပါယာတရားရုံး၏ မဏ္ဍိုင်ကြီးနှစ်ယောက်မှာ နတ်ဘုရားတန်ခိုးရှင် ဘုရင် ယန်တူးနှင့် မြို့စားဝူဝမ်စံအိမ် ဟုန်ရွှန်ကျိတို့ ဖြစ်ပါသည်။

သို့သော်၊ ဤသခင်လေးများ၏ မျက်လုံးများသည် ဟုန်ယွိထံသို့ ကျရောက်သွားပြီး သူ့ကို ဂရုတစိုက် ကြည့်လိုက်သောအခါတွင် သူသည် တိုက်ရိုက် ဆင်းသက်လာသူ မဟုတ်၊ နှိမ့်ကျသော လူတစ်ဦးဖြစ်ကြောင်း သူတို့ ပြောနိုင်သည်။

ထို့ကြောင့် လူတိုင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ ဟုန်ယွိသည်လည်း သူတို့၏မျက်လုံးများတွင် အထင်အမြင်သေးခြင်းကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။

“သခင်မ ဆုမူက ရူပဗေဒအကြောင်း ပြောရတာ ကြိုက်တယ်လို့ ငါ ကြားဖူးတယ်။ အစ်ကိုယွိ, မင်းက ရူပဗေဒပညာရပ်ကို လေးနက်စွာ နားလည်ထားတယ်။ နောက်ပိုင်းမှာ, မင်းက လူထုအာရုံစိုက်ခံရပြီး ကျောက်စိမ်းမြို့တော်မှာ နံပါတ်တစ် ပါရမီရှင် အမျိုးသမီးကို အခက်အခဲ ဖြစ်အောင် ဖန်တီးနိုင်လိမ့်မယ်။ ဒါက စိတ်ဝင်စားစရာ ဖြစ်မှာပါ။”

လော်ယွန်သည် ဟုန်ယွိကို မိတ်ဆက်ပေးပြီးနောက် သူမသည် မျက်လုံးများကို လှည့်ပတ် ကစားပြီး လက်ထဲမှ ခေါက်ယပ်တောင်ကိုဖြန့်ကာ ခေါင်းညိတ်ပြလိုက်သည်။ သူမက နှုတ်ခမ်းစူပြီး ဟုန်ယွိကို ပြောလိုက်ခြင်း ဖြစ်သည်။

"မင်းသမီး၊ မင်းသမီးက မနာလိုတာလား။ သူမက ကျောက်စိမ်းမြို့တော်မှာ နံပါတ်တစ် ပါရမီရှင် အမျိုးသမီး ဖြစ်ပေမယ့်၊ သူမရဲ့အဆင့်အတန်းက မင်းသမီးနဲ့ ယှဉ်လို့မရပါဘူး။" ဟုန်ယွိသည် လော်ယွန်၏ စကားကိုကြားသောအခါ သူ့စိတ်ထဲမှာ ပြုံးနေမိသည်။ သူမစကားတွင် မနာလိုမှု အနည်းငယ်ကို သူ ကြားနိုင်ပါသည်။

သို့သော် လော်ယွန်က ဟုန်ယွိကို မနာလိုဖြစ်မဖြစ်က မှန်းဆချက်သက်သက်သာ ဖြစ်ပါသည်။ သူ့ပတ်ဝန်းကျင်က လူတွေကတော့ မနာလိုဖြစ်နေကြပြီ။

သူတို့မနာလိုမှု၏ ပစ်မှတ်မှာ ဟုန်ယွိမှလွဲ၍ အခြားမရှိပေ။

ငွေရောင်တောက်တောက် ပိုးထည်ကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးက မတ်တပ် ထရပ်ကာ ဟုန်ယွိအား ပြောသည် "အရင်တုန်းက ခန်းမထဲမှာ ငါတို့ လူအနည်းငယ်ပဲ ရှိတယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ သခင်မြို့စားဝူဝမ်စံအိမ်ရဲ့ မိသားစုထဲက သား တစ်ယောက် ရှိနေတယ်။ ဒါက တကယ်ကို အသက်ဝင်လှတယ်။ ဒါပေမယ့်လည်း သခင်မလေးဆုမူက ရောက်မလာသေးဘူး။ စောင့်ရလို့ လူတိုင်း ပျင်းနေမယ်လို့ ငါ ထင်တယ်။ အချိန်တွေ ကုန်လွန်ဖို့ ဘာလို့ ငါတို့ ဂိမ်းနည်းနည်း မကစားကြတာလဲ။ သခင်လေးယွိက ပါဝင်ဖို့ စိတ်ဝင်စားလား ငါ သိချင်မိပါတယ်။

"သေချာပေါက် ငါ စိတ်ဝင်စားတာပေါ့။" ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထိုလူတွေ စကားလာပြောရန် မစောင့်တော့ဘဲ သူက အကြံပေးလိုက်သည်" ချန်လီ မြို့စားငယ်လေး ပြောတာ မှန်ပါတယ်။ အချိန်ကုန်လွန်စေဖို့အတွက် ကစားပွဲ နည်းနည်း လိုတယ်။ ဒါပေမယ့် ဒီနေ့ ခန်းမက ပန်းကြဲပြည့်တန်ဆာရုံလို ခမ်းနားတဲ့ နေရာမှာ ကျင်းပ နေတယ်။ ဘာဖြစ်လို့ ကဗျာပြိုင်ပွဲ မလုပ်ရမှာလဲ၊ တစ်ယောက်ကစပြီး နောက်တစ်ယောက် က ဆက်သွားကြမယ်လေ။ တကယ်လို့, ကောင်းကောင်း မဖြေရင် ဒါမှမဟုတ်, လုံးဝ မဖြေနိုင်ရင် အပြစ်ပေးခံရမယ်။ ဘယ်လိုလဲ။"

"ကဗျာပြိုင်ပွဲလား.."

ငွေရောင်တောက်တောက်ပိုးထည်ကို ဝတ်ဆင်ထားသော လူငယ်သည် အံ့အားသင့်သွား သည်။ ဟုန်ယွိသည် စင်မြင့်ထက်တွင် ထိတ်လန့်သွားခြင်း မရှိရုံမျှမက ကစားပွဲအကြောင်း အရာကို စတင်လုပ်ဆောင်ပြီး အကြံပြုချက်ပင် ပေးလိမ့်မည်ဟု သူက မမျှော်လင့်ထားပေ။

ထိုလူငယ်ကို ကျန်းနန်မင်းသမီးမှ မိတ်ဆက်ပေးခဲ့သည်။ သူသည် မြို့စားချန်လီ၏ အကြီးဆုံးသား ဖြစ်သည်။ ထင်ရှားသည်မှာ၊ သူသည် ဤသခင်လေးအုပ်စု၏ ခေါင်းဆောင် ဖြစ်သည်။ အားလုံးက သူ့ကို ချန်လီမြို့စားငယ်လေးဟု ခေါ်ကြသည်။

ဟုန်ယွိ၏ အေးဆေးတည်ငြိမ်သော အသွင်အပြင်ကို မြင်လိုက်ရတော့ ချန်လီမြို့စားငယ် လေးက မျက်မှောင်ကြုတ်လိုက်သည်။

ဟုန်ယွိအပေါ် ကျန်းနန်မင်းသမီး၏ သဘောထားကို သူ သည်းမခံနိုင်ပေ။ ထို့ကြောင့် သူက မတ်တပ်ထရပ်ပြီး ဟုန်ယွိကို အရှက်ခွဲရန် ကစားပွဲကို အသုံးပြုလိုခဲ့သည်။

"ကဗျာပြိုင်ပွဲက မကောင်းဘူး။" ချန်လီမြို့စားငယ်လေးက ဟုန်ယွိ၏မျက်လုံးများကို စိုက်ကြည့်ကာ ခေါင်းခါပြီး ပြောသည် "ငါတို့တော်ဝင်ချန် မင်းဆက်က ငါတို့တိုင်းပြည်ကို ကိုယ်ခံပညာနဲ့ တည်ထောင်ခဲ့တာ။ ငါတို့တိုင်းပြည်က ချမ်းသာကြွယ်ဝပြီး စာရေးဟန်တွေ တဖြည်းဖြည်း တိုးတက်နေပေမယ့် ငါတို့ မင်းညီမင်းသားတွေက ငါတို့ရဲ့ အမြစ်တွေကို ပုပ်ဆွေးမသွားသင့်ဘူး။ ကဗျာက ပြေပြစ်ပေမယ့် ငါတို့တိုင်းပြည်ရဲ့ ကံကြမ္မာက စာသားနဲ့ ဘာမှမဆိုင်ဘူး။ စာတတ်မြောက်သူ။ စိတ်ဓာတ်ပြင်းပြတဲ့ ပညာရှင်တိုင်းဟာ စာပေနဲ့ ကိုယ်ခံပညာ နှစ်ရပ်စလုံးကို ကျွမ်းကျင်ကြတယ်။ ကဗျာပြိုင်ပွဲအစား လေးပစ်ကစားမယ် ဆိုရင်ရော”။

"လေးပစ်ကစားမလား" ဟုန်ယွိက သူ့ကို စိုက်ကြည့်နေသည်။

"မြို့စားဝူဝမ်ရဲ့ စစ်ရေးအရာမှ အသုံးချမှုတွေက အထင်ကြီးစရာကောင်းပြီး၊ သူ့ရဲ့ သိုင်းပညာကိုလည်း နေရာတိုင်းလိုလို သိနေကြတယ်။” ချန်လီမြို့စားငယ်လေးက ဟုန်ယွိကို ကြည့်လိုက်ပြီး "လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က လက်ရှိဧကရာဇ်မင်းမြတ် မင်းသား တစ်ပါး ဖြစ်ခဲ့တုန်းက စစ်မြေပြင်ကို သွားခဲ့ပြီး၊ ချန်းရှာတောင်တန်းမှာ ယွန်မင်ရဲ့ သံမဏိဗုဒ္ဓ မြင်းတပ်ကြားမှာ ပိတ်မိနေခဲ့တယ်။ မြို့စားဝူဝမ်ဟာ လက်တဖက်တည်းနဲ့ လမ်းတစ် လျောက် သတ်ဖြတ်ပြီး၊ ရန်သူတပ်ထဲဝင်ရောက်ကာ ဧကရာဇ်မင်းမြတ်ကို ကယ်တင်ခဲ့ တယ်။ မြင်းတစ်ကောင်နဲ့ လူနှစ်ယောက်, သူတို့ဟာ တောင်တန်းထဲမှာ အဝင်ရော အထွက်ပါ ကိုးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ရတယ်။ နောက်ပိုင်းမှာ မြင်းက တိုက်ပွဲအတွင်း မှာ ကျဆုံးခဲ့ပြီး၊ မြို့စားလည်း ဓား၊ လှံနှင့် မြှားတွေကြောင့် အကြိမ်ရာနှင့်ချီပြီး ဒဏ်ရာရခဲ့ တယ်။ ဒါပေမယ့်, သူဟာ ဧကရာဇ်မင်းမြတ်ကို သယ်ဆောင်ပြီး လမ်းတစ်လျှောက် သတ်ဖြတ်ကာ ထွက်လာနိုင်ခဲ့တယ်။ ဒီလိုရဲစွမ်းသတ္တိနဲ့ သစ္စာစောင့်သိမူကို သခင်လေး ဟုန်အနေနဲ့ ဘယ်လောက် အမွေဆက်ခံခဲ့လဲဆိုတာ ငါ သိချင်မိပါတယ်။ ဖြစ်နိုင်တာက, သခင်လေးဟုန်က ကဗျာနဲ့ အချစ်တွေလောက်ပဲ ကျန်တော့တာလား။”

"သခင်လေးဟုန်က သူ့လက်ချောင်းမှာ လက်မလက်စွပ်တစ်ခု ဝတ်ထားတယ်လေ။ မင်းက ကျောရိုးမရှိတဲ့ စာပေပညာရှင်တွေလို စာဖတ်ခန်းထဲမှာ ချိတ်ဆွဲထားဖို့ လေးတစ်လက် ဝယ်ထားတာ မဟုတ်ဘူးမလား။ မင်းက စာပေရော ကိုယ်ခံပညာမှာပါ တကယ် ကျွမ်းကျင် သူ ထင်လား"။

ဓလေ့ထုံးတမ်းစဉ်လာဝန်ကြီး၏သား သခင်လေးဝမ်က ရယ်မောကာ၊ အနီးနားရှိ သခင်လေးများကလည်း ရယ်မောကြသည်။

"မြို့စားငယ်လေး မှန်ပါတယ်။" ဟုန်ယွိက မျက်လုံးကို ကျဉ်းမြောင်းရင်း "ဒါဆိုလည်း လေးပစ်ကစားကြတာပေါ့”။

“လေးပစ်ကစားကြရအောင်။ ငါတို့မှာ လောင်းကြေးလေးတစ်ခု ရှိရမယ်လေ။" ချန်လီ မြို့စားငယ်လေးက လက်ခုပ်တီးလျှင်, ချက်ချင်းဆိုသလို သူ့ဘေးနားက တစ်ယောက်က လေးတစ်လက်နှင့် မြှားတစ်ချောင်းကို ယူလာခဲ့သည်။ ခြံဝင်းနှင့် ခြေလှမ်းတစ်ရာအကွာ တွင် အနီရောင်သားရေ, ယွန်းဖြင့် ပြုလုပ်ထားသည့် ပစ်မှတ်တစ်ခုကို တပ်ဆင်ထားသည်။

များမကြာမီပင် သူဌေးကျွန်တစ်ဦးသည် အလျား ၁၂ ပေ ရှည်ပြီး၊ တကိုယ်လုံး အနီရင့်ရောင် နှင့် အမွေးများက မီးလျှံတိမ်တိုက်ကဲ့သို့ ဖြစ်နေသည် မြင်းကြီးတစ်ကောင်ကို ဆွဲခေါ်လာ သည်။ ထိုမြင်းသည် ထူးထူးခြားခြား ချောမောပြီး တစ်နေ့ကို မိုင်ထောင်ချီ ပြေးနိုင်သည့် နတ်မြင်းတစ်ကောင်စု ပြောနိုင်ပါသည်။

"မီးလျှံမြင်းလား" ဟုန်ယွိ ကြည့်လိုက်သည်နှင့်, ထိုမြင်းက ချာခရာဒေသမှ မြင်းမှန်း သိလိုက်သည်။ ၎င်း ခုန်ပေါက်လိုက်သောအခါတွင် ၎င်း၏လည်ဆံမွှေးများသည် မီးလျှံတိမ်တိုက်ကဲ့သို့ လွင့်သွားလေသည်။ ရွှေစတစ်ထောင်ရရန် လွယ်ကူသော်လည်း ထိုမြင်း တစ်ကောင်ကို ရှာတွေ့ဖို့ပင် ခက်ခဲပါသည်။

"ဒါက ငါလောင်းမယ့် လောင်းကြေးပဲ။ ညီအစ်ကိုဟုန်ကရော ဘာလောင်းကြေးထပ်မလဲ ငါ သိချင်မိတယ်။" ချန်လီမြို့စားငယ်လေးသည် သူ့မျက်နှာပေါ်မှ အေးစက်သော အပြုံးဖြင့် ဟုန်ယွိကို ကြည့်လိုက်သည်။

“အစောင့်၊ ငါ့ဓားကို ယူလာပါ။" ဤအခိုက်အတန့်တွင် တောင်ပိုင်း မင်းသမီး လော်ယွန်က လက်ခုပ်တီးလိုက်ပြီး၊ အစောင့်တစ်ဦးသည် ငါးမန်းသတ်ဓားကို ချက်ချင်း ယူဆောင်လာခဲ့ သည်။

လော်ယွန်သည် ဓားကို ဓားအိမ်မှ ချွတ်လိုက်ပြီး၊ ဓားက နေရောင်အောက်တွင် တောက်ပ စွာ လင်းလက်နေ၏။ ဂန္ဓမာပန်းများနှင့်ဆင်တူသော ပန်းပွင့်ပုံစံများသည် ဓားသွားပေါ် တွင် စီးဆင်းနေပြီး ဓား၏အသွားသည် သွေးများ ထွက်လာတော့မည်ဟု ထင်ရသည်။

"ဒီဓားကို ငါးမန်းသတ်ဓားလို့ခေါ်တယ်။ ဒီဓားက ချန်လီမြို့စားငယ်လေးရဲ့ မီးလျှံမြင်းထက် တောင် ပိုဈေးကြီးတယ်။ ဟုန်ယွိက ဒီနေ့ အမြန်ထွက်လာပြီး လောင်းကြေးထပ်စရာ ဘာတစ်ခုမှ ယူမလာတာကို ငါမြင်ရတော့, အခုလောလောဆယ် ငါ သူ့ကို ဒီဓားကို ချေးလိုက်မယ်။ မဟုတ်ရင်, တကယ်လို့ သူ့မှာ ဘာလောင်းကြေးထပ်စရာမှ ဘာမှမရှိဘူး ဆိုရင်, သူက ကစားပွဲကို မကစားနိုင်တော့ဘူး။ ငါလည်း ပြိုင်ပွဲကို ကြည့်ရတာ ပျော်နိုင်မှာ မဟုတ်ဘူး။ ဒါက ဘယ်လောက် နှမြောစရာကောင်းလဲ။"

လော်ယွန်က ဓားကို ဓားအိမ်ထဲပြန်ထည့်ပြီး ဟုန်ယွိကို အပ်လိုက်ပါသည်။ သူမက သူမခေါက်ယပ်တောင်ကို ဖွင့်ကာ အမြန်ဝှေ့ယမ်းလိုက်သည်။

All Chapters