အခန်း (၄၃-၄၅)
Vol. 4 Ch. 43-45
အခန်း (၄၃)။
"အခုနကမှ ရူပဗေဒပညာရပ်အကြောင်း ပြောပြီးပြီ မဟုတ်လား။ ဟုတ်လား။ ဆုမူက စိတ်နေစိတ်ထားနဲ့ အလှအပကို ကျင့်ကြံထားတယ်။ သူမကို ပထမဆုံးအကြိမ် တွေ့ဖူးတဲ့ ဘယ်ယောင်္ကျားမဆို သူမကြောင့် ခြောက်ခြားသွားကြလိမ့်မယ်။ ဒါပေမယ့် ငါက ချက်ခြင်း နိုးထလာပြီး၊ သူမကလည်း ငါ့ရဲ့တည်ငြိမ်မှုကို မြင်လိုက်တယ်။"
ဆုမူ၏စကားကိုကြားတော့ ဟုန်ယွိသည် ပထမတော့ အံ့အားသင့်သွားသော်လည်း သူမ ဆိုလိုရင်းကို နားလည်သွားပါသည်။
အခုလေးတင် သူသည် ဆုမူ၏အလှပကို တွန်းလှန်ရန် သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်ကို အသုံးပြုခဲ့သည်။ ဤသည်မှာ ရူပဗေဒပညာရပ်အကြောင်း ဟောပြောချက် တစ်မျိုး ဖြစ်နေပါပြီ။
"ဆုမူလို အမျိုးသမီးတစ်ယောက်က တကယ့်ကို ပြောင်မြောက်တဲ့ အလှပိုင်ရှင်တစ်ဦးပါပဲ။ သူမဟာ တာအိုချီနဲ့ ပြည့်စုံတယ်။ သူမကို ပထမဆုံး မြင်မြင်ချင်း မကျရှုံးတဲ့လူတွေကတော့ မြင့်မြတ်တဲ့ ဘုန်းတော်ကြီးတွေနဲ့ သိမ်မွေ့နက်ရှိုင်းတဲ့ ကျင့်ကြံမူကို ပိုင်ဆိုင်ထားတဲ့ ပြီးပြည်စုံတဲ့ ပုဂ္ဂိုလ်ကြီးတွေ ပဲ ဖြစ်လိမ့်မယ်။ ငါက သူမအလှမှာ မကျရှုံးပဲ စိတ်တည်ငြိမ်အောင် လုပ်နိုင်ခဲ့တယ်။ ဒါကြောင့် သူမက ငါ့ကို အထင်ကြီးနေတာ အံ့ဩစရာမရှိဘူး။ ဒါပေမယ့်, ငါသိချင်တာက သူမက တာအိုမှော်ပညာကို ကျင့်ကြံထားတာများလား”။
ဟုန်ယွိက သူ့ကိုယ်သူ တွေးနေသည် "ဒီဆုမူက ရူပဗေဒပညာရပ်အကြောင်း ပြောရတာ ဝါသနာပါတဲ့အတွက် တာအိုပညာရပ်ကို ကျင့်ကြံထားရမယ်။ မဟုတ်ရင် ကျောက်စိမ်း မြို့တော်မှာ နံပါတ်တစ် ပါရမီရှင် မိန်းကလေးတစ်ယောက်အနေနဲ့ သူမကိုယ်သူမ ကာကွယ်နိုင် စွမ်းမရှိဘဲ ကျားတွေ, ကျားသစ်တွေရှိတဲ့နေရာမှာ ခိုအောင်းနေဖို့ မဖြစ်နိုင်ပါ ဘူး။ ဒါပေမယ့် ငါ့အမေမှာလည်း အဲဒီလို ကိုယ်ရေးအချက်လက်မျိုးရှိပေမယ့် သူမကိုယ် သူမ ဘာလို့ ကာကွယ်နိုင်စွမ်း မရှိရတာလဲ။ တကယ်လို့ သူမမှာ ဒီလိုစွမ်းရည်မျိုးရှိခဲ့ရင်, သူမအနေနဲ့ သွေးအန်ပြီး စိတ်ဓာတ်ကျကာ သေဆုံးသွားမှာ မဟုတ်ဘူး။"
သူ့အမေအကြောင်းတွေးရင်း ဟုန်ယွိသည် သူ့ရင်ထဲမှာ ဓားနှင့်ထိုးသကဲ့သို့ စူးရှရှ ဝေဒနာ ကို ခံစားလိုက်ရပါသည်။
"ကောင်လေးဟုန်၊ မင်းရော အဲဒီလို မထင်ဘူးလား"
ဟုန်ယွိက စကားမပြောသည်ကိုမြင်တော့ ဆုမူက ဆက်မေးသည်။
"သခင်မဆုမူက တကယ်ကို အံ့မခန်းပါပဲ။ ကံကောင်းထောက်မစွာပဲ ကျွန်တော် ပညာရှင်တွေရဲ့ စာအုပ်တချို့ကို ဖတ်ဖူးပြီး၊ အလှပကြောင့် အာရုံမပျံ့လွင့်ခြင်းဆိုတဲ့ နိယာမကို လိုက်နာနိုင်ခဲ့တာပါ။ အဲဒါကြောင့် ကျွန်တော်က သခင်မဆုမူကို လေးလေး နက်နက် ပြောနိုင်တာပါ။ မဟုတ်ရင်, ကျွန်တော်က စကားတောင် မပြောနိုင်တဲ့ လူမိုက် ဖြစ်သွားမှာတောင် ကြောက်ရပါတယ်။" ဟုန်ယွိက ပြုံးပြုံးလေး ပြန်ပြောသည်။
"မဟုတ်သေးပါဘူး, ကောင်လေးဟုန်၊ မင်း နောက်နေတာ ဖြစ်မယ်။"
စုမူသည် ချိုသာစွာ ပြုံးလိုက်ပြီး သူမ၏ အစိမ်းရောင်ဝတ်စုံသည် လေထဲတွင် လွင့်ပျံနေသည်။ သူမသည် လေနှင့်ဝေးရာသို့ ပျံသန်းတော့မည့် နတ်သမီးတစ်ဦးကဲ့သို့ ဖြစ်ပြီး၊ လူအများက သူမကို လှမ်းဖမ်းရန် တွန်းအားဖြစ်ပေါ်စေသည်။
ထိုကဲ့သို့သော အပြောအဆိုမျိုးသည် ဤမြင့်မြတ်သော သခင်လေးများ၏ စိတ်နှလုံးကို နာကျင်စေကာ သွေးဆောင်မှုကို မထိန်းနိုင်ကြတော့ပေ။
"ဟမ့်" လော်ယွန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး နာရီကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။ "အီယာ…၊ ဒီခန်းမအစည်းအဝေးကြီးက ပြီးတော့မယ်။ ငါစောင့်နေရတာ တော်တော်ကြာသွားပြီ။ ငါ ဂါရဝပြုဖို့ နန်းတော်ကို သွားရဦးမယ်။ အားလုံး, ကျေးဇူးပြုပြီး လုပ်စရာရှိတာ လုပ်ကြပါ။"
လော်ယွန်သည် အစောင့်များက သူမကိုလိုက်မပို့မီ သူမ၏ခေါက်ယပ်တောင်ကို ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
“ကျွန်တော်လည်း ပြန်ပါတော့မယ်။ နောက်လမှာ ကျွန်တော်က အင်ပါယာစာမေးပွဲ ဖြေရတော့မယ်။ ကျွန်တော်က ပညာရှင်တွေရဲ့ စာအုပ်တွေကို ပြန်လေ့လာဖို့ လိုနေသေး တယ်။ သခင်မဆုက ခွင့်လွှတ်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။" ဟုန်ယွိသည် ငါးမန်းသတ်ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ခြံဝင်းဘက်သို့ လျှောက်သွားသည်။ သူသည် မီးလျှံတိမ်တိုက်မြင်း၏ ဇက်ကြိုးကို ကိုင်ထားပြီး နှုတ်ဆက်လိုက်ပါသည်။
"မမေ့နဲ့နော်၊ ငါ့ရဲ့လျှပ်စီးဖမ်းမြင်းကို မနှိပ်စက်ပါနဲ့။ နောက်တစ်ကြိမ် ငါ အနိုင်ယူပြီး ဒီမြင်းကို ပြန်ယူမှာ" ချန်လီမြို့စားငယ်လေးက ကမန်းကတန်း ပြောလိုက်သည်။ ရှင်းပါသည်။ ဤမြင်းသည်လည်း သူ့စိတ်ကြိုက်ဖြစ်နေပါသည်။
"ဟား…၊ ဟား၊ ဒီမြင်းကို လျှပ်စီးဖမ်းမြင်းလို့ ခေါ်တာလား။ တကယ့်ကို နာမည်ကောင်းပဲ။ မြို့စားငယ်လေး, ကျေးဇူးပြုပြီး ဂရုစိုက်ပါ။ ငါ သူ့ကို ကောင်းကောင်း ဂရုစိုက်ပါ့မယ်။” ဟုန်ယွိက လက်တစ်ဖက်ဖြင့် ဇက်ကြိုးကိုကိုင်ပြီး၊ တခြားလက်တစ်ဖက်ဖြင့် ခန့်ညားလှသောမြင်းကို လှမ်းရိုက်လိုက် သည်။ သူသည် အရမ်းပျော်ရွှင်နေပါသည်။
ဟုန်ယွိသည် ဤကဲ့သို့ မြင်ကွင်းကို စိတ်ကူးယဉ်နေသည်မှာ ကြာပါပြီ။ အခု နောက်ဆုံး တော့ သူသည် ထိုကဲ့သို့အခွင့်အရေးမျိုး ရလာခဲ့ပြီ။
ဟုန်ယွိသည် မြင်းစီးဖို့မစောင့်နိုင်တော့ဘဲ လမ်းတစ်လျှောက် ခုန်ပေါက်ပြေးထွက်သွားသည့် ခံစားချက်ကို မြင်ယောင်ကြည့်လိုက်ပါသည်။
"ဒါပေမယ့် ငါအရင်က မြင်းမစီးဖူးဘူး။ သူ့ရဲ့အလေ့အထနဲ့လည်း မရင်းနှီးဘူး။ တကယ်လို့, ငါ မြင်းစီးပြီးမှ ကိုယ့်ကိုကိုယ် လှည့်စားခံရရင် မကောင်းဘူး။" ရယ်မောပြီးနောက် ဟုန်ယွိသည် မြင်းပေါ်မတက်ခဲ့ပေ။ ယင်းအစား၊ သူသည် မြင်းကို ဆွဲထုတ်ပြသွားသည်။
ချန်လီမြို့စားငယ်လေးသည် ၎င်း၏ လျှပ်စီးဖမ်းမြင်းကို အဝေးကနေ လှမ်းကြည့်လိုက် သည်။ သူ့ပုံစံက သူ့မိန်းမနှင့် ကိုယ်လုပ်တော်တွေ ပြန်ပေးဆွဲခံရသည့်အတိုင်းပင်။
သို့သော် သူ ပြန်လှည့်ကြည့်လိုက်ပြီး ဆုမူကိုတွေ့လိုက်ရသောအခါ သူ့မျက်လုံးများက တောက်ပလာပြန်သည်။
"ဟုန်ကလန်မှာ တကယ်ကို ထူးချွန်တဲ့ တပည့်တစ်ယောက် ရှိနေတာပဲ။ သူ့ရဲ့ ကိုယ်ခံပညာက အပေါ်ယံလောက်ပဲ ရှိပေမယ့် သူ့စိတ်အခြေအနေက အရမ်းကို တည်ငြိမ် တယ်။ ငါက ကြီးမြတ်သောလမ်းစဉ်ရဲ့ နတ်သမီးစိတ်ကူးပုံဖော်ခြင်း ပညာရပ်ကို စိတ်ကူးပုံဖော်ခြင်းနယ်ပယ်ထိ လေ့ကျင့်ထားပြီး သားပါ။ လူတစ်ယောက်ရဲ့စိတ်ကို ရှုပ်ထွေးစေဖို့ မှော်မန္တာန်တောင် အသုံးပြုစရာမလိုဘူး။ ပေါ့ပေါ့ပါးပါး ကိုယ်ဟန်အမူအရာနဲ့တင် စိတ်ဝိညာဉ်နဲ့ ခန္ဓာကိုယ်က တစ်သားတည်ဖြစ်လာပြီး၊ နတ်သမီးရဲ့စိတ်နေစိတ်ထားကို ပိုင်ဆိုင်လိမ့်မယ်။ သူက ဘယ်လိုလုပ် ဒီလောက်မြန်မြန် နိုးထနိုင်တာလဲ။ ဖြစ်နိုင်တာက, သူက သူ့စိတ်နှလုံးထဲမှာ သူတော်စင်ရှိခြင်းနယ်ပယ်အထိ အမှန်တကယ် လေ့လာထားလို့ များလား။ ဖြစ်နိုင်တာက, သူ့စိတ်ဝိညာဉ်က သန်မာနေပြီး၊ သူ့မြင့်မြတ်သော စိတ်ဝိညာဉ် က အစွန်းတဖက်နှင့် ပြည့်နေလို့များလား။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ပညာရှင်တွေက တာအိုဝါဒီတွေထက် အဆတစ်ရာ ပိုများနေတာ ဖြစ်မယ်။ ဒီလိုထူးချွန်သူတွေ ရှိနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။" ဆုမူသည် ဟုန်ယွိ၏ကျောပြင်ကို ကြည့်ပြီး သူမစိတ်ထဲမှာ အတွေးတွေဝင်လာပြီး ငြိမ်ကျသွားပါသည်။ (သူတော်စင်ရှိခြင်းနယ်ပယ်ဟူသည် ပညာရှင်တွေအပေါ် အသုံးပြုသည့် နယ်ပယ်တစ်ခု ဖြစ်ဟန်တူပါသည်။ သို့သော် အတိအကျ မပါသေးသည့် မသိနိုင်သေးပါ။ ၎င်းနယ်ပယ်သည် စိတ်ဝိညာဉ် ကျင့်ကြံခြင်းနယ်ပယ်နှင့် သက်ဆိုင်ဟန် မတူပါ)။
"ကောင်းလိုက်တဲ့မြင်း။ ကောင်းလိုက်တဲ့ဓား။”
ဟုန်ယွိသည် မြင်းကို ဆွဲထုတ်လာပြီးနောက်၊ သူသည် မြို့စားစံအိမ်သို့ မပြန်တော့ပေ။ ယင်းအစား၊ သူသည် မြို့တံခါးမှ ခေါ်ဆောင်သွားကာ မြို့ပြင်တရားဝင်လမ်းပေါ် လူအနည်း ငယ်သ်ရှိသည့် အရပ်သို့ ရောက်ရှိလာခဲ့သည်။ သူသည် မြင်းစီးပညာရပ်၏ အဓိက အချက်တွေကို သေသေချာချာ အကဲဖြတ်နေသည်။
မြင်းစီးခြင်း၏ ပထမခြေလှမ်းမှာ မြင်း၏သဘောသဘာဝကို နားလည်ပြီး ၎င်းနှင့် ဆက်သွယ်ရန် ဖြစ်သည်။ မြင်းက ပိုကောင်းလေ၊ သူ့စိတ်နေစိတ်ထားက ပိုခက်ထန်လေ ဖြစ်သည်။ မြင်းပိုင်ရှင်သည်ပင် ၎င်းကို မထိန်းနိုင်သည်အထိ ဖြစ်နိုင်ပါသည်။
မျှော်လင့်ထားသည့်အတိုင်း၊ ဟုန်ယွိသည် ဤလျှပ်စီးဖမ်းမြင်းကို ထိကြည့်လိုက်သောအခါ, မြင်း၏မျက်လုံးများတွင် သရော်ခြင်းနှင့် ရိုင်းစိုင်းမှု အရိပ်အယောင်ကို ခံစားလိုက်ရသည်။
သူ တက်စီးသည်နှင့် မြင်းက ပြင်းပြင်းထန်ထန် ဆောင့်ချပစ်မည်မှာ သေချာပါသည်။
ဤအရာက စိတ်ပိုင်းဆိုင်ရာ ခံစားမှုတစ်ခု ဖြစ်ပါသည်။ သာမာန်လူတွေ နားမလည်နိုင်ပါဘူး။
သို့သော် ဟုန်ယွိသည် နေ့အချိန် ခရီးထွက်နိုင်သည်အထိ သူ့စိတ်ဝိညာဉ်ကို ကျင့်ကြံထား ပါသည်။ ထို့အပြင် သူသည် မြေခွေးများနှင့် နေထိုင်ဖူးသည့် အတွေ့အကြုံလည်း ရှိသည်။ တိရိစ္ဆာန်များသည် လူသားများနှင့် အတူတူပင်ဖြစ်ကြောင်း သူသိသည်။ သူတို့ အားလုံးမှာ အသိဉာဏ်နှင့် ခံစားချက်တွေ ရှိကြပါသည်။ အထူးသဖြင့် လူသားများနှင့် ထိတွေ့ပြီး၊ လူသားများ လေ့ကျင့်ပေးလေ့ရှိသော သာလွန်ကောင်းမွန်သည့် စစ်မြင်းမျိုး ဖြစ်သည်။ ၎င်းတို့သည် မြေခွေးတွေလို စိတ်ပညာရပ်ကို မပိုင်ဆိုင်ကြသလို, လူသားတွေလို မီးကို အသုံးနည်း၊ ထမင်းချက်၊ စိုက်ပျိုးခြင်း၊ စာအုပ်ဖတ်နည်းတွေကို သင်ယူလေ့လာနိုင်စွမ်း မရှိကြသော်လည်း လူသားတွေကို ကောင်းကောင်း နားလည်နိုင်ပါသေးသည်။ အထူးသဖြင့်, ၎င်းတို့၏သခင်နှင့် ဆက်သွယ်နိုင်ကြပါသည်။
ထို့ကြောင့် သူသည် ဤလျှပ်စီးဖမ်းမြင်း၏ အတွေးများဖြင့် မြင်နိုင်ပါသည်။
"ချာရိုမြင်းတွေမှာ သန်မာတဲ့ ခွာလေးခုရှိပြီး၊ ကြွက်သားတွေလည်း အပြည့်ရှိတယ်။ ၎င်းတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဆီပိုမရှိဘူး။ ခွန်အားနဲ့ ရုပ်ခန္ဓာ ကြံ့ခိုင်မှုအရဆို၊ ၎င်းတို့က ထိပ်တန်းသိုင်းသခင် ဒါမှမဟုတ် ရှင်တန်သိုင်းသခင်အဆင့်နဲ့တောင် ညီမျှလုနီးပါးပဲ" ဟုန်ယွိသည် ချာခိုရောမဒေသ၏ မြင်းစီးခြင်းနှင့် လေးပစ်ခြင်းဆိုင်ရာ အခန်းတွင် ချာရိုမြင်းတွေနှင့်ပတ်သက်သည့် သိုင်းပညာအဆင့်သတ်မှတ်ချက် မှတ်တမ်းများကို ပြန်လည် အမှတ်ရသွားခဲ့သည်။
လူတစ်ယောက်၏ ကိုယ်ခံပညာသည် ရှင်တန်သိုင်းသခင်နယ်ပယ်သို့ ရောက်သောအခါ၊ ထိုလူ၏ကလီစာငါးပါးနှင့် အစာအိမ်အောက်ရှိ အစာအိမ်၏ အစိတ်ပိုင်းခြောက်ပါးတို့သည် အားကောင်းလာကြလိမ့်မည်။ အထင်ရှားဆုံးသော လက္ခဏာမှာ ထိုလူ၏ခွန်အားသည် ကြီးမားလာပေလိမ့်မည်။ သူသည် ကဆုန်ပေါက် ပြေးနေသောမြင်းတစ်ကောင်ကဲ့သို့ လျှင်မြန်စွာ လျှောက်လှမ်းနိုင်လိမ့်မည်။ လူတစ်ဦးသည် တစ်နေ့လျှင် မိုင်တစ်ထောင်နှင့် တစ်ညလျှင် မိုင်ရှစ်ရာ ခရီးထွက်နိုင်သည့် ခြေထောက်ခွန်အားများ ပိုင်ဆိုင်လာမည် ဖြစ်သည်။
ဤချာရိုမြင်းများသည်သည် အလေးချိန် ကီလိုဂရမ် တစ်ထောင်ကျော် ရှိသည်။ ၎င်းတို့ ပြင်းထန်စွာ လှုပ်ခါလိုက်သောအခါ၊ ၎င်းသည် ထိပ်တန်းသိုင်းသခင် သို့မဟုတ် ရှင်တန် သိုင်းသခင်တစ်ဦးနှင့် ညီမျှသည်။ ဟုန်ယွိ၏ လက်ရှိအင်အားဖြင့် ၎င်းကို ထိန်းကျောင်းနိုင် မည် မဟုတ်ပေ။ သူသည် တစ်ပိုင်းသေသည်အထိ လွှင့်ပစ်ခံရဖွယ် ရှိသည်။
ဟုတ်ပါတယ်၊ ဤအရာက သန့်စင်သည့် ခွန်အားနှင့် ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မူကို နှိုင်းယှဉ်ရုံ သက်သက်ဖြစ်ပါသည်။ ခွန်အားအရဆိုလျှင် ထိပ်တန်း သိုင်းသခင် သို့မဟုတ် ရှင်တန် သိုင်းသခင်တစ်ဦးသည် မြင်းတစ်ကောင်ထက် အဆတစ်ရာ အားကောင်းနေပါသည်။ ကီလိုဂရမ်တစ်ရာ သို့မဟုတ် နှစ်ရာအလေးချိန်သာရှိသော လူတစ်ဦးသည် ကီလိုဂရမ် တစ်ထောင် သို့မဟုတ် နှစ်ထောင်အလေးချိန်ရှိသော မြင်းတစ်ကောင်၏ ခွန်အားနှင့် ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မူမျိုးကို ပိုင်ဆိုင်နေပါက, ၎င်းသည် အလွန်ကြောက်စရာကောင်းပေလိမ့်မည်။
"အို… ဟုတ်သားပဲ၊ ငါ မြင်းနဲ့ဆက်သွယ်ဖို့ ဝိညာဉ်ပညာရပ်ကို ဘာလို့ အသုံးမပြုတာလဲ။"
ဟုန်ယွိသည် ရုတ်တရက် အကြံတစ်ခုရသွားသည်။ အနောက်တောင်တန်းများ၏ ချိုင့်ဝှမ်း ထဲမှာ ဘာသာစကား အတားအဆီးနှင့်ပတ်သက်ပြီး အခက်ခဲကြုံခဲ့ဖူးသည်ကို သူ သတိပြန်ရမိသည်။ ထို့ကြောင့် သူသည် မြေခွေးငယ်များနှင့် စကားပြောရန် သူ့ခန္ဓာကိုယ် ကို စွန့်ခွာခဲ့ရသည်။
ဤမြင်းသည် သူ့ခန္ဓာကိုယ်ကို သေချာပေါက် စွန့်ခွာနိုင်မှာ မဟုတ်သော်လည်း, ဟုန်ယွိ သည် သူ့အိပ်မက်ထဲကို ဝင်ရောက်ပြီး မြင်းနှင့် ဆက်သွယ်ရန် ပုံရိပ်ဖော်ပညာရပ်ကို အသုံးပြုနိုင်ပါသည်။
"ဒါက အခွင့်ကောင်းပဲ။ အခုချိန်က နေမင်းကြီးကို တိမ်တွေက ဖုံးလွှမ်းနေတယ်။"
ဟုန်ယွိသည် ကောင်းကင်ယံမှ နေကို မော့ကြည့်လိုက်တော့ တိမ်တိုက်ကြီးတစ်ခု ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသည်။ အချိန်ကောင်းဟု သူ တိတ်တဆိတ် တွေးလိုက်မိ သည်။ အကယ်၍, နေထွက်လာမည်ဆို, သူသည် သူ့ခန္ဓာကိုယ်ထဲက မထွက်ရဲတော့ပါဘူး။
သူသည် မျက်လုံးမှိတ်ပြီး သူ့ခန္ဓာကိုယ်ကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ထို့နောက် သူ၏စိတ်ဝိညာဉ်သည် သူ့ခေါင်းထိပ်မှ ခုန်ထွက်သွားသည်။
"လျှပ်စီးဖမ်းမြင်း, မင်း ပင်ပန်းနေပြီ။ သွားအိပ်ချေတော့။ မင်း ပိုးချည်သားတိမ်တိုက်ထဲမှာ ရှိနေသလိုမျိုး မင်းခန္ဓာကိုယ်ကို ဖြေလျော့လိုက်ပါ။" ဟုန်ယွိ၏စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်သွားပြီး အမျိုးမျိုးသော စိတ်ကူးပုံဖော်မှုများ ပြုလုပ်ခဲ့သည်။ သူ၏ အတွေးများသည် ချာရိုမြင်း၏ ဦးနှောက်ထဲသို့ တည့်တည့် တိုးဝင်သွားသည်။
ဤသည်မှာ "အိပ်မွေ့ချနည်း" ဖြစ်သည်။ ၎င်းသည် စိတ်ဝိညာဉ်ကို ရှုပ်ထွေးစေမည့် ပုံရိပ် ဖော်ခြင်း၏ အနိမ့်ဆုံးအဆင့် ဖြစ်သည်။ တာအိုကျမ်းများတွင် ၎င်းကို မှတ်တမ်းတင်ထား သည်။
ဟုန်ယွိ ၎င်းပညာရပ်ကို အသုံးပြုလိုက်သည်နှင့် မြင်း၏မျက်လုံးများသည် အစပိုင်းတွင် ပဟေဠိ ဖြစ်သွားခဲ့သည်။ နောက်တော့ သူသည် နည်းနည်း ရှုပ်ထွေးလာပြီး နောက်ဆုံး တော့ အိပ်ပျော်သွားခဲ့သည်။
ဟုန်ယွိသည် ချက်ခြင်းပင် သူ့စိတ်ဝိညာဉ်ကို အသုံးပြု၍ လျှပ်စီးဖမ်းမြင်း၏ အတွေးများကို စူးစမ်းလေ့လာခဲ့သည်။
ရုတ်တရက် သူသည် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရပါသည်။
ဤသည်မှာ အကန့်အသတ်မရှိသော စစ်မြေပြင်တစ်ခု ဖြစ်နေခဲ့ပါသည်။
အခန်း (၄၄)။
လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ၊ သူတို့၏ ဝိညာဉ်တွေ အိပ်မောကျနေချိန်မှာ အားနည်းဆုံး ဖြစ်ပြီး၊ တိုက်ခိုက်ဖို့ အကောင်းဆုံးချိန် ဖြစ်ပါသည်။ လူများကို ဒုက္ခပေးသည့် နတ်ဆိုးများပင်လျှင်, သူတို့သည် ညဘက်တွင် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေသည့်အချိန်ကို ရွေးချယ်ကြသည်။
ထို့အပြင်၊ ၎င်းတို့၏ အိပ်မက်များထဲတွင် ၎င်းတို့၏ စိတ်ဝိညာဉ်ထဲမှ အလေးနက်ထားဆုံးသော အမှတ်ရစရာအချို့ ထွက်ပေါ်လာပြီး၊ ထိုအမှတ်ရစရာ များကို နတ်ဆိုးများနှင့် သရဲတစ္ဆေများ ချောင်းကြည့်ခွင့်ပေးထားသည်။
ယခု ဟုန်ယွိ၏စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး၊ ပုံရိပ်ဖော်ခြင်းကို စတင်ကာ၊ အိပ်မက်ထဲသို့ ဝင်လာတော့သည်။ သူသည် မြင်းကို ဦးစွာအိပ်စက်စေပြီး ၎င်းနှင့် ဆက်သွယ်ရန် ပြင်ဆင်ခဲ့သည်။ ထို့နောက် မြင်း၏မှတ်ဉာဏ်ထဲတွင် အလေးနက် ထားဆုံးသော အမှတ်ရစရာများကို သူ တွေ့ရှိလိုက်ရသည်။
ကန္တာရထဲတွင် အကန့်အသတ်မရှိသော စစ်မြေပြင် ဖြစ်ခဲ့သည်။ သတ်ဖြတ်လိုသည့် ဆန္ဒတွေက လေထဲတွင် ပြည့်လျှံနေပြီး သွေးများနှင့် ဆေဘာ အလင်းတန်းတွေက နေရာတိုင်းမှာ ရှိနေခဲ့သည်။ မြင်းတပ်သားများ ထိပ်တိုက်တွေ့ကာ၊ စစ်ဗုံများတီးပြီး၊ အလံများက လေထဲတွင် တဖျပ်ဖျပ် လွင့်ပျံနေသည်။
"နှစ်ဖက်တပ်က တော်ဝင်ချန်မင်းဆက်တပ်နဲ့ ချာရာဒေသရဲ့မီးလျှံတိမ်တိုက်မြင်းတပ်တွေပဲ။"
လျှပ်စီးဖမ်းမြင်း၏မှတ်ဉာဏ်ရှိ စစ်မြေပြင်သည် တော်ဝင်ချန်မင်းဆက်စစ်တပ်နှင့် မီးလျှံတိမ်တိုက်မြင်းတပ်တို့ကြား တိုက်ပွဲဖြစ်သည်ကို ဟုန်ယွိ ချက်ချင်း မှတ်မိခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်တွင် ချပ်ဝတ်တန်ဆာများနှင့် အလံများပါရှိပြီး၊ အားလုံးက တော်ဝင်ချန်မင်းဆက် ဘာသာ စကားနှင့် ဝတ်စားဆင်ယင်ထားမူများကြောင့် ဖြစ်သည်။
စစ်မြေပြင်တွင်၊ လျှပ်စီးဖမ်းမြင်းသည် ယခုအခါ သံချပ်ကာအပြည့်အစုံ တပ်ဆင်ထားပြီး ဖြစ်သည်။ သံချပ်ကာ ဦးခေါင်း၊ လည်ပင်း၊ ခန္ဓာကိုယ်နှင့် တင်ပါးများကို ဖုံးအုပ်ထားသည်။ မြင်းသည် တကယ့် "သံမဏိမြင်းတစ်ကောင်" ဖြစ်လာသည်။
ဟုန်ယွိသည် မြင်းချပ်ဝတ်တန်ဆာ၏ လေးလံသောအလေးချိန်ကိုပင် ခံစားနိုင်သည်။ အကယ်၍, ၎င်းချပ်ဝတ်ကို သူဝတ်ထားမည်ဆိုလျှင် ကြမ်းပြင်ပေါ် ကျိန်းသေပေါက် ပစ်လဲကျသွားလိမ့်မည်။
လျှပ်စီးဖမ်းမြင်းပေါ် စီးနင်ထားသူသည် ချပ်ဝတ်တန်ဆာ အပြည့်အစုံပါရှိသော မီးလျှံတိမ်တိုက်မြင်းတပ်သားတစ်ဦး ဖြစ်သည်။ သူ့လက်ထဲတွင် မီးလျှံတိမ်တိုက် ခုတ်ဓား နှစ်ချောင်းကို ကိုင်ထားသည်။ ဓားသည် နေရောင်ခြည်ကို မျက်နှာမူထားရင်း ကောင်းကင် လှေခါးပေါ်ရှိ တိမ်လွှာပုံစံများ အလွှာလိုက် ပေါ်လာသည်။
လျှပ်စီးဖမ်းမြင်းနှင့် မီးလျှံတိမ်တိုက်လူသားတို့သည် ၎င်းတို့၏ခုတ်ဓားများဖြင့် လေထဲတွင် ကခုန်နေကြသည်။ လူတစ်ယောက်နှင့် မြင်းတစ်ကောင်သည် လှုပ်ရှားနေသော သံမဏိ ခံတပ်နှင့်တူပြီး တော်ဝင်ချန်မင်းဆက်တပ်ထဲသို့ လျင်မြန်စွာ ဝင်ရောက်သွားသည်။
၎င်းတို့နောက်တွင် တူညီသော ချပ်ဝတ်တန်ဆာဆင်ထားသည့် ရာနှင့်ချီသော မြင်းတပ်သားများ ရှိနေခဲ့သည်။ သူတို့ တဟုန်ထိုး ပြေးဝင်လိုက်သည်နှင့် တောင်ပြိုကျသလိုမျိုး ရပ်တန့်၍မရနိုင်တော့ပေ။
ဤသည်မှာ ရေလွှမ်းမိုသလို ပေါက်ကွဲထွက်လာသော မြင်းတပ်တစ်တပ် ဖြစ်သည်။
အကန့်အသတ်မရှိသော စစ်မြေပြင်တွင် ထောင်နှင့်ချီသော တော်ဝင်ချန်၏ စစ်သားများ ရှိနေသည်ကို ဟုန်ယွိက မြင်ရသည်။ လူရာနှင့်ချီသော သံမဏိမြင်းများ၏ ရိုက်ခတ်မှု အောက်တွင် ထူထပ်သောဖွဲ့စည်းပုံသည် ချက်ချင်း ပြိုကျသွားသည်။ ရှေ့တွင် ရပ်နေသော စစ်သည်များသည် မြင်းများနှင့် တိုက်မိသောအခါ ချက်ခြင်း နောက်ဆုတ်သွားကြသည်။ သူတို့သည် လျင်မြန်စွာ ရှောင်တိမ်းနေလျှင်ပင် မြင်းပေါ်မှ ထွားကြိုင်းသော အမျိုးသားများ၏ ဦးခေါင်းများကို ခုတ်ထစ်ခြင်း ခံရပေလိမ့်မည်။
မြှားများသည် ကျိုင်းကောင်များကဲ့သို့ ပျံတက်သွားသော်လည်း၊ ၎င်းတို့အားလုံးကို ၎င်းကိုယ်ပေါ်မှ ချပ်ဝတ်တန်ဆာများက ကာကွယ်ပေးထားသည်။
မြေကြီးပေါ်မှာ လိမ့်ဆင်းနေသော ဦးခေါင်းများ၏ မြင်းခွာများ၏ တက်နင်းမူအောက်တွင် အပိုင်းပိုင်း ကွဲထွက်ကုန်သည်။ အနီရောင်နှင့် အဖြူရောင်တို့သည် သဲကန္တာရကို ဆော့အရည်အလွှာတို့ဖြင့် ဖုံးလွှမ်းထားပါသည်။
"ဒါက တကယ့်စစ်မြေပြင်ပဲလား။ ဝမ်းနည်းကြေကွဲဖွယ်ကောင်းလွန်းတယ်။" ဟုန်ယွိသည် ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အံ့ဩသွားပါသည်။ "ဒါက ချာရာရဲ့ မီးလျှံတိမ်တိုက် မြင်းတပ်လား။ ရက်စက်လွန်းတယ်။ စီးနင်းသူ ရာဂဏန်းလောက်ပဲ ရှိနေလို့ပါလား။ မဟုတ်ရင်, ကမ္ဘာပေါ်မှာ သူတို့တဟုန်ထိုးစီးနင်းလာတဲ့ မြင်းတပ်ကို တားဆီးနိုင်သူ တစ်ဦးမှ ရှိမှာမဟုတ်ဘူး။ တော်ဝင်ချန်မင်းဆက်မင်းဆက်၏ စစ်မြင်းများသည် ရောမ အင်ပါယာရဲ့ရှေ့မှာ ဘာမှ မဟုတ်တော့ဘူး”။
စစ်မြေပြင်မှာ။
တော်ဝင်ချန်မင်းဆက်မင်းဆက်၏ စစ်မြင်းများသည် ရောမအင်ပါယာထက် ခေါင်း တစ်ဝက်ခန့် နိမ့်သည်။ ခွန်အား၊ အရွယ်အစား၊ အငွေ့အသက် သို့မဟုတ် တဟုန်ထိုး ပြေးလွှားခြင်းစွမ်းရည်အရဖြစ်စေ ၎င်းတို့သည် တူညီသောအဆင့်တွင် ရှိမနေခဲ့ပါချေ။ သာမာန်မြင်းနှင့် ခွေးကြီးတို့ကြားက ကွာခြားချက်အတိုင်းပင်။ (chara - ဟူသောအမည် သည် ၎င်း၏ဇာစ်မြစ်ပေါ်မူတည်၍ အဓိပ္ပါယ်များစွာရှိသည်။ ဂရိဘာသာစကားမှာ Chara (Χαρά) ဟု အဓိပ္ပါယ်ရပါသည်။
ထို့အတွက်ကြောင့် ရောမအင်ပါယာစစ်တပ်၏ ရာနှင့်ချီသော မီးလျှံတိမ်တိုက်မြင်းတပ် တဟုန်ထိုး ပြေးတက်လာသောအခါ ရပ်တန့်နိုင်စွမ်း မရှိတော့ပေ။
ဤအခိုက်အတန့်တွင် ထူထပ်စွာရှိနေသော ချန်စစ်တပ်မှ ရှည်လျားသော ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာသည်။ တော်ဝင်ချန်စစ်သားများသည် ဒီရေလှိုင်းကဲ့သို့ ဘယ်ညာ ပြန့်ကျဲနေပြီး သံမဏိချပ်ဝတ်တန်ဆာ အပြည့်တပ်ထားသည့် တော်ဝင်ချန် စစ်သည်တန်းကို ထုတ်ဖော်ပြသလိုက်၏။ သူတို့ သံခမောက်တွေပေါ်မှ နှာခေါင်းအကာကွယ်များသည် အနက်ရောင်သံမဏိနှင့်တူပြီး အထူးကြီးမားသည်။
ထိုတော်ဝင်ချန်စစ်သားများသည် ရှည်လျားသော ပုဆိန်တစ်ချောင်းကို ကိုယ်စီ ကိုင်ဆောင်ထားကြပါသည်။ ပုဆိန်၏မျက်နှာပြင်သည် ဘီးကဲ့သို့ ကြီးမားပြီး လက်ကိုင် သည် လက်မောင်းကဲ့သို့ ထူပါသည်။ ဤအချက်က ထိုပုဆိန် မည်မျှလေးလဲဆိုသည်ကို ပြသနေပါသည်။
ထိုစစ်သည်များသည် တစ်ရာထက်မနည်း ရှိပါသည်။
သို့သော် သူတို့သည် ထိုနေရာမှာပင် ရပ်နေကြရင်း, မြင်းလျှံတိမ်တိုက်မြင်းတပ်၏ သက်ရောက်မှုကို ခံယူကြမည့် မြင့်မားသော တောင်ကြီးများကဲ့သို့ပင်။
ခေါင်းဆောင်သည် ချပ်ဝတ်တန်ဆာ အပြည့်အစုံကို ဝတ်ဆင်ထားသော်လည်း သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မူမရှိကြောင်း ဟုန်ယွိ ခံစားမိသည်။ ၎င်းသည် သံမဏိချပ်အောက်မှာ အားနည်းသည့် ပညာရှင်တစ်ယောက် ဖြစ်ပုံရပါသည်။
သို့သော် သူ့လက်ထဲက ဘီးပုံစံပုဆိန်သည် သူ့အနားက စစ်သားတွေထက်ပင် ပိုကြီးပြီး လူထက်တောင် ကြီးမားပါသည်။
ရုတ်တရက် သူသည် ခုန်တက်ပြီး ကျားသစ်တစ်ကောင်လို ပြေးထွက်လိုက်သည်။ တခဏချင်းမှာပင် သူသည် ခြေလှမ်း ၅ဝ အကွာအဝေးကို ဖြတ်ကျော်ပြီး သူ့လက်ထဲက ပုဆိန်သည် လေးလံသော သံချပ်ကာများ ဝတ်ဆင်ထားသည့် "မီးလျှံတိမ်တိုက်မြင်းတပ်" ကို ရင်ဆိုင်တွေ့လိုက်ပါသည်။
ပုဆိန်သည် အနည်းဆုံး ၁၅၀၀ ကီလိုဂရမ် အလေးချိန်ရှိသည်။ သံမဏိခံတပ်ကဲ့သို့ ဖြစ်နေသည့် မီးလျှံတိမ်တိုက်မြင်းတပ်သည် ဤပုဆိန်ကြောင့် နှစ်ပိုင်းကွဲသွားခဲ့သည်။ သူတို့၏ချပ်ဝတ်တန်ဆာများသည် နေရာအနှံ့ ကွဲထွက်သွားပြီး နှစ်ပိုင်းကွဲသွားသည်။
စိတ်အနှောက်အယှက်ဖြစ်စေသော ဤမြင်ကွင်းသည် ဟုန်ယွိ၏စိတ်နှလုံးကို ခုန်စေကာ သူ့စိတ်ကို ထိန်းချုပ်နိုင်မူ ပျောက်ဆုံးလုနီးပါးပင်။
လူသားများသည် ဤမျှကြီးမားသော စွမ်းအားကို အသုံးချနိုင်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး။
ခေါင်းဆောင်က လှုပ်ရှားလိုက်သည်နှင့် သူ့နောက်မှ ပုဆိုင်ကိုင် စစ်သည်တော်များသည် ပြင်းထန်စွာ ခုန်တက်လာပြီး လေးလံသော သံချပ်ကာဝတ် မီးလျှံတိမ်တိုက်မြင်းတပ်နှင့် အပြင်းအထန် တိုက်မိသွားကြသည်။ သံမဏိ၏ ပြင်းထန်စွာ တိုက်မိမှုကြောင့် ပြင်းထန် သော မီးလျှံအလုံးများ ဖြားထွက်လာပြီး သံမဏိမြင်းတပ်သည် လောင်ကျွမ်းနေသကဲ့သို့ ဖြစ်နေသည်။
ဟင့်အင်း
လျှပ်စီးဖမ်းမြင်းပေါ်မှ ထွားကြိုင်းသောလူသည် "ပုဆိန်တပ်" ၏ ခေါင်းဆောင်ဆီသို့ တစ်ဦးတည်း ပြေးဝင်သွားခဲ့သည်။ သူသည် ဓားဖြင့် ခုတ်သော်လည်း လွဲချော်သွားခဲ့သည်။ ခေါင်းဆောင်သည် ပြင်းထန်စွာ ခုန်တက်လာပြီး ပုဆိန်ကို အလျားလိုက် ခုတ်ပိုင်းလိုက်ကာ ထွားကျိုင်းသော ထိုလူ၏ခန္ဓာကိုယ်ကို ထိမှန်သွားပါသည်။ သံချပ်ကာအပြည့်နှင့် အလေး ချိန် ၁၅၀ ကီလိုဂရမ်ထက်မနည်းရှိသော လူထွားကြီးသည် စာခြောက်ရုပ်ကဲ့သို့ လွင့်ပျံ သွားလေသည်။
ထိုနောက်မှာတော့ ခေါင်းဆောင်က ခုန်ပြီး လျှပ်စီးဖမ်းမြင်းပေါ်မှာ ထိုင်လိုက်သည်။
လျှပ်စီးဖမ်းမြင်းသည် ပြင်းပြင်းထန်ထန် ရုန်းကန်သော်လည်း “ပုဆိန်တပ်” ခေါင်းဆောင် က အေးစက်စွာ ဟစ်အော်ပြီး အောက်သို့ ဖိနှိပ်လိုက်သည်။ ဘန်း.. လျှပ်စီးဖမ်းမြင်းသည် မခုခံနိုင်တော့ဘဲ သဲကန္တာရထဲတွင် ဒူးထောက်လိုက်ရသည်။
ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် လျှပ်စီးဖမ်းမြင်း၏ အတွေးမှ အဆုံးမဲ့ အရှက်ရမှုကို ခံစားလိုက်ရသည်။
"ချန်မင်းဆက် အရှည်တည်တံ့ပါစေ,၊ ဝမ်ရီ အသက်တော်ရာကျော်ရှည်ပါစေ။ ...
မိုးခြိမ်းသံသဖွယ် ဟစ်အော်သံများက အရပ်မျက်နှာအသီးသီးမှ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
ဤခေါင်းဆောင်သည် သူ၏ဖခင် သိုင်းသူတော်စင် ဟုန်ရွှန်ကျိကဲ့သို့ နာမည်ကြီးသည့် တော်ဝင်ချန်မင်းဆက်၏ နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး ဖြစ်သည်ကို ဟုန်ယွိ သိလိုက်ပါသည်။
အတွေးတစ်ချက်ဖြင့် ဟုန်ယွိသည် ရုတ်တရက် ပုံရိပ်ဖော်လိုက်ပြီး နတ်ဘုရားစိတ်ဝိညာဉ်နည်းပညာကို အသုံးပြုခဲ့သည်။
"ယာကရှာနတ်ဆိုးဘုရင်"
အတွေးတစ်ချက်ဖြင့် ခန္ဓာကိုယ်ကို အကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး အစိမ်းရောင် မျက်နှာ, အစွယ်သုံးချောင်းနှင့် သံမဏိသုံးမြှောင့်ခက်ရင်းကို ကိုင်ဆောင်ထားသည့် ယာကရှာ နတ်ဆိုးဘုရင်သည် ပြင်းထန်စွာ ခုန်ဆင်းလာပြီး၊ ခွန်အားဘုရင် လျှပ်စီးဖမ်းမြင်းကို မှောက်လှန်လိုက်လေသည်။ ထို့နောက် ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။ တိမ်မည်း တွေက ကောင်းကင်ယံမှာ လူးလိမ့်လာပြီး တော်ဝင်ချန်စစ်တပ်၏ မြင်ကွင်းလည်း နစ်မြုပ် သွားခဲ့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေ၏။
ရုတ်တရက်ပင် ရွှေရောင်အလင်းတန်းတစ်ခု လင်းလက်သွားခဲ့ပြီး၊ ကောင်းကင်ကြီးလည်း ပွင့်လာသည်။ ဟုန်ယွိ၏ခန္ဓာကိုယ်သည် အလယ်ဗဟို အမြင့်တစ်နေရာတွင် ထိုင်နေပြီး ယာကရှာနတ်ဆိုးဘုရင်သည် မြေပြင်ပေါ်တွင် ဝပ်နေ၏။
"ယာကရှာနတ်ဆိုးဘုရင် ပြန်လာပါ" ဟုန်ယွိက ပြောလိုက်ပါသည်။ ယာကရှာနတ်ဆိုး ဘုရင်သည် ဟိန်းဟောက်ပြီး ကောင်းကင်သို့ ပျံတက်သွားပါသည်။
အိပ်မက်ထဲတွင် လျှပ်စီးဖမ်းမြင်းသည် ဧရာမဟုန်ယွိကြီးကို ထိတ်လန့်တုန်လှုပ်သော အမူအရာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်နေလေ၏။
တခဏချင်းမှာပင် ဟုန်ယွိ၏ ခန္ဓာကိုယ်သည် မူလအနေအထားကို ပြန်ရောက်သွားပြီး အိပ်မက်တွေအားလုံးလည်း ပျောက်ကွယ်သွားခဲ့သည်။
လျှပ်စီးဖမ်းမြင်းသည် ခေါင်းကို ခါယမ်းပြီး၊ သူ့မျက်လုံးများက စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။ သူ အိပ်ရာက နိုးလာပြီးနောက် သူ့အိပ်မက်ကို အရမ်းသိချင်ပုံရ၏။
သူ မျက်လုံးကို ဖွင့်လိုက်သည်နှင့် ဟုန်ယွိကိုမြင်လိုက်ပြီး၊ မြင်းမျက်လုံးတစ်စုံက ဖုံးကွယ်၍မရသော ထိတ်လန့်မူများဖြင့် ပြည့်နေခဲ့သည်။
"ယာကရှာနတ်ဆိုးဘုရင် ပြန်လာပါ" ဟုန်ယွိက လျှပ်စီးဖမ်းမြင်းကို ပြုံးပြီး အိပ်မက်ထဲက အတိုင်း တူညီသည့်စကားတွေကို ပြောလိုက်ပါသည်။
လျှပ်စီးဖမ်းမြင်းသည် အလွန်ကောင်းမွန်သော လေ့ကျင့်မှုကို ခံယူခဲ့ရသည်မှာ ထင်ရှားပါသည်။ ၎င်းသည် လူ့အပြောအဆိုကို နားလည်နိုင်ပြီး လူတို့၏ ဆိုလိုရင်းကို နားလည်နိုင်သည်။ ဟုန်ယွိ၏အသံကိုကြားပြီး သူ့အမူအရာကိုမြင်သည့်အခါ မြင်း၏ခန္ဓာကိုယ်က တုန်လှုပ်သွားပါသည်။ ရှည်လျားသော မြင်းမျက်နှာသည် လူသားတစ်ယောက်ကဲ့သို့ အံ့အားသင့်သွားသည့် အမူအရာကို ထင်ရှားပေါ်လွင်စေသည်။
ဟုန်ယွိက ပြုံးနေသေးသည်။ သူသည် လျှပ်စီးဖမ်းမြင်း၏ မီးလျှံတိမ်တိုက်များကဲ့သို့ သားမွေးများကို ထိလိုက်ပြီး၊ ခက်ထန်သောမြင်းသည် လုံးဝ ငြိမ်သက်သွားသည်ကို ခံစားလိုက်ရပါသည်။ ရုတ်တရက်, သူသည် ကုန်းနှီးကို ဆွဲကိုင်ပြီး သူ့ကိုယ်တိုင် မြင်းပေါ်သို့ ခုန်တက်လိုက်သည်။
လျှပ်စီးဖမ်းမြင်းသည် အလွန်တိတ်ဆိတ်နေ၏။ ဂနာမငြိမ်ခြင်း သို့မဟုတ် ကဆုန်ပေါက် ခြင်း မည်သည့်အရိပ်အယောင်မျှ မရှိခဲ့ပေ။
အခန်း (၄၅)။
"သခင်လေး၊ မင်းရဲ့နှလုံးသားက မြင်းကို မခွာစေရဘူး။"
“မြင်းစီးရာတွင် ခါးမှခွန်အားကို လိုအပ်ပါသည်။ ခါးကခွန်အားကို ရယူပြီး ကုန်းနှီးမှာ ကပ်နေရန် ပေါင်ခွကြားကို အသုံးပြုရပါသည်။ ပေါင်ခွကြားကို ကုန်းနှီးပေါ်တွင် ကပ်ထားသင့်၏။ ခါးက ဖြောင့်မတ်ပြီး ခိုင်ခံ့နေသင့်ကာ၊ ကျန်သည့်အရာများမှာလည်း အပေါ်ယံမဟုတ်ရပေ။ သင်၏ဒူးတွေကို ကုန်းနှီးနှင့် ကပ်ထားပါ။ သင့်မေးရိုးတွေကို မြင်းကျောရိုးနှင့် နီးကပ်အောင်ထားပြီး၊ သင့်ခြေထောက်တွေက ခပ်ဖွဖွထားကာ၊ လက်တွေက မြင်းဇက်ကို ထိန်းထားရမည်။ မြင်းကျောရိုးကို မတွန်းရ။ မြင်းဝမ်းဗိုက်ကို ချိတ်မထားရပေ။”
ဟုန်ယွိသည် "လျှပ်စီးဖမ်း" ရိုမန်မြင်းနှင့် ဆက်သွယ်ရန်အတွက် ခန္ဓာကိုယ်ပြင်ပ ပုံရိပ် ယောင်လှည့်ဖြားခြင်း ပညာရပ်ကို အသုံးပြုခဲ့ရသည်။ သူသည် ကုန်းနှီးပေါ်သို့ ခုန်တက်လိုက်ပြီး ဇက်ကြိုးကို ကိုင်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ခက်ထန်သော မြင်းသည် မလှုပ်မယှက်ဘဲ အေးအေးဆေးဆေး တက်နိုင်ခဲ့သည်။
ပညာရပ်ခြောက်မျိုးကျမ်းစာ၏ မြင်းစီးခြင်းအပိုင်းဖြစ်သည့် "စီးနင်းခြင်း" အပိုင်းကို သူသည် တိတ်တဆိတ် ရွတ်ဆိုခဲ့သည်။ သူသည် အရေးကြီးသော အချက်အားလုံးကို နှလုံးသားဖြင့် သိနေသည်။
တစ်ချိန်တည်းမှာပင်၊ ဟုန်ယွိသည် မြင်းကို ထိန်းချုပ်နိုင်ရန် အခြေခံအကျဆုံး "မြင်းစီး လက်သီး" ကို အသုံးပြုခဲ့သည်။
ဤ"မြင်းစီးလက်သီး"သည် အခြေခံပညာရပ်တစ်ခု ဖြစ်သည်။ ၎င်းသည် သိုင်းကျမ်း၏ ပထမပိုင်းဖြစ်ပြီး၊ ၎င်းသည် အနှောင့်အယှက်ကင်းကင်းဖြင့် လေ့ကျင့်နိုင်သည့် တစ်ခုတည်းသော သိုင်းပညာ ဖြစ်သည်။ ၎င်းသည် လျင်မြန်ဖြတ်လက်မှုနှင့် တည်ငြိမ်သော အခြေခံအုတ်မြစ်ကို လေ့ကျင့်ပေးသော အခြေခံပညာရပ်တစ်ခုလည်း ဖြစ်သည်။
တော်ဝင်ချန်မင်းဆက်သည် စိုက်ပျိုးရေးအင်ပါယာ၊ ခြေသလုံးအင်ပါယာတစ်ခု မဟုတ်ပေ။ မြင်းများသည် အတော်ပင်ရှားပါးပြီး မြင်းစီးခြင်းနှင့် လေးပစ်ခြင်းတွင် စစ်သားများအား လေ့ကျင့်ပေးနိုင်ရန် ဤ"မြင်းစီးလက်သီး" အခြေခံပညာရပ်ကို ဖန်တီးခဲ့ကြသည်။ လက်ဗလာဖြင့် မြင်းအတုကို လေ့ကျင့်ရင်း အခြေခံအုတ်မြစ် တည်ငြိမ်သွားသည့်အခါ မြင်းပေါ်တက်စီးပြီး အချိန်အတော်ကြာ လေ့ကျင့်ခဲ့သည့်အတိုင်း အလိုအလျောက် လုပ်ဆောင်နိုင်ကြလိမ့်မည်။
ဟုန်ယွိသည် သိုင်းကျမ်းများနှင့် သမိုင်းကြောင်းများကို ရင်းနှီးကျွမ်းဝင်ခဲ့ပြီး၊ မြင်း တစ်ကောင်၏ အရေးပါပုံကို သဘာဝကျကျ သိရှိထားခဲ့သည်။ သူသည် နွားသိုးနတ်ဆိုး ခွန်အားပညာရပ်၏ လက်သီးကို လေ့ကျင့်နေစဉ် မြင်းစီးခြင်းနှင့် လေးပစ်ခြင်းအတွက် ပြင်ဆင်ရာတွင် ဤ"မြင်းစီးလက်သီး" ကို တိတ်တဆိတ် စဉ်းစားထားခဲ့သည်။
"သွား"
မြင်းပေါ်တက်ပြီးနောက် ကိုယ်ဟန်အနေအထားအားလုံး တင်းတင်းကျပ်ကျပ် ဖြစ်နေသည်။ ဟုန်ယွိသည် ဇက်ကြိုးကို ခါလိုက်ပြီး တစ်ချိန်တည်းမှာပင် သူသည် သူ၏ချီကို လှည့်ပတ်ကာ ကျယ်လောင်စွာ ဟစ်အော်လိုက်သည်။
လျှပ်စီးဖမ်းမြင်းသည် ဟုန်ယွိက ၎င်း၏ဇက်ကြိုးကို လှုပ်ခါအသံကို ကြားလိုက်ရသည်။ သူသည် ခေါင်းကိုပြန်လှည့်ကာ ကျောပြင်ပေါ်ရှိ ဟုန်ယွိကို လေးလေး နက်နက် ကြည့်လိုက်သည်။ သူသည် ၎င်း၏ခွာလေးခုကို ကန်ထုတ်ခြင်းဖြင့် တရားဝင်လမ်းပေါ်တွင် ပြင်းထန်စွာ ပြေးသွားခဲ့သည်။
လေပြင်းက သူ့ဆံပင်တွေကို နောက်သို့ ထောင်မတ်အောင် တိုက်ခတ်နေပါသည်။ သူသည် အသက်ရှူမဝသလို မျက်လုံးဖွင့်ရလည်း ခက်နေသည်။
ရံဖန်ရံခါ, သူသည် မျက်စိဖွင့်ကြည့်လိုက်တော့ တရားဝင်လမ်း၏ တစ်ဖက်တစ်ချက်စီက သစ်ပင်များနှင့် လယ်ကွင်းတွေကို မြင်နေရသည်။ သူ့ခန္ဓာကိုယ်က လွင့်စင်သွားသကဲ့သို့ ပေါ့ပါးနေ၏။
သူ့သွေးတွေက ဆူပွက်လာပါသည်။
ရံဖန်ရံခါ၊ တရားဝင်လမ်းတစ်လျှောက် ပြေးလွှားနေသော မြင်းစီးသူများကို မြင်နိုင်သော် လည်း လျှပ်စီးဖမ်းမြင်းသည် မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ကို ကျော်တက်သွားကာ အချိန်အနည်းငယ်အတွင်းမှာပင် ၎င်းတို့ကို အဝေးမှာ ချန်ထားရစ်ခဲ့သည်။ နောက်ထပ် အသက်ရူချိန် တစ်ဒါဇင် သို့မဟုတ် ဤမျှလောက်သော အချိန်ကာလအတွင်းမှာ ၎င်းတို့သည် အကွာအဝေးတွင် အစက်ပြောက်လေးမျှသာ ကျန်ရစ်ခဲ့သည်။
နှိုင်းယှဉ်ကြည့်လျှင် အခြားမြင်းများသည် တွားသွားနေသော ခရုများနှင့်တူသည်ဟု ဟုန်ယွိ ခံစားခဲ့ရသည်။
ဤမြင်းကို "လျှပ်စီးဖမ်းမြင်း" ဟုခေါ်ပြီး၊ အဘယ့်ကြောင့် ချားခိုမြင်းတွေဟာ ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး မြင်းတွေထဲက တစ်ကောင် ဖြစ်ရသနည်းဆိုသည်ကို နောက်ဆုံးတွင် ဟုန်ယွိ နားလည်သွားပါပြီ။ ဟုန်ယွိသည် ဤတစ်သက်တွင် တစ်ကြိမ်သာ အရှိန်ဟုန်ဖြင့် ပြေးလွှားခဲ့ဖူးပြီး၊ ယင်းက ကြင်ယာတော်ယွမ် သူ့ကိုခေါ်ပြီး ဖြတ်သန်းသွားစဉ် လွန်ခဲ့သော သုံးလေးလခန့်က ပျက်စီးနေသော ဆောင်းဦးလဘုရားကျောင်းတွင် ဖြစ်ပျက်ခဲ့သည်။
သို့သော် ယခုအချိန်မှာ သူသည် တောင်တွေ တောင်ကုန်းတွေပေါ်မှာရှိပြီး၊ ထိုခံစားချက်က အစောပိုင်းက တရားဝင်လမ်းမပေါ် ရောက်နေသည်ထက် ပိုအားရစရာ ကောင်းပါသည်။
အဝေးကို လှမ်းကြည့်လိုက်တော့ ရောက်ရှိရန် အချိန်အတော်ကြာ သွားရမည့်ပုံပေါ်သည့် နေရာက လေပွေတစ်ခုလိုပင်။ ထိုခံစားချက်က ဟုန်ယွိကို ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကို ဖြစ်စေပါသည်။
အစပိုင်းတွင် ဟုန်ယွိသည် လျှပ်စီးဖမ်းမြင်း၏ အရှိန်ဟုန်ကို မခံနိုင်ဘဲ မြင်းကျောကို တင်းတင်းကြပ်ကြပ်သာ မှီခိုနိုင်ခဲ့သည်။ သို့သော် တဖြည်းဖြည်းနှင့် သူ့အသက်ရှုနှုန်းက ပြုပြင်ပြောင်းလဲလာကာ မြင်း၏သဘောသဘာဝနှင့် သူ့ကိုယ်သူ ရင်းနှီးလာခဲ့ပါသည်။ တဖြည်းဖြည်း၊ သူသည် "မြင်းစီးလက်သီး" ကို စတင်ဖြန့်ကျက်လိုက်ပြီး လျှပ်စီးဖမ်းမြင်းကို ဘယ်ညာ လှည့်သွားစေသည်။
ဟုန်ယွိသည် ဇက်ကြိုးကို ဘယ်ဘက်သို့ ညင်သာစွာ ခါလိုက်ပြီး လျှပ်စီးဖမ်းမြင်းသည် ပြေးထွက်သွားသည်။ သူသည် ဇက်ကြိုးကို ညာဘက်သို့ ခါလိုက်သောအခါ၊ ညာဘက်သို့ ပြေးသွားသည်။ သူသည် လွတ်လွတ်လပ်လပ် ထိန်းချုပ်နိုင်ပြီး အလွန် နာခံသူဖြစ်သည်။
လျှပ်စီးလက်သကဲ့သို့ ဒေါသထွက်နေသော မြင်းသည် နဂါးတစ်ကောင်ကဲ့သို့ပင်။
တဖြည်းဖြည်းနှင့်…
ဟုန်ယွိသည် "မြင်းစီးလက်သီး" ကို ဖြန့်ချီလိုက်သောအခါတွင် သူ့အောက်ရှိ လျှပ်စီးဖမ်း မြင်း၏ အစွမ်းနှင့် သူ့ကိုယ်ပိုင် ခွန်အားများ ပေါင်းစည်းသွားပုံရသည်ဟု ခံစားမိသည်။
သူသည် မြင်းပေါ်မှာ အပေါ်မြှောက်လိုက် အောက်ပြန်ကျလိုက်နှင့် သူ၏ခွန်အားကို ဖြန့်ကျက်လိုက်စဉ်, သူ့အောက်ရှိ မြင်း၏ခွန်အားကို ချေးငှားနိုင်သကဲ့သို့ ဖြစ်နေသည်။
“ဒါဆို ဒီလိုပေါ့"
ဟုန်ယွိသည် မြင်းစီးခြင်း၏ အဓိကအချက်က “မြင်းခွန်အားကို ငှါးရမ်းခြင်း” ဟူသော အချက်ကို ရုတ်တရက် သဘောပေါက်သွားသည်။ စစ်သူကြီးတစ်ဦးသည် စစ်မြေပြင်သို့ တဟုန်ထိုး မောင်းနှင်သွားချိန်မှာ သူသည် မြင်း၏ခွန်အားကို လုံးလုံးလျားလျား ချေးငှားနိုင် ပြီး၊ လူနှင့်မြင်းတို့၏ ခွန်အားကို တစ်သားတည်းဖြစ်စေကာ သူ၏သတ်ဖြတ်နိုင်စွမ်းအားကို အလွန်တိုးမြင့်စေသည်။ သူသည် လေးပစ်သမားများကို မတွေ့ကြုံရသရွေ့ မြင်းစီး ကျွမ်းကျင်သော သာမန် စစ်သည်တော် လူတစ်ရာကို အနိုင်ယူနိုင်ပါသည်။
ချွင်…။
ဤအချက်ကို နားလည်ပြီး သူ့အောက်ရှိမြင်း၏ ခွန်အားနှင့် သူကိုယ်တိုင်က တဖြည်းဖြည်း ရင်းနှီးလာခဲ့ပြီး၊ ဟုန်ယွိသည် ရှည်လျားသော ဟစ်ကြွေးသံကို မထိန်းနိုင်ဘဲ ဟစ်ကြွေး လိုက်မိပါသည်။ ငါးမန်းသတ်ဓားသည် ဂန္ဓမာတိမ်တိုက်ပုံစံများ စီးဆင်းလာသည်နှင့်အမျှ ဝင်းလက်စွာ တောက်ပနေခဲ့သည်။
မြင်းသည် ပြေးနေပြီး ဓားက ဓားအိမ်မရှိပေ။
ဟုန်ယွိသည် လူပေါင်လုံးလောက် ထူထပ်သော လမ်းပေါ်ရှိ သစ်ပင်တစ်ပင်ကို ပစ်မှတ် ထားလိုက်သည်။ သူ၏ခြေထောက်များသည် မြင်းဝမ်းဗိုက်ကို တွယ်ကပ်ကာ လက် နှစ်ဘက်စလုံးဖြင့် ဓားကို ဆုပ်ကိုင်ထားသည်။ သူ့ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို သူ့လက်ထဲတွင် စုစည်းထားပြီး ဓားကို တည်ငြိမ်စေကာ ဓား၏အရှိန်သည် သူ့အောက်က ပြေးနေသော မြင်း၏ရိုက်ခတ်မှုအပေါ်လုံးဝ အခြေခံနေသည်။
ချွပ်..။
ဓားအလင်းက လင်းလက်လာသည်။
သစ်ပင်သည် တို့ဟူးကဲ့သို့ အလယ်မှ နှစ်ပိုင်းပြတ်ကာ ပြိုလဲကျသွားသည်။
ခုတ်ထစ်ခြင်းသည် ရေနှင့်ပွတ်တိုက်သော ကျောက်တုံးကဲ့သို့ ချောမွေ့အေးဆေးသည်။
“ယို့..." ဟုန်ယွိသည် ဇက်ကြိုးကို ခါယမ်းကာ လျှပ်စီးဖမ်းမြင်းကို ရပ်တန့်ရန် ညွှန်ပြသည်။ ချက်ခြင်းပင်၊ ၎င်း၏ ခွာလေးခုသည် ဆုတ်ခွာသွားပြီး သံလက်သည်းများ, သံမဏိချောင်း ကဲ့သို့ လျှပ်စီးဖမ်းမြင်းသည် ထိုက်တောင်ကဲ့သို့ တည်ငြိမ်နေပါသည်။ ဤကြီးမားသော သက်ရောက်မှုသည် ဟုန်ယွိကိုပင် လွင့်ပျံလုနီးပါး ဖြစ်ခဲ့ရသည်။ ကံကောင်းထောက်မစွာ, သူသည် ပြင်းပြင်းထန်ထန် ထိုင်ချလိုက်ပြီး မြင်း၏ဝမ်းဗိုက်ကို ဖိကာ သူ့ကိုယ်ဟန်အနေ အထားကို ထိန်းထားနိုင်ခဲ့သည်။
"ဒီမြင်းက အရမ်းအစွမ်းထက်တယ်"
ရပ်တန့်သွားသည့်အခိုက်တွင် လျှပ်စီးဖမ်းမြင်းသည် မောပန်းခြင်းတောင်မရှိဘဲ အေးအေး ဆေးဆေး အမူအရာပြနေသည်။ အချိန်အကြာကြီး ပြင်းပြင်းထန်ထန် ခုန်ပေါက်နေခြင်းက အသေးဖွဲ့ကိစ္စတစ်ခုလိုပင်။ ၎င်း၏ခံနိုင်ရည်နှင့် ပတ်သက်၍ သံသယရှိစရာမလိုပါ။
သို့သော် ဟုန်ယွိ၏ အိပ်မက်ထဲတွင် ချပ်ဝတ်တန်ဆာ အပြည့်ဖြင့် လျှပ်စီးဖမ်းမြင်း၏ မြင်ကွင်းကို မြင်ခဲ့ရဖူးပြီး၊ ဤမြင်း၏ ကြေးနီရောင်အရေခွံသည် အလွန်သန်မာကြောင်း သူသိသည်။
"ငါက ဘယ်တုန်းက အရမ်းသန်မာလာတာလဲ။"
လူ့ပေါင်လုံးလောက် ထူထပ်သည့်သစ်ပင်ကို ကြည့်လိုက်ရင်း ဟုန်ယွိသည် သူ့လက်ထဲက ငါးမန်းသတ်ဓားကို ကြည့်ပြီး သူ့ခွန်အားကို စုဆောင်းပြီး နောက်တစ်ကြိမ် လွှဲယမ်းလိုက် ပါသည်။
ချွပ်...။
ယခုတစ်ခါမှာတော့ ဓားသည် သစ်ပင်ကို နက်နက်နဲနဲ ဖြတ်သွားပေသော်လည်း မကျိုးခဲ့ပါ ဘူး။
ငါးမန်းသတ်ဓားသည် မှော်လက်နက်တစ်ခု ဖြစ်သော်လည်း သစ်ပင်သည် အလွန် ထူထပ်သည်။ ၎င်းကိုဖြတ်ပြီးနောက်တွင် ခံနိုင်ရည်မှာ အလွန်ကြီးမားပြီး ဟုန်ယွိသည် လုံလောက် သော ခွန်အားမရှိသောကြောင့် တစ်ကြိမ်တည်း ဖြတ်၍မရပေ။
"ငါက မြင်းရဲ့ခွန်အားကို ငှားရမ်းလိုက်တာပဲ။ အဲဒါကြောင့်မို့လို့။"
ဤစမ်းသပ်မှုဖြင့် ဟုန်ယွိသည် မြင်း၏ခွန်အားကို ငှားယူခြင်း၏ အကြောင်းအရင်းကို နားလည်ခဲ့သည်။
လျှပ်စီးဖမ်းမြင်း၏ ခွန်အားသည် ရှင်တန်သိုင်းသခင်နှင့် ညီမျှပြီး၊ ၎င်း၏ အရှိန်အဟုန်သည် ရှင်တန်သိုင်းသခင်၏ ခွန်အားနှင့် ညီမျှသည်။ သူ့ခန္ဓာကိုယ်ကို စီးနင်းလိုက်ရင်း၊ ဟုန်ယွိက သူ့ဓားကို ဝှေ့ယမ်းရန် သက်ရောက်မှုအားကို ငှားယူခဲ့သည်။ ၎င်းသည် ရှင်တန်သိုင်းသခင် ၏ဓားနှင့် မယှဉ်နိုင်သော်လည်း ထိပ်တန်းသိုင်းသခင်အဖြစ် သတ်မှတ်၍ရဆဲပင်။
ထိုဓား၏အစွမ်းဖြင့် သူသည် တို့ဟူးကဲ့သို့ သစ်ပင်ကို သဘာဝအတိုင်း ဖြတ်တောက်နိုင်ခဲ့ သည်။
"ငါ့မြင်းစီးပညာရပ်က ကောင်းမွန်လာပြီးနောက်၊ မြင်းရဲ့ခွန်အားကို ငှားရမ်းခြင်းက တကယ်ကို ပြင်းထန်လွန်းလှတယ်။ ငါ့မှာ သိုင်းသခင်တစ်ယောက်ရဲ့ ခွန်အားကို ပိုင်ဆိုင်ထားရုံဆိုရင်တောင်, အရိုးလေ့ကျင့်မှုရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့ သိုင်းသခင်တစ်ယောက်ကို ဖြတ်တောက်နိုင်သေးတယ်။ ဒါပေမယ့် အဲဒီတုန်းက လမ်းပေါ် မှာ ရုန်ဖန်းက မြင်းစီးလာပြီး၊ ငါ သူ့ကိုရှောင်ပြီး လက်သီးတစ်ချက်နဲ့ သူ့ကို မြေပြင်ပေါ်မှာ လှဲသိပ်နိုင်ခဲ့သည်။ မြင်းစီးသူတစ်ဦးရဲ့ခွန်အားက ကြီးကြီးမားမား တိုးမြင့်လာပေမယ့် သူတို့ရဲ့လျင်မြန်ဖြတ်လတ်မူက အနည်းငယ် နိမ့်ကျနေသေးလို့ပဲ”။
ဟုန်ယွိက မိသားစုကျောင်းရှေ့မှာ မြင်းပေါ်ကနေ ရုန်ဖန်ပြုတ်ကျသည့် ကိစ္စအကြောင်း ပြန်တွေးနေခဲ့သည်။
“ဒါပေမယ့်၊ ရုန်ဖန်းရဲ့မြင်းစီးပညာရပ်က မဆိုးပေမယ့် သူက မြင်းနဲ့ အတွေးအာရုံ ဆက်သွယ်မူအဆင့်ကို ရောက်ဖို့တော့ အဝေးကြီးလိုပါသေးတယ်။ စစ်မြေပြင်မှာဆို တကယ့် မြင်းတစ်ကောင်က ခွာကိုမြှောက်ပြီး သတ်ဖြတ်နိုင်တဲ့ စွမ်းရည်ရှိတယ်။”
သို့သော် မြင်းစီးရန် အဆင့်များစွာရှိသည်ကို ဟုန်ယွိ သိပါသည်။ အမြင့်ဆုံးအဆင့်မှာ မြင်းနှင့် အတွေးအာရုံဆက်သွယ်မူအဆင့် ဖြစ်သည်။ မြင်းကို အမိန့်ပေးခြင်းသည် မိမိ၏ ကိုယ်ပိုင်လက်မောင်းကို ကွပ်ကဲခြင်းကဲ့သို့ သွက်လက်၏။ ရှေးခေတ်ကတည်းက စစ်မြေ ပြင်မှာ ဓားနှင့်လှံတွေကို ရှောင်တိမ်းပြီး လူတွေကို ထိခိုက်ဒဏ်ရာရအောင် ခွာဖြင့် ပေါက်နိုင်သည့် နာမည်ကြီး စစ်မြင်းတွေတောင် ရှိခဲ့ပါသည်။ ၎င်းတို့သည် ခြေထောက် နည်းစနစ်များကို လေးနက်စွာ လေ့ကျင့်ထားသည့် ကိုယ်ခံပညာကျွမ်းကျင်သူများ ကဲ့သို့ ပင်ဖြစ်သည်။
“မြေခွေးတွေဟာ သူတို့ရဲ့အခွံထဲကနေ စိတ်ဝိညာဉ်တွေ ထွက်ခွာနိုင်အောင် ကျင့်ကြံနိုင် ကြတယ်။ ဒီလျှပ်စီးဖမ်းမြင်းက လူသားနဲ့ တော်တော်လေး တူပုံရတယ်။ သူ့စိတ်ဝိညာဉ်ကို အသုံးပြုပြီး၊ သူ့အခွံထဲကနေ စိတ်ဝိညာဉ်ကို ဘယ်လိုထွက်ခွာရမလဲဆိုတာ သင်ပေးနိုင်ရင်၊ သူလည်း မြေခွေးတွေလို ကျင့်ကြံနိုင်လိမ့်မယ်။ လေ့ကျင့်နည်းကိုတောင် ငါ သင်ပေးနိုင်လောက်တယ်။ တကယ်လို့, လူသားတွေက သိုင်းသူတော်စင်အဆင့်အထိ လေ့ကျင့်နိုင်ခဲ့ရင် မြင်းတွေလည်း အဲဒီလိုပဲ တူညီစွာ လုပ်နိုင်လောက်တယ်။”
ချိုင့်ဝှမ်းထဲရှိ မြေခွေးမျိုးနွယ်အကြောင်းကို တွေးတောရင်း ဟုန်ယွိသည် ရုတ်တရက် အကြံတစ်ခု ရသွားခဲ့ပါသည်။
"ဒီမြင်းနဲ့ဆို, ငါ နောင်တချိန် အင်ပါယာစာမေးပွဲ ဖြေဆိုပြီး တပ်ထဲဝင်တဲ့အခါ၊ ထင်ပေါ် ကျော်ကြားမူကို ရရှိပြီး ထိုက်တန်တဲ့ဘွဲ့တစ်ခု အပ်နှင်းခံရဖို့ ငါ့အတွက် လွယ်ကူပေလိမ့်မယ်”။
တခဏချင်းမှာပင် ဟုန်ယွိ၏ ယုံကြည်မှုတွေက အလွန်တိုးမြင့်လာခဲ့ပါသည်။ သူသည် စစ်တပ်ထဲဝင်ရန်အတွက် သူ့စုတ်တံကို လွှင့်ပစ်ဖို့ပင် စိတ်ကူးရှိနေခဲ့ပါသည်။
တစ်လှည့်စီ စီးနင်းပြီးနောက် ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာပြီး ကျောက်စိမ်း မြို့တော်၏ တံခါးများလည်း ပိတ်တော့မည်။ ထိုမှသာ ဟုန်ယွိသည် မြို့စားစံအိမ်သို့ ပြန်လာခဲ့သည်။ သူနေထိုင်သည့် အော်စမန်သပ်ပန်းရနံ့အဆောင်ကို ရောက်သောအခါ မြင်းကို ကြိုးချည်ပြီး ထိန်းကျောင်းပေးမည့် မြင်းထန်းကို မည်သည့်နေရာမှာ ရှာရမလဲဟု သူ တွေးနေခဲ့ပါသည်။
ရုတ်တရက် ကောင်လေးတစ်ယောက် အလောတကြီး အထဲဝင်လာသည်။
"သခင်လေးယွိ, အိမ်တော်ထိန်းဝူ အခုနက ရောက်လာခဲ့တယ်။ သူက မြို့စားပြန်လာပြီး သခင်လေးကို တွေ့ချင်တယ်လို့ ပြောခဲ့တယ်"။
"ဘာ…"
ထိုစကားကိုကြားတော့ ဟုန်ယွိ၏ နှလုံးက လည်ချောင်းအထိတိုင် ခုန်တက်သွားခဲ့ပါသည်။