← Chapters

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အခန်း (၄၆-၄၈)

Vol. 4 Ch. 46-48

အပိုင်း (၄၆)။

သူ့အဖေ ဟုန်ရွှန်ကျိသည် အိမ်သို့ပြန်လာပြီး၊ သူ့ကိုခေါ်နေသည်ဟု ကြားလိုက်ရတော့ ဟုန်ယွိသည် ထိန်လန့်သွားခဲ့ပါသည်။ သူသည် သူ့မြင်းပေါ် ချက်ခြင်း ခုန်တက်ပြီး စံအိမ်ထဲမှ ထွက်ပြေးဖို့ပင် တွန်းအားဖြစ်ပေါ်လာခဲ့ပါသည်။

သို့သော် ကမ္ဘာကြီးက ကျယ်ပြောလှသော်လည်း သူ့အတွက် သွားစရာနေရာ မရှိပါဘူး။

"မေ့လိုက်ပါ၊ ဒါက ကောင်းချီးတစ်ခုဆိုရင် ကျိန်စာတစ်ခု မဟုတ်ဘူးပေါ့။ ကျိန်စာတစ်ခု ဆိုရင်လည်း ငါ ရှောင်တိမ်းလို့မရနိုင်ဘူး။ ငါသွားစရာရှိမှတော့ သွားလိုက်ရုံပေါ့။ မိသားစု စည်းမျဉ်းအတိုင်း ခံရမယ်ဆိုရင်တောင်, အခု ငါ့ခန္ဓာကိုယ်က သန်မာလာပြီး သေတဲ့အထိ ရိုက်မခံရလောက်ပါဘူး။ ဒါပေမယ့် ပြောဖို့ခက်တယ်... မိသားစုစည်းကမ်း ထိန်းသိမ်းရတဲ့ အစေခံတွေ အပါအဝင် စံအိမ်တွင်းက အစေခံတွေအားလုံးက မဒမ်ကျောက်ရဲ့လူတွေပဲ။ တကယ်လို့, သူမ ငါ့ကို တိတ်တိတ်လေး သတ်ချင်ရင် ငါ့အသက်အန္တရာယ်ဖြစ်လာမှာ စိုးရတယ်။”

ထိုအချိန်တွင် ဟုန်ယွိသည် မတုန်မလှုပ် ထိုင်နေသော်လည်း သူ့စိတ်ထဲတွင် အတွေးများ စွာ ပေါ်လာပါသည်။

"တကယ်လို့ သူမသာ ငါ့ကို သတ်ချင်ရင်, ငါ့အသက်နဲ့ရင်းပြီး ငါ တိုက်ခိုက်မယ်။ အနည်းဆုံးတော့ ဒီနှိမ့်ကျတဲ့လူတွေရဲ့ လက်ထဲမှာ ငါမသေရဘူးပေါ့" ဟုန်ယွိက တိတ်တိတ်လေး တွေးနေမိသည်။ သူသည် ရုတ်တရက် ထရပ်ပြီး စံအိမ်ကြီး၏ ပင်မ ဆောင်ဆီကို လျှောက်သွားပါသည်။

သူမျှော်လင့်ထားသည့်အတိုင်း စံအိမ်ကြီး၏ ပင်မတံခါးဝသို့ ရောက်သောအခါ၊ ဟုန်ယွိ သည် ထိုနေရာတွင် စောင့်နေသော ဝူအိမ်တော်ထိန်းကို တွေ့လိုက်ရသည်။ သူ့အမူအရာ က အရင်ကလို မလှုပ်မရှားပင်။ သူ့မျက်နှာပေါ်တွင် စိတ်ခံစားချက်တွေက ဘယ်တုန်းကမှ မပြောင်းလဲခဲ့ပုံပင်။

"သခင်လေးယွိ, မြို့စားက သူ့ကို စာကြည့်ခန်းမှာ လာတွေ့စေချင်တယ်လို့ သတင်းပို့ထား ပါတယ်”။

ဟုန်ယွိ လမ်းလျှောက်လာသည်ကို မြင်တော့ အိမ်တော်ထိန်းဝူက သူ့ပါးစပ်ကို ဖွင့်လိုက် သည်။

"ငါ့ကို စာကြည့်ခန်းမှာ တွေ့မှာလား။ ခန်းမကြီးထဲမှာ မဟုတ်ဘူးလား။” ဟုန်ယွိသည် ထိုစကားကို ကြားတော့ သူ အံ့အားသင့်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားပါသည်။ ဟုန်ရွှန်ကျိသည် သူ အိမ်မှာ စကားပြောရာတွင် စည်းကမ်းချမှတ်ထားပါသည်။ မိသားစု စည်းကမ်း၏ လေးနက်မှုနှင့် မိသားစုစည်းကမ်း၏ တင်းကျပ်မှုကို ဖော်ပြရန် စံအိမ်ကြီး၏ ပင်မခန်းမတွင် အမြဲရှိနေသည်။

စာကြည့်ခန်းသည် အများအားဖြင့် ဧည့်သည်များလက်ခံခြင်းနှင့် လျှို့ဝှက်ကိစ္စများကို ဆွေးနွေးရန် ဖြစ်သည်။

ဤသည်မှာလည်း မြင့်မြတ်သောပုဂ္ဂိုလ်များ၏ အုပ်ချုပ်မှုဖြစ်သည်။ စာကြည့်ခန်းသည် အလွန်အရေးပါသော နေရာတစ်ခုဖြစ်သည်။ ခွင့်ပြုချက်မရှိသည့် လူတွေကို ဝင်ခွင့်မပေးပါ ဘူး။

"အဖေက ငါကို စာကြည့်ခန်းမှာ တွေ့ချင်နေတယ်။ ဒါက ယုတ္တိမရှိဘူး၊ သူ ဘာဖြစ်ချင်တာ လဲ။" သူ့နှလုံးသားမှာ မေးခွန်းတွေ ပြည့်နှက်နေသော်လည်း ဟုန်ယွိသည် သူ့ခြေထောက် တွေကို လှုပ်ရှားရုံသာ တတ်နိုင်ခဲ့ပါသည်။ သူသည် ဝူအိမ်တော်ထိန်း၏ နောက်သို့ လျှောက်သွားပြီး "လန်ဟွန် စာကြည့်တိုက်" ဆီသို့ ခြေလှမ်းတစ်လှမ်းချင်း ရွေ့လျားသွားပါ သည်။

"သခင်လေးယွိ၊ ငါတို့ ရောက်ပြီ။ ဝင်သွားပါ"

စာကြည့်တိုက်တံခါးမှာ ဝူအိမ်တော်ထိန်းက ရပ်ပြီး ဟုန်ယွိကို ပြောလိုက်သည်။

ဟုန်ယွိက ခေါင်းညိတ်ပြပြီး သူ့စိတ်ကို တည်ငြိမ်စေသည်။ သူ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ဆွဲဆန့်လိုက်ပါသည်။ သင့်လျော်မှု ရှိမရှိကို သေချာ စစ်ဆေးပြီး နောက်၊ သူသည် တံခါးအပြင်ဘက်တွင် ရပ်ကာ "အဖေ၊ အဖေ့ရဲ့သား ဟုန်ယွိက အဖေ့ကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်ပါသည်။

"အထဲဝင်ခဲ့ပါ။"

စာကြည့်ခန်းမှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ဟုန်ယွိ၏ နှလုံးသားသည် တုန်လှုပ်သွားသည်။ သူသည် တံခါးကို တွန်းဖွင့်ပြီး ဝင်သွား လိုက်ပါသည်။ ဟုန်ရွှန်ကျိသည် ရွှေသရဖူနှင့် ပိုးထည်ဝတ်စုံကို ဝတ်ထားသည်ကို တွေ့လိုက်ရသည်။ သူ့နောက်ကျောက သူ့ကို မျက်နှာမူထားပြီး လှည့်မကြည့်ပါဘူး။

ဟုန်ယွိသည် လူတွေ၏ အတွေးအမြင်တွေကို ဖတ်ရူရာမှာ ကျွမ်းကျင်ပါသည်။ သို့သော် ဟုန်ရွှန်ကျိ၏ နောက်ကျောကို ကြည့်လိုက်တော့ သူ့အဖေက နားမလည်နိုင်လောက် အောင်ဖြစ်နေပြီး သူတွေးနေပုံကို မှန်းဆ၍ မရပေ။

"မင်းကို ငါ့စာကြည့်တိုက်ထဲကို ဝင်ဖို့ ဘယ်သူက သတ္တိပေးခဲ့တာလဲ။ ပြီးတော့, မင်းကို ကိုယ်ခံပညာ မလေ့ကျင့်ဖို့ ငါပြောခဲ့တယ်။ မင်း ဘာလို့ လျှို့ဝှက်လေ့ကျင့်နေတာလဲ။ မင်းကို ဘယ်သူ သင်ပေးတာလဲ။ ဟမ်..”

ဟုန်ရွှန်ကျိသည် ဟုန်ယွိ စာကြည့်ခန်းသို့ လျှောက်လာရန် စောင့်နေသည်။ သူက မတ်တပ် ထရပ်ပြီးနောက်၊ မိုးကြိုးပစ်သလိုမျိုး မေးခွန်းပေါင်းများစွာက ရုတ်တရက် ကျဆင်းလာပြီး လူတွေ၏ဆံပင်တွေကို အဆုံးထိ ထောင်မတ်သွားစေပါသည်။

စာကြည့်ခန်းထဲတွင် ရုတ်တရက် အလွန်အိုက်စပ်သွားပြီး အသက်ရှူရခက်လာသည်။

ဟုန်ယွိလည်း ထိုမေးခွန်းကြောင့် အံ့အားသင့်သွားသည်။ သို့သော်၊ သူသည် နေ့ လမ်းလျှောက်ခြင်းနယ်ပယ်အထိ သူ၏စိတ်ဝိညာဉ်ကို ပြုစု ပျိုးထောင်ပေးခဲ့သူ ဖြစ်သည်။ သူသည် စိတ်ကူးပုံဖော်နည်းများစွာကိုလည်း တွေ့ကြုံခဲ့ရပြီး သူ၏စိတ်သည် ခိုင်မာသည်။ တုန်လှုပ်သွားပြီးနောက် ချက်ချင်းပင် ငြိမ်သက်သွားပြီး၊ သူက တည်ငြိမ်စွာ ပြန်ပြောရန် ဦးညွှတ်လိုက်သည်။

"ကျန်းနန်မင်းသမီးက ဧည့်သည်အဖြစ် စံအိမ်ကြီးထဲကိုလာပြီး ကျွန်တော့်ကို လမ်းပြဖို့ တောင်းဆိုခဲ့တယ်။ ဒါကြောင့်, ကျွန်တော်လည်း မင်းသမီးက အဖေရဲ့ စာကြည့်ခန်းကို လေ့လာဖို့ တောင်းဆိုခဲ့တဲ့အတွက် အတင့်ရဲပြီး လမ်းပြမိတာပါ။ ကျန်းနန် မင်းသမီးက မြို့စားစံအိမ်ကို လာလည်တဲ့အတွက် ယဉ်ကျေးစွာ ဆက်ဆံတာ သင့်တော်ပါတယ်။ တကယ်လို့, အဖေသိရင်တောင် အပြစ်မတင်ဘူးလို့ ကျွန်တော် ထင်လို့ပါ။ ပြီးတော့, ကျွန်တော်က ကိုယ်ခံပညာကို လေ့ကျင့်မထားပါဘူး။ လေးပစ်ခြင်းနဲ့ စီးနင်းခြင်း အကြောင်းပဲ ဖတ်ဖူးထားတာပါ။ စိတ်အားထက်သန်တဲ့အတွက် လေးတစ်ချောင်းဝယ်ပြီး လေးပစ်ပညာကို သင်ယူခဲ့မိတယ်။ ကျွန်တော်က အားနည်းပြီး အကြောပြတ်တဲ့ ပညာရှင်တွေလို မဖြစ်ချင်ဘူး။”

ဟုန်ယွိက တည်ငြိမ်စွာ ပြန်ဖြေသည်။ ဟုန်ရွှန်ကျိကို ပထမဆုံး စတွေ့စဉ်တုန်းက, သူသည် တုန်တုန်ယင်ယင်နှင့် အသက်ပင် မရှူဝံ့ပါဘူး။

"မင်းက ကန့်ကွက်ရဲသလား" ဟုန်ရွှန်ကျိ၏ အသံသည် ငြိမ်သက်နေသော်လည်း ထိုအသံထဲမှာ စူးရှပြီး အေးစက်မူရှိနေသည်။ "မြို့စားစံအိမ်မှာ စည်းမျဉ်းတွေ ရှိတယ်။ မိသားစုစည်းမျဉ်းတွေဆိုတာ တိုင်းပြည်ရဲ့ ဥပဒေနဲ့ အတူတူပဲ။ မင်းက စည်းကမ်း သုံးချက် ကို ချိုးဖောက်တယ်။ ပထမဆုံး မင်းအနေနဲ့ ငါ့စာကြည့်ခန်းထဲသို့ တစ်စုံတစ်ဦးကို ခေါ်မလာသင့်ဘူး။ ကျန်းနန်မင်းသမီးက မင်းကိုခေါ်ခဲ့ရင်တောင် မင်းက ငြင်းဆန်ပြီး၊ မင်းရဲ့အဒေါ် တစ်ယောက်ယောက်ကို သူမနဲ့အတူ ခေါ်သွားဖို့ တောင်းဆိုသင့်တယ်။ ဒုတိယအနေနဲ့ မင်း ကိုယ်ခံပညာကို မလေ့ကျင့်သင့်ဘူး။ တတိယအနေနဲ့ မင်းက ငါ့ရှေ့မှာ မကန့်ကွက်သင့်ဘူး။”

“ငါ့စံအိမ်မှာ ဒီစည်းကမ်းသုံးခုကို ဖောက်ဖျက်ရင် သေတဲ့အထိ ရိုက်နှက်ခံရလိမ့်မယ်။ ဒါပေမယ့်, ဒီစည်းကမ်းသုံးချက်ကို ငါ မှတ်ထားလိုက်မယ်။ မနက်ဖြန် ကြင်ယာတော်ယွမ်က ဆွေမျိုးတွေထံ သွားရောက်လည်ပတ်တဲ့အနေနဲ့ စံအိမ်ကို ရောက်ရှိလာလိမ့်မယ်။ သူမက ကျန်းနန်မင်းသမီးနဲ့ မင်းသမီးရုန်ချွန်းတို့ဆီက မင်းအကြောင်း ကြားပြီး မင်းကို တွေ့ချင်နေတယ်။ တကယ်လို့, ဒီနေ့ ငါ မင်းကို သေအောင်ရိုက်ရင် ကြင်ယာတော်ရဲ့ အမိန့်ကို ငါဆန့်ကျင်ရာကျမယ်။ ငါ မင်းကို တူညီတဲ့အကြောင်း ထပ်ပြောရမှာဦးမှာပဲ။ အင်ပါယာ စာမေးပွဲပြီးရင်, ငါ ရမှတ်ကိုကြည့်ပြီး၊ မင်းနဲ့ ငါ စားရင်းရှင်းမယ်။ တကယ်လို့, မင်း အင်ပါယာစာမေးပွဲကို အောင်မြင်ခဲ့ရင်, မင်းရဲ့အဆင့်အတန်းက တဟုန်ထိုး မြင့်တက် လာမှာ ဖြစ်ပြီး မင်းက အထက်တန်းပညာရှင်တစ်ဦး ဖြစ်လာမယ်။ ငါ မင်းကို ပေါ့ပေါ့ တန်တန် အပြစ်ပေးလို့မရနိုင်ဘူး။ မင်း မအောင်မြင်ရင်တော့ အကျိုးဆက်ကို မင်း သိထားရမယ်။”

"ဒီကနေထွက်သွားတော့"

ဟုန်ရွှန်ကျိသည် တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ အဆုံးတွင် သူသည် ကျယ်လောင် သော ဟိန်းဟောက်သံကို ထုတ်ဖော်လိုက်ပါသည်။

"ဟုတ်ကဲ့။" ဟုန်ယွိသည် ထိုစကားကိုကြားသောအခါတွင် သူသည် နောက်ထပ် အခက်အခဲတစ်ခုကို ကျော်ဖြတ်နိုင်ခဲ့သည်ကို သိလိုက်ပြီး၊ သူသည် စိတ်သက်သာရာရသွား ခဲ့ပါသည်။ သူက ဦးညွှတ်ပြီး စာကြည့်ခန်းထဲမှ ထွက်သွားခဲ့သည်။

“နောက်ဆုံးတော့ ငါက သူ့သားပဲ။ ငါက ကိုယ်လုပ်တော်တစ်ဦးရဲ့ သားဖြစ်ပေမယ့်လည်း၊ ငါ့အဖေက အလွန်နားလည်သဘောပေါက်ပြီး၊ ငါ ဒီနှစ်တွေအတွင်း မကျေနပ်ချက်များစွာကို ခံစားခဲ့ရကြောင်း သူ သိတယ်။ သူက ငါကို အရိပ်ထဲကနေ ကာကွယ်ပေးတယ်။ သူက ငါ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပေမယ့် မိသားစုစည်းမျဉ်းကို မသုံးခဲ့ဘူး။”

ဟုန်ယွိ ထွက်သွားပြီးနောက် သူ့ကိုယ်သူ တွေးလိုက်မိပါသည်။ ဟုန်ရွှန်ကျိက သူ့ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သော်လည်း, အားလုံးက ဟောင်ရုံဟောင်ပြီး ကိုက်ခြင်း မျိုး မရှိပါဘူး။

“တစ်ခုခုတော့ မူမမှန်သေးဘူး” ဟုန်ယွိသည် စာကြည့်ခန်းထဲတွင် ရှိနေစဉ် သူ့အဖေ၏ အသံကို သေသေချာချာ ပြန်မှတ်မိသည်။ ရုတ်တရက်ဆိုသပင် သူသည် တစ်ခုခုကို တွေ့လိုက်ရသည်။ “အဖေ့ရဲ့လေသံက တည်ငြိမ်နေပေမယ့် အထဲမှာ အရိုးပေါက်မတတ် အေးစက်မှုတစ်ခု ရှိနေတယ်။ ဒါက လျှို့ဝှက်သတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် ဖြစ်တယ်။ သူ ငါ့ကို တကယ်သတ်ချင်နေတာများ ဖြစ်နိုင်မလား။”

တိတ်ဆိတ်နေသော ညအမှောင်တွင် ကောင်းကင်ယံသည် မည်းမှောင်နေပြီး လေ တိုက်ခတ်ခြင်းလည်း မရှိပေ။

ဟုန်ယွိသည် ကုတင်ပေါ်တွင် ထိုင်ကာ သူ့စိတ်ဝိညာဉ်ကို တိတ်တဆိတ် ဖြန့်လိုက်သည်။ ထိုနေ့ညက စာကြည့်ခန်းထဲက မြင်ကွင်းကို သူ ဆက်တွေးနေခဲ့မိသည်။ ဟုန်ရွှန်ကျိသည် မိသားစုစည်းမျဉ်းကို အသုံးမပြုဘဲ သူ့ကို လွှတ်ပေးထားသော်လည်း ဟုန်ရွှန်ကျိ၏ စကားလုံးများသည် သတ်ဖြတ်ချင်စိတ်များဖြင့် ပြည့်နှက်နေသည်ဟု သူ ခံစားမိသည်။ အကယ်၍, ကြင်ယာတော်ယွမ်သည် မနက်ဖြန်တွင် အလည်အပတ်လာရောက်ပြီး သူ့ကို ပြောပြခဲ့သည့်အချက်ကြောင့်သာ မဟုတ်ပါက၊ သူ့အဖေသည် သူ့ကို ထိုနေရာမှာပင် ကွပ်မျက်မည်ဟု ဟုန်ယွိ သံသယဖြစ်မိသည်။

“ဒါဟာ လွဲမှားမှုတစ်ခုများ ဖြစ်နိုင်သလား။ ငါ့အဖေက ကွန်ဖြူးရှပ်ဝါဒီ ပညာရှင်တစ်ဦး ဖြစ်ပြီး၊ ကြမ်းတမ်းပြီး ကျိုးကြောင်းဆီလျော်မှု မရှိဘူးဆိုရင်တောင် ငါက သူ့သား ဖြစ်နေ တုန်းပါပဲ။ တကယ်လို့, သူသာ သူ့သားကိုသတ်လိုက်ရင်, ကရုဏာကင်းမဲ့သူအဖြစ် နာမည်ပျက်လိမ့်မယ်။ ငါ့ခံစားချက်က ထင်ယောင်ထင်မှား ဖြစ်နေဖို့ ငါ မျှော်လင့်ပါတယ်။ ငါ့ခံစားချက်တွေ မှားယွင်းနေဖို့ ငါမျှော်လင့်တယ်။ ငါမှားနေရင် အကောင်းဆုံးပဲ”။

ဟုန်ယွိသည် ခေါင်းကို ခါယမ်းလိုက်ပြီး ရှုပ်ထွေးနေသော စိတ်ကို ငြိမ်သက်စေလိုက်ပါ သည်။ သူသည် တစ်ဖန် ကျင်လည်ကျက်စားရန် သူ့ခန္ဓာကိုယ်မှ ထွက်သွားပြန်သည်။

လသည် မည်းမှောင်နေပြီး လေတိုက်ခတ်ခြင်း မရှိပေ။ ညဘက်လျှောက်လည်ရန် အကောင်းဆုံး အခြေအနေဖြစ်ပါသည်။

“ငါ အဲဒီမြင်းကို သွားကြည့်ရမယ်။ မှန်တယ်၊ နှစ်နာရီအတွင်း ငါနိုးလာပြီး သူ့ကို အစာကျွေး ရမယ်။ ကြက်ဥနဲ့ ပဲငံပြာရည်လည်း လိုချင်တယ်။ ဒါက အသုံးစရိတ်အတော်ကြီးတယ်။”

ဟုန်ယွိသည် လျှပ်စီးဖမ်းမြင်း အကြောင်းကို တွေးနေမိသည်။

သူ၏စိတ်ဝိညာဉ်သည် လွင့်မျောသွားကာ မြင့်သထက် မြင့်လာသည်။ ဟုန်ယွိသည် သူ အမြင့် မည်မျှအထိ ပျံနိုင်လဲဆိုသည်ကို သိချင်နေပြီ။

မျှော်လင့်ထားသည့်အတိုင်း သူ့စိတ်ဝိညာဉ်သည် ပြင်းထန်သော ဖိအားတစ်ခုကို မခံစားရမီ ၁၀ ကျန်းကျော်မြင့်သည့်အထိ လွင့်ပျံသွားကာ ထိုထက်ပို၍ အမြင့်သို့ မပျံနိုင်တော့ပေ။ ထိုမှသာ ဟုန်ယွိလည်း ရပ်တန့်သွားသည်။ ၎င်းသည် ၁၀ ကျန်းကျော်အမြင့်သာ ရှိသော်လည်း အိမ်ကြီးတစ်ခုလုံးကို ငုံ့ကြည့်ရန် လုံလောက်နေပြီ ဖြစ်သည်။

ဟုန်ယွိက ငုံ့ကြည့်လိုက်သည်။ စံအိမ်ကြီး၏ ပင်မအိမ်သည် တောက်လောင်နေသော အနီရောင် မီးလုံးကြီးအဖြစ် ရှိနေဆဲပင်။ ဤအရာက သူ့အဖေ၏ ပြင်းထန်သော သွေးချီဖြစ်ပါ။ နတ်ဆိုးတွေ၊ သရဲတစ္ဆေတွေတောင် အနားမကပ်နိုင်ပါဘူး။

ပြင်းထန်သောသွေးချီ အနီရောင်အလင်းကြောင့် ဟုန်ယွိသည် ပင်မအိမ်ကြီးတွင် မည်သူကို မျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

သို့သော်, ဟုန်ယွိသည် အဝေးကလမ်းတွေ အပါအဝင် စံအိမ်ကြီး၏ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နေရပါသည်။

စိတ်ဝိညာဉ်များအတွက်၊ ကောင်းကင်က ပိုမှောင်လေ၊ သူတို့အနေဖြင့် ပို၍မြင်နိုင်လေပင်။ လရောင်ရှိလျှင် မြူများထူထပ်နေကာ အရာအားလုံး မှိုင်းနေလိမ့်မည်။

စိတ်ဝိညာဉ်များသည် ရုပ်ခန္ဓာကိုယ်နှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် အလင်းကို ကြောက်ကြပါသည်။

“အယ်…၊ အဲဒါဘာလဲ”။

ဟုန်ယွိ ငုံ့ကြည့်နေစဉ်မှာပင် အိမ်အပြင်ဘက် လမ်းထောင့်တွင် ထူးဆန်းသော အနက်ရောင်အရိပ်အချို့ကို ရုတ်တရက် တွေ့လိုက်ရပါသည်။

ဤထူးဆန်းသော အနက်ရောင်အရိပ်များသည် တချိန်တုန်းက ဟုန်ရွှန်ကျိကို လုပ်ကြံရန် ကြိုးစားခဲ့ဖူးသော အသက်မဲ့တာအိုဂိုဏ်း၏ တာအိုဘုန်းကြီး များနှင့် စစ်မှန်သော လေဟာနယ်တာအို ဂိုဏ်းဝင်များအတိုင်း တူညီစွာ ဝတ်ဆင်ထားပါသည်။

ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို အမြန်ဆင်းသက်ကာ ဂရုတစိုက် ချဉ်းကပ်လိုက်သည်။ ပုရွက်ဆိတ်တွေ တွားသွားသွားသည့်အသံမျိုးဖြင့် တိုးညှင်းသော စကားအသံတချို့ကို သူ ကြားလိုက်ရပါသည်။

"နောက်ဆုံးအကြိမ်အတုန်းက ငါတို့ ဟုန်ရွှန်ကျိကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့်လည်း နောက်ဆုံးအဆင့်မှာ ကျရှုံးခဲ့ပြီး၊ အမွှေးနံ့သာခန်းမသခင် နှစ်ဦးတောင် ဆုံးရှုံးခဲ့ရတယ်။ ယခုတစ်ကြိမ်မှာ ဂိုဏ်းခေါင်းဆောင်က ဒေါသတကြီး ဖြစ်နေတယ်။ ငါတို့ အောင်မြင်ရ မယ်။"

"ဟုန်ရွှန်ကျိရဲ့ ကိုယ်ခံပညာက အားကောင်းတယ်။ ခြံဝန်းထဲမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေတယ်။ ငါတို့ သတိထားရမယ်။"

"စိတ်မပူပါနဲ့၊ ဒီတစ်ခါတော့ ဂိုဏ်းခေါင်းဆောင်က ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင် ဓားကို ပေးခဲ့ပါတယ်။ ဒီဓားကို ဖန်ရှင်းတာအိုဂိုဏ်းက လျှို့ဝှက်သန့်စင်ထားတဲ့ ခရမ်းရောင် မိုးကြိုးယမ်းမှုန့်နဲ့ ရေးထွင်းထားတာပါ။ ဂိုဏ်းခေါင်းဆောင်က ဓားပေါ်မှာ ရေးဖို့ မှော် စွမ်းအားကို ကြီးကြီးမားမား အသုံးပြုခဲ့ပြီး၊ မိုးကြိုးယမ်းမှုန့်တွေကို ဓားထဲစိမ့်ဝင်အောင် လျှို့ဝှက်စွာ ထည့်ထားခဲ့တယ်။ နောက်ပိုင်း, မင်းတို့ ဟုန်ရွှန်ကျိကို လုပ်ကြံချိန်မှာ, ငါက ငါ့ခန္ဓာကိုယ်ကနေ လျှို့ဝှက်စွာ ထွက်ခွာပြီး၊ ငါ့စိတ်ဝိညာဉ်နဲ့ ဓားကို ချည်နှောင်ကာ၊ ဟုန်ရွှန်ကျိသတ်ဖို့ ဓားကိုထိန်းချုပ်ထားမယ်။ ငါ ဓားကို အသက်သွင်းလိုက်တာနဲ့ ဓားက ချက်ချင်း ပေါက်ကွဲသွားလိမ့်မယ်။ ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားက အလွန် အစွမ်းထက်တယ်။ ဓားကို အသက်သွင်းလိုက်တာနဲ့ စံအိမ်တစ်ခုလုံး မီးလောင်သွားလိမ့် မယ်။ ဟုန်ရွှန်ကျိလည်း အသက်မရှင်နိုင်ပါဘူး။”

"ဒါပေမယ့် မင်းရဲ့စိတ်ဝိညာဉ်က ဓားနဲ့ယှဉ်တွဲနေတယ်လေ။ ယမ်းမှုန့်ပေါက်ကွဲတဲ့အခါ မင်းရဲ့စိတ်ဝိညာဉ်လည်း ပျက်သုဉ်းသွားလိမ့်မယ်။"

"ငါတို့ လာကတည်းက အာဇာနည်ဖြစ်ရမယ်လို့ ကျိန်ဆိုခဲ့တယ်။ ဘယ်သူကမှ သေမှာကို မကြောက်ကြဘူး။ ငါတို့ သေပြီးရင် လေဟာနယ်ဇာတိမြို့ကို သေချာပေါက် ပြန်လာနိုင်လိမ့်မယ်။"

အပိုင်း (၄၇)။

"ဖန်ရှင်းတာအိုဂိုဏ်းရဲ့ ခရမ်းရောင်မိုးကြိုးယမ်းမှုန့်လား” ဒါက အလွန်အစွမ်းထက်လွန်းတယ်။ သန့်စင်တဲ့နည်းလမ်းက ပျောက်နေတာ ကြာပြီ မဟုတ်ဘူးလား။ မင်းတို့မှာ ဘာလို့ ရှိနေသေးတာလဲ။ ပေါက်ကွဲမီးလျှံနတ်ဘုရားအဆောင်ဓား ဆိုတာကရော ဘာလဲ” ဟုန်ယွိသည် ထိုပြောဆိုသံကို ကြားသောအခါ ဤလူများသည် သူ့အဖေကို လုပ်ကြံရန် ဤနေရာ တွင် ရှိနေကြသည့် အသက်မဲ့တာအိုဂိုဏ်းနှင့် လေဟာနယ်တာအိုဂိုဏ်းတို့၏ အဖွဲ့ဝင်များ ဖြစ်ကြောင်း သူ သိလိုက်ပါပြီ။

တစ်ချိန်တည်းမှာပင် ဤတာအိုဝါဒီများသည် ဟုန်ရွှန်ကျိကို ကိုင်တွယ်ရန် အသုံးပြုမည့် အရာကိုလည်း သူ နားလည်ခဲ့သည်။ ၎င်းမှာ ဖန်ရှင်းတာအို ဂိုဏ်း၏ ခရမ်းရောင်မိုးကြိုး ယမ်းမှုန့်ဖြစ်သည်။

ဖန်ရှင်းတာအိုဂိုဏ်း၏ အစွမ်းသည် အဂ္ဂိရတ်ပညာ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် အစွမ်းထက်သော ယမ်းမှုန့်များကို သန့်စင်ရန်အတွက် မီးဖိုအတွင်းရှိ ဆားငန်၊ ဆာလဖာ၊ မီးသွေးနှင့် အခြားပစ္စည်းများကို ရောစပ်ပြီး ရောသမမွှေကြရသည်။

ဖန်ရှင်းတာအိုဂိုဏ်းမှ သန့်စင်ထားသော ယမ်းမှုန့်သည် မီးရှူးမီးပန်းများအတွက် အသုံးပြု သည့် ယမ်းမှုန့်နှင့် မတူပေ။ ၎င်းသည် အလွန်မင်းအားကောင်းပြီး ကျောက်တုံးများကို တူးဖော်ရာတွင် အသုံးပြုနိုင်သည်။ ချန်မင်းဆက်ရှိ ကြေးနီ၊ ငွေ၊ ရွှေနှင့် အခြားသတ္တုတွင်း များတွင် ၎င်းကို အသုံးပြုနိုင်သည်။

၎င်းတို့အထဲတွင် အစွမ်းအထက်ဆုံး ယမ်းမှုန့်မှာ “ခရမ်းရောင် မိုးကြိုးယမ်းမှုန့်” ဖြစ်သည်။ အမှုန့်သည် ခရမ်းရောင်နှင့်တူပြီး လှပသည်။

ဤယမ်းမှုန်းအမျိုးအစားသည် လက်သီးဆုပ်အရွယ် ရှိနေသရွေ့ အိမ်တစ်လုံးကို ဖျက်ဆီးပစ်နိုင်ပါသည်။

သို့သော် ဤယမ်းမှုန့်မျိုးသည် အလွန်ရှားပါးပြီး သန့်စင်သည့် လုပ်ငန်းစဉ်မှာလည်း အလွန် အန္တရာယ်များသည်။ အင်မော်တယ်တာအို ကျင့်ကြံသူ အများအပြားသည် ၎င်းတို့ကို သန့်စင်ချိန်တွင် မီးကိုမထိန်းနိုင်ဘဲ ဆေးမီးဖို ပေါက်ကွဲပြီး ပင်မခန်းမတစ်ခုလုံးကိုပင် ပြာအဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပါသည်။

ဤအရာက တာအိုဝါဒီတော်တော်များများသည် ဆေးပြားတွေကို သန့်စင်သည့်အခါ မီးကြည့်ရန် ကလေးအနည်းငယ်ကို ရှာထားရသည့် အကြောင်းရင်းလည်း ဖြစ်ပါသည်။ ဤသည်မှာ မီးဖိုပေါက်ကွဲပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းမှ ကာကွယ်နိုင်ရန် ဖြစ်သည်။

ယမ်းမှုန့်၏ ပြင်းထန်သော ပေါက်ကွဲသံများ၊ ပြင်းထန်သော အလင်းရောင်နှင့် မီးတောက်များ၊ ပြင်းထန်သော လေတိုက်ခတ်မှုများကြားတွင် လူ့ခန္ဓာကိုယ်များကို မဆိုထားနှင့်၊ ယင်ဝိညာဉ်များပင် အပိုင်းပိုင်းကွဲပြီး လွင့်စင်သွားပေလိမ့်မည်။ ရှင်သန်ရန် နည်းလမ်း မရှိနိုင်ပေ။

ထို့အပြင်, ဟုန်ယွိသည် တာအိုကျမ်းစားများကို ဖတ်သောအခါတွင် ခရမ်းရောင်မိုးကြိုး ယမ်းမှုန့် သန့်စင်သောနည်းလမ်း ပျောက်ဆုံးနေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။ ထို့အပြင်, ဤအရာသည် ကောင်းကင်ဘုံနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။ အင်ပါယာ တရားရုံးသည် ဖန်ရှင်းတာအိုဂိုဏ်းများကို ပြန်လည်ပြုပြင်ရန်အတွက် ၎င်းကို တားမြစ်ထားသည်။ ဖန်ရှင်းတာအိုဂိုဏ်းဝင်များလည်း ယခုလို အန္တရာယ်များသည့် အရာတွေကို သန့်စင်ရန် သူတို့အသက်ကို မစွန့်စားခဲ့ကြပါဘူး။

"ဂိုဏ်းခေါင်းဆောင်က ငါ့ကို ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားကို ပေးခဲ့တယ်။ ဓားပေါ်က မှော်သင်္ကေတတွေဟာ ဖန်ရှင်းတာအိုဂိုဏ်းက လျှို့ဝှက်သန့်စင်ထားတဲ့ ခရမ်းရောင် မိုးကြိုးယမ်းမှုန့်နဲ့ ရေးထားတာပဲ။ ဂိုဏ်းခေါင်းဆောင်က သတ္တုနဲ့ ကျောက်တုံး တွေကိုတောင် ထိုးဖောက်နိုင်တဲ့ စုတ်တံအစွမ်းနဲ့ ဓားပေါ်ရေးချဖို့ အလွန်မင်းအစွမ်းထက် တဲ့ စွမ်းအားတစ်ခုကို အသုံးပြုခဲ့တယ်။"

ဟုန်ယွိသည် ထိုတာအိုဘုန်းကြီးများ၏ စကားအနည်းငယ်ကို အသေချာ သုံးသပ်ပြီး နောက် ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားသည် မည်သို့သော အရာဖြစ်သည်ကို တဖြည်းဖြည်း နားလည်လာပါသည်။

တာအိုကျမ်းစာများတွင် နတ်ဆိုးများနှင့် သရဲတစ္ဆေများကို နှိမ်နင်းနိုင်သော နတ်မိုးကြိုး အဆောင်ပညာရပ် ရှိသည်။ ၎င်းတို့အနက်မှ၊ နတ်မိုးကြိုး အဆောင်ပညာရပ်သည် လေနှင့် တိမ်များ၏ လျှပ်စီးလက်ခြင်းကြောင့် မဟုတ်ဘဲ ယမ်းမှုန့်ပေါက်ကွဲခြင်းကြောင့် ဖြစ်သည်။

သဘာဝလွန် တန်ခိုးရှိသော တာအိုဝါဒီ ဘုန်းတော်ကြီးများသည် စာရွက်ပေါ်တွင် ရေးရန် ယမ်းမှုန့်ကို မှင်အဖြစ် အသုံးပြုကြသည်။ စာရေးသည့်အခါ သူတို့ခန္ဓာကိုယ်တစ်ခုလုံးနှင့် စိတ်ဝိညာဉ်ကို စုတ်တံထိပ်ဖျားမှာ အာရုံစူးစိုက်ထားပြီး၊ ယမ်းမုန့်များကို အဆောင်စက္ကူထဲ စိမ့်ဝင်အောင် တွန်းပို့ပေးရပါသည်။ ထို့နောက် မိုးကြိုးအဆောင်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်သည်။

မိုးကြိုးအဆောင်ကို ဖွဲ့စည်းပြီးသည်နှင့် ၎င်းကို အတွေးတစ်ချက်ဖြင့် အသက်သွင်းနိုင်ပါ သည်။ အဆောင်သည် မီးရှူးမီးပန်းနှင့်တူပြီး၊ ပေါက်ကွဲစေတတ်သော မီးတောက်ကို ထုတ်လွှတ်နိုင်ကာ ယင်ဝိညာဉ်ကို ကြီးမားစွာ ပျက်စီးစေပါသည်။

"မိုးကြိုးအဆောင်အမျိုးအစား သုံးမျိုးရှိတယ်။ ရွှေနဲ့ကျောက်စိမ်းက အစွမ်းထက်ဆုံးပဲ။ နောက်ဆုံးကတော့ သစ်သား,စက္ကူတို့နဲ့ရေးထားတဲ့ အဆောင်ဖြစ်တယ်”။

ဟုန်ယွိသည် တာအိုကျမ်းများတွင် မိုးကြိုးအဆောင်နှင့်ပတ်သက်၍ ရိုးရိုးရှင်းရှင်း ဖော်ပြချက်ကို ပြန်အမှတ်ရမိသည်။

တာအိုဘုန်းကြီးများ ဖော်ပြခဲ့သော ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားသည် မိုးကြိုး အဆောင် အမျိုးအစား ဖြစ်ရပါမည်။ သို့ရာတွင် ၎င်းသည် ဓားတစ်လက်ဖြစ်သောကြောင့် သတ္တု,ကျောက်တို့ဖြင့် ပြုလုပ်ရမည် ဖြစ်သည်။ ၎င်း၏စွမ်းအားသည် အလွန်ကြီးမားပြီး လျှော့တွက်၍ မရနိုင်ပေ။

ဟုန်ယွိ တွေးတောနေစဉ်မှာ ထိုတာအိုဘုန်းကြီးတစ်စုသည် လမ်းခွဲလိုက်ပါပြီ။ ၎င်းတို့ အနက်မှ တာအိုဘုန်းတော်ကြီး လေးဦးသည် မြို့စားနေထိုင်ရာ နံရံမြင့်ပေါ်သို့ လျင်မြန်စွာ လှည့်ပတ်သွားကြသည်။ သူတို့သည် ဆင်းသက်ချိန်မှာတောင် အသံမထွက်ပါဘူး။ သူတို့က သစ်ပင်တက်သည့် ကြောင်ထက်ပင် ပိုသွက်လက်ကြပါသည်။

တာအိုဘုန်းကြီးလေးပါးသည် ပင်မစံအိမ်သို့ အမြန်ချဉ်းကပ်ကာ အပြင်ဘက်တွင် ရပ်လိုက် ပါသည်။ သူတို့သည် ဟုန်ရွှန်ကျိ၏ စိတ်ဝိညာဉ်ခံစားချက်ကို လက်တစ်လုံးခြားဖြင့် ရှောင်ပုန်းနေခဲ့ကြသည်။

“လူလေးယောက်စလုံးက ကျွမ်းကျင်သူတွေပဲ"

ဟုန်ယွိ ချက်ချင်း ပြောနိုင်သည်။

စုစုပေါင်း တာအိုဘုန်းကြီး ငါးပါးဖြစ်သည်။ သူတို့လေးယောက်က ပင်မစံအိမ်အနီးသို့ ရောက်သောအခါ, အခြားတာအိုဘုန်းကြီးတစ်ပါးကမူ ထောင့်တစ်နေရာတွင် ငြိမ်သက်စွာ ထိုင်ပြီး မျက်လုံးများကို မှိတ်ထားစဉ် စိတ်ဝိညာဉ်က ပြေးထွက်သွားပါသည်။

အမွှေးတိုင်တစ်ချောင်းထွန်းညှိချိန် အချိန်ယူပြီးနောက်၊ ပင်မစံအိမ်ကြီးသည် ရုတ်တရက် လင်းထိန်သွားသည်။ သံချပ်ကာများ တုန်ခါသွားပြီး၊ ဓားရှည်များ ချွတ်သံ၊ ဒူးလေးဆွဲသံ များ ထွက်ပေါ်လာသည်။

"ဘယ်လောက်တော်လိုက်တဲ့ မြို့စားဝူဝမ်လဲ။ သူက တကယ်ကို အစွမ်းထက်တယ်။ သူရဲ့ စိတ်ဝိညာဉ်ရေးရာ ခံစားချက်က သူတို့ကို ရှာတွေ့တဲ့အထိ အရမ်းပြင်းထန်လွန်းတယ်။ ငါ မစောင့်နိုင်တော့ဘူး။"

မျက်လုံးမှိတ်ပြီး ငြိမ်သက်စွာ ထိုင်နေသော တာအိုဘုန်းတော်ကြီးသည် ရုတ်တရက် မျက်လုံးပွင့်လာပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ့ခန္ဓာကိုယ်က တင်းမာလာပြီး မျက်လုံးတွေကို ပြန်မိတ်လိုက်သည်။

ဝမ်…။

နဂါးတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ဟိန်းဟောက်အသံက လေဟာနယ်ထဲမှ ထွက်ပေါ်လာသည်။ ထို့နောက် ဟုန်ယွိသည် တာအိုဘုန်းကြီးဘေးမှ ဓားတိုလေးသည် ရုတ်ခြည်းဆိုသလို ခရမ်းရောင်အလင်းဖြင့် လင်းလက်နေသည်ကို တွေ့လိုက်ရပါသည်။

ဤဓားသည် ဓားမြှောင်ထက်ပင် ပိုတိုပြီး၊ ရန်သူများကို သတ်ဖြတ်ရာမှာ အသုံးမပြုနိုင်ပါ။ သို့သော် ဓားကို ခရမ်းရောင်မှော်စာလုံးများဖြင့် ဖုံးအုပ်ထားသည်။

ဤခရမ်းရောင် မှော်စာလုံးများသည် ဓား၏ကိုယ်ထည်မှာ ထွင်းထုထားဟန် တူသည်။ သို့သော် ၎င်းတို့က မည်သည့်အရာများရေးထားသည်ကို ပြောရန် ခက်ပါသည်။ ၎င်းတို့ပုံစံ က မီးပန်းတွေအတိုင်းပင်။

ဓားက ပျံတက်သွားသောအခါ တာအိုဘုန်းကြီး၏ ခေါင်းထက်တွင် ပုံရိပ်တစ်ပုံ ပေါ်လာသည်ကို ဟုန်ယွိ ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါသည်။ ဓားသည် ဤပုံရိပ်၏ လက်ထဲတွင် ရှိနေသည်။

ထိုပုံရိပ်က ဓားကို ဆွဲကိုင်လိုက်ပြီး လေထဲမှာ ပျံဝဲနေ၏။ သူသည် ဓားဖြင့် ရပ်နေကာ ပျံသန်းနေသော အင်မော်တယ်မီးလျှံကဲ့သို့ ပင်မမြို့စားစံအိမ်ဆီသို့ တဟုန်ထိုး ပြေးဝင်လိုက်ပါသည်။

တာအိုဘုန်းတော်ကြီး၏ ရုပ်ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။ ဓားကို ကိုင်ထားသည့် ထိုပုံရိပ်သည် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ဖြစ်သောကြောင့် လေထဲမှာ ပျံနိုင်ခဲ့သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အရာဝတ္ထုများကို ထိန်းချုပ်သည့် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မြန်တယ်။ လျှပ်စီးဖမ်းမြင်းလို မြန်တယ်။”

ဟုန်ယွိသည် တာအိုဘုန်းတော်ကြီး၏ မြင့်မြတ်သော စိတ်ဝိညာဉ်က ဓားကို ကောက်ကိုင် လိုက်ပြီး ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။ အမြန်နှုန်းက လေးနှင့်ဒူးလေးမှ ပစ်လွှတ်သော မြားများနှင့် နှိုင်းယှဉ်၍ မရသော်လည်း ၎င်းသည် ပြေးနေသော မြင်းတစ်ကောင် ကဲ့သို့ မြန်ဆန်နေပြီ ဖြစ်သည်။ ဟုန်ယွိ တွေးတောလိုက်သည်။ သူ့ကိုယ်ပိုင်စိတ်ဝိညာဉ် သည် ထိုမျှ မမြန်နိုင်ပါ။

တစ်ဖက်လူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် အလွန်ခိုင်မာသည်။

“အယ်..”။

တာအိုဘုန်းတော်ကြီး၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ပင်မစံအိမ်ဆီသို့ ပျံသန်းနေချိန်၌ ရုတ်တရက် လေထဲတွင် ရပ်တန့်သွားခဲ့သည်။ သူ လှမ်းကြည့်လိုက်တော့ ဟုန်ယွိကို တွေ့လိုက်ရသည်။

သူတို့သည် မျက်လုံးချင်း ဆုံသွားခဲ့သည်။

"ဒါက ဆိုးတယ်။ သူ့အခွံကနေ ထွက်လာတဲ့အခါ တစ်ဖက်လူရဲ့ နတ်ဘုရား စိတ်ဝိညာဉ်က ငါ့ကို မြင်နိုင်တယ်ဆိုတာကို ငါ ဘယ်လိုလုပ် မေ့သွားတာလဲ။"

ဟုန်ယွိသည် တာအိုဘုန်းတော်ကြီး၏ အကြည့်ကို မြင်လိုက်ရပြီး သူ့နှလုံးသားက တုန်လှုပ်သွားပါသည်။

“ဟမ့်...”။

တာအိုဘုန်းကြီးက အေးစက်စွာ နှာခေါင်းရှုံ့ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ရုတ်တရက် ဟုန်ယွိ၏ မျက်လုံးများက တောက်ပလာသည်။ သူ့ရှေ့တွင် ရွှေရောင် အလင်းတန်းတစ်ခု လင်းလက်လာသည်။ ထိုရွှေရောင် အလင်းတန်းအတွင်း၌ နတ်ဘုရား စစ်သူကြီးတစ်ဦး ပေါ်လာပြီး၊ ၎င်းသည် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ရွှေပုဆိန်ကို လက်ထဲတွင် ဆွဲကိုင်ထားသည်။ သူသည် ကောင်းကင်စစ်သူရဲတစ်ဦးကဲ့သို့ ကြီးကျယ် ခမ်းနားပြီး အံ့ဩထိတ်လန့်ဖွယ် အသွင်ဆောင်နေသည်။ သူက ဟုန်ယွိဆီသို့ ဦးတည်ပြီး သူ့ခေါင်းကို ပုဆိန်ဖြင့် ခုတ်လိုက်ပါသည်။

ပုဆိန်က ပစ်မှတ်ကို ထိသွားခဲ့သည်။

ဟုန်ယွိသည် သူ့တစ်ကိုယ်လုံး ကွဲကြေလုနီးပါး ခံစားရပြီး သူ၏ စိတ်ဝိညာဉ်သည် လွင့်ပါးသွားတော့မည် ဖြစ်သည်။

"လျိုဒင်လျိုဂျာလား…။ ယာကရှာနတ်ဆိုးဘုရင်”။ (General Liu Ding Liu Jia) ဟူသည် နတ်ဘုရားများ၊ တာအို ဘုန်းတော်ကြီးများ သို့မဟုတ် ဝိညာဉ်ရေးဆရာများသည် ထုံးတမ်း စဉ်လာများ သို့မဟုတ် အချို့သော အခမ်းအနားများ ဆောင်ရွက်ရာတွင် တာအိုဘုန်းတော် ကြီး (သို့) ဝိညာဉ်ရေးဆရာများ ဖိတ်ခေါ်ခြင်း သို့မဟုတ် စွမ်းအားကို လှုံ့ဆော်ပေးကြသည့် တာအိုဝါဒီ စစ်သူကြီးများ (သို့) အကာအကွယ်ပေးသူ ၁၂ ဦးတွင် တစ်ပါးပါဝင်ပါသည်။)။

ဟုန်ယွိသည် ယာကရှာနတ်ဆိုးဘုရင်ကို ချက်ခြင်း မြင်ယောင်ပြီး တာအိုဘုန်းကြီးဆီသို့ လှမ်းကြည့်လိုက်ပါသည်။

ယခုအချိန်တွင်၊ ဤရွှေပုဆိန်ကိုင် နတ်ဘုရားစစ်သူကြီးသည် တာအိုဘုန်းကြီး၏ နတ်ဘုရား ပုံရိပ်ဖော်ပညာရပ်မှ နတ်ဘုရားစစ်သူကြီးတစ်ဦး ဖြစ်ကြောင်း သူသိထားပြီး ဖြစ်သည်။ ၎င်းသည် ယာကရှာနတ်ဆိုးဘုရင်နှင့် အတူတူပင် ဖြစ်ပါသည်။ နတ်ဘုရား စိတ်ဝိညာဉ် အချင်းချင်း ထိပ်တိုက် ရင်ဆိုင်သောအခါ၊ ရန်သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ် ကို ထိခိုက်စေရန် ပုံရိပ်ဖော်နိုင်ပါသည်။

ထိုပုံရိပ်နှစ်ခုက အရမ်းမြန်ဆန်ပါသည်။ ဟုန်ယွိကို နတ်ဘုရားစစ်သူကြီးက တိုက်ခိုက်လာသောအခါ တာအိုဘုန်းတော်ကြီးကိုလည်း ယာကရှာ နတ်ဆိုးဘုရင်က တိုက်ခိုက်ခဲ့သည်။

သို့သော် တာအိုဘုန်းကြီးသည် တိုက်ခိုက်ခံခဲ့ရသော်လည်း၊ သူ့စိတ်ဝိညာဉ်သည် ဟုန်ယွိ ကဲ့သို့ ပြန့်ကျဲသွားမည့် လက္ခဏာမပြပေ။ သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ခါသွားပြီး၊ သူ့လက်ကို နောက်တစ်ကြိမ် ယမ်းလိုက်သည်။ နောက်ထပ် နတ်ဘုရားစစ်သူကြီးတစ်ဦး ပေါ်လာပြီး ယာကရှာ နတ်ဆိုးဘုရင်ကို ခါးမှနေ၍ ထက်ပိုင်း ဖြတ်ပစ်လိုက်ပါသည်။

ဤတာအိုဘုန်းတော်ကြီး၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သန်မာလွန်းသည်။ သူသည် ယာကရှာနတ်ဆိုးဘုရင်၏ ခက်ရင်းဖြင့် ထိုးခံခဲ့ရသော်လည်း ထိခိုက်မှုမှာ မပြင်းထန်ပါ။

ဟုန်ယွိသည် သူ့ခန္ဓာကိုယ် ကွဲသွားသည်ကို မြင်လိုက်ရ၏။ ကွဲထွက်သွားသောအခါတွင် သူ့စိတ်ဝိညာဉ်သည် အမှန်တကယ် ပျက်စီးသွားလိမ့်မည်ကို သူ သိသည်။ ကံကောင်းထောက်မစွာ၊ သူသည် အတွေ့အကြုံရှိခဲ့သည်။ သူသည် ရုတ်တရက် ပုံရိပ်ဖော်ပြီး၊ လေဟာနယ်ထဲကို ဝင်ရောက်သွားကာ အမိတ္တဘသုတ္တန်နယ်မြေထဲသို့ ဝင်သွားခဲ့သည်။

တခဏချင်းမှာပင် သူ့ခန္ဓာကိုယ်က မီးခိုးငွေ့ကဲ့သို့ ချက်ခြင်း ပြန်လည်စုရုံးလာပြန်သည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ပြန်လည် သန်မာလာခဲ့သည်။

"ယာကရှာနတ်ဆိုးဘုရင်"

ဟုန်ယွိသည် အမိတ္တဘဗုဒ္ဓကို မြင်ယောင်မိသည်နှင့် တပြိုင်နက် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် စုရုံးလာသည်။ အတွေးတစ်ချက်ဖြင့် နောက်ထပ် ယာကရှာနတ်ဆိုး ဘုရင် ပြန်ပေါ်လာသည်။ သူသည် တာအိုဘုန်းတော်ကြီးကို လျင်မြန်စွာ လက်သီးဖြင့် ထိုးပြီး နှလုံးသားကို ထိုးစိုက်လိုက်သည်။

“သူ့ရဲ့စိတ်ဝိညာဉ်က ဒီလောက် မြန်မြန်ပြန်ကောင်းလာတာလား။ ဒါက ဘယ်လိုဖြစ်နိုင်မှာ လဲ။ မဖြစ်နိုင်ဘူး"

တာအိုဘုန်းကြီးသည် ထိုးစိုက်ခံလိုက်ရသည်။ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ချက်ချင်း မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူ့ရင်ဘတ်ကို ဆုပ်ကိုင် ထားရင်း၊ သူသည် သူ့လက်ကို ဝှေ့ယမ်းပြီး ယာကရှာနတ်ဆိုးဘုရင်ကို အပိုင်းပိုင်းလှီးဖြတ်သည့် နတ်ဘုရား စစ်သူကြီးတစ်ဦးကို ပုံဖော်လိုက်ပါသည်။

“သွား..”။

တာအိုဘုန်းတော်ကြီးသည် ယာကရှာနတ်ဆိုးဘုရင်ကို အပိုင်းပိုင်းပိုင်းဖြတ်ရန် ဆင့်ခေါ်ပြီးနောက် လက်ညှိုးဖြင့် ညွှန်ပြသည်။ တာအိုဘုန်းတော်ကြီး သည် ဟုန်ယွိ၏ရှေ့သို့ ခုန်ဆင်းပြီး ဟုန်ယွိကို နောက်တစ်ကြိမ် အပိုင်းပိုင်း ခွဲလိုက်ပြန်ပါသည်။

သို့သော် ဟုန်ယွိသည် ချက်ချင်းပင် ပြန်စုရုံးသွားခဲ့သည်။ ထို့နောက်, ပုံရိပ်ဖောက်ထားသော ယာကရှာနတ်ဆိုးဘုရင်သည် သိပ်သည်းသော လေထုထဲမှ ထွက်ပေါ်လာပြီး တာအိုဘုန်းကြီးဆီသို့ ပျံသန်းသွားသည်။

တာအိုဘုန်းကြီးသည် အံ့ဩသွားသည်။

ဤအရာက လူနှစ်ယောက်ကြားက ရန်ပွဲလိုပင်။ မင်းက ငါ့ကိုခုတ်ရင်။ ငါ ဖြတ်ပိုင်းမယ်။ သို့သော်, ဖြတ်ပိုင်းပြီးသည်နှင့် ဒဏ်ရာက ချက်ချင်း သက်သာသွားပါသည်။

တာအိုဘုန်းကြီး၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ဟုန်ယွိထက် အားကောင်းပါသည်။ သို့သော် ထိုသို့သော စွမ်းအင်ကုန်ဆုံးမူကို ခံနိုင်ရည်မရှိခဲ့ပါ။

အခန်း (၄၈)။

နောက်ဆုံးတွင် ဟုန်ယွိသည် အမိတ္တဘသုတ္တန်သည် အဘယ်ကြောင့် ပြိုင်ဘက်ကင်း မြင့်မြတ်သော စိတ်ဝိညာဉ်ပညာရပ်ဖြစ်ရသည်ကို နက်နဲစွာ နားလည်သဘောပေါက်လာခဲ့ သည်။

ဤသုတ္တန်ကို အမြင့်အဆုံးအထိ ကျင့်ကြံပြီးသောအခါ၊ လူတစ်ယောက်၏ စိတ်ဝိညာသည် လေဟာနယ်ထဲတွင် ခေတ္တရပ်နား၍ရပြီး၊ ထိုလူသည် အတိတ်ဗုဒ္ဓဖြစ်လာပါလိမ့်မည်။ ထောင်ပေါင်းများစွာသော ကပ်ဘေးဒုက္ခများပင်လျှင် ထိုလူ၏အစစ်မှန်သဘောသဘာဝကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

ဗုဒ္ဓဘာသာ၏ စစ်မှန်သော သဘောသဘာဝမှာ တာအိုဝါဒီတို့၏ စိတ်ဝိညာဉ် အတွေးအမြင် များ ဖြစ်ပါသည်။ (စိတ်ဝိညာဉ်အတွေးမြင်တွေက သူ့အပေါ် သက်ရောက်မူမရှိဟု ဆိုလိုဟန်တူပါသည်)။

တစ်နည်းဆိုရသော်, အမိတ္တဘသုတ္တန်ကို ကျင့်ကြံပြီးနောက်, လူတစ်ယောက်သည် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ လူပြန်ဝင်စားခြင်းခံရလျှင်ပင် ယန်နတ်ဘုရား မဖြစ်လာမ ချင်း သူ့စိတ်ဝိညာဉ်သည် လုံးဝ ပျက်စီးသွားမည် မဟုတ်ပေ။

ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ်ကို သူ့အစစ်မှန် သဘောသဘာဝကို ပြောင်းလဲခြင်းမရှိဘဲ ထောင်နှင့်ချီသော ဒုက္ခများကို ခံနိုင်ရည်ရှိသည်အထိ မကျင့်ကြံနိုင်ခဲ့သော်လည်း ဒဏ်ရာ အနည်းငယ်ကို စိတ်ကူးဖြင့် ချက်ချင်း ပျောက်ကင်းစေနိုင်ပါသည်။

ဤတာအိုဘုန်းကြီး၏ လျိုဒင်လျိုဂျာ နတ်ဘုရားသည် ယာကရှာနတ်ဆိုးဘုရင်ထက် မနိမ့်ကျဘဲ တန်ခိုးကြီးမားသည်။ သာမန်နတ်ဆိုးများနှင့် သရဲတစ္ဆေများ၏ ဝိညာဉ်များကို ပြန့်ကြဲသွားစေရန် လုံလောက်ပါသည်။

ပြန့်ကြဲသွားသည်အထိ မစွမ်းဆောင်နိုင်ဘူးဆိုရင်လျှင်, ပြန်လည်ကုစား၍ မရနိုင်သည့် ပျက်စီးဆုံးရှုံးမှုတွေကို လုံလောက်စွာ ဖြစ်ပေါ်စေနိုင်ပါသည်။ သို့သော်, ဟုန်ယွိအတွက် တော့ ထိုဒဏ်ရာများက အသေးဖွဲ့လေး ဖြစ်ပါသည်။

"ဒီတာအိုဘုန်းကြီးရဲ့ နယ်ပယ်က သိပ်ပြီးမြင့်မားနေမှာ မဟုတ်လောက်ဘူး။ သူက သေချာပေါက် တစ္ဆေအင်မော်တယ်တစ်ပါး ဖြစ်လာဖို့အတွက် ကျင့်ကြံထားသူ မဟုတ်ဘူး။ မဟုတ်ရင် သူ့စိတ်ဝိညာဉ်ရဲ့ ဖိအားက ငါ့စိတ်ဝိညာဉ်ကို ခွဲထုတ်ပစ်ဖို့ လုံလောက်လိမ့်မယ်။ ငါ ပုံရိပ်ယောင်ဖော်ဖို့ အခွင့်အရေးတောင် မရှိနိုင်ဘူး။"

ယာကရှာနတ်ဆိုးဘုရင်၏ သံမဏိခက်ရင်းနှင့် နတ်ဘုရားစစ်သူကြီး၏ ပုဆိန်ကြီးနှင့် အပြင်းအထန် တိုက်မိသွားသည်။

နတ်ဆိုးနတ်ဘုရားနှင့် နတ်ဘုရားစစ်သူကြီးတို့သည် လေဟာနယ်ထဲတွင် တိုက်ခိုက်နေ ကြသည်။

ဟုန်ယွိနှင့် တာအိုဘုန်းကြီးတို့သည် လေဟာနယ်ထဲမှာ တိုက်ခိုက်ရန် ဆင့်ခေါ်ထားသော နတ်ဆိုးနတ်ဘုရားနှင့် နတ်ဘုရားစစ်သူကြီးကို အပြည့်အဝ အာရုံစိုက်ကာ ထိန်းချုပ်နေခဲ့ သည်။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ အသွင်သဏ္ဍာန်မဲ့ အတွေးတိုက်ပွဲတစ်ခု ဖြစ်ပြီး အထူးသဖြင့် အန္တရာယ်များလှသည်။ ရှုံးနိမ့်သူသည် သူတို့၏ စိတ်ဝိညာဉ်ကို ပျက်စီးစေ လိမ့်မည်။

ထိုအချိန်တွင် တာအိုဘုန်းကြီး ပုံရိပ်ဖော်ထားသော နတ်ဘုရားစစ်သူကြီးသည် ဟုန်ယွိ၏ မျက်လုံးထဲတွင် အရင်ကထက် အားနည်းလာခဲ့သည်။

ဤအရာက တာအိုဘုန်းကြီး၏ စိတ်ဝိညာဉ် ပျက်စီးသွားခြင်းကြောင့်ဟု ဟုန်ယွိ သိလိုက်ပါ ပြီ။ ထိုကြောင့် နတ်ဘုရားစစ်သူကြီး၏ စွမ်းအားသည် အားနည်းသွားလေသည်။ ယာကရှာ နတ်ဆိုးဘုရင် သို့မဟုတ် နတ်ဘုရားစစ်သူကြီးဖြစ်ပါစေ၊ ၎င်းတို့အားလုံးသည် ၎င်းတို့၏ ကိုယ်ပိုင် အတွေးအမြင်များမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ သူတို့ စိတ်ဝိညာဉ်တွေ သန်မာနေရင် သူတို့လည်း သန်မာကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ် အားနည်းလျှင် သူတို့လည်း အားနည်းလာကြလိမ့်မည်။

တာအိုဘုန်းကြီး ဆင့်ခေါ်ခဲ့သည့် ပထမဆုံး နတ်ဘုရားစစ်သူကြီးသည် ပြင်းထန်သော ရွှေရောင်အလင်းတန်းတစ်ခု ရှိနေခဲ့သည်။ သူ့ပုဆိန်ကို လွှဲလိုက်ခြင်းဖြင့် ယာကရှာနတ်ဆိုး ဘုရင်ကို နှစ်ပိုင်းခွဲပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်ခဲ့သည်။ ယခုမူကား, သူတို့သည် အချင်းချင်း တိုက်ခိုက်နိုင်နေပြီ။

အကြိမ်အနည်းငယ် ထိပ်တိုက် တွေ့ပြီးနောက်၊ ဟုန်ယွိသည် ဤတာအိုဘုန်းကြီး၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် သန်မာသော်လည်း ၎င်းသည် ရယ်စရာကောင်းလောက် အောင် မပြင်းထန်ကြောင်း ခံစားခဲ့ရသည်။ အများဆုံး သူ့ထက် နယ်ပယ်တစ်ခု မြင့်နေခြင်း ဖြစ်သည်။ ၎င်းသည် အရာဝတ္ထုများကို ထိန်းချုပ်နိုင်ရုံမျှသာဖြစ်ပြီး၊ ထင်ရှားပေါ်လွင်သည့် အဆင့်သို့ မရောက်ရှိသေးပါ။

အကယ်၍ နတ်ဘုရား စိတ်ဝိညာဉ်သည် ထင်ရှားပေါ်လွင်သည့်အဆင့်အထိ ပြုစု ပျိုးထောင်ခဲ့မည်ဆိုလျှင်၊ ၎င်းသည် ရုပ်ခန္ဓာကိုယ်တစ်ခုကို တိုက်ရိုက် ထင်ရှားစေနိုင်ရန် ခဲပြဒါးရွှေအမြုတေချီကို အားကိုးနိုင်မည်ဖြစ်ပြီး၊ သာမန်မျက်စိဖြင့် မြင်နိုင်ကာ အစစ်မှန် ခန္ဓာကိုယ်ကိုပင် နာကျင်စေနိုင်မည် ဖြစ်သည်။

ဟုန်ယွိနှင့် ဟာကူဇိယွဲ့သည် ရံဖန်ရံခါပြောဖူးသော အကြောင်းအရာတစ်ခု ရှိသည်။

တာအိုဘုန်းကြီးများသည် ဂျိဒန်ကို သန့်စင်ရန် ခဲပြဒါးကို အသုံးပြုခဲ့သော်လည်း၊ ၎င်းသည် ရုပ်ခန္ဓာကိုယ်အတွက် စားသုံးရန်မဟုတ်ဘဲ ယင်စိတ်ဝိညာဉ်ကို ထင်ရှားပေါ်လွင်စေရန် အတွက် ဖြစ်သည်။

အကယ်၍ ဤတာအိုဘုန်းကြီးသည် ယနေ့ ရုပ်လုံးဖော်ခြင်းအဆင့်သို့ ရောက်ရှိနေခဲ့ပါက၊ သူသည် ခဲပြဒါးဂျိဒန်ကို ချီအဖြစ် အရည်ပျော်ရန် မိုးကြိုးမီးလျှံအဆောင်ကို အသုံးပြုနိုင်ပြီး၊ သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် ရွှေကိုယ်ထည်ဖြစ်လာရန် ခဲပြဒါးဂျိဒန်ချီကို စုစည်းနိုင်မည် ဖြစ်သည်။ ထိုသို့ဆိုလျှင်, သူသည် ကြီးကြီးမားမား အားသာချက် ရှိလာလိမ့်မည်။ ဟုန်ယွိသည် ပြန်လည်ကုစားရန် ပုံရိပ်ဖော်ခြင်းကို အသုံးချနိုင်လျှင်ပင် အသုံးမဝင်ပေ။ (ရှေ့တုန်းက ရေးသားခဲ့သည့် ထုတ်ဖော်ပြသခြင်းအဆင့်ကို ရုပ်လုံးဖော်ခြင်းအဆင့်ဟု ပြောင်းလဲရေးသားပါမည်”။)

အဘယ်ကြောင့်ဆိုသော် ဟုန်ယွိသည် တခဏအတွင်း သူ၏ ဉာဏ်အမြင်သည် ကြောက်လန့်ပြီး လွတ်သွားနိုင်သောကြောင့် ဖြစ်သည်။ သူသည် ဖြောင့်မတ်စွာ တွေးတော နိုင်ခြင်းမရှိနိုင်တော့ပေ။

"ကောင်စုတ်၊ မင်းက သေချင်နေတာပဲ"

အဝေးက ပင်မစံအိမ်ထံမှ သတ္တုပွတ်တိုက်သံတွေကို ကြားလိုက်ရတော့ တာအိုဘုန်းကြီး သည် အရမ်းစိုးရိမ်နေပုံရပါသည်။ သူက ရုတ်တရက် ဟစ်အော်ဟစ်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုနတ်ဘုရားစစ်သူကြီး၏ ပုံရိပ်သည် သဲလွန်စမရှိဘဲ ပျောက်ကွယ် သွားခဲ့သည်။

ယာကရှာနတ်ဆိုးဘုရင်သည် ၎င်း၏ပြိုင်ဘက်ကို ဆုံးရှုံးသွားခဲ့ရပြီး တာအိုဘုန်းကြီးကို ထပ်မံ တိုက်ခိုက်ခဲ့သည်။

သို့သော်၊ ယာကရှာနတ်ဆိုးဘုရင် သုံးမြှောင့်ခက်ရင်းခွကို မြှောက်လိုက်စဉ်မှာ တောက်ပ သော အနီရောင် နေတစ်စင်းက တာအိုဘုန်းကြီး၏ ဦးခေါင်းထံမှ ရုတ်တရက် ထွက်ပေါ် လာသည်။ ရုတ်တရက်ဆိုသလိုပင် သူ့မျက်လုံးတွေက မီးလျှံများဖြင့် ပြည့်နေခဲ့သည်။ မီးတောက်များ လောင်မြိုက်မူကြောင့် ယာကရှာနတ်ဆိုးဘုရင်သည် လောင်ကျွမ်းပြီး ပြာကျသွားခဲ့ရသည်။

"နေနတ်ဘုရား တရားထိုင်ခြင်းပညာရပ်လား.."

ဟုန်ယွိ အံ့ဩသွားသည်။

တာအိုဘုန်းကြီး၏ ဦးခေါင်းထက်တွင် နေတစ်စင်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ့မျက်လုံးများ အားလုံးသည် အနီရောင်အလင်းတန်းများဖြင့် ပြည့်နှက်နေခဲ့သည်ဟု သူ ခံစားရသည်။ ဟုန်ယွိ၏ အမြင်အာရုံများ မှုန်ဝါးသွားကာ ဘာမှမမြင်ရတော့ပေ။ သူ့တစ်ကိုယ်လုံးက လောင်ကျွမ်းနေသည့် အလား ပူလောင်နေသည်။ သူသည် နေ့ခင်း ကြောင်တောင် ပူပြင်းသော နေရောင်အောက်မှာ သူ့ခန္ဓာကိုယ်ကို အမှန်တကယ် ချန်ထားခဲ့ပြီး၊ သူ့ခန္ဓာကိုယ်က ပြင်းထန်သော နေရောင်ခြည်အောက်မှာ လုံးဝ အရည်ပျော် တော့မည့်အတိုင်းပင်။

ဤသည်မှာ တာအိုနတ်ဘုရားပညာရပ် ဖြစ်သည်။ လူတစ်ယောက်၏ အတွေးထဲမှာ နေကို စိတ်ကူးပုံဖော်ပြီး၊ ၎င်းကို စိတ်ဝိညာဉ်တိုက်ပွဲများအတွင်း အသုံးပြုကာ နတ်ဆိုးများ အားလုံးကို ပြာအဖြစ်သို့ လောင်ကျွမ်းစေနိုင်ပါသည်။

သို့သော်၊ လူတစ်ဦး၏စိတ်ဝိညာဉ်သည် နေ့လမ်းလျှောက်ခြင်းနယ်ပယ်ကို လုံးဝ ကျော်လွန် သွားမှသာ ဤစိတ်ကူးပုံဖော်နည်းကို အသုံးပြုနိုင်ပါသည်။ အထူးသဖြင့် ၎င်းကို အသုံးပြု သောအခါတွင်၊ ၎င်းပညာရပ်သည် မိမိ၏စိတ်ဝိညာဉ်ကို ထိခိုက်စေနိုင်ပါသည်။

ယခုတော့ တာအိုဘုန်းကြီးသည် ဟုန်ယွိ၏ နှောင့်ယှက်မှုကို ခံနေရပြီး၊ သူ့တွင် အခြား ရွေးချယ်စရာမရှိသည့်အတွက် ဤတိုက်ခိုက်မှုတစ်ခုဖြင့် အရာအားလုံးကို တွန်းလှန်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဟုန်ယွိ၏ စိတ်ဝိညာဉ်ကို ဖိနှိပ်ချင်နေခဲ့သည်။

သူ့တစ်ကိုယ်လုံး မီးတောက်တွေ ဝိုင်းနေပြီး လုံးဝ မလုပ်နိုင်တော့ပါဘူး။

ပြိုင်ဘက်၏ နေနတ်ဘုရားပုံရိပ်ဖော်ပညာရပ်ကို ရင်ဆိုင်ရင်း၊ ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် အလွန်အားနည်းသွားသည်အထိ လောင်ကျွမ်းသွားခဲ့သည်။ သူသည် အမိတ္တဘဗုဒ္ဓကို ချက်ခြင်း မြင်ယောင်ပြီး သူ့စိတ်ကို ကာကွယ်ထားမှ သူ့စိတ်ထဲတွင် အနည်းငယ် အေးလာခဲ့သည်။ သို့သော် သူသည် တန်ပြန်တိုက်ခိုက်အသားထား၊ သူ့ပတ်ဝန်းကျင်ရှိ မီးတောက်များကိုပင် မငြိမ်းသတ်နိုင်ခဲ့ပေ။

"ဒီကောင်က ဘာလို့ မသေသေးတာလဲ”

တာအိုဘုန်းကြီးလည်း ထိတ်လန့်သွားသည်။ နေနတ်ဘုရားပုံရိပ်ဖော်ပညာရပ်ကို အသုံးပြု ပြီးနောက် မီးတောက်များသည် ဟုန်ယွိကို လုံးလုံးလျားလျား ဝန်းရံထားသည်ကို သူ ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။ သို့သော်လည်း ဟုန်ယွိသည် မီးထဲတွင် ထိုင်နေခဲ့ သည်။ သူသည် ပိတ်မိနေပြီး မလှုပ်ရှားနိုင်သော်လည်း တာအိုဘုန်းကြီးက သူ့ကို အချိန်တို အတွင်း အသေသတ်နိုင်မည် မဟုတ်ပေ။

"ငါ့စိတ်ဝိညာဉ် ပျက်စီးသွားရင်တောင်, ငါ သူ့ကို မီးရှို့သတ်ပစ်မယ်"

တာအိုဘုန်းကြီးသည် သွားများကို တင်းတင်းကြိတ်ကာ နေနတ်ဘုရား ပုံရိပ်ဖော်ပညာ ရပ်ကို အသုံးပြုနေခဲ့သည်။ သူ့စိတ်ဝိညာဉ်လည်း နှိပ်စက်ခံရပြီး တစ်ကိုယ်လုံး နာကျင်နေ သည်။ သို့သော် ဟုန်ယွိကို သန့်စင်ရန်အတွက် ဟုန်ရွှန်ကျိကို ကိုင်တွယ်ရန် သူ၏ခွန်အား ရှိသမျှကို အသုံးပြုခဲ့ရသည်။ သူသည် ရုတ်တရက် သူ့အတွေးအားလုံးကို စုစည်းလိုက် သည်။

ဟင့်အင်း.. ဟုန်ယွိ ပတ်ဝန်းကျင်ရှိ လောင်ကျွမ်းနေသော မီးတောက်များက ပိုမိုပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့သည်။ မီးတောက်များအတွင်း၌ အလင်းတန်းများ စီးဆင်းနေသည်၊ နောက်ဆုံးတွင်, ထိုအလင်းတန်းများသည် ပွင့်လင်းမြင်သာသည့် အဖြူရောင်အဖြစ်သို့ ပြောင်းလဲသွားပါသည်။

ဟုတ်ပါသည်။ ဤအရာတွေကို သာမန်မျက်စိဖြင့် မမြင်နိုင်ပါဘူး။ စိတ်ဝိညာဉ်တိုက်ပွဲများ အားလုံးသည် စိတ်ထဲတွင်ရှိပြီး စိတ်ကူးများအားလုံးကို အတွေးဖြင့်သာ မြင်နိုင်ပါသည်။

တာအိုဘုန်းကြီး၏ နေနတ်ဘုရားတရားထိုင်ခြင်းနည်းလမ်းသည် အမှန်တကယ် နေ၏ အလင်းရောင်မဟုတ်ဘဲ “နှလုံးသားမီးလျှံ” ဖြစ်ပါသည်။ သို့ရာတွင်၊ အကျိုးသက်ရောက်မှု က နေ၏အလင်းရောင်နှင့် အတူတူပင်ဖြစ်ပြီး၊ အတွေးများ ဖရိုဖရဲဖြစ်ကာ စိတ်ဝိညာဉ်ကို ဖျက်ဆီးပစ်နိုင်သည်။

"ငါ ဒီလို ဆက်တောင့်မခံနိုင်မှာ စိုးရတယ်။ မကြာခင်မှာ ငါ့စိတ်ဝိညာဉ် ခမ်းခြောက်သွားပြီး နှလုံးသားမီးလျှံနဲ့ လောင်ကျွမ်းခံရလိမ့်မယ်။ ငါ ပြန်တိုက်ဖို့ နည်းလမ်းတစ်ခု စဉ်းစားရ မယ်။”

ဟုန်ယွိသည် သူ၏စိတ်ဝိညာဉ်သည် နေ့လမ်းလျှောက်ခြင်းနယ်ပယ်သို့ အခုမှ ရောက်ရှိရုံမျှသာ ဖြစ်ပြီး၊ တာအိုဘုန်းကြီးထက် များစွာ အားနည်းနေသေး သည်ကို သိလာရသည်။ ထို့ကြောင့် သူသည် မီးတောက်များကြားတွင် ပိတ်မိနေပြီး မလှုပ်ရှားနိုင်ခဲ့ပေ။ အကယ်၍, သူ့စိတ်ဝိညာဉ်သာ ပိုသန်မာနေပါက, သူသည် တိုက်ရိုက် ခွဲထုတ်နိုင်လိမ့်မည်။

ယခုမူကား သူသည် သူ့သဘောသဘာဝကို ထိန်းသိမ်းပြီး သူ့စိတ်ဝိညာဉ်ကို စဉ်ဆက် မပြတ် ပြုပြင်ရန် အမိတ္တဘသုတ္တန်ကိုသာ အားကိုးနိုင်ခဲ့သည်။

တစ်ဖက်လူက သူ့ကို မီးရှို့သတ်ချင်နေသောကြောင့် ဟုန်ယွိသည် သူ့စိတ်ကို ထိန်းပြီး အသက်ရှင်ရန် ကြိုးစားနေခဲ့ရသည်။

“ရှက်ချာဆာနတ်ဆိုးဘုရင်”

သူ့နှလုံးသားကို ထိန်းထားရင်း၊ ယာကရှာနတ်ဆိုးဘုရင်ထက် ပိုအစွမ်းထက်သည့် ရှက်ချာ ဆာနတ်ဆိုးဘုရင်ကို ပုံဖော်ကြည့်လိုက်ပါသည်။

သူပုံဖော်နေချိန်မှာပင် လေထဲမှာ ထူထဲသည့်သွေးရနံ့ကို ရှူရှိုက်လိုက်ရပါသည်။ ထို့နောက် သူ့ပတ်ဝန်းကျင်တွင် ကြက်သွေးရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး အနီရောင်ဆံပင် အပြည့်နှင့် ရှက်ချာဆာနတ်ဆိုးဘုရင်သည် သွေးပင်လယ်ပြင်ပေါ်သို့ ခြေချလာခဲ့သည်။

ရှက်ချာဆာနတ်ဆိုးဘုရင်သည် ဟုန်ယွိကို မြင်သောအခါ သူသည် ပြေးပြီး လက်သီးဖြင့် ထိုးချင်လာသည်။ သို့သော် သူ လက်သီးဖြင့် ထိုးလိုက်သည်နှင့် သူ့ခန္ဓာကိုယ် တင်းမာလာ ပြီး ပတ်ဝန်းကျင်ရှိ မီးတောက်များက ပိုပြင်းထန်လာသည်။

ရှက်ချာဆာနတ်ဆိုးဘုရင်သည် ဟုန်ယွိ၏ အကြံအစည်မှ ဖြစ်ပေါ်လာသောကြောင့် သူ ပေါ်လာသည်နှင့် တာအိုဘုန်းကြီး၏ မီးတောက်များက သဘာဝအတိုင်း လောင်ကျွမ်း ကြသည်။

မီးလောင်သွားသည့် အခိုက်တွင်၊ ရှက်ချာဆာနတ်ဆိုးဘုရင်သည် ဟိန်းဟောက်ပြီး ၎င်း၏ ပတ်ပတ်လည်တွင် သွေးများက ထွန်းလင်းတောက်ပစွာ လင်းထိန်နေခဲ့သည်။ သွေနှင့် တူသော လှိုင်းလုံးကြီးသည် လေထဲတွင်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ မီးတောက်များကို ချက်ချင်း ငြိမ်းသတ်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှက်ချာဆာနတ်ဆိုးဘုရင်သည် တာအိုဘုန်းကြီးအား ဟိန်းဟောက် ပြီး အော်ဟစ်လိုက်လေသည်။

"အား.." မီးတောက်များ ပျောက်ကွယ်သွားချိန်တွင် တာအိုဘုန်းတော်ကြီးသည် နာကျင်စွာ အော်ဟစ်ခဲ့သည်။ ဟုန်ယွိသည် တာအိုဘုန်းတော်ကြီးအား နှစ်ခြမ်းခွဲထားသည့် ရှက်ချာဆာ နတ်ဆိုးဘုရင်၏သွေးနီရောင်လွှဘီးကို မြင်လိုက်ရသည်။

တာအိုဘုန်းကြီး၏ စိတ်ဝိညာဉ်သည် တွန့်လိမ်ကာ ရုန်းကန်သော်လည်း ရှက်ချာဆာ နတ်ဆိုးဘုရင်၏ အဆက်မပြတ် တိုက်ခိုက်မှုအောက်တွင် တဖြည်းဖြည်း ပျောက်ကွယ် သွားသည်။

ရှက်ချာဆာနတ်ဆိုးဘုရင်သည် တာအိုဘုန်းတော်ကြီး၏ စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီးသောအခါ၊ သူသည် ကောင်းကင်ယံသို့ မျှော်ကြည့်ရင်း ရယ်မောလိုက်ပါသည်။ သူသည် ရုတ်တရက် ပြန်လှည့်ပြီး ထူးဆန်းသော သွေးနီရောင်မျက်လုံးနှစ်လုံးဖြင့် ဟုန်ယွိကို ကြည့်လိုက်ပါသည်။

"မကောင်းတော့ဘူး"

ရှက်ချာဆာနတ်ဆိုးဘုရင်သည် စွမ်းအားကြီးသော နှလုံးသားနတ်ဆိုးဖြစ်ကြောင်း ဟုန်ယွိ သိသည်။ တာအိုဘုန်းကြီးကို သတ်ဖြတ်ပြီးသည်နှင့် သူ့အတွက် ဖြစ်လာခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ရှက်ချာဆာနတ်ဆိုးဘုရင်သည် ဟုန်ယွိကို သူ့လက်ထဲမှ ဓားကြီးဖြင့် ခုတ်ပိုင်းလိုက်သည်။

ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို အမြန်ပြန်လှည့်ကာ အခန်းထဲသို့ ပြန်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်ထံသို့ အမြန်ပြန်ရောက်မှသာလျှင် ထိုနှလုံးသားနတ်ဆိုးကို တွန်းလှန်နိုင်ပါ လိမ့်မည်။ မဟုတ်ရင် သူ မည်သို့သေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။

ခြံဝန်းက မဝေးလှပေ။ ဟုန်ယွိသည် အခန်းထဲသို့ ပြေးဝင်ကာ ကုတင်ပေါ်တွင် သူ့ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ သူ့စိတ်ဝိညာဉ်သည် ချက်ချင်း ဝင်၍ ပြန်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှက်ချာဆာနတ်ဆိုးဘုရင်သည် နောက်မှ လိုက်လာပြီး ဟုန်ယွိ၏ စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာခဲ့သည်။

သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်သို့ ပြန်ရောက်သွားသောအခါတွင်၊ ဟုန်ယွိသည် ပို၍ သက်တောင့်သက်သာရှိပြီး ပို၍သန်မာလာပါသည်။ သူသည် ရုတ်တရက် လေထဲသို့ ခုန်ဆင်းကာ အမိတ္တဘဗုဒ္ဓထံတော်သို့ လှည့်သွားခဲ့သည်။ ရှက်ချာဆာနတ်ဆိုးဘုရင်က သူ့ကို မည်သို့ပင် တိုက်ခိုက်ပြီး ကိုက်ဖြတ်နေပါစေ သူ မတုန်လှုပ်ခဲ့ပါဘူး။

အချိန်အတော်ကြာအောင် အကြိမ်ပေါင်း ထောင်နှင့်ချီပြီး တိုက်ပွဲဝင်ပြီးနောက်၊ ဟုန်ယွိ သည် နောက်ဆုံးတွင် သူ၏စိတ်ဝိညာဉ်ကို ငြိမ်သက်သွားစေသည်။ အတွေးတစ်ခုဖြင့် ရွှေရောင်အလင်းတန်းသည် တောက်ပစွာ ထွန်းလင်းတောက်ပနေပြီး ရှက်ချာဆာနတ်ဆိုး ဘုရင်အား သူ့စိတ်ဝိညာဉ်၏နက်ရှိုင်းသောနေရာတွင် ဖိနှိပ်ကာ ပျောက်ကွယ်သွားစေခဲ့ သည်။

"ဒီသွေးတွေက ပြင်းထန်လွန်းတယ်။"

ဟုန်ယွိသည် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရင်း အရမ်းပင်ပန်းနေသလို ခံစားရ၏။

ရှက်ချာဆာနတ်ဆိုးဘုရင်သည် သူ့နှလုံးသွေးကို ကိုယ်စားပြုသည်။ အကယ်၍ သူသာ ရှုံးနိမ့်ခဲ့ပါက သူသည် သွေးဆာပြီး လူမဆန်သော နတ်ဆိုးတစ်ကောင် ဖြစ်လာလိမ့်မည်။

"စကားမစပ်၊ တာအိုဘုန်းကြီးရဲ့ စိတ်ဝိညာဉ် ပျောက်ကွယ်သွားချိန်မှာ ပေါက်ကွဲမီးလျှံ နတ်ဘုရားအဆောင်ဓားက ပြုတ်ကျသွားခဲ့တယ်။ ငါသွားကြည့်ရမယ်”။

ဟုန်ယွိသည် ထရန် ရုန်းကန်ခဲ့ရသည်။ သူ ထွက်သွားခါနီးတွင် သူသည် စိတ်ဝိညာဉ် မဟုတ်ပေ။ ခန္ဓာကိုယ်ဖြစ်ကြောင်းကို သတိရပြီး အပြင်တွင် အိမ်ဖော်လေးယောက် စောင့်ကြည့်နေမည်ကို သတိရမိသည်။

“ခရမ်းကျောက်စိမ်း၊ အမြန်ထစမ်း။ မြင်းကို အစာကျွေးစမ်း။"

ဟုန်ယွိ အကြိမ်အနည်းငယ် အော်လိုက်သော်လည်း အပြင်ဘက်မှ အိမ်ဖော်လေးယောက် က အသံမထွက်ပါဘူး။ သူမတို့သည် အိပ်ပျော်နေပုံရပါသည်။

ဟုန်ယွိက သူ့ကိုယ်သူ ပြုံးပြပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။ သူနောက်ကို ဘယ်သူမှ လိုက်မလာခဲ့ပါဘူး။

သူသည် ခြံဝင်း၏ လမ်းကြားထဲသို့ လျင်မြန်စွာ ဝင်ရောက်ခဲ့ပြီး၊ ဟုန်ယွိသည် မြေပြင်ပေါ် တွင် ဓားမြှောင်သေးသေးလေးကို တွေ့လိုက်ရသည်။ ၎င်းကို ခရမ်းရောင် မှော်သင်္ကေတ များဖြင့် ဖုံးလွှမ်းထားသည်။

ဟုန်ယွိက ၎င်းကို အမြန်သိမ်းဆည်းလိုက်ပါသည်။

သူသည် နံရံဆီသို့ လျှောက်သွားပြီး အုတ်တစ်ချပ်ကို ထူးထုတ်ရန် ဓားမြှောင်ကို အသုံးပြုခဲ့ သည်။ ဟုန်ယွိသည် နံရံပေါ်မှခုန်ဆင်းကာ လမ်းထောင့်ဆီသို့ တိတ်တဆိတ် လျှောက်သွား ခဲ့သည်။ တာအိုဘုန်းကြီး၏အလောင်းကို သူ မြင်ရသည်။

တာအိုဘုန်းကြီး၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားပြီး သေဆုံးသွားခဲ့သည်။ ခန္ဓာကိုယ်က လုံးဝကို ဦးနှောက်မဲ့သွားခဲ့ပြီ။ ၎င်းသည် အသက်ရှူပြီး နှလုံးခုန်နေရုံသာ ရှိပါတော့သည်။ ၎င်းသည် သစ်ပင်တစ်ပင်ကဲ့သို့ လုံးဝ သတိလစ်နေပြီး မလှုပ်မယှက် ဖြစ်နေပြီ။

ဤအခြေအနေကို လူတွေကြားထဲမှာ ဝိညာဉ်ပျောက်ဆုံးခြင်းဟု သိထားကြပါသည်။

ဟုန်ယွိသည် တာအိုဘုန်းကြီး၏ အလောင်းကို ရှာဖွေခဲ့ရာ သူနှင့်အတူ တစ်စုံတစ်ရာ ယူဆောင်လာခြင်း မရှိကြောင်း တွေ့ရှိခဲ့ရသည်။ အထဲမှာ ရွှေဒင်္ဂါးအနည်းငယ်ပါသော ပိုက်ဆံအိတ်တစ်လုံးသာ ရှိသည်။

"ဟင်..၊ ဒါက ဘာလဲ”

ထို့နောက်တွင် ဟုန်ယွိသည် သစ်သားသေတ္တာငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်တော့ လက်ချောင်းတစ်ချောင်း သာသာ အရှည်ရှိသည့် အပ်တစ်ချောင်းရှိနေသည်။ ၎င်းသည် အပ်စိုက်ကုထုံးအတွက် အသုံးပြုသော ရွှေအပ်နှင့် တူသည်။ သို့သော် ဤအပ်ကို ရွှေ သို့မဟုတ် ငွေဖြင့် ပြုလုပ်ထားခြင်း မဟုတ်ပါ။ ယင်းအစား, ၎င်းသည် သွေးအမှတ်သင်္ကေတများဖြင့် ဖုံးလွှမ်းနေပြီး သူ့လက်ထဲမှာ လေးလံနေသလို ခံစားရသည်။ ၎င်းသည် သာမန်သံမဏိထက် နှစ်ဆပိုလေး၏။

“ဒီအပ်က သွေးပုံစံသံမဏိလားများလား”။

ဟုန်ယွိ အံ့ဩသွားသည်။

All Chapters