အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အခန်း (၄၉)။
“သွေးပုံစံသံမဏိလား” လောကမှာ ဒီလိုအရာမျိုး တကယ်ရှိနေတာလား။ ငါ တကယ်ကို မမျှော်လင့်ထားဘူး။ စာအုပ်တွေနဲ့ တာအိုကျမ်းစာတွေထဲမှ မှတ်တမ်းများအားလုံးအရ, မရှိဘူးလို့ ငါ ထင်ထားခဲ့ပေမယ့်၊ ဒီသံမဏိက အပ်တစ်ချောင်းသာသာ ရှိနေတယ်။ ငါ့စိတ်ဝိညာဉ်က အရာဝတ္ထု ထိန်းချုပ်ခြင်းအဆင့်ကို မရောက်သေးတာ သနားစရာပဲ။ မဟုတ်ရင် ဒီသွေးပုံစံသံမဏိက ဘယ်လောက် ကောင်းမွန်လဲဆိုတာ သိရှိနိုင်ဖို့ ငါ ကြိုးစား ကြည့်နိုင်တယ်။ စိတ်ဝိညာဉ်ဖြင့် အရာဝတ္ထုကို ထိန်းချုပ်ခြင်းက တခြားသာမန်သတ္တုတွေထက် ဆယ်ဆပိုမြန်သလား။ ဆယ်ဆ ပြောင်းလွယ်ပြင်လွယ် ရှိနေသလား။
ဟုန်ယွိသည် သွေးရောင်ပုံစံများ ဖုံးလွှမ်းနေသော သူ့လက်ထဲက လေးလံသော အပ်ချောင်း ကို ကြည့်ကာ သူ့ကိုယ်သူ တွေးနေမိသည်။
သူသည် မူလက တာအိုဘုန်းကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ပေါက်ကွဲမီးလျှံနတ်ဘုရား အဆောင်ဓားကဲ့သို့ တစ်စုံတစ်ရာရှိမရှိ စစ်ဆေးရန် နံရံကို ကျော်တက်ခဲ့သော်လည်း သွေးပုံစံသံမဏိအပ်ကို ရှာတွေ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
ဟုန်ယွိသည် တာအိုကို စတင်ကျင့်ကြံစဖြစ်သည်။ သူသည် နေ့လမ်းလျှောက်ခြင်း နယ်ပယ်သို့ရောက်ရန် အတိတ်၏ အမိတ္တဘသုတ္တန်ကို အားကိုးခဲ့သော်လည်း, သူသည် ရန်သူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်ရန် စိတ်ကူးပုံဖော်မှု၊ နတ်ဆိုးများကို နှိမ်နင်းခြင်းနှင့် နည်းစနစ်အချို့ကိုလည်း သင်ယူခဲ့သည်။
သို့သော် ယင်းတို့သည် တာအိုဘာသာကို ကျင့်ကြံရာတွင် အခြေခံအကျဆုံး အရာများသာ ဖြစ်ပြီး အစပျိုးသူအဖြစ်ပင် မယူဆနိုင်ပေ။
တာအိုကို အမှန်တကယ် ကျင့်ကြံနိုင်ရန်အတွက်၊ လူတစ်ယောက်သည် အရာဝတ္တုကို ထိန်းချုပ်ခြင်း နယ်ပယ်သို့ ရောက်ရှိပြီး၊ ယင်သခင် ဖြစ်လာရသေးသည်။ သို့မှသာ ခမ်းနား ထည်ဝါသော တာအိုနည်းလမ်းမျိုးစုံနှင့် ကျယ်ပြောလှသော ကမ္ဘာကြီးကို အမှန်တကယ် ထုတ်ဖော်နိုင်မည် ဖြစ်သည်။
အကယ်၍, လူတစ်ယောက်သည် အရာဝတ္ထုထိန်းချုပ်ခြင်း နယ်ပယ်အထိ ကျင့်ကြံနိုင်ခဲ့ လျှင်, ထိုလူသည် ပျံသန်းနိုင်သော ဓားများ၊ ပျံသန်းနိုင်သော အပ်များ၊ ဓားပျံများကို အသုံးပြုပြီး သဲလွန်စမကျန်ဘဲ လုပ်ကြံသတ်ဖြတ်ရန် သူ့စိတ်ဝိညာဉ်ကို အသုံးပြုနိုင်သည်။
ရုပ်လုံးဖော်ခြင်းနယ်ပယ်တွင် လူတစ်ယောက်သည် ဂျိဒန်၏ ခဲပြဒါးချီကိုပင် အသုံးပြု၍ စိတ်ဝိညာဉ်ကို တိုက်ရိုက် ထင်ရှားစေနိုင်ပြီး၊ ၎င်းအား ရုပ်ခန္ဓာကိုယ်တစ်ခုအဖြစ် ယာယီ ပေါင်းစည်းနိုင်ပါသည်။
ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနယ်ပယ်မှာ လူတစ်ယောက်သည် စိတ်ဝိညာဉ်ကို ဝိညာဉ်သတ္တဝါ မျိုးစုံနှင့်အတူ ယှဉ်တွဲနိုင်စွမ်းရှိသည်။ နည်းလမ်းများသည် အမြဲပြောင်းလဲနေနိုင်ပြီး၊ ကာကွယ်ရန်မှာ မဖြစ်နိုင်ပေ။
ဟုန်ယွိသည် ဟာကူဇိယွဲ့က ရန်သူများကို ကြောက်ရွံ့စေရန် မတ်စတက်ဖ်ခွေးတွင် သူစိတ်ဝိညာဉ်ကို တိုက်ရိုက် ယှဉ်တွဲထားသည်ကို မြင်ဖူးသည်။ ထိုကဲ့သို့နည်းလမ်းတွေနှင့် ရင်ဆိုင်ရသည့်အခါ ဖြေရှင်းရန် နည်းလမ်းမရှိပေ။ အစွမ်းထက်သော တစ္ဆေအင်မော်တယ် များသည် ကျွမ်းကျင်သူများနှင့် သူတို့ကိုယ်သူတို့ ပေါင်းစည်းကာ နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နိုင်ရန် ကျွမ်းကျင်သူများ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိန်းချုပ်နိုင်ကြသည်။ ဤအရာက ကြောက်စရာ အကောင်းဆုံးဖြစ်သည်။
"ငါ နေ့လမ်းလျှောက်ခြင်းနယ်ပယ်ကို ကျင့်ကြံကာစပဲ ရှိသေးတယ်။ တိမ်ထူတဲ့နေ့တွေမှာ ဒါမှမဟုတ် မနက်နဲ့ ညနေပိုင်း နေရောင်အားနည်းတဲ့ အချိန်တွေမှာပဲ ထွက်လာနိုင်တယ်။ ပူပြင်းတဲ့ နေရောင်အောက်မှာဆိုရင် အရာဝတ္ထုထိန်းချုပ်ဖို့ကို အသာထား။ အပြင်ထွက်ဖို့ တောင် မဖြစ်နိုင်ဘူး။ အမိတ္တဘသုတ္တန်က ကျင့်ကြံဖို့ ပိုမိုခက်ခဲလာပြီ။ ဒီနေ့၊ ငါ ရှက်ချာဆာနတ်ဆိုးဘုရင်ကို မတော်တဆ ပုံဖော်လိုက်တဲ့အခါ, ငါ့ရဲ့သတ်ဖြတ်ချင်တဲ့ ဆန္ဒကြောင့် ငါ့ကို ဝါးမြိုလုနီးပါး ဖြစ်ခဲ့ရတယ်။"
ဟုန်ယွိသည် သူ၏ကျင့်ကြံမှုသည် အရာဝတ္တုကို ထိန်းချုပ်နိုင်ရန် အဝေးကြီးလိုသေး ကြောင်း သိပါသည်။ သူ့တွင် သွေးပုံစံသံမဏိအပ်ရှိလျှင်ပင်, ၎င်းကို အသုံးပြုနိုင်မည် မဟုတ်ပေ။ ဤဒဏ္ဍာရီလာ အင်မော်တယ်သံမဏိ၏ စွမ်းအားကို သူ စမ်းသပ်နိုင်ဦးမည် မဟုတ်ပေ။
ဟုန်ယွိသည် သွေးပုံစံသံမဏိအပ်ကို ကြည့်ပြီးနောက် ခရမ်းရောင် သင်္ကေတများနှင့် ပြည့်နေသော သူ့လက်ထဲက ဓားမြှောင်ကို ကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်ပြီး ဓားမြှောင်ကို သူ့ဝတ်စုံလက်မောင်းထဲကို သေချာထည့်လိုက်ပါသည်။
သွေးပုံစံသံမဏိသည် တစ်ခုတည်းသော အရာဖြစ်သည်။ သို့သော် ဤဓားမြောင် ပေါက်ကွဲ မီးလျှံနတ်ဘုရားအဆောင်ဓားသည် တခါတည်း ပေါက်ကွဲသွားကာ စံအိမ်ကြီးတစ်ခုလုံးကို ပင် ဖျက်ဆီးပစ်မည်ဟု ဆိုသည်။ ဟုန်ယွိ သတိထားရမည်။
"ဒီတာအိုဘုန်းကြီးတွေက အသက်မဲ့တာအိုဂိုဏ်းနဲ့ စစ်မှန်တဲ့ လေဟာနယ်တာအိုဂိုဏ်းကပဲ။ သူတို့က တော်ဝင်ချန်မင်းဆက်ရဲ့ အရေးကြီးတဲ့ ဝန်ကြီးချုပ်တွေကို နှစ်ကြိမ်တိုင်တိုင် လုပ်ကြံသတ်ဖြတ်ဖို့ သတ္တိရှိခဲ့တယ်။ ဒါ့အပြင်၊ အကြိမ်တိုင်း ပိုမိုအားကောင်းလာပြီး ကြီးမားတဲ့ စွမ်းအားကို ပြသကြတယ်။ သူတို့ ဘာလုပ်ဖို့ကြိုးစားနေတာလဲ။”
သူ့ပစ္စည်းတွေကို တိတ်တဆိတ် ထုပ်ပိုးပြီးသည်နှင့်, သူသည် နံရံကို ကျော်တက်ပြီး စံအိမ်ကြီးထဲကို ဝင်လာခဲ့သည်။ သူ့အဝတ်အစားတွေကို ပွတ်သပ်ပြီး၊ ဟုန်ယွိက သူ့ကိုယ်သူ တွေးလိုက်သည် "ကိုယ်ခံပညာ လေ့ကျင့်တာ ကောင်းလိုက်တာ။ အရင်တုန်းကဆိုရင် ငါ မြို့စားစံအိမ်ရဲ့ နံရံကိုတောင် တက်နိုင်မှာမဟုတ်ဘူး။”
ဟုန်ယွိသည် သပ်သပ်ရပ်ရပ် လုပ်ဆောင်ပြီးနောက် သူ့အခန်းထဲကို ပြန်ရန် အလျင်စလို မဖြစ်တော့ပေ။ ယင်းအစား, သူသည် အခန်း၏ ဘယ်ဘက်ခြမ်းကို လျှောက်သွားပြီး မြင်းကို ကြည့်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူပြင်ဆင်ထားသည့် ကြက်ဥနှင့် ပဲပိစပ်တွေကို ရောစပ်ပြီး သစ်သားပုံးတစ်ခုထဲမှာ ထည့်လိုက်ပါသည်။ ထို့နောက် လက်တစ်ဆုပ်စာဖြင့် လျှပ်စီးဖမ်းမြင်းကို ကျွေးသည်။
လျှပ်စီးဖမ်းမြင်းသည် ညစာစားသည့် အလေ့အထ ရှိပုံရသည်။ ၎င်းသည် ဟုန်ယွိကို ကြည့်ပြီး ဂရုတစိုက် ဝါးကာ ချမ်းသာကြွယ်ဝသည့် မိသားစု၏ သူဌေးသမီးထက်တောင် ပိုမိုနှေးကွေးစွာ စားနေပါသည်။
ဤမြင်းသည် ပြုစုရန် ခက်ခဲသော အကျင့်စရိုက်သည်မှာ ထင်ရှားပါသည်။
"လျှပ်စီးဖမ်းမြင်း၊ ဒီနေ့ကစပြီး ငါ မင်းကို ဒုက္ခပေးရဦးမယ်။ တစ်လအတွင်းမှာ, ငါ အင်ပါယာ စာမေးပွဲအောင်ပြီးရင် ငါ ထွက်သွားပြီး မိသားစုတစ်ခု စတင်ထူထောင်မယ်။ မင်းကို စောင့်ရှောက်ဖို့ ဉာဏ်ကောင်းတဲ့ မြင်းထိန်းလေးယောက်ကို ငါ ငှားရမ်းပေးမယ်။ မင်းကို ကောင်းကောင်း ဂရုစိုက်နိုင်မယ်ဆိုတာ ငါ အာမခံတယ်။
တစ်နာရီပြည့်အောင် အစာကျွေးပြီးနောက်၊ လျှပ်စီးဖမ်းမြင်းသည် နောက်ဆုံးတွင် ဝါးပြီးသွားသည်။ ညက အရမ်းကို ညဉ့်နက်နေပါပြီ။
အစာစားပြီးနောက်၊ လျှပ်စီးဖမ်းမြင်းသည် အစာကြေနေသကဲ့သို့ ၎င်း၏ခန္ဓာကိုယ်ကိုပင် ညင်သာစွာ လှုပ်ရှားနေသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ ခွာလေးခုကို ဆန့်ထုတ်ကာ လည်ပင်းကို လိမ်ပြီး၊ တင်ပါးကို လှုပ်ရှားပြီး၊ ဝမ်းဗိုက်ကို လှုပ်ရှားကာ ရှူရှိုက်ပြီး၊ ဖြည်းညှင်းစွာ အသက်ရှုလိုက်သည်။ ၎င်းသည် ကြွက်သားများနှင့် အရိုးများကို လေ့ကျင့်ကာ ချီနှင့်သွေးများကို ပြေလျော့နေသည့် ကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် တူနေသည်။
ဤလုပ်ဆောင်မူအဆင့်ဆင့်က ဟုန်ယွိကို အံသြသွားစေသည်။
"မထူးဆန်းတော့ပါဘူး။ ချာရိုမြင်းတွေ အရမ်းအစွမ်းထက်နေတာ အံ့ဩစရာ မရှိပါဘူး။ သူတို့က စစ်တပ်မှာ လေ့ကျင့်မှုခံယူပြီးနောက်မှာ သူတို့ခန္ဓာကိုယ်ကို လူသားတစ်ယောက် လို လေ့ကျင့်ပေးနိုင်တယ်။ ဒါပေမယ့်လည်း ဒါက လေးနက်တဲ့ ကိုယ်ခံပညာ မဟုတ်ဘူး။ ဒါဟာ သာမာန်လေ့ကျင့်ခန်းတစ်ခုပဲ။ တကယ်လို့ ငါသာ သူ့ကို နွားသိုးနတ်ဆိုးခွန်အား ပညာရပ်ကို သင်ပေးနိုင်ရင် ဘာဖြစ်လာမလဲ။ ဒါမှမဟုတ် ကျားနတ်ဆိုး အရိုးပုံသွင်းခြင်း လက်သီးပညာရပ်လား။ ဝိညာဉ်လိပ်အသက်ရှူနည်းပညာဆိုရင်ရော, သူ ဘယ်လောက် သန်မာလာမလဲ။”
ထိုအတွေးက ဟုန်ယွိ၏စိတ်ထဲမှာ ရုတ်တရက် ပေါ်လာသော်လည်း သူ ချက်ချင်း ငြင်းဆန်လိုက်ပါသည်။
"နွားသိုးနတ်ဆိုးခွန်အားလက်သီးက လူ့ခန္ဓာကိုယ်ကို ပစ်မှတ်ထားခြင်း ဖြစ်တယ်။ မြင်းရဲ့ ကြွက်သားတွေက လူ့ခန္ဓာကိုယ်နဲ့ လုံးဝ ကွဲပြားနေတယ်။ ဒါကို သူ ဘယ်လို လေ့ကျင့်နိုင် မှာလဲ။"
မြင်းကို အစာကျွေးပြီးနောက်၊ ဟုန်ယွိလည်း ငိုက်မျဉ်းပြီး အလွန်ပင်ပန်းနေသည်။ သူသည် မျက်ခွံတွေကို မဖွင့်နိုင်လုနီးပါးဖြစ်နေပြီ။ ထို့ကြောင့်, သူသည် အနားယူရန် အတင်းအကြပ် အခန်းထဲသို့ ပြန်ဝင်ခဲ့ပါသည်။ သူသည် သူ့စိတ်ကို ငြိမ်သက်စေပြီး သူ့ခန္ဓာကိုယ်မှာ အရေးကြီးသည့်အရာတချို့ကို ဝှက်ထားလိုက်ပါသည်။ သူသည် လဲလျောင်းပြီး၊ တရားထိုင်ကာ၊ သိပ်မကြာခင်မှာပင် သူသည် အနှိုင်းမဲ့ အိပ်ပျော်သွားခဲ့ပါသည်။
သူ နိုးလာသောအခါ မိုးချုပ်ပြန်သည်။
သူသည် အားအင်တွေ ပြည့်ဝနေခဲ့သည်။
"မနေ့က လုပ်ကြံမှုရဲ့ပစ်မှတ်ကို ရှင်းပြီးသွားပြီလားလို့ ငါ သိချင်မိတယ်။” ဟုန်ယွိသည် မျက်လုံးဖွင့်ပြီးနောက် အသက်ရှူသွင်းကာ မနေ့ညက အဖြစ်အပျက်များကို တွေးတော နေခဲ့သည်။ “ပင်မနေအိမ်ထဲက အစောင့်ကြပ်တွေဟာ ကျွမ်းကျင်သူတွေ ဖြစ်ကြတယ်။ နေအိမ်ထဲမှာ အနှောက်အယှက် မရှိနိုင်ဘူး။ ရှင်းလင်းဖယ်ရှားပြီး ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဒီကိစ္စမှာ ငါ့ကိုလည်း ကျေးဇူးတင်သင့်တယ်။ ငါကြောင့်သာမဟုတ်ရင် တာအိုဘုန်းကြီးက ပေါက်ကွဲမီးလျှံ နတ်ဘုရားအဆောင်ဓားကို အသုံးပြုပြီး စံအိမ်ကြီးတစ်ခုလုံးကို ဖောက်ခွဲပစ်လိမ့်မယ်။ တကယ်လို့, သူက အဖေ့ကို မသတ်နိုင်ရင်တောင် မိသားစုကို ထိခိုက် ပျက်စီးစေမှာ သေချာပါတယ်။ မြို့စားစံအိမ်ရဲ့ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေ လိမ့်မယ်။"
“စကားမစပ်၊ မြင့်မြတ်တဲ့ကြင်ယာတော်ယွမ်က ဒီနေ့ သူမဆွေမျိုးတွေဆီ အလည်အပတ် လာလိမ့်မယ်။ သူမက ငါ့ကိုတွေ့ဖို့ မေးမြန်းထားတယ်။ ဒီကြင်ယာတော်ယွမ်က အဲဒီနေ့က ဆောင်းဦးလဘုရားကျောင်းမှာ ငါတွေ့ခဲ့တဲ့ ကြင်ယာတော်ယွမ်များလား။”
ထိုအကြောင်းကို ဟုန်ယွိ တွေးလိုက်သည့်အခါ သူ့စိတ်တွေက လှုပ်ရှားသွားပြီး သူ့ကိုယ်သူ ထိန်းမရတော့ဘဲ အနည်းငယ် တုန်ခါသွားပါသည်။
ကြင်ယာတော်ယွမ်သည် သူ့အား စကားများစွာ မပြောသော်လည်း သူမသည် ပျံသန်းနေ သကဲ့သို့ သေသေသပ်သပ်ရှိပြီး၊ ခြေရာမကျန်ဘဲ သွားလာနိုင်သည်။ သူမသည် ဓားအင်မော်တယ်တစ်ဦး၏ ထက်မြက်မူနှင့် အမျိုးသမီးကျင့်ကြံသူတစ်ဦး၏ အရိပ်အယောင်ကို ပိုင်ဆိုင်ထားကာ ဟုန်ယွိ၏စိတ်ထဲတွင် လေးနက်သော အထင်ကြီးမှုကို ချန်ထားခဲ့လေ သည်။
ဟုန်ယွိ၏ နက်ရှိုင်းသော နှလုံးသားထဲတွင် ထိုကြင်ယာတော်ယွမ်သည် ယုံကြည်စိတ်ချရ သော သူငယ်ချင်းဟာကူဇိယွဲ့လိုဖြစ်မည်ဟု ယောင်ဝါးဝါး ခံစားမိသည်။
"သခင်လေးယွိ အိပ်ယာထပြီလား"
ဤအခိုက်အတန့်မှာ ကလေးတစ်ယောက်က ဝင်လာပြီး "အိမ်တော်ထန်းဝူက အခုလေးတင် တစ်ယောက်ယောက်ကို စေလွှတ်လိုက်တယ်။ သူပြောခိုင်းတာက, သခင်လေး အိပ်ရာထပြီးရင် မြန်မြန် သန့်စင်ရမယ်” အဲဒီနောက် ပင်မခြံဝင်းကို အမြန်သွား ပြီး စောင့်နေသင့်တယ်။ မွန်းတည့်အချိန်မှာ မြင့်မြတ်တဲ့ ကြင်ယာတော်ယွမ်ရဲ့ တော်ဝင် ရထားက ရောက်ရှိလာလိမ့်မယ်။”
"ငါ သိပြီ။ မင်း ထွက်သွားလို့ရပြီ။
ဟုန်ယွိ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် သူသည် ပင်မခြံဝင်းဆီသို့ သွားခဲ့သည်။
ဟုန်ယွိသည် ပင်မခြံဝင်းကို ရောက်သည်နှင့် မြို့စားနေအိမ်ရှိ လူတိုင်းနီးပါး ရှိနေသည်ကို သူ တွေ့လိုက်ရသည်။ ထိုအထဲတွင် မဒမ်သုံးယောက်သာ မကပေ။ မယားငယ် လေးယောက်၊ သားသမီးအမျိုးမျိုး၊ အိမ်ဖော်၊ အိမ်အကူ၊ အိမ်စောင့်နှင့် အဘွားကြီးတွေ လည်း ပါဝင်ပါသည်။ ဟုန်ရွှန်ကျိသည်ပင်လျှင် အလယ်တည့်တည့်မှာနေပြီး၊ ဟုန်ယွိကို အခမ်းနားဆုံး ပုံစံဖြင့် လက်ခံရင်း လေးနက်သော အမူအရာကို ပြသခဲ့သည်။ သူ၏ ကျင့်ဝတ်မှာ အပြစ်ကင်းစင်သည်။
အမွှေးတိုင်အချို့ကို အမွှေးတိုင်ထွန်း စားပွဲများပေါ်တွင် ထွန်းညှိထားသည်။
တစ်ချက်ကြည့်ရုံဖြင့်, ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏နောက်မှာ အရပ်ရှည်ရှည် သွယ်လျသည့် ခန္ဓာကိုယ်နှင့် လူငယ်တစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုလူငယ်သည် ခမ်းနားထည်ဝါစွာ ချယ်သထားသည့် အဝတ်အစားတွေကို ဝတ်ဆင်ထားပါသည်။ သူ့မျက်နှာက ကျောက်စိမ်းနှင့်တူပြီး သူ၏ အမူအရာမှာ တောင်တစ်ခုကဲ့သို့ လေးနက်၏။
“ဒီဟုန်ရှီက ပြင်းထန်တဲ့ အငွေ့အသက်ကို ပိုင်ဆိုင်ထားတယ်။ သူက ဘုရင့်အစောင့်တပ်ရဲ့ တပ်ရင်းကြီးငါးရင်းအနက်မှ တစ်ခုဖြစ်တဲ့ နတ်ဘုရားစက်ယန္တရားတပ်ရင်းရဲ့ စစ်သူကြီးအဖြစ် နာမည်ဂုဏ်သတင်းနဲ့ နာမည်ကျော်ကြားတယ်။" ဟုန်ယွိသည် ထိုလူငယ် ကို ကြည့်လိုက်သောအခါ၊ ထိုလူငယ်သည် ဟုန်ယွိ၏ အကြည့်ကို ခံစားမိပုံရပြီး တစ်ဖက် ကို လှမ်းကြည့်လိုက်သည်။
သူတို့အကြည့်တွေက အကြည့်ချင်း ဆုံသွားသည့်အခါ ဟုန်ယွိသည် တောက်လောင်နေ သော နေရောင်ကို ကြည့်မိသည့်အတိုင်း တစ်ဖက်လူ၏ မျက်လုံးတွေမှတဆင့် စူးစူးရှရှ နာကျင်မူကို ခံစားလိုက်ရပါသည်။
တချိန်တည်းမှာပင် ဟုန်ယွိ၏ နက်ရှိုင်းသောအရပ်မှ စိတ်ဝိညာဉ်က တုန်လှုပ်သွားသည်။
ဤလူငယ်သည် အနာဂတ်တွင် မြို့စားဘွဲ့ကို ဆက်ခံမည့် ဟုန်ရွှန်ကျိ၏ အကြီးဆုံးသား ဟုန်ရှီ ဖြစ်ပါသည်။
အခန်း (၅ဝ)။
မဒမ်ကျောက်၏အကြီးဆုံးသား မြို့စား၏အကြီးဆုံးသား ဟုန်ရှီ၊ အနာဂတ်တွင်၊ မြို့စား စံအိမ်ရှိ အိမ်ထောင်စုများ၏ စစ်မှန်သော အာဏာရှိသူသည် ဟုန်ရွှန်ကျိ၏ နောက်တွင် ရပ်တည်နေမည် ဖြစ်သည်။ မျက်နှာပြင်ပေါ်တွင် သူသည် ဆိတ်ငြိမ်ပြီး သန့်စင်နေသော် လည်း အတွင်းပိုင်းတွင်မူ သူသည် တောင်တစ်ခုကဲ့သို့ ပြင်းထန်လှသည်။
မျက်လုံးချင်း ဆုံလိုက်သောအခါတွင် ဟုန်ယွိ၏ မျက်လုံးများက စူးစူးဝါးဝါး တုန်ခါသွားကာ သူ့နှလုံးပင် တုန်ခါသွားပုံရသည်။ ဤ "ဝူဝမ်မြို့စားငယ်လေး၏ ခွန်အားသည် သူ့ထက် သာလွန်၍ နားမလည်နိုင်လောက်အောင် ဖြစ်နေသည်ကို သူနားလည်ထားပြီး ဖြစ်သည်။
မျက်လုံးချင်းဆုံမိချိန်တွင်, သူ့နှလုံးခုန်ရခြင်း၏ အကြောင်းရင်းမှာ ခွန်အား ကွာခြားလွန်း သောကြောင့် ဖြစ်သည်။ ဟုန်ယွိသည် ဤအချက်နှင့် ပတ်သက်၍ အလွန်ရှင်းလင်းသည်။
"ဟုန်ရှီရဲ့ ကိုယ်ခံပညာက ဘယ်အဆင့်ကို ရောက်နေပြီလဲလို့ ငါ သိချင်မိတယ်။ သူက ရှင်တန်သိုင်းသခင်လား၊ သို့မဟုတ် မဟာဆရာသခင်လား။” ဟုန်ယွိက သူ့ကိုယ်သူ တွေးရင်း ဟုန်ရှီ၏ အကြည့်ကို အနည်းငယ် ရှောင်လိုက်ပါသည်။
ဟုန်ရှီသည် ဟုန်ယွိက သူ့အကြည့်ကို ရှောင်သွားသည်ကိုမြင်သောအခါတွင် သူ့မျက်လုံးများက အထင်အမြင်သေးပြီး လှောင်ပြောင်သည့် အရိပ်အယောင်များဖြင့် တောက်ပလာပါ သည်။ ဤအကြည့်မျိုးသည် ယုန်ဖြူလေးအား ကြည့်နေသော ခြင်္သေ့ကြီးတစ်ကောင်နှင့် တူသည်။
သူသည် ဟုန်ရှီ၏ မျက်လုံးထောင့်စွန်းမှ ထိုကဲ့သို့ အကြည့်မျိုးကို မြင်လိုက်ရပါသည်။ ချက်ခြင်းပင် သူ့နှလုံးသွေးများ တဟုန်းဟုန်းတောက်ကာ ပြင်းထန်သော ဒေါသများ ထွက်ပေါ်လာသည်။ သူ့လက်သီးများကို အနည်းငယ် တင်းတင်းဆုပ်ထားရင်း သူမျက်ခွံ တွေက မှေးမှိန်သွားသည်။
"မင်းတောင် မြို့စားဘွဲ့ကို အမွေဆက်ခံနိုင်မှတော့, ငါလည်း မင်းကိုကျော်တက်မယ့်နေ့ တစ်နေ့ ရှိလာလိမ့်မယ်။ ပညာရပ်ပိုင်းဆိုင်ရာ အောင်မြင်မှုတွေ၊ သိုင်းပညာ၊ ခွန်အား ဒါမှမဟုတ် အဆင့်အတန်းအရဖြစ်စေ ငါ မင်းကို သာလွန်သွားလိမ့်မယ်။ ဒီနေ့ မင်းငါ့ကို မြင်သလိုမျိုးပေါ့" ဟုန်ယွိက သူ့ဒေါသကို ဖြေလျှော့ပြီး တိတ်တိတ်လေး ကတိပြုလိုက်ပါ သည်။
ဟုန်ယွိသည် ဟုန်ရှီ၏ အတွေ့အကြုံတွေကို အနည်းငယ် သိပါသည်။ မြို့စားစံအိမ်၏ အကြီးဆုံးသားအနေဖြင့်၊ သူသည် မိခင်ဝမ်းတွင်း ရှိစဉ်ကတည်းက ကိုယ်ခံပညာကို လက်တွေ့ စတင်သင်ယူခဲ့သည်။ ဟုန်ရွှန်ကျိက သူ့ကို တစ်ဆင့်ပြီး တစ်ဆင့် သင်ကြားပေး ခဲ့သည့်အတွက် သူ့အခြေခံအုတ်မြစ်ဟာ အလွန်ခိုင်မာခဲ့ပါသည်။ ဟုန်ရှီ ခုနစ်နှစ်သား အရွယ်တွင်, သူသည် ဂျင် ၆၀ ကျောက်တုံးနှင့် စကားနိုင်သည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့ဖူးသည်။
သူသည် အသက် ၁၄ နှစ်အရွယ်တွင် စစ်တပ်၏ ကိုယ်ခံပညာခန်းမသို့ ဝင်ရောက်ခဲ့သည်။ နောက်ပိုင်းတွင် အလှူငွေများ အများအပြားထည့် ဝင်ခဲ့ပြီး၊ စစ်သူကြီးအဆင့်သို့ ရာထူး တိုးမြှင့်ခံခဲ့ရသည်။ သူ နယ်စပ်စည်းရိုးတွင် ကင်းလှည့်နေချိန်၌ သူသည် အိမ်ရှေ့စံ မင်းသားကို အကာအကွယ်ပေးခဲ့ရသည့် အချိန်ပင် ရှိခဲ့သေးသည်။ လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတစ်ခုကို သူကြုံတွေ့ရသောအခါတွင်, သူသည် လူတစ်ရာ၏ ဝိုင်းရံခြင်းကို ခံထားရပြီး၊ အခြားလူများ၏ အကူညီမပါဘဲ တစ်ယောက်တည်း တိုက်ခိုက်ခဲ့သည်။ သူပြန်လာပြီးနောက်တွင် ဧကရာဇ်မင်းမြတ်ထံမှ “အကျဉ်းထောင်နှိမ်နှင်းခြင်း” ဟူသော အဖိုးတန်ဓားတစ်ချောင်းကို ပေးအပ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်မင်းမြတ်သည် “အဖေတူသားတစ်ယောက်” ဟု ကိုယ်တိုင်ကိုယ်ကျ ချီးမွမ်းခြင်းခံရသူ ဖြစ်သည်။
ဟုန်ရှီသည် ဟုန်ရွှန်ကျိ၏ နောက်တွင် ငြိမ်သက်စွာ ရပ်နေသည်။ သားအဖနှစ်ယောက်လုံး မှာ အရပ်အမောင်း တူညီကြပြီး မျက်နှာသွင်ပြင်ကလည်း ဆင်တူသည်။ သူတို့သည် တောင်ကြီးများကဲ့သို့ ငြိမ်သက်ပြီး ခံ့ညားကာ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
မည်သူပင်ဖြစ်စေ, ဤအရာကမှ တကယ့် သားအဖဟု အားလုံးက ခံစားကြရလိမ့်မည်။
ဟုန်ယွိ၏ နှလုံးသားထဲတွင် သူကိုယ်တိုင် အပါအဝင် သူ့ပတ်ဝန်းကျင်ရှိ ညီအစ်ကို မောင်နှမများသည် ဟုန်ရွှန်ကျိ, ဟုန်ရှီတို့နှင့် မတူကြောင်း သူ ခံစားခဲ့ရသည်။ ဤအရာ သည် ရုပ်ရည်အသွင်အပြင်အရ မဟုတ်သလို, အသွေးအသားအရလည်း မဟုတ်ဘဲ စိတ်ဓာတ်နှင့် စိတ်နေသဘောထားအရ ဖြစ်ပါသည်။
"တကယ်လို့, လူတစ်ယောက်ရဲ့ ကိုယ်ခံပညာနဲ့ လက်သီးပညာရပ်က ရှင်တန်သိုင်းသခင် နယ်ပယ်ထဲ ဝင်ရောက်သွားခဲ့ရင်, အတွင်းအပြင် ကြွက်သားတွေ၊ အရိုးတွေ၊ အရေပြား၊ အသားနဲ့ အတွင်းအင်္ဂါတွေကို တစ်သားတည်းဖြစ်အောင် ပေါင်းစည်းသွားလိမ့်မယ်။ လူတစ်ယောက်ရဲ့ ချီ, သွေးနဲ့ ရုပ်ခန္ဓာကိုယ်ကလည်း တုနှိုင်းမရအောင် သန်မာလာလိမ့် မယ်။ တကယ်လို့, ငါက တာအိုနည်းစနစ်တွေကို ကောင်းကောင်းနားလည်ထားတယ်ဆို ရင်တောင်, အဲဒါတွေက ဟုန်ရှီလိုလူမျိုးကို ရင်ဆိုင်ဖို့ အသုံးမဝင်ဘူး။ အခုအချိန်မှာ သူ ငါ့ကို တစ်ခုခုလုပ်ရင် ငါ ဘာမှ တတ်နိုင်မှာမဟုတ်ဘူးလို့ ပြောနိုင်တယ်။ အဲဒီလို ဖြစ်လို့မရ ဘူး။ ငါခွန်အားက လုံလောက်အောင် မကြံ့ခိုင်သေးဘူး။ ငါ ပြင်းပြင်းထန်ထန် လေ့ကျင့်ရ မယ်။"
ဟုန်ယွိသည် ဟုန်ရှီ၏အကြည့်ကို မြင်သောအခါ ဒေါသဖြစ်ပြီးနောက် လေးလေး နက်နက် တွေးတောနေမိတော့သည်။
သူသည် တာအိုကျမ်းဂန်များကို ဖတ်ဖူးပြီး ဟာကူဇိယွဲ့ကဲ့သို့သော တော်ဝင်မဟာ ဆရာသခင်တစ်ဦးနှင့် လေးနက်သော သီအိုရီကို ဆွေးနွေးခဲ့ဖူးသည်။ လူတစ်ဦးသည် တစ္ဆေ အင်မော်တယ်နယ်ပယ်အထိ ကျင့်ကြံပြီး၊ လူတစ်ဦး၏ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထိန်းချုပ်နိုင်သော်လည်း၊ ၎င်းကို သိုင်းသခင်နယ်ပယ် အောက်ရှိ လူများအပေါ်သာ အသုံးပြုနိုင်ကြောင်း သူ သိထားပါသည်။
တစ်စုံတစ်ယောက်သည် သိုင်းသခင်နယ်ပယ်ကို ဖြတ်ကျော်ပြီး ရှင်တန်သိုင်းသခင် နယ်ပယ်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက်၊ တစ်ကိုယ်လုံးသည် သတ္တုအပိုင်းအစတစ်ခု ကဲ့သို့ ဖြစ်လာလိမ့်မည်။ တစ္ဆေအင်မော်တယ်တစ်ပါးပင်လျှင် ခန္ဓာကိုယ်သိမ်းပိုက်ခြင်း, စိတ်ကိုလွှမ်းမိုးခြင်း, သို့မဟုတ်, လူတစ်ယောက်စိတ်ဝိညာဉ်ကို ထိန်းချုပ်နိုင်စွမ်းရှိမည် မဟုတ်တော့ပေ။
တစ်စုံတစ်ယောက်၏ လက်သီးပညာရပ်များသည် မဟာဆရာသခင်နယ်ပယ် သို့မဟုတ် သိုင်းသူတော်စင်နယ်ပယ်သို့ ရောက်ရှိသွားမည်ဆိုလျှင် ထည့်ပြောစရာပင် မလိုတော့ပေ။
သိုင်းသူတော်စင်နယ်ပယ်ကို ဝင်ရောက်ပြီးနောက် လူတစ်ယောက်၏ ခန္ဓာကိုယ် တစ်ကိုယ်လုံးသည် သွေးချီများနှင့် ဖုံးလွှမ်းသွားလိမ့်မည်။ သူတို့၏ သွေးချီများသည် မယုံနိုင်လောက်အောင် အားကောင်းနေလိမ့်မည်။ ပေဆယ်နှင့်ချီ အချင်းဝက်အတွင်း၊ စိတ်ဝိညာဉ်များပင် အနီးကပ်နိုင်မည် မဟုတ်ပေ။ အကယ်၍, ပျံသန်းနေသော ဓားတစ်ချောင်းက တိုက်ခိုက်လာမည်ဆိုလျှင်ပင်၊ ၎င်းသည် ခန္ဓာကိုယ်နှင့် အနီးမကပ်နိုင် ခင်မှာ သွေးချီများ၏ ဖိနှိပ်ခြင်းခံရမည် ဖြစ်သည်။ ၎င်း၏ စွမ်းအားသည် ထက်ဝက်ခန့် လျော့ကျသွားပြီး အားပျော့ကာ၊ စွမ်းအားမဲ့သွားမည် ဖြစ်သည်။
“မင်းဆက်များနှင့် သမိုင်းစာအုပ်တွေတစ်လျှောက်လုံး တစ္ဆေသရဲများနှင့် နတ်ဘုရားများ ၏ တာအိုသည် အမြဲတမ်း အသေးအဖွဲ့ ပညာရပ်တစ်ခုအဖြစ် ရှိနေခဲ့ပါသည်။ အုံကြွမှု တစ်ခုခုဖြစ်ခဲ့လျှင်ပင်, ၎င်းပညာရပ်များသည် တောင်သူလယ်သမားတွေနှင့် ဒုက္ခသည်တွေကို လှည့်စားရန် မကောင်းဆိုးဝါးတွေ အသုံးပြုသည့် နည်းလမ်းတစ်ခုသာသာ ဖြစ်ခဲ့ရပါ သည်။ အလောင်းတွေတောင်လိုပုံပြီး သွေးပင်လယ်ဝေသည်အထိ သူတို့လမ်းတစ်လျှောက် အတားဆီးရန်သူများကို သတ်ဖြတ်နိုင်ပြီး၊ အလွန်မင်းသန်မာသည့် သွေးချီကို ပိုင်ဆိုင်ထား သော စိတ်ဓာတ်ကြံ့ခိုင်ပြီး ကောင်းမွန်စွာ လေ့ကျင့်ထားသော လက်ရွေးစင် စစ်တပ်နှင့် ရင်ဆိုင်ရသည့်အခါ, အထက်မြက်ဆုံး တစ္ဆေအင်မော်တယ်တစ်ပါးပင်လျှင် မည်သည့် နည်းပညာကိုမျှ အသုံးပြုနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် မင်းဆက်တစ်လျှောက်လုံးမှာ တစ္ဆေသရဲများနှင့် နတ်ဘုရားများ၏တာအိုကို အောင်မြင်ဖူးသည့် တိုင်းသူပြည်သား စစ်တပ်မျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့ပေ။ များသောအားဖြင့်, ခံနိုင်ရည်ရှိပုံရသည့် တိုင်းသူ ပြည်သား စစ်တပ်သည် တရားရုံး၏အထက်တန်းလွှာတွေနှင့် ရင်ဆိုင်ရသည့်အခါ ချက်ချင်း ရှုံးနိမ့်သွားရလိမ့်မည်။ ဤသည်မှာ သမိုင်းစာအုပ်များတွင် အရေးပါသော အချက်တစ်ခုလည်း ဖြစ်သည်။ စိတ်ဝိညာဉ်ကို ကျင့်ကြံခြင်းအပြင်, တကယ်လို, ငါ ငါ့ကိုယ်ပိုင် နာမည်တစ်ခုကို ရယူလိုပါက ကိုယ်ခံပညာက ပိုပြီးအရေးပါမယ်လို့ ထင်ရတာပဲ”။ (ဤနေရာ၌ တစ္ဆေသရဲများနှင့် နတ်ဘုရားများ၏တာအိုကို အောင်မြင်စွာ ကျင့်ကြံထားသည့် တိုင်းသူပြည်သားများ၏ ကိုယ်ပိုင်စစ်တပ်ကို ရည်ညွှန်းဟန် တူပါ သည်)။
ဟုန်ယွိသည် သူ့စိတ်ထဲတွင် ထင့်သွားခဲ့သည်။ တခဏချင်းမှာပင် သူ့စိတ်ထဲသို့ အတွေးများစွာ ဝင်လာခဲ့ပြီး၊ နောက်ဆုံးတော့ တည်ငြိမ်သွားခဲ့သည်။
သူသည် အဆုံးတွင် နောက်ဆုံးနေရာ၌ သွားရပ်ကာ ထိုဧရိယာကို ကြည့်ရူလိုက်သည်။ သူ့ညီအကို မောင်နှမ ဆယ်ယောက်ကျော်ထဲက မဒမ်ကျောက်၏ ဒုတိယသား တောင်ပိုင်း အရာရှိကြီး ဟုန်ခန်းမှလွဲ၍ ကျန်သည့်သူတွေက အားလုံး ရှိနေသည်ကို သူ သိလိုက်သည်။ မဒမ်ဖန်း၏သမီး ဟုန်ရွှေ့ကျောင်းနှင့် တတိယမဒမ်၏သား ဟုန်ဂီတို့လည်း ပါဝင်သည်။ သူတို့ အားလုံး နာခံမှုရှိစွာဖြင့် ရပ်နေခဲ့ကြသည်။
မြို့စားစံအိမ်သည် ကြီးပွားချမ်းသာခဲ့သည်။ ဟုန်ရွှန်ကျိတွင် မယားသုံးယောက်နှင့် ကိုယ်လုပ်တော် လေးယောက်ရှိသည်။ မယားသုံးယောက်နှင့် ကိုယ်လုပ်တော်တိုင်း လိုလိုတွင် ကလေးတစ်ယောက် သို့မဟုတ် နှစ်ယောက်စီ ရှိကြသည်။ ထို့ကြောင့် ဟုန်ယွိတွင် ညီအစ်ကို မောင်နှမ ဆယ်ယောက်ကျော် ရှိသည်။
ကြင်ယာတော်ယွမ်၏ ဆွေမျိုးအဖြစ် အသိအမှတ်ပြုခြင်းနှင့် ဆွေမျိုးများထံ လည်ပတ် ခြင်းသည် မြို့စားစံအိမ်အတွက် အဓိက ဖြစ်ရပ်တစ်ခု ဖြစ်သည်။ ၎င်းသည် နှစ်သစ်ကူးပွဲ ကျင်းပခြင်းထက် ပိုအရေးကြီး၏။ သူတို့အားလုံး တက်ရောက်ကြရပြီး၊ ထိုအသိမှတ်ပြုမူအား လက်ခံရန် ဒူးထောက် ထိုင်ရခြင်းသည် လိုအပ်သော ကျင့်ဝတ်တစ်ခု ဖြစ်သည်။
မြို့စားစံအိမ်ရှိ အခြားသော ကိုယ်လုပ်တော် လေးယောက်သည်လည်း မဒမ်သုံးယောက် နောက်တွင် လိုက်ပါလာခဲ့သည်။ သူမတို့၏ပုံစံက အစေခံများနှင့် အစေအပါးများကဲ့သို့ ဖြစ်ပြီး၊ ရှေ့ဆုံးကို မထွက်ဝံ့သလို ရှေ့ထွက်ပြီးလည်း မရပ်ရဲရှာပေ။
ထိုကိုယ်လုပ်တော်တွေ၏ ဘဝက မလွယ်ကူသော်လည်း, နောက်ဆုံးတွင် သူမတို့သည် ချမ်းသာကြွယ်ဝသည့် ကုန်သည်များ ဖြစ်ကြသည်။ ဖြည့်စွက်၍ထပ်ပြောရလျှင်, သူမတို့ သားသမီးတွေ အားလုံးသည် အသက်အရွယ် ကြီးရင့်လာပြီး, သူမတို့လည်း ဘဝဆုံးခန်း တိုင်သွားကြပါပြီ။
ဟုန်ယွိသည် စံအိမ်အတွင်းရှိ ကိုယ်လုပ်တော်လေးယောက်ကို ကြည့်ပြီး တိတ်တိတ်လေး တွေနေမိပါသည်။
ထိုအချိန်တွင် တံခါးဝ၌ ရုတ်တရုတ် အုတ်အုတ်ကျက်ကျက် ဖြစ်သွားပါသည်။ အနီရောင် ဝတ် မိန်းမစိုးအများအပြားသည် မြင်းစီးကာ တံခါးဆီသို့ ပြေးလာကြသည်။ သူတို့သည် မြင်းပေါ်မှ ဆင်းပြီးနောက် အမြန်ဝင်လာခဲ့ကြသည်။
"သခင်မက နန်းတော်ကနေ ထွက်ခွာလာပါပြီ။ တစ်နာရီမပြည့်ခင် မြို့စားရဲ့ နေအိမ်ကို ရောက်လာပါလိမ့်မယ်။ မြို့စား, သင့်စံအိမ်က အဆင်သင့် ပြင်ဆင်ထားရမယ်။ စူးရှရှအသံက ကြားရသည်မှာ နားမချမ်းသာလှပေ။ ဤသည်မှာ အစီရင်ခံရန် ပထမဆုံး ရောက်လာ သော မိန်းမစိုးများ ဖြစ်ပါသည်။
"သူတို့ကို ဆုချပြီး အနားယူပါစေ။ ဟုန်ရွှန်ကျိသည် အမိန့်ပေးရင်း မည်သည့်အမူအရာမှ ထုတ်ဖော်ပြခြင်း မရှိပေ။ သူ့အနားရှိ မဒမ်ကျောက်က ချက်ချင်း သဘောပေါက်ပြီး အစေခံတွေကို မိန်းမစိုးတွေကို အနားယူပြီး လက်ဖက်ရည်သောက်ခိုင်းရန် ဦးဆောင်ခိုင်း လိုက်ပါသည်။
မြို့စားစံအိမ်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားပါသည်။ သူတို့သည် တံခါးကို တိတ်တဆိတ် ကြည့်နေကြပြီး အသံနည်းနည်းမှ မထွက်ကြပေ။ အချိန်အတော်ကြာပြီး နောက် နောက်ထပ် မိန်းမစိုးတစ်ယောက်က ဝင်လာပြီး ပြောသည် “သခင်မ ကြွရောက် လာပါပြီ”။
ထို့နောက် အမွှေးနံ့သာတိုင်များနှင့် ထီးများကိုင်ဆောင်ထားသော မိန်းမစိုးများစွာ ပေါ်လာပြီး တံခါးရှေ့တွင် ရပ်နေပါသည်။ ထို့နောက် အထမ်းသမားရှစ်ဦးပါသော ထမ်းစင်ကြီး တစ်ခု ပေါ်လာသည်။ ထမ်းစင်အပေါ်ပိုင်းကို ခုနစ်ရောင်ခြယ် ကျောက်မျက်များဖြင့် စီခြယ် ထားသည်။ အလယ်မှာ ပုလဲလုံးကြီး တစ်လုံးရှိနေသည်။ ထမ်းစင်ကို ပုတီးစေ့ကုလားကာ နှင့် ဆင်စွယ်တံများဖြင့် ဝန်းရံထားသည်။ မွှေးရနံ့က ပြင်းထန်လွန်းပြီး၊ တော်ဝင်မိသားစု၏ စည်းစိမ်ကြွယ်ဝမူကို ထင်ရှားပေါ်လွင်စေပါသည်။
ဟုန်ယွိသည် တစ်ချက် ခိုးကြည့်သော်လည်း ထမ်းစင်အတွင်းမှ လူကို မမြင်ရပေ။ ထုံးစံအတိုင်း၊ သူသည် ကြင်ယာတော်ယွမ်က မည်သည့်ပုံ စံရှိလဲဆိုသည်ကို မမြင်နိုင်သလို၊ ထိုနေ့က ချိုင့်ဝှမ်းမှာတွေ့ခဲ့သည့် အနီရောင်ဝတ် အမျိုးသမီးလားဆိုသည်ကိုလည်း သူ မသိနိုင်ခဲ့ပေ။
သို့သော်လည်း ဟုန်ယွိသည် ထမ်းစင်အတွင်းမှလူက သူ့ကိုကြည့်နေသည်ဟု ခံစားရလေ သည်။ ထိုအကြည့်မျိုးသည် သူမက စိတ်ဝင်တစား ကြည့်နေသလိုမျိုး အလွန်နူးညံ့သည်။
ဟုန်ယွိသည် မြင့်မြတ်သော စိတ်ဝိညာဉ်အား ကျင့်ကြံရာတွင် အောင်မြင်မှု အနည်းငယ် ရရှိထားသည့်အတွက်ကြောင့်သာ မဟုတ်ပါက၊ သူတွင် ထိုကဲ့သို့သော ခံစားချက်မျိုး ရရှိ နိုင်မည် မဟုတ်ပေ။
"ကြိုဆိုပါတယ် ကြင်ယာတော်ယွမ်”
ဤအချိန်တွင်၊ မြို့စားနေထိုင်ရာ ပတ်ဝန်းကျင်ရှိ လူများအားလုံး ဒူးထောက် ထိုင်ကြသည်။ ဟုန်ယွိလည်း ဒူးထောက်ပြီး ဉီးညွှတ်ရသည်။ ဤသည်မှာ စည်းကမ်းချက်ဖြစ်သည်။
သို့သော်လည်း ဟုန်ရွှန်ကျိနှင့် ဟုန်ရှီတို့သားအဖသည် ဦးညွှတ်ရုံသာ ဦးညွတ်ပြီး၊ ဒူးမထောက်ကြပေ။
သို့သော် ဟုန်ရွှန်ကျိနှင့် ဟုန်ရှီတို့သားအဖသည် ဧကရာဇ်မင်းမြတ် ကိုယ်တော်တိုင်က နန်းတော်၌ မြင်းစီးပြီး ဓားရှည်များကိုင်ဆောင်ကာ လမ်းလျှောက်ရန်ပင် ဆုချီးမြှင့်ခြင်းခံရ သောကြောင့် မည်သူမျှ မအံ့သြခဲ့ကြပေ။ သူတို့သည် ဧကရာဇ်မှလွဲ၍ အခြားမည်သူ့ကိုမျှ ဒူးထောက်မည် မဟုတ်ပေ။
တစ်နည်းဆိုရသော် ဤသားအဖနှစ်ယောက်သည် ဧကရာဇ်မြို့တော်၌ မြင်းစီးနိုင်ပြီး ဧကရာဇ်မင်းအား ခစားရန်သွားရာ၌ပင် ဓားများကို ယူဆောင်လာနိုင်ပါသည်။ ဧကရာဇ်မှ လွဲ၍၊ သူတို့သည် အိမ်ရှေ့စံမင်းသားနှင့် တွေ့သည့်အခါ၌ပင် ဒူးထောက်စရာ မလိုပါဘူး။ ဦးညွတ်ပြီး အရိုအသေပြုရန်သာ လိုပါသည်။
ဤအရာက အရာရှိတစ်ဦးအတွက် အလွန်မြင့်မားသည့် ဂုဏ်ယူစရာကိစ္စပင်။
"လုပ်ထုံးလုပ်နည်းတွေနဲ့ အချိန်မဖြုန်းနဲ့တော့”။
ထမ်းစင်ထဲမှ အသံတစ်ခုထွက်လာသည်။
အခန်း (၅၁)။
"ဒီအသံ, ဒါက တကယ်ပဲ ကြင်ယာတော်ယွမ်လား" ဆီဒင်ကုလားထိုင်ပေါ်မှ ထွက်ပေါ်လာသော အသံကို ဟုန်ယွိ ကြားလိုက်သောအခါ, သူ့စိတ်နှလုံးက ပြင်းပြင်းထန်ထန် ခုန်သွားသံကို သူ ပြတ်ပြတ်သားသားပင် ကြားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ဤအသံသည် ဆောင်းဦးလဘုရားကျောင်းတွင် သူတွေ့ခဲ့သော ကြင်ယာတော်ယွမ်နှင့် အတိအကျ တူနေသောကြောင့် ဖြစ်သည်။ လေသံအရဖြစ်စေ, လေယူလေသိမ်းအရဖြစ်စေ မည်သည့်ကွဲပြားမှုမှ မရှိပါဘူး။
ထိုအသံကိုကြားတော့ ဟုန်ယွိသည် နောက်ဆုံးတွင် သူ့ခန့်မှန်းချက်ကို အတည်ပြုလိုက်ပါပြီ။ အနီရောင်နန်းတော်ဝတ်စုံ ဝတ်ထားသော အမျိုးသမီး သည် တုနှိုင်းမယှဉ်နိုင်သော မြင့်မြတ်သော ကြင်ယာတော်ယွမ် ဖြစ်နေသည်။ သူမသည် မြောက်ပိုင်း ယွန်တူး မင်းဆက် ၏ မင်းသမီးတစ်ပါးဖြစ်ပြီး၊ မြေခွေးဖြူအုပ်စု၏ ဆွေမျိုးတစ်ဦးလည်း ဖြစ်သည်။
ဤအရာက သူ့စိတ်ထဲမှ မှန်းဆချက်တွေကို အတည်ပြုလိုက်သော်လည်း၊ ဟုန်ယွိသည် ပို၍ပင် စိတ်ရှုပ်သွားခဲ့ပါသည်။ ကြင်ယာတော်ယွမ်၏ ဤကိုယ်ရေးအချက်လက်များသည် မြူခိုးများကဲ့သို့ဖြစ်ပြီး သူသည်လည်း ထိုမြူခိုးထဲတွင် ပိတ်မိနေပါသည်။
ဟုတ်ပါသည်၊ ဟုန်ယွိ၏စိတ်ထဲမှာ ဘာတွေဖြစ်နေပြီလဲဆိုသည်ကို ဘယ်သူကမှ ခန့်မှန်း၍ မရပါဘူး။
သို့သော် ယခုအချိန်မှာ ဆောင်းဦးလဘုရားကျောင်းအကြောင်းကို ဖော်ပြရန် မသင့်လျော် ပေ။ ယခုအခါ ဧကရာဇ်မင်းမြတ်၏ မြင့်မြတ်သော ကြင်ယာတော်သည် ဆွေမျိုးများနှင့် တွေ့ဆုံရန် အိမ်တော်သို့ ရောက်ရှိလာခဲ့သည်။ ဟုန်ယွိသည် ဆောင်းဦးလ ဘုရားကျောင်း နှင့် လျှို့ဝှက်ချိုင့်ဝှမ်း အရေးကိစ္စများကို သူ့နှလုံးသားထဲတွင် ထာဝရ ဖုံးကွယ်ထားရုံသာ တတ်နိုင်ပြီး ထုတ်ဖော်ပြ၍မရနိုင်ကြောင်း ဟုန်ယွိ သိထားသည်။ ထိုသို့မဟုတ်ရင် ကြီးမားသည့် အကျိုးဆက်တွေက သူခံနိုင်ရည်ရှိသည့်အရာ မဟုတ်ပါဘူး။
"အရှင်မက ဒီမြို့စားလေးကို အရှင်မရဲ့ဆွေမျိုးအဖြစ် အသိအမှတ်ပြုတော့, ဒီမြို့စားလေး ဟာ နားမလည်နိုင်အောင် ထိတ်လန့်သွားခဲ့ရပါတယ်။ ဒီနေ့ အရှင်မက အရှင်မရဲ့ ဆွေမျိုး တွေဆီ လာလည်တော့, ဒီမြို့စားလေးကလည်း အရှင်မကို ရေလိုအေးမြစွာ နှုတ်ဆက်ရုံပဲ တတ်နိုင်ပါတယ်။ တကယ်လို့, မလျှော်ကန်တဲ့ ကျင့်ဝတ်တွေများ ရှိခဲ့ရင်, ဒီမြို့စားလေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးပါ။"
ဟုန်ရွှန်ကျိသည် အင်ပါယာနန်းတွင်း အမှတ်တရအဖြစ် ဦးညွှတ်ပြီး စကားတစ်ခွန်းချင်း ပြောလိုက်ပါသည်။ စကားလုံးတိုင်းက ကျောက်ချပ်ကြီးပေါ်တွင် ကျနေသော ရွှေနှင့်တူ၏။ အသံထွက်က မာကျောလှသည်။
ဤလေသံသည် အလွန်ရိုသေပြီး အလွန်မင်း တင်းမာသည်။ ၎င်းသည် အင်ပါယာ တရားရုံး၏ ဝန်ကြီးတစ်ဦး၏ အပြုအမူနှင့် တိုင်းပြည်၏ အုတ်မြစ်ကို ပြသသည်။
သို့သော် ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏အသံကို ကြားလိုက်သောအခါတွင်၊ သူ့နှလုံးသားထဲ တွင် နားမလည်နိုင်လောက်အောင် အေးစက်သွားခဲ့သည်။ ဤအေးစက်မှုသည် ဓားကဲ့သို့ ဖြစ်ပြီး စကားလုံးတိုင်းက ခြိမ်းခြောက်နေပါသည်။ စကားလုံးတိုင်းက ဆီဒင်ထိုင်ခုံပေါ်မှ ကြင်ယာတော်ယွမ်ထံ ဦးတည်နေခဲ့သည်။
“ဒီတစ်ကြိမ်, မြို့စားဝူဝမ်ရဲ့ ကျင့်ဝတ်က တော်တော်စဉ်းစားစရာပါပဲ။ အဲဒါက နည်းနည်း ကြီးကျယ်လွန်းပါတယ်။ အနာဂတ်မှာ ကျွန်မတို့က မိသားစုတစ်ခု ဖြစ်လာတော့မယ်။ ဒါ့ကြောင့် ဒီလောက်ယဉ်ကျေးသိမ်မွေ့နေဖို့ မလိုအပ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ဧကရာ မင်းမြတ်နဲ့ ဧကရာဇ် ဧကရီက ခွင့်မပြုသရွေ့ ဒီကြင်ယာတော်လည်း အိမ်လွမ်းဝေဒနာ သက်သာရာရစေရန် ကျွန်မရဲ့အနီးဆုံး ဆွေမျိုးတွေဆီ လာလည်ရမှာပါ။” ကြင်ယာတော် ယွမ်၏အသံက ထမ်းစင်အတွင်းကနေ ထွက်ပေါ်လာပါသည်။ စကားလုံးတိုင်းက ပုလဲလို ပေါ့ပါးပြီး၊ ကြည်လင်သည်။
"နေအိမ်ကို ပြန်လည်ပြင်ဆင်ပြီး နိုင်းနိုင်းအတွက် ယွန်တူပုံစံရှိတဲ့ နေအိမ်တစ်လုံးကို ဆောက်လုပ်ထားပါတယ်။ ဒါကြောင့် နိုင်းနိုင်းရဲ့မွေးရပ်မြေကို အရမ်းလွမ်းဆွတ်မနေရစေ ဖို့ နိုင်းနိုင်းကို အဲဒီနေအိမ်ကို ပြောင်းရွှေ့ပေးဖို့ တောင်းဆိုချင်ပါတယ်။" ဟုန်ရွှန်ကျိ ဦးညွှတ်ပြန်သည်။
"ကောင်းပြီ။" ကြင်ယာတော်ယွမ်က သဘောတူသည်။ ထမ်းစင်သည် ပင်မနေအိမ်ဆီသို့ ဦးတည်သွားပြန်သည်။
ကြင်ယာတော်ယွမ်၏ထမ်းစင် ဖြတ်ကျော်သွားပြီးနောက် မြို့စားစံအိမ်၏ လူများအားလုံး သည် နောက်ဆုံးတွင် မတ်တပ်ထရပ်ကာ ထမ်းစင်နောက်ကွယ်မှာ လူအုပ်ကြီးဖြင့် စည်ကားနေလေသည်။ အဘွားအိုနှင့် အစေခံမိန်းကလေးငယ်တစ်စုသည် နောက်သို့ လိုက်ပါလာရင်း တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာ တီးတိုးပြောနေကြသည်။
ဤအရာက ရှားရှားပါးပါ မြင်းကွင်းတစ်ခုပါ။ ကမ္ဘာကြီးကို အများကြီးမြင်ဖူးသည့် ကျွန်တစ်ယောက်အတွက် ဤမြင်ကွင်းက အသစ်အဆန်းတစ်ခု ဖြစ်နေပါသည်။
ထို့အပြင် ကြင်ယာတော်ယွမ်သည် သူမ၏ ဆွေမျိုးများထံ အလည်အပတ် ရောက်ရှိလာ သဖြင့် မြို့စားဝူဝမ်စံအိမ်သည် ဧကရာဇ်မင်းမြတ်၏ ဆွေမျိုးတော်စပ်သူ ဖြစ်လာမည် ဖြစ်သည်။ မြို့စားစံအိမ်မှကျွန်များပင် ဂုဏ်ယူဝင့်ကြွားမူကို ခံစားရလိမ့်မည်။
ဟုန်ယွိသည် ညီအကိုမောင်နှမတစ်စု၏ နောက်သို့လိုက်ပါရင်း သူတို့ပတ်ပတ်လည်မှာ လူအုပ်ကြီးက ဝိုင်းအုံနေသည်။ ကြင်ယာတော်ယွမ်က သူ့ကို နောက်မှခေါ်မည်လားဟု သူ တွေးနေသည်။
"ဟုန်ယွိ၊ မင်း ကိုယ်ခံပညာ လေ့ကျင့်နေတယ်လို့ ငါကြားတယ်။ ဘယ်မှာ သင်ခဲ့တာလဲ။” ထိုအချိန်တွင် ဟုန်ယွိသည် သူ့ဘေးတွင် အခြားလူတစ်ယောက်ရှိနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။ မွှေးပျံ့သောသင်းရနံ့က သူ့နှာခေါင်းထံသို့ ပြည့်လျှံသွားကာ တစ်ချိန် တည်းမှာပင် သူမနှင့်ပတ်သက်သော သူရဲကောင်းဆန်သော အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။
သူ့ခေါင်းကို လှည့်ကြည့်လိုက်တော့ အဖြူရောင်ပိုးဝတ်ရုံနှင့် သူမဆံပင်မှာ ကျောက်စိမ်း ဆံထိုးကို ဝတ်ထားသည့် ဟုန်ရွှေ့ကျောင်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ သူမသည် ကျင့်ဝတ်လေးစားသော အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။
ဟုန်ရွှေ့ကျောင်းသည် သိုင်းဝတ်စုံကို နှစ်သက်သူ ဖြစ်သည်။ ယင်းက သပ်သပ်ရပ်ရင် ရှိသည်။ သူမသည် မြင်းစီးခြင်း လေးပစ်ခြင်း၌ ကျွမ်းကျင်၏၊ ရဲရင့်၏၊ ကိုယ်ခံပညာကို လည်း ကျွမ်းကျင်၏။ ဤအရာသည် မြို့စားစံအိမ်မှလူတိုင်း အသိအမှတ်ပြုထားသော အရာ ဖြစ်သည်။ သို့သော်လည်း ယနေ့တွင် ကြင်ယာတော်ယွမ် ရောက်ရှိလာသဖြင့်, သူမသည် အိပ်ရာထချိန်တွင် အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။
"ငါက စာလေ့လာနေရင်း လေးပစ်လေ့ကျင့်ရုံပါ" ဟုန်ယွိက ဟုန်ရွှေ့ကျောင်းကို တစ်ချက် ကြည့်လိုက်သည်။
"အိုး… ဒါဆို, မင်းက ကောင်းကောင်းလေ့ကျင့်ထားတာပဲ။ ချန်လီမြို့စားငယ်လေးက ပန်းကြဲပြည့်တန်ဆာရုံမှာ မင်းနဲ့ လေးပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့တဲ့ကြောင်း ငါ ကြားထားတယ်။ မင်းက မြားငါးစင်းကို ဆက်တိုက်ပစ်ပြီး သူ့မီးလျှံတိမ်တိုက် လျှပ်စီးဖမ်းမြင်းကို အနိုင်ရခဲ့ တယ်ဆို။ မင်းက ကျန်းနန်မင်းသမီးရဲ့ မြတ်နိုးလှစွာသော ငါးမန်းသတ်ဓားကိုတောင် ရယူနိုင်ခဲ့တာပဲ။” ဟုန်ရွှေ့ကျောင်း၏ စကားတွေက ဟန်မဆောင်နိုင်သည့် မနာလိုစိတ် များဖြင့် ပြည့်နှက်နေပါသည်။
"ဟုတ်တယ်။
ဟုန်ယွိက စကားလုံးတစ်လုံးတည်းဖြင့် ပြန်ဖြေသည်။
"မောင်ငယ်ကောင်းလေး၊ ဒီငါးမန်းသတ်ဓားနဲ့ ကစားဖို့ ငါ့ကို နှစ်ရက်လောက် ငှားလို့ရ မလား။ ငါ အပိုင်မလိုချင်ပါဘူး။ နှစ်ရက်လောက် ငါ့ကို ငှားပေးရုံပါ။ ဟုန်ရွှေ့ကျောင်းသည် ရုတ်တရက် သူမ၏တံတောင်ဆစ်ကို အသုံးပြုပြီး ဟုန်ယွိကို ညင်သာစွာ တွက်လိုက်ပါ သည်။
"မောင်ငယ်ကောင်းလေးလား ... ထိုမိတ်ဆက်စကားကို ကြားတော့ ဟုန်ယွိ၏ တစ်ကိုယ် လုံး ထုံကျင်သွားသော်လည်း အသံမထွက်ပါဘူး။
ငါးမန်းသတ်ဓားသည် သံမဏိကို ရွှံ့ကဲ့သို့ ဖြတ်တောက်နိုင်သော နတ်လက်နက် ဖြစ်သည်။ ထိုကဲ့သို့ အဖိုးတန်ဓားတစ်ချောင်းကို ကိုင်နိုင်ရန် ခဲယဉ်းလွန်းသည်။ ဟုန်ရွှေ့ကျောင်း၏ အဆင့်အတန်းနှင့်ပင် တစ်လက်ရရန် ခက်ခဲပါသည်။
သံသယမရှိပေ။ ဤဓားသည် သိုင်းပညာရှင်များ နေ့ရောညပါ တောင့်တခဲ့ရသော ရတနာ တစ်ခုလည်း ဖြစ်ပါသည်။ ဤဓားဖြင့် သိုင်းပညာရှင်တစ်ဦး၏ သေဆုံးမှုသည် ရုတ်တရက် ဆယ်ဆတိုးလာနိုင်သည်။ မလိုချင်သည့်သူ မရှိခဲ့ပါဘူး။
"ငါ့ကို နှစ်ရက် ဒါမှမဟုတ် တစ်ရက်လောက် ငှားလိုက်စမ်းပါ။ ဟုတ်ပြီ, မင်းအနိုင်ရထားတဲ့ မြင်းအတွက် မြင်းထိန်း မရှိသေးဘူးမလား။ ငါ့မှာ မြင်းငါးကောင်နဲ့ မြင်းထိန်းတစ်ဒါဇင် ရှိတယ်။ နှစ်ယောက် သုံးယောက်ကို ငါ မင်းဆီ လွှဲပေးမယ်လေ။ သူတို့အားလုံးဟာ အလွန် အတွေ့အကြုံရှိတဲ့ လူတွေပဲ။ ငှားပြီးရင် ဒီအစ်မကြီးဆီက ပြန်မရမှာကို မင်း ကြောက်နေ တာလား။ ငါ လက်မှတ်ထိုးပေးမယ် ဟုတ်ပြီလား။”
ဟုန်ရွှေ့ကျောင်းက ကမန်းကတန်း ပြောလိုက်သည်။
“ငါ ငါ့ခန္ဓာကိုယ်ကို စွန့်ခွာပြီး၊ သူမ ကိုယ်ခံပညာ လေ့ကျင့်နေတာကို ချောင်းကြည့်မိတယ်။ ဒါကြောင့် ငါ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီး တစ်ခုလုံးကို အလွတ်ကျက်ပြီးလို့ ယူဆနိုင်တယ်။ ငါ ဒီကိစ္စကို လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ပေမယ့် ငါ သူမကျေးဇူးတရားကို ပေးဆပ်ရမယ်။ ငါက ဒီဓားကို ငှားရမ်းလိုက်ခြင်းက သူမကို ကျေးဇူးပြန်ဆပ်တယ်လို့ ယူဆနိုင်ပါတယ်လေ”။
ဟုန်ယွိက ခဏလောက်စဉ်းစားပြီး ပြောသည် “ကောင်းပြီ၊ အရှင်မ, ဆွေတော်မျိုးတော် များထံ အလည်ပတ် ပြန်သွားပြီးနောက်, မင်း အော်စမန်သပ်ပန်းရနံ့အဆောင်မှာ ဓားကို လာယူနိုင်တယ်။ ငါ့မြင်းကို ဂရုစိုက်ဖို့ မြင်းထိန်းတစ်ယောက် တကယ်ကို လိုအပ်နေတော့ မင်းက နှစ်ယောက် လွှဲပေးနိုင်တယ်။"
"ဘယ်လောက် သဘောကောင်းတဲ့ မောင်လေးလဲ။ ငါတို့ သဘောတူပြီးပြီနော်။ ဟုန်ရွှေ့ကျောင်းသည် ဝင်းလက်သွားပြီး ပြန်လှည့်ကာ ရှေ့သို့ ထွက်သွားပါသည်။
များမကြာမီပင် အဖွဲ့သည် ပင်မနေအိမ်သို့ ရောက်ရှိလာသည်။ ပင်မနေအိမ်၏ ဥယျာဉ်ကြီး ထဲသို့ ဝင်ရောက်ပြီးနောက်, သူတို့သည် ဥယျာဉ်ကြီး၏ ရေကန်ကြီးအလယ်တွင် အာရဇ်ပင်များဖြင့် ပြုလုပ်ထားသော အဝိုင်းခေါင်မိုးကြီးကို တွေ့လိုက်ရသည်။ ၎င်းသည် ခံတပ်တစ်ခုလို ဖြစ်ပြီး ထူးခြား ဆန်းပြားသော ရနံ့များနှင့် ပြည့်နေပါသည်။
"မြို့စားဝူဝမ်, မြို့စားရဲ့ယွန်တူးခံတပ်ကို ကျွန်မမွေးရပ်မြေနဲ့တူအောင် တည်ဆောက်ထားတာပဲ။ ဒါက မြို့စားအတွက် ခက်ခဲမှာပဲ။"
ခပ်ဝေးဝေးတွင် ကြင်ယာတော်ယွမ်သည် ဆီဒင်ကုလားထိုင်ပေါ်မှ ဆင်းကာ ခေါင်မိုးဝိုင်း အိမ်လေးထဲသို့ ဝင်ရောက်နိုင်ရန် မိန်းမစိုးများစွာက ပံ့ပိုးပေးကြသည်။ ပုတီးစေ့ ကုလားကာများ ချိတ်ဆွဲထားသဖြင့် အိမ်အပြင်ဘက်တွင် လူများက တလေးတစား စောင့်နေကြသည်။
"အရှင်မအတွက် တာဝန်ထမ်းဆောင်ရတာက ဒီမြို့စားလေးရဲ့ ဂုဏ်ယူစရာပါပဲ” ဟုန်ရွှန်ကျိက ပြောကြားသည်။
"မြို့စားမှာ ကဗျာရေးရာမှာ အတော့်ကို ပါရမီထူးတဲ့ ဟုန်ယွိဆိုတဲ့ သားတစ်ယောက် ရှိတယ်လို့ ကျွန်မ ကြားထားတယ်။ ဒီနေ့ သူရှိနေလား။” တခဏတာ တိတ်ဆိတ်သွား ပြီးနောက် ကြင်ယာတော်ယွမ်က ပုတီးစေ့ ကုလားကာနောက်မှာ ထပ်ပြောပြန်သည်။
ဟုန်ယွိ၏နှလုံးသည် တင်းကျပ်လာသည်။
တစ်ချိန်တည်းမှာပင် သူသည် စံအိမ်တွင်းရှိလူတိုင်း၏ အကြည့်များကို ခံစားလိုက်ရပြီး အလွန် စိတ်မသက်မသာ ခံစားလိုက်ရပါသည်။ သူက ဟုန်ရွှန်ကျိကိုကြည့်ရန် ခေါင်းကို မြှောက်လိုက်သော်လည်း သူ့ကို အံ့အားသင့်စေသည်က ဟုန်ရွှန်ကျိက သူ့ကို မမြင်သလို လှည့်မကြည့်ဘဲ ဦးညွှတ်နေဆဲပင်။ "ဒီမြို့စားလေးရဲ့ အရည်ချင်း မပြည့်ဝသေးတဲ့ သားငယ်ရဲ့ ဂုဏ်သတင်းက အရှင်မရဲ့ ဖီးနစ်နားတော်ထဲကို ဘယ်လိုလုပ် ဝင်ရောက်နိုင်မှာ လဲ။ ဟုန်ယွိ ထွက်လာပြီး အရှင်မကို အရိုသေလာပြုပါ။"
ဟုန်ယွိက ပြောတဲ့အတိုင်း ရှေ့ထွက် မတ်တပ်ရပ်လိုက်ပါသည်။
ဟုန်ရွှန်ကျိ ပြောပြီးနောက် ဟုန်ယွိက ရှေ့ထွက်ပြီး မတ်တပ်ရပ်လိုက်သည်။ မိန်းမစိုး တစ်ယောက်က အော်ပြောလိုက်သည် "ကြင်ယာတော်ယွမ် အရှင်မက၊ ဟုန်ယွိကို စုတ်တံ၊ မှင်၊ စက္ကူ၊ အပ်နှင်းပြီး ကဗျာတစ်ပုဒ် ရေးဖို့ အမိန့်ပေးလိုက်တယ်။”
မိန်းမစိုးနှစ်ယောက်စီသည် စုတ်တံ၊ မင်း စက္ကူ၊ မှင်သွေးကျောက်တွေကို ယူကာ စားပွဲတစ်ခုခင်းပြီး ဟုန်ယွိကို ရှေ့တိုးလာရန် အမိန့်ပေးလိုက်၏။
ဟုန်ယွိသည် ရှေ့သို့ လျှောက်သွားကာ ပုတီးစေ့ ကုလားကာနောက်တွင် လှပပြီး သပ်ရပ် သော မျက်နှာကို တွေ့လိုက်ရသည်။ ထိုနေ့က ဆောင်းဦးလဘုရားကျောင်းတွင် သူတွေ့ခဲ့ သော မျက်နှာဖြစ်သည်။
"ဟုန်ယွိ, အဲဒီနေ့က ငါ့မေးခွန်းကို ဖြေပေးလို့ ကျေးဇူးတင်တယ်။ မင်းက ငါ့ကို အများကြီး ကျေးဇူးပြုခဲ့ပေမယ့်, မင်းက ဝူဝမ်မြို့စား ဟုန်ရွှန်ကျိရဲ့သား ဖြစ်နေမယ်လို့ ငါ မမျှော်လင့် ထားဘူး။”
ဟုန်ယွိသည် ကြင်ယာတော်ယွမ်၏မျက်နှာကို ချောင်းကြည့်နေစဉ်မှာ ဟုန်ယွိ၏ နှလုံးသားအတွင်း၌ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
ဤသည်မှာ သူမနှုတ်မှ စကားမဟုတ်၊ သူ့စိတ်ထဲတွင် တိုက်ရိုက် စွဲထင်နေသော စကားဖြစ် သည်။ ရှင်းနေသည်မှာ၊ ဤသည်မှာ ကြင်ယာတော်ယွမ်၏ စိတ်ဝိညာဉ်နည်းများကို အသုံးပြု၍ စိတ်ဖြင့် ဆက်သွယ်ပြောခြင်း ဖြစ်သည်။
"ဟုန်ယွိ၊ မအံ့သြနဲ့။ ဇိယွဲ့နဲ့ငါ နှစ်ယောက်စလုံးဟာ ကမ္ဘာပေါ်က အင်မော်တယ် မဟာ နတ်ဆိုးကြီး ရှစ်ယောက်ထဲက အစိတ်အပိုင်းတွေပဲ။"
ဟုန်ယွိ၏ စိတ်ရှုပ်ထွေးမှုကို ခံစားမိသည့်အလား ကြင်ယာတော်ယွမ်၏ အသံက ထပ်ပြီး ထွက်ပေါ်လာပါသည်။