← Chapters

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂-၅၄)

Vol. 4 Ch. 52-54

အခန်း (၅၂)။

"ကြင်ယာတော်ယွမ်က တကယ်ပဲ ကမ္ဘာပေါ်က အင်မော်တယ် မဟာနတ်ဆိုးကြီး ရှစ်ယောက်ထဲက တစ်ယောက်အပါဝင်လား။ အဲဒီနေ့က သူမဟာ ဓဦးနတ်သမီးတစ်ပါးလို ဖြစ်နေခဲ့တာ အံ့ဩစရာ မရှိတော့ပါဘူး။ ဒါပေမဲ့ အစ်ကိုယွဲ့က သူဟာ တစ္ဆေအင်မော်တယ် အဖြစ် လူပြန်ဝင်စားခဲ့ပြီး၊ ယွန်တူး ဘိုင်မိသားစုမှာ ပြန်လည်မွေးဖွားခဲ့တယ်။ သူကတော့ အခုချိန်မှာ နတ်ဆိုးမဟုတ်တော့ဘဲ တကယ့်လူသားတစ်ယောက်လို့ ပြောလို့ရပြီ။ ဒါဆို, ကြင်ယာတော်ယွမ်ကိုလည်း ဒီလိုပဲ ယုံကြည်သင့်တယ်။ ကြင်ယာတော်ယွမ်က သူမဟာ လူသားတစ်ယောက်ဖြစ်တယ်လို့ ဆိုနိုင်တယ်။”

ကြင်ယာတော်ယွမ်၏ ကျင့်ကြံမှုသည် အမှန်တကယ်ပင် အလွန်အစွမ်းထက်သည်။ သူမ ဘာမှလုပ်ပုံမပေါ်သော်လည်း ဟုန်ယွိ၏ မျက်လုံးရှေ့မှာ တော်ဝင်ကိုယ်လုပ်တော်ဝတ်စုံ ကို ဝတ်ဆင်ထားပြီး၊ တော်ဝင်အငွေ့အသက်နှင့် အမျိုးသမီးတစ်ဦး၏ ပြတ်သားသည့် ပုံရိပ်တစ်ခု ပေါ်လာပါသည်။

ကြင်ယာတော်ယွမ်သည် ပုတီးစေ့ကန့်လန့်ကာမှ ထွက်သွားပြီး ဟုန်ယွိနှင့် စကားလာပြော သည့်အတိုင်းပင်။

ဤအရာအားလုံးသည် ကြင်ယာတော်ယွမ်မှ စိတ်ကူးဖြင့် ပုံဖော်ထားသည့် ထင်ယောင် ထင်မှား ပုံရိပ်ဖြစ်သည်ကို ဟုန်ယွိက သိထားသည်။ ၎င်းသည် သူ၏ အတွေးအမြင်များတွင် တိုက်ရိုက် ထင်ဟပ်နေသောကြောင့် လက်တွေ့နှင့် ပုံရိပ်ယောင်ကြား ခွဲခြားရန် မဖြစ်နိုင် ပေ။

"မှန်တယ်။ ငါနဲ့ဇိယွဲ့တို့ဟာ တောတောင်တွေထဲမှာ အနှစ် ၆၀ လောက် ကျင့်ကြံခဲ့ပြီး၊ နောက်ဆုံးမှာ တစ္ဆေအင်မော်တယ် ဖြစ်လာကြတယ်။ နောက်တော့ ငါက လူပြန်ဝင်စားပြီး ယွန်တူးနိုင်ငံကို ဝင်သွားခဲ့တယ်။ သူက ဘိုင်မိသားစုရဲ့ သားအကြီးဆုံး ဖြစ်လာပြီး၊ ငါက တော်ဝင်မိသားစုရဲ့ မင်းသမီးတစ်ပါး ဖြစ်လာခဲ့တယ်။ ငါက သူ့ထက် ငါးနှစ်စောပြီး လူပြန်ဝင်စားတာပဲ။”

ကြင်ယာတော်ယွမ်က ခေါင်းညိတ်လိုက်ပြီး ဟုန်ယွိ၏ ထင်မြင်ယူဆချက်ကို လုံးဝ အတည်ပြုပေးပါသည်။

ဟုန်ယွိသည် ကြင်ယာတော်ယွမ်က ဟာကူဇိယွဲ့အကြောင်းကို ပြောသောအခါ သူမ၏ အကြည့်တွေက အနည်းငယ် လွဲမှားသွားသည်ဟု ခံစားမိသည်။ သူမသည် ချစ်ခင်သော် လည်း လွမ်းဆွေးမှုအပြည့် ရှိနေသည်။

"ကြင်ယာတော်ယွမ်နဲ့ ဇိယွဲ့တို့နှစ်ယောက်စလုံးက တစ္ဆေအင်မော်တယ်တွေ ဆိုတော့ ဒီကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ မသွားနိုင်တဲ့နေရာ မရှိဘူး။ သူတို့ ဘာကြောင့် ခွဲခွာပြီး၊ အဝေးကို ပျံသန်းနေမှာလဲ။ ဧကရာဇ်နန်းတော်လိုနေရာကို ဝင်ရောက်ပါ့မလား။ အင်မော်တယ်တွေဟာ လွတ်လပ်ပြီး၊ ဒီကမ္ဘာကြီးမှာ အဆီးတားမရှိဘဲ ဓာတ်ကြီးငါးပါးကို လွန်မြောက်နိုင်တယ်။ အဲဒါ ဘယ်လောက်ပျော်စရာကောင်းလဲ။” ဟုန်ယွိက အစမ်း သဘောပုံစံဖြင့် မေးလိုက်ပါသည်။

ကြင်ယာတော်ယွမ်၏ စကားအနည်းငယ်မှတဆင့် ကြင်ယာတော်ယွမ်နှင့် ဟာကူဇိယွဲ့တို့ ၏ ဆက်ဆံရေးသည် မရိုးရှင်းကြောင်း သူ ခံစားနိုင်ပါသည်။ သူတို့နှစ်ဦးသည် တောင်တောင်များတွင် နှစ်ပေါင်း ၆၀ ကြာ အတူတကွ ကျင့်ကြံခဲ့ကြပြီး၊ အချိန်နှင့်အမျှ ခံစားချက်များ ဖြစ်ပေါ်လာနိုင်ပါသည်။ သူတို့သည် လူပြန်ဝင်စားဖို့တောင် သဘောတူကြ သည်။ သို့သော် ယခုမူ ကြင်ယာတော်ယွမ်သည် ဧကရာဇ်နန်းတော်သို့ ရောက်လာပြီး လက်ထပ်ခဲ့သည်။ ဤအရာက ဟုန်ယွိကို အရမ်းအံ့အားသင့်စေပါသည်။

“ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးဟာ ကိုယ့်ဆန္ဒအတိုင်း ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” ကြင်ယာတော်ယွမ်က သက်ပြင်းချလိုက်သည်။ ဒီအကြောင်းတွေ ပြောရတာ အဆင်မပြေ ဘူး။ ငါတို့က မတော်တဆ တွေ့ဆုံဖူးပေမယ့် ဇိယွဲ့က မင်းကို လူယုံတစ်ယောက်လို့ သတ်မှတ်ထားပြီးပြီ။ မင်းအနေနဲ့ အများကြီးသိနေတာ မကောင်းဘူး။ အထူးသဖြင့် မင်းက ဟုန်ရွှန်ကျိရဲ့သား ဖြစ်နေလို့ပဲ။ ငါတို့မှာ လုပ်စရာတွေ ရှိတယ်။ ဟင်း..., မင်း ကျောက်စိမ်း မြို့တော်ကနေ အမြန်ဆုံးထွက်ခွာဖို့ အခွင့်အရေး ရှာပါ။”

"ကျောက်စိမ်းမြို့တော်ကနေ ထွက်သွားရမှာလား”

ဟုန်ယွိ အံ့ဩသွားသော်လည်း ဘာမှပြန်မပြောပေ။

ကြင်ယာတော်ယွမ်နှင့် ဟာကူဇိယွဲ့တို့သည် မည်သည့်အရာလုပ်ရန် စီစဉ်ထားကြသနည်း။ အခု သူသည် ထိုအကြောင်းကို လိုက်ပါစူးစမ်းရန် နည်းလမ်းမရှိပါဘူး။ သူသည် ဘေးမှ ထွက်၍သာ နေနိုင်ပါသည်။

“ကမ္ဘာကြီးရဲ့ အရေးကိစ္စတွေက တစ်စုံတစ်ယောက်ရဲ့ အလိုဆန္ဒနှင့် အမြဲတမ်း လိုက်လျောညီထွေမရှိဘူး ဖြစ်နေတယ်။” ကြင်ယာတော်ယွမ်၏ သက်ပြင်းချသံကို ကြားလိုက်ရာ ဟုန်ယွိသည် ကမ္ဘာကြီး၏အရေးကိစ္စများကို နားမလည်နိုင်အောင်ဖြစ်ပြီး ဝမ်းနည်းကြေကွဲမှုတစ်မျိုးသာ ခံစားခဲ့ရပါသည်။

“မှန်ပါတယ်၊ ငါတို့က မတော်တဆတွေ့တဲ့ သူစိမ်းတွေပဲ။ မင်းနဲ့ ဇိယွဲ့တို့အတွက် ငါ တစ်ခုခု ရေးပေးမယ်။” ဟုန်ယွိက မျက်လုံးတွေကို မှိတ်ထားလိုက်၏။

“ကျေးဇူးအများကြီးတင်ပါတယ်။ ကြင်ယာတော်ယွမ်၏ အသံသည် သူမ၏နှလုံးသား နက်နက်ထဲမှ ထွက်ပေါ်လာသည်။ ဟုန်ယွိသည် သူ့ရှေ့က မြင်ကွင်းက သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ ပုတီးစေ့ကန့်လန့်ကာနှင့် ၎င်းနောက်ကွယ်တွင် လျှို့ဝှက်ဆန်းကြယ်သော်လည်း ရည်မွန်သည့် တစ္ဆေအင်မော်တယ် အမျိုးသမီးတစ်ဦး ရှိနေပါသည်။

ဟုန်ယွိသည် သူ့ဝတ်စုံလက်မောင်းများကို လှိမ့်လိုက်ပြီး၊ မှင်ကို ညင်သာစွာ သွေးလိုက်ပါသည်။ သူသည် စုတ်တံကို ညင်သာစွာ စွတ်ပြီး နှင်းဖြူစက္ကူပေါ်တွင် စကားလုံးရှည်ကြီး တစ်လုံးကို ရေးလိုက်သည်။

အကွာအဝေးကြောင့် မြို့စားစံအိမ်ရှိ လူတိုင်းသည် ဟုန်ယွိ ရေးနေသည်ကိုမြင်ရန် လည်ပင်းကို ဆန့်ထားသော်လည်း မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

တစ်ဖက်တွင်၊ ဟုန်ရွှန်ကျိ၏ အမူအရာမှာ ငြိမ်သက်နေ၏။ ဤသခင် မြို့စားဝူဝမ် တွေးနေသည့်အရာကိုလည်း မည်သူမျှ မသိနိုင်ပါချေ။

ဟုန်ယွိ ရေးပြီးသည့်နောက်မှာတော့ ကြင်ယာတော်ယွမ်က "ကဗျာကို တင်ပြပါ" ဟု ပြောသည်ကို ကြားလိုက်ရပါသည်။

မိန်းမစိုးတစ်ဦးသည် ရှေ့သို့ အမြန်သွားကာ စာရွက်ကို ကြင်ယာတော်ယွမ်ထံသို့ ဂရုတစိုက် ယူဆောင်လာသည်။

ကြင်ယာတော်ယွမ်က ပုတီးစေ့ကန့်လန့်ကာ နောက်မှာ စာရွက်ကို လှန်လိုက်၏။ စာရွက်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပုတီးစေ့ ကန့်လန့်ကာနောက်ကွယ်မှ ညင်သာစွာ သက်ပြင်းချသံတစ်ချက် ထွက်ပေါ်လာသည်။ ဟုန်ယွိ၏ နားထဲတွင် ဤညည်းတွား သံက သူ၏ အသည်းနှင့် အူများကို နာကျင်စေပုံရသည်။

သက်ပြင်းချပြီးနောက် ကြင်ယာတော်ယွမ်က စာရွက်ကို လှိမ့်ကာ ဘေးဖယ်ထားလိုက် သည်။ သူမက "ဆုလာဘ်” ဟု ပြောလိုက်ပါသည်။

ထိုနောက် အစေခံတစ်ဦးက အော်ပြောလိုက်သည် "ဟုန်ယွိက သူ့ကဗျာကို တင်ပြတယ်။ အရှင်မက သူ့ကို ဆုချီးမြင့်ဖို့ အမိန့်ပေးတယ်။ သန့်စင်ရွှေဒင်္ဂါ သုံးဆယ်၊ နန်းတော် ဖဲကတ္တီပါငါးလိပ်၊ နှင်းဖြူစက္ကူ ငါးလိပ်၊ ရွှေရွက်ဖျော့မှင် ငါးလုံး၊ ခရမ်းရောင်ဝံပုလွေစုတ်တံ ငါးချောင်း၊ ခရမ်းရောင်မှင်ကျောက် တစ်လုံး၊ သစ်သားဖြူလေးတစ်စင်း၊ မြားသုံးစင်းနဲ့ ဓားတစ်ချောင်း။”

ဤသည်မှာ တော်ဝင်ချန်မင်းဆက်ရှိ ပညာတော်သင်အရာရှိများအား ပေးသောစံနှုန်း ဖြစ်သည်။ ငွေ၊ အဝတ်၊ စုတ်တံ၊ မှင်၊ စက္ကူ၊ မှင်ကျောက်၊ လေး။ မြား၊ ဓား။

လေး၊ မြား၊ ဓားတို့ကို ဆုချီးမြှင့်ရခြင်း အကြောင်းရင်းမှာ တော်ဝင်ချန်မင်းဆက်သည် ကိုယ်ခံပညာကို မမေ့ကြောင်း ပြသခြင်းပင် ဖြစ်သည်။ ကလောင်နှင့်ဓားတို့ကို ကျွမ်းကျင် စွာ တတ်မြောက်ရန် ပညာရှင်အရာရှိများကို အမြဲသတိပေးရမည့်အချက်မှာ ကြက် တစ်ကောင်ကို ချည်နှောင်ရန်ပင် ခွန်အားမရှိသည့် ပျော့ညံ့သည့် ပညာရှင်များ မဖြစ်စေလို၍ ဖြစ်ပါသည်။

ကြင်ယာတော်ယွမ်၏ ဆုလာဘ်ကို ကြားလိုက်ရတော့ မြို့စားစံအိမ်တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်ခဲ့ရသည်။ အိမ်အကူနှင့် မိန်းမပျိုများ အချင်းချင်း တိုးတိုးလေး ပြောနေကြသည်။

ဟုန်ယွိသည် ဤမျှ အရေးကြီးသော ဆုလာဘ်ကို အမှန်တကယ် ရရှိလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။

အထူးသဖြင့် မြို့စားစံအိမ်မှ မဒမ်သုံးယောက်နှင့် ဟုန်ယွိ၏ မွေးချင်းများ ဖြစ်သည်။ လူတိုင်း၏ မျက်နှာများတွင် မနာလိုစိတ်များဖြင့် ပြည့်နက်နေပါသည်။

ထိုလူများ၏ အတွေးများ ရိုင်းစိုင်းပျံ့လွင့်နေချိန်မှာ၊ ကြင်ယာတော်ယွမ်က ထပ်ပြောပြန် တယ်။

"မြို့စားဝူဝမ်, ဟုန်ယွိရဲ့ကဗျာအရည်အချင်းက တော်တော်လေး ကောင်းပါတယ်။ ဒါပေမဲ့ ဒီကြင်ယာတော်မြင်သလောက်ဆို, သူက ပိန်ပိန်ပါးပါးနဲ့ ကိုယ်ခံပညာစွမ်းရည် မရှိဘူးလို့ မြင်မိတယ်။ တော်ဝင်ချန်မင်းဆက်ကို ကိုယ်ခံပညာနဲ့ ထူထောင်ခဲ့တယ်။ ဧကရာဇ် မင်းမြတ်ကလည်း မင်းမျိုးမင်းနွယ်မိသားစုတွေနဲ့ မှူးမတ်တွေကို သူတို့ရဲ့သားသမီးတွေ ကို ကိုယ်ခံပညာကို မေ့မထားဖို့ သွန်သင် ဆုံးမလေ့ရှိပါတယ်။ မြို့စားဝူဝမ်စံက အိမ်ထောင်စုကို စီမံခန့်ခွဲရာမှာ တော်တော်လေးတော်တယ်လို့ ကျွန်မ သိထားတာ ကြာပြီ။ ဒါပေမယ့် မြို့စားက ဘာလို့ ဟုန်ယွိကို ကိုယ်ခံပညာ သင်မပေးတာလဲ။ မြို့စားက ဟုန်ယွိ သူ့ခန္ဓာကိုယ် ကြံ့ခိုင်သန်မာစေဖို့ သိုင်းပညာဆရာတစ်ဦးကို ငှားရမ်းပေးနိုင်ပါတယ်။ အနာဂတ်မှာ၊ သူက မြို့စားဝူဝမ်လို ဖြစ်လာနိုင်ပြီး၊ နိုင်ငံရဲ့အုတ်မြစ်ဖြစ်တဲ့ အင်ပါယာ တရားရုံးရဲ့ မဏ္ဍိုင်ကြီးတစ်ခုတောင် ဖြစ်လာနိုင်ပါတယ်။”

ဤစကားများသည် အမိန့်ပေးနှင့် ညွှန်ကြားခြင်းနှင့် တူညီပါသည်။

ဟုန်ရွှန်ကျိက ဆောလျင်စွာ ဦးညွှတ်လိုက်သည်။ “ပညာရှင်တစ်ယောက်ဟာ သိုင်းပညာ မသင်ခင်မှာ ဖြောင့်မတ်ခြင်းနိယာမကို အရင်ဆုံး နားလည်ထားရပါမယ်။ အရှင်မ၊ ကျေးဇူးပြုပြီး နားလည်ပေးပါ။ ဒီမြို့စားလေးက သူ ဒီအင်ပါယာ စာမေးပွဲပြီးအောင် စောင့်နေတာပါ။ တကယ်လို့ ကျွန်တော့်သားက ပြည်နယ် စာမေးပွဲအောင်ပြီးမှ ကိုယ်ခံပညာ သင်ယူရင်လည်း သိပ်နောက်ကျမှာ မဟုတ်ပါဘူး။ ဒါပေမယ့်၊ အရှင်မက အမိန့်ပေးတဲ့အတွက် ဒီမြို့စားလေးကလည်း သဘာဝအတိုင်း လိုက်နာပါ့မယ်။"

"ဒါက သဘာဝအတိုင်းပဲ ကောင်းပါတယ်။ ကြင်ယာတော်ယွမ်သည် ပုတီးစေ့ကန့်လန့်ကာ နောက်ကွယ်မှ ပြုံးလိုက်ပါသည်။ "အနာဂတ်မှာ, မြို့စားဝူဝမ်စံအိမ်ဟာလည်း ကျွန်မ မိန်းမပျိုရဲ့ အိမ်ဖြစ်လာမှာပါ။ ကျွန်မမိန်းမပျိုရဲ့အိမ်မှာ အရည်အချင်းရှိသူတွေ အများကြီး ရှိနေရင်၊ ကျွန်မလည်း နန်းတော်ထဲမှာ ပြောစရာရှိလာတာပေါ့။"

"ဟုတ်ကဲ့ပါ။"

ဟုန်ရွှန်ကျိက ဦးညွှတ်ပြီး ခေါင်းညိတ်သည်။

"ကျွန်မနဲ့ ဧကရီဒိုဝါဂါထံမှ လက်ဆောင်တွေ အားလုံးကို ပေးဆောင်လိုက်ပါ။” ထို့နောက် ကြင်ယာတော်ယွမ် အမိန့်ပေးလိုက်သည်။

ထို့နောက် မိန်းမစိုးများစွာသည် လက်ဆောင်အချို့ကို ယူဆောင်လာကြသည်။ ၎င်းတို့ အားလုံးသည် ရွှေငွေဒင်္ဂါးများ၊ နန်းတော်ဖဲကတ္တီပါအဝတ်များ, အရည်သွေးကောင်းမွန် သော ကျောက်စိမ်းများ, အစရှိသည်တို့ ဖြစ်ကြပါသည်။

သို့သော် ဟုန်ရွှန်ကျိမှလွဲ၍ ဟုန်ယွိ၏လက်ဆောင်များသည် မဒမ်သုံးယောက်နှင့် အတူတူ ပင် ဖြစ်ကြောင်း ရောက်ရှိလာသူတိုင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပေသည်။ ချမ်းသာ သော မိသားစုအားလုံးသည် အလွန်စေ့စပ်သေချာကြပါသည်။ ဤနှိုင်းယှဉ်မှုဖြင့် ဟုန်ယွိ အပေါ် ကြင်ယာတော်ယွမ်၏ သဘောထားသည် အလွန်စိုးရိမ်စရာတစ်ခု ဖြစ်ကြောင်း လူတိုင်း သိကြပါသည်။

“ဒီဟုန်ယွိက ပထမဆုံး ကျန်းနန်မင်းသမီးကို လျှို့ဝှက်စွာ ခင်မင်ရင်းနှီးခဲ့ပြီး၊ အခု သူမှာ ကြင်ယာတော်ယွမ်နှင့် အဆက်အဆံရှိနေပြီ။ ပြီးတော့ သူက သူမရဲ့ သဘောကျ နှစ်ခြိုက်မှု လည်း ခံရတယ်။ အခု သူ့မှာ ကျောထောက်နောက်ခံတစ်ခု ရှိနေပြီး။ ဒါ့ကြောင့် မြို့စား စံအိမ်ကြီးမှာ သူ့ရဲ့ရာထူးက အများကြီး တိုးမြင့်လာနိုင်တယ်။"

အိမ်အကူများနှင့် အဘွားကြီးအချို့သည် အချင်းချင်း တိုးတိုးပြောနေကြ၏။

လက်ဆောင်များ ပေးအပ်ပြီးနောက် မိန်းမစိုးတစ်ဦးက ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည် “အရှင်မ နန်းတော်သို့ ပြန်ကြွတော့မည်။”

"ကျောက်စိမ်းမြို့တော်ကနေ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာပါ။” ကြင်ယာတော်ယွမ် သည် ရထားဖြင့် ထွက်ခွာသွားသောအခါ ဟုန်ယွိစိတ်ထဲမှာ အသံတစ်ခုက ထပ်မံ၍ ထွက်ပေါ်လာပြန်သည်။

ကြင်ယာတော်ယွမ်၏ တော်ဝင်ရထားသည် မြို့စားစံအိမ်မှ ခမ်းနား ကြီးကျယ်စွာဖြင့် ထွက်ခွာသွားခဲ့သည်။ လူအုပ်ကြီးသည် သူမတို့ကို လိုက်ပို့ရန် ထွက်လာကြသည်။ သူတို့သည် တော်ဝင်ရထားကို မမြင်နိုင်သောအခါမှသာ ရပ်တန့်သွားကြသည်။ အားလုံး သပ်ရပ်စွာ သိမ်းဆည်းပြီးနောက် ကိုယ်စီပြန်ပြီး အနားယူကြသည်။

ဟုန်ယွိသည် မူလက ဟုန်ရွှန်က သူ့ကို ပြန်ခေါ်မည်ဟု ထင်ခဲ့သော်လည်း လူတိုင်း လူစုခွဲ ပြီးနောက် ဟုန်ရွှန်ကျိက သူ့ကို မခေါ်ခဲ့ပေ။ အရာအားလုံးက အရမ်းအေးချမ်းနေပုံပင်။

လင်ဟွန်စာကြည့်တိုက်ထဲတွင်….။

ဟုန်ရွှန်ကျိက စားပွဲနားမှာ ထိုင်နေပြီး ဟုန်ရှီက သူ့ဘေးမှာ ရပ်နေ၏။ သူ့နောက်ကျောသည် ကောင်းကင်ယံတိုင် ဖောက်ထွက်နေသော တောင်ထွတ်တစ်ခုလို ဖြောင့်စင်းနေ သည်။

"အဖေ၊ ဒီကလေးက ကြင်ယာတော်ယွမ်ရဲ့ နောက်ခံအကြောင်း သိပြီးပါပြီ။ သူမက ကြောက်မက်ဖွယ် ပါရမီရှင်တစ်ဦးပြီး ယွန်တူးစင်မြင့်ကို ဝင်ရောက်ခဲ့ပြီးနောက် တော်ဝင် မိသားစုနှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ သူမရဲ့ရည်ရွယ်ချက်တွေက အသေးအမွှားကိစ္စ မဟုတ်ဘူး။ ဒါ့အပြင်, သူမက အခခုတစ်ကြိမ်မှာ အဖေ့ကို ပစ်မှတ်ထားနေတာ သေချာ တယ်။ အဖေ သတိထားရမယ်။” ဟုန်ရှီ၏အသံက အရမ်းတည်ငြိမ်ပါသည်။

"ကိစ္စမရှိပါဘူး။ သူတို့က ဘာမှလုပ်လို့ မရဘူး။ ကြာကြာခံမှာလည်း မဟုတ်ဘူး။ တခြား တစ်ဖက်မှာ မင်းက ဧကရာဇ်မြို့တော်ကို ကာကွယ်ဖို့ ကြီးလေးတဲ့ တာဝန်ရှိတယ်။ မင်း လက်လျှော့လို့ မရဘူး။ မကြာသေးခင်ကမှ လူဆိုးဂိုဏ်းနှစ်ခုဖြစ်တဲ့ အသက်မဲ့တာအို ဂိုဏ်းနဲ့ လေဟာနယ်တာအိုဂိုဏ်းတို့က ကျောင်းစိမ်းမြို့တော် အပြင်ဘက်နေရာ အသီးသီး မှာ လူတွေကို လှည့်စားခဲ့တယ်။ သူတို့ ဂိုဏ်းဝင်တွေ အများကြီးရှိတယ်။ ဒီနှစ်နှစ်အတွင်း သူတို့က ဘုရင်မင်းမြတ် အမဲလိုက်တာကို အခွင့်ကောင်းယူမယ်လို့ ငါ ခန့်မှန်းထားတယ်။ အုံကြွမူတွေ ရှိလာလိမ့်မယ်။ သူတို့က တော်ဝင်မြို့တော်ကိုတောင် တိုက်ခိုက်နိုင်တယ်" ဟုန်ရွှန်ကျိက ပေါ့ပေါ့ပါးပါး ပြောသည်။

"နတ်ဆိုးဂိုဏ်းဝင်တွေက တော်ဝင်မြို့တော်ကို တိုက်ခိုက်ဝံ့တယ်။"

ဟုန်ရှီ၏ မျက်လုံးများသည် ပြူးကျယ်သွားပြီး သူ၏ သတ်ဖြတ်လိုသည့်ဆန္ဒကို ထုတ်ဖော်လိုက်သည်။

"မင်းရဲ့ကိုယ်ခံပညာကရော ဘယ်လိုလဲ” ဟုန်ရွှန်ကျိက ဆက်မပြောဘဲ မေးလိုက်သည်။

"အဖေ့ရဲ့ကောင်းကင်ဘုံသေမင်းဘီးကို ကိုးဆယ်ရာခိုင်နှုန်းအထိ လေ့ကျင့်ထားပြီးပါပြီ။ ရက်အနည်းငယ်အတွင်းမှာ ကျွန်တော် အဆင့်ဖြတ်ကျော်ပြီး၊ ချဉ်ဆီသန့်စင်ခြင်းနယ်ပယ် မဟာဆရာသခင်အဆင့်ကို ဝင်ရောက်နိုင်မှာပါ။ နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ဖို့ လုံလောက်ပါလိမ့်မယ်။"

"အင်း.." ဟုန်ရွှန်ကျိက ပြောသည် "ကောင်းကင်ဘုံသေမင်းဘီးက ဒိုင်ဇင်ဘုရားကျောင်းက နေနှင့်လဗာဂျရာဘီးလက်သီးပညာရပ်နဲ့ ကျောက်စိမ်းတာအိုဘုရားကျောင်းက အရိုး အရည်ဖျော်သန့်စင်ခြင်းပညာရပ်ကို ပေါင်းစပ်ထားတဲ့ လက်သီးပညာရပ်ပဲ။ တကယ်လို့, မင်းသာ ဒီပညာရပ်ကို အဆင့် ၁၀ အထိ လေ့ကျင့်ပြီးရင်, မင်းက မဟာဆရာသခင် နယ်ပယ်ကို ဖြတ်ကျော်ပြီး၊ သိုင်းသူတော်စင်နယ်ပယ်ကို ဝင်ရောက်ကာ ပြန်လည် မွေးဖွား နိုင်တယ်။ တကယ်လို့, မင်းသာ သိုင်းသူတော်စင် ပညာရပ်တွေ ကျွမ်းကျင်ပါက ငါတို့ သားအဖ အတူတကွ အလုပ်လုပ်နိုင်ပြီ။ ဒီနတ်ဆိုးတွေကို မသုတ်သင်နိုင်မှာ စိတ်ပူနေစ ရာလား။”

"အင်း, ဟုန်ယွိနဲ့ ကြင်ယာတော်ယွမ်တို့က ဒီနေ့ နည်းနည်း ထူးဆန်းနေပုံရတယ်။ သူ နတ်ဆိုးတွေနဲ့ ပေါင်းသင်းနေတာများ ဖြစ်နိုင်မလား။” ဟုန်ရှီက ပြောသည်။

"ဟုန်ယွိကိစ္စ ထပ်မပြောနဲ့။ ငါ့မှာ ကိုယ်ပိုင်အစီအစဉ် ရှိတယ်။ ဟုန်ရွှန်ကျိက သူ့လက်ကို မြှောက်လိုက်သည်။

အခန်း (၅၃)။

"ဟုတ်ကဲ့ပါ, အဖေ၊ ဟုန်ယွိက လုံးဝ အစွမ်းမရှိဘူးလို့ ကျွန်တော် ထင်ခဲ့လို့ပါ။ အဲဒီအစား သူက ကိုယ်ခံပညာကို သိနေတယ်။ နောက်ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေနဲ့ ပြည့်နေပြီး သူ့ခန္ဓာကိုယ်ရဲ့ တစ်လက်မစီတိုင်းက ကြံ့ခိုင်တယ်။ သူ့အခြေခံအုတ်မြစ်က တော်တော်လေးကို ခိုင်မာတယ်။ ဒီလိုသိုင်းပညာမျိုးက မြှားပစ်တာ၊ လေးဆွဲတာကို နေ့တိုင်း လေ့ကျင့်ရုံနဲ့ ရနိုင်တဲ့အရာ မဟုတ်ဘူး။ ကျွန်တော်သိချင်တာက ဒီနည်းပညာကို သူ့ကို ဘယ်သူက သင်ပေးခဲ့တာလဲ။”

ဟုန်ရှီက ရုတ်တရက် ပြောလိုက်သည်။ သူသည် အစောပိုင်းက ဟုန်ယွိနှင့် တစ်ချက်မျှသာ အကြည့်ချင်း ဖလှယ်ဖူးသော်လည်း ဟုန်ယွိ အခြေခံအုတ်မြစ် အများစုကို မြင်နိုင်ခဲ့သည်။ ဤအရာက သူ၏ ထူးခြားသည့် အမြင်အာရုံကို ပြသနေခဲ့သည်။

"အဲဒါကို မင်း မြင်နိုင်လား..၊ ငါလည်း သေချာပေါက် မြင်တာပေါ့။ မင်းအမေက မင်းကိုရှာဖို့ စစ်တန်းလျားတွေဆီ တစ်စုံတစ်ယောက် စေလွှတ်ခဲ့တာလည်း ငါ သိတယ်။ အဲဒါက ဟုန်ယွိကြောင့်လား” ဟုန်ရွှန်ကျိက ဟုန်ရှီကို ကြည့်ပြီး ပြောလိုက်သည်။

“ဟုတ်ပါတယ် အဖေ။ ကျွန်တော် အဖေ့ကို မဖုံးကွယ်ဝံ့ပါဘူး။ အမေက အဖွားကျန်းကို ကျွန်တော့်ကိုရှာဖို့ စစ်တန်းလျားစီ စေလွှတ်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ အဖွားကျန်း ဟာ လေဖြတ်ပြီး သေဆုံးသွားခဲ့ပါတယ်။ အဖွားကျန်းဟာ စံအိမ်ကြီးကနေ အမေ့နောက်ကို လိုက်လာတဲ့ အစေခံဟောင်းတစ်ဦး ဖြစ်ကြောင်း အဖေသိပါသည်။ သူမရဲ့ ကိုယ်ခံပညာက လည်း အရမ်းကောင်းတယ်။ ဒါကြောင့် လေဖြတ်ပြီး ဘယ်လိုလုပ် သေမှာလဲ။ ဒီကိစ္စကို အဖေ့ကလေးက သေသေချာချာ စုံစမ်းစေချင်ပါတယ်။” ဟုန်ရှီက ဦးညွှတ်လိုက်ပါသည်။

"ဘာစုံစမ်းမှာလဲ" ဟုန်ရွှန်ကျိက စားပွဲပေါ်ရှိ အဖြူရောင် ကျောက်စိမ်းချီလင်စက္ကူ ထုတ်ကို ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောသည် "မိသားစုကိစ္စအတွက် စိတ်မပူနဲ့။ ငါ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိတယ်။ ဒါ့အပြင်, မင်းက အင်ပါယာတရားရုံးရဲ့ စစ်သူကြီးတစ်ဦး ဖြစ်တယ်။ ဒါ့ကြောင့် မင်းမှာ အင်ပါယာတရားရုံးရဲ့ စစ်သူကြီးတစ်ဦးရဲ့ အရိပ်အကဲမျိုး ရှိရမယ်။ မိသားစုရဲ့ အသေးအဖွဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ရန်ဖြစ်နေလို့ မရဘူး။ မင်းရဲ့ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်ပြီး အင်ပါယာတရားရုံးကို ထမ်းဆောင်ပါ။ အဲဒါက အရေးကြီးဆုံးပဲ။ အာရုံ မပြောင်းမိစေပါနဲ့။”

"ဒါပေမယ့်. "ဟုန်ရှီက ရှင်းပြရန် ကြိုးစားသည်။

"ဟမ့်. ၊ ဘာ ဒါပေမယ့်လည်း...၊ မင်းက ဟုန်ယွိကို သွားရှာမှာလား။ သူ့နောက်မှာ ဘယ်သူ ရှိလဲ မင်း သိချင်နေတာလား။ အင်ပါယာတရားရုံးရဲ့ စစ်သူကြီးတစ်ဦးအနေဖြင့် မင်းညီကို ဘယ်လို အနိုင်ကျင့်နိုင်မှာလဲ။ တကယ်လို့ သစ္စာမဲ့ခြင်း ဂုဏ်သတင်းသာ ပျံ့နှံ့သွားပါက၊ မင်းရဲ့ ရာထူးတိုးမယ့်လမ်းပေါ်မှာ အစွန်းထင်း ဖြစ်သွားလိမ့်မယ်။ ဒါကို မင်း နှလုံးသားထဲ မှာ နားလည်ထားသင့်တယ်။" ဟုန်ရွှန်ကျိက သူ့အသံကို မြှင့်လိုက်သည်။

“အဖေပြောတာ မှန်ပါတယ်။ ဟုန်ရှီ ကမန်းကတန်း ပြောလိုက်သည်။

လူတစ်ယောက်သည် ကိုယ့်ညီကို အနိုင်ကျင့်ခြင်းသည် ကျင့်ဝတ်သိက္ခာအရ အကျင့်ပျက် သည်ဟု ယူဆ၍ရပါသည်။ ၎င်းသည် သစ္စာမဲ့ခြင်းနှင့် အတူတူဖြစ်ပြီး၊ တခြားညီအစ်ကိုတွေက ဝေဖန်ခံရလိမ့်မယ်။ နောင်တွင်၊ အကယ်၍, ဟုန်ရှီသည် ရာထူးတိုးမြှင့်ခြင်း ခံရပါက၊ သူ့ကို အကျင့်ပျက်သည်ဟု စွပ်စွဲမည့်သူများ ရှိလာမည် ဖြစ်သည်။

ဟုန်ရွှန်ကျိက ထိုကဲ့သို့ပြောသည့်အခါ ဟုန်ရှီသည် သူ့အဖေက အစောကြီး ကြိုတွေးထား သည်ကို သူ့စိတ်ထဲမှာ နားလည်သွားပါသည်။

“ကောင်းပြီ၊ စခန်းကို ပြန်တော့။ စစ်သားတွေကို ကောင်းကောင်း လေ့ကျင့်ပေးထားပါ။ မဝေးတော့တဲ့ အနာဂတ်မှာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်လာနိုင်တယ်။ အဲဒီအချိန်မှာ, မင်းက တရားရုံးမှာ ပါဝင်ကူညီပြီး ရာထူးတိုးဖို့ မင်းအတွက် အခွင့်ကောင်း ဖြစ်လိမ့်မည်။ မင်းကို ဆန့်ကျင်သူတွေရဲ့ ပါးစပ်ကိုပိတ်ဖို့ အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်လိမ့်မယ်။ အနာဂတ်မှာ မင်းအမေက မင်းကိုရှာဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်တဲ့အခါ မင်းအဖေက အိမ်ထောင်ဦးစီးဖြစ်ပြီး အရာရာကို သူ့ဘက်က ဆုံးဖြတ်ပေးမယ်လို့ပဲ မင်း ဖြေလိုက်ပါ။ နားလည်ပြီလား။”

ဟုန်ရွှန်ကျိက ဆက်ပြောသည်။

“ကျွန်တော် နားလည်ပါပြီ။

ဟုန်ရှီက သူ့ခါးမှ ဆေဘာကို ဖိပြီး နောက်ပြန်ဆုတ်သွားသည်။

“ဝူအိမ်တော်ထန်း၊ ဟုန်ယွိကို သွားပြောပါ။ အရှင်မကြင်ယာတော်ယွမ်ရဲ့ အမိန့်ကို နာခံပြီး ကိုယ်ခံပညာကို လေ့လာပြီး လေ့ကျင့်ရမယ်လို့။ အရှင်မရဲ့ ဆုလာဘ်တွေကို စိတ်မပျက် စေပါနှင့်။ ဒါ့အပြင် သူက ရွှေ့ကျောင်းနဲ့အတူ ကိုယ်ခံပညာကို လေ့ကျင့်နိုင်တယ်။ ဒါ့အပြင် ဟုန်ယွိရဲ့ လစဉ်လစာကို ငွေစ ၁၅ စအထိ တိုးပေးမယ်လို့ မဒမ်ကျောက်ကို ပြောပြလိုက် ပါ။"

ဟုန်ရှီ ထွက်သွားပြီးနောက် ဟုန်ရွှန်ကျိက အပြင်သို့ လူတစ်ယောက်ကို အမိန့်ပေးခဲ့သည်။

အသံအိုကြီးဖြင့် ပြန်ဖြေပြီး ထွက်သွားပါသည်။ ၎င်းသည် အိမ်တော်ထိန်းဝူ ဖြစ်သည်။

စာကြည့်ခန်းတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားပြီး တိတ်ဆိတ်သွားသည်။

ဟုန်ရွှန်ကျိသည် ငြိမ်ငြိမ်လေး ထိုင်နေပြီး နောက်ပြန် လှည့်ကြည့်ကာ၊ နံရံမှာဆွဲထားသည့် ဆီးပန်းပွင့်တွေကို ကြည့်လိုက်တယ်။ သူက မျက်မှောင်ကြုတ်ပြီး သူ့ကိုယ်သူ ပြောသည် "ပိုင်ယွန် မင်းက မိုက်မဲလွန်းတယ်။ မင်းဆက်တိုင်းမှာ အပြောင်းအလဲတစ်ခုခု ဖြစ်လာရင် သွေးထွက်သံယိုတွေ ဖြစ်တတ်ကြတယ်။ အရိုးတွေလည်း တောင်လိုပုံနေလိမ့်မယ်။ အောင်နိုင်သူက ဘုရင်ဖြစ်ပြီး အရှုံးသမားက ဓားပြဖြစ်တယ်။ ငါလုပ်ရမှာက တရားရုံးရဲ့ အခြေအနေကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး လုပ်ဖို့ပဲ။ အခု တော်ဝင်ချန်မင်းဆက် အထွတ်အထိပ်ကို ရောက်တဲ့အချိန်မှာ, မင်းအစ်ကိုရဲ့အလောင်းက လူပြန်ဝင်စားခဲ့ပြီး အတိတ်ကို ပြန်ဂရုစိုက်နေတယ်။ တကယ်လို့, သူက အတိတ်ကအတိုင်း နောက်တစ်ကြိမ် ပြန်ကြီးပြင်းလာခဲ့ရင်, တရားရုံးမှာ သေချာပေါက် ပရမ်းပတာ ဖြစ်လိမ့်မယ်။ အဲဒီတုန်းက, ကမ္မကုသိုလ်အားလုံးဟာ အန္တရာယ် ရှိတယ်။ ဒါက တိုင်းပြည်နဲ့ ကမ္ဘာကြီးရဲ့ တည်ငြိမ်ရေး အတွက် မကောင်းဘူး။ တကယ်လို့ မင်းအစ်ကိုသာ သူနည်းသူ့ဟန်နဲ့ အဲဒီလိုအရာတွေ လုပ်ဆောင်လာရင် ငါ့ကို အပြစ်မတင်နဲ့။” (ကမ္မကုသိုလ်ဟူသည် မင်းဆက်နှင့်ပတ်သက်ပြီး အကျိုးကျေးဇူးကြီးကြီးမားမား ထမ်းဆောင်ပေးမူများကို ရည်ညွှန်းပါသည်)။

သူသည် အချိန်အတော်ကြာ သူ့ကိုယ်သူ စကားပြောပြီးနောက် ရုတ်တရက် ထရပ်ကာ ပန်းချီကားကို ဖြတ်ချလိုက်ပြီး စားပွဲအောက်ရှိ ကြွေအိုးကြီးထဲသို့ ပစ်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် မီးစကို ထုတ်၍ မီးညှိကာ အထဲသို့ ပစ်ချခဲ့သည်။

ခဏအကြာတွင် မီးဖိုထဲမှ ပန်းချီကားသည် မီးလောင်သွားခဲ့သည်။ တခဏချင်းမှာပင် လုံးလုံးမီးလောင်သွားပြီး ပြာပုံတစ်ပုံသာ ကျန်ပါတော့သည်။

“ယား...”။

မြင်းနှစ်ကောင်သည် မီးခိုးတိမ်တိုက်များကဲ့သို့ တောင်ခြေက လူသူကင်းမဲ့သော လမ်းပေါ် တွင် ဘေးချင်းယှဉ် ပြေးလွှားနေကြသည်။

စီးနင်းသူများမှာ ဟုန်ယွိဖြစ်ပြီး နောက်တစ်ဦးမှာ ဟုန်ရွှေ့ကျောင်း ဖြစ်သည်။ နှစ်ယောက်သား မြင်းစီး ပြိုင်နေကြပုံရသည်။

ဟုန်ယွိ၏မြင်းသည် ဦးဆောင်နေပြီး ဟုန်ရွှေ့ကျောင်းထက် သုံးလေးလှမ်းခန့်စောနေ သည်။ ဟုန်ရွှေ့ကျောင်းက သူ့အောက်ကမြင်းကို ကဆုန်ပေါက်ပြေးလွှားရန် မည်မျှပင် ခက်ခက်ခဲခဲ တိုက်တွန်းနေပါစေ သူမ လိုက်မမှီနိုင်ပါ။

မြင်းနှစ်ကောင်စလုံးသည် ချာရိုမြင်းများ ဖြစ်ကြသော်လည်း ဟုန်ယွိ၏ "လျှပ်စီးဖမ်းမြင်း" သည် ခံနိုင်ရည်ရှိပြီး အရှိန်ပိုမြန်နေသည်မှာ ထင်ရှားသည်။

“ဟမ့်..”

သူမ လိုက်မမှီနိုင်သည်ကို မြင်လိုက်ရသဖြင့် ဟုန်ရွှေ့ကျောင်းသည် ရုတ်တရက် သူမ၏ ခြေထောက်များကို ညှစ်လိုက်သည်။ သူမ၏အောက်ရှိ ချာရိုမြင်းသည် သူ့သခင်၏ ရည်ရွယ်ချက်ကို နားလည်ပုံရသည်။ ၎င်းသည် ၎င်း၏ နောက်ကျောကို တွန်းထုတ်ကာ ရှေ့သို့ ကွေးသွားခဲ့သည်။ ဟုန်ရွှေ့ကျောင်းသည် ဤကြီးမားသော စွမ်းအားကို အသုံးပြု၍ ငှက်ကြီးတစ်ကောင်ကဲ့သို့ မြင်းပေါ်မှ ခုန်တက်ကာ ပြင်းထန်စွာ ရှေ့သို့ ခုန်တက်သွား သည်။

ဟုန်ယွိသည် သူ့နောက်ကွယ်မှ အမှောင်ထုကိုသာ ခံစားလိုက်ရပြီး အနက်ရောင် တိမ်တိုက်တစ်ခုက သူ့ကို ဖုံးလွှမ်းသွားသလိုပင်။ သူသည် ခေါင်းကို ဆတ်ခနဲ လှည့်ကြည့် လိုက်တော့ ဟုန်ရွှေ့ကျောင်းက သူ့နောက်မှ လေထဲကနေ ခုန်ဆင်းလာနေသည်ကို တွေ့လိုက်ရပါသည်။ သူမသည် သူ့ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မြင်းပေါ်မှ လှန်ပစ်ချင်သည်။

"မကောင်းတော့ဘူး။ ဟုန်ရွှေ့ကျောင်းသည် မြင်းပေါ်မှ ခုန်တက်ကာ တွန်းချရန်အထိပင် အလွန်ရဲရင့်လိမ့်မည်ဟု ဟုန်ယွိလည်း မမျှော်လင့်ထားပေ။

ဤမြင်းစီးမှုမှာ ယုန်တစ်ကောင်အပေါ်တွင် ထိုးစင်းလာသော လင်းယုန်ကြီးနှင့် တူသည်။ ဟုန်ယွိသည် ရုတ်တရက် လှည့်ပြီး ဇက်ကို လွှတ်လိုက်သည်။ သူ၏ခြေထောက်တွေက မြင်းဝမ်းဗိုက်ကို တင်းတင်းကြပ်ကြပ် ညှစ်ထားပြီး ဟုန်ရွှေ့ကျောင်းဆီသို့ တွန်းထုတ်ရန် ကောင်းကင်ဝိညာဉ်ငယ် ဖမ်းယူခြင်းလက်ဝါးကို အသုံးပြုလိုက်ပါသည်။

"မင်းရဲ့တုံ့ပြန်မှုက အရမ်းနှေးတယ်။" ဟုန်ရွှေ့ကျောင်းက ရယ်မောလိုက်သည်။ သူမသည် အရှိန်အဟုန်ကိုသုံးပြီး သူမလက်မောင်းကို လိမ်လိုက်ကာ ဟုန်ယွိ၏လက်ဖဝါးကို ပိတ်ဆို့ လိုက်သည်။ ထို့နောက် နှစ်ယောက်သား ပွေ့ဖက်ပြီး မှောက်လှန်ကာ မြင်းပေါ်မှ လှိမ့်ဆင်း သွားကြပါသည်။

မြင်းပေါ်မှ ပြုတ်ကျသည်နှင့် ဟုန်ယွိသည် ချက်ချင်း ခုန်ထလာသည်။ သူ ပြန်မထနိုင်ခင် မှာ သူ့နားထဲမှာ စူးရှသည့်အသံတစ်ခုကို ကြားလိုက်ရ၏။ “ငါ့လက်သီးကို ကြည့်စမ်း"

သူ့မျက်လုံးထောင့်တွင် လက်သီးတစ်လုံးက လျင်မြန်စွာ ကျယ်လာခဲ့သည်။ လေပြင်းက သူ့ခေါင်းကို ပေါက်ကွဲတော့မည့်အတိုင်း တဟူးဟူး တိုးဝင်လာပါသည်။

"နွားသိုးနတ်ဆိုး ခွာပေါက်ခြင်း။”

ဤအရေးကြီးသော အခိုက်အတန့်တွင်၊ ဟုန်ယွိသည် စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ်ကို တစ်သားတည်းဖြစ်ခြင်း နယ်ပယ်ထဲသို့ ဝင်ရောက်လိုက်သည်။ သူ့ခြေထောက်တွေက သဘာဝအတိုင်း တုန်ခါနေပြီး သူ့လက်ထဲကို ခွန်အားတွေ ဖြန့်ထုတ်လိုက်ပါသည်။ သူ့လက်သီးတွေက သူ့ခေါင်းစွန်း၏ တစ်ဖက်တစ်ချက်စီမှာ ရှိနေပြီး၊ သူသည် ရုတ်တရက် လက်သီးကို ထိုးထုတ်လိုက်ကာ တိုးဝင်လာသည့် လက်သီးဖြင့် တွေ့ဆုံသွားသည်။

ဘန်း..။

လက်သီးနှစ်ခုက အပြင်းအထန် တိုက်မိသွားပါသည်။ ဟုန်ယွိသည် ထိပ်တိုက်တွေ့ဆုံမိ စဉ်မှာ သူ၏လက်သီးမှတဆင့် သူ့ပြိုင်ဘက်၏ အရိုးတွေက သံမဏိနှင့် ပြုလုပ်ထားပုံရ သည်ဟု ခံစားရ၏။ သူ့လက်သီးသည် နာကျင်လွန်းဖြင့် ကွဲထွက်လုနီးပါး ဖြစ်ခဲ့ရသည်။

“ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးက တကယ်ကို စွမ်းထက်တယ်။ သူမအရိုးတွေက သံမဏိလိုပဲ" ဟုန်ယွိသည် စိတ်ထဲမှာ တိတ်တဆိတ် အော်ဟစ်လိုက်ပါသည်။ သူ့ခန္ဓာကိုယ်က နှံကောင်လို ခုန်ထွက်လာပြီး သူ့ကို ခိုးဝင်တိုက်ခိုက်သည့် ဟုန်ရွှေ့ကျောင်းကို ကြည့်ရင်း ရန်ထောင်သည့် အမူအရာ ရှိနေသည်။

"အယ်? ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ မင်းက အလွန်လျင်မြန်စွာ တိုးတက်နေတာပဲ။ မင်းက ငါ့ရဲ့ကောင်းကင်ဝိညာဉ်ငယ် ဖမ်းယူခြင်း လက်ဝါးကို သင်ယူပြီးသွားပြီ။ ဒီအတိုင်းသာဆက်သွားရင် တစ်နှစ်ထက်မနည်းအတွင်းမှာ ငါ မင်းကို အနိုင်ယူနိုင်မှာ မဟုတ်တော့ဘူး။" ဟုန်ရွှန်ကျိက လက်သီးဖြင့် ထိုးပြီးနောက် နောက်တစ်ကြိမ် ထပ်မတိုက်ခိုက်တော့ဘဲ နောက်ပြန်ဆုတ်သွားကာ ဟုန်ယွိကိုမေးရင်၊ မျက်မှောင်ကြုတ်လိုက်ပါသည်။

“ငါ ဒါကို ကြုံသလိုတွေးမိပြီး တိုက်ခိုက်လိုက်တာပါ။ စိတ်ပျက်အားငယ်နေတဲ့ အခိုက် အတန့်မှာ ငါ အသုံးပြုမိသွားတယ်" ဟုန်ယွိက ဆင်ခြေရှာပြီး မေးခွန်းကို ရှောင်လိုက် သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က သူသည် ဟုန်ရွှန်ကျိ၏ ခွင့်ပြုချက်ရရှိခဲ့ပြီး နောက်ဆုံးတွင် ကန့်သတ်ချက်မရှိဘဲ ကိုယ်ခံပညာကို လေ့ကျင့်နိုင်ခဲ့သည်။ ထို့ကြောင့် သူသည် လှောင်အိမ်ထဲမှ လွတ်မြောက်လာသော ငှက်တစ်ကောင်ကဲ့သို့ နေ့တိုင်း မြင်းစီးပြီး မြှားပစ် ကာ၊ လက်သီးနှင့် ခန္ဓာကိုယ်ကို လေ့ကျင့်နေခဲ့သည်။ သူ၏ ကိုယ်ခံပညာသည် အလွန် တိုးတက်လာသည်ဟု ခံစားမိသည်။

ယနေ့တွင် သူသည် မြင်းစီးမှုတွင် ဟုန်ရွှန်ကျိနှင့်ပင် ယှဉ်ပြိုင်နေသည်။

“အင်ပါယာ စာမေးပွဲဖြေဖို့က သုံးရက်ပဲ လိုတော့တယ်။ မင်းက မြားပစ်တာ၊ မြင်းစီးတာ၊ မင်းရဲ့လက်သီးနဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်နေတာကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက ငါ သတိထားမိတယ်။ မင်း စာမေးပွဲအတွက် လုံးဝ ကြိုတင်မပြင်ဆင်တော့ဘူးလား။" ဟုန်ရွှန်ကျိက အကြောင်းအရာ ပြောင်းပြီး ထပ်မေးသည်။

“စာမေးပွဲမဖြေခင် အပြင်းအထန် ကြိုးစားနေတာက အမိုက်စား ပညာရှင်တစ်ယောက်ရဲ့ အလုပ်ပဲ" ဟုန်ယွိ နာကျင်နေသောလက်ကို တိတ်တိတ်လေး ပွတ်လိုက်သည်။ "ဟုတ်ပါပြီ, ကျောက်စိမ်းမြို့တော်တစ်ခုလုံးမှာ ကိုယ်ခံပညာကို လေ့ကျင့်တဲ့ မင်းမျိုးမင်းနွယ်တွေရဲ့ သားသမီးတွေထဲမှာ ဘယ်သူက လက်သီးပညာရပ်မှဦ အကောင်းဆုံးလဲ။ အစ်မ ရွှန်ကျိ, မင်းရဲ့အဆင့်က ဘာလဲ။"

“မင်းမျိုးမင်းနွယ်တွေရဲ့ သားသမီးတွေက ဟိုဟိုဒီဒီ လျှောက်လည်နေပုံရတယ်ဆိုတဲ့ အချက်နဲ့ အရူးလုပ်မခံနဲ့။ တကယ်တော့ သူတို့ကြားထဲမှာ ပုန်းကွယ်နေတဲ့ နဂါးတွေနဲ့ ဝပ်နေတဲ့ ကျားတွေရှိတယ်။ သေချာတာက, ကိုယ်ခံပညာအရဆို ဟုန်ရှီပဲ။ သူက အဖေ့ရဲ့ ကောင်းကင်ဘုံသေမင်းဘီးပညာရပ်ရဲ့ အနှစ်သာရကို နက်ရှိုင်းစွာ ဆုပ်ကိုင်ထားပြီး ဖြစ်တယ်။ ကျန်တာတွေကတော့ လီမြို့စားကြီးလေးရဲ့ ယင်ယန်အဆုံးစွန်လက်သီးက နားမလည်နိုင်လောက်အောင်ပဲ။ ဒါ့အပြင်, လက်ထပ်ရမည့် အိမ်ရှေ့စံမင်းသား, အိမ်ရှေ့စံ မင်းသားရုန်, အိမ်ရှေ့စံမင်းသားရှန်ဝေနဲ့ မင်းသမီးရုန်ချွန်းတို့အားလုံးကလည်း အလွန် အစွမ်းထက်ကြတယ်။ ဒါပေမယ့်, တကယ်လို့, မင်းအနေနဲ့ အစစ်မှန်စွမ်းအား အကြောင်း ပြောချင်ရင်တော့ မင်းသားတွေကြားထဲမှာ ကြီးကျယ်ခမ်းနားတဲ့ တော်ဝင် မဟာဆရာ သခင်တစ်ယောက် ရှိနေမှာတောင် ငါ ကြောက်မိတယ်။ အိမ်ရှေ့စံမင်းသားတွေက ဆက်ဆံရတာ မလွယ်ဘူး။” ဟုန်ရွှေ့ကျောင်းသည် ဟုန်ယွိထက် ပို၍ ဗဟုသုတ ကြွယ်ဝ သည်။ ဤရက်များတွင် ဟုန်ယွိသည် ဟုန်ရွှေ့ကျောင်းနှင့် ကိုယ်ခံပညာကို လေ့ကျင့်ခဲ့ပြီး မင်းမျိုးမင်းနွယ်များအကြောင်း လျှို့ဝှက်ချက်များစွာကို လေ့လာနေခဲ့ပါသည်။

(လက်ထပ်ရမည့် အိမ်ရှေ့စံမင်းသားဟူသည်.. ထီးနန်းဆက်ခံသူနှင့် သူ၏အိမ်ထောင်ရေး တွင် နိုင်ငံရေး သို့မဟုတ် မင်းဆက်ဆိုင်ရာ သက်ရောက်မှုများ ရှိနိုင်ခြေရှိသူ ဖြစ်သည်။ ၎င်းသည် မဟာမိတ်များ ခိုင်မာစေရန်၊ တော်ဝင်မိသားစု၏ ရာထူးကို ခိုင်ခံ့စေ ရန် သို့မဟုတ် ထီးနန်းဆက်ခံမှုကိုပင် အကျိုးသက်ရောက်နိုင်သည့် အရေးပါသော ဖြစ်ရပ်တစ်ခုအဖြစ် အနာဂတ်ဘုရင်၏ လက်ထပ်မင်္ဂလာကို မီးမောင်းထိုးပြသူ ဖြစ်ပါသည်။)။

အခန်း (၅၄)။

"လက်ရှိ ဧကရာဇ်မင်းမြတ်သည် သူ၏အထွက်အထိပ် အခြေအနေတွင် ရှိနေသော်လည်း အသက် ၆၀ ကျော်နေပြီ ဖြစ်သည်။ မင်းသားများစွာလည်း အရွယ်ရောက်လာကြပြီ။ အိမ်ရှေ့စံမင်းသားအဖြစ် အပ်နှင်းထားသည့် မင်းသား ၃ ပါးရှိပြီး၊ မြို့စားကြီးရာထူး အပ်နှင်းထားသူ မင်းသား ငါးပါးခြောက်ပါး ရှိပါသည်။ ၎င်းတို့အားလုံးသည် စာပေနှင့် ကိုယ်ခံပညာ နှစ်ခုစလုံးကို ကျွမ်းကျင်ကြပါသည်။ သူတို့သည် ဧကရာဇ်မင်းမြတ် နှစ်သက် သဘောကျစေရန် လျှို့ဝှက်စွာ ပြိုင်ဆိုင်နေကြသည်။ လက်ရှိ အိမ်ရှေ့စံမင်းသားသည် လည်း အလွန်အစွမ်းထက်ပါသည်။ သူသည် နယ်ခြားကို စစ်ဆေးရန် စစ်မြေပြင်သို့ ကိုယ်တိုင်သွားရောက်ခဲ့သည်။ အိမ်ရှေ့စံမင်းသားကို လုပ်ကြံရန် ကြိုးစားခဲ့သော ယွန်မင် ကျွမ်းကျင်ပညာရှင်များကို အနိုင်ယူပြီးနောက် ဟုန်ရှီသည် အင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့သည်။ သူသည် ဘုရင့်တပ်မတော်၏ တပ်ရင်းငါးရင်းအနက်မှ တစ်ခုဖြစ်သည့် နတ်ဘုရား စက်ယန္တရား တပ်ကို ထိန်းချုပ်ထားပါသည်။"

ဟုန်ရွှေ့ကျောင်းသည် ဟုန်ယွိကို စကားတစ်ခွန်း ပြောပြသည်။

"တော်ဝင်ချန်မင်းဆက်ရဲ့ တော်ဝင်မိသားစုက ၎င်းတို့ရဲ့အထွက်အထိပ်မှာ ရှိနေတယ်။ စာပေပညာဖြစ်စေ, ကိုယ်ခံပညာဖြစ်စေ, ဘယ်အရာမှ သိမ်ငယ်ရခြင်း မရှိဘူး။ ဒါက အသေးအဖွဲ့ကိစ္စ မဟုတ်ဘူး။”

ဟုန်ရွှေ့ကျောင်း၏ စကားကို နားထောင်ပြီးနောက် ဟုန်ယွိသည် သူ့စိတ်ထဲတွင် အရာများ စွာကို နားလည်လာခဲ့သည်။

သူသည် ပန်းကြဲပြည့်တန်ဆာရုံ၌ရှိနေစဉ်, တောင်ပိုင်းမင်းသမီး လော်ယွန်၏ပွဲသို့ တခါက တက်ရောက်ခဲ့ဖူးသည်။ ချန်လီမြို့စားငယ်လေး၏အဖွဲ့ကို သူ မြင်သောအခါ၊ တော်ဝင်ချန် မင်းဆက်၏ မင်းမျိုးမင်းနွယ်များနှင့် အရာရှိများ၏ သားမြေးများသည် ပျက်ဆီးနေသူများ မဟုတ်ကြောင်း သူပြောနိုင်နေပြီ ဖြစ်သည်။

သို့သော် ချန်လီမြို့စားငယ်လေးနှင့် သူ၏အဖွဲ့သည် ကျောက်စိမ်းမြို့တော်တစ်ခုလုံးတွင် ဒုတိယအဆင့် မြင့်မြတ်သူများအဖြစ်သာ သတ်မှတ်ခံရနိုင်ပါ သည်။

မြို့စားငယ်များ၊ မင်းသားများနှင့် မြို့စားကြီးများ၏သားမြေး အစစ်အမှန် ပထမတန်စား သခင်လေးများနှင့် မင်းမျိုးမင်းနွယ်များ ဖြစ်ကြသည်။ ဟုန်ယွိသည် ဤအဆင့်ရှိလူများနှင့် ထိတွေ့ဆက်ဆံဖူးခြင်း မရှိသောကြောင့် သူတို့ကြားရှိ အခြေအနေမှန်ကို သူ မသိပေ။

ဟုန်ယွိသည် ထိုမြင့်မြတ်သောပုဂ္ဂိုလ်များ သူ့ကို သဘောကျလာစေလာရန် ရည်ရွယ်ချက် မရှိသော်လည်း, သူသည် နောင်တွင် ရာထူးတိုးရန်အတွက် အင်ပါယာစာမေးပွဲကိုသာ အားကိုးရပေမည်။ သူသည် မြင့်မြတ်သောဘွဲ့တစ်ခုကို အပ်နှင်းခံရရန်အတွက် သူ၏ စစ်ရေးအောင်မြင်မှုများကိုလည်း အားကိုးချင်ပါသည်။ အနှေးနှင့် အမြန်ဆိုသလိုပင်, သူသည် ဤလူအုပ်စုနှင့် ထိတွေ့ရပေလိမ့်မည်။ ယခုတွင် သူသည် ၎င်းတို့ကို နားလည် သဘောပေါက်ထားပြီး၊ ယင်းက ရှောင်လွှဲ၍ မရပေ။

“တော်ဝင်ချန်မင်းဆက်ရဲ့ မြင်းမြတ်တဲ့သခင်လေးတွေဟာ ကိုယ်ခံပညာကို နှစ်သက်ကြတယ်။ လူတိုင်းက စစ်ရေးအောင်မြင်မှုတွေနဲ့ မြင့်မြတ်သော ဘွဲ့ကို အပ်နှင်းခံချင်ကြတယ်။ ဒါ့အပြင်, အင်ပါယာတရားရုံးမှဦ ဘွဲ့တံဆိပ်တွေ အများအပြား ရှိနေတယ်။ တကယ်လို့, ငါ အနာဂတ်မှာ စစ်တပ်ထဲဝင်ခဲ့ရင်, ကြီးမားတဲ့ အတိုက်ခံတွေ ရှိလာလိမ့်မယ်။ ဒီမင်းသား တွေနဲ့ မြေးတော်တွေဟာ မြင့်မြတ်တဲ့ ဘွဲ့တွေ အပ်နှင်းခံရပေမယ့် သူတို့ရာထူးကနေ ပြုတ်ကျသွားတာနဲ့ သူတို့ရဲ့ နောက်လိုက်တွေပါ ပြိုလဲသွားကြလိမ့်မယ်။ ဒါ့အပြင်, ယခု အခါ မင်းသားတွေက အများကြီး ရှိနေတယ်။ ထီးနန်းပြိုင်ချင်သူတွေ အများကြီးရှိမှာ စိုးရတယ်။ ဒီလူတွေအားလုံးက ကိုယ့်လူတွေကို စစ်တပ်ထဲမှာ ထားချင်ကြမှာပဲ။ ဒါတွေက ငါ စဉ်းစားထားရမယ့် အရာတွေပဲ။”

ဟုန်ယွိသည် ရုတ်တရက် အတားဆီးများကို ခံစားလိုက်ရပါသည်။ သူသည် ကိုယ်ခံပညာ ကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးနောက်, အရင်ဆုံး အင်ပါယာစာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပြီး၊ ကမ္မကုသိုလ်အတွက် တိုက်ပွဲဝင်ရန် စစ်တပ်သို့ ဝင်ရောက်မည်ဟု ကြံရွယ်ထား သည်။ ဤကိစ္စက သူထင်ထားသလောက် မလွယ်ကူလောက်ပေ။

"ဟုန်ယွိ၊ နောင်တစ်ချိန်မှာ, မင်းက အင်ပါယာစာမေးပွဲတွေ အောင်မြင်ပြီး၊ ပညာရှင်ဘွဲ့ အတွက် တိုက်ပွဲဝင်မယ်။ ပြီးတော့ မင်းရဲ့ပညာကို ဆက်လက်သင်ကြားဖို့ စစ်တပ်ရဲ့ ကိုယ်ခံပညာခန်းမထဲဝင်ဖို့ စဉ်းစားနေတယ်လို့ ငါ့ကို မပြောဘူးမလား။ နယ်ခြားမှာ တိုက်ပွဲ တချို့ ဆင်နွှဲပြီး စစ်ရေးအရ မြင့်မြတ်တဲ့ဘွဲ့တွေ အပ်နှင်းပြီး မင်းအမေအတွက် မဒမ်ဘွဲ့အတွက် တိုက်ပွဲဝင်ရမှာ မဟုတ်လား။"

ဟုန်ယွိက လေးလေးနက်နက် တွေးနေသည်ကို မြင်တော့ ဟုန်ရွှေ့ကျောင်းက ရုတ်တရက် မေးလိုက်ပါသည်။

"ဟင်.." ဟုန်ယွိသည် ဟုန်ရွှေ့ကျောင်း၏ မျက်နှာကို စိုက်ကြည့်နေသည်။

"ဟေ့ ငါ့ကို အဲဒီလိုမကြည့်နဲ့။ မြို့စားစံအိမ်တစ်ခုလုံး မင်း ဘာတွေတွေးနေလဲ မသိတဲ့လူ မရှိဘူး။ ပိုင်းခြားသိမြင်တတ်တဲ့ လူတိုင်း ဒါကို ပြောနိုင်တယ်။" ဟုန်ရွှေ့ကျောင်းက ဟုန်ယွိ၏အကြည့်ကို ရှောင်ပြီး သက်ပြင်းချလိုက်ပါသည်။ “ဟုန်ယွိ၊ မင်းရဲ့စာပေ ပါရမီက အရမ်းကောင်းတယ်။ မင်း အင်ပါယာစာမေးပွဲ အောင်ပြီး၊ အနာဂတ်မှာ အရပ်ဘက်အရာရှိ တစ်ဦး ဖြစ်လာရင် ပြဿနာမရှိမှာတောင် ငါကြောက်မိတယ်။ ဒါပေမယ့်, တကယ်လို့, မင်း သိုင်းပညာကတဆင့် မြင့်မြတ်တဲ့ဘွဲ့ကို အပ်နှင်းခံချင်တယ်ဆိုရင်တော့ အလုပ်မဖြစ် မှာ ငါကြောက်မိတယ်။ မင်းက သိုင်းပညာ စတင်လေ့ကျင့်တာ အရမ်းနောက်ကျသွားပြီ။ ငါ့ကို ဥပမာကြည့်ပါ။ ငါဆို ငယ်ငယ်ကတည်းက ကိုယ်ခံပညာကို ရင်းနှီးခဲ့တယ်။ ငါ ဆောင်းရာသီနဲ့ နွေရာသီတွေမှာ လေ့ကျင့်ခဲ့တယ်။ ငါ့ရဲ့အရည်းအချင်းက မဆိုးဘူးလို့ ငါ ယုံကြည်တယ်။ ဒါပေမယ့်, ငါ အခုထိ သိုင်းသခင်နယ်ပယ်ထဲ မဝင်ရောက်နိုင်သေးဘူး။ ရှင်တန်သိုင်းသခင်နယ်ပယ်ထဲ ဝင်ဖို့က ပုံရိပ်ယောင်တစ်ခုလို ဖြစ်နေပါတယ်။ မင်းအနေနဲ့ ဆို, ပိုခက်ခဲသွားမှာ ငါကြောက်မိတယ်။ စစ်မြေပြင်မှာ သတ်ဖြတ်ရတာက အသေးအမွှား ကိစ္စ မဟုတ်ဘူး။ သိုင်းသူတော်စင်နယ်ပယ်ကို မရောက်ရှိသေးရင်, မဟာဆရာသခင် တစ်ဦးတောင် အကြောက်အလန့်ကင်းစွာ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင်၊ မင်းက မြို့စားစံအိမ်ရဲ့ စည်းမျဉ်းတွေကို ဖောက်ဖျက်မှာကို စိုးရိမ်တဲ့အတွက် အဖေက မင်းကို ကိုယ်ခံပညာ လေ့ကျင့်ဖို့ ခွင့်မပြုခဲ့ဘူး။”

"ငါ ဒါကို သိပါတယ်။" ဟုန်ရွှေ့ကျောင်း၏ စကားလုံးများသည် သူမ၏ နှလုံးသား အောက်ခြေမှ ထွက်ပေါ်လာသည်ကို ဟုန်ယွိ ကြားနိုင်ပြီး ခေါင်းညိတ်ပြလိုက်ပါသည်။ "ဒါပေမယ့် ငါ လက်မလျှော့နိုင်ဘူး။ အို၊ ဟုတ်သားပဲ။ မင်းရဲ့ကိုယ်ခံပညာကို မြှင့်တင်ဖို့ အတွက် မင်းက အစစ်မှန်တိုက်ပွဲကို အားကိုးနေရတုန်းပဲမလား။ လူတစ်ယောက်ဟာ အနှစ်တစ်ရာလောက် အပြင်းအထန် လေ့ကျင့်နေရင်တောင် သိပ်အသုံးမဝင်ပါဘူး။ အစ်မ ရွှေ့ကျောင်းက ကိုယ်ခံပညာမှာ ကျွမ်းကျင်ပြီး အစစ်မှန်တိုက်ပွဲ အတွေ့အကြုံ ကြွယ်ဝ တယ်။ ဒီရက်အနည်းငယ်အတွင်း ငါနဲ့အတူ လက်ရည်စမ်းကြည့်ရအောင်။ မိုးကောင်းကင် က လူတစ်ဦးအတွက် ကြီးမားတဲ့ တာဝန်တစ်ရပ်ကို ပေးအပ်တော့မယ့်အခါ, အဲဒီလူရဲ့ စိတ်ကို ဦးစွာညှဉ်းပန်းနှိပ်စက်ပြီး သူ့ရဲ့ကြွက်သားတွေနဲ့ အရိုးတွေကို အားကုန်အောင် အရင်လုပ်လိမ့်မယ်။”

"အယ်…၊ မင်းက အခုနက လက်သီးပညာရပ်, ခန္ဓာကိုယ်ခွန်အားလေးနဲ့ ငါနဲ့ လက်ရည် စမ်းချင်တာလား။ ကောင်းပြီးလေ၊ ဒါပေမယ့်, ငါ နာကျင်အောင်လုပ်မိမှ မငိုနဲ့နော်။

ဟုန်ရွှေ့ကျောင်းသည် ဟုန်ယွိ၏စကားကို ကြားသောအခါ သူမက အုံ့မှိုင်းစွာ ပြုံးလိုက် သည်။ ပြုံးနေစဉ် သူမသည် တိတ်တဆိတ် လွင့်ပျံလာခဲ့သည်။

ဘန်း…။

ဟုန်ယွိ၏ရင်ဘတ်သည် ထိုးကြိတ်ခံရပြီး နာကျင်မှုက သူ့ကို အသက်ရှူမဝလုနီးပါး ဖြစ်စေခဲ့ပါသည်။

"မင်း ခိုးကြောင်ခိုးဝှက် ဝင်တိုက်ပြန်ပြီလား" ဟုန်ယွိ နောက်ဆုံးတွင် ခက်ခက်ခဲခဲ အသက်ရှူထုတ်ပြီး ထိုစကားသုံးလုံးကို ပြောလိုက်ပါသည်။

"လက်သီးပညာရပ်တွေဆိုတာ အမြဲတမ်း အစွပ်မပါတဲ့ဓားတွေဖြစ်ပြီး၊ အေးစက်စွာ တိုက်ခိုက်ကြတာလေ။ မင်းက ကြိုတင်ပြင်ဆင်မထားခဲ့ဘူးပဲ။ ဒီအတွက် မင်း ဘယ်သူကို အပြစ်တင်နိုင်မှာလဲ။ ဟုန်ရွှေ့ကျောင်းသည် သူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသေးသည်။ သူမသည် စကားပြောနေစဉ်မှာ သူ့ကို လုံးဝ ကြိုတင်ပြင်ဆင်ချိန် မပေးဘဲ ခြေတစ်ချက် ကန်ထုတ်လိုက်ပါသည်။

“ဝှီး” ။

ယခုတစ်ကြိမ်မှာတော့ ဟုန်ယွိက အဆင်သင့် ဖြစ်နေပါပြီ။ သူသည် သူ့လက်ကို ဆန့်ထုတ် လိုက်ပြီး ဟုန်ရွှေ့ကျောင်း၏ ခြေထောက်ကို ပိတ်ဆို့ရန် ကောင်းကင်ဝိညာဉ်ငယ် ဖမ်းယူခြင်းလက်ဝါး၏ လက်ဝါးစောင်းကို အသုံးပြုလိုက်ပါသည်။ သို့သော် သူ့လက်နှင့် ခြေထောက်တို့ ထိတွေ့သောအခါ, သူသည် သံတုတ်နှင့် ထိမိသလို ခံစားလိုက်ရ၏။

"မင်း ပိတ်ဆို့လို့ မရဘူး။"

ဟုန်ရွှေ့ကျောင်းက ပြုံးလိုက်ပြန်သည်။ သူမ၏ ခြေထောက်သည် ရုတ်တရတ် ကွေ့ဝိုက်သွားကာ ရေထဲမှပျံတက်လာသော နဂါးပျံတစ်ကောင်ကဲ့သို့ ဟုန်ယွိ၏ ဘယ်ဘက်ပေါင်ကို ကန်ထုတ်လိုက်ပါသည်။

ဘန်း.. ဟုန်ယွိသည် ပစ်လဲကျသွားသည်။ သူ့တစ်ကိုယ်လုံး ကြေမွသွားသလို ခံစားရ၏။

"နောက်တစ်ကြိမ်၊ ဟုန်ယွိက လှိမ့်ပြီး ပြန်ထသည်။ သူသည် ဟုန်ရွှေ့ကျောင်း၏ ခြေလက်များကို စူးစိုက်ကြည့်ရင်း သူမျက်လုံးများက ငြိမ်သက်နေ၏။

"အယ်.. မင်း အရိုက်ခံရမှာ မကြောက်ဘူးလား။ ငါလက်ဖဝါးကို စောင့်ကြည့်နေပါ။ အလျားလိုက်လက်သီး ဆွဲငင်ခြင်းဓား" ဟုန်ရွှေ့ကျောင်းသည် ဟုန်ယွိ လျင်မြန်စွာ ထလာ သည်ကို မြင်သောအခါ သူမ အံ့ဩသွာသွားသည်။ သို့သော် သူမ၏လက်များက မရပ်တန့် ဘဲ ရုတ်တရက် သူမလက်ဖဝါးကို ဖြတ်ပိုင်းလိုက်သည်။ လေလှိုင်းတွေက တဟူးဟူး တိုက်ခတ်လာပြီး၊ ပတ်ဝန်းကျင်မှ လေထုကလည်း လှုပ်ခတ်နေသည်။ ဤစွမ်းအားမျိုး သည် ဟုန်ယွိ၏တစ်ကိုယ်လုံးကို အပိုင်းပိုင်း ဖြတ်ပစ်ချင်ပုံရသည်။

ဤတစ်ကြိမ်တွင် ဟုန်ယွိသည် အာရုံစူးစိုက်မှု အပြည့်ရှိနေပါသည်။ နောက်ဆုံးတွင် ဟုန်ရွှေ့ကျောင်း၏ တိုက်ခိုက်မှုကို သူ မြင်လိုက်ရသည်။ သူက လက်သီးကို အလျင်အမြန် မြှောက်လိုက်ပြီး ပိတ်ဆို့ရန် သူ့လက်မောင်းကို လှည့်လိုက်သည်။

သို့သော် ဟုန်ရွှေ့ကျောင်း၏လက်သည် ရုတ်တရက် မျဉ်းကွေးတစ်ခုအဖြစ် တွန့်ကွေးသွား ပြီး ဖြောင့်တန်းစွာ ထိုးစိုက်လာကာ သူမသည် ဟုန်ယွိ၏ပခုံးကို တွန်းထုတ်လိုက်ပါသည်။

"ဟင့်အင်း၊ ငါ ပိတ်ဆို့လို့ မရဘူး။”

ဟုန်ယွိ ထိတ်လန့်သွားသည်။ ဤအရေးကြီးသော အခိုက်အတန့်၊ မျက်စိတစ်မှိတ်အတွင်း မှာပင်, သူသည် မြှားပစ်သောအခါ ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်ရသည့် ခံစားချက်ကို တွေ့ရှိသွားပုံရသည်။ သူ့အတွေးအားလုံးကို သူ့ပခုံးပေါ် စူးစိုက်လိုက်မိပါသည်။

ဘန်း…။

သူပခုံးပေါ်မှာ သူ့အတွေးအားလုံးကို အာရုံစိုက်လိုက်သည့်အခါ သူ့ပခုံးပေါ်က ကြွက်သား တွေနှင့် အရွတ်တွေအားလုံးသည် သံမဏိကြိုးတွေလို အဖုအထစ်တွေအဖြစ် ပြင်းထန်စွာ တွန့်လိမ်သွားသလိုပင်။

သူသည် သူ့ခွန်အားရှိသမျှ အသုံးပြုလိုက်ပြီး ထိုကြွက်သားစိုင်ကြီးက ဖောင်းကားထွက် လာသည်။ ဟုန်ယွိသည် သူ့ပခုံးပေါ်မှ ဆုတ်ပြဲသွားသည့် ကိုက်ခဲနာကျင်မှုကို ခံစားလိုက်ရ သည်။

ဤနာကျင်မှုသည် သူ၏အတွင်းကြွက်သားများနှင့် အရွတ်များ ကျယ်ပြန့်လာပြီး ပွင့်ထွက် တော့မတတ် ခံစားရခြင်း ဖြစ်သည်။

ဗြိ…၊ ဗြိ…။

သူသည် သူ့ခွန်အားတွေကို အလွန်အကျွံ အသုံးပြုပြီး သူ့အရေပြားတွေ ပွင့်ထွက်လုနီးပါး ဖြစ်သည်ကို မြင်လိုက်ရချိန်မှာ ဟုန်ရွှေ့ကျောင်း၏လက်ဝါးက ဟုန်ယွိ၏ ပုခုံးကို ထိသွားခဲ့ သည်။ ဟုန်ယွိသည် ခြေလှမ်းအနည်းငယ် နောက်ပြန် ဆုတ်လိုက်ရသည်။ သူ့ပခုံးမှာ နာကျင်နေသေးသော်လည်း နာကျင်မှုက အလွန်သက်သောင့်သက်သာ ဖြစ်လာသည်။

“ဒါက တော်တော်ကို နီးကပ်သွားတယ်...။

ဟုန်ယွိသည် တိတ်တိတ်လေး အော်ပြောလိုက်သည်။ သူသည် နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်၏ "နွားသိုးနတ်ဆိုး အရေပြားတွန့်ခြင်း" သိုင်းကွက်ကို မရည်ရွယ်ဘဲ အသုံးပြုခဲ့မိခြင်း ဖြစ်ပေသည်။ ၎င်းသည် သူ၏ကြွက်သားများကို ဖောင်းကားစေပြီး အရေပြားကို ဆန့်ထုတ်ကာ တိုက်ခိုက်မူကို ခံနိုင်ရည်ရှိစေခဲ့သည်။

သို့သော် သူ၏ထိုလက်သီးနည်းစနစ်သည် သိုင်းစစ်သည်တော် နယ်ပယ်သို့ မရောက်သေး သောကြောင့်၊ သူ့အရေပြားကို အတင်းအကြပ် လှုပ်ရှားလိုက်ခြင်းက သူ့အရေပြားကို သေချာပေါက် ပွင့်ထွက်စေလိမ့်မည်။ ကံကောင်းထောက်မစွာ၊ ဟုန်ရွှေ့ကျောင်း၏ လက်ဖဝါးသည် ဖောင်းကားနေသော သူ့ကြွက်သားများကို ပုတ်ချလိုက်မိသည်။ မဟုတ်ရင် သူ့ပခုံးတွေ ပွင့်ထွက်ပြီး သွေးတွေ ပန်းထွက်လာလိမ့်မည်။

“ကောင်းတယ်, ငါ ဒီလက်ဖဝါးရိုက်ချက်မှာ ငါ့ခွန်အားရဲ့ ငါးဆယ်ရာခိုင်နှုန်းကိုပဲ အသုံးပြုခဲ့ တယ်။ ဒါက မင်းကို မြေပြင်ပေါ် လဲကျဖို့ သေချာပေမယ့်, မင်းက ခြေလှမ်းအနည်းငယ်ပဲ နောက်ပြန်ဆုတ်ရမယ်လို့ ငါမမျှော်လင့်ထားဘူး။ မင်းက တွန်းလှန်ဖို့အတွက် မင်းရဲ့ ကြွက်သားတွေနဲ့ အရေပြားကိုတောင် ဖောင်းကားအောင်လုပ်နိုင်ခဲ့တယ်။ ဒါက အရမ်း ပါးနပ်ပါပေမယ်။ ငါ့ရဲ့ နဂါးလမ်းလျှောက်လက်ဝါးကို မြည်းစမ်းကြည့်စမ်း။" ဟုန်ရွှေ့ကျောင်း၏ မျက်နှာက အံ့ဩသွားပြန်သည်။

သို့သော် သူမစကားပြောစဉ် သူမသည် ရပ်တန့်နေခြင်း မရှိပေ။ သူမ၏ ခြေလှမ်းတွေက ရေထဲမှ ငါးတစ်ကောင်လိုပင်။ သူမသည် လက်ဖဝါးကို တင်းတင်း ဆုပ်ထားပြီး လျှပ်စီး လက်သည့် အရှိန်ဟုန်ဖြင့် လက်ဝါးဆယ်ချက်ကျော်ကို လှမ်းရိုက်လိုက်သည်။ လက်ဖဝါး တစ်ချက်စီသည် ဟုန်ယွိ၏ခန္ဓာကိုယ်ကို ဦးခေါင်းမှ ခြေဖျားအထိ ထိမှန်သော်လည်း အရေးကြီးသော အစိတ်အပိုင်းများ မဟုတ်ပေ။

ဤမျှ လျင်မြန်သော အရှိန်ဖြင့် ဟုန်ယွိသည် မူးဝေသလို ခံစားရသည်။ သူသည် လုံးဝ မတားနိုင်ခဲ့ပါ။

သို့သော် သူသည် အခုနက မြင်ကွင်းကို ပြန်သတိရပြီး အကြံတစ်ခုရခဲ့သည်။ သူသည် ဟုန်ရွှေ့ကျောင်း၏ တိုက်ခိုက်မှုများကို ဂရုမစိုက်တော့ပါဘူး။ သူမလက်ဖဝါးက သူ့ခန္ဓာကိုယ်ကို ထိလိုက်သည်နှင့် ဟုန်ယွိက သူ၏မြင့်မြတ်သော စိတ်ဝိညာဉ်ကို ဖြန့်ကျက်လိုက်သည်။ သူသည် ထိမှန်ခံရသော သူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို ချက်ခြင်း အာရုံစူးစိုက်ပြီး နွားသိုးနတ်ဆိုးအရေပြားတွန့်ခြင်း သိုင်းကွက်ကို အသုံးပြုခဲ့သည်။

ပြင်းထန်စွာ ထိမှန်နေသော သူ့ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများနှင့် သူ့အသားရေပြား ကွဲအက်သွားသည့် ခံစားချက်က သူ့နှလုံးသားကို ထိုးဖောက်သွားသည်။

သို့သော် ဟုန်ရွှေ့ကျောင်း၏ လက်ဖဝါးက သူ့ကို ထိမှန်သွားခြင်းကြောင့် သူ့ချီကို လွင့်ပျယ်သွားစေခဲ့သည်။ (သူ့ချီဆိုရာ၌ နွားသိုးနတ်ဆိုးအရေပြားတွန့်ခြင်း သိုင်းကွက် အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသော ချီများ လွင့်ပျယ်သွားခြင်းကို ဆိုလိုဟန်တူပါ သည်။)

အမွှေးတိုင်တစ်ချောင်း မီးထိန်းညှိချိန်ကြာမှာတော့၊ ဟုန်ယွိ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဟုန်ရွှေ့ကျောင်း၏ ရိုက်နှက်ခြင်းခံထားရသည်။ သို့သော် သူ့တစ်ကိုယ်လုံးတွင် ဖော်မပြနိုင်သော သက်သောင့်သက်သာခံစားမူတစ်ခု ရှိနေခဲ့သည်။

All Chapters