အခန်း (၅၅-၅၆)
Vol. 4 Ch. 55-56
အခန်း (၅၅)။
"ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ။ မင်းရဲ့ခံစစ်ကိုယ်ခံပညာက အရမ်း သန်မာလွန်းတယ်။ တကယ်ဆို, ဒီပညာရပ်က ငါ့လက်သီးစွမ်းအားရဲ့ ထက်ဝက်လောက်ကိုတောင် အားလျော့ သွားစေနိုင်တယ်။ ဒါပေမယ့်, ငါ အခုနက ငါ့ရဲ့ခွန်အားကို အပြည့်အဝ အသုံးမချခဲ့ဘူး။ အခု ငါ မင်းကို ထုတ်ပြတော့မယ်။”
ဟုန်ယွိသည် လက်ဖဝါးချက်များစွာ ရိုက်နှက်ခံရပြီးနောက် မတ်တပ်ရပ်နေဆဲ ဖြစ်သည်ကို ဟုန်ရွှေ့ကျောင်းက မြင်လိုက်ရပြီး၊ သူ့ခန္ဓာကိုယ်တွင် နာကျင်သည့် လက္ခဏာများ မပြခဲ့ ပေ။ သူမသည် တိတ်တဆိတ် အံ့ဩသွားမိသည်။
ယုတ္တိကျကျပြောရလျှင်, သူမသည် သူမ၏ခွန်အားကို အပြည့်အဝ အသုံးမပြုသော်လည်း ဤလက်ဖဝါးချက် ဒါဇင်ပေါင်းများစွာ၏ စွမ်းအားသည် အလွန်ပြင်းထန်သည်။ အကယ်၍, သူမသည် သစ်ပင်တစ်ပင်ကို အဆက်မပြတ် ထိုးနှက်ပါက အခေါက်တွေ ကွာကျသည် အထိ လုံလောက်ပေလိမ့်မည်။ သို့သော် ဟုန်ယွိသည် လုံးဝ ကောင်းမွန်နေလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။
ဟုန်ယွိ၏ ခန္ဓာကိုယ်ကို ထိမှန်သော သူမ၏ လက်ဖဝါးများ၏ ခံစားချက်ကို ပြန်သတိရ သောအခါ ဟုန်ရွှေ့ကျောင်းသည် အလွန်ထူးဆန်းသလို ခံစားလိုက်ရသည်။
အကြောင်းကတော့ သူမလက်ဖဝါးချက် ထိမှန်လိုက်တိုင်း ဟုန်ယွိ၏ အရေပြားအောက်က ကြွက်သားတွေဟာ လေးလံသောသံမဏိကဲ့သို့ ဖောင်းကားပြီး ဖောင်းကားလာသော ကြောင့် ဖြစ်ပါသည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် သံမဏိကြိုးဖြင့် ပြုလုပ်ထားသည့် သံမဏိဘောလုံး တစ်လုံးနှင့်တူနေသည်။ ၎င်းသည် ကြမ်းရှသလို မာလည်းမာကြော၏။ ဟုန်ယွိ၏လက်ဖဝါးပေါ် ကျရောက်သွားရင်တောင် သူသည် စွမ်းအားတွေ အများကြီး ဆုံးရှုံးသွားလိမ့်မည်။
ဟုန်ရွှေ့ကျောင်းသည် ဤအရာက အလွန်အစွမ်းထက်သော အရေပြားထိန်းချုပ်ခြင်း နည်းပညာရပ်တစ်ခုဖြစ်ကြောင်း ဖျတ်ခနဲ ခံစားလိုက်ရသည်။
သို့သော် ဟုန်ယွိသည် သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုလေ့ မရှိသော်လည်း သူသည် ကျန်းနန်မင်းသမီးနှင့် တိတ်တဆိတ် ခင်မင်ရင်းနှီးခဲ့ကြောင်း သူမ သိထားသည်။ သူသည် ဧကရာဇ်နန်းတော်၏ ကြင်ယာတော်ယွမ်ကိုပင် သိစေခဲ့သူ ဖြစ်သည်။ ထူးထူးခြားခြား ပညာရပ်အချို့ကို သင်ယူဖူးက သူ့အတွက် မထူးဆန်းပေ။
နတ်ဘုရားလေပြည်နယ်၏ ကိုယ်ခံပညာသည် တော်ဝင်ချန် မင်းဆက်ထက် မနိမ့်ကျပေ။ ၎င်းတို့တွင် ကြီးမြတ်သော မဟာဆရာသခင်များနှင့် သိုင်းသူတော်စင်များပင် ရှိသည်။
ဟုန်ယွိ၏ လိမ္မာပါးနပ်ပြီး မကြောက်မရွံ့သော အသွင်အပြင်ကို မြင်လိုက်ရသောအခါ ဟုန်ရွှေ့ကျောင်း၏ ပြိုင်ဆိုင်လိုသည့် စိတ်ဓာတ်က သူမ၏ နှလုံးသားထဲတွင် ပေါ်လာပါ သည်။ သူမသည် ရုတ်တရက် လက်ဖဝါးကို ဆုပ်လိုက်ပြီး ကျယ်လောင်စွာ အသက်ရှူသွင်း လိုက်သည်။ သူမ၏ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါကာ အရိုးများလည်း တုန်နေသည်။ သူမသည် ဒေါသပုန်ထနေသော ကျားတစ်ကောင် ၎င်း၏ခွန်အားကို ပြသသကဲ့သို့ လက်သီးဖြင့် ထိုးနှက်ရင်း သူမ၏ခွန်အားကို ထုတ်ဖော်လိုက်ပါသည်။
ဟူး…။
ဟုန်ယွိ၏ မျက်လုံးထဲတွင် ဟုန်ရွှေ့ကျောင်း၏ လက်သီးများက လေထဲသို့ ထိုးဖောက် ဝင်ရောက်လာချိန်တွင် လေပွေတစ်ခုသည် နေရာအနှံ့ လွှင့်ထုတ်သွားပုံရသည်။ ၎င်းသည် သူမခန္ဓာကိုယ်၏ ပြင်းထန်သော ခွန်အားနှင့် သူမအဝတ်အစားများ၏ လှုပ်ခါမူကြောင့် ဖြစ်ပေါ်ရခြင်း ဖြစ်သည်။
တိမ်များသည် နဂါးနောက်သို့ လိုက်ပါသွားကာ လေသည် ကျားနောက်သို့ လိုက်သွား၏။ ဟုန်ရွှေ့ကျောင်း၏ လက်သီးသည် ဒေါသပုန်ထနေသော ကျားတစ်ကောင်၏ အသွင်အပြင် ကဲ့သို့ ကြီးမားသော စွမ်းအားများ ရှိပြီး၊ သွေးရနံ့က သူ့နှာခေါင်းဝထဲသို့ ဝင်လာခဲ့သည်။
"နတ်ဆိုးကျား ဒရယ်ဆုတ်ဖြဲခြင်း” သူမအသုံးပြုတဲ့ ဒီလက်သီးကွက်ကို ငါ အရင်က မြင်ဖူး တယ်။” ထိုအကြောင်းကို ပြန်တွေးရင်း ဟုန်ယွိသည် သဘာဝကျကျ နောက်ပြန် ဆုတ်ပြီး ခေါင်းကို ကာကွယ်ရန် သူ့တံတောင်ဆစ်ကို မြှောက်လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်ကို ကွေးပြီး ခုခံရန် သူ့ခန္ဓာကိုယ်ရှိ ခွန်အားအားလုံးကို အသုံးပြုခဲ့သည်။
ဤကိုယ်နေဟန်က သူ့ကို နွားသိုးရူးတစ်ကောင်ပုံစံ ဖြစ်စေပါသည်။ ၎င်းသည် နွားသိုး နတ်ဆိုးခွန်အားလက်သီး ပညာရပ်၏ အစွမ်းအထက်ဆုံး တံတောင်ဆစ်သိုင်းကွက် ဖြစ်သည်။ နွားသိုးနတ်ဆိုးခွန်အားပညာရပ် " နွားသိုးနတ်ဆိုး ဦးချိုခတ်ခြင်း”။
နွားသိုးနတ်ဆိုးခွန်အားလက်သီးကို ကျွမ်းကျင်ပြီးနောက်၊ ပထမဆုံးသိုင်းကွက်မှာ နွားသိုး နတ်ဆိုးဦးချိုခတ်ခြင်း ဖြစ်သည်။ ၎င်း၏ဦးချိုများသည် ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို နွားဦးချိုအဖြစ် ပြောင်းလဲကာ လူများကို ကြုံရာကျပန်း ရိုက်နှက်ခွင့် ပေးနိုင်သည်။
"ဟမ်.." ဟုန်ရွှေ့ကျောင်းက သံသယဖြစ်ဖွယ်အသံကို ထုတ်ဖော်လိုသည်။ ဟုန်ယွိ၏ လှုပ်ရှားမှုက သူမနောက်ကွယ်မှ အပြောင်းအလဲတွေ အားလုံးကို ပိတ်ဆို့လိုက်ပြီဟု သူမ ခံစားရ၏။ သူ၏တံတောင်ဆစ်များသည် သူမ၏ခန္ဓာကိုယ်နှင့် ပိုမိုနီးကပ်စွာ တိုးကပ်လာကာ၊ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန် တွန်းအားပေးနေခဲ့သည်။ သူမသည် နတ်ဆိုးကျား ဒရယ်ဆုတ်ဖြဲခြင်း၏ စွမ်းအားကို အပြည့်အဝ မထုတ်နိုင်ခဲ့ပေ။
ဘန်း…။
လက်သီးနှင့် တံတောင်ဆစ်များ အပြင်းအထန် တိုက်မိသွားသည်။
တန်.. ထန်.. ထန်.. ထန်..၊ ဟုန်ယွိသည် နောက်သို့ ခြေလှမ်းငါးလှမ်း ဆုတ်လိုက်ရကာ သူ့တင်ပါးက ပစ်လဲကျလုနီးပါး ဖြစ်ခဲ့ရသည်။ သူ့တံတောင်ဆစ်တွေက နာကျင်လွန်းသဖြင့် အက်ကွဲသွားသလို ခံစားရ၏။ အတွင်းမှအရိုးတွေက ရိုက်ချိုးလိုက်သကဲ့သို့ပင်။ သူသည် ခံစားချက်အားလုံး ဆုံးရှုံးသွားသလိုပင်။
ဟုန်ရွှေ့ကျောင်းလည်း နောက်ခြေနှစ်လှမ်း ဆုတ်သွားရသည်။ သူမသည် လက်ထဲတွင် အနည်းငယ် နာကျင်လာသည်။ သူမသည် ဟုန်ယွိကို ပို၍ပင် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်မိသည်။
"ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ။ တကယ်ကို အရမ်းအစွမ်းထက်တယ်။ ငါ့အရိုးတွေ တောင် ရိုက်ချိုးခံရပုံရတယ်။” ဟုန်ယွိက သူ့ကိုယ်သူ အားတင်းကာပြောရင်း သူ့အသိအာရုံ တချို့ ပြန်ရရန် အချိန်အတော်ကြာယူခဲ့ပါသည်။
“ဒါက ငါ့ရဲ့ခွန်အားအပြည့်ပဲ။ မင်းက သိုင်းကွက်ရဲ့ အပြောင်းအလဲတွေကို မြင်တွေ့နိုင်ပြီး လမ်းတစ်ဝက်မှာတင် တားဆီးနိုင်ခဲ့တယ်။ ဒီရုတ်တရက် လှုံ့ဆော်မှုက တကယ်ကို အစွမ်းထက်တယ်။ စာဖတ်ခြင်းက လူတစ်ယောက်ရဲ့စိတ်ကို ကြည်လင်စေပြီး၊ လူတစ်ယောက်ရဲ့ စိတ်အတွေးတွေကို လေ့ကျင့်ပေးနိုင်ပုံပဲ။ ဒါက လူတစ်ယောက်ရဲ့ ကိုယ်ခံပညာအတွက်လည်း အလွန်အကျိုးရှိတယ်။ ငါ ဘယ်အချိန်ရောက်မှ စာဖတ်ပြီး ငါ့ချီကို ပြုစုပျိုးထောင်နိုင်မှာလဲ။”
ဟုန်ရွှေ့ကျောင်း အံ့ဩသွားသည်။ "ကောင်းပြီး ငါ့အရိုးတွေက မင်းထက် ပိုမာတယ်။ မင်း အခုနက ဒဏ်ရာတွေရာတွေ ရနေပြီ။ ပြန်သွားပြီး ဆေးနည်းနည်း လိမ်းလိုက်ဦး။ နှစ်ရက် လောက် အနားယူပြီးရင် မင်း ပြန်ကောင်းလာလိမ့်မယ်။ အင်ပါယာ စာမေးပွဲဖြေဖို့ သုံးရက်ပဲလိုတော့သည်။ တကယ်လို့, မင်းသာ ကိုယ်ခံပညာကို ဆက်လက်လေ့ကျင့် နေပါက မင်းရဲ့ခန္ဓာကိုယ်က ထိခိုက်ဒဏ်ရာရနိုင်ပြီး စာမေးပွဲဖြေဖို့ တက်ရောက်နိုင်မှာ မဟုတ်ဘူး။ ဒါက ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ ပြန်ကြရအောင်။"
"အင်း" ဟုန်ရွှေ့ကျောင်း ပြောသည်မှာ အမှန်ဖြစ်သည်ကို ဟုန်ယွိ သိပါသည်။ သူသည် သူ့ကိုယ်သူ အားတင်းကာထပြီး၊ သူ့လက်ကို လျှပ်စီးဖမ်းမြင်း၏ ဇက်ကြိုးပေါ် ဆွဲတင်လိုက် သည်။ ကြွေးကြော်သံနှင့်အတူ မြင်းနှစ်ကောင်သည် ကျောက်စိမ်းမြို့တော်ဆီသို့ ဘေးချင်း ယှဉ်ကာ ပြေးသွားကြသည်။
“အဝတ်အစားအသစ် ဝတ်ပြီး မြင်းစီးခြင်း၊ ဓားကိုဆွဲကိုင်ပြီး၊ လေးပစ်ခြင်း ကဗျာတွေ ရေးပြီး သီးချင်းဆိုခြင်း၊ ဒါတွေက ငါ အမြဲတမ်းလိုချင်တဲ့ ဘဝမျိုးပဲ။ ကြာရှည်မခံရတာ နှမျောစရာပဲ။ မြို့စားစံအိမ်က လျှို့ဝှက်ချက်တွေနဲ့ ပြည့်နှက်နေတယ်။ ကျောက်စိမ်းမြို့ တော်ရဲ့ အခြေအနေကတောင် လျှို့ဝှက်ရေစီးကြောင်းတွေနဲ့ ပြည့်နှက်နေပုံရတယ်။ အခုချိန် ထုတ်သွားပြီး၊ ဒီအရှုပ်အထွေးမှာ မပါတာ ငါ့အတွက် ပိုကောင်းပါတယ်။"
မြင်းပေါ်က ခုန်ဆင်းပြီးသည်နှင့် ဟုန်ယွိသည် အလွန်ကျေနပ်သွားသည်။
သို့သော် ထိုနေ့ရက်များသည် ကြာရှည်မည် မဟုတ်ကြောင်း သူ့စိတ်ထဲတွင် သူသိသည်။ အင်ပါယာ စာမေးပွဲတွေ ဖြေဆိုပြီးနောက် သူ လွတ်လပ်ရမည်။
သို့သော် ထိုအကြောင်းကို တွေးကြည့်တော့ သူသည် သုံးရက်အတွင်းမှာ ပညာရှင်တစ်ဦး ဖြစ်လာလိမ့်မည်။ ထို့နောက် သူသည် လှပသော နေရာတစ်ခုတွင် မြေကွက်အချို့ကို ဝယ်ယူနိုင်မည် ဖြစ်ပြီး ကျွန်အနည်းငယ်ကို ငှားရမ်းကာ စစ်သည်တော် အနည်းငယ်ကို ပြုစုပျိုးထောင်နိုင်မည် ဖြစ်သည်။ သူ့မှာ ကိုယ်ပိုင်မိသားစု ရှိရမည်။ စာပေလေ့လာပြီး ကိုယ်ခံပညာ လေ့ကျင့်မည်။ ထို့နောက် သူသည် မဟာပညာရှင်တစ်ဦး ဖြစ်လာရန်အတွက် အင်ပါယာစာမေးပွဲများကို စောင့်မျှော်နေမည်။ ထို့နောက် စစ်တပ်ထဲသို့ ဝင်နိုင်ရန် သူ၏ ခွန်အားကို စုဆောင်းထားမည်။ သူသည် မြို့စားစံအိမ်ကြီး၏ ကန့်သတ်ခြင်း ခံရတော့မည် မဟုတ်သလို မဒမ်ကျောက်၏ အစီအစဉ်များနှင့် ပတ်သက်၍လည်း စိတ်ပူစရာ မလိုတော့ ပေ။
မြို့စားစံအိမ်ကြီးတွင် ဇိမ်ကျကျနေရသော်လည်း အိမ်ထောင်တစ်ခု၏ သခင်တစ်ယောက် ဖြစ်ရခြင်းနှင့် မည်သို့ နှိုင်းယှဉ်နိုင်မည်နည်း။
ဂျိမ်း.."
ကောင်းကင်ကြီးက မှောင်စပြုလာပြီ။ ထို့နောက် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ကျောက်စိမ်းမြို့တော်ကြီးတစ်ခုလုံး တုန်ခါသွားသလိုပင်။ မိုးခြိမ်းသံကြားပြီး နောက်တွင် နွေဦးမိုးက အဆက်မပြတ် ရွာသွန်းသဖြင့် မိုးခေါင်ပြီးနောက် ကုန်းမြေကို အားဖြည့်ပေး သည်။
ဤသည်မှာ နွေဦးပေါက် စတင်ကတည်းက ပထမဆုံးသော နွေဦးမိုး ဖြစ်သည်။
ဂျိမ်း…။
မိုးတွေက ရွာသွန်းလာသည်။ ဟုန်ရွှေ့ကျောင်းနှင့် ဟုန်ယွိတို့သည် အလွန်မင်း လျင်မြန်သော အရှိန်ဟုန်ဖြင့် ဒုန်းစိုင်းမောင်းနှင်လာကြသည်။ သို့သော်လည်း မိုးအရှိန်ဟုန်ကို မမှီနိုင်သေးပါဘူး။
ဟုန်ယွိသည် သူနေထိုင်သည့် အော်စမန်သပ်ပန်းရနံ့အဆောင်ဆီ ပြန်လာခဲ့ပါသည်။ မြင်းပေါ်က ဆင်းတော့ သူ့တစ်ကိုယ်လုံး ရွှဲနစ်နေပြီ။ မြင်းထိန်းနှစ်ယောက်သည် လက်ထဲတွင် ခြောက်သွေ့သော မျက်နှာသုတ်ပုဝါများ ကိုင်ဆောင်ကာ ပြေးသွားကြသည်။ မြင်းကို မြင်းတင်းကုပ်ထဲ ခေါ်သွားပြီး ချက်ခြင်း သန့်စင်လိုက်ကြပါသည်။
လျှပ်စီးဖမ်းမြင်း၏ တည်ငြိမ်မှုအတွက် နေ့တိုင်း သန့်စင်ပေးရပါသည်။ အနံ့ဆိုးများ လုံးဝ မရှိရပါ။ ခြင်၊ ယင်ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။ လှေးများကို ဖယ်ရှားရာတွင် မြင်းကို အကူညီဖြစ်စေရန် ပတ်ပတ်လည်တွင် ပန်းပွင့်နှင်းရည်စက်များပင် ဖြန်းပေးထားရပါ သည်။ ၎င်းသည် အလယ်အလတ်တန်းစား မိသားစုများ၏ ဧည့်ခန်းမများနှင့် ယှဉ်လုနီးပါး ဖြစ်နေပါပြီ။ (လှေး..ဟူသည် နို့တိုက်သတ္တဝါများနှင့် ငှက်များ၏ သွေးကို ကျက်စားသော အတောင်မရှိသော သေးငယ်သော အင်းဆက်ပိုးကောင်းကို ခေါ်ပါသည်)။
ရေချိုးပြီး သူချက်ထားသည့် ဆေးဖက်ဝင်ဝိုင်ကို သောက်ပြီးနောက် ဟုန်ယွိသည် အဝတ်အစားအသစ်တစ်စုံကို ပြောင်းလဲဝတ်ဆိုင်လိုက်ပါသည်။ သူသည် စာကြည့်ခန်း ပြတင်းပေါက်ဘေးတွင် ရပ်ကာ အပြင်ဘက်တွင် အဆုံးမရှိ ရွာသွန်းနေသော နွေဦး မိုးရေစက်များကို ကြည့်ရူနေမိ၏။ နွေဦးမိုးခြိမ်သံကို နားထောင်ရင်း သူ့နှလုံးသားသည် ထူးထူးခြားခြား ငြိမ်သက်သွားသလို ခံစားလိုက်ရပါသည်။
“ဟုန်ရွှေ့ကျောင်းရဲ့ အရိုးတွေက သံမဏိလို မာကျောအောင် လေ့ကျင့်ထားတယ်။ တကယ်လို့, ငါက ရက်ပေါင်းများစွာ ကိုယ်ခံပညာကို ကြည့်ရူမှတ်သားပြီး လေ့ကျင့်မ ထားဘူးဆိုရင်တောင်မှ, ငါက ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးကို စိတ်နှလုံးသားထဲ မှာ စွဲမြဲစွာ မှတ်သားမိနေပြီ။ ကျားနတ်ဆိုးအရိုးပုံသွင်းခြင်းလက်သီးရဲ့ လှုပ်ရှားမှုတွေကို လည်း အသေးစိတ် လေ့လာမူအချို့ ပြုလုပ်ခဲ့ဖူးတယ်။ ဒီလိုမှမဟုတ်ရင်, ငါ တစ်ချက်တည်းနဲ့ မြေပြင်ပေါ် ရိုက်နှက်ခံရမှာ စိုးရတယ်။”
ဟုန်ယွိသည် ဟုန်ရွှေ့ကျောင်းနှင့် တိုက်ခိုက်စဉ်တုန်းက အခြေအနေကို ပြန်မြင်ယောင်မိ ပါနေသည်။ သူ၏ကိုယ်ခံပညာသည် အပေါ်ယံ ဖြစ်နေဆဲဖြစ်ပြီး ဟုန်ရွှေ့ကျောင်းနှင့် မယှဉ်နိုင်သည်ကိုလည်း သူ သိပါသည်။
"မှန်တယ်၊ ငါ ဒီရက်တွေမှာ ကိုယ်ခံပညာကို စိတ်နှလုံးအကြွင်းမဲ့ လေ့ကျင့်ခဲ့ပြီး တိုးတက်မှု တွေ ရှိလာခဲ့တယ်။ ငါကြွက်သားတွေ ကျယ်ပြန့်လာတဲ့အခါ သံမဏိကြိုးတွေလို တွန့်လိမ်ပြီး သံမဏိဘောလုံးတွေအဖြစ် ပြောင်းလဲသွားသလို ခံစားရတယ်။ ဒါက နွားသိုးနတ်ဆိုး ခွန်းအားလက်သီး ပညာရပ်ရဲ့နယ်ပယ် ဖြတ်ကျော်သွားတဲ့ လက္ခဏာတစ်ရပ်ပဲ။ ဒီပညာရပ်ကို အသုံးပြုရင်း လျှို့ဝှက်စွာနဲ့ သိုင်းစစ်သည်တော်နယ်ပယ်ထဲ ဝင်ရောက် သွားမှာ သေချာတယ်။ တကယ်လို့, ငါသာ ဒီအတိုင်း ဆက်ပြီးလေ့ကျင့်သွားရင်, ငါ့ကြွက်သားတွေနဲ့ အရေပြားတွေက သေချာပေါက် နွားသိုးတစ်ကောင်ရဲ့ အရေပြားလို ဖြစ်လာလိမ့်မယ်။”
ဟုန်ရွှေ့ကျောင်း၏ တိုက်ခိုက်ခြင်း ခံရစဉ်က အခြေအနေကို ဟုန်ယွိသည် ရုတ်တရက် သတိရသွားသည်။
ဟုန်ယွိသည် သူ ဟုန်ရွှေကျောင်း၏ ရိုက်နှက်ခံရစဉ်တုန်းက အခြေအနေကို ရုတ်တရက် ပြန်အမှတ်ရသွားသည်။
သူသည် သူ့အသိစိတ်ကို သူ့ကျောပေါ်သို့ ဖြန့်ကျက်လိုက်ပါသည်။ ချက်ချင်းပင် သူ့ကျောပေါ်ရှိ ကြွက်သားများနှင့် တစ်ရူးများ ဖောင်းကားလာပြီး၊ သူ့အရေပြားများသည် ကွဲအက်သွားသည့် ခံစားချက်ကို ပြန်လည်ရရှိလာသည်။
ဟုန်ယွိ၏ စိတ်ဓာတ်ကြံ့ခိုင်မှုဖြင့်ပင် ဤဝေဒနာမျိုးကို ခံနိုင်ရည်မရှိခဲ့ပါ။ သူ့အရေပြားတွေ ကျွတ်ထွက်သွားသလိုပင်။ ထိုကဲ့သို့ ဝေဒနာမျိုးကို မည်သူမှ မခံနိုင်ပါဘူး။
ထို့ကြောင့် သူသည် ပြင်းထန်စွာ ခုန်ချလိုက်ပြီး သူ့ခန္ဓာကိုယ်က နံရံကို ပြင်းထန်စွာ ရိုက်ချသွားသည်။
ပေါက်ကွဲတော့မည့် သူ့ကျောတစ်ပိုင်းသည် ထိုရိုက်ချက် ထိမှန်ပြီးသည်နှင့် ချက်ချင်း ရပ်တန့်သွားခဲ့သည်။ သက်တောင့်သက်သာရှိသည့် ခံစားမှုတစ်မျိုးက သူ့တစ်ကိုယ်လုံး တဖန် ပျံ့နှံ့သွားပြန်သည်။
"ကောင်းလိုက်တာ။ ဒါက လေ့ကျင့်ဖို့ နည်းလမ်းပဲ။”
ဟုန်ယွိသည် ရုတ်တရက် လေ့ကျင့်ရန် နည်းလမ်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် သူသည် သူ့အရေပြားကို အဆက်မပြတ် ဖောင်းကားစေပြီး၊ နံရံကို အဆက်မပြတ် ရိုက်ခတ်နေလေသည်။ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းကို နံရံဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်သည်။
တခါတရံ အင်အားအလွန်အကျွံ အသုံးပြုသည့်အခါ ကြွက်သားတွေနှင့် တစ်ရူးများသည် စုတ်ပြဲသွားကြသည်။ သူ့နှလုံးနှင့် အဆုတ်ထဲအထိ စိမ့်ဝင်သွားသည့် ယားယံသည့် ခံစားမှု မျိုးလည်း ရှိခဲ့သည်။ ဟုန်ယွိသည် သည်းခံနိုင်စွမ်းမရှိခဲ့ပေ။ ထို့ကြောင့် သူသည် နွားတစ်ကောင်ကို အတုယူပြီး၊ နံရံကို ပြင်းပြင်းထန်ထန် တိုက်ပစ်ရန်အတွက် သူ့ခန္ဓာကိုယ်ကိုသာ အသုံးပြုနိုင်ပါသည်။
သူ နံရံကို ပွတ်တိုက်မိတိုင်း၊ ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကို သံမဏိအပိုင်းအစတစ်ခုကဲ့သို့ သွန်းလုပ်နေသလို ခံစားရသည်။ တဖြည်းဖြည်းနှင့် အညစ်အကြေးတွေ ဖယ်ထုတ်ပြီး၊ သံမဏိကောင်းတွေဆီ ချီတက်နေပါသည်။
အခန်း (၅၆)။
ဘန်း...။
တူဖြင့် သံမဏိကို ထုနှက်နေသည့်အတိုင်း ထပ်ခါတလဲလဲ သူ့ခန္ဓာကိုယ်ကို ထုဆက်နေပါ သည် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် အလွန်မင်း အာရုံခံစားမူကောင်းသည်။ အတွင်းကို ကြည့်လိုက်တော့ သူ့အရေပြားအောက်က အရွတ်တွေက တဖြည်းဖြည်း ထူထဲလာနေသည်ကို သူ ခံစားရပါ သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ဖောင်းကားနေသော အရေပြား သည် နုပျိုသော နွားသားရေအဖြစ်မှ ရင့်ကျက်သော နွားသားရေအဖြစ်သို့ ပြောင်းလဲသွား သည့်အလား မာကြောပြီး သန့်စင်လာပါသည်။
“တကယ်လို့, ငါသာ ဒီအတိုင်း ဆက်ပြီးလေ့ကျင့်ရင် အောင်မြင်မှာ သေချာတယ်။ သိုင်းစစ်သည်တော် နယ်ပယ်ထဲ ဝင်ရောက်ဖို့က သိပ်မဝေးလောက်တော့ဘူး။ အချိန်တို လေးအတွင်းမှာ ငါ့ခန္ဓာကိုယ်က ကြေးနီလို သန်မာလာလိမ့်မယ်။ ဒါမှပဲ ငါက အားနည်းပြီး စွမ်းအားမဲ့တဲ့ အခြေအနေကနေ အမှန်တကယ် ရုန်းထွက်နိုင်ပြီး ကလောင်နဲ့ဓား နှစ်မျိုးစလုံး ကျွမ်းကျင်တဲ့ လူတစ်ဦး ဖြစ်လာနိုင်မယ်။”
လူတစ်ယောက်၏ သိုင်းပညာသည် သိုင်းစစ်သည်တော်နယ်ပယ်သို့ ရောက်ရှိသောအခါ, ၎င်းသည် အင်ပါယာ စာမေးပွဲတွေကို အောင်မြင်ပြီးသော ပညာရှင်တစ်ဦးနှင့် ညီမျှသည်။ သို့မှသာ လူတစ်ယောက်သည် ကလောင်နှင့်ဓား နှစ်မျိုးစလုံးတွင် အမှန်တကယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာပါမည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဟုန်ယွိသည် ဟုန်ရွှေ့ကျောင်းနှင့် အတူ ကိုယ်ခံပညာကို လေ့ကျင့်ခဲ့သည်။ ကိုယ်ခံပညာကို လေ့ကျင့်ခြင်းမပြုရန် တားမြစ် ကန့်သတ်ချက် မရှိတော့သည့်အတွက် သူသည် ပို၍ပင် သက်သောင့်သက်သာ ရှိလာခဲ့ သည်။ သူသည် သူ့ကိုယ်ခံပညာကို အပြည့်အဝ အာရုံစိုက်နိုင်ခဲ့ပြီး တိုးတက်မှုက အလွန်လျင်မြန်သည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ရှိ ကြွက်သားများသည်လည်း သန်မာလာခဲ့သည်။ ထို့ကြောင့် သူသည် ဒီနေ့ သူ့ချီကို ရွှေ့လျားလိုက်ချိန်မှာ သူ့အရေပြား က ကွဲထွက်လာခဲ့သည်။
သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှုကို ခံစားရပြီး နောက်ဆုံးတွင် ဟုန်ယွိက ရပ်တန့်ကာ ထိုင်ချလိုက်သည်။ သူသည် နောက်ထပ် ရေချိုးပြီး ဆေးဖက်ဝင်ဝိုင်အချို့ကို လိမ်းလိုက် သည်။ သူ့တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးမူကို ခံစားရပြီး ကျယ်လောင်စွာ သီချင်း အော်ဆို ချင်စိတ်ပင် ပေါက်လာခဲ့ပါသည်။
"ပြန်စဉ်းစားကြည့်တော့, ငါ မနှစ်က ချိုင့်ဝှမ်းထဲမှာ နွားသိုးနတ်ဆိုးခွန်အားလက်သီး ပညာရပ်ကို စတင်လေ့ကျင့်ခဲ့ပြီး၊ ငါးလနီးပါးရှိကြာသွားခဲ့ပြီ။ ငါရဲ့ လေ့ကျင့်မှုနဲ့ ကိုယ်ခံပညာရပ်ဟာ သိုင်းစစ်သည်တော်နယ်ပယ်ကို ရောက်လုနီးပါးရှိလာပေမယ့်, ငါ့မှာ တကယ့် တိုက်ပွဲအတွေ့အကြုံတော့ မရှိသေးဘူး။ သိုင်းကျမ်းစာထဲအတိုင်း ငါ လူဆယ်ယောက်ကို အနိုင်ယူနိုင်ပါ့မလားလို့ သိချင်မိသား။”
သိုင်းကျမ်းထဲမှ မှတ်တမ်းများအရ, ထိပ်တန်းသိုင်းစစ်သည်တော်များသည် လက်နက်မဲ့ ဖြင့် သန်မာသော စစ်သည်တော်ဆယ်ဦး ဝိုင်းရံထားရင်တောင် ၎င်းတို့ကို အနိုင်ယူနိုင်သေးသည်။
တစ်နည်းဆိုရသော်, သူသည် လူဆယ်ယောက်ကို အနိုင်ယူနိုင်သည်။
"ငါးလကြာ လေ့ကျင့်ပြီးနောက် ငါ သိုင်းစစ်သည်တော်နယ်ပယ်ကို ချဉ်းကပ်နိုင်ခဲ့ပြီ။ ဒါက နွားသိုးနတ်ဆိုးခွန်အားလက်သီးနဲ့ ဇိယွဲ့ရဲ့အင်မော်တယ် ဝတ်ရည် ဝိုင်တို့ကြောင့်ပဲ။ ဒါပေမယ့်, ပိုအရေးကြီးတာက အမိတ္တဘသုတ္တန်လိုမျိုး ပြိုင်ဘက်ကင်းကျမ်းတစ်ကျမ်းကို ငါလေ့ကျင့်ခွင့်ရခဲ့တယ်။ ငါ့စိတ်ဝိညာဉ်က သန်မာခဲ့ပြီး၊ ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်းက သန်မာလာခဲ့တယ်။ ဒါကြောင့် လေ့ကျင့်မူအမြန်နှုန်းက အခြားလူတွေထက် ဆယ်ဆ ပိုမြန်လာခဲ့တယ်။”
ဟုန်ယွိသည် ထိုင်ပြီးနောက် လွန်ခဲ့သည့်ငါးလအတွင်း သူ၏အောင်မြင်မှုများကို လျှို့ဝှက် တွက်ချက်နေခဲ့သည်။
လွန်ခဲ့သည့် ငါးလအတွင်း သူ၏အောင်မြင်မှုများသည် ကမ္ဘာမြေပြိုကျစေသည်ဟု ဆိုနိုင်သည်။ ယင်းက သူဟုန်ယွိ၏ ဘဝကို လုံးဝ ပြောင်းလဲစေခဲ့ပါ သည်။
သိုင်းကျမ်းထဲက မှတ်တမ်းတွေအရ, သန်မာသော ရုပ်ခန္ဓာကိုယ်နှင့် ထက်မြက်သည့် စိတ်ရှိသူတစ်ဦးသည်ပင် သိုင်းကျောင်းသားနယ်ပယ်ကိုရောက်ရှိရန် အနည်းဆုံး တစ်နှစ်ခွဲလောက် အချိန်ယူရပါလိမ့်မည်။ သိုင်းတပည့်နယ်ပယ်သို့ ရောက်ရှိရန်အတွက်မူ တစ်နှစ်ထက်မနည်း အချိန်ယူရမည် ဖြစ်ပါသည်။ သိုင်းစစ်သည်တော် နယ်ပယ်သို့ ရောက်ရှိရန်အတွက် သုံးနှစ်တင်းတင်း ကြိုးစားအားထုတ်ရလိမ့်မည်။
ဟုန်ယွိသည် သိုင်းစစ်သည်တော်နယ်ပယ်သို့ မရောက်သေးသော်လည်း သူသည် သိုင်းတပည့်အဆင့်၏ အထွက်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ တစ်နည်းဆိုရသော် သူ၏ ငါးလကြာအားထုတ်မှုသည် သာမန်လူတစ်ယောက်အတွက် တစ်နှစ်ခွဲ ကြိုးစားမှုနှင့် ညီမျှပါသည်။
ဤတိုးတက်မှုမျိုးသည် အမှန်ပင် အံ့ဖွယ်အမြန်နှုန်းဟု ဆိုနိုင်ပါသည်။
သို့သော် သူ လျင်မြန်စွာ တိုးတက်လာရခြင်း၏ အကြောင်းရင်းမှာ အတိတ်၏ အမြင့်မြတ်ဆုံး လျှို့ဝှက်ပညာရပ်ဖြစ်သော အမိတ္တဘသုတ္တန်ကို ကျင့်ကြံခွင့်ရပြီး၊ သူ၏ မြင့်မြတ်သော စိတ်ဝိညာဉ်ကို သန်မာစေခဲ့သောကြောင့် ဖြစ်သည်ကို ဟုန်ယွိ သိပါသည်။
မြတ်မြင့်သော စိတ်ဝိညာဉ် အားကောင်းလေ၊ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်မှုက တိကျလေ ဖြစ်ပြီး၊ ကိုယ်ခံပညာကို လေ့ကျင့်သောအခါ၊ အားထုတ်မှု ထက်ဝက်ဖြင့် သဘာဝအတိုင်း ရလဒ်နှစ်ဆ ဖြစ်လာပါလိမ့်မည်။
သို့သော်, အစွမ်းထက်သည့် ရှင်တန်သိုင်းသခင်, မဟာဆရာသခင်နှင့် သိုင်းသူတော်စင်တို့ အားလုံးတွင် အလွန်အစွမ်းထက်သော မြင့်မြတ်သော စိတ်ဝိညာဉ်များကို ပိုင်ဆိုင်ထား ကြောင်းကိုလည်း ဟုန်ယွိ သိပါသည်။ သူတို့သည် သူတို့၏ အခွံများထဲမှ ထွက်လာပြီး၊ တာအိုနည်းလမ်းမျိုးစုံကို အသုံးပြု၍ မရသည့်တိုင်၊ ၎င်းတို့အားလုံးနီးပါးသည် ယင်ဝိညာဉ်နှင့် နှိုင်းယှဉ်နိုင်ပါသည်။ သိုင်းသူတော်စင်တစ်ပါး၏ နတ်ဘုရား စိတ်ဝိညာဉ်သည်ပင် တစ္ဆေအင်မော်တယ်၏ စိတ်ဝိညာဉ်နှင့် နှိုင်းယှဉ်နိုင်ပါသည်။
လူတစ်ယောက်၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ထိုလူ၏အခွံမှ ထွက်လာသောအခါ တွင် အန္တရာယ်များလွန်းပြီး ပင်ပန်းနွမ်းနယ်ပြီး စွန့်စားရပါသည်။ သိုင်းသူတော်စင်တစ်ဦး သည် သူ့အခွံထဲမှ ထွက်ခွာနိုင်သည့် စေတီစိတ်ကူးပုံဖော်နည်းကို သိလျှင်ပင်, သူသည် ကျင့်ကြံနိုင်မည် မဟုတ်ပေ။ သူသည် သူ၏မြင့်မြတ်သော စိတ်ဝိညာဉ်ကို သူ၏ခန္ဓာကိုယ် အတွင်းသို့ ပေါင်းစပ်ရုံသာတတ်နိုင်ပြီး၊ စိတ်ဝိညာဉ်နှင့်ခန္ဓာကိုယ် တစ်သားတည်း နယ်ပယ်သို့ ရောက်ရှိပြီး၊ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကိုတစ်ခုတည်းအဖြစ် အစဉ်မပြတ် ထိန်းသိမ်းထားကာ ယင်နှင့်ယန်အဖြစ် အတူတကွ ရောယှက်သွားမည် ဖြစ်ပါသည်။
ဤအချက်ကြောင့်ပင် သူသည် နတ်ဆိုးများ၏ ကျူးကျော်ခြင်း မခံတော့ဘဲ မယုံနိုင် လောက်အောင် အစွမ်းထက်လှသည်။
ဟုန်ယွိသည် ချိုင့်ဝှမ်းထဲတွင် ဟာကူဇိယွဲ့နှင့် ရံဖန်ရံခါ ပြောဖူးသည်ကို အမှတ်ရမိသည်။
ထိုအချိန်တုန်းက၊ ဟုန်ယွိသည် ယန်စိတ်ဝိညာဉ်နှင့် လူသားအင်မော်တယ်တို့အကြား ကွာခြားချက်ကို မေးမြန်းခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော်, ၎င်းနယ်ပယ်တို့ကို ကျော်လွှားနိုင်ရန် အသက်နှင့်စိတ်ဝိညာဉ်နှစ်မျိုးစလုံးကို ကျင့်ကြံရန် လိုအပ်သောကြောင့် ဖြစ်သည်။
ဟာကူဇိယွဲ့က ပြောဖူးပြခဲ့ပါသည် "သိုင်းသခင် နယ်ပယ်ရောက်အောင် ကိုယ်ခံပညာကို လေ့ကျင့်ပြီးနောက်, ၎င်းသည် အချို့အကွေ့ အခိုက်တန့် တစ်ခုမျှသာ ဖြစ်ပါသေးသည်။ ကိုယ်ခံပညာ လေ့ကျင့်သူတစ်ယောက်သည် ရှင်တန်သိုင်းသခင်နယ်ပယ်အထိ လေ့ကျင့်ပြီးချိန်မှာ, အကယ်၍, သူသည် လူသားအင်မော်တယ်နယ်ပယ် လမ်းစဉ်ကို လျှောက်လှမ်း ချင်သည်ဆိုလျှင်, သူ့စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်ကို အမြဲတမ်း ပေါင်းစည်းရပါမည်။ အချိန် ကြာလာသည်နှင့်အမျှ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် လုံးဝ ပေါင်းစည်းသွားလိမ့်မည်။ သူ့မြင့်မြတ်သော စိတ်ဝိညာဉ်သည် အစွမ်းထက်သော်လည်း သူ့အခွံထဲကနေ ထွက်ခွာနိုင်မည် မဟုတ်တော့ပေ။ သို့သော် ထိုကဲ့သို့လူမျိုးသည် အလွန်ကြောက်စရာကောင်းသည်။ သူ့လှုပ်ရှားမှုတိုင်းက အစွမ်းထက်ပြီး သူ့တုံ့ပြန်မှုတွေက မြန်ဆန်ပါသည်။ လျှပ်တပြက် လှုံ့ဆော်မူနှင့်အတူ သူသည် ပေဒါဇင်ပေါင်းများစွာအတွင်း လူများကို လက်ဝါး လှန်လိုက်သကဲ့သို့ အလွယ်ကတူ သတ်ဖြတ်နိုင်ပါသည်။ ယန်စိတ်ဝိညာဉ်ကို ကျင့်ကြံသူများအတွက်မူ၊ သူတို့၏ စိတ်ဝိညာဉ်များသည် ၎င်းတို့၏ အခွံများမှ မကြာခဏ ထွက်ခွာနိုင်ပြီး၊ ကောင်းကင်နှင့် မြေကြီးကြားတွင် သွားလာနိုင်ရှိကြသည်။ ၎င်းတို့ကို ယင်နှင့်ယန်ဟူ၍ အမြဲခွဲခြားထားပြီး ပေါင်းစပ်၍ မရနိုင်ပေ။ ထို့ကြောင့်၊ သူတို့သည် သိုင်းသူတော်စင် နယ်ပယ်အထိ လေ့ကျင့်ထားသည်ဆိုလျှင်ပင်, အမှန်တကယ် ထိပ်တိုင်ရင်ဆိုင် တိုက်ခိုက်ရာ၌ လူသားအင်မော်တယ်အဖြစ် ကျင့်ကြံထားသော သိုင်းသူတော်စင်တစ်ပါးထက် သေချာပေါက် နိမ့်ကျနေပါဦးမည်။ သို့ရာတွင်၊ တာအို ပညာရပ်များက အဆုံးမရှိပေ။ ထို့ကြောင့် သူတို့နှစ်ယောက် အမှန်တကယ် တိုက်ခိုက်ကြသည့်အချိန်ရောက်မှသာ ခွဲခြားသိမြင်နိုင်ပါလိမ့်မည်။
"အနာဂတ်မှာ, ငါ ယန်စိတ်ဝိညာဉ် ဒါမှမဟုတ် လူသားအင်မော်တယ်ဖြစ်ဖို့ ကျင့်ကြံသင့်လား။ ငါ ဘယ်လမ်းကို လျှောက်လှမ်းသင့်လဲ။" ဟုန်ယွိသည် ထိုအကြောင်းကို တွေးလိုက် သည့်အခါ သူ့စိတ်တွေက တုန်လှုပ်သွားပါတော့သည်။
သို့သော်, ထို့နောက် သူသည် ပြုံးလိုက်မိပါသည်။ သူ၏ကျင့်ကြံမှုမှာ နက်ရှိုင်းခြင်း မရှိသေးပေ။ သူ၏စိတ်ဝိညာဉ်သည် အရာဝတ္ထုများကို မထိန်းချုပ်နိုင် သေးသလို, သူ၏စိတ်ဝိညာဉ်သည် သိုင်းစစ်သည်တော်တစ်ဦးပင် ဖြစ်လာခြင်း မရှိသေးပေ။ သူ့အနာဂတ်လမ်းကြောင်းကို တွေးတောနေခြင်းက စောလွန်းနေပါသေးသည်။
အနည်းဆုံးတော့ သူရွေးချယ်ခွင့် မရခင်မှာ သိုင်းသခင်တစ်ယောက် ဖြစ်လာပြီးနောက် ရှင်တန်သိုင်းသခင်နယ်ပယ်ထဲကို ဝင်ရောက်ရပါဦးမည်။
ဟုန်ယွိသည် သူ၏ လက်ရှိကျင့်ကြံမူ အရှိန်ဟုန်ဖြင့်ပင် ရှင်တန်သိုင်းသခင်နယ်ပယ်ထဲသို့ ဝင်ရောက်ရန် အနည်းဆုံး သုံးနှစ်မှငါးနှစ်အထိ လိုအပ်မည်ဟု ခန့်မှန်းထားပါသည်။ လူတစ်ယောက်သည် သိုင်းတာအို လက်သီးပညာရပ်မှာ ပိုပြီးတိုးတက်လာလေ၊ တိုးတက် မှုက ပို၍နှေးကွေးလာလေ ဖြစ်ပါသည်။ နားလည်နိုင်စွမ်း ကြီးကြီးမားမား ရှိရန်လည်း လိုအပ်ပါသည်။
“ကိုယ်ခံပညာက တစ်ရက်တည်းနဲ့ မကျွမ်းကျင်နိုင်ဘူး။ ဖြည်းဖြည်းချင်း မြှင့်တင်ဖို့ လိုအပ် တယ်။ အရမ်းလောသွားရင် ခန္ဓာကိုယ်ကို ဒုက္ခပေးလိမ့်မယ်။ မြင့်မြတ်သော စိတ်ဝိညာဉ်ကို ကျင့်ကြံတာက ပိုကောင်းပါတယ်။"
ဟုန်ယွိသည် ထိုအကြောင်းကိုတွေးပြီး ဖိနပ်ကိုချွတ်ကာ ကုတင်ပေါ်မှာ ထိုင်လိုက်ပါသည်။ သူသည် သူ၏အသက်ရှူခြင်းကို ထိန်းညှိပေးပြီး စိတ်ကူးပုံဖော်မှုထဲသို့ ဝင်ရောက်ခဲ့သည်။ အလွန် ကျွမ်းကျင်စွာ၊ သူ၏မြင့်မြတ်သော စိတ်ဝိညာဉ်သည် သူ၏အခွံမှ ထွက်လာသည်။
အချိန်က မိုးရွာနေဆဲဖြစ်ပြီး နေရောင်မရှိသေးပါဘူး။ ရေကူးပြီး လေ့ကျင့်ရန်နှင့် မြင့်မြတ် သော စိတ်ဝိညာဉ်ကို ခိုင်ခံ့သန်မာစေရန် အကောင်းဆုံးအချိန် ဖြစ်ပါသည်။
ဟုန်ယွိ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် သူ့အခွံက ထွက်လာခဲ့ပြီး၊ မိုးရေထဲမှာ မည်သို့ လွင့်ပျံရမလဲဆိုသည်ကို သိရှိနိုင်ရန် အိမ်အပြင်ကို ပျံထွက်လာခဲ့သည်။
ရုတ်တရက် ကောင်းကင်မှာ မိုးခြိမ်းသံ ထွက်ပေါ်လာပါသည်။
"မကောင်းတော့ဘူး"
နွေဦးမိုးခြိမ်းသံ ထွက်ပေါ်လာသည်နှင့်အမျှ ဟုန်ယွိ၏ နှလုံးသားထဲတွင် အနှိုင်းမဲ့ ကြောက်ရွှံ့မူ ခံစားချက်တစ်ခုနှင့် အကန့်အသတ်မဲ့ ဖိအားတစ်ခု တိုးမြင့်လာခဲ့ပါသည်။
သူ ဟုန်ရွှေ့ကျောင်းကို ရင်ဆိုင်တုန်းကထက် အဆတစ်ရာ ပိုပြင်းထန်ပါသည်။
ထိုကဲ့သို့အကြောက်တရားသည် ယာကရှာနတ်ဆိုးဘုရင်, ရှက်ချာဆာနတ်ဆိုးဘုရင်, အသုရာဂိုဂျိုစွန်, ငရဲဘုံ, အရိုးဖြူများ စသည်တို့ကို ပုံရိပ်ဖော်စဉ်ကထက် အဆတစ်ရာ ပိုပြင်းထန်ပါသည်။
နွေဦးမိုးခြိမ်းသံကြောင့် အိမ်ပြင်မှ လွင့်ပျံလာသော ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် ထိတ်လန့်သွားခဲ့သည်။ သူသည် ကောင်းကင်ယံမှ မမြင်နိုင်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပါသည်။
ဤနက်နဲဆန်းကြယ်သော စွမ်းအားမျိုးသည် မည်သူမဆို စိတ်ကူးနိုင်သည့် ကန့်သတ်ချက် များကို ကျော်လွန်နေပြီ ဖြစ်သည်။
ယင်းက သံသယရှိစရာမလိုပါချေ။
ဤမိုးခြိမ်းသံနှင့်အတူ၊ တံခါးဆီမှ လွင့်မျောစဖြစ်သည့် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် သံပန်းကန်နှင့် ရိုက်ခွဲခံရသည့် ကြက်ဥတစ်လုံးကဲ့သို့ ချက်ခြင်း အမှုန့် အဖြစ်သို့ ကြေမွသွားခဲ့လေသည်။
အမှန်တကယ်ဆို ၎င်းသည် နွေဦးမိုးခြိမ်းသံမျှသာ ဖြစ်ပါသည်။ လျှပ်စီးလက်ခြင်း မရှိသော်လည်း ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် လုံးလုံးလျားလျား ပြိုကွဲသွားခဲ့ပါသည်။
"အိုး မဟုတ်ဘူး။ မိုးခြိမ်းသံကြားတာနဲ့ တစ္ဆေတွေအားလုံး ငြိမ်သက်သွားရလိမ့်မယ်။ တစ္ဆေအင်မော်တယ်တွေတောင် မိုးကြိုးမုန်တိုင်းထဲမှာ မလွင့်ပျံဝံ့ဘူး။ ငါ အဲဒါကို မေသွားခဲ့ တယ်။ အခု ကယ်တင်နိုင်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။"
ဤအကြီးကျယ်ဆုံး တားမြစ်ချက်ကို သူတွေးနေချိန်မှာ ဟုန်ယွိ၏စိတ်ထဲတွင် လုံးဝ ဗလာ ဖြစ်သွားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်တည်းမှာပင် သူ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် လုံးလုံးလျားလျား ပြိုကွဲသွားသောကြောင့် ဖြစ်ပါသည်။