အခန်း (၅၇-၅၉)
Vol. 5 Ch. 57-59
အခန်း (၅၇)။
“အင်မော်တယ် စိတ်ဝိညာဉ်အဆင့်အထိ လေ့ကျင့်ပြီးနောက်, လူတစ်ယောက်သည် တိမ်များပေါ်သို့ ပျံတက်ပြီး ကောင်းကင်မိုးကြိုးဖြင့် နှစ်ခြင်းခံမူကို ရင်ဆိုင်ရနိုင်သည်ဟု ဆိုထား၏။ အကယ်၍, တစ်စုံတစ်ယောက်သည် ၎င်းနှစ်ခြင်းခံမူကို ခံနိုင်ရည်ရှိပါက၊ သူသည် သူ၏စိတ်ဝိညာဉ်ကို ယင်မှ သန့်စင်ထားသောယန်သို့ ပြောင်းလဲကာ ယန်စိတ်ဝိညာဉ်တစ်ခု ဖြစ်လာစေရန် မိုးကြိုး၏ စွမ်းအားကို ငှားရမ်းနိုင်ပါသည်။ သူသည် အကန့်အသတ်မရှိ ပြောင်းလဲသွားနိုင်ပြီး၊ လူသားအင်မော်တယ်တစ်ဦးထက် ပိုအစွမ်းထက်သည့် ကြီးမားသော မှော်စွမ်းအင်ကို ပိုင်ဆိုင်နိုင်ပါသည်။ သို့သော် ထိုမိုးကြိုးစွမ်းအားသည် မိုးကောင်းကင်နှင့်မြေကြီး၏ စွမ်းအားဖြစ်ပြီး၊ ၎င်း၏စွမ်းအားသည် အလွန်ကြီးမားပါသည်။ အကယ်၍, လူတစ်ယောက်သည် သတိမထားမိပါက, ထိုလူ၏စိတ်ဝိညာဉ်သည် အဝေးသို့ ပျံသန်းပြီး အစိပ်စိပ်မွှာမွှာ လွင့်ပျယ်သွားပါလိမ့်မည်။ မင်းဆက်တစ်လျှောက်မှာ အံ့ဩစရာ ကောင်းသည့် ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင် ရှိခဲ့ဖူးသော်လည်း ယန်စိတ်ဝိညာဉ်အဆင့်အထိ လေ့ကျင့်ပြီး အင်မော်တယ်များ ဖြစ်လာသူများ သည် ဒဏ္ဍာရီ ထဲမှာသာ ရှိခဲ့ဖူးပြီး ဘယ်သောအခါမှ ထွက်ပေါ်မလာခဲ့ဟု ဇိယွဲ့ပြောခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
ကောင်းကင်မှာ နွေဦးမိုးခြိမ်းသံတွေက တဖြည်းဖြည်း လျော့ပါးလာပြီး၊ နွေဦးမိုးကလည်း ပိုသည်းလာခဲ့သည်။
အမည်မသိ အချိန်ကာလတစ်ခု ကြာပြီးနောက်၊ ရုတ်တရက် တံခါးဝတွင် သာမန်မျက်စိဖြင့် မမြင်နိုင်သော အတွေးမျှင်တစ်စုသည် တဖြည်းဖြည်း စုရုံးလာပြီး နောက်ဆုံးတွင် ဟုန်ယွိ ဖြစ်သည့် လူသားရုပ်အသွင်တစ်ခုအဖြစ်သို့ တဖြည်းဖြည်း စုစည်းလာခဲ့ပါသည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ချက်ခြင်း သိပ်သည်းသွားပြီး၊ လှည့်လည်ရန် မဝံ့ရဲတော့ပေ။ သူသည် ခက်ခက်ခဲခဲဖြင့် ကုတင်ပေါ်မှ သူ့ခန္ဓာကိုယ်ဆီသို့ ပျံ့လွင့်သွားသော်လည်း၊ အချိန်မရွေး လွင့်ပျယ်တော့မည့် လေပြင်းနှင့်မိုးရေထဲမှ ဆီမီးခွက်ကဲ့သို့ မတည်မငြိမ် ဖြစ်နေပြီး ဖြည်းညှင်းစွာ ပျံ့လွင့်သွားခဲ့ပါသည်။
နောက်ဆုံးတွင် အိပ်ရာပေါ်သို့ ပျံ့လွင့်သွားကာ သူ၏စိတ်ဝိညာဉ်သည် ရေနစ်နေသူတစ်ဦး အသက်ကယ် ကောက်ရိုးတစ်မျှင်ကို ဖမ်းဆုပ်မိသကဲ့သို့, သူသည် ရုတ်တရက် ခန္ဓာကိုယ် အတွင်းထဲသို့ ဖောက်ဝင်သွားခဲ့ပါသည်။
စိတ်ဝိညာဉ်သည် ခန္ဓာကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်ပြီးနောက်၊ ဟုန်ယွိ၏ တစ်ကိုယ် လုံး တုန်လှုပ်သွားခဲ့သည်။ အချိန်အတော်ကြာပြီးနောက် သူ့မျက်လုံးတွေက ပွင့်လာပါ သည်။ သူမျက်နှာက ဖြူဖျော့ပြီး သွေးတွေ လုံးဝ သွေးရောင်မဲ့နေကာ၊ ပြင်းထန်သည့် ရောဂါကနေ ပြန်ကောင်းလာစ လူမမာတစ်ယောက်လိုပင်။
ဟုန်ယွိသည် အလွန်အားနည်းနေသည်ဟုသာ ခံစားမိပါသည်။
ကုတင်ပေါ်မှာ ထိုင်ရင်း သူသည် မည်သည့်ခွန်အားကိုမှ မထုတ်ဖော်နိုင်ခဲ့ပေ။
ဤသည်မှာ မိုးခြိမ်းသံခံရခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်မျှသာ ဖြစ်ပါသည်။ ဤတစ်ကြိမ်တွင် သူ၏စိတ်ဝိညာဉ် ပျက်စီးမှုသည် နောက်ဆုံးအကြိမ် ဟုန်ရွှန်ကျိ၏ သွေးချီကြောင့် ပျက်စီးခဲ့စဉ်ကထက် ပို၍ ပြင်းထန်ပါသည်။
အခုနက၊ နွေဦးမိုးခြိမ်းသံ ထွက်ပေါ်လာပြီး သူ့စိတ်ဝိညာဉ် ပြန့်ကျဲသွားစဉ်မှာ ဟုန်ယွိ၏ စိတ်က ချက်ချင်း လျင်မြန်လာပြီး၊ သူ့အတွေးတွေက စစ်မှန်သော သဘောသဘာဝ၏ ထောင်ပေါင်းများစွာသော အပြောင်းအလဲတွေထဲ ချက်ချင်း ဝင်ရောက်လာပြီး၊ အမှန်တရား နယ်ပယ်ကို ထိန်းသိမ်းထားနိုင်လိုက်ပါသည်။
ထိုအတွေးတစ်ချက်ဖြင့်, သူသည် နောက်ဆုံးတွင် သူ့စိတ်ဝိညာဉ် အတွေးမျိုးစေ့တစ်ခုကို ချန်ထားနိုင်ခဲ့ပါသည်။ မိုးခြိမ်းသံခံရပြီးနောက်တွင် သူသည် ပြန်လည်ကုစားခဲ့သော်လည်း ဒဏ်ရာ ပြင်းထန်စွာ ရရှိနေဆဲ ဖြစ်သည်။
ဟုန်ယွိ၏ မြင့်မြတ်သော စိတ်ဝိညာဉ်သည် ပြန့်ကျဲသွားပြီးနောက်၊ သူ့နှလုံးသားထဲမှ အကြောက်တရားက အကန့်အသတ်မဲ့ လူဝင်စားခြင်း သံသရာထဲသို့ ကျဆင်းသွားသလို ခံစားလိုက်ရပါသည်။ ထို့နောက်တွင် သူသည် ထောင်ပေါင်းများစွာသော လူဝင်စားခြင်း များကို ကြုံတွေ့ခဲ့ရသည်။ မည်သည့်စိတ်ဝိညာဉ်၏ မှတ်ဉာဏ်များကိုမဆို ဖျောက်ဖျက်ပစ် နိုင်သည့် ထိတ်လန့်မှုနှင့် အကူအညီမဲ့မှုတို့သည် ကြောက်မက်ဖွယ်ကောင်းပြီး အားကိုးရာ မဲ့နေခဲ့သည်။ ယခု သူသည် ပြန်လည်ကောင်းမွန်လာသော်လည်း တုန်လှုပ်ချောက်ချားနေ သည့် အခြေအနေတွင် ရှိနေသေးသည်။ သူ ထပ်ပြီး မကြိုးစားချင်တော့ပါဘူး။
"တကယ်လို့, ငါသာ ငါ့စိတ်ထဲမှာ တုန်လှုပ်ခြင်းကင်းမဲ့တဲ့ အမှန်တရားနဲ့ အေးချမ်းတဲ့ သဘောသဘာဝကို မထိန်းထားနိုင်ခဲ့ဘူးဆိုရင်, အခုအချိန်မှာ ငါ့စိတ်ဝိညာဉ် ပျက်စီးသွား မှာတောင် ငါစိုးရတယ်။”
သူ့ကိုယ်သူ ရေရွတ်ရင်း ဟုန်ယွိ၏ မျက်နှာသည် အသွေးအရောင် ပြန်လည် တောက်ပလာ ပါသည်။
ယခုလေးတင် နွေဦးမိုးခြိမ်းသံကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် သူခံစားခဲ့ရသော ကြောက်ရွံ့မှုနှင့် အကူအညီမဲ့မှုကို ပြန်လည်အမှတ်ရရင်း၊ သူသည် တစ္ဆေအင်မော်တယ် ဖြစ်လာပြီးနောက် မိုးကြိုးကပ်ဘေးဒဏ်ကို ကျော်ဖြတ်ကာ ယန်စိတ်ဝိညာဉ် ကျင့်ကြံမှု လမ်းကြောင်းတွင် အနည်းငယ်မျှပင် ယုံကြည်မှုမရှိတော့ပေ။ သူ့မှာ အမိတ္တဘသုတ္တန်လို အထွတ်အထိပ် ကျင့်ကြံခြင်းနည်းလမ်းမျိုး ရှိလျှင်ပင်, သူသည် လုံးဝ ယုံကြည်မူ မရှိတော့ ပေ။
ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားသည် အားနည်းသူများ ဆန့်ကျင်နိုင်သည့် အရာ မဟုတ်ပါဘူး။ ထိုအနည်းငယ်မျှသော စွမ်းအားဖြင့်ပင်, အစွမ်းထက်သော မည်သည့် တစ္ဆေအင်မော်တယ်ကိုမဆို အပိုင်းပိုင်း ပြတ်တောက်သွားလိမ့်မည်။
ရုတ်တရက် ဟုန်ယွိသည် သူ့ကိုယ်ပိုင် ကျင့်ကြံမှုလမ်းကြောင်းအတွက် လုံးဝ အသုံးမဝင် သော အတွေးတစ်ခု ဝင်လာခဲ့သည်။ လူတစ်ဦးသည် မည်မျှပင် အစွမ်းထက်စေကာမူ ကောင်းကင်နှင့်မြေကြီး၏ မိုးကြိုးကပ်ဘေးဒုက္ခကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။
"ဟမ်.. ငါ့ရဲ့ယုံကြည်မှုတွေ ယိမ်းယိုင်သွားပြီလား..”
"သတ္တိနဲ့ ရိုးသားမှုဆိုတာ ဘာလဲ။ ဇိယွဲ့လား… ကြင်ယာတော်ယွမ်လား၊ အဖေတောင် လား..၊ တိုင်ရှန်တာအိုဂိုဏ်း.. အမှန်တရားတာအိုဂိုဏ်း, ဖန်ရှင်းတာအိုဂိုဏ်းတို့, အသက်မဲ့ တာအိုနဲ့ လေဟာနယ်တာအိုတို့လား။ သူတို့ကရော ကောင်းကင်နဲ့မြေကြီးရဲ့တန်ခိုးကို မသိကြဘူးလား။ သူတို့ရဲ့ အတွေ့အကြုံက ငါ့ထက် ဆယ်ဆ ပိုကြွယ်ဝတယ်။ ကမ္ဘာကြီးက မှန်းဆလို့ မရဘူးဆိုတာလည်း သူတို့ သိကြတယ်။ ကမ္ဘာကြီးက အန္တရာယ်များပြီး၊ လမ်းကြောင်းက ငြိမ်သက်ပြီး ကိုးပါးသောလေ တိုက်ခတ်နေသကဲ့သို့ အန္တရာယ်တွေ ရှိနေတယ်။ ဒါပေမယ့်, သူတို့ဟာ တုန့်ဆိုင်းခြင်းမရှိ ရှေ့ဆက် လျှောက်လှမ်းနေကြတုန်းပဲ။ ကျင့်ကြံမှုလမ်းကြောင်းမှာ, ယုံကြည်မှု နည်းနည်းလေးမှ ယိမ်းယိုင်ဖို့ နေရာမရှိဘူး။”
ဟုန်ယွိသည် သူ့ယုံကြည်မှုက ယိမ်းယိုင်သွားသလို ခံစားလိုက်ရပါသည်။ ရုတ်တရက်, သူသည် သူ့ကိုယ်သူ မေးခွန်းထုတ်လိုက်ပါသည်။
"တကယ်လို့, ငါသာ ကောင်းကောင်းစာဖတ်ပြီး၊ ဖြောင့်မတ်မှန်ကန်ခြင်း၏ စည်းမျဉ်း ဉပဒေသကို ကောင်းကောင်း နားလည်ထားရင် ငါ့စိတ်မှာ သတ္တိရှိလာမယ်လို့ ငါ တွေးခဲ့ဖူး တယ်။ ဒါတွေအားလုံးက လွဲမှားနေတာပဲ။ ငါ အပေါ်ယံမှာ သန်မာပေမယ့် လက်တွေ့မှာ တော့ အားနည်းနေတယ်။ ငါ နိဗ္ဗာနနယ်ပယ်ကို လိုက်မှီးရှာတဲ့လမ်းစဉ်အပေါ် တကယ် ခြေချပြီး၊ ကောင်းကင်နဲ့မြေကြီးရဲ့ တန်ခိုးကို ခံနိုင်ရည်ရှိတဲ့ အချိန်ရောက်မှသာ, ငါ မကြောက်မရွံ့ ရှေ့ကို ဆက်လျှောက်နိုင်မယ်။ ဒါကမှ စစ်မှန်တဲ့သတ္တိနဲ့ ရိုးသားမှုပဲ။”
ဟုန်ယွိက သူ့ကိုယ်သူ ပြန်မေးပြီး သူ့ကိုယ်သူ ပြန်စဉ်းစားမိသည်။
ဝေါဟာရ မေးခွန်းတိုင်း၊ စကားလုံး အသုံးအနှုန်းတိုင်းတွင် ဟုန်ယွိသည် ရိုးသားမှု အမျိုးစား တစ်ခုသည် သူ့နှလုံးသား၏ နက်ရှိုင်းသော နေရာများတွင် အမြစ်တွယ်သွားသလို ခံစားလိုက်ရသည်။
"အနန္တဘဝ, အနန္တအလင်း၊ နမော အမိတ္တဘ။”
ရုတ်တရက် ဟုန်ယွိသည် ကျမ်းစာ၏ နောက်ဆုံး စကားလုံး ၁၁ လုံးကို စိတ်နှလုံးအကြွင်းမဲ့ ရွတ်ဆိုလိုက်ပါသည်။ သူ့လက်သည် စက်ဝိုင်းပုံသဏ္ဍာန်နှင့် အမိတ္တဘစည်းတံဆိပ်အသွင် ရှိပြီး၊ စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုးကွယ်လိုက်ပါသည်။
သူသည် ဗုဒ္ဓကို မကိုးကွယ်ပါဘူး။ ယင်းအစား၊ သူသည် အဆုံးမဲ့စမ်းသပ်မှုများ၊ ဆင်းရဲ ဒုက္ခများနှင့် ထောင်ပေါင်းများစွာသော လူပြန်ဝင်စားခြင်းများကို ဖြတ်သန်းပြီးနောက်မှာ ပင် လူ၏ သဘောသဘာဝကို ထိန်းသိမ်းထားနိုင်ခဲ့သည့် ရိုးသားမှုအခြေအနေကို ကိုးကွယ်နေပါသည်။
ထိုသို့သော အခြေအနေသည် အဘယ်ကြောင့် စိတ်ရင်းမှန်ဖြင့် ကိုးကွယ်ရန် မထိုက်တန် သနည်း။
"ကောင်းကင်နဲ့မြေကြီးရဲ့ တန်ခိုးက ရပ်တန့်လို့ မရဘူး။”
တစ်ချိန်တည်းမှာပင် ဟုန်ယွိသည် သူ့လက်များကို ဆန့်တန်းကာ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကို မော့ကြည့်ရင်း ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ တန်ခိုးကို အရိုးသားဆုံး ကိုးကွယ်လိုက်ပါသည်။
ကောင်းကင်ဘုံ၏ အကန့်အသတ်မရှိသော တန်ခိုးအောက်တွင် ၎င်းကို မရိုမသေပြုနိုင် သော သက်ရှိသတ္တဝါဟူ၍ မရှိပါ။
ယင်းက သူ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏တန်ခိုးကို အမှန်တကယ် နားလည်ခဲ့သည့် ဤအခိုက်အတန့် ဖြစ်ပါသည်။
လူသားများသည် ကောင်းကင်နှင့်မြေကြီး၏တန်ခိုးကို ဖြတ်ကျော်ကာ နိဗ္ဗာန်ဘုံသို့ ရောက်ရှိရန် တာအိုနှင့် ကိုယ်ခံပညာများကို ကျင့်ကြံခဲ့ကြပါသည်။
လူတစ်ယောက်သည် ယခုလို အားနည်းသည့်ဘဝဖြင့် ကောင်းကင်နှင့်မြေကြီး၏ ကန့်သတ်ချက်တွေကို ဖြတ်ကျော်ပြီး၊ ဘဝ၏ကန့်သတ်ချက်တွေကို ဖြတ်ကျော်ရန် အတွက် ဇွဲလုံ့လနှင့် စိတ်ပိုင်းဖြတ်ထားမူ မည်မျှရှိသင့်သနည်း။
"ရှေ့ဆက်မယ့်ခရီးက ရှည်လျားပြီး ဆူးတွေနဲ့ ပြည့်နှက်နေတယ်။ ကောင်းကင်နဲ့ မြေကြီးရဲ့ တန်ခိုး.. တစ်ယောက်တည်း လမ်းလျှောက်မှတော့ အရာရာကို တစ်ယောက်တည်း ခံနိုင် ရည် ရှိရမယ်။"
ဤအခိုက်အတန့်တွင်၊ ဟုန်ယွိသည် အင်မော်တယ်တာအိုနှင့် သိုင်းတာအိုနှစ်မျိုးစလုံးမှာ ကျော်လွှားနိုင်ရန် မျှော်လင့်ချက်ဖြင့် စွဲစွဲမြဲမြဲ ဇွဲရှိရှိဖြင့် ရှေ့ဆက်လျှောက်လှမ်းနေကြသူ များ အားလုံးကို လိုက်လှိုက်လှဲလှဲ လေးစားမိပါသည်။ တစ်ချိန်တည်းမှာပင်, သူသည် သူတို့ အားလုံးကို အကြီးမြတ်ဆုံး ရိုးသားမူဖြင့် ကိုးကွယ်ဆည်းကပ်ခဲ့သည်။
အေးချမ်းမှု, ပျော်ရွှင်မှု၊ ရိုသေလေစားမှု, ရဲစွမ်းသတ္တိရှိမူတွေ ပါဝင်သည့် အတွေးတစ်ခုသည် ဟုန်ယွိ၏ နက်ရှိုင်းသည့် နှလုံးသားထဲမှာ မွေးဖွားလာခဲ့ပါသည်။
ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ပြန်လည်မွေးဖွားလာသလို ခံစားရပါသည်။ ဤသည်မှာ သူ၏ စိတ်ဝိညာဉ်ကို ကြံ့ခိုင်စေခြင်းကြောင့် မဟုတ်သလို သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာ ခြင်းကြောင့်လည်း မဟုတ်ပါဘူး။ ယင်းအစား။ ၎င်းသည် ကမ္ဘာလောက၏တန်ခိုးနှင့် တွေ့ကြုံခံစားရပြီးနောက် ပျက်ဆီးခဲ့ခြင်းမရှိသည့် သူ့စိတ်နှလုံး၏ ကောင်းချီးပေးခံရမူ, ကပ်ဘေးဆိုးကြီးမှ လွတ်မြောက်ပြီးနောက် အသက်၏ကောင်းချီးပေးခံရမူတို့ကြောင့် ဖြစ်ပါသည်။
အင်မော်တယ်ကျင့်ကြံသူတွေ သို့မဟုတ် ကိုယ်ခံပညာလေ့ကျင့်သူတွေဘဲ ဖြစ်ပါစေ၊ သူတို့ လျှောက်လှမ်းခဲ့ကြသည့် လမ်းကြောင်းတွေက စိတ်ပျက်အားငယ်စရာလမ်းကြောင်းတွေ ချည်း ဖြစ်ပါသည်။ လူတစ်ယောက်သည် ဆူးခြုံများနှင့် ဆူးပင်များမှတစ်ဆင့် ကျားတွေ၊ ကျားသစ်တွ၊ မြေခွေးတွေ ဝန်းရံထားသည့် တောထဲတွင် တစ်ယောက်တည်း ခက်ခဲစွာ ရှေ့ဆက် လျှောက်လှမ်းရမည့်လမ်းကြောင်းကို ဖောက်လုပ်ရပါမည်။
အကန့်အသတ်မဲ့ သမုဒ္ဒရာထဲမှာ, လေပြင်းတွေနှင့် လှိုင်းတွေက တောင်တွေကို ဖြိုဖျက်ပြီး၊ ပင်လယ်ပြင်ကို မှောက်လှန်နိုင်ပါသည်။ စိတ်ပျက်အားငယ်ခြင်းက နိဗ္ဗာနဘုံကို အချိန်မရွေး မြင်နိုင်စွမ်းမရှိနိုင်ပေ။
နိဗ္ဗာန်ဘုံကို မြင်နိုင်စွမ်း မရှိသေးချိန်မှာ စိတ်ပျက်အားငယ်မှုတွေ အောက်မှာ မကြောက် မရွံ့ ခိုင်မြဲစွာဖြင့် ရှေ့ကို ဆက်လျှောက်နိုင်ရပါဦးမည်။
ဤအရာက ရိုးသားမှု ဖြစ်ပါသည်။
အဆက်မပြတ် မေးမြန်းခြင်းနှင့် စူးစမ်းလေ့လာမူ ပြုပြီးနောက်၊ ဟုန်ယွိသည် နောက်ဆုံး တွင် "ရိုးသားမှု" နယ်ပယ်ကို ထိတွေ့သွားခဲ့ပါသည်။ ရိုးသားသော စိတ်နှလုံးနှင့်အတူ သူသည် နိဗ္ဗာနဘုံ၏ သဘောတရားအမှန်ကို ရှာဖွေ၏။ ၎င်းရိုးသားမူတွင် ဉာဏ်ပညာနှင့် သတ္တိမည်မျှ ပါဝင်မည်နည်း။ ဇွဲလုံ့လ မည်မျှ ပါဝင်မည်နည်း။ အန္တရာယ်တွေက ဘယ်လောက်များလဲ။ ရဲစွမ်းသတ္တိကရော...။
ဟုန်ယွိ သူ့ကိုယ်သူ မေးခွန်းထုတ်ပြီး ဆင်ခြင်သုံးသပ်ရင်း တရားထိုင်သည့် အခြေအနေကို ရောက်ရှိသွားပါသည်။
ပျက်စီးသွားသော သူ၏စိတ်ဝိညာဉ်သည် တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့ပါ သည်။ ဆင်ခြင်သုံးသပ်ပြီးနောက် စိတ်ထဲ၌ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ကြည်ညိုခြင်း၊ သတ္တိ၊ ပညာ၊ ဇွဲလုံ့လ၊ ၎င်းတို့သည် အပြင်ဘက်တွင် တဖွဲဖွဲကျနေသော နွေဦးမိုးကဲ့သို့ သူနှလုံးသားကို အားဖြည့်ပေးနေပါသည်။
ညအိပ်ရာဝင်ချိန်အထိ ဟုန်ယွိသည် ဤကဲ့သို့ တရားထိုင်နေခဲ့ပြီး မလှုပ်မယှက် ထိုင်နေလေသည်။
တစ်ညတာ ကုန်ဆုံးသွားပါပြီ။ မနက်မိုးလင်းတော့ ကောင်းကင်ကြီးက တောက်ပနေ၏။ တိမ်တိုက်များက ကောင်းကင်ကို ဖြတ်သွားကာ ဟုန်ယွိ၏ မျက်နှာပေါ်တွင် နေရောင်ခြည် အလင်း ဖြာထွက်နေပါသည်။ ထိုမှသာ သူနိုးလာခဲ့သည်။ မျက်လုံးကို ဖွင့်လိုက်သောအခါ ကောင်းကင်နှင့် မြေကြီးကြားတွင် စိတ်နှလုံးကို လှုံ့ဆော်ပေးနိုင်သည့် အရောင်တစ်ခု ရှိနေပါသည်။
သူ့စိတ်ဝိညာဉ်ကို တိတ်တဆိတ် အသုံးပြုပြီး, သူသည် သူ့ခန္ဓာကိုယ်ထဲကနေ ရုတ်တရက် ထွက်ခွာခဲ့သည်။ သူသည် နေရောင်ခြည်ကို ရင်ဆိုင်ရသော် ဟုန်ယွိသည် သူ့တစ်ကိုယ်လုံး တွင် ထိုးစိုက်ထားသလို နာကျင်ကိုက်ခဲမှုကို ခံစားနေရဆဲဖြစ်ပြီး အရာအားလုံးသည် မှုန်ဝါးဝါး ဖြစ်နေသည်။
သူ့ကျင့်ကြံမှုကလည်း မတိုးမြင့်ခဲ့ပါဘူး။
သို့သော် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်သို့ ပြန်ရောက်လာသောအခါတွင် သူ လုံးဝ စိုးရိမ်မူမရှိသလို ကျယ်ပြောလှသော နေရောင်ခြည် ကြောင့်လည်း စိုးရိမ်မှုကို မခံစားရပေ။ ယင်းအစား, ၎င်းကို ဘဝလမ်းကြောင်းပေါ်ရှိ သူ၏အနာဂတ် ကျင့်ကြံမှု အဖြစ် ခိုင်မာသောသတ္တိဖြင့် အစားထိုးသွားခဲ့ပါသည်။
ကောင်းကင်ကြီးပြိုကျပြီး မြေကြီးအက်ကွဲကာ သူ့ရှေ့တွင် ချောက်ကြီးတစ်ခုရှိနေလျှင်ပင် သူသည် သူ၏ရိုးသားမှု၌ မဆုတ်မနစ် တည်မြဲနေပါလိမ့်မည်။
အခန်း (၅၈)။
နွေဦးမိုးသည် တဖွဲ့ဖွဲ ကျလာပြန်သည်။ မနက်မိုးလင်းမှာ နေသာသေးသော်လည်း နေ့ခင်း ဘက်မှာတော့ မည်းမှောင်နေပါသည်။ ကောင်းကင်ယံမှာ အဆက်မပြတ် ရွာသွန်းနေသည့် မိုးသည် စိတ်ကို လန်းဆန်းစေပါသည်။
ဤမိုးသည် လုံးလုံးမရပ်တန့်မီ နှစ်ရက်နှင့် နှစ်ညတာ ကြာမြင့်ခဲ့ပြီး၊ ခြောက်သွေ့သော မြေကို စိုစွတ်စေခဲ့သည်။
မနက်အစောကြီးမှာ ကောင်းကင်ယံက တိမ်မြူကင်းစင်သော်လည်း အပြင်မှာ မှောင်နေပါသေးသည်။ ကောင်းကင်မှာ ကြယ်နီတွေသာ မှိတ်တုတ်မှိတ်တုတ်ဖြင့် လင်းလက်နေ၏။ ထိုအချိန်တွင် လူများစွာသည် အိပ်ပျော်နေသေးသော်လည်း ဟုန်ယွိသည် နိုးလာပြီး၊ ထုပ်ပိုးမှုကို စတင်နေပြီဖြစ်သည်။
ဒီနေ့က အင်ပါယာစာမေးပွဲ ဖြေဆိုရမည့်နေ့။
ဟုန်ယွိသည် မြို့စားစံအိမ်မှ ထွက်ခွာပြီး အထက်တန်းပညာရှင်တစ်ဦး ဖြစ်လာရန်အတွက် လျှောက်လှမ်းရမည့် အရေးကြီးဆုံး လမ်းတစ်ခုလည်း ဖြစ်ပါသည်။
တော်ဝင်ချန်မင်းဆက်၏ အင်ပါယာစာမေးပွဲသည် တစ်ရက်သာ ကြာမြင့်ပါသည်။ ကျင်းမင်းဆက်၏ အင်ပါယာစာမေးပွဲသည် သုံးရက်သာ ကြာမြင့်ခဲ့သည်။ ဤတစ်ကြိမ် တွင်၊ ဟုန်ယွိသည် အထက်တန်းပညာရှင်တစ်ဦး ဖြစ်ရန် အင်ပါယာစားပွဲများကို ဖြေဆိုရ မည်။ သို့သော် သူသည် အလွန်မင်း စိုးရိမ်နေခြင်း မရှိပေ။
ဤအရာက သူ့အနာဂတ်အတွက် စိုးရိမ်စရာကောင်းသည့် စာမေးပွဲတစ်ခုဖြစ်သော်လည်း သူသည် အရမ်းကို တည်ငြိမ်နေပါသည်။ ဤစာမေးပွဲအတွက် စာမေးပွဲဖြေဆိုသူများ၏ စိတ်ကို သူ နားလည်ပြီးသား ဖြစ်ပါသည်။ အဖြေလွှာစာရွက်ပေါ်မှာ စာရေးခြင်းက ပြဿနာမရှိဘူးဟု သူ ခံစားရသည်။
ဤစာမေးပွဲနှင့် ပတ်သက်ပြီးတော့ မတော်တဆမှု မရှိသရွေ့တော့ သူသည် သေချာပေါက် အောင်နိုင်မည်ဟု ယုံကြည်ထားပါသည်။
စာမေးပွဲပြီးသည်နှင့် မြို့စားစံအိမ်ကနေ ပြောင်းရွေ့ဖို့ ပြင်ဆင်ရန် သူသည် သူ့ပစ္စည်းတွေ ကို ထုပ်ပိုးလိုက်ပါသည်။
ကျောက်စိမ်းမြို့တော်သည် ဧကရာဇ်မင်းမြတ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။ အင်ပါယာစာမေးပွဲများ အပြီးတွင် ရလဒ်များသည် စာမေးပွဲအပြီး တစ်လခွဲခန့် ထွက်သည့် အခြားနေရာများနှင့် မတူဘဲ ရလာဒ်များက လျင်မြန်စွာ ထွက်ပေါ်လာပါလိမ့်မည်။
လွန်ခဲ့သည့် နှစ်ရက်က, ဟုန်ယွိသည် ကျောက်စိမ်းမြို့တော်အပြင်ဘက်ရှိ ကျောက်စိမ်း နဂါးတောင်ခြေရင်းမှာ ဖန်ရှင်းတာအိုဂိုဏ်းထံမှ တိတ်ဆိတ် သော ခြံဝင်းတစ်ခုကို ငှားရမ်းထားပြီး ဖြစ်ပါသည်။ အင်ပါယာ စာမေးပွဲ အောင်စာရင်း ထွက်လာပြီးနောက် သူသည် ချက်ချင်း ထွက်ခွာရန် ပြင်ဆင်ထားခဲ့သည်။ ထို့နောက် အိမ်နှင့်မြေဝယ်တကွက် ဝယ်ယူရန် ပတ်ဝန်းကျင်မှာ မေးမြန်းစုံစမ်းကြည့်မည်။
အရာအားလုံး ပြေလည်သွားရင်တော့ သူသည် အိမ်၏သခင်တစ်ား ဖြစ်လာမှာပါ။
ထုပ်ပိုးရန် ပစ္စည်းများက အလွန်နည်းပါးပါသည်။ စာအုပ်အချို့မှလွဲ၍ အဝတ်အစား အနည်းငယ်သာ ရှိပါသည်။ သို့သော် ထိုအရာများအပြင် လျှို့ဝှက်ချက်တွေကို ချောမွေ့ စွာ ဖုံးကွယ်ထားရမည့် အရာတွေလည်း ရှိပါသေးသည်။
"အခု ငါ့မှာ ရွှေဒင်္ဂါး ၄၀ ရှိတယ်။ အဲဒါတွေက တာအိုဘုန်းကြီးဆီက ရလာတဲ့ ရွှေဒင်္ဂါးတွေ ပဲ။ ရွှေဒင်္ဂါး ၁ ပြားက ငွေဒင်္ဂါး ၁၅ ပြားဆိုတော့ အဆပေါင်း ၄၀ ဆို ငွေဒင်္ဂါး ၆၀၀ ရှိတယ်။ ဒါ့အပြင်, အိမ်တစ်လုံးနဲ့ မြေကွက် အနည်းငယ်ဝယ်ဖို့ လုံလောက်တဲ့ ငွေဒင်္ဂါး ၄၅၆ ပြားလည်း ရှိပြီးပြီ။ အထက်တန်းပညာရှင်တစ်ဦးအဖြစ် ငါ့အဆင့်တန်းနဲ့ဆို, ငါ့မှာ ပိုက်ဆံအများကြီး ကျန်ပါသေးတယ်။ ငါ အနာဂတ်မှာ ကောင်းမွန်စွာ နေထိုင်နိုင်မှာပါ။"
သူ့ပစ္စည်းတွေကို စစ်ကြည့်ပြီးနောက်, ဟုန်ယွိသည် ပို၍သက်တောင့်သက်သာ ရှိလာပါသည်။
တကယ်တော့ သူမှာ ပစ္စည်းအနည်းအကျဉ်း ရှိပါသေးသည်။ ကြင်ယာတော်ယွမ် သူ့ကို ပေးခဲ့သော ပိုက်ဆံတွေအပြင်, သူ့တွင် စုတ်တုံ၊ မှင်၊ စက္ကူနှင့် မှင်သွေးကျောက်များသာ ရှိပါသည်။ သူ့တွင် ၁၂၀ ကီလိုဂရမ်အလေးချိန်ရှိသော သစ်သားဖြူလေးတစ်စင်းနှင့် သန့်စင်သော သံမဏိဓားတစ်ချောင်း လည်း ရှိပါသည်။
ကြင်ယာတော်ယွမ်၏ သံမဏိဓားသည် ဧကရာဇ်တရားရုံးအတွက် သီးသန့် ပြုလုပ်ထား သည့် ဓားတစ်ချောင်း ဖြစ်ပါသည်။ ၎င်းဓားသည် လက်ချောင်းများဖြင့်ပင် ကွေးနိုင်ပြီး, ပြန်လွှတ်၍ ဖြောင့်တန်းသွားချိန်မှာ ငွေခေါင်းလောင်းသံကဲ့သို့ တချွင်ချွင်မြည်သံကို ထုတ်လွှတ်နိုင်ပါသည်။
ဤဓားမျိုးသည် ဓားကောင်းတစ်လက်ဖြစ်သော်လည်း ငါးမန်းသတ်ဓားကဲ့သို့ ထက်ရှမူနှင့် ကြံ့ခိုင်မူမှာ အများကြီး ကွားခြားပါသည်။ သို့သော်လည်း ၎င်းဓားသည် ဈေးကွက်တွင် များစွာ တန်ဖိုးရှိနေဆဲ ဖြစ်ပါသည်။
သို့သော် ဤရတနာများသည် သာမညဖြစ်ပါသည်။ အရေးအကြီးဆုံးအရာမှာ ဟုန်ယွိ၏ လက်ထဲတွင်ရှိသော သေတ္တာငယ်လေး ဖြစ်သည်။
သေတ္တာငယ်လေးထဲတွင် ပစ္စည်းသုံးမျိုး ရှိ၏။ ပထမတစ်ခုမှာ ခေါက်ထားသည့် အတိတ်၏ အမိတ္တဘသုတ္တန် ဖြစ်သည်။ ဤသုတ္တန်သည် ရေမဖျက်ဆီးနိုင်။ မီးရှို့သော်လည်း မလောင်ကျွမ်းနိုင်ပေ။ ဆွဲဖြဲပြီး ဓားဖြင့် မခုတ်နိုင်ပါ။ ထို့ကြောင့် ၎င်းကို ထိန်းသိမ်းရန်မှာ တားမြစ်ချက် မဟုတ်ပေ။
ဒုတိယတစ်ခုမှာ “ပေါက်ကွဲမီးလျှံနတ်ဘုရားအဆောင်ဓား” ဟု လူသိများသော ဓားမြောင် သေးသေးလေး ဖြစ်ပါသည်။ ဟုန်ယွိသည် ၎င်းကို ဘယ်လိုအသုံးပြုရမှန်း မသိသေးပါဘူး။ သူသည် ၎င်းကို ထိန်းသိမ်းထားပြီး သူ၏ စိတ်ဝိညာဉ်ကျင့်ကြံမူ မြင့်မားလာသောအခါမှသာ ၎င်းကို စူးစမ်းလေ့လာနိုင်ပါမည်။
တတိယပစ္စည်းမှာ သွေးပုံစံသံမဏိအပ် ဖြစ်သည်။
ဟုန်ယွိသည် သွေးပုံစံသံမဏိကဲ့သို့ ဒဏ္ဍာရီလာ အင်မော်တယ် သံမဏိ၏ စွမ်းအားကို မစမ်းသပ်ဖူးသော်လည်း ၎င်း၏ခိုင်မာမှု၊ ထက်ရှမှုနှင့် မာကျောမှုတို့သည် ဟုန်ယွိကို အမှန်တကယ် ခံစားရစေခဲ့ပါသည်။
ဟုန်ယွိသည် အပ်ကို ကောက်ကိုင်ပြီး သစ်သားကို ထိုးရန် ကြိုးစားခဲ့ဖူးသည်။ ရလဒ်ကတော့, သံသယမရှိ တိုဟူးကဲ့သို့ အလွယ်တကူ ဖောက်ထွင်းနိုင်ခဲ့ပါသည်။
ထို့နောက် သူသည် သံတုံးကို ထိုဖောက်ပြီး နက်နက်နဲနဲ ဖောက်နိုင်ခဲ့သည်။ ၎င်းကို ပြန်ဆွဲထုတ်သောအခါတွင် အပ်သည် ထိခိုက်သည့် လက္ခဏာကို မပြခဲ့ပေ။
ပို၍အံ့ဩစရာကောင်းသည်က ဟုန်ယွိက သူ့လက်မပေါ်မှ ဂန္ဓမာသံမဏိလက်စွပ်ကို ထိုးဖောက်ဖို့ ကြိုးစားခြင်း ဖြစ်သည်။ ၎င်းကို ဖောက်မဝင်ခဲ့သော်လည်း ၎င်းအပေါ်တွင် အပေါက်တစ်ခု ကျန်ရစ်ခဲ့ပါသည်။
"ပျက်ဆီးလို့ မရဘူး” ။
ဤသည်မှာ ဟုန်ယွိ၏ သွေးပုံစံသံမဏိကို အကဲဖြတ်ခြင်း ဖြစ်သည်။
ဤပစ္စည်းသုံးမျိုးပါရှိသော သေတ္တာသည် လက်ဝါးအရွယ်အစားမျှသာ ရှိ၏။ ၎င်းသည် သာမာန်သစ်သားသေတ္တာဖြစ်ပြီး မည်သည့် နေရာတွင်ထား ရှိသည်ဖြစ်စေ ထင်ရှား ပေါ်လွင်နေမည် မဟုတ်ပေ။ ၎င်းကို လုံခြုံစွာ သိမ်းဆည်းထားနိုင်သည်။
အရာအားလုံးကို ထုပ်ပိုးပြီးသည်နှင့်, ကောင်းကင်ကြီးက လင်းလက်စပြုနေပြီ။ ထို့နောက် ဟုန်ယွိသည် မတ်တပ်ထရပ်လိုက်ပြီး သူ ကြိုတင်ပြင်ဆင်ထားသည့် ဝါးခြင်းဟောင်းထဲသို့ စုတ်တံ၊ မင်နှင့် မှင်သွေးကျောက်ကို ထည့်ထားလိုက်သည်။ သူသည် အိမ်အကူကို မခေါ်ဘဲ အပြင်ကို ထွက်သွားခဲ့ပါသည်။
ထိုအချိန်တွင် လမ်းတွေပေါ်မှာ လူတွေ ပြည့်နေခဲ့ပြီ။ နေရာတိုင်းတွင် အခြေခံ ပညာရှင် များ ရှိနေကြပါသည်။
ကျောက်စိမ်းမြို့တော်သည် ကမ္ဘာပေါ်တွင် အကြီးဆုံးမြို့ဖြစ်ပြီး၊ ယဉ်ကျေးမှု ထွန်းကားသော မြို့တော်ဖြစ်ပါသည်။ အချိန်တိုင်း အင်ပါယာ စာမေးပွဲများတွင် ပါဝင်ဖြေဆိုသူ ဦးရေသည် ပြည်နယ်စာမေးပွဲများတွင် ပါဝင်ဖြေဆိုသူအရေအတွက်ထက် အနည်းငယ် ပိုများပါသည်။
ထိုအခြေခံပညာရှင်များအနက်၊ လူချမ်းသာများသည် မြင်းရထားများပေါ်တွင် ထိုင်နေကြ ချိန်မှာ ပတ်ဝန်းကျင်ရွာများမှ လာရောက်ဖြေဆိုကြသော ဆင်းရဲသူများသည် ခြင်းတောင်းများကို ထမ်းလာကြရပါသည်။ ကိုယ်ခံပညာကို ဝါသနာပါသော အခြေခံပညာရှင်အချို့လည်း မြင်းများကိုစီး၍ ဂုဏ်ယူဝင့်ကြွားမူကို ခံစားနေခဲ့ကြပါသည်။
ဟုန်ယွိသည် စာမေးပွဲခန်းကို ရောက်သောအခါ လူပင်လယ်ကြီး ဖြစ်နေပါပြီ။
စာမေးပွဲခန်းမရှေ့တွင် စစ်ဝတ်စုံဝတ်ထားသော စစ်သည်နှစ်တန်း ရှိသည်။ သူတို့သည် လက်ထဲတွင် လှံရှည်များကို ကိုင်ဆောင်ထားပြီး၊ ခါးတွင် ဓားရှည်များကို ချိတ်ဆွဲထားပါ သည်။ သူတို့အားလုံး၏ပုံစံတွေက ကြီးကျယ်ခမ်းနားပြီး၊ ဂုဏ်သိက္ခာရှိပုံရကာ၊ မည်သူမျှ အသက်ကျယ်ကျယ် မရူရဲလောက်သည့် ခံစားချက်ကို ပေးစွမ်းနေပါသည်။
ထိုစစ်သားများကြောင့် စာမေးပွဲခန်းမရှေ့တွင် လူပင်လယ်ကြီးဖြစ်နေသော်လည်း ဆူညံသံ အနည်းငယ်သာ ထွက်ပေါ်နေပါသည်။
စာမေးပွဲခန်းရှိ သာယာသောလေထုနှင့် ဆန့်ကျင်ဘက် လမ်းတစ်ဖက်ခြမ်းတွင်မူ အစားအသောက်ဆိုင်တန်းတစ်ခု ရှိနေ၏။ ထိုအချိန်တွင် အိုးများနှင့် ဒယ်အိုးအသံများ ပဲ့တင်ထပ် ထွက်ပေါ်နေပြီး၊ တို့ဟူး၊ သိုးသားစွပ်ပြုတ်၊ အမဲသားခေါက်ဆွဲ၊ ကြော်ထားသော မုန့်ညက်ချောင်းများ၊ အသားပေါင်မုန့်များ၊ နှမ်းစေ့ကိတ်မုန့်၊ ဂျုံယာဂုနှင့် အခြားအစား အစာများစွာကို ဖြန့်ခင်းထားပါသည်။ အခြေခံပညာရှင် အများအပြားသည် ထိုနေရာတွင် နံနက်စာစားရန် စုဝေးနေကြပြီး ကျယ်လောင်စွာ ပြောဆိုနေကြသည်။
ဟုန်ယွိသည်လည်း လမ်းလျှောက်လာပြီး အမဲသားခေါက်ဆွဲတစ်ပန်းကန်ကို မှာလိုက်ပါ သည်။ လမ်းမှာ လူအရေအတွက် တဖြည်းဖြည်း နည်းသွားသည်အထိ သူသည် ဖြည်းဖြည်းချင်း စားနေသည်။ သူတို့အားလုံး တန်းစီပြီး အစစ်ဆေးခံကာ စာမေးပွဲခန်းထဲ ကို ဝင်သွားကြပါသည်။ ကောင်းကင်ကြီးက တောက်ပနေပါသည်။ ထိုအချိန်ရောက်မှပင် သူသည် ပါးစပ်ကို သုတ်ကာ မတ်တပ်ရပ်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်၏။
သူ၏ အလောတကြီးမရှိ တည်ငြိမ်သည့် အမူအရာက တံခါးဝမှာ သူ့ကိုရှာဖွေစစ်ဆေးသည့် စစ်သားတချို့နှင့် ဦးဆောင်သည့် အရာရှိကို တိတ်တဆိတ် ခေါင်းညိတ်ပြအောင် လုပ်ဆောင်နိုင်ခဲ့ပါသည်။
သို့သော်လည်း ခန္ဓာကိုယ်ကို ရှာဖွေခြင်းက ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း ဖြစ်နေဆဲ ဖြစ်သည်။ တော်ဝင်ချန်မင်းဆက်သည် အင်ပါယာ စာမေးပွဲများကို အလွန်အလေးအနက် ထားပါသည်။ အကယ်၍, စာမေးပွဲမစမီ စစ်ဆေးတွေ့ရှိခြင်းမရှိဘဲ စာမေးပွဲအခန်းထဲသို့ ခိုးသွင်းခံပါက, လက်ထောက် စစ်ဆေးရေးမှူးရာထူး ဆုံးရှုံးသွားမည် ဖြစ်သည်။ အကယ်၍, ထို့ထက်ပိုပြီး လေးနက်လျှင် ပြည်နှင်ဒဏ်ပေးခံရလိမ့်မည်။ အလွန်ပြင်းထန်ပါက, ခေါင်းဖြတ်ခံရမည့် အန္တရာယ်နှင့်ပင် ရင်ဆိုင်ရနိုင်ချေရှိပါသည်။
ခန္ဓာကိုယ်အား စေ့စေ့စပ်စပ် ရှာဖွေပြီးနောက်၊ ဟုန်ယွိသည် ဂုဏ်ပြုခြံဝန်း၏ စာမေးပွဲ ခန်းမထဲသို့ ဝင်ရောက်ခဲ့ပါသည်။ အလယ်ဗဟိုတွင် ရှေးခေတ်က ပညာရှင်အချို့၏ ရုပ်ထုများကို ကိုးကွယ်ထားကြသည်ကို သူ မြင်သည်။
အခြားတစ်ဖက်တွင်မူ စာမေးပွဲခန်းမအတွင်းသို့ ဝင်ရောက်လာကြသော အခြေခံပညာရှင် များသည် သက်ဆိုင်ရာနေရာများသို့ ဝင်ရောက်ပြီး၊ စားမေးပွဲဖြေဆိုရန် မစောင့်ဆိုင်းခင်, ထိုရှေ့ခေတ်ပညာရှင်များကို ဦးစွာ ဂါရဝပြုကြပါသည်။
ဤရှေးခေတ် သူတော်စင်များနှင့် ပညာရှင်အားလုံးသည် ရှည်လျားသော ဦးထုပ်များနှင့် ဝတ်လုံရှည်များကို ဝတ်ဆင်ထားကြသည်။ သူတို့မျက်နှာတွေ က တည်ငြိမ်ပြီး ပြတ်သားကာ၊ သစ်သားလေးနှင့်ပင် တူသည်။ သူတို့ကို အချိန်အကြာကြီး စိုက်ကြည့်လိုက်မည် ဆိုလျှင်, ထိုလူသည် လောကကြီး အတွက် အကျင်းသီလနှင့် ကျင့်ဝတ်တွေကို ထူထောင်ရာ မှာ သူတို့၏ကြီးမြတ်သည့် ကရုဏာနှင့် ကျယ်ပြန့်သော စိတ်သဘေားထားကို နားလည်နိုင် ပြီး၊ လူသားတွေနှင့် တိရစ္ဆာန်တွေကြားမှ ကွားခြားချက်ကို လုံးဝ ခွဲခြားသိမြင်နိုင်ပါလိမ့် မည်။
"ဒီရှေးခေတ် ပညာရှင်တွေမှာ ဒီလိုစိတ်ထားမျိုး ရှိကြတယ်။ ဗုဒ္ဓဘာသာရဲ့ ဗုဒ္ဓတွေလည်း မှာလည်း အခြားစိတ်သဘောထားရှိကြတယ်။ တာအိုဝါဒီတွေမှာရော ဘယ်လို စိတ် သဘောထားမျိုး ရှိနေမလဲ ငါ သိချင်မိသား။ ငါ တာအိုဘုရားကျောင်းကို သွားပြီး၊ သူတို့ကို ကောင်းကောင်းကြည့် သင့်လား။”
ဟုန်ယွိသည် ရှေးခေတ်ပညာရှိကြီးများ၏ ရုပ်ထုများကို မြင်ဖူးသော်လည်း ယနေ့ကဲ့သို့ စေ့စေ့စပ်စပ် မကြည့်ဖူးပေ။
သူမှာ အတွေးတစ်ခု ရှိနေပါသည်။
ဟုန်ယွိသည် သူ့စိတ်ဝိညာဉ်ကို တိတ်တဆိတ် စုစည်းပြီး၊ တံခါးထိပ်မှနေ၍ ဖြည်းညှင်းစွာ ထွက်ခွာလိုက်ပါသည်။
သို့သော် သူ့စိတ်ဝိညာဉ် ထွက်လာသည်နှင့် တပြိုင်နက် ကောင်းကင်နှင့်မြေကြီးအနှံ့ ပြည့်နှက်နေသော အငွေ့အသက်တစ်ခုက သူ့ဆီသို့ တဟုန်ထိုး တိုးဝင်လာသည်ကို သူ ခံစားလိုက်ရပါသည်။ ဤအငွေ့အသက်သည် ထိုပညာရှိများ၏ ရုပ်တုများမှ ထုတ်လွှတ်နေ ပါသည်။
ဤအငွေ့အသက်၏ဖိအားမျိုးသည် သူ့အဖေ ဟုန်ရွှန်ကျိ၏ သွေးချီဖိအားထက်ပင် ပို၍ ပြင်းထန်ပါသည်။
ဟုန်ယွိသည် ကြိုတင်ပြင်ထားပြီးဖြစ်ကာ၊ သူသည် သူ့ခန္ဓာကိုယ်ထဲကို ချက်ချင်း ပြန်ဝင်သွားပါသည်။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်သည် ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။
"ဒါတွေက ရွှံ့ရုပ်ထုတွေပါပဲ။ ဒါပေမယ့် သူတို့မှာ ပြင်းထန်တဲ့ ဖိအားတွေ ရှိနေတယ်။ ဖြစ်နိုင်တာက, သူတို့ဟာ အမွှေးနံ့သာတိုင်ဖြင့် ပူဇော်မူကို ခံယူပြီး၊ နတ်ဘုရားတွေ ဖြစ်လာတာများလား။ ဟုန်ယွိ အံ့ဩသွားပါသည်။ သူသည် သူ့မျက်လုံးများကို စူးစိုက်ကာ ထိုပညာရှိများ၏ ရုပ်ထုများကို ကြည့်နေသော်လည်း ၎င်းတို့သည် ရွှံ့ရုပ်များသာ ဖြစ်နေပါသည်။ သူတို့နှင့်ပတ်သက်ပြီး ဝိညာဉ်အငွေ့အသက် လုံးဝ မရှိပါဘူး။
အခန်း (၅၉)။
သူ၏စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ ထွက်ခွာသွားသောအခါ၊ ဤရွှံ့ရုပ်ထုများသည် ပြင်းထန်ပြီး လူသားဆန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ ကြောင်း သူခံစားနိုင်ပါ သည်။ ဤအငွေ့အသက်သည် အသွင်သဏ္ဌာန်ကင်းမဲ့ပြီး လူတို့၏ အတွေးအမြင်မှ တိုက်ရိုက် ဖြစ်ပေါ်လာပါသည်။ ဟုန်ယွိသည် လူများ၏ဆုတောင်းခြင်းကို ခံယူပြီးနောက် နတ်ဘုရားဖြစ်သွားသူများအကြောင့်ကို အိမ်တွင်းမှတ်စုရှိ နတ်ဘုရားများနှင့် ဗုဒ္ဓများအကြောင်း ပုံပြင်များကို ရုတ်တရက် တွေးတောမိသွားပါသည်။
သံသယစိတ်ဖြင့် သူ့စိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်မှ တစ်ဖန် ပြန်ထွက်သွားသည်။ နောက်ဆုံးတွင်၊ ဤရွှံ့ရုပ်ထုများသည် ပြင်းထန်ပြီး လူသားဆန်သော အငွေ့အသက်များ ဖြင့် ပြည့်နေကြောင်း သူသဘောပေါက်ခဲ့သည်။ သူတို့မှာ တခြား မည်သည့်အတွေးတွေမှ မရှိသလို အချင်းချင်းလည်း ဆက်သွယ်လို့ မရပါဘူး။
"ဒီပညာရှိတွေဟာ နတ်ဘုရားတွေ မဖြစ်ခဲ့ကြဘူး။ သူတို့ခန္ဓာကိုယ်ထဲက ယန်ချီတွေဟာ အတိတ်မင်းဆက်က ပညာရှင်တွေက သူတို့ကို ကိုးကွယ်ခဲ့ကြီးပြီး၊ အဲဒီပညာရှင်တွေရဲ့ ခန္ဓာကိုယ်တွေပေါ်မှာ ချန်ထားရစ်ခဲ့တဲ့ အတွေးတွေကြောင့် ဖြစ်ပေါ်လာတာပဲ။ အချိန် ကြာလာတာနဲ့အမျှ, သူတို့ဟာ နေနဲ့လလို ကြီးမားကျယ်ပြန့်တဲ့ အတွေးတစ်ခုကို စုဆောင်းမိလာခဲ့တယ်။ တကယ်လို့, သူတို့ကို အချိန်အတော်ကြာအောင် ဘယ်သူမှ မကိုးကွယ်တော့ဘူးဆိုရင် အဲဒီအတွေးကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလိမ့်မယ်။ တချိန်တည်းမှာပဲ, ပညာရှင်အားလုံးဟာ သူတို့ရဲ့ ရိုးသားမူတွေ ဆုံးရှုံးသွားမှာ ဖြစ်ပြီး၊ ယင်ကောင်တွေလို ကိုယ်ကျိုးအတွက် အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့လူတွေ ဖြစ်လာကြ လိမ့်မယ်။ အဲဒီလိုဖြစ်လာ ရင်, ဒီပညာရှိတွေဟာ သူတို့ရဲ့ စွမ်းအားတွေ ဆုံးရှုံးသွားမှာ မဟုတ်လား။”
ဟုန်ယွိသည် ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့သည်။
ရုပ်ထုများပေါ်ရှိ နတ်ဘုရားတန်ခိုးသည် လူတို့၏အတွေးအမြင်ဖြင့် ထည့်သွင်းခံထားရခြင်း ဖြစ်ပါသည်။ လူတို့သည် ထိုရုပ်ထုများကို ထွင်းထုပြီးနောက် ၎င်းတို့ကို ကိုးကွယ်ကြပါ သည်။ အတွေးများစွာကို စုစည်းထားခြင်းဖြင့် ထိုရုပ်ထုများသည် နတ်ဘုရားတန်ခိုး ရှိလာပေလိမ့်မည်။
ဤအရာကို နားလည်ပြီးနောက် ဟုန်ယွိသည် ဤပညာရှင်များသည် နတ်ဘုရားများ မဟုတ်ကြောင်း သူ သိသွားသော်လည်း၊ သူသည် ၎င်းတို့အား သုံးကြိမ်တိုင်တိုင် စိတ်ရင်း မှန်ဖြင့် အရိုသေပေးလိုက်ဆဲ ဖြစ်သည်။ သူသည် လူတို့၏စိတ်နှလုံးအတွင်းမှာ စုစည်းထားသော လူသားဆန်သော အငွေ့အသက်ကို ကိုးကွယ်ခြင်း ဖြစ်ပါသည်။
ဝတ်ပြုကိုးကွယ်ပြီးနောက် စစ်သားတစ်ဦး ရောက်လာပြီး စာမေးပွဲခန်းသို့ သူ့ကို ပို့ဆောင်ခဲ့ သည်။
ထိုစာမေးပွဲခန်းမသည် ခြံစည်းရိုးလိုပင်။ သစ်သားပျဉ်ချပ်များ၊ အမိုးကားများ, ကုလားထိုင် များသာ ရှိပါသည်၊ ဤသည်မှာ စာမေးပွဲဖြေဆိုမည့်သူများ စာမေးပွဲဖြေဆိုရမည့် နေရာ ဖြစ်ပါသည်။
မှင်နှင့်စုတ်တံကို ချပြီးနောက်, သူအင်္ကျီလက်မောင်းများကို လိပ်ကာ မှင်သွေးရန် မှင်ကျောက်ထဲသို့ ရေလောင်းထည့်ကြသည်။ ထို့နောက် စာမေးပွဲ အဖြေလွှာများ ထုတ်ပေး သည်။ ၎င်းတို့အပေါ်တွင် စာမေးပွဲမေးခွန်း၏ အကြောင်းအရာနှင့် ပြီးမြောက်ရမည့် ကျမ်းစာများ ပါရှိသည်။
“ကံကောင်းတာက၊ အထက်တန်း ပညာတော်သင်စာမေးပွဲက တစ်ရက်ပဲ ကြာတယ်။ ဒီလို နေရာကျဉ်းကျဉ်းလေးမှာ ငါ ဒါကို အတော်သည်းခံနိုင်ရမယ်။ တကယ်လို့, ငါသာ ကျင်းရှီ စာမေးပွဲကို ဖြေဆိုလိုပါက, ဒီသေးငယ်တဲ့ နေရာမှာ သုံးရက်နေရလိမ့်မယ်။ စာမေးပွဲက ခုနစ်ကြိမ် ဖြေရမယ်။ တွေးခေါ်နိုင်စွမ်းကို မဆိုထားနဲ့၊ ရုပ်ခန္ဓာကိုယ် ပင်ပန်းမူတစ်ခုတည်း နဲ့တောင် လူအများစုအတွက် အလွန်ဆင်းရဲပေလိမ့်မယ်။ ဒါက ပညာရှင်တွေရဲ့ ရုပ် ခန္ဓာကိုယ်ခွန်အားကို စမ်းသပ်မှုတစ်ခုလည်း ဖြစ်လိမ့်မယ်။ အားနည်းတဲ့လူတွေ အရာရှိ ဖြစ်လာမှာကို တားမြစ်ထားတာပဲ.”
ဟုန်ယွိသည် သူ့ပတ်ဝန်းကျင်ရှိ စာမေးပွဲခန်းမကို ကြည့်လိုက်သည်။ သူလှည့်ကြည့်လိုက်မှ အနည်းငယ် အဆင်မပြေသလို ခံစားရပါသည်။ သူသည် သူ့ကိုယ်သူ သက်ပြင်းချလိုက်ပြီး မေးခွန်းတွေကို ကြည့်လိုက်ပါသည်။
ခေါင်းစဉ်က "နက်ရှိုင်းသော တောင်တန်းများအတွင်းမှာ နေထိုင်ခြင်း” ဖြစ်သည်။
ပန်သည် ရှေးဘုရင်မင်းမြတ်တစ်ပါး ဖြစ်ပါသည်။ ရှေးခေတ်က ဧကရာဇ်မင်းမြတ်၏ ကိုယ်ကျင့်သီလနှင့် ဖြောင့်မတ်မူသည် ကမ္ဘာအရပ်ရပ်သို့ ပြန့်နှံ့သွားသည်ဟု ကောလဟာ လများ ထွက်ပေါ်ခဲ့သည်။ ဂန္တဝင်ပညာရှင်တို့သည် ဤဧကရာဇ်ကို ချီးမွမ်းကြကုန်၏။
စာမေးပွဲ၏ ခေါင်းစဉ်မှာ ဤဝါကျ၏ အဓိပ္ပါယ်ကို ပုံဖော်ရန်နှင့် နိုင်ငံတစ်ခု အုပ်ချုပ်ခြင်းဆိုင်ရာ အခြေခံမူများကို ဖော်ပြရန်အတွက် တစ်ဦးတစ်ယောက်၏ ကိုယ်ပိုင်နားလည်မှုကို အသုံးပြုရန် ဖြစ်သည်။
ဟုန်ယွိက ခဏလောက် စဉ်းစားပြီး စုတ်တံတစ်ချောင်းနှင့် မေးသည့်အဖြေကို ရေးလိုက် ၏။ "သူတော်စင် ဧကရာဇ်မင်းမြင်၏ စိတ်နှလုံးကို အချည်းနှီး စကားလုံးတွေဖြင့်သာ နားလည်နိုင်ပါသည်" ထို့သို့ရေးပြီးနောက် သူသည် လီအတွေးခေါ်ကျောင်းနှင့် ပတ်သက် သည့် ရုပ်နှင့် အရိုးများကို ဖယ်ရှားခြင်း၊ ကိုယ်ကျိုးမငဲ့ဘဲ အတ္တကင်းခြင်း၊ လောကရှိ အရာခပ်သိမ်းကို တစ်သားတည်း ဖြစ်စေခြင်းစသည့် အကြောင်းကို ကျယ်ကျယ် လောင်လောင် ရွတ်လိုက်ပါသည်။
ဤအမြင်သည် လီအတွေးခေါ်ကျောင်းတော်၏ အယူဝါဒ ဖြစ်သည်။ လီအတွေးခေါ် ကျောင်းတော်သည် “နှလုံးသားကို လေ့လာခြင်း" ဟူ၍ လူသိများသည့် ရိုးသားမှုကို အထူး အာရုံစိုက်ခဲ့သည်။ သို့သော် ၎င်းသည် ကိုယ်ကျင့်တရားဆိုင်ရာ အခြေခံမူများနှင့် တင်းကျပ် သော ကျင့်ဝတ်များနှင့် ပတ်သက်၍မူ အထူးသဖြင့် ဟုန်ရွှန်ကျိ၏ ကွန်ဖြူးရှင်အယူဝါဒနှင့် ကွဲပြားပါသည်။
သူသည် စာစစ်သူ၏ စိတ်ကူးဉာဏ်ကို ရှာဖွေတွေ့ရှိပြီးသည်နှင့် သူ၏ အရေးအသားသည် နဂါးများနှင့် မြွေများကဲ့သို့ သဘာဝအတိုင်း စီးဆင်းသွားခဲ့ပါသည်။ အချိန်က လေးနာရီ မပြည့်သေးခင် နေ့လည်ခင်းချိန် ဖြစ်ပါသည်။ ဟုန်ယွိက သူ့အဖြေလွှာကို အပ်လိုက်ချိန်မှာ, ပတ်ဝန်းကျင်က အခြေခံပညာရှင်များသည် သူတို့၏ စုတ်တံတွေကို ဝါးနေကြဆဲ ဖြစ်ပါသည်။ (တင်စားပြောခြင်းဟု မှတ်ယူပါ)။
ပင်မစာစစ်အခန်းထဲတွင် အရာရှိဝတ်စုံနှင့် ဦးထုပ်အနက်များ ဝတ်ဆင်ထားသော စာစစ် အနည်းငယ် ရှိနေပါသည်။ တစ်ယောက်က ခန်းမအလယ်မှာ ထိုင်နေသည်။ သူမျက်နှာတွင် လေးနက်သော အမူအရာရှိပြီး၊ သူသည် အသက်လေးဆယ်ဝန်းကျင် ရှိပုံရသည်။ သူက တော့ ပြည်နယ်စာမေးပွဲများ၏ စစ်ဆေးရေးမှူး လီရှန်ကွန် ဖြစ်ပါသည်။ သူသည် အင်ပါယာ တရားရုံး၏ ထင်ရှားကျော်ကြားသော အရာရှိတစ်ဦးဖြစ်ပြီး ဓလေ့ထုံးတမ်း စဉ်လာ ဝန်ကြီးတစ်ဦးလည်း ဖြစ်ပါသည်။
ဤစာမေးပွဲသည် အခြေခံပညာရှင်များအတွက် အထက်တန်းပညာရှင်များ ဖြစ်လာရန် စာဖြေဌာနဖြစ်ပြီး၊ အထက်တန်း ပညာတော်ရှင်များအတွက် မဟာပညာရှင်များ ဖြစ်လာ ရန် စာဖြေဌာနမဟုတ်သော်လည်း ၎င်းသည် ကျောင်းစိမ်းမြို့တော်ရှိ အင်ပါယာစာမေးပွဲ ဖြစ်သောကြောင့် အသေးဖွဲ့ကိစ္စ မဟုတ်ပေ။ ထို့ပြင် အင်ပါယာတရားရုံးသည် အင်ပါယာ စာမေးပွဲများနှင့် ပတ်သက်၍ အလွန်အလေးထားခဲ့ပါသည်။ ထို့အပြင် အခြေခံပညာရှင်မှ အထက်တန်းပညာရှင်တစ်ဦး ဖြစ်လာခြင်း လမ်းကြောင်းသည် နိုင်ငံတော်၏ အခွန် ကင်းလွတ်ခွင့်နှင့် ဆက်စပ်နေပါသည်။
“အယ်? စာမေးပွဲဖြေဆိုသူအားလုံး သူတို့ရဲ့ အကြံပြု အဖြေလွှာတွေကို အပ်ကုန်ပြီလား။"
အချိန်က မွန်းတည့်ပြီးနေပြီ။ လီရှန်ကွန်သည် ဉာဏ်ပညာထက်မြက်သော အခြေခံ ပညာရှင်အချို့သည် ၎င်းတို့၏ အဖြေလွှာများကို ပေးအပ်ပြီး ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။ ထို့နောက် အခန်းတိုင်းရှိ စာစစ်များကို မေးမြန်းခဲ့သည်။
“လုံးဝပြီးဆုံးသွားတဲ့ အဖြေလွှာတွေ အားလုံးကို ပေးပို့ပြီးပါပြီ။"
လက်ထောက်စာစစ်သူအချို့သည် ဆောလျင်စွာ ပြေးဝင်ကာ လက်ထဲတွင် အဖြေလွှာများကို ထုတ်ယူကြသည်။ သူတို့သည် ချိတ်ပိတ်ထားသည်ကို ဆုတ်ဖြဲကာ လီရှန်ကွန် ဖတ်ရန် စားပွဲပေါ် တင်ထားကြသည်။
"အယ်, ဒီတစ်ယောက်က ကရုဏာတရား၊ အကျင့်စာရိတ္တနဲ့ ကျင့်ဝတ်အတွေ အကြောင်း ပြောထားတာပဲ။ ဒီလူက ဖြောင့်မတ်ပြီး အားမာန်အပြည့် ရှိပုံရတယ်။ ဒါပေမယ့်, ဒီလို ခေါင်းမာပြီး၊ သစ်သားနှင့်တူကာ ကြီးမြတ်တဲ့ နိယာမတရားတွေကို ပြောပြတတ်တဲ့ လူတွေဟာ အားလုံး ကြောင်သူတော်တွေချည်းပဲ။”
လီရှန်ကွန်သည် စာညွှန်းအနည်းငယ်ကို ဖတ်ပြီး ခေါင်းယမ်းကာ ထိုအဖြေလွှာကို တစ်ဖက်သို့ ဆွဲတင်လိုက်သည်။
သူ့ဘေးနားရှိ လက်ထောက်စာစစ်သူလည်း လာရောက်ကြည့်ရူပြီး၊ ခေါင်းခါပြကာ၊ ဤဖြေလွှာက ကျရှုံးကြောင်း ဆုံးဖြတ်လိုက်ပါသည်။
"အယ်… အရေးသားကောင်းပဲ။”
ရုတ်တရုတ် လီရှန်ကွန်သည် စာစီစာကုံးတစ်ခုကို တွေ့လိုက်ပါသည်။ စကားလုံးများကို အသက်ဝင်စွာ ရေးသားထားသည်။ သူက ချက်ချင်း ခေါင်းငြိမ့်ပြပြီး စာစီစာကုံး ခေါင်းစဉ် ကို ကြည့်လိုက်ပါ။ "သူတော်စင်ဧကရာဇ်၏နှလုံးသားကို အချည်းနှီး စကားလုံးတွေဖြင့်သာ နားလည်နိုင်ပါသည်" ဒီစကားက သူကို စားပွဲကို အမှတ်တမဲ့ ရိုက်လိုက်မိစေပါသည်။ "ကောင်းလိုက်တာ။ အချည်းနှီး စကားလုံးတွေဖြင့်သာ နားလည်နိုင်သည်။” ငါတို့ စာပေ လေ့လာတဲ့အခါ, ငါတို့ဟာ ဦးစွာ စိတ်ရင်းမှန်ပြီး ကိုယ်ကျိုးမဖက်သူ ဖြစ်ရမယ်။ သဘာဝ အတိုင်း ကျင့်ဝတ်တွေကို နားလည်ထားရမှာဖြစ်ပြီး၊ သက်ရှိအားလုံးက တစ်သားတည်း ဖြစ်ရလိမ့်မယ်။"
ထိုစာစီစာကုံးကို သဘာဝအတိုင်း ဟုန်ယွိ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ စစ်ဆေးသူ လီရှန်ကွန်သည် လီအတွေးခေါ်ကျောင်းတော်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူ့စာစီစာကုံး သည် စာစစ်သူ၏နှလုံးသားကို အခြေခံကာ ရေးသားထားသဖြင့် စာစစ်သူအမှူးကိုယ်တိုင် မချီးမွမ်းဘဲမနေနိုင်တော့ပေ။
ထို့အပြင် ဟုန်ယွိ၏ လက်ရေးသည် အမိတ္တဘသုတ္တန်ကို အတုယူခဲ့သည်။ သူ့လက်ရေးက လူတွေကို ပေါ့ပါးပြီး သက်တောင့် သက်သာ ခံစားရစေသော်လည်း နူးညံ့မူမရှိသလို, ဆွဲဆောင်မှုလည်း မရှိပါဘူး။ ၎င်းသည် ခွန်အားအပြည့်နှင့် နူးညံ့သိမ်မွေ့မှုကို ပေါင်းစပ်မှု ဟု ဆိုနိုင်ပါသည်။
"သခင်လီက အတင်းကြပ်ဆုံးလူ ဖြစ်တယ်။ သူ့ကိုယ်တိုင် ချီးကျူးရတဲ့ စာစီစာကုံး အနည်းငယ်ပဲ ရှိတယ်။"
"ဒီစာမေးပွဲရဲ့ ပထမနေရာကို ဆုံးဖြတ်ပြီးဖြစ်နေမှာ ငါကြောက်မိတယ်။"
လက်ထောက် စာစစ်သူများသည် လီရှန်ကွန်၏အမူအရာကို မြင်သောအခါ၊ သူတို့အားလုံး သည် အချင်းချင်း တိုးတိုးပြောပြီး ကြည့်ရှုရန် ရောက်ရှိလာကြသည်။ လက်ရေးလက်သား ကို မြင်သောအခါ, အားလုံးက ချီးကျူးကြသည်။
"ဒီအဖြေလွှာပိုင်ရှင်က ဘယ်သူလဲ။ သူရဲ့ကိုယ်ရေးအကျဉ်းကို တင်ပြပါ။" လီရှန်ကွန်က သူ မြင်မျှ ပျော်ရွှင်နေလဲ မြင်နိုင်ပြီး၊ မမေးဘဲမနေနိုင်ခဲ့ပေ။
"ဒီလူနာမည်က ဟုန်ယွိပါ။ သူက မြို့စားဝူဝမ်စံအိမ် သခင်ဟုန်ရဲ့သားပါ။”
လက်ထောက် စာစစ်သူတစ်ဦးက ဟုန်ယွိ၏ ကိုယ်ရေးအကျဉ်းကို အစီရင်ခံပြီး ဖြစ်သည်။
"မြို့စားဝူဝမ် ဟုန်ရွှန်ကျိရဲ့သားလား” လီရှန်ကွန်က မျက်မှောင်ကြုတ်သွားပါသည်။
"သခင်လီ၊ သခင်လီရဲ့စကားတွေကို သတိထားပါ။ မြို့စားဝူဝမ်ဟာ မနေ့ညက တရားရုံးမှာ တော်ဝင်နည်းပြဆရာဘွဲ့ကို အပ်နှင်းခံထားရတယ်။ အနာဂတ်မှာ သခင်လီက သူ့ကို နှုတ်ဆက်ခေါ်ဝေါ်ပုံကိုလည်း ပြောင်းလဲရပါမယ်။ လက်ထောက်စာစစ်သူက လီရှန်းဂွမ်ကို သတိပေးသည်။
"ဟုတ်ပါပြိ။" လီရှန်ကွန်က သူ့လက်ထဲက အဖြေလွှာကို ကြည့်ပြီး၊ မပြောခင် တခဏ လောက် တုံ့ဆိုင်းနေသည် “ဒီစာညွှန်းရဲ့ စိတ်ကူးနဲ့ လက်ရေးက အရမ်းကောင်းလွန်းတယ်။ ငါတို့ သူ့ကို ပထမနေရာ ပေးမယ်ဆို မင်းတို့ ဘယ်လိုသဘောရလဲ။”
သူ ထိုစကားပြောလိုက်ချိန်မှာ ကိုယ်စားလှယ်တစ်ယောက်က “တော်ဝင်နည်းပြဆရာဟုန် ကြွရောက်လာပါပြီ” ဟု ကြေငြာလိုက်ပါသည်။
"သူ့ကို မြန်မြန် ကြိုဆိုကြ။ တော်ဝင်နည်းပြဆရာက အရပ်ဘက်ရေးရာကို တာဝန်ယူထား တယ်။ မြို့စားဝူဝမ်ကို မနေ့က တော်ဝင်နည်းပြဆရာဘွဲ့ အပ်နှင်းခဲ့တယ်။ သူက ဒီနေ့ စာမေးပွဲကို ဧကရာဇ်အမိန့်အတိုင်း စာမေးပွဲမှာ ကင်းလှည့်စစ်ဆေးဖို့ ရောက်လာတာ ဖြစ်ရမယ်။"
လီရှန်ကွန်က အမြန်ထရပ်လိုက်ပြီး သူ့အဝတ်အစားတွေကို သပ်ရပ်အောင် ဆွဲဆန့်လိုက်ပါ သည်။ သူသည် လက်ထောက်စာစစ်သူများကို ဦးဆောင်ကာ တံခါးဝသို့ သွားရောက် ကြိုဆိုသည်။
မျှော်လင့်ထားသည့်အတိုင်း ကြီးမားသော ဆီဒင်ကုလားထိုင်တစ်ခုကို တံခါးဆီသို့ သယ်ဆောင်လာကြသည်။ ထို့နောက် အရာရှိဝတ်စုံများ ဝတ်ဆင်ထားသော ဟုန်ရွှန်ကျိ သည် လေးနက်သော အမှုအရာဖြင့် ဆင်းလာပါသည်။
လီရှန်ကွန်သည် လက်ထောက်စာစစ်သူများကို ဦးညွှတ်ရန် ဆောလျင်စွာ ဦးဆောင်လိုက် ပါသည်။
ဟုန်ရွှန်ကျိသည် ယခုအခါ မြို့စားကြီးသုံးပါးထဲမှ တစ်ဦးဖြစ်သော တော်ဝင်နည်းပြ ဆရာတစ်ဦး ဖြစ်လာခဲ့ပြီ။ သူ၏ရာထူးသည် ဝန်ကြီးချုပ်တစ်ဦးနှင့် ညီမျှပြီး လီရှန်ကွန် ထက် များစွာ မြင့်မားပါသည်။ ဤလူတွေက သူ့ကို ကြိုဆိုရခြင်းက သဘာဝကျပါသည်။
“ဒီတစ်ကြိမ်စာမေးပွဲက ချောချောမွေ့မွေ့ ဖြစ်ကြရဲ့လား။ တစ်စုံတစ်ယောက်ကို ဆွဲထုတ် ရတာမျိုး ရှိသေးလား။" ဟုန်ရွှန်ကျိက သူတို့ ဦးညွှတ်ပြီးနောက် ခေါင်းညိတ်ပြပြီး မေးလိုက် ပါသည်။
"ဆွဲထုတ်ခံရတာမျိုး၊ လိမ်ညာဖြေဆိုမျိုးတော့ မရှိပါဘူး" လီရှန်ကွန်က အောက်ကျို့ခြင်း မရှိသလို, မောက်မာခြင်းလည်းမရှိဘဲ ပြောကြားပါသည်။ ထို့နောက်, သူက လက်ကို ဝှေ့ယမ်းပြသည်။ “တော်ဝင်နည်းပြဆရာဟု, ကျေးဇူးပြုပြီး ပင်မစာစစ်သူရဲ့ အခန်းကို ကြွပေးပါ။"
နှစ်ဖက်စလုံးသည် ပင်မစစ်ဆေးရေးမှူး၏ အခန်းကို ရောက်ရှိပြီးနောက်မှာ ထိုင်ပြီး လက်ဖက်ရည်သောက်ကြသည်။ ယဉ်ကျေးပျူငှာသော တရားဝင်စည်းမျဉ်းများ ဆက်တိုက် ချမှတ်ပြီးနောက်၊ ဟုန်ရွှန်ကျိသည် ဂုဏ်ပြုထိုင်ခုံပေါ်တွင် ထိုင်နေခဲ့သည်။ သူ့မျက်လုံးများက စားပွဲပေါ်ရှိ အဖြေလွှာများကို ကြည့်လိုက်ပြီး "ပထမနေရာကို ဆုံးဖြတ်ပြီးပြီလား”
"ဟုတ်ကဲ့, ဆုံးဖြတ်ပြီးပါပြီ။ တိုက်ဆိုင်စွာပဲ၊ ပထမနေရာက စာစီစာကုံးက အရမ်းကောင်းတယ်လို့ ကျွန်တော်တို့အားလုံး လူသိရှင်ကြား အသိအမှတ်ပြုကြပါတယ်။ ကိုယ်ရေးရာဇဝင်ကို စစ်ဆေးကြည့်တော့, ဒါက တော်ဝင်နည်းပြဆရာဟုန်ရဲ့သား ဟုန်ယွိ ဖြစ်နေပါတယ်” လီရှန်ကွန်က ဟုန်ယွိ၏ စာစီစာကုံးညွှန်းကို ထုတ်ယူပြီး၊ ဟုန်ရွှန်ကျိ ကြည့်ရန် စားပွဲပေါ်တွင် ဖြန့်လိုက်ပါသည်။
"အိုး.. ပထမနေရာလား.." ဟုန်ရွှန်ကျိ၏ မျက်လုံးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားပါ သည်။ သူက စာညွှန်းကို ကြည့်ကာ တဖြည်းဖြည် မျက်မှောင်ကြုတ်သွားခဲ့ပါသည်။
သူ မျက်မှောင်ကြုတ်လိုက်သောအခါ အခန်းတွင်းရှိ လေထုသည် ချက်ချင်းပင် တင်းမာလာ သည်။ လက်ထောက်စာစစ်များအားလုံး မမြင်နိုင်သော ဖိအားတစ်ခုကို ခံစားခဲ့ရသည်။ သူတို့သည် အသက်တောင် မရှူနိုင်ကြပါဘူး။
တစ်ခန်းလုံး တိတ်ဆိတ်နေခဲ့သည်။ ချောင်းဆိုးသံတောင် မကြားရပါဘူး။
“ဒီစာစီစာကုံးက လွှမ်းမိုးကြီးစိုးလွန်းနေပြီး သူ့နေရာကို မသိဘူး။ ဟုန်ရွှန်ကျိက ခေါင်းယမ်းလိုက်ပါသည်။ “ဒါ့အပြင် ဒီစာစီစာကုံးက သိပ်မရှင်းလင်းဘူး။ တချို့အပိုင်းတွေ က တကယ်ကို အဓိပ္ပာယ်မရှိဘူး။ ပထမနေရာကို မပြောနဲ့ ပြည်နယ်စာမေးပွဲအောင်ဖို့တောင် ခက်လိမ့်မယ်။ သူက ငါ့သား ဖြစ်ပေမယ့်လည်း, သူ ဒီအနားသတ်ကနေ လွတ်မြောက်ဖို နောက်ထပ် နှစ်အနည်းငယ်ကြာ လေ့ကျင့်ရဦးမှာ ငါကြောက်မိတယ်။ ဒီစာမေးပွဲမှာ ကျရှုံးတယ်လို့ မှတ်ယူရလိမ့်မယ်။"
သူ ထိုစကာကို ပြောနေစဉ် ဟုန်ရွှန်ကျိသည် အဖြေလွှာကို ကောက်ယူပြီး ကျရှုံးသော စာရွက်များထဲသို့ ပစ်ချလိုက်ပါသည်။
“အို.. ” လီရှန်ကွန်က ထိုမြင်ကွင်းကိုမြင်တော့ သူ့မျက်ခုံးတွေ တွန့်သွားပါသည်။ သူမျက်နှာ မှာ သွေးနီရောင်သမ်းလာပြီး၊ စားပွဲကို ရုတ်တရက် ရိုက်ချလိုက်ပါသည်။
ဘန်း..။
စားပွဲပေါ်ရှိ စုတ်တံနှင့် မှင်တို့သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပါသည်။
အခန်းတွင်းလေထုသည် မူလကတည်းက လေးလံနေ၏။ လီရှန်ကွန်က စားပွဲကို ရုတ်တရက် ဆောင့်ချလိုက်သောအခါ, လက်ထောက် စာစစ်များ အားလုံး တုန်လှုပ်သွားကြ ၏။ သူတို့ထဲက တချို့ဆို သူတို့ခြေထောက်တွေ ပျော့ခွေသွားသကဲ့သို့ မြေပြင်ပေါ် ပြိုလဲကျလုနီးပါး ခံစားခဲ့ရပါသည်။
ဤဝန်ကြီးသည် တော်ဝင်နည်းပြဆရာဘွဲ့နှင့် ဝန်ကြီးချုပ်တစ်ဦးရှေ့မှာ ရုတ်တရက် စားပွဲကို ရိုက်ချလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ပါဘူး။
သို့သော် သူတို့နှစ်ဦးသည် မတူညီသော တွေးခေါ်မှုဆိုင်ရာ ကျောင်းများမှ ဖြစ်ကြောင်း ရောက်ရှိနေသူတိုင်း သိကြပါသည်။ သူတို့အချင်းချင်း ဆန့်ကျင်ဘက်ဖြစ်ကြသည်မှာ သဘာဝအတိုင်းပင်။
“ဟုန်ရွှန်ကျိ, ငါက ဒီမှာ အဓိက စာစစ်သူပါ။ မင်းက စစ်ဆေးရေးမှူးသာသာပဲ။ ငါက မင်းထက် အဆင့်အနည်းငယ် ပိုမြင့်ပေမယ့်, မင်းက ဒီစာမေးပွဲမှာ ကောင်းလား, ဆိုးလား ဆုံးဖြတ်ပိုင်ခွင့် မင်းမှာမရှိဘူး" လီရှန်ကွန်၏ ဟိန်းဟောက်သံသည် အခန်းထဲတွင် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ "လူကြီးတစ်ယောက် သူ့ဆွေမျိုးတွေကို မကြဉ်ဖယ်သင့်ဘူး။ မင်းက မင်းရဲ့သားကို မင်းရဲ့ကိုယ်ပိုင် ဂုဏ်သိက္ခာအတွက် နှိမ့်ချထား တယ်။ မင်းက တိုင်းပြည်အတွက် အလုပ်လုပ်နေတာ မဟုတ်ဘူး။ မင်းက ယုတ်မာတဲ့လူ ပဲ။”
“အို..၊ ဟုန်ရွှန်ကျိ၏ လက်က ရပ်တန့်သွားပြီး, သူ့ကို ဟိန်းဟောက်နေသော လီရှန်ကွန်ကို အေးစက်စွာ ကြည့်လိုက်ပါသည်။ “ငါ့သားရဲ့ အနားသတ်က တောက်ပလွန်းတယ်။ သူက တိုင်းပြည်အတွက် လူကောင်း မဟုတ်ဘူး။ သူ အရည်အချင်းရှိသူ ဖြစ်မလာခင်မှာ ဖိနှိပ် ချုပ်ချယ်ပြီး စနစ်တကျ ထိန်းသိမ်းဖို့ လိုတယ်။ ဒါက သဘာဝအတိုင်း တိုင်းပြည်အတွက် ပဲ။ ငါ့သားအကြောင်း ငါ မသိဘူးလို့ မင်း ထင်လား။ အဓိက စာစစ်သူအနေနဲ့ မင်းက အော်ကြီးဟစ်ကျယ်လုပ်ပြီး မျက်နှာပျက်အောင် လုပ်နေတယ်။ အဲဒါက ဘယ်လို ကျင့်ဝတ် သိက္ခာမျိုးလဲ။ ငါက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ တော်ဝင်နည်းပြ ဆရာ တစ်ဦး ဖြစ်တယ်။ တိုင်းပြည်အတွက် တိုက်ပွဲဝင်ခဲ့ဖူးပြီး တရားရုံးကို စီမံခန့်ခွဲနေတယ်။ ငါက စက်ဆုပ်ဖွယ်ကောင်းတဲ့လူလို့ မင်း ပြောလိုက်တာလား။ ဒီကိစ္စကို ဧကရာဇ်မင်းမြတ် ကို စီရင်ခိုင်းရင်ရော ဘယ်လိုလဲ။ မနက်ဖြန်မနက်ကျရင် ငါ သေချာပေါက် မင်းအကြောင်း ကို အစီအရင်ခံစာ တင်ပြမယ်။ မင်း ရာထူးက အမြန်ဆင်းပြီး ငါ့အစီရင်ခံစာကို နားထောင် ဖို့ စောင့်နေပါ။”
ဟုန်ရွှန်ကျိက မောက်မာစွာ ပြောလာသောအခါတွင် လူတိုင်းသည် အရိုးစူးသွားသလို အေးစက်သွားကြသည်။ ဟုန်ရွှန်ကျိသည် သူစစ်သူကြီး ဖြစ်ခဲ့စဉ်တုန်းက လူတွေကို ယင်ကောင်တွေလို သတ်ဖြတ်ခဲ့သည်ကို လူတိုင်း သိထားကြပါသည်။ သူသည် နိုင်ငံရေး ရန်သူများကို ဆက်ဆံရာတွင် ကရုဏာမပြခဲ့ပေ။ တရားရုံးမှာ သူကို ဆန့်ကျင်ရဲသည့်လူက အလွန်နည်းပါသည်။
လီရှန်ကွန်က တစ်လက်မျှ အလျော့မပေးဘူးဆိုသည်ကို မည်သူ သိထားမည်နည်း။ “ငါက ဧကရာဇ်ကိုယ်တိုင် ခန့်အပ်ထားတဲ့ အဓိကစာစစ်သူပဲ။ မင်း ငါ့ကို ရာထူးကဆင်းဖို့ ပြောခွင့် မရှိဘူး။ မင်း ငါ့အကြောင့် အစီအရင်ခံစာ တင်ပြသည် ဖြစ်စေ, မတင်ပြသည်ဖြစ်စေ, အဲဒါက မင်းကိစ္စပဲ။ တရားရုံးက ငါ့ကို မဖယ်ရှားသရွေ့တော့ ငါက အဓိကစာစစ်သူ ဖြစ်နေဦးမှာပဲ။ ငါလည်း မနက်ဖြန် မနက်မှာ မင်းအကြောင်းကို အစီအရင်ခံစာ တင်ပြ မယ်။ မင်းက မင်းရဲ့အခွင့်အာဏာကို ကျော်လွန်ပြီး လုပ်ဆောင်နေတယ်။ အရည်အချင်း ရှိတဲ့ လူတွေကို ဖိနှိပ်တယ်။ မင်းက စက်ဆုပ်ရွံရှာစရာကောင်းတဲ့ လူပဲ။ ဘုရင်မင်းမြတ်က မင်းကို အသုံးပြုဖို့ လူမှားရွေးခဲ့တဲ့အကြောင်းတွေပေါ့။"
"ငါက ဧကရာဇ်ရဲ့ အမိန့်အရ စာမေးပွဲကွင်းတွေကို လှည့်လည်စစ်ဆေးနေတာ။ ငါက ဧကရာဇ်ရဲ့ သံတမန်ဖြစ်ပြီး အရာအားလုံးကို ကိုင်တွယ်နိုင်တဲ့ အခွင့်အာဏာ အပြည့်ရှိ တယ်။ ဟုန်ရွှန်ကျိက အေးဆေးတည်ငြိမ်စွာ ပြောသည် “ဘယ်နဲ့ညာ, သူ့ကို ဆွဲခေါ်ခဲ့။ ငါ ဒီနေ့ကိစ္စကို ဧကရာဇ်မင်းဆီ အကြောင်းကြားရမယ်။"
"ဟုတ်ကဲ့ပါ"
ထိုအချိန်တွင် လူနှစ်ယောက် ဝင်လာပြီး၊ လီရှန်ကွန်ကို အောက်သို့ ဆွဲချလုဆဲဆဲ ဖြစ်နေပြီ။
"ဟုန်ရွှန်ကျိ, မင်းလုပ်ရင် လုပ်ကြည့်လေ" လီရှန်ကွန်က ဟိန်းဟောက် ပြောလိုက်ပါသည်။ “တကယ်လို့ မင်း ငါ့ကို ရာထူးကနေ ဆင်းခိုင်းဖို့ ပြောရဲရင်, ငါ မင်းတို့နဲ့အတူ တရားကို သွားမယ်။ မင်း စမ်းကြည့်နိုင်တယ်။ ငါ အပြင်ထွက်ပြီး၊ ကျင်းယန်ခေါင်းလောင်းကို တီးခတ်မယ်။ ငါ ပြည်နှင်ဒဏ် ပေးခံရရင်တောင် မင်းနဲ့အတူ ငါ တရားရုံးကို သွားမယ်။ ငါ ရွှေရောင်ခန်းမမှာ ရိုက်နှက်ခံရပြီး သေသွားရင်တောင်, ငါ မင်းကို အဆုံးထိ တိုက်မယ်။ မင်းဆိုတဲ့ဟုန်ရွှန်ကျိက လူယုတ်မာပဲ။ စမ်းကြည့်ပါ။ စမ်းကြည့်လိုက်စမ်းပါ။”
"ကျင်းယန်ခေါင်းလောင်းကို တီးမှာလား” ဟုန်ရွှန်ကျိ၏ နှလုံးသားသည် လှုပ်ခါသွားပါ သည်။ လီရှန်ကွန်သည် တကယ်လုပ်မည်ကို သူ သိသည်။ ကျင်းယန်ခေါင်းလောင်းသည် ဧကရာဇ်မင်းမြတ်အား တရားရုံးနှင့်ပတ်သတ်၍ ကြီးမားသော ကိစ္စတစ်ခုခုရှိမှသာလျှင် အချက်ပေးရန်အတွက် တီးခတ်နိုင်ပါသည်။ သို့သော်, ရာထူးမည်မျှပင် ကြီးမြင့်နေသည် ဖြစ်စေ၊ နိမ့်ကျနေသည်ဖြစ်စေ ခေါင်းလောင်းကို တီးခတ်သူသည် ပြည်နှင်ဒဏ်ခံရမည် ဖြစ်သည်။
ထို့အပြင် လီရှန်ကွန်သည် အငြင်းပွားမှုအတွင်း ရွှေခန်းမ၌ ရိုက်နှက်ခံရပြီး အမှန်တကယ်ပင် သေဆုံးသွားနိုင်ပါသည်။ ထိုသို့ဖြစ်လာခဲ့လျှင် ဤကိစ္စသည် ရယ်စရာကောင်းလိမ့် မည်။
လက်ထောက်စာစစ်သူများသည် စာမေးပွဲစစ်ဆေးသူနှင့် တော်ဝင်နည်းပြဆရာ၏ ဟိန်းဟောက်သံတွေကို ကြားသောအခါတွင် သူတို့အားလုံး ဘေးသို့ ဆုတ်သွားကြသည်။ ဤအငြင်းပွားမှုသည် ကျောင်းများအကြားမှ တိုက်ပွဲတစ်ခုဟု ဆိုနိုင်သည်။ ပထမနေရာ ပေးရုံသက်သက်လောက် မရိုးရှင်းတော့ပါဘူး။ ဟုန်ရွှန်ကျိသည် ကွန်ဖြူးရှပ်ပညာရှင် ဖြစ်ပြီး လီရှန်ကွန်သည် လီအတွေးခေါ်ကျောင်းတော်မှ ပညာရှင် ဖြစ်ပါသည်။