အခန်း (၆၃-၆၅)
Vol. 5 Ch. 63-65
အခန်း (၆၃)။
"ငါ မင်းတို့ ကျေးဇူးကို ခံယူပြီးပြီ။ မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုတော့ဘူး"
ကလေးမလေး အရိုအသေပေးသည်ကိုမြင်တော့ ဟုန်ယွိက အမြန် ပြန်ဆွဲထူလိုက်၏။
ထိုအချိန်တွင် လူနှစ်ယောက်သည် မှောင်ရိပ်ကျသော ဆိုင်ထဲမှ ထွက်လာသည်။ ၎င်းတို့သည် အဘိုးကြီးနှင့် လူသန်ကြီးတို့ ဖြစ်သည်။ သူတို့သည် ဟုန်ယွိကို မြင်သော အခါတွင် ကျေးဇူးရှင်ဟုခေါ်ကာ တစ်ဖန် အရိုသေပေးကြပြန်သည်။
"မင်းတို့ စားပြီးပြီလား။ ငါက ဝင်လာပြီး စကားစမြည် ပြောချင်လို့ပါ။” ဟုန်ယွိက ဆိုင်ကို လှည့်ကြည့်လိုက်သည်။ ဆိုင်က ကြီးကြီးမားမား မဟုတ်ပေမယ့် သန့်ရှင်းသပ်ရပ်ပါသည်။ အတွင်းမှာရှိသည့် ပစ္စည်းတွေကိုလည်း သပ်သပ်ရပ်ရပ် စီရီထားပါသည်။
"ကျွန်တော်တို့ တစ်နေကုန် အလုပ်ရှုပ်နေလို့ ထမင်းစားဖို့ အချိန်မရှိသေးပါဘူး။ အခုမှ ချက်ပြီးရုံပါ။ ထိုက်ဇူ၊ အခန်းထဲမှာ ဆီမီးထွန်းလိုက်ပါ။ မုကလေး၊ ကျေးဇူးရှင်အတွက် လက်ဖက်ရည် ယူလာပါ။” ဟုန်ယွိကို ဆိုင်နောက်ဖေးခန်းထဲကို ခေါ်ပြီးနောက် အဖိုးအိုက အမြန်ပြောလိုက်ပါသည်။
အိမ်သည် လမ်းမျက်နှာစာ အိမ်ရှေ့တွင် ဆိုင်ခန်းတစ်ခန်းနှင့် နောက်ဘက်တွင် အခန်း သုံးခန်း ရှိသည်။ လွတ်နေသောနေရာ အလယ်တွင် ရေတွင်းတစ်ခု ရှိသည်။ ရေတွင်း နံဘေးတွင် အိုးတစ်လုံး၊ မီးဖိုနှင့် စဉ်းလှီးတုံးတစ်ခု ရှိသည်။ စဉ်းလှီးတုံးပေါ်တွင် အသီးအရွက်များနှင့် ဝက်သားတစ်ဝက်ကို သေသေသပ်သပ် လှီးဖြတ်ထားသည်။ အိုးထဲက ထမင်းကလည်း အနံ့မွှေးနေပြီ။
ဤသည်မှာ ကျောက်စိမ်းမြို့တော်ရှိ လူလတ်တန်းစား မိသားစုတစ်ခု၏ စံနှုန်းဖြစ်သော အိမ်နှင့်ညစာ ဖြစ်သည်။
လွန်ခဲ့သည့် နှစ်ရက်က ဤမိသားစုဝင် ၃ ယောက်သည် လမ်းပေါ်မှာ ဖျော်ဖြေနေတုန်းပင်။ သူတို့သည် မြို့တော်ဘုရားကျောင်း၏ ဗိမာန်တော်၌ စားပြီး အိပ်ကြရ၏။ ယခုတော့ သူတို့သည် တည်ငြိမ်သောဘဝကို ပိုင်ဆိုင်လာကြသည်။ ဤအရာအားလုံးသည် သဘာဝ အတိုင်း ဟုန်ယွိကြောင့် ဖြစ်သည်။
အိမ်ထဲတွင် ဆီမီးထွန်းလိုက်သည်။ ဟုန်ယွိက အလယ်မှာထိုင်ပြီး သူ့လက်ဖက်ရည် သောက်သည်။ အဘိုးအိုနှင့် လူသန်ကြီးတို့သည် ထိုင်ခုံသေးသေးလေးတစ်လုံးကို ရွှေ့ကာ သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။ ကလေးမလေးက လွတ်နေသော နေရာမှာ ညစာပြင်ဆင်ရင်း အလုပ်ရှုပ်နေပါသည်။
"ကျေးဇူးရှင်က ဒီနေ့ အထက်တန်း ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီ။ အောင်မြင်မှုဆို တာ နေရာထောင့်တိုင်းမှာ ရှိနေတယ်။"
ဟုန်ယွိ ထိုင်နေသည်ကို မြင်ပြီးနောက် သတ္တုမျှော်စင်ကဲ့သို့ လူသန်ကြီးက ကမန်းကတန်း ပြောလိုက်တယ်။ သူသည် အညိုရောင်ဝတ် လူရိုင်းတစ်ယောက်ဘဲ ရိုးရှင်းသော စိတ်ရှိ သည်။ ထို့ကြောင့် သူက ဟုန်ယွိ၏ အချက်လက်ကို မြင်နိုင်ခဲ့သည်။
"ထိုက်ဇူ, မင်း ဘာပြောနေတာလဲ။ ကျေးဇူးရှင် သခင်လေးက မြင့်မြတ်တယ်။ မင်းက အောင်မြင်မှုအကြောင်း ဘယ်လိုပြောနိုင်မှာလဲ" အဘိုးအိုသည် မြေပြင်ပေါ်မှ သံမဏိ ဆေးတံကို အသုံးပြု၍ ခေါက်လိုက်ပါသည်။ လူသန်ကြီးသည် ချက်ချင်းပင် စကား ရပ်လိုက်သည်။
“ဒီရက်ပိုင်းတွေမှာ ရလဒ်တွေထွက်ဖို့ စောင့်နေရင်း အလုပ်ရှုပ်နေတယ်။ မင်းတို့ရဲ့ နောက်ခံအကြောင်း မေးဖို့တောင် အချိန်မရှိခဲ့ဘူး။ မင်းမှာ ထူးကဲတဲ့ အရည်အချင်းတွေ ရှိတယ်လို့ ငါမြင်တယ်။ မင်းရဲ့ အရည်အချင်းတွေကို ရောင်းထုတ်တဲ့ နေရာမှာ ဘယ်လို လုပ် ကျရောက်သွားရတာလဲ”။
ထုံးစံအတိုင်း ဟုန်ယွိသည် ဤလူသုံးယောက်၏ မူလဇစ်မြစ်ကို ရှာဖွေရန်အတွက် ယနေ့ လာခဲ့ခြင်း ဖြစ်ပါသည်။ သူတို့ လိမ်ညှာပြောမည်ကို သူ ဂရုမစိုက်ဘူး။ သူသည် အတွေ့ အကြုံရှိပြီး အရာများစွာကို ရှာဖွေဖော်ထုတ်နိုင်သူ ဖြစ်သည်။ သူတို့ လိမ်မလိမ် သူ ပြောနိုင်ပါသည်။
"ကျွန်တော်တို့ ဘယ်ကလာတာလဲဆိုတာ သခင်လေး သိချင်တာလား" အဘိုးအို၏ အကြည့်တွေက စူးရှလာပါသည်။ "သခင်လေး အမှန်အတိုင်း ကြားချင်လား ဒါမှမဟုတ် အလိမ်အညာတွေ ကြားချင်လား။” သူက မေးလိုက်သည်။
“အမှန်တိုင်းပဲဖြစ်ဖြစ်၊ လိမ်ညာပြီးပဲဖြစ်ဖြစ် မင်းတို့ ပြောချင်တဲ့တိုင်း ပြောလို့ရတယ်။ ဒါပေမယ့် မင်းတို့က ဒိုင်ဇင်ဘုရားကျောင်းရဲ့ ကိုယ်ခံပညာကို လေ့ကျင့်ထားတာ ဖြစ်သင့် တယ်။ ဒါကိုတော့ မင်းတို့ ငါ့ဆီကနေ ဖုံးကွယ်လို့ မရနိုင်ဘူး။" ဟုန်ယွိက ခေါင်းမော့ပြီး အဖိုးအိုကို ကြည့်လိုက်သည်။
"အမြင်အာရုံ ကောင်းတယ်။" ထိုအချိန်တွင် အဘိုးအိုသည် ဟုန်ယွိကို စိုက်ကြည့်နေသည်။ "တော်ဝင်ချန်မင်းဆက်မှာ သိုင်းသူတော်စင်နှစ်ဦး ရှိတယ်။ ပထမတစ်ဦးက ကျေးဇူးရှင်ရဲ့ ဖခင် ဝူဝမ်မြို့စားပဲ။ ဒုတိယတစ်ဦးကတော့ နတ်ဘုရားတန်ခိုးရှင် ဝမ်ရီပဲ။ ကျေးဇူးရှင်က ဝူဝမ်မြို့စားရဲ့ ကိုယ်ခံပညာကို အမွေဆက်ခံခဲ့တယ်။ ဒီအဘိုးကြီးရဲ့ ကိုယ်ခံပညာရဲ့ မူလ အစကိုတောင် ကျေးဇူးရှင်က တကယ်မြင်နိုင်တယ်။"
"ငါ မင်းရဲ့ကိုယ်ခံပညာကို ငါမမြင်ဖူးပေမယ့် ထိုက်ဇူရဲ့ ကိုယ်ခံပညာကို ငါမြင်ဖူးတယ်။ အဲဒါက နတ်ဆိုးမျောက်ဝံဖရိုဖရဲ နတ်ဘုရားတုတ်သိုင်း ဖြစ်သင့်တယ်။ ဒါပေမယ့် မုကလေးရဲ့ ကိုယ်ခံပညာကတော့ ယွန်မင်နိုင်ငံ အရှေ့တောင်ဘက်၊ ဆန်းကြယ်ကောင်ကင်ဘုံခန်းမက လိပ်ပြာအကလက်သီး ဖြစ်နေပုံရတာ ထူးဆန်းနေတယ်။ သူတို့ရဲ့ ကိုယ်ခံပညာက မိုင်ပေါင်းထောင်ချီ ကွာဝေးကွာနေတယ်။ ဒီကိုယ်ခံပညာတွေက ဘယ်လိုလုပ် အတူတူ ရှိနေတာလဲ။”
ဟုန်ယွိက သူ့စိတ်ထဲမှ မေးခွန်းတစ်ခု မေးလိုက်သည်။
"ကျေးဇူးရှင်က မုကလေးရဲ့ လိပ်ပြာအကလက်သီးကိုတောင် မြင်နိုင်တာလား။ အဘိုးအို က အံ့ဩသွားပြီး ခေါင်းယမ်းလိုက်၏။ "ကျေးဇူးရှင်က ကိုယ်ခံပညာတွေကို ပိုင်ဆိုင်ထားပေမယ့် ကြွက်သားတွေ ပြည့်ဝနေတဲ့အထိပဲ လေ့ကျင့်ရသေးတယ်။ အမြင်အာရုံက ဒီလောက်ကောင်းနေမယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး။"
ဟုန်ယွိ ပြုံးပြီး ပြန်မဖြေ။ အဘိုးအိုက သူ့ဇာစ်မြစ်အကြောင်း ပြောပြရန် သူ စောင့်ဆိုင်းနေ သည်။
"ကျွန်တော်တို့က ရှန်မိသားစုတောင်ကြားကပါ။ ကျွန်တော့်နာမည်က ရှန်ထိုက်ယန်ပါ၊ ဒါက ကျွန်တော့်သား ရှန်ထိုက်ဇူပါ။ မုကလေးကိုတော့ ကျွန်တော်တို့က လမ်းမှာ ကယ်တင်ခဲ့တာပါ။ သူမနာမည်က ယုဝမ်ပါ။ အစောပိုင်းနှစ်တွေမှာ ကျွန်တော်တို့ ရှန်မိသားစုတောင်ကြားက ဒိုင်ဇင် ဘုရားကျောင်းရဲ့ လယ်ကွင်းတွေကို ငှားရမ်းခဲ့တယ်။ ငှားရမ်းခကလည်း အများကြီးမဟုတ်ဘူး။ ဒါပေမဲ့ ဒိုင်ဇင်ဘုရားကျောင်း ဖျက်ဆီးခံရပြီးနောက်မှာ လယ်ကွင်းတွေကို ငါတို့ပိုင်ပေမယ့် အခွန်တွေက တစ်နှစ်ထက်တစ်နှစ် တိုးလာခဲ့တယ်။ ဒါ့အပြင်, လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရေလွှမ်းမိုးခဲ့တယ်။ ငါတို့က အခွန်မဆောင်နိုင်တော့ အစိုးရက လယ်တွေကို သိမ်းယူချင်နေတယ်။ ငါတို့က ဒေါသထွက်ပြီး တာဝန်ရှိသူ အနည်းငယ်ကို ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ကြတယ်။ ငါတို့ဟာ တောကန္တာရကြီးကနေ ထွက်ပြေးလွတ်မြောက်ပြီး ဒီလမ်းတလျှောက်လုံး လှည့်လည်သွားလာနေခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ လက်သီးပညာရပ်တွေကလည်း အစောပိုင်းနှစ်တွေက ဖျက်ဆီးမခံရခင် ဒိုင်ဇင်ဘုရားကျောင်းကနေ ဆင်းသက်လာခဲ့တာပဲ။ ကျွန်တော်တို့ ရှန်မိသားစုတောင်ကြား က လယ်ယာစိုက်ပျိုးပြီး လက်သီးပညာရပ်တွေကို မျိုးဆက်ပေါင်းများစွာ လေ့ကျင့်ခဲ့ကြ တယ်။ ကျွန်တော်တို့ရဲ့ ကိုယ်ခံပညာက လေးနက်မှုမရှိပေမယ့် ကျွန်တော်တို့က ကိုယ့်ကိုယ်ကို ကာကွယ်နိုင်ဆဲ ဖြစ်တယ်။ ကျွန်တော်တို့ဟာ မိုက်မဲနေတဲ့ကမ္ဘာကြီးမှာ ဓားပြတွေကို ကြောက်စရာမလိုဘူး။” အဘိုးအိုက မမောမပန်း ပြောလိုက်သည်။ သူက သူ့ဆေးတံကို ဆေးရွက်ကြီး အပြည့်ဖြည့်ပြီး၊ တရှိုက်ဖွာပြီး နောက် ခေါင်းယမ်းလိုက်၏။
"မင်းတို့က ရှန်မိသားစုတောင်ကြားကလား။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရှန်မိသားစု တောင်ကြားဟာ ရေလွှမ်းမိုးခြင်း ခံခဲ့ရတယ်။ အိမ်ရှေ့စံမင်းသားက ရေဘေးဒုက္ခ ကယ်ဆယ်ရေးအတွက် ငွေတွေအများကြီး ခွဲဝေပေးတယ်လို့ ငါ ကြားထားတယ်။ ဒါပေမယ့် ဒိုင်ဇင်ဘုရားကျောင်းက ကျောက်စိမ်း အဖွဲ့စည်းက ပြဿနာကို လိုလားနေဆဲ ဖြစ်ပုံရတယ်။ နောက်ဆုံးမှာ လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့တယ်။ နောက်ပိုင်း စစ်တပ်ကို နှိမ်နင်းဖို့ စေလွှတ်ခဲ့ရတယ်။ အချိန်မီ နှိမ်နင်းမှုကြောင့် ဧကရာဇ်မင်းက အိမ်ရှေ့စံ မင်းသားကို ချီးမြင့်မြှောက်စားခဲ့တယ်။ ဒီကိစ္စတွေကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ဖို့ သူ့ကို ပြောခဲ့တယ်။”
ဟုန်ယွိသည် ဤစကားကို ကြားသောအခါ၊ သူသည် ရှန်ထိုက်ယန်ကို အနည်းငယ် ယုံကြည်သွားသည်။ သို့သော် ဤရှန်ထိုက်ယန်သည် တာဝန်ရှိများကို ဒဏ်ရာရအောင် တိုက်ခိုက်ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသောကြောင့် သူသည် ရာဇဝတ်ကောင် ဖြစ်နေခဲ့သည်။ နောက်ဆက်တွဲ ဆိုးကျိုးတွေက ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ကူပေ။
"ဘာ...။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ရန်ပုံငွေမှ ခွဲဝေပေးခြင်းမျိုး မရှိခဲ့ဘူး။ အားလုံးကို ကျုံကျူးပြည်နယ် တာဝန်ရှိသူတွေက အလွဲသုံးစားလုပ်သွားခဲ့တာ။ ငါတို့က သူတို့ဆီသွားပြီး အကျိုးအကြောင်းပြောတော့, ငါတို့ကို လူထုအုံကြွမှုကြီး လုပ်ပါတယ်ဆို ပြီး ပြောလို့ရတယ်။ ရွာတွေကို သိမ်းပိုက်ဖို့ စစ်တပ်ကို ဦးဆောင်ခဲ့သူ ဗိုလ်ချုပ်က သူခိုး ဓားပြဖြစ်ပြီး သူ့အရာရှိဦးထုပ်ကို သွေးတွေစွန်းထင်းအောင် အသုံးပြုခဲ့တယ်။ ငါတို့ ထွက်ပြေးပြီးနောက်, သူတို့က ရွာထဲက ယောက်ျား၊ မိန်းမ၊ လူကြီး, လူငယ်အားလုံးကို သတ်ပစ်ပြီး၊ မြေပြင်ပေါ်မှာ ဝါးချွန်တွေနဲ့ ထိုးစိုက်ထားကြတယ်။”
ရှန်ထိုက်ဇူသည် ဟုန်ယွိ၏ စကားကို ကြားသောအခါ သည်းမခံနိုင်တော့ပေ။ သူက ခြေထောက်ကို မြေပြင်ပေါ် ဆောင့်နင်းမိပြီး တစ်အိမ်လုံး တုန်လှုပ်သွားခဲ့သည်။
"ဒီလိုမျိုးရှိခဲ့တာလား" ဟုန်ယွိသည် ထိုစကားကို ကြားသောအခါ တုန်လှုပ်သွားပါသည်။ ဤအရာက အသေးအမွှားကိစ္စ မဟုတ်ပါဘူး။ ၎င်းတွင် အိမ်ရှေ့စံမင်းသားနှင့် ပတ်သက်နေပြီး ဟုန်အိမ်တော်နှင့် ပတ်သက်ဆက်နွှယ်မှု ဖြစ်နိုင်ချေ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ဝူဝမ်မြို့စား ဟုန်ရွှန်ကျိ သည် အိမ်ရှေ့စံမင်းသားကို ထောက်ခံခဲ့ပြီး၊ အတိတ်တုန်းက ဟုန်ရှီသည် သူသွားရာအဝင်အထွက် လမ်းတစ်လျှောက် ရန်သူ အားလုံးကို သတ်ဖြတ်ကာ အိမ်ရှေ့စံမင်းသားကိုပင် အကာအကွယ်ပေးခဲ့ပါသည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတ်တိတ်နေပါ။ တရားမျှတမှုက ပြည်သူတွေရဲ့နှလုံးသားထဲမှာ ရှိနေပြီ။ အမှန်တရား ပေါ်လာတဲ့ နေ့တစ်နေ့တော့ ရှိလာလိမ့်မယ်၊ ဒါပေမယ့် အခုမဟုတ် ဘူး" ဟုန်ယွိက ကမန်းကတန်း ပြောလိုက်သည်။ ဤကိစ္စသည် သူကဲ့သို့ အထက်တန်း ပညာရှင် ငယ်တစ်ဦး ခံနိုင်ရည်ရှိသော ကိစ္စမဟုတ်ပေ။ တရားရုံးမှာ အရေးပါသည့် အရာရှိ ဖြစ်ခဲ့လျှင်ပင်, သူသည် ထိုတာဝန်ကို ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဤကိစ္စက အကြိမ်ပေါင်း တစ်ထောင်လောက် ခေါင်းဖြတ်ခံရဖို့ လုံလောက်ပါပြီ။
"ဒီလူအိုကြီးက ကျေးဇူးရှင် ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ သိပါတယ်။" အဘိုးအိုသည် သူ့ဆေးတံကို နက်နက်ရှိုင်း ဖွာထုတ်လိုက်ပြီး အငွေ့တွေက သူ့မျက်နှာကို ဖုံးလွှမ်း သွားပါသည်။
"မုလေးရဲ့မျိုးရိုးနာမည်က ယုဝမ်လား။ ဒါက ပေါင်းစပ်မျိုးရိုးနာမည် ဖြစ်နေပါလား။ အဲဒါ ယွန်မင်နိုင်ငံမှာ အများသုံး မျိုးရိုးနာမည်တွေပဲ။ ယွန်မင်နိုင်ငံက လူတွေလောက်ပဲ ယုဝမ်, မုရုန်နဲ့ အိုးယန်တို့လို မျိုးရိုးအမည်တွေ ရှိကြတယ်။ မုကလေးက ယွန်မင်နိုင်ငံကများ ဖြစ်နိုင်မလား။” ဟုန်ယွိက ခြံဝင်းထဲမှာ ဟင်းချက်နေသည့် ကလေးမလေးကို ကြည့်လိုက် သည်။
"မုလေးက ယွန်မင်နိုင်ငံပဲ။ ကျွန်တော်တို့ ဒီကိုလာတဲ့လမ်းမှာ ယွန်မင်နိုင်ငံ စစ်သည်တော် တွေက သူမကို သယ်လာတာတွေ့ရတယ်။ သူမက တစ်စုံတစ်ယောက်ရဲ့ လိုက်ဖမ်းခြင်းကို ခံခဲ့ရပြီး၊ ကျွန်တော်တို့က သူမကို ကယ်တင်ခဲ့တာ။ ဒါပေမဲ့ စစ်သည်တော်တွေကတော့ ဒဏ်ရာကြောင့် သေဆုံးသွားခဲ့တယ်။ ဒီနှစ်တွေတစ်လျှောက်လုံး သူမကို ကျေးဇူးတင်ရ မယ်။ ကျွန်တော်က သူမကို ကျွန်တော့် မြေးတစ်ယောက်လို ဆက်ဆံတယ်။” အဘိုးအိုက သူ့ဆေးတံကို ဖွာလိုက်သည်။ သူမမှာ ကောင်းမွန်တဲ့ဘဝမရှိခဲ့တာ သနားစရာပါပဲ။”
"မင်းတို့ရဲ့အခြေအနေအရ, မင်းတို့ဟာ ကျောက်စိမ်းမြို့တော်မှာ ဆက်မနေနိုင်မှာ ငါ ကြောက်မိတယ်။ ဒီကိစ္စက သက်ရောက်မှုတွေ အများကြီး ရှိနေတယ်။" ဟုန်ယွိက ပြောသည်။
"ဒီအဘိုးကြီးလည်း သိပါတယ်" ရှန်ထိုက်ယန်က "တကယ်တော့၊ ကျွန်တတော်တို့ဟာ နှစ်အနည်းငယ် ကြာအောင် ရူးသွပ်တဲ့ကမ္ဘာကြီးမှာ ကျင်လည်ကျက်စားခဲ့ဖူးတယ်။ ကျွန်တော်တို့ရဲ့ နေ့ရက်တွေက တကယ့်ကို ငြီးငွေ့စရာကောင်းတယ်။ ကျေးဇူးရှင်၊ မင်းက ပညာရှင်တစ်ယောက်ဖြစ်လို့ ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တယ်။ တကယ်လို့, ကျွန်တော်တို့သာ မင်းရဲ့ကျေးကျွန်တွေ ဖြစ်လာခဲ့ရင်, အနာဂတ်မှာ ကျွန်တော်တို့ရဲ့ နေ့ရက်တွေက တည်ငြိမ်လာလိမ့်မယ်။ ကျွန်တော်တို့က ကျွန်တော်တို့ကြောင့် ကျေးဇူးရှင် ဒီကိစ္စမှာ ပါဝင်ပတ်သက်သွားမှာ စိုးရိမ်နေတာပါ။”
“ဒီကိစ္စက တကယ်ကို ဒုက္ခများတယ်။" ဟုန်ယွိက ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
မူလက ဟုန်ယွိသည် ၎င်းတို့သုံးဦးက ကိုယ်ခံပညာတွင် ကျွမ်းကျင်ကြပြီး၊ ပင်မကျောရိုး တစ်ခု ရှိကြောင်း သိမြင်နိုင်ခဲ့သည်။ သူ အပြင်သို့ ပြောင်းသည့် အခါ, အိမ်ကို စီမံခန့်ခွဲရန် ဘယ်သူမှ မရှိပေ။ ၎င်းတို့ သုံးဦးသည် ကိုယ်စားလှယ်ကောင်းများ ဖြစ်လာနိုင်သည်။ သို့သော် ယခုတော့ သူ တုံ့ဆိုင်းနေရသည်။
ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့ သားအဖ နှစ်ယောက်သည် ရှန်မိသားစုတောင်ကြားက လာခြင်းဖြစ်သည်။ ထိုအကြောင်းကို ဖော်ထုတ်ခံရသည်နှင့် ရှန်မိသားစုတောင်ကြားက လူတွေ ပုန်ကန်သည့်ကိစ္စလည်း ပါဝင်လာလိမ့်မည်။ ၎င်းသည် ချက်ချင်းပင် ကြီးစွာသော ဘေးဥပါဒ်ကြီး ဖြစ်လာလိမ့်မည်။
အိမ်ရှေ့စံမင်းသားရာထူးအတွက် ရည်မှန်းချက်ကြီးမားသော မင်းသားများစွာက လိုလား နေကြသည်။ ထိုကိစ္စ ဖော်ထုတ်ခံရသည်နှင့် တရားရုံးတစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။
ထို့အပြင် မုကလေး၏ နောက်ခံသည် မတည်ငြိမ်ပေ။ သူမသည် ယွန်မင်မှ တော်ဝင်ချန် တိုင်းပြည်သို့ သွားရာလမ်းတစ်လျှောက်လုံးတွင် သူမနောက်ကို ယွန်မင်မှလူများက လိုက်လံဖမ်းဆီးခဲ့ကြသည်။ သူမသည် တရားဥပဒေကို လိုက်နာသူ မဟုတ်သည်မှာ သေချာပါသည်။
အခန်း (၆၄)။
"မင်းတို့အားလုံးက အပြစ်သားတွေဖြစ်မှတော့, မင်းတို့ တောင်ပေါ်မှာ ပုန်းမနေဘဲ ဘာလို့ ကျောက်စိမ်းမြို့တော်ကို လာကြတာလဲ။ မင်းတို့ အဲဒီကိစ္စကို ဧကရာဇ်မင်းမြတ်ထံ တိုင်တန်းဖို့ အခွင့်အရေးရှာနေတာ ဖြစ်နိုင်မလား။"
ဟုန်ယွိသည်, သူတို့သုံးယောက်ကို ကာကွယ်ရန် အထက်တန်း ပညာရှင်ဟူသော သူ့အဆင့်တန်းကို အသုံးချသင့်မသင့် နက်နက်ရှိုင်းရှိုင်း တွေးတောနေစဉ် ရုတ်တရက် သူ့စိတ်ထဲမှာ အတွေးတစ်ခု ပေါ်လာပါသည်။
“မှန်ပါတယ်။ ကျွန်တော် ဧကရာဇ်ကို တိုင်တန်းဖို့အတွက် အခွင့်ကောင်းရှာဖို့ ကျောက်စိမ်း မြို့တော်ကို လာခဲ့တာပဲ။ ရှန်းမိသားစုမှာ လူပေါင်း ၁၃၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်။ ကျွန်တော်တို့ပဲ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့ကြတာ။ ဒီသွေးစွန်းမှုတွေအတွက် ကျွန်တော်တို့က တရားမျှတမှုကို ရှာဖွေရမယ်။"
ရှန်ထိုက်ယန်သည် သူ၏သံမဏိဆေးတံကို အသုံးပြုပြီး မြေပြင်ကို ခေါက်လိုက်သည်။ မီးပွားများက လွင့်ပျံသွားပါသည်။
"တရားမျှတမှု တရားမျှတမှု.." ဟုန်ယွိသည် ထိုစကားလုံးနှစ်လုံးကို အရသာခံနေသကဲ့သို့ အကြိမ်အနည်းငယ် ရေရွတ်လိုက်ပါသည်။ ရုတ်တရက် သူ့မျက်လုံးတွေက တောက်ပလာ သည်။ “ဧကရာဇ်မင်းမြတ်ထံ အစီရင်ခံဖို့ကိစ္စက အချိန်တိုအတွင်း လုပ်ဆောင်နိုင်တဲ့ ကိစ္စ မဟုတ်ဘူး။ ဖြည်းဖြည်းချင်း လုပ်ဆောင်ဖို့ လိုအပ်တယ်။ ဒါပေမယ့် မင်းတို့ရဲ့ကိုယ်ရေး အချက်လက်တွေက ထိလွယ်ရှလွယ် ဖြစ်လွန်းတယ်။ တကယ်လို့, ဒီသတင်း နည်းနည်း လေး ပေါက်ကြားသွားတာနဲ့ မင်းတို့ သင်္ချိုင်းမြေမရှိဘဲ သေသွားမှာကို ငါ ကြောက်မိတယ်။ အရင်ဆုံး တည်ငြိမ်အောင်နေပြီး၊ မင်းတို့ကို ငါ့အစေခံတွေ ဖြစ်ဖို့ ငါစီစဉ်မယ်။ မင်းတို့ အမည်တွေကို စာရင်းသွင်းပြီး၊ မင်းတို့နာမည်တွေကို ပြောင်းလဲပစ်ရမယ်။ ဒါမှ အဆင်ပြေ ချောမွေ့ပြီး မင်းတို့ ဘယ်သူဘယ်ဝါ ဖြစ်လဲ သိရှိဖို့ ခက်ခဲသွားလိမ့်မယ်။”
ဟုန်ယွိက သူတို့သုံးယောက်ကို ခေါ်ထားရန် ဆုံးဖြတ်လိုက်ပါသည်။
သူတို့သုံးယောက်မှာ ပုန်းကွယ်နေသည့် အန္တရာယ်တွေ ရှိသော်လည်း, သူသည် သွေးကြွေးကို လက်စားချေချင်နေသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူ့အတွက် မှန်ကန်ပြီး သင့်လျော်ပါ သည်။
အထက်တန်းပညာရှင်ဟူသော သူ၏လက်ရှိအနေအထား, ကျန်းနန်မင်းသမီးဟူသော သူငယ်ချင်း, မြို့စားဝူဝမ် စံအိမ်ဟူသော ကျားအရေခွံနှင့် သူသည် အစိုးရထံသွားပြီး ၎င်းတို့ သုံးဦး၏ အိမ်ထောင်စုစာရင်းကို ရရှိအောင် ကူညီပေးနိုင်ပါသည်။ ထို့နောက် သူတို့အား သူ့အစေခံများ ဖြစ်လာစေရန် စီစဉ်ပေးနိုင်သည်။
ယခုအခါ ၎င်းတို့သုံးဦးသည် မှတ်ပုံတင်မရှိသော နေထိုင်သူများ ဖြစ်သည်။ ၎င်းတို့သည် ကျောက်စိမ်းမြို့တော်တွင် ဆိုင်တစ်ဆိုင်ငှားပြီး အခြေချနေထိုင်နိုင်ကာ ဖျော်ဖြေရန် လမ်းများပေါ်တွင် လှည့်လည်သွားလာနေရန် မလိုအပ်ခဲ့ပုံရသော်လည်း, လအနည်းငယ် ကြာတိုင်း ကျောက်စိမ်းမြို့တော်သည် တင်းကျပ်သော အိမ်ထောင်စုစာရင်း စစ်ဆေးမှုကို ပြုလုပ်သည်။ မှတ်ပုံမတင်ထားသူများ အားလုံးကို ဖမ်းဆီးပြီး ထောင်ထဲ ပို့မည်ဖြစ်သည်။ ၎င်းတို့၏ ကိုယ်ရေးရာဇဝင်များကို စစ်ဆေးပြီး ၎င်းတို့သည် ပြစ်မှုတစ်စုံတစ်ရာ မကျူးလွန် ကြောင်း အတည်ပြုနိုင်မှသာ ယာယီအိမ်ထောင်စုစာရင်း ပေးသွင်းရန်နှင့် ယာယီ အခြေချ နေထိုင်ခွင့် ပြုမည်ဖြစ်သည်။
ယင်းသို့ စစ်ဆေးခြင်းသည် မြို့တော်၏ လုံခြုံရေးကို သေချာစေရန် ဖြစ်သည်။
အကယ်၍, သူတို့သုံးယောက်က ကျောက်စိမ်းမြို့တော်မှာ အကြာကြီးနေချင်သည်ဆိုလျှင်, မြောင်းထဲမှ ကြွက်တွေလို ဖြစ်သွားကြလိမ့်မည်။
"ကျေးဇူးတင်ပါတယ် ကျေးဇူးရှင်။" ရှန်ထိုက်ယန်၏ မျက်နှာမှာလည်း ရွှင်မြူးသွားသည်။ ၎င်းတို့သည် ဟုန်ယွိ၏ အကာအကွယ်ကို ရရှိပြီးနောက်, အိမ်ထောင်စုစာရင်း ရရှိနိုင် ကြောင်း သံသယ မရှိပေ။ သို့မှသာ သူတို့သည် နေ့စဉ်နှင့်အမျှ ကြောက်ရွံ့နေစရာမလိုဘဲ အမှန်တကယ် အခြေချနေထိုင်နိုင်မည် ဖြစ်သည်။
မှတ်ပုံတင်အရ, သူသည် ဟုန်ယွိ၏အစေခံ၊ အိမ်ဖော်ဖြစ်ရမည်ဟု ဆိုသည်။ သို့သော် ဟုန်ယွိသည် ယုတ်မာသော သခင်မဟုတ်ဟု ထင်ရသည်။ သူ့အတွက် အိမ်နှင့် ငွေကြေးကို ဂရုစိုက်ဖို့ပေးက ကြီးကြီးမားမားကိစ္စ မဟုတ်ပါဘူး။
ထို့အပြင် ဟုန်ယွိသည် အနာဂတ်တွင် ပိုမိုတိုးတက်ပြီး အရာရှိဖြစ်လာပါက၊ ၎င်းတို့သည် အဓိကအိမ်တော်ထိန်းများ ဖြစ်လာမည် ဖြစ်သည်။ တစ်ဆင့်ပြီးတစ်ဆင့်၊ သူတို့သည် အထက်အရာရှိများထံ ချဉ်းကပ်နိုင်မည်ဖြစ်ပြီး ဧကရာဇ်မင်းမြတ်ထံ တိုင်ကြားရန် အခွင့် အလမ်းများ ပိုမို ရရှိလာမည် ဖြစ်သည်။
အကယ်၍ သူသည် အင်ပါယာတရားရုံးသို့ တိုက်ရိုက် သတင်းသွားပို့ပါက၊ သူသည် အင်ပါယာမြို့တော်နှင့်ပင် အနီးမကပ်နိုင်မှာ အဖမ်းခံရပြီး အပိုင်းပိုင်း ဖြတ်တောက်ခံရဖွယ် ရှိပါသည်။
"အခု မင်းရဲ့ ကိုယ်ခံပညာအဆင့်က ဘယ်လိုလဲ။" ဟုန်ယွိသည် ရှန်ထိုက်ယန်ကို ကြည့်ကာ သူ့ကို ထပ်မံ စစ်ဆေးမေးမြန်းခဲ့သည်။
"ကျွန်တော်က လက်သီးပညာရပ်ကို အနှစ်လေးဆယ်လောက် လေ့ကျင့်ပြီး၊ ဒိုင်ဇင် ဘုရားကျောင်းရဲ့ ရဟန္တာလက်သီးသုံးဆယ့်ခြောက်ကွက်ကို လေ့ကျင့်ခဲ့တယ်။ ကျွန်တော့် အရိုးတွေက သန်မာပြီး၊ သိုင်းသခင်အဆင့်ကို ရောက်ခဲ့ပေမယ့် ဒီရဟန္တာလက်သီး သုံးဆယ့်ခြောက်ကွက်က ဒိုင်ဇင်ဘုရားကျောင်းရဲ့ အမြင့်ဆုံးအဆင့် ကိုယ်ခံပညာတော့ မဟုတ်ဘူး။ ကျွန်တော့်ကိုယ်ခံပညာက သန့်စင်ပေမယ့် ကျွန်တော့်ခန္ဓာကိုယ်ရဲ့ အချို့ အစိတ်တွေကို မလေ့ကျင့်နိုင်ခဲ့ဘူး။ ကျွန်တော်က အထွတ်အထိပ် သိုင်းသခင်အဆင့်ကို မရောက်ရှိနိုင်ခဲ့ဘူး။ အများဆုံး, ကျွန်တော်ကို အလယ်အလတ် သိုင်းသခင်လို့ပဲ သတ်မှတ် လို့ရတယ်။” ရှန်ထိုက်ယန်က ခေါင်းယမ်းလိုက်သည်။ "ဒါပေမယ့် ဒီကလေးထိုက်ဇူဟာ ထူးထူးခြားခြား အရည်အချင်းရှိပြီး ထူးကဲတဲ့ ခွန်အားတွေနဲ့ မွေးဖွားလာခဲ့တာပါ။ သူ့အတွက် လေ့ကျင့်ဖို့ နည်းစနစ်ကောင်းတွေ မရှိခဲ့တာ နှမြောစရာ။ သူက နတ်ဆိုး မျောက်ဝံဖရိုဖရဲနတ်ဘုရားတုတ်ကို အသုံးပြုပြီး သိုင်းသခင်တွေနဲ့ ယှဉ်နိုင်ပေမယ့် သူ့ရဲ့ ကိုယ်ခံပညာ၊ ကြွက်သားတွေ၊ အရေပြားတွေကို သေသေချာချာ လေ့ကျင့်မထားရဘူး။"
"ဒိုင်ဇင်ဘုရားကျောင်းရဲ့ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်နဲ့ ကျားနတ်ဆိုး အရိုးပုံ သွင်းခြင်း လက်သီးပညာရပ်တို့ဟာ ကြွက်သား၊ အရေပြားနဲ့ အရိုးတွေကို လေ့ကျင့်ပေးတဲ့ လျှို့ဝှက်ပညာတွေလို့ ကျွန်တော် ကြားဖူးတယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက်က ပျောက်ဆုံးသွားခဲ့တာ နှမြောစရာပဲ။ တကယ်လို့, ငါသာ အဲဒါတွေကို သင်ယူနိုင်ရင်၊ သိုင်းသခင်အဆင့်ကို ရောက်ဖို့ တစ်နှစ်နှစ်နှစ်လောက် ပင်ပင်ပန်းပန်း ကြိုးစားလိုက်ရုံပဲ။ အဲဒီအချိန်ရောက်ရင်, ရှန်တန်သိုင်းသခင်တောင် ငါ့နတ်ဆိုးမျောက်ဝံဖရိုဖရဲ နတ်ဘုရား တုတ်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” ရှန်ထိုက်ဇူက နှိမ့်ချသောအသံဖြင့် ပြောသည်။
"မင်းက တကယ့်ကို ထူးကဲတဲ့ပါရမီရှင် စစ်သည်တော်တစ်ဦးပါ။ ကိုယ်ခံပညာ လေ့ကျင့်ဖို့ အသင့်တော်ဆုံးပဲ" ဟုန်ယွိသည် သံမဧိမျှော်စင်နှင့်တူသော ရှန်ထိုက်ဇူကို ကြည့်လိုက်ပါ သည်။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ကြွက်အသားတုံးများသည် သံပြားများနှင့် ကျောက်တုံးများ ကဲ့သို့ ဖြစ်နေပြီး၊ ခွန်အားကြီးမားပြီး ခြိမ်းချောက်နိုင်စွမ်းရှိလှပါသည်။
ရှန်ထိုက်ဇူ၏ ကိုယ်ခံပညာသည် သန့်စင်ခြင်းမရှိကြောင်း ဟုန်ယွိက ပြောနိုင်သော်လည်း သူ၏ သဘာဝ ကိုယ်လုံးကိုယ်ပေါက်က သူ့ကို အဆုံးမရှိ ရဲစွမ်းသတ္တိကို ပေးစွမ်းနိုင်သည်။
ထိုကဲ့သို့ လူတစ်ယောက်သည် သိုင်းတပည့်နယ်ပယ်၌ ရှိနေလျှင်ပင်, သိုင်းသခင်တစ်ဦးကို လက်ဗလာဖြင့် သတ်ဖြတ်နိုင်ပါသည်။ အကယ်၍, သူသည် သိမ်မွေ့နက်ရှိုင်းသော လက်သီးပညာရပ်ကို လေ့ကျင့်ထားလျှင် ပို၍ပင် ကြောက်စရာကောင်းပေလိမ့်မည်။
"မုကလေးရဲ့ ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးပညာရပ်ကလည်း ကြွက်သားတွေကို လေ့ကျင့်ပေးနိုင်တဲ့ အထွက်အထိပ် ပညာရပ်တစ်ခုပဲ။ ဒီပညာရပ်က ယွန်မင်နိုင်ငံ ဆန်းကြယ်ကောင်ကင်ဘုံခန်းမရဲ့ လျှို့ဝှက်နည်းပညာတစ်ခုလည်း ဖြစ်တယ်။ အဲဒါက ဒိုင်ဇင်ဘုရားကျောင်းရဲ့ နွားသိုးနတ်ဆိုးခွန်အားလက်သီးပညာရပ်ထက် မနိမ့်ကျဘူး။ မင်း သူမဆီကနေ ဘာကြောင့် သင်မသင်ယူတာလဲ။” သားဖြစ်သူ၏စကားကို ကြားသောအခါ ရှန်ထိုက်ယန်က ဒေါသထွက်သွားပါသည်။
"ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးက ပျော့ပျောင်းတယ်။ ငါ့လက်တွေက လှည့်ပတ် လှုပ်ရှားရပြီး မိန်းမတစ်ယောက်လို တင်ပါးနဲ့ ခါးကို တွန့်လိမ်ရ မယ်။ ငါ အဲဒါကို သင်ယူရင်တောင် ငါ့ရဲ့စိတ်နေစိတ်ထားက မိန်းမဆန်လာပြီး ငါ့ရဲ့ထက်မြက်မှုတွေ ပျောက်သွားလိမ့်မယ်။ ငါ နတ်ဆိုးမျောက်ဝံ ဖရိုဖရဲနတ်ဘုရားတုတ်ကို အသုံးပြုတဲ့အခါ တောင်တွေကို ဖြိုခွဲပြီး၊ လှိုင်းလုံးတွေကို ဖြတ်တောက်နိုင်တဲ့ အရှိန်အဟုန်မျိုး မရှိနိုင်တော့ဘူး။ ငါ အဲဒါကို မသင်ယူနိုင်ပါဘူး။"
ရှန်ထိုက်ဇူသည် ဒရမ်သံကဲ့သို့ ပြောပြီး ခေါင်းယမ်းသည်။
"မိုက်မဲလိုက်တာ။ လူတစ်ယောက်ရဲ့ သိုင်းပညာဟာ လေးနက်တဲ့အဆင့်ကို ရောက်တဲ့ အခါ၊ မာကြောမူနဲ့ ပျော့ပျောင်းမူကို သူတို့အလိုရှိသလို ပြောင်းလဲနိုင်တယ်။" ရှန်ထိုက်ယန် သည် သူ့သံမဏိဆေးတံကို မြှောက်လိုက်ပြီး သူ့သားကို ခေါက်တော့မည်။ သို့သော် သူသည် တစ်ဝက်တစ်ပျက်မှာ ချလိုက်ပြီး သက်ပြင်းချလိုက်ပါသည်။ "မေ့လိုက်ပါ၊ မင်းရဲ့ လက်ရှိလေ့ကျင်မူအရဆို, မင်းအနေနဲ့ ဒီပညာရပ်ကို တကယ် နားမလည်နိုင်ပါဘူး။ ကောင်းကင်ဘုံရစ်ပတ်ခြင်းလက်ဝါးကို သင်ယူခြင်းက ချီကို အားနည်းစေတယ်။ ဒါက မင်းအတွက် ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်စေလိမ့်မယ်။ ငါ အသက်ကြီးသွားတာ နှမြောစရာပဲ။ ငါ့ရဲ့ ကြွက်သားတွေနဲ့ အရိုးတွေက ပျော့ပြောင်းတယ်။ ငါလည်း ဒီပညာရပ် ကို မလေ့ကျင့်နိုင်တော့ပါဘူး။”
ဟုန်ယွိသည် သားအဖကြားတွင် စကားစမြည် ပြောသည်ကို ကြားသောအခါ အဘိုးကြီးနှင့် လူထွားကြီးတို့၏ ပင်ကိုယ်စရိုက်ကို ကောင်းစွာ နားလည်လာသည်။ "ငါ ဒီည ပြန်လိုက်ဦး မယ်။ မနက်ဖြန် စကားလုံးတွေကို အဆင်ပြင်ထား။ ငါ မင်းတို့ကို နိုင်ငံသား စာရွက် စာတန်းတွေရအောင် ကူညီပေးမယ်။”
ဟုန်ယွိသည် ထ၍ ဆီဒင်ထမ်းစင်ဖြင့် နေအိမ်သို့ ပြန်လာခဲ့သည်။
တော်ဝင်ချန်မင်းဆက်၏ ဗဟိုဧရိယာသည် ဧကရာဇ်မြို့တော်ဖြစ်ပြီး၊ တောင်ဘက်သို့ မျက်နှာမူထားကာ၊ ကျောက်စိမ်းမြို့တော်၏ အလယ်ဗဟိုတွင် တည်ရှိသည်။
ဧကရာဇ်မြို့တော်အပြင်ဘက်တွင် ကြီးမားသော ကျုံးကြီးတစ်ခု ရှိသည်။ ကျုံးကိုဖြတ်၍ ကျောက်စိမ်းတံတား အများအပြားကို ဆောက်လုပ်ထားသည်။ မြေပြင်ကိုလည်း ကျောက်ဖြူများဖြင့် ခင်းထားသည်။ အပိုင်းတစ်ခုစီသည် မှန်ကဲ့သို့ ချောမွေ့နေပါသည်။ အင်ပါယာမြို့တော်၏ တံတိုင်းများနှင့် မျှော်စင်များသည် ပေနှစ်ရာအထိ မြင့်မားပါသည်။ အနီရောင်ခြယ်ထားပြီး၊ အဝါရောင်ကြွေပြားများ ကပ်ထားသည်။ မော့ကြည့်လိုက်တော့ ဦးထုပ်က မြေပြင်ပေါ် ပြုတ်ကျသွားနိုင်ပါသည်။
အင်ပါယာမြို့တော်အပြင်ဘက်တွင် နေ့ရောညပါ ကင်းလှည့်နေကြသည်။
ဤဧကရာဇ် အစောင့်တပ်များအားလုံးသည် သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ သူတို့ကျောပေါ်မှာ ဓားရှည်ကိုယ်စီ လွယ်ထားပြီး မြင်းတွေကိုယ်စီ စီးကြသည်။ သူတို့ ကျောမှာ လေးများနှင့် မြှားကျည်တောက်ကိုယ်စီ ရှိကြသည်။ သူတို့ပုံစံက သံမဏိနတ်ဆိုး ဘုရင်များကဲ့သို့ပင်။ သူတို့သည် ဧကရာဇ်မြို့တော်၏ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာပြီး ဧကရာဇ်မင်းမြတ်၏ မြို့တော်အနီးသို့ ချဉ်းကပ်ရန် ကြိုးစားသူတိုင်းကို ဖုံးကွယ်မထား သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်ဖြင့် စူးစူးဝါးဝါး ကြည့်နေခဲ့သည်။
ဧကရာဇ်မြို့တော်အတွင်းမှာ ခန်းမများ၊ နန်းတော်နံရံများနှင့် အိမ်များ အလွှာများရှိသည်။ ထောင်ပေါင်းများစွာသော လူတွေ ရှိကြပါသည်။
အကယ်၍, တစ်စုံတစ်ယောက်သည် မြင့်မားပြီး ရူမြင်ကွင်းကောင်းသော နေရာတစ်ခုမှ ဧကရာဇ်မြို့တော်ကို ကြည့်လိုက်လျှင်, ကောင်းကင်ဘုံရှိ နန်းတော်တစ်ခုသည် သေမျိုး ကမ္ဘာဆီသို့ ပျံဆင်းသွားသည့်အတိုင်း မြင်ရပါလိမ့်မည်။ ၎င်းမြင်ကွင်းသည် အနှိုင်းမဲ့ အံ့မခန်းဖြစ်ပြီး၊ ခမ်းနားထည်ဝါလှပါသည်။ ၎င်းသည် အမှန်တကယ်ပင် ကမ္ဘာကြီး၏ ဗဟိုချက်ဖြစ်သည်။
ဧကရာဇ်မြို့တော် အရှေ့ဘက်တွင် အိမ်တန်းများ ရှိသည်။ ဤနေရာသည် ဧကရာဇ် မင်းမြတ်၏ စိုးရိမ်ပူပန်မှုများကို မျှဝေခံစားပြီး နန်းတွင်းကိစ္စများကို ကိုင်တွယ် ဆောင်ရွက် ရာ နေရာ ဖြစ်ပါသည်။
ကောင်းကင်ကြီးက မည်းမှောင်နေပြီ။ တော်ဝင်နန်းတော်၌ မီးပုံးများ ထွန်းညှိထားပါပြီ။ တရားရုံးမှ တာဝန်ရှိသူများလည်း အနားယူသွားကြပြီ။ သို့သော် ဧကရာဇ်နန်းတော်တွင် လူတစ်ဦး ထိုင်နေသေး၏။ ထိုလူက ဟုန်ရွှန်ကျိ ဖြစ်ပါသည်။ သူသည် တိုင်းနှင့်ပြည်နယ် အသီးသီးမှ အချက်လက် ဖော်ပြချက်များကို စီစဉ်ပေးရသည်။ သူသည် အရေးအကြီးဆုံး အရာတွေကို ရွေးချယ်ပြီး ဧကရာဇ်မင်းထံ တင်ပြရသည်။
ထိုအချိန်တွင် ခြေသံများ ကြားနေရသည်။ တံခါးအပြင်ဘက်မှာ တာဝန်ကျသည့် မိန်းမစိုးက "ဧကရာဇ်မင်းမြတ် ကြွလာပါပြီ" အော်ပြောလိုက်ပါသည်။
အခန်း (၆၅)။
“ဒီအရာရှိက မင်းကြီးအား အရိုအသေပြုပါတယ်။”
ဧကရာဇ်မင်းမြတ် ကြွရောက်လာသည့် အကြောင်း အပြင်ဘက်မှ မိန်းမစိုးက ကျယ်လောင် စွာ အော်ဟစ်သံကို ကြားရလျှင်, ဟုန်ရွှန်ကျိသည် သူ့ထိုင်ခုံမှ ချက်ချင်း ထပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ သူက လေးလေးနက်နက် ဦးညွှတ်ပြီး သူ့ကိုယ်ပေါ်ရှိ ပန်းထိုးချယ်သထားသော ဝတ်ရုံကြီးကို မြေပြင်ပေါ်သို့ ဆွဲချလိုက်ပါသည်။
"ငါ့ရဲ့ချစ်ခင်လေးစားရသူ၊ မင်းက စည်းမျဉ်းစည်းကမ်းတွေကို စွန့်လွှတ်ထားနိုင်ပါတယ်။" အလွန်မင်း ကြည်ညိုဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဗူးသီးလုံးသေးသေးအရွယ် ပုလဲများဖြင့် နဂါးကိုးကောင်ပါသော ရွှေသရဖူကို ဝတ်ဆင်ထားသည့် အဖိုးအို တစ်ဦးသည် လမ်းလျှောက်လာပါသည်။ သူသည် အဝါရောင် တောက်တောက်ဝတ်စုံနှင့် ဘွတ်ဖိနပ်တစ်ရန်ကို ဝတ်ထားပါသည်။
ထိုလူကြီးက ဟုန်ရွှန်ကျိနှင့် အတူတူပင်။ သူ့နားသယ်အမွှေးတွေက အနည်းငယ် ဖြူနေပြီး သူ့မျက်နှာက ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပါသည်။ သူ့အငွေ့အသက်က သန်စွမ်းပြီး သူ့ခြေလှမ်းများက တည်ငြိမ်နေ၏။ သူ့မှာ ကမ္ဘာကြီးကို ထိန်းချုပ်နိုင်သည့် အငွေ့အသက် တစ်ခုကို ပိုင်ဆိုင်ထားပါသည်။
အကယ်၍များ, နဂါးကိုးကောင်ရွှေသရဖူနှင့် ပန်းထိုးချယ်သထားသည့် တောက်ပသော အဝါရောင် ဝတ်စုံကို ဖယ်ရှားပြီး၊ တူညီသော အဝတ်အစားများ ပြောင်းလဲဝတ်ဆင်လိုက် မည်ဆိုလျှင် ကမ္ဘာကြီး၏ မြင့်မြတ်ပစ္စည်းကို ကိုင်ဆောင်ထားသည့် ဤတော်ဝင်ချန် ဘုရင်သည် ဟုန်ရွှန်ကျိနှင့် အလွန်ဆင်တူ ကြောင်း လူအများက တွေ့ရှိကြမည် ဖြစ်သည်။
၎င်းသည် ရုပ်ရည်အသွင်အပြင် တူညီခြင်းမဟုတ် စိတ်နေစိတ်ထားအရ တူညီခြင်း ဖြစ်ပါ သည်။
ကောင်းကင်ဧကရာဇ်ကြီးသည် ဟုန်ရွှန်ကျိထက် အနည်းငယ်သာ အသက်ကြီးပါသည်။
"ရွှန်ကျိ, မင်းက သိပ်ယဉ်ကျေးနေစရာ မလိုဘူး။ ငါ ညစာစားပြီးရင် အစိုးရဝန်ကြီးခန်းမကို ပေါ့ပေါ့ပါးပါး လမ်းလျှောက်သွားရုံပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ် အတွင်းမှာ၊ ငါက မင်းကို တော်ဝင်နည်းပြဆရာအဖြစ် ရာထူးတိုးပေးခဲ့ပြီး၊ မင်းက အရပ်ဘက်ရေးရာများကို တာဝန် ယူရလိမ့်မယ်။ မင်းမှာ လုပ်စရာတွေ ပိုများလာပြီး နေ့တိုင်း ညနက်တဲ့အထိ အလုပ်လုပ်ရ တယ်။ ဒါက မင်းအတွက် ခက်ခဲမှာပဲ။” ကောင်းကင်ဧကရာဇ်ကြီးသည် ရင်းနှီးသော မိတ်ဆွေတစ်ဦးနှင့် စကားပြောနေသကဲ့သို့ အုပ်စိုးရှင်နှင့် လက်အောက်ခံတို့အကြား ရင်းနှီး ပြီး သဟဇာတရှိသော ဆက်ဆံရေးကို ပြသနေသကဲ့သို့ သူ၏မျက်နှာပေါ်တွင် ဖော်ရွှေသော အမူအရာ ရှိနေပါသည်။
"ကျွန်တော်က ငယ်ငယ်ကတည်းက သန်မာတဲ့ ခန္ဓာကိုယ်ကို ပိုင်ထားပါတယ်။ နောက်ကျ မှ အိပ်ရလည်း ဘာမှ မဖြစ်ပါဘူး။ တိုင်းပြည်ရဲ့ စိုးရိမ်မှုတွေကို မျှဝေပြီး ဧကရာဇ်မင်းမြတ် ရဲ့ အလုပ်တာဝန်တွေကို လျှော့ချပေးဖို့က ကျွန်တော့်တာဝန်ပါ။" ဟုန်ရွှန်ကျိက မတ်တတ် ထရပ်ပြီး လေးလေးစားစား ပြန်ပြောသည်။
“ဒီဧကရာဇ်နဲ့ ဒီလက်အောက်ငယ်သားကြားမှာ အချက်လက်ဖော်ပြချက်တွေကို တင်ပြ နေစရာ မလိုပါဘူး။ ဒါက အင်ပါယာတရားရုံးပဲ မဟုတ်လား" ကောင်းကင်ဧကရာဇ်ကြီးက ခေါင်းယမ်းကာ "ပေါ့ပေါ့ပါးပါး စကားစမြည် ပြောကြတာပေါ့။ အခု ငါတို့က အသက်ကြီး လာတော့, ငါ ငယ်ငယ်တုန်းက အဖြစ်ပျက်တွေကို ပြန်တွေးတတ်တယ်။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က ငါတို့ဟာ အစိမ်းရောင်သတ်ဖြတ်ခြင်းကွင်းပြင်မှာ စစ်တပ်ကြီးတစ်ခုရဲ့ ဝိုင်းရံ ခံခဲ့ရတယ်။ မင်းက ငါကို ကျောပေါ်တင်ပြီး တောင်ပေါ်ကို ထွက်ပြေးသွားခဲ့တယ်။ ယွန်မင်ရဲ့ တော်ဝင်နည်းပြဆရာ ယုဝမ်မူက ငါတို့နောက်ကို တစ်ယောက်တည်း လိုက်လာ ခဲ့တယ်။ မင်းကတော့ ဓား၊ လှံတွေ မြှားတွေကြောင့် ကြီးကြီးမားမား ခံစားရခဲ့တယ်။ မင်းက ယုဝမ်မူနဲ့ တိုက်ခိုက်ဖို့ မင်းရဲ့ကိုယ်ရံတော်တွေကိုတောင် ခေါ်ဆောင်ခဲ့တယ်။ နောက်ဆုံး မှာတော့ သူ့ကို ကြောက်လှန့်ပြီး အဝေးထွက်ပြေးအောင် တိုင်ရှန်တာအိုဂိုဏ်းရဲ့ မိန်းကလေးမန်နဲ့ လက်တွဲခဲ့ရတယ်။ ငါ ဒီအကြောင်းကို ပြန်တွေးမိတိုင်း စိတ်လှုပ်ရှားတွေ ပြည့်နှက်လာရတယ်။ ဖြစ်နိုင်တာက, ဧကရာဇ်တစ်ပါး ဖြစ်သွားတာနဲ့ အထီးကျန်သူဖြစ်ဖို့ ကံကြမ္မာက သတ်မှတ်ပြီးသားများလား။ ဒါပေမယ့် နောက်ပိုင်းမှာ မင်းနဲ့ မိန်းကလေးမန် တို့ဟာ အနှစ်တစ်ရာကြာ သူငယ်ချင်းတွေ ဖြစ်သွားပြီလို့ ငါကြားလိုက်ရတယ်။ မူလက, ငါက မိန်းကလေးမန်ကို ဂုဏ်ထူးဆောင်ဘွဲ့တစ်ခု အပ်နှင်းချင်ပေမယ့် မင်းက မင်းရဲ့ ဘဝကို စွန့်လွှတ်ဖို့အထိ ဆန္ဒပြနေတော့, ငါလည်းဒီကိစ္စကို စွန့်လွှတ်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ဘူး။”
“အုပ်စိုးသူနဲ့ သူရဲ့လက်အောက်ငယ်သားကြားမှာ ကျင့်ဝတ်တွေကို မထီမဲ့မြင်ပြုလို့ မရပါ ဘူး။ တော်ဝင်နည်းပြဆရာ တစ်ဦးအနေဖြင့် ကျွန်တော်က ကမ္ဘာကြီးရဲ့ အရပ်ဖက်ရေးရာ ကိစ္စတွေကို တာဝန်ယူရပါတယ်။ ကျွန်တော်က ကျန်လက်အောက်ငယ်သားတွေအတွက် စံနမူနာယူသင့်ပြီး သူ့တို့ လှောင်ပြောင်ရယ်မောအောင် မလုပ်သင့်ပါဘူး။ ဒါ့အပြင်၊ မန်ပိုင်ယွန်က တိုင်ရှန်တာအိုဂိုဏ်းရဲ့ ဆက်ခံသူဖြစ်ပြီး နိမ့်ကျသော ပြည့်တန်ဆာရုံ တစ်ခု က ကျွန်တစ်ဦးလည်း ဖြစ်ပါတယ်။ တကယ်လို့, ဒီအကြောင်းအရာကိုသာ ကျွန်တော် မငြင်းဆိုပါက၊ ဒါက အမှန်တကယ် ကျင့်ဝတ်ဖောက်ဖျက်ပြီး အခြားအရာရှိတွေရဲ့ ဝေဖန်ခြင်းကို ခံရပါလိမ့်မယ်။ ဧကရာဇ်မင်းမြတ်က တာအိုဂိုဏ်းတွေအကြောင်း ပြောလာ တော့ ဒီလက်အောက်ငယ်သားက အကြံပေး လိုပါသေးတယ်။ တာအိုဘုန်းကြီးတွေဟာ တစ္ဆေအင်မော်တယ်တွေ ဖြစ်လာဖို့ နတ်ဆိုတွေနဲ့ နတ်ဘုရားတွေရဲ့ ကောက်ကျစ်တဲ့ ကျင့်ကြံခြင်းလမ်းကြောင်းနဲ့ သာမာန်လူတွေကို လှည့်ဖြားနေကြတဲ့ အပြင်လူတွေသာ ဖြစ်ကြပါတယ်။ သူတို့က တိုင်းပြည်ကြီးပွားရေး လုပ်ငန်းစဉ်တွေမှာ မပါဝင်ကြသလို ဥပဒေကိုလည်း မလေးစားကြပါဘူး။ ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေချိန်မှာ, သူတို့က ဧကရာဇ်မင်းမြတ်ရဲ့ ဖြူစင်မှုကိုမှ မထောက်ထားဘဲ သစ္စာမဲ့ပြီး တိုင်းပြည်ကို လှုပ်ခါစေပါ လိမ့်မယ်။ ဧကရာဇ်မင်းမြတ်၊ ကျေးဇူးပြုပြီး တိုင်ရှန်ဂိုဏ်းတာအိုဂိုဏ်း၊ ဖန်ရှင်းတာအို ဂိုဏ်း၊ အမှန်တရားဂိုဏ်းတွေရဲ့ စည်းဝေးပွဲတွေကို တားမြစ်တော်မူပါ။”
ဟုန်ရွှန်ကျိက လေးစားစွာ လျှောက်ကြားခဲ့ပါသည်။
"ဒီကိစ္စအပေါ် မင်းပြောတာ မှန်ပါတယ်။ ဒီကမ္ဘာကြီးက ကမောက်ကမ ဖြစ်တဲ့အခါတုန်း က, အဲဒီတာအိုဂိုဏ်းတွေက ဧကရာဇ်မင်းမြတ်ရဲ့ ဖြူစင်မှုကို တကယ်ပဲ မထောက်ထားခဲ့ ကြဘူး။ သူတို့ဟာ တန်ခိုးအသစ်တွေနဲ့ သူတို့ကိုယ်သူတို့ တွယ်တာနေခဲ့ပြီး၊ မြင့်မြတ် ပစ္စည်းကို ချုပ်ကိုင်ကာ အုပ်စိုးသူကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြတယ်။ ဒါက တကယ့်ကို စက်ဆုပ်ဖွယ်ကောင်းလွန်းတယ်။ ဒါပေမယ့် တာအိုဂိုဏ်းတွေမှာ ကျွမ်းကျင်သူတွေ အများကြီး ရှိနေတယ်။ သူတို့ကို တားမြစ်ဖို့က ခက်ခဲတဲ့ကိစ္စ မဟုတ်ပေမယ့်, ငါတို့က သူတို့ စိတ်ပျက်ပြီး အဆိုးမြင်ဝါဒ ရောက်မသွားအောင် ကြိုတင်ကာကွယ်ပြီး၊ သူတို့ကို ကျေနပ်အောင် လုပ်ဆောင်နိုင်ရမယ်။ ဒီကိစ္စကို ရေရှည် စဉ်းစားရမယ်။” ကောင်းကင် ဧကရာဇ်ကြီးက ခေါင်းညိတ်လိုက်ပြီး "မင်း ဧကရာဇ်စာမေးပွဲတွေ ကင်းလှည့်နေတဲ့ အချိန်မှာ လီရှန်ကွန်က မင်းကို တားဆီးခဲ့တာကို ငါ ကြားလိုက်တယ်။ လီရှန်ကွန်က ခေါင်းမာပြီး စိတ်ဓာတ် ပြင်းထန်သူပဲ။ သူက ရွှေရောင်ခန်းမထဲမှာတောင် ငါ့ကို သတိပေးကျိန်းမောင်းပြီး ငါ့ကို မှင်သက်အောင် လုပ်နိုင်ခဲ့တယ်။ ငါ သူ့ကို အပြစ်ပေးဖို့ အမိန့်ထုတ်ထားပြီးသားပါ။”
“တိုင်းပြည်ရဲ့ ဖြောင့်မတ်တဲ့ ဝန်ကြီးတွေက မသေသင့်ပါဘူး။ လီရှန်ကွန်က ရှေးခေတ် ဝန်ကြီးတစ်ဦးရဲ့ အမူအရာရှိပါတယ်။ ဒါပေမယ့် သူက ကျင့်ဝတ်သိက္ခာကို အလွန် ရိုသေ လွန်းတယ်။ အများသူငှာကို ဟိန်းဟောက်ခြင်းကလည်း ဝန်ကြီးတစ်ဦးရဲ့ အပြုအမူ ကောင်း မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့ကို ပြစ်တင်ရှုတ်ချတဲ့ အခါမှာ၊ ကိုယ့်ရဲ့ အထက်အရာရှိတွေကို စော်ကားခြင်းကနေ ကာကွယ်နိုင်ဖို့နဲ့ တရားရုံးရဲ့ စည်းကမ်းတွေကို အမှန်တကယ် ချိုးဖောက်ခြင်းကနေ တားဆီးဖို့အတွက် ယာယီ ဖိနှိပ်ခြင်းမျိုးလည်း ဖြစ်သင့်ပါတယ်။" ဟုန်ရွှန်ကျိက သူ့ခါးကို အနည်းငယ် ကွေးလိုက်ပါ သည်။
"ဘယ်နဲ့ ညာ၊ နောက်ဆုတ်ကြစမ်း။"
ကောင်းကင်ဧကရာဇ်ကြီးသည် ရုတ်တရက် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ သူ့နောက်မှ အစောင့်များနှင့် မိန်းမစိုးများအားလုံး ခြေလှမ်းတစ်ရာအကွာသို့ ဆုတ်ခွာသွားကြသည်။
“လူတွေကြားထဲမှာ ဆိုးညစ်တဲ့ဂိုဏ်းနှစ်ခု ပေါ်လာတယ်လို့ ငါကြားတယ်။ အသက်မဲ့ တာအိုဂိုဏ်း၊ အစစ်မှန်လေဟာနယ်ဂိုဏ်းတို့က မင်းအိမ်မှာ နှစ်ကြိမ်တိုင်တိုင် လုပ်ကြံခဲ့ကြ တာလား။” ကောင်းကင်ဧကရာဇ်ကြီးက မေးသည်။
"ဒီအကြောင်းအရာက ဧကရာဇ်မင်းအတွက် အချက်လက်တွေ ရေးထားပြီးသားပါ။ ဧကရာဇ်မင်းမြတ် ကြီးပြီးပြီလားလို့ ကျွန်တော် တွေးမိပါတယ်။ ဟုန်ရွှန်ကျိက ခေါင်းညိတ် လိုက်ပြပါသည်။
“သဘာဝအတိုင်း ငါတို့ ကြည့်ပြီးပါပြီ" ကောင်းကင်ဧကရာဇ်ကြီး၏ မျက်လုံးများမှတဆင့် ဖုံးကွယ်မထားသော ထက်ရှသော စူးရှမှုတစ်ခုက လင်းလက်သွားခဲ့ပြီး "မင်းရဲ့ တန်ပြန်မှု ဟာ အရမ်းကောင်းပါတယ်။ အဲဒီအတိုင်း အဆင်ပြေတယ်။ သူတို့က ပြဿနာရှာချင်နေမှ တော့, မြွေကို တွင်းထဲကနေ ဆွဲထုတ်ရမယ်။ တစ်ချိန်တည်းမှာပဲ အိမ်ရှေ့စံမင်းသားနဲ့ အခြားမင်းသားတွေရဲ့ လိုက်လျောညီထွေ သဟဇာတရှိမှုကိုလည်း ငါတို့ စမ်းသပ်နိုင်မယ်။”
ကောင်းကင်ကြီး မှောင်မည်းလာပြီးနောက်၊ ဟုန်ယွိသည် သူ့ဆီဒင်ထမ်းစင်ဖြင့် အိမ်ထဲသို့ ပြန်ရောက်နေပြီ ဖြစ်သည်။ အိမ်တွင်းရှိလူများ၏ သဘောထားများသည် သိသိသာသာ များစွာ တိုးတက်လာသည်။ သူ့ကို လျစ်လျူရှုလေ့ရှိသည့် အစေအပါး တော်တော် များများ က သူပြန်လာသည်ကို မြင်ပြီး ရိုသေစွာဖြင့် သူ့ကို သခင်လေးဟု ခေါ်ကြသည့်အခါ သူတို့ လုပ်နေသည့် အလုပ်တွေကို ရပ်ထားကြသည်။
သူ၏ အော်စမန်သပ်ပန်းရနံ့အဆောင် အခန်းသို့ ပြန်ရောက်သောအခါ ကျောက်စိမ်းခရမ်း၊ ကျောက်စိမ်းနီ၊ ကျောက်စိမ်းဝါနှင့် ကျောက်စိမ်းပြာတို့ကို မည်သည့်နေရာမှ မတွေ့ရတော့ပါ။ ဟုန်ယွိက ကိုယ်တိုင်ထပြီး လက်ဖက်ရည်သောက်ရုံသာ တတ်နိုင်ပါသည်။ သူသည် ခဏလောက် အနားယူပြီးနောက် လျှပ်စီးဖမ်းမြင်းကို ကြည့်ရန် ဘေးနားရှိ မြင်းတင်းကုပ်သို့ သွားခဲ့သည်။
လျှပ်စီးဖမ်းမြင်းကို မြင်းထိန်းနှစ်ယောက် နေ့ရောညပါ ကျွေးမွေးခဲ့သည်။ ၎င်းသည် အရမ်း အဆင်ပြေပုံရပါသည်။
လျှပ်စီးဖမ်းမြင်း၏ အမွေးတွေကို ပွတ်နေရင်း ဟုန်ယွိက သူ့နောက်က ခြေသံတွေကို ကြားလိုက်ရပါသည်။ သူ လှည့်ကြည့်လိုက်တော့ စံအိမ်ကြီးထဲမှာ လျှို့ဝှက်ဆန်းကြယ်ဆုံး လူဖြစ်သည့် အိမ်တော်ထိန်းဝူကို တွေ့လိုက်ရ၏။
"မြို့စားက အခုမှ အိမ်ပြန်ရောက်တာ။ သူက သခင်လေးကို ခေါ်ခိုင်းလိုက်ပါတယ်။" အိမ်တော်ထိန်းဝူက ပြောသည်။
ဟုန်ယွိက ခေါင်းညိတ်ပြပြီး ပင်မခန်းမဆီကို လိုက်ပါသွားခဲ့သည်။
ဟုန်ရွှန်ကျိသည် ခန်းမအလယ်တွင် ထိုင်နေသေး၏။ ဟုန်ယွိ ဝင်လာသည်ကိုမြင်တော့ သူက ပြောသည် "မင်းက အထက်တန်းပညာရှင် စာမေးပွဲမှာ အမှတ်အများဆုံး ဖြစ်သွားပြီ၊ မင်းအခု မင်းမျိုးမင်းနွယ် အဖွဲ့ဝင်တစ်ဦး ဖြစ်နေပြီ။ မင်းကို ဒီနေ့ ငါ အပြစ်မတင်တော့ဘူး။ မင်းကို ရှောင်ထွက်မသွားဖို့အတွက် သတိပေးဖို့ ငါ ခေါ်လိုက်ရတာ။ မင်း နားလည်လား။"
"ဟုတ်ကဲ့။" ဟုန်ယွိက ခေါင်းညိတ်ပြပြီး မပြောခင် တခဏလောက် တုန့်ဆိုင်းနေသေး သည် "အဖေ့သားက အချိန်အတိုင်းအတာတစ်ခုအထိ ခရီးထွက်ချင်ပါတယ်။ မဟာပညာ ရှင် စာမေးပွဲမဖြေခင် ကျွန်တော့်ရဲ့ အသိပညာဗဟုသုတနဲ့ အတွေ့အကြုံတွေ တိုးပွား အောင် လုပ်ချင်ပါတယ်။ ကျွန်တော် စာအုပ်တွေ ထောင်ချီဖတ်ပြီး မိုင်ထောင်ချီ ခရီးထွက် မယ်။ ကျွန်တော် ပညာရှိတွေရဲ့ သွန်သင်ချက်ကို လိုက်နာမယ်။"
"ခရီးထွက်မှာလား" ဟုန်ရွှန်ကျိက သူ့မျက်ခုံးတွေကို ပင့်ပြီး ပြောသည် "မင်း အခု မင်းမျိုး မင်းနွယ် အဖွဲ့ဝင် ဖြစ်သွားပြီလေ။ မင်းက အပြင်ထွက်ပြီး ခရီးထွက်ချင်တယ်။ မင်းအနေနဲ့ ပညာရှင်တွေရဲ့ သွန်သင်ချက်တွေကို လိုက်နာဖို့ သင့်လျော်ပါတယ်။ ဒါပေမယ့် မင်း ထွက်သွားပြီးနောက်မှာ မင်းရဲ့ အထက်တန်းပညာရှင်ဆိုတဲ့ အဆင့်အတန်းနဲ့ ရာဇဝတ်မှု တွေ ကျူးလွန်ပြီး မြို့စားစံအိမ်ကြီးရဲ့ ဂုဏ်သိက္ခာကို မဖျက်မိစေနဲ့။ ဒါဆို ငါ ခွင့်လွှတ်မှာ မဟုတ်ဘူး။ အိမ်တော်ထိန်းဝူ, ငွေထုတ်ဌာနသွားပြီး ငွေဒင်္ဂါးတစ်ထောင်နဲ့ ထုတ်ပေးလိုက် ပါ။ တချိန်တည်းမှာပင်, ကျောက်ဟန်ကို ဆက်သွယ်ပြီး ဟုန်ယွိနဲ့ လိုက်သွားခိုင်းလိုက်ပါ။"
"ကျောက်ဟန်လား"
ဟုန်ယွိ ခဏရပ်လိုက်ပါသည်။ ဟုန်ရွှန်ကျိက သူ ထွက်သွားပြီးနောက် သူ့နောက်လိုက်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပါဘူး။
သိပ်မကြာခင်မှာပင် အိမ်တော်ထိန်းဝူက အထည်ထုပ်တစ်ထုပ်ကို ထမ်းပြီး လျှောက်လာပါ သည်။ သူ့နောက်တွင် အခြားလူတစ်ယောက် ရှိနေသည်။
ဤလူသည် မီးခိုးရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကင်းခြေများကဲ့သို့ သူ့မျက်နှာပေါ်တွင် အမာရွတ်တစ်ခု ရှိနေသည်။ ဟုန်ယွိသည် သူ့ဆီမှ ထွက်ပေါ်လာသော အေးစက်စက် အငွေ့အသက်ကို ခံစားလိုက်ရသည်။
"ဒါက ကျောက်မိသားစုထဲက တစ်ယောက်လား။"
ဟုန်ယွိသည် ဤလူ၏အမည်ကို ကြားသောအခါ၊ ဤကျောက်ဟန်သည် မဒမ်ကျောက် ဘက်တော်သားမှန်း သေချာပေါက် သိလိုက်ပါသည်။ သူ့စိတ်ထဲမှာတော့ ကျောက်ဟန်၏ ကိုယ်ခံပညာ စွမ်းရည်က နားမလည်နိုင်အောင်ဖြစ်ပြီး၊ သူသည် အဆင့်မြင့်သိုင်းပညာရပ် များကို သေချာပေါက် ကျွမ်းကျင်ထားလိမ့်မည်။
"ကျောက်ဟန်က ငွေကြေး စီမံခန့်ခွဲရာမှာ ကျွမ်းကျင်ပါတယ်။ တကယ်လို့, မင်း ခရီးသွား ချင်ရင်, သူ့ဆီ ငွေတွေ လွှဲထားနိုင်တယ်။ အတွေ့အကြုံရဖို့ကိုပဲ အာရုံစိုက်ပါ။ ဆက်လုပ်ပါ။" ဟုန်ရွှန်ကျိက သူ့လက်တွေကို ဝှေ့ယမ်းပြသည်။
“ကျွန်တော် သိပါပြီ။ ဒီမဒမ်ကျောက်က ငါ့ကို ဒီအတိုင်း ထွက်သွားခွင့်ပြုမှာ မဟုတ်ပါဘူး။ ဒါပေမယ့်, ငါ မြို့စားစံအိမ်က ထွက်သွားပြီးရင် ငါ့အကြံအစည်တွေအတိုင်း လုပ်ရဦးမယ်။”
ဟုန်ရွှန်ကျိကို လေးလေးနက်နက် ကြည့်ရင်း ဟုန်ယွိ၏ နှလုံးသားသည် တုန်လှုပ်သွားပြီး လှည့်ထွက်လာခဲ့ပါသည်။