← Chapters

အခန်း (၆၆-၆၈)

Vol. 5 Ch. 66-68

အခန်း (၆၆-၆၈)

Vol. 5 Ch. 66-68

အခန်း (၆၆)။

"သခင်လေး ယွိ, သွားကြစို့။ သခင်လေးက ခရီးထွက်မှာဆိုတော့ ပစ္စည်းတွေ ထုပ်ပိုးဖို့ ကျွန်တော် ကူညီပေးရမှာပေါ့။"

ဟုန်ယွိ ထွက်သွားစဉ်တွင် မီးခိုးရောင် ဝတ်ဆင်ထားပြီး သူ့ပတ်ဝန်းကျင်တွင် မည်းမှောင် နေသည့် အငွေ့အသက်များ ထွက်ပေါ်နေသော ကျောက်ဟန်က စကားပြောသည်။ သူသည် လေးလံသော အိတ်တစ်လုံးကို ထမ်းကာ ဆောလျင်စွာ နောက်သို့ လိုက်ပါသွားခဲ့ သည်။ သူ့အသံက စူးရှလွန်းပြီး လှောင်ပြောင်နေသယောင်ပင်။ အခြားသူများ၏နားထဲတွင်၊ ခြေသည်းအောက်မှ ကြွက်ကို ကြည့်နေသော ကြောင်တစ်ကောင်နှင့် တူ၏။

မှန်ပါသည်။

ဟုန်ယွိသည် ကျောက်ဟန်၏ လေသံကို ကြားလိုက်သောအခါတွင်, ၎င်းခြေဖဝါးအောက်မှ လုံးဝ လွတ်မသွားနိုင်သည့် ကြွက်တစ်ကောင်နှင့် ဆော့ကစားနေသော ကြောင်တစ်ကောင် ၏ လေသံမျိုးဟုပင် သူ ခံစားလိုက်ရပါသည်။

ထိုကဲ့သို့ လေအသံမျိုးကို ရင်ဆိုင်ရသည့်အခါ ဟုန်ယွိသည် ငြိမ်သက်သွားပြီး ဘာမှ ပြန်မပြောပေ။ သူသည် တခြားဘာမှ မလုပ်ဘဲ သူ့ပစ္စည်းတွေ ထုပ်ပိုးပြီး အနားယူဖို့ ပြင်ဆင်ရန် အော်စမန်သပ်ပန်းရနံ့အဆောင် အခန်းကို တိုက်ရိုက် သွားခဲ့သည်။ နောက်နေ့ မနက်စောစောမှာ, သူသည် ရှန်ထိုက်ယန်၊ ရှန်ထိုက်ဇူနှင့် မုကလေးတို့ကို စာရင်းသွင်းရပါ ဦးမည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် နောက်မှလိုက်နေသော ကျောက်ဟန်သည်, သူက အစစ်မှန် ပိုင်ရှင်တစ်ဦးဖြစ်သည့်အလား အစေအပါး လေးယောက်အား အမိန်ပေးလိုက်ပါသည်။

“သခင်လေးယွိရဲ့ပစ္စည်းတွေကို ထုတ်ပိုးထားပါ။ အထူးသဖြင့် ငွေကြေးတွေကို အသေချာ ထုပ်ပိုးပြီး ပျောက်မသွားအောင် ငါ့ဆီ ပို့ပေးရမယ်။" သခင်လေးရဲ့ငွေတွေကို သေချာ ဂရုစိုက်ပါ။ ဒါက မြို့စားရဲ့အမိန့်ပဲ။ မင်းတို့ သတိမထားလို့ မရဘူး။”

"ဘာ.." ဟုန်ယွိသည် ထိုစကားကို ကြားသောအခါ၊ ကျောက်စိမ်းခရမ်း၊ ကျောက်စိမ်းနီ၊ ကျောက်စိမ်းဝါနှင့် ကျောက်စိမ်းပြာတို့သည် ခက်ထန်စွာ ပြုံးရယ်နေသည်ကို မြင်လိုက်ရ ၏။ သူမတို့ ရင်ဘတ်ထဲမှာ ဝှက်ထားသည့် ငွေအိတ်တွေကို ထုတ်ယူပြီး ကျောက်ဟန်ကို လွှဲပေးလိုက်သည်။ သူ့မျက်နှာက နီရဲလာပြီး ခြေလက်များပင် တုန်ယင်လာသည်။

"ဘာဖြစ်နေတာလဲ သခင်လေးယွိ "

ကျောက်ဟန်သည် လေးလံသော ငွေအိတ်တွေကို လက်နှစ်ဖက်ဖြင့် ယူကာ လည်ပင်းကို မော့ပြီး၊ သူ့မျက်လုံးများတွင် လှောင်ပြောင်သည့် အမူအရာများဖြင့် ပြည့်နေသည်။

“ကောင်းတယ်၊ အရမ်းကောင်းတယ်" ဟုန်ယွိက ခေါင်းညိတ်ပြပြီး ကုတင်ပေါ် ပြန်ထိုင်လိုက်သည်။

“သခင်လေး, အနားယူချင်နေပြီ။ ငါ မင်းကို မနှောင့်ယှက်တော့ဘူး" ကျောက်ဟန်က လှည့်ကြည့်ပြီး၊ အခန်းရှေ့ရှိ စင်္ကြံမှာထိုင်ရင်း ရယ်မောလိုက်၏။ သူ့ဘေးမှာ ပိုက်ဆံတွေ အပြည့်ထည့်ထားသည့် အိတ်ကြီးတချို့ ရှိနေသည်။

ဟုန်ယွိသည် မျက်လုံးမှိတ်ထားပြီး စင်္ကြံတွင် တင်ပျဉ်ခွေထိုင်နေသော ကျောက်ဟန်ကို မြင်လိုက်ရသည်။ သူသည် လုံးဝ မလှုပ်သော်လည်း သူ့အသက်ရှုသံက မြွေဖြူတစ်ကောင် ဝင်ထွက်နေသကဲ့သို့ ရှည်လျားသည့် အဖြူရောင်မျဉ်းတစ်ကြောင်း ဖြစ်ပေါ်လာသည်။ ၎င်းသည် အလွန်ကြောက်စရာကောင်းသည်။ ဟုန်ယွိ၏ နှလုံးသား တုန်လှုပ်သွားသည်။ ကျောက်ဟန်၏ ကိုယ်ခံပညာသည် နားမလည်နိုင်အောင် ဖြစ်နေသည်ကို သူသိသည်။

"မဒမ်ကျောက်ဟာ တောင်ပိုင်းက မင်းမျိုးမင်းနွယ်တွေထဲမှာ တကယ်ကို နားမလည်နိုင် လောက်အောင်ပဲ။ နောက်ဆုံးအကြိမ်က အဖွားကျန်းဖြစ်ပြီး၊ ဒီတစ်ကြိမ်မှာတော့ ကျောက်ဟန်။ သူ့ကြည့်ရတာ အဖွားကျန်းထက် ဆယ်ဆလောက် အစွမ်းထက်ပုံပဲ။"

ဟုန်ယွိ တွေးလိုက်သည်။ သူသည် ရေချိုး၊ အဝတ်အစားတွေကို ချွတ်ကာ အိပ်ရာဝင်၏။ "မဒမ်ကျောက်က ငါ့ကို ဒုက္ခပေးမယ်ဆိုတာ အဖေသိတယ်။ ဒါဆို ကျောက်မိသားစုက တစ်ယောက်ယောက်ကို ငါ့နောက်ကို လိုက်ဖို့ ဘာလို့ စေလွှတ်တာလဲ။ သူ ငါ့ကို တကယ်ပဲ သတ်ချင်နေတာလား။ အမေက ကောင်းမွန်တဲ့ မိသားစုက ဆင်းသက်လာသူ မဟုတ်ရင် တောင် အခုအချိန်မှာ သူမက ကောင်းကင်ဘုံကို တက်ရောက်သွားခဲ့ပြီ။ ငါ ဘာမှ အနှောင့်ယှက် မခံရသင့်ဘူး။”

သူသည် ကုတင်ပေါ်တွင် ငြိမ်သက်စွာ တွေးနေမိ၏။ ဒီရက်ပိုင်း ဟုန်ရွှန်ကျိက သူ့ကို ဘယ်လို ဆက်ဆံခဲ့လဲဆိုသည်ကို သူ တွေးနေမိပါသည်။ သူတို့သည် ၃ ကြိမ် ဆုံဖူးပြီး တွေးလိုက်တိုင်း အအေးဓာတ်က ပိုပို၍ နက်ရှိုင်းလာသလို သူ ခံစားရပါသည်။

"ငါ ကျင်းရှီတစ်ယောက်ဖြစ်လာပြီး ဘွဲ့တစ်ခုရလာတဲ့အခါ ငါတို့ တန်းတူညီတူ ရပ်တည် သွားမယ်။ အမှန်တရား ပေါ်လာတဲ့ နေ့တစ်နေ့တော့ ရှိလာလိမ့်မယ်။" ဟုန်ယွိသည် မျက်လုံးများကို မှိတ်ထားပြီး နက်နဲစွာ တွေးခေါ်မြော်မြင်နိုင်သော အမိတ္တဘသုတ္တန် အခြေအနေကို ဝင်ရောက်သွားခဲ့သည်။ သူသည် သူ့ပတ်ဝန်းကျင်က လှုပ်ရှားမှုအားလုံးကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါသည်။

ဤကျောက်ဟန်သည် အလွန်ကြောက်စရာကောင်းသည်။ ဟုန်ယွိသည် စိတ်နှလုံး အကြွင်းမဲ့ သတိထားနေခဲ့ရသည်။

နောက်တစ်နေ့တွင် ကြက်ဖ သုံးကြိမ်တွန်ပြီးနောက် နေမထွက်ခင် ဟုန်ယွိ နိုးလာခဲ့သည်။

ဟုန်ယွိ နိုးလာသံကိုကြားတော့ အပြင်မှာ ထိုင်နေသည့် ကျောက်ဟန်လည်း မျက်လုံးတွေ ပွင့်လာသည်။ အေးစက်သော အပြုံးတစ်ခုက သူ့နှုတ်ခမ်းပေါ်တွင် ချိတ်ဆွဲထားသည်။

"သခင်လေး ယွိ။ မင်း နိုးပြီလား။ သခင်လေး အပြင်ထွက်ဖို့ အရမ်းလောနေတယ် ထင်တယ်။ ဘာလို့ နည်းနည်း ကြာကြာ မအိပ်ရတာလဲ။" ကျောက်ဟန်က ပြောသည်။

"မနေ့က ငါ ရထားတစ်စီး ငှားလိုက်တယ်။ ဒီအချိန်မှာ သူတို့ တံခါးကို ရောက်နေလောက် ပြီ။ ငါ့ပစ္စည်းတွေကို ထုပ်ပိုးပြီး အတူတူ ထွက်သွားကြစို့" ဟုန်ယွိက ပြောသည်။

"ကျောက်စိမ်းခရမ်း၊ ကျောက်စိမ်းဝါ၊ ကျောက်စိမ်းပြာ၊ ကျောက်စိမ်းနီ၊ မြန်မြန်ထပြီး သခင်လေးရဲ့ ပစ္စည်းတွေကို ယူလာခဲ့ပါ။" ကျောက်ဟန်က အော်ပြောလိုက်ပါသည်။ အစေခံမလေးယောက်က ချက်ချင်းဝင်လာပြီး ဟုန်ယွိ၏ သေတ္တာကြီးနှစ်လုံးကို ယူလိုက်သည်။

ဟုန်ယွိသည်, သူတို့က သူ့ရင်ဘတ်ထဲမှ ဆွဲထုတ်နေသည်ကို မြင်လိုက်သော်လည်း သူ စိတ်မဝင်စားပါဘူး။ သူက ငါးမန်းသတ်ဓားကို ကောက်ကိုင် လိုက်ပြီး သစ်သားဖြူလေးကို ကျောပေါ်တွင် ချိတ်ဆွဲကာ မြှားတွေကို သူကိုယ်တိုင် ပြင်ဆင်လိုက်ပါသည်။ ထို့နောက် သူသည် လျှပ်စီးဖမ်းမြင်းကို ထုတ်ယူရန် မြင်းတင်းကုပ်သို့ ထွက်သွားလေသည်။

ကျောက်ဟန်သည် ပိုက်ဆံအိတ်ကြီးတစ်ချို့ကို ကိုင်ဆောင်ကာ နောက်သို့ အနီးကပ် လိုက်လာခဲ့သည်။ သူ့မျက်လုံးတွေက ဟုန်ယွိ၏ ငါးမန်းသတ်ဓားနှင့် လျှပ်စီးဖမ်းမြင်းကို ကြည့်လိုက်ရင်း သူ့မျက်နှာပေါ်တွင် လောဘကြီးသော အပြုံးတစ်ခု ပေါ်လာသည်။

သေတ္တာကြီးနှစ်လုံးတွင် ဟုန်ယွိ၏အရာအားလုံး ပါရှိပါသည်။ ၎င်းတို့ကို ရထားပေါ်တင်ပြီး နောက်၊ ဟုန်ယွိသည် သူ့နောက်ကွယ်တွင် အမှောင်ဖုံးနေသော မြို့စားစံအိမ်ကို နက်နက် ရှိုင်းရှိုင်း ကြည့်ရှုလိုက်ပါသည်။ ထို့နောက် သူသည် မြင်းပေါ်ထိုင်ပြီး သက်ပြင်းရှည်ကြီး ချလိုက်ပါသည်။

"သခင်လေး ယွိ။ မင်း သက်ပြင်းချစရာ မလိုပါဘူး။ မင်းပြန်လာတဲ့နေ့တော့ ရှိပါလိမ့်မယ်။ ဟီး... ဟီး...။" ကျောက်ဟန်သည် ဟုန်ယွိ ထိုကဲ့သို့ ကြည့်နေသည်ကို မြင်ပြီး ခြောက်ကပ် စွာ ရယ်မောလိုက်သည်။

ဟုန်ယွိက သူ့ကို လျစ်လျူရှုပြီး မြင်းဇက်ကြိုးကို လှုပ်ခါလိုက်ပါသည်။ သွား၊ လျှပ်စီးဖမ်း မြင်းသည် ရထားရှေ့တွင် ပြေးတက်ကာ ကျောက်စိမ်းမြို့တော်ရှိ ကောင်းကင်ဘုံတံတား ဘေးရှိ စစ်တုရင်ဘုတ်ပြားလမ်းရှိ အထွေထွေ စတိုးဆိုင်ဆီသို့ ဦးတည်သွားလေသည်။

အထွေထွေ စတိုးဆိုင်အဝင်ဝသို့ ရောက်သောအခါ ရှန်ထိုက်ယန်က တံခါးဖွင့်ထားသည်ကို တွေ့လိုက်ရသည်။ မြင်းခွာသံကိုကြားပြီး၊ ဟုန်ယွိကို မြင်သောအခါ, သူက လျင်မြန်စွာ ဦးညွှတ်လိုက်သည်။

“မင်းတို့ အစောကြီး ဖွင့်တာပဲ။ အခုမှ သုံးနားရီလောက်ပဲ ရှိဦးမယ်" ဟုန်ယွိက သူတို့ကို ချက်ချင်း တားလိုက်သည်။ သူသည် မြင်းပေါ်က ဆင်းပြီး စတိုးဆိုင်ထဲကို ဝင်သွားပါသည်။ တစ်ချိန်တည်းမှာပင် သူက ကုန်သေတ္တာများကို စတိုးဆိုင်ထဲသို့ ရွှေ့ပြောင်းပြီး ပြန်သွားရန် ရထားမောင်းသူကို ပြောလိုက်ပါသည်။

သူ့နောက်တွင်ရှိနေသည့် ကျောက်ဟန်သည် ရှန်ထိုက်ယန်ကို မြင်သောအခါ မျက်မှောင် ကြုတ်သွားပါသည်။

"ဒီအဘိုးကြီးက ကျေးဇူးရှင်အတွက် မြင်းကို ခေါ်သွားပါ့မယ်။" ရှန်ထိုက်ယန်သည် ဟုန်ယွိ ထံမှ မြင်းဇက်ကြိုးကိုယူကာ မြင်းကို စတိုးဆိုင်နောက်ဘက် ခြံဝင်းဆီသို့ ခေါ်ဆောင် သွားခဲ့သည်။

အိမ်အတွင်း၌ ဟုန်ယွိသည် သူ့ဓားကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည်။ ထိုင်ပြီးနောက် ရှန်ထိုက်ဇူနှင့် မုကလေးတို့လည်း နိုးလာပြီဖြစ်ကြောင်းကို သူ တွေ့လိုက်ရသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။ "ဒီနေ့ မင်းတို့အတွက် နိုင်ငံသားဖြစ်ခွင့် စာရွက်စာတမ်းကို ငါ စီမံပေးမယ်။ သဘောတူညီမူအချို့ လုပ်ရလိမ့်မယ်။ မင်းတို့က အနာဂတ်မှာ ငါ့အစေခံတွေ ဖြစ်လာပေမဲ့, မင်းတို့ကို ငါ နှိပ်စက်မှာ မဟုတ်ဘူး။"

“ဟုတ်ကဲ့ပါ။ ဒီလူအိုကြီးက နားလည်ပါတယ်" ရှန်ထိုက်ယန် ပြုံးလိုက်သည်။

"ကျောက်ဟန်၊ ငါ့ကို ငွေဒင်္ဂါး ၃ဝဝ ပေးပါ" ဟုန်ယွိက အခုမှ ဝင်လာသည့် ကျောက်ဟန်ကို ပြောလိုက်ပါသည်။

"သခင်လေး ယွိ..။ ဒီလူတွေက ဘယ်သူတွေလဲ။ ငွေကို ရူးရူးမိုက်မိုက် သုံးစွဲလို့ မရပါဘူး။ ခရီးသွားရင် ပိုက်ဆံကိုလည်း သတိထားရမယ်။ ငွေဒင်္ဂါး ၃ဝဝ က အရမ်းများလွန်းပါတယ်။ နောက်ပြီး သခင်လေး ဒီလူသုံးယောက်ကို နိုင်ငံသားဖြစ်အောင် ကူညီပေးချင်တာလား။ သူတို့ရဲ့ နောက်ခံကိုရော သခင်လေး သိလား။ ဒီကိစ္စကို သေချာစုံစမ်းရမယ်။ ဒါက သခင်လေးယွိ ဓားပြတွေနဲ့ ပေါင်းသင်းခြင်းမှ ကာကွယ်ဖို့နဲ့၊ မြို့စားစံအိမ်ရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးခြင်းမှ ကာကွယ်ဖို့အတွက် ဖြစ်တယ်။" ကျောက်ဟန်က အေးစက်စက် ရယ်မောလိုက်ပါသည်။

"မင်း ဘယ်လိုတောင် သတ္တိတွေရှိနေတာလဲ" ရုတ်တရက် ဟုန်ယွိသည် သစ်သားစားပွဲ ပေါ်ကို လက်ဖဝါးဖြင့် ရိုက်ချလိုက်ရာ သစ်သားစားပွဲသည် ကွဲလုမတတ် ဖြစ်သွားခဲ့သည်။ "မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ငါက အမှတ်များဆုံးနဲ့ အောင်ခဲ့တဲ့ အထက်တန်း ပညာရှင်တစ်ဦး၊ တော်ဝင်ချန်မင်းဆက်ရဲ့ မင်းမျိုးမင်းနွယ်တစ်ယောက်။ ငါ့မှာ ဘယ်လို အဆင့်တန်းမျိုးရှိနေလဲ။ မင်းလို အစေခံတစ်ယောက်က ကိုယ့်သခင်ကို အနိုင်ကျင့်ရ အောင် ဘယ်လောက်တောင် သတ္တိတွေကောင်းနေလို့လဲ။ တကယ်လို့ ငါ မင်းကို အပြစ်မပေးဘူးဆိုရင် ငါ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း သိမှာ မဟုတ်ဘူး။ ထိုက်ယန်, ထိုက်ဇူ, ဒီကျွန်ကို ဖယ်ရှားလိုက်ပါ။"

ဘန်း..။

ဟုန်ယွိ၏ ပြင်းထန်သော ရိုက်ချက်သံနှင့် ကပ်ပါလာခဲ့သည့် ဟိန်းဟောက်သံက ရှိနေသူ လူအားလုံးကို တုန်လှုပ်စေခဲ့သည်။

အရေးမပါသော ဟုန်ယွိသည် ယခုအချိန်တွင် ရုတ်တရက် တိုက်ခိုက်လိမ့်မည်ဟု ကျောက်ဟန် မထင်ထားခဲ့ပေ။

သူသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပြီးနောက် အေးစက်စွာ ပြုံးကာ ပြန်လှည့်ကြည့်သည်။

သို့သော် သူ့ပတ်ဝန်းကျင်ကို ဂရုတစိုက် ကြည့်လိုက်သောအခါတွင် သူ၏အမြင်အာရုံသည် ရုတ်တရက် သွေးနီရောင်ပြောင်းသွားကာ ပြင်းထန်သော သွေးရနံ့ကို အနံ့လိုက်ရသည်။ ထို့နောက်တွင် ဓားဘီးကိုကိုင်ဆောင်ထားသည့် အနီရောင်ဆံပင်နှင့် အစွယ်ရှိသော နတ်ဆိုးကြီးကို သူတွေ့လိုက်ရသည်။ ၎င်းထံမှ အနီရောင်သွေးတွေ အရူးမူးထွက်လာပြီး၊ သူ့ကို ခုတ်ပိုင်းသည်။

"ဟင်.. စိတ်ဝိညာဉ်လှည့်ဖြားခြင်း ပညာရပ်လား။ ဟင့်...." တခဏအတွင်းမှာပင် ကျောက်ဟန်က နိုးထာလာပြီး သူ့မျက်လုံးတွေက မထင်မှတ်ထားသည့် အလင်းရောင် တစ်ခုနှင့်အတူ ရုတ်တရက် တောက်ပသွားပါသည်။ သူက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ လက်ကိုဝှေ့ယမ်းပြီး ပြိုင်တူ တွန်းထုတ်လိုက်သည်။ ဤပေါက်ကွဲထွက်လာသည့် စွမ်းအား ဖြင့် သူ့ခန္ဓာကိုယ်သည် ကြီးမားသော မီးဖိုတစ်ခုလို ဖြစ်နေသည်။ သူ၏ သွေးနှင့် ချီသည် ပြင်းထန်စွာ မြင့်တက်လာပြီး ဆိုးယုတ်သောစွမ်းအားသည် လွှမ်းခြုံသွားသည်။ သူ့ရှေ့ရှိ မြင်ကွင်းတစ်ဝက်ကျော် ပျောက်ကွယ်သွားကာ လက်ထဲတွင် ဘီးဓားပါသော ဆံပင်နီ နတ်ဆိုးကြီးသည် ခုန်မကျော်နိုင်ဘဲ မမြင်နိုင်သော အင်အားဖြင့် ပိတ်ဆို့ခံထားရသည်။

"ကောင်လေး၊ မင်းက သေချင်နေတာလား။ အဖွားကျန်းက မင်းလက်ထဲမှာ တကယ်ကို သေသွားခဲ့တာပဲ။" ကျောက်ဟန်က ဟုန်ယွိကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေ၏။

"ထိုက်ဇူ, လုပ်လိုက်တော့"

ထိုအချိန်တွင် ရှန်ထိုက်ယန်သည် အဖြစ်အပျက်ကို မသိသော်လည်း ဟုန်ယွိသည် ကျောက်ဟန်ကို ဦးစွာ ဖမ်းဆီးရမိစေရန် ကူညီရမည်ဟု သူ သိသည်။ သူသည် သူ၏ သံမဏိဆေးတံကို ဝှေ့ယမ်းပြီး ကျောက်ဟန်၏ နသယ်ကို ဝင်ရောက်တိုက်ခိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ကြီးမားသော သံတုတ်ကြီးသည် ကျောက်ဟန်၏ ခေါင်းပေါ်သို့ ကျရောက်သွားခဲ့သည်။

အခန်း (၆၇)။

ဘန်း..။၊

ရှန်ထိုက်ဇူ၏ သံတုတ်ကြီး ကျဆင်းလာသည်နှင့်အမျှ လေတုံးသံများ တဝှီးဝှီး ထွက်ပေါ် လာသည်။ ၎င်းသံတုတ်ကြီး မြေပြင်ကို မထိခင်မှာ အခန်းထဲမှာ လေပြင်းတွေ တိုက်ခတ် သွားပါသည်။ ပြတင်းပေါက်မှာ ကပ်ထားသည့် စာရွက်များသည် လှုပ်ခါနေပြီး အက်ကွဲသံတွေ ဖြစ်ပေါ်စေပါသည်။ ထိုစွမ်းအားသည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသည်။

ထိုအစွမ်းကိုကြည့်လျှင်, လူတစ်ယောက်၏ဦးခေါင်းကို မဆိုထားနှင့်, ကျောက်ခြင်္သေ့ပင်ကို တစ်ချက်ရိုက်ရုံဖြင့် အပိုင်းပိုင်း ကွဲသွားပေလိမ့်မည်။

မူလက အခန်းကျဉ်းလေးတွင် ရှည်လျားသော လက်နက်ကို အသုံးပြုရန် မလွယ်ကူသော် လည်း ဤသံမဏိမျှော်စင်ကဲ့သို့သော လူထွားကြီးသည် သံတုတ်ရှည်ကြီးကို ကိုင်ထားပြီး လုံးဝ ထိန်းချုပ်ထားခြင်း မရှိတော့ပေ။

ဤသိုင်းပညာမျိုးသည် သံတုတ်နှင့်ရင်းနှီးကျွမ်းဝင်မှုအပြင် လေဟာနယ်ပညာရပ်ကိုပါ ကျွမ်းကျင်ပိုင်နိုင်ကြောင်း သိသာထင်ရှားသည်။ ၎င်းသည် အလွန်သိမ်မွေ့သော အဆင့်သို့ ရောက်ရှိနေခဲ့သည်။

ရှန်ထိုက်ယန်၏ သံမဏိဆေးတံဟောင်းသည်လည်း ဂရုမစိုက်၍ မရပေ။ အတွေ့အကြုံရင့် သိုင်းပညာရှင်တစ်ဦး၏ ရက်စက်ကြမ်းကြုတ်မှုနှင့် ထူးဆန်းမှုကို ပြသသည့်အနေဖြင့်, သူသည် နားသယ်ကို တိတ်တဆိတ် ဝင်တိုက်ခဲ့သည်။

သားအဖနှစ်ယောက် အတူတူ ပူးပေါင်းတိုက်ခိုက်ကြသည်။ တစ်ယောက်က ခေါင်းကို အပြင်းအထန် ရိုက်နှက်ပြီး နောက်တစ်ယောက်က နားသယ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်။ သူတို့၏ ပေါင်းစပ်တိုက်ခိုက်မှုက ပြီးပြည့်စုံပြီး သူတို့၏ ကြွယ်ဝသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့ပါသည်။

ထိုအချိန်တွင် ဟုန်ယွိသည် သူ့ဓားကို လက်ဖြင့်ကိုင်ကာ မတ်မတ်ထိုင်လိုက်သည်။ ရှက်ချာဆာနတ်ဆိုးဘုရင်၏ တန်ပြန်တိုက်ခိုက်မှုကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေ ရင်း သူ၏စိတ်ဝိညာဉ်က တုန်လှုပ်သွားခဲ့သည်။

အခုနက သူသည် စားပွဲကို ဆောင့်ထိုးလိုက်ပြီး ဒေါသတကြီး ပြေးသွားစဉ်မှာ ဆိုးသွမ်း သည့် အစေခံ ကျောက်ဟန်၏ စိတ်ဝိညာဉ်ကို နတ်ဆိုးဘုရင်က တိုက်ခိုက်နေသည့် မြင်ကွင်းကို ပုံဖော်လိုက်ပါသည်။ သို့သော် တဖက်လူ၏ သိုင်းပညာသည် ဤမျှ ပုံမှန်မဟုတ်ဟု သူ မမျှော်လင့်ထားပေ။ သူ့တစ်ကိုယ်လုံး၏ ချီနှင့်သွေးတွေက အားကောင်းပြီး၊ သူ့သွေးတွေနှင့် သူ့စိတ်ဝိညာဉ်က ယင်ချီနှင့် ပြည့်နေခဲ့သည်။ သူသည် နတ်ဆိုးဘုရင်ကဲ့သို့ တန်ခိုးကြီးသော နတ်ဆိုးများကို သူ့ထံ မချဉ်းကပ်နိုင်စေရန် တွန်းအားပေးနိုင်ခဲ့ပါသည်။

မိုးခြိမ်းသံကြောင့် ဟုန်ယွိ၏ စိတ်ဝိညာဉ်များ ကွဲအက်သွားပြီး လုံးဝ ပြန်လည် ကောင်းမွန် လာခဲ့သည့် နေ့မှစ၍ သူ၏ စိတ်ဝိညာဉ် ကျင့်ကြံမှုသည် တိုးတက်လာခဲ့သည်။ သူသည် အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည့်အဆင့်သို့ မရောက်သေးသော်လည်း၊ သူသည် ပိုမို သန်မာပြီး လိုက်လျောညီထွေ ရှိလာနေသည်။ သူသည် ရှက်ချာဆာနတ်ဆိုးဘုရင်ကို တိုက်ခိုက်ရန် အနည်းငယ် ထိန်းချုပ်နိုင်နေပြီ ဖြစ်သည်။

သူသည် ကျောက်ဟန်၏ စိတ်ဝိညာဉ်ကို မထိခိုက်စေသော်လည်း, သူသည် တဖက်လူအား အောင်အောင်မြင်မြင် ထိန်းထားနိုင်ခဲ့သည်။

ဟုန်ယွိသည် သူ့ခန္ဓာကိုယ်ကို တိတ်တဆိတ် စောင့်ကြည့်ပြီး ရှက်ချာဆာနတ်ဆိုးဘုရင်၏ တန်ပြန်တိုက်ခိုက်မှုကို အသက်တစ်ကြိမ်ရူစာ ထိန်းထားနိုင်ခဲ့သည်။ သူ့စိတ်သည် အလွန်မင်း ကြည်လင်နေ၏။

လူတစ်ယောက် ဆုံးဖြတ်ချက် မချခင်မှာ လူတစ်ယောက်ကတော့ ကြီးကြီးမားမား ခံစားရ လိမ့်မည်။

ဟုန်ယွိသည် ဂန္တဝင်နှင့်သမိုင်းကို ကောင်းစွာ တတ်သိနားလည်သောကြောင့် ဤသဘော တရားကို သူ ကောင်းစွာ သိရှိထားပါသည်။ ရှေးခေတ်က ဧကရာဇ်မင်းများသည် သစ္စာဖောက်များကို သတ်ပြီး ၎င်းတို့၏အမှုထမ်းများကို သေဒဏ်ချသောအခါ, အားလုံးက လျင်မြန်ပြီး ပြတ်သားကြပါသည်။ သူတို့ပြိုင်ဘက်တွေက မတုံ့ပြန်နိုင်ခင်မှာ, သူတို့ကို ဖြုတ်ချပြီး သတ်ပစ်ခဲ့ကြပါသည်။

ဤကျောက်ဟန်သည် နားမလည်နိုင်အောင်ဖြစ်ရပြီး၊ သူသည် မဒမ်ကျောက်၏ လူတစ်ဦး ဖြစ်ပါသည်။ သူ့အနားမှာ ကြာကြာနေလေ ပိုအန္တရာယ်များလေ ဖြစ်သည်။ သူ့နောက်မှာ တစ်စုံတစ်ယောက် ရှိနေနိုင်သည်ကို မည်သူ သိနိုင်မည်နည်း။ အကယ်၍, သူသည် သူ့ကို ထိန်းချုပ်ဖို့ အဆယ်သွယ်တစ်ခု ဖန်တီးရန် အချိန်ရသွားပါက သူ့ရှင်ခြင်း သေခြင်းတရား က သူ့လက်ထဲမှာပင် ရှိနေပါလိမ့်မည်။

ထို့အပြင် ယနေ့တွင် ၎င်းကို မဖယ်ရှားပါက ကျောက်ဟန်ကို သတိပေးသလို ဖြစ်သွားလိမ့် မည်။ သူ၏ သာလွန်ထူးကဲ့သည့် အရည်အချင်းတွေနှင့်ဆို, သူ့ကို ဖယ်ထုတ်ရန် မဖြစ်နိုင် တော့ပါဘူး။

"လျှပ်တပြက်အတွင်း အောင်မြင်နိုင်ဖို့ ငါ မျှော်လင့်တယ်။" ဟုန်ယွိသည် တည်ငြိမ်သွားပြီး နောက် သူလည်း အတော်လေး စိုးရိမ်သွားပါသည်။

"မင်းက သေချင်နေတာဘဲ၊”

ထိုအချိန်မှာပဲ ကျောက်ဟန်က အေးစက်ပြီး ရိုင်းစိုင်းသည့် ရယ်မောသံဖြင့် ရယ်မောလိုက် ပါသည်။ သူသည် သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ပြီး သံတုတ်ကို ရှောင်ထွက်သွားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် သူသည် လက်ဖဝါးကို အပြင်းအထန် လှုပ်ယမ်းကာ အဖိုးအို ရှန်ထိုက်ယန်၏ သံမဏိဆေးတံကို ရိုက်ချလိုက်သည်။ ရုတ်တရက်, လက်ဖဝါးသည် လက်သည်းအသွင် ပြောင်းပြီး သံမဏိဆေးတံကို အတင်းအကြပ် ဆုပ်ကိုင်လိုက်ပါသည်။

ရှန်ထိုက်ယန်၏ အမူအရာက ပြောင်းသွားပါသည်။ သူသည် အပြင်းအထန် နောက်ပြန် ဆုတ်ကာ "ခြင်္သေ့အလုံးလှိမ့်" သိုင်းကွက်ဖြင့် ကန်ထုတ်လိုက်သည်။

ဘန်း..။

ကျောက်ဟန်၏ ခြေထောက်များက မျက်လုံးများ ရှိနေသလိုပင်။ သူသည် ရှန်ထိုက်ယန်၏ ခြေထောက်ကို တိကျစွာ ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ သူက အေးစက်စက် ရယ်မောပြီး သူ့လက်နှစ်ဖက်ကို တွန်းထုတ်လိုက်၏။ သံမဏိဆေးတံက နှစ်ပိုင်းပြတ်သွားခဲ့သည်။

ရှန်ထိုက်ယန်၏ လက်နက်ကို လျှပ်တပြက် ဖျက်ဆီးပြီးနောက် ကျောက်ဟန်၏ ခန္ဓာကိုယ် သည် ထူးဆန်းစွာဖြင့် လျှပ်တပြက် လှုပ်ရှားသွားခဲ့သည်။ သူသည် ရုတ်တရက် ရှန်ထိုက်ယန်ထံသို့ ချဉ်းကပ်သွားပြီး သူ့လက်သည်းတွေဖြင့် တိုက်ခိုက်လိုက်ပါသည်။ အသက်ရှုချိန် ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး ရှန်ထိုက်ယန်သည် ရှောင်တိမ်းနေခဲ့ ရသည်။

ချက်ချင်း အသာစီးရသွဦးပြီးနောက် ကျောက်ဟန်က အသက်ရူရှောင်သွားပြီး ဟုန်ယွိကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ သူက ရူးနှမ်းစွာ ရယ်မောပြီး ပြောသည် "ခွေးကောင်လေး၊"

သူ စကားပြောနေစဉ် သူ့ခန္ဓာကိုယ်သည် လေကဲ့သို့ပင်။ တခဏချင်းမှာပင် သူသည် ဟုန်ယွိရှေ့ကို ပြေးသွားခဲ့သည်။ သူက လက်ဖဝါးဖြင့် ဟုန်ယွိ၏ လည်ပင်းကို ဆုပ်ကိုင် လိုက်ပါသည်။

ဟုန်ယွိ သူ့ပြိုင်ဘက်၏ ခြေသည်းတွေက အေးစက်စက် အလင်းရောင်တွေနှင့် တောက်ပ နေခဲ့ပြီး လေပြင်းက သူ့မျက်နှာကို တိုက်ခတ်နေလာသည်ကိုသာ ခံစားလိုက်ရပါသည်။

သူသည် ရှောင်တိမ်းချိန်ပင် မရခဲ့ပါဘူး။ သူကိုင်ထားသည့် ငါးမန်းသတ်ဓားကို ဆွဲထုတ်ဖို့ လည်း အချိန်မရှိတော့ပေ။

ကံကောင်းထောက်မစွာ၊ ထိုအချိန်မှာပင် ရှန်ထိုက်ဇူက ဟိန်းဟောက်ပြီး သူ့လက်ထဲက သံတုတ်က ရှေ့ကို ရိုက်ချလိုက်သည်။ လက်ဖက်ရည်ခွက် အထူရှိသော သံတုတ်သည် ကျောက်ဟန်၏ နောက်စေ့သို့ အတိအကျ တိုးဝင်သွားခဲ့ပါသည်။

ကျောက်ဟန်သည် သူ့လမ်းကြောင်းကို ရှေ့သို့ မတိုးနိုင်တော့ပေ။ ရုတ်တရက် သူ့လက်ကို ပြန်ရုပ်ပြီး ဆုပ်ကိုင်လိုက်သည်။ သူသည် သံတုတ်ဖျားကို ဖမ်းဆုပ်ရန် သူ့လက်ကို အမှန်တကယ် အသုံးပြုခဲ့ပါသည်။ သူသည် ရှန်ထိုက်ဇူ၏ တိုက်ခိုက်မှုကို ပြင်းထန်စွာ တားဆီးခဲ့သည်။

"လွှတ်စမ်း...။"

သံတုတ်ကို ဖမ်းယူလိုက်ပြီးနောက် ကျောက်ဟန်က ပြင်းထန်စွာ လှုပ်ခါလိုက်ပါသည်။ ရှန်ထိုက်ဇူ၏ ခန္ဓာကိုယ်သည် ချက်ချင်းပင် တုန်လှုပ်သွားသည်။ သူသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး၊ သံတုတ်ကို လက်နှစ်ဘက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့လက်မနှင့် လက်ညိုးကြားရှိ အရေပြားမှ သွေးစတစ်ခု စီးဆင်းသွားသည်။

"ဟမ့်" ကျောက်ဟန်သည် သူ့ပြိုင်ဘက်က သံတုတ်ကို ချုပ်ကိုင်ထားဉီးဟု မမျှော်လင့် ထားပေ။ သူ့မျက်လုံးတွေက အေးစက်သွားကာ ဘေးမှ တိတ်တဆိတ် လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်ဖြင့် သူသည် ရှန်ထိုက်ယန်ကို သူ့လမ်းကြောင်း အတွင်းကနေ တွန်းအားပေး ထုတ်လိုက်ခြင်းဖြစ်သည်။

ဤအနည်းငယ် မှားယွင်းသော တွက်ချက်မှုက ကျောက်ဟန်၏ ခြေလှမ်းများကို ရှုပ်ထွေးသွားစေခဲ့ပါသည်။

ထိုအချိန်တွင် ဟုန်ယွိသည် အခွင့်အရေးတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ ချွင်..။ ငါးမန်းသတ် ဓားသည် ဓားအိမ်မှ ထွက်လာခဲ့သည်။ ရိုးရှင်းပြီး တိုက်ရိုက်ဆန်သော တိုက်ခိုက်မှုက ကျောက်ဟန်၏ နောက်ကျောဆီကို ဦးတည်သွားခဲ့သည်။

ငါးမန်းသတ်ဓားသည် နတ်လက်နက်တစ်ခု ဖြစ်သည်။ ဓားအိမ်မပါသောအခါ၊ ဓားသည် ထက်ရှလွန်းသည်။ မည်သည့်ပညာရှင်မဆို ထိုထက်ရှမူကို ခံစားနိုင်ပါသည်။ ထိုအချိန်တွင် ကျောက်ဟန်သည် သူ့နောက်ကျောကို စိုက်ကြည့်ခံနေပုံရသည်ဟု ခံစားမိပြီး၊ သူက မြွေတစ်ကောင်လို ပြင်းထန်စွာ တွန့်လိမ်ပြီး ဟုန်ယွိ၏ဓားကို ရှောင်တိမ်းလိုက်ပါသည်။

"ကျေးဇူးရှင်၊ ကျွန်မကို ဓားပေးပါ၊"

ဘေးမှာရှိနေသည့် မုကလေးသည် ရုတ်တရက် လှမ်း၍ ဟုန်ယွိ၏လက်ကို ဆုပ်ကိုင်လိုက် သည်။

"ကောင်းပြီ" ဟုန်ယွိသည် သူ့လက်ကို ဖြေလျှော့လိုက်ပြီး ငါးမန်းသတ်ဓားသည် မုကလေး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

မုကလေးသည် သူမ၏လက်ထဲမှာ ဓားကိုကိုင်ထားပြီး သူမ၏အသွင်အပြင် တစ်ခုလုံး ပြောင်းလဲသွားပုံရပါသည်။ ထိုကလေးမလေး၏ အနှစ်သာရ၊ ချီနှင့် စိတ်ဝိညာဉ်သည် ဓားပေါ်မှာ အာရုံစိုက်နေပုံရသည်ဟု ဟုန်ယွိက ခံစားနိုင်ပါသည်။ သူမလက်ထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။ ဝှီး...၊ ဝှီး.. ဝှီး.. ဓားသုံးချောင်းသည် အလင်းရောင်ကဲ့သို့ လင်းလက်သွားခဲ့သည်။ တိကျမှုနှင့်နည်းစနစ်သည် ဟုန်ယွိထက် အဆများစွာ ပိုကောင်းပါသည်။

"လိပ်ပြာအက ဓားသိုင်းလား..။ ဆန်းကြယ်ကောင်ကင်ဘုံခန်းမ" ထိုအခိုက်တန့်တွင်, ကျောက်ဟန်သည် ရှောင်တိမ်းပြီး၊ ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့၏ တိုက်ခိုက်မူကို ရှောင်တိမ်းသွားခဲ့သည်။ သူ တန်ပြန်တိုက်ခိုက်ခါနီးတွင် ဓားလေလှိုင်းက သူ့နောက်မှ ထွက်ပေါ်လာပြန်သည်။ သူက လျင်မြန်စွာ ရှောင်ထွက်သွားပြီး မုကလေး၏ ဓားနည်း စနစ်ကို မြင်လိုက်ရခြင်း ဖြစ်သည်။ သူသည် အော်ဟစ်ပြီး ခြုံခိုတိုက်ခိုက်ခံရမည်ကို ကြောက်ရွှံ့သွားသည့်အလား ပတ်ပတ်လည်ကို ကြည့်လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်သည် ထွက်ပြေးလွတ်မြောက်ရန် အသည်းအသန် ကြိုးစားလိုက်ပါသည်။

“ရက်ရှာဆာဘုရင်၊"

ဟုန်ယွိက ကျောက်ဟန်ကို မည်သို့ လွတ်မြောက်ခွင့် ပြုနိုင်မည်နည်း။ သူ့မျက်လုံးများက ဖျတ်ခနဲ တောက်ပသွားပြီး၊ တိုက်ခိုက်ရန်အတွက် ရှက်ချာဆာနတ်ဆိုးဘုရင်၏ ပုံရိပ်ကို လွှတ်ပေးလိုက်ပါသည်။ ပြင်းထန်သော တိုက်ပွဲတွင်, ကျောက်ဟန်၏ အသိစိတ်သည် အနည်းငယ် မောပန်းသွားခဲ့သည်။ အခုလေးတင် မုကလေး၏ ဓားသိုင်းစနစ်ကို သူ မြင်လိုက်ရသောအခါတွင် သူ့အသိစိတ်က အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူသည် အမှန်တကယ် အမှားလုပ်မိသွားခဲ့ပြီး သူ၏သွေးလည်ပတ်မူက ရှုပ်ထွေးသွားကာ၊ ရှက်ချာဆာနတ်ဆိုးဘုရင်သည် သူ့ခန္ဓာကိုယ်နှင့် နီးကပ်လာစေရန် ခွင့်ပြုပေးခဲ့ရပါသည်။

ယင်းကြောင့် သူ့အသိစိတ်က ပျောက်ဆုံးသွားပြီး သူ၏ နောက်ဆုံးအခွင့်အရေးကို ဆုံးရှုံး သွားစေခဲ့သည်။

ဝူး...။

မုကလေး၏ဓားသည် ခုတ်ပိုင်းသွားပြီး နစ်မြုပ်သွားကာ သူ့ခြေထောက်ရှိ အရွတ်များကို ဖြတ်တောက်ပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ ရှန်ထိုက်ယန်သည်လည်း အခွင့်ရေးကို ဆုပ်ကိုင်ကာ ကျောက်ဟန် ၏ လက်များကို ဖမ်းဆုပ်ရန် အခွင့်ရေးရသွားခဲ့သည်။ ကျောက်ဟန်တစ်ယောက် ပြင်းထန်စွာ ရုန်းကန်နေသည်ကို မြင်လိုက်ရတော့ ရှန်ထိုက်ဇူ၏ သံတုတ်က သူ့ပုခုံးပေါ်သို့ ပြိုကျသွားခဲ့သည်။ ဖျစ်.., အတွင်းအရိုးများ ကွဲအက်သွားခဲ့သည်။

ဤတစ်ကြိမ်မှာတော့ ကျောက်ဟန်သည် နောက်ဆုံးတွင် ရှန်ထိုက်ယန်နှင့် ရှန်ထိုက်ဇူတို့ က မြေပြင်ပေါ်သို့ ဖိနှိပ်မူကို ခံလိုက်ရတော့၏။

မုကလေးသည် သူမ၏ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းပြီး သူ့လက်မှ အရွတ်များကို ဖြတ်လိုက်ပါသည်။ ဤတစ်ကြိမ်တွင် နားမလည်နိုင်သော ကျွမ်းကျင်သူ ကျောက်ဟန် သည် နောက်ဆုံးတွင် ရုန်းကန်ရန် ခွန်အားပင် မရှိတော့ပေ။

ကျောက်ဟန်သည် မြေပြင်ပေါ်သို့ ဖိနှိပ်ခံထားရသည်ကို မြင်လိုက်ရသဖြင့် ဟုန်ယွိသည် မျက်လုံးများကို မှိတ်ပြီး ရှက်ချာဆာနတ်ဆိုးဘုရင်ကို နောက်တစ်ကြိမ် ထိန်းချုပ်လိုက်ပါ သည်။ သူသည် အသက်ပြင်းပြင်းရှူပြီး ကုလားထိုင်ပေါ် ထိုင်လိုက်သည်။ သူ့ခန္ဓာကိုယ် သည် ပြိုကျလုနီးပါး ဖြစ်နေပုံရသည်။

သူတို့လေးယောက်သည် သူ့ကို ဝိုင်းဝန်းတိုက်ခိုက်ပြီး သူတို့လက်နက်တွေကို ကိုယ်စီး အသုံးပြုခဲ့ရသည်။ ကျောက်ဟန်သည် ဟုန်ယွိ၏ ရှက်ချာဆာနတ်ဆိုးဘုရင်၏ ပုံရိပ်ကိုပင် အောင်အောင်မြင်မြင် တားဆီးနိုင်ခဲ့သည်။ အကယ်၍, အမှားအယွင်း တစ်စုံတစ်ရာသာ မရှိခဲ့ပါက အကျိုးဆက်များက မှန်းဆ၍ မရနိုင်တော့။

ဟုန်ယွိသည်လည်း ကျောက်ဟန်၏ ကိုယ်ခံပညာကို အလွန်ကြောက်ရွံ့နေပါသည်။

"ကျေးဇူးရှင်၊ မင်းရဲ့ဓား" မုကလေးက လမ်းလျှောက်လာပြီး ဓားကို အပ်လိုက်သည်။

ဟုန်ယွိက "ငါးမန်းသတ်ဓား" ကို ဓားအိမ်ထဲထည့်ပြီး ဓားရိုးကို ဖိကိုင်လိုက်သည်။ သူသည် သူ့အသက်ရှုမူကို ထိန်းညှိပြီး မတ်မတ်ထလိုက်ပါသည်။ မြေပြင်ပေါ်တွင် ဖိကပ်နေသော ကျောက်ဟန်ကို ကြည့်လိုက်ရင်း သူ့လက်ထဲတွင် အင်အားရှိလာခြင်းကြောင့် ကျေနပ်မှု တစ်ခုကို ခံစားရသည်။

"သူက ဘယ်လောက်တောင် သန်မာလဲ။ ထိုက်ယန်, မင်း ပြောပြနိုင်မလား” ဟုန်ယွိက ဓားကို ကိုင်ရင်း ပထမဆုံး မေးခွန်းကို မေးလိုက်ပါသည်။

အခန်း (၆၈)။

"ကျေးဇူးရှင်၊ ဒီလူရဲ့ကွန်ဖူးဟာ နားမလည်နိုင်လောက်အောင်ပါပဲ။ သူက သူ့ကြွက်သား တွေနဲ့ အရိုးတွေကို လေ့ကျင့်ထားပြီးပြီ။ တကယ်လို့, ကျွန်တော် ခန့်မှန်းသာ မမှားရင်၊ သူက သူ့ရဲ့ကိုယ်တွင်းအင်္ဂါတွေကို စတင်လေ့ကျင့်ပေးနေတဲ့ အထွတ်အထိပ် သိုင်းသခင် တစ်ဦး ဖြစ်သင့်တယ်။ ဒါပေမယ့် သူက ရှန်တန်သိုင်းသခင်အဆင့် မရောက်သေးဘူး။ မဟုတ်ရင် ကျွန်တော်တို့ ဒီနေ့ ဒီနေရာမှာ သေသွားလိမ့်မယ်။"

ရှန်ထိုက်ယန်က ထိုင်ချလိုက်ပြီး သံမဏိဆေးတံ နှစ်ပိုင်းကို ကောက်ယူလိုက်ပါသည်။ ကျောက်ဟန်ကြောင့် ကျိုးသွားသော အစိတ်အပိုင်းများကို ကြည့်ရင်း၊ သူ့မျက်လုံးတွေက လှုပ်ခါသွားပါသည်။ သေချာသည်မှာ သူသည် ကြောက်ရွံ့မှုအချို့ ရှိနေပါသေးသည်။

“ရှန်တန်သိုင်းသခင်တွေမှာ ကြေးနီရောင်အရေခွံ၊ သံမဏိအရိုးတွေနဲ့ သံမဏိကိုယ်တွင်း အင်္ဂါတွေ ပိုင်ဆိုင်ကြတယ်။ ဒီကောင်က ဝိုင်းဝန်းတိုက်ခိုက်ခံရတော့ အသက်ရှူရာမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့တယ်။ သူက သူ့ကိုယ်တွင်း အင်္ဂါတွေကို ကောင်းကောင်း လေ့ကျင့်ထားပုံမရသေးဘူး။ ဒါ့အပြင်၊ ရှန်တန်သိုင်းသခင်တွေက တာအိုပညာရပ်တွေကို မကြောက်ကြဘူး။ ကျေးဇူးရှင်က တာအိုပညာရပ်တွေကို အသုံးပြုဖူးသူ ဖြစ်ရမယ်။”

ရှန်ထိုက်ယန်က ဟုန်ယွိကို လှမ်းကြည့်ရင်း အခုနက တိုက်ခိုက်မူမြင်ကွင်းကို ပြန်သတိရသွားသည်။

သူသည် အတွေ့အကြုံရှိသော ကျင်းဟူလောကမှ ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ ကျောက်ဟန်၏ အမှားနှစ်ခုကို သူ သတိပြုမိခဲ့သည်။

"ဒီလူအိုကြီးက ဉာဏ်ကောင်းတယ်။ ဟုန်ယွိက သူ့ကိုယ်သူ တွေးလိုက်သော်လည်း ပြန်မဖြေခဲ့ပါဘူး။ သူက သူ့ဓားရိုးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ၊ လက်တစ်ဖက်ကို စားပွဲပေါ်တင်ပြီး ထိုင်နေလိုက်သည်။ သူပုံစံက အမိန့်ပေးနေသလိုပဲ။

ဟုန်ယွိသည် ကျောက်ဟန်ကို တိုက်ခိုက်ရန် ရှက်ချာဆာနတ်ဆိုးဘုရင်ကို အသုံးပြုခဲ့ပြီး၊ ယင်းက အတွေးတိုက်ပွဲတစ်ခု ဖြစ်သည်။ ၎င်းသည် မမြင်နိုင်သော ပြိုင်ဘက်၏ အတွေးများအပေါ် တိုက်ရိုက် ပုံဖော်ထားသည်။ သူ့ပတ်ဝန်းကျင်က လူတွေ ဘာမှ မြင်သလို မကြားရပါဘူး။

"ရှန်တန်သိုင်းသခင်ကို စတင်ရောက်ရှိတော့မယ့် အထွတ်အထိပ် သိုင်းသခင်တစ်ယောက် လား။" ဟုန်ယွိသည် ကျောက်ဟန်ကဲ့သို့သော သိုင်းသခင်တစ်ဦးနှင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်ပါသည်။ "ဒီလိုသိုင်းသခင်တစ်ယောက်ဟာ စစ်တပ်မှာတောင် ရာထူးကြီး တစ်ခု ရနိုင်လိမ့်မယ်။ ဒါပေမယ့်, သူက ကျွန်ခံဖို့ မဒမ်ကျောက်ရဲ့အိမ်ကို လာခဲ့တယ်။ မဒမ်ကျောက်ရဲ့ မိသားစုက ဘယ်လောက် တန်ခိုးကြီးလဲ။ ဒီနေ့ ငါ သူ့ကို ဖြုတ်ချနိုင်ရင် တောင် မဒမ်ကျောက်က နောက်ထပ် ဘယ်သူ့ကို စေလွှတ်ဦးမှာလဲ။”

ထိုအကြောင်းကို တွေးပြီး မဒမ်ကျောက်၏ စွမ်းအားကြောင့် သူ အံ့ဩသွားခဲ့ရပါသည်။

သူသည် 'ကြေးနီအရေခွံ၊ သံမဏိအရိုးများနှင့် သံမဏိကိုယ်တွင်းအင်္ဂါများကို ပိုင်ဆိုင်သည့် ရှန်တန်သိုင်းသခင်အဆင့်သို့ မရောက်သေးသော်လည်း သူသည် အစွမ်းထက်သော သိုင်းသခင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။

"ခွေးမသား၊ မင်းက ကောင်းကောင်းလုပ်ခဲ့တယ်။ ကောင်းလိုက်တာ၊"

ကျောက်ဟန်သည် မြေပြင်ပေါ်တွင် ဖိနှိပ်ခံထားရပြီး သူ့လက်နှင့် ခြေထောက်ရှိ အရွတ် များ ပြတ်သွားသော်လည်း သူ့မျက်လုံးများက အဆိပ်ပြင်းသော မြွေတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေသေးသည်။

"မုကလေး၊ သူ့ကို ပါးရိုက်လိုက်စမ်း။"

ဟုန်ယွိ၏ မျက်လုံးများက အေးစက်သွားသည်။

"ဟုတ်ကဲ့ ကျေးဇူးရှင်။"

မုကလေး ရှေ့တက်လာပြီး လက်ကိုဆန့်ကာ ကျောက်ဟန်ကို အကြိမ်အနည်းငယ် ပါးရိုက်လိုက်ပါသည်။

ကျောက်ဟန်သည် အရွက်, အရိုးနှင့် အရေပြားတို့တွင် ကျွမ်းကျင်သူဖြစ်သော်လည်း၊ သူ့မျက်နှာကို ပါးရိုက်ခြင်းကို ခက်ခက်ခဲခဲ ခုခံနေရဆဲဖြစ်သည်။ ထို့အပြင် မုကလေးသည် သိုင်းပညာရှင်ကောင်းတစ်ဦးလည်း ဖြစ်သည်။ သူမ၏သိုင်းပညာက ရက်စက်သည်။

သူ့မျက်နှာက ချက်ချင်း နီရဲပြီး ရောင်ရမ်းလာကာ တစ်ချိန်တည်းမှာပင် သူ့ပါးစပ်ထောင့်မှ သွေးတွေ စီးကျလာသည်။

သို့သော်, သူက ဆံပင်တွေကို အဆုံးထိ ထောင်မတ်သွားစေမည့် အကြည့်ဖြင့် ဟုန်ယွိကို ကြည့်လိုက်ပါသည်။ သူက အေးစက်စွာ ပြောသည် "ကောင်းတယ် ကောင်းတယ် ကောင်းတယ်။ မင်းက ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ မဒမ်ကျောက်က မင်းတာအို ပညာရပ်တွေကို တိတ်တဆိတ် လေ့ကျင့်နေတာတောင် မသိလိုက်ဘူး။ ဆိုးယုတ်ညံ့ဖျင်း တဲ့ ခွေးမ မန်ပိုင်ယွန်က မင်းကို တိတ်တိတ်လေး သင်ပေးခဲ့တာ ဖြစ်ရမယ်။ ကောင်းတယ်၊ ကောင်းတယ်၊ မင်းကိုလည်း သစ္စာဖောက်လို့ သတ်မှတ်လို့ရတယ်။ ဟုန်ရွှန်ကျိတောင် မင်း တာအိုပညာတွေ လေ့ကျင့်နေတာကို မပြောနိုင်ခဲ့ဘူး။ မင်းမှာ တကယ်ကို စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း ထားရှိပြီး၊ အန္တရာယ်ပေးလိုတဲ့ စိတ်နှလုံး ရှိနေတာပဲ။ တကယ်လို့, ငါသာ စောစောကတည်းက မင်းကို တိတ်တိတ်လေး ဖယ်ထုတ်ခဲ့ရင် ဒီနေ့ ငါ ဒီလို ဒုက္ခရောက်မှာ မဟုတ်ဘူး။”

"မန်ပိုင်ယွန်, မန်ပိုင်ယွန် ဘယ်သူလဲ" ဟုန်ယွိသည် ကျောက်ဟန်၏ ပါးစပ်မှ ဤနာမည်ကို ကြားလိုက်ရပြီး သူ့နှလုံးသားက တင်းကျပ်သွားခဲ့ပါသည်။

"ဟား...၊ ဟား...၊ ဟား..။ တိုင်ရှန်တာအိုဂိုဏ်းရဲ့ ထူးခြားတဲ့ တပည့်ဖြစ်သူ မန်ပိုင်ယွန်က ကိုယ့်သားကိုတောင် နာမည် မပြောဝံ့ခဲ့ဘူးပဲ။ ဘယ်လောက်တောင် သူရဲဘောကြောင် လိုက်လဲ။”

ကျောက်ဟန်သည် ဟုန်ယွိ၏မေးခွန်းကို ကြားသောအခါတွင် သူသည် ပထမဆုံး အံ့အား သင့်သွားပြီး ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။ သူ့အမုန်းတွေကို ဖြေဖျောက်ဖို့ နည်းလမ်း ရှာတွေ့သွားသလိုပင်။

"မန်ပိုင်ယွန်က ငါ့အမေ နာမည်လား" ဟုန်ယွိသည် ဤစကားကိုကြားသောအခါ သဘာဝ အတိုင်း နားလည်သွားခဲ့ပါသည်။ တစ်ချိန်တည်းမှာပင် သူသည် ကျန်းနန်မင်းသမီးနှင့် စာကြည့်တိုက်ထဲတွင် တွေ့ခဲ့ဖူးသော ဇီးပန်းပွင့်ပန်းချီကားကို ရုတ်တရက် သတိရလိုက် မိပါသည်။

ဇီးပန်းပွင့်ပန်းချီတွင် ချင်ဒေါင်ဇီက အစ်ကိုရွှန်ကျိနှင့် မန်ပိုင်ယွန်တိုအား လက်ဆောင်ပေး သည်ဟု ရေးသားထားပါသည်။

တိုင်ရှန်တာအိုဂိုဏ်း မန်ပိုင်ယွန်.. အမေ့နာမည်က မန်ပိုင်ယွန်လား" ဟုန်ယွိ၏ နှလုံးသား သည် တုန်လှုပ်သွားသည်။ သူသည် မည်သို့ခံစားရမှန်း မသိတော့ပေ။ သူ ခုနစ်နှစ်အရွယ် မှာ သူ့အမေဆုံးသွားခဲ့ပါသည်။

ဟုန်ယွိသည် သူ့မိခင်က သူ့မှတ်ဉာဏ်များတွင် ထူးခြားလှသည်ဟု ခံစားမိသော်လည်း သူမသည် တစ်နှစ်ပတ်လုံး နေမကောင်း ဖြစ်နေခဲ့သည်။ သူမသည် ဘယ်တုန်းကမှ မပြုံးပြ ဖူးသလိုပင်။ သူမနာမည်ကိုလည်း မပြောပြခဲ့ပါဘူး။ ယခုအခါ, အထိမ်းအမှတ် ကမ္ဗည်းပေါ် မှ တစ်ခုတည်းသော သူမ၏အမည်မှာ ဟုန်ဖြစ်သည်။ မျိုးရိုးအမည်တောင် မရှိခဲ့ပါဘူး။

အမျိုးသမီးတစ်ဦးသည် အိမ်ထောင်ပြုပြီးနောက်တွင် ခင်ပွန်းဖြစ်သူ၏ မျိုးရိုးအမည်ကို ယူဆောင်ကြရပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အမျိုးသမီး၏အမည်ရင်းကို လူတွေ မေ့သွားကြသည်။

သို့သော် ဟုန်ယွိ၏ မှတ်ဉာဏ်များတွင် သူ့အမေ၏အမည်ကို ပြောပြရန် သူ့အမေကို တောင်းဆိုခဲ့ဖူးသည်။ သို့သော် သူ့အမေက သူ့ကို ဘယ်တော့မှ မပြောပြခဲ့ပါဘူး။ ဆက်မေး ရင် မျက်မှောင်ကြုတ်သွားတတ်သည်။

သူ့အမေက သူ့ကို ဘယ်တော့မှ မရိုက်နှက်ခဲ့ပါဘူး။ သူမ စိတ်ဆိုးနေချိန်မှာဆို သူမသည် မျက်မှောင်ကြုတ်နေလိမ့်မည်။

သူ့အမေ၏ မျက်မှောင်ကြုတ်မှုက ဟုန်ယွိကို ငယ်စဉ်ကပင် အနက်ရှိုင်းဆုံးနေရာမှာ စွဲမှတ်ထင်ကျန်ရစ်စေခဲ့သည်။ တိမ်တိုက်လို မျက်ခုံးမွှေးကို မျက်မှောင်ကြုတ်နေမှာ ကြေကွဲဖွယ်ရာပင်။

"တိုင်ရှန်တာအိုဂိုဏ်းနဲ့ ငါ့အမေကြားက ဘာတွေဖြစ်ခဲ့တာလဲ။ ငါ့ကို ပြောပြစမ်း။”

ဟုန်ယွိက ရုတ်တရက် စားပွဲကို ဆောင့်ချလိုက်ပြန်သည်။ သူ့မျက်လုံးများက ကျောက်ဟန် ကို စိုက်ကြည့်နေသည်။ သူ့ဓားရိုးပေါ်ရှိ လက်ချောင်းများက အချိန်မရွေး ဓားကို ဆွဲထုတ်၍ သတ်ဖြတ်ချင်သလို လှုပ်ရှားသွားခဲ့သည်။

“မင်း သိချင်လား..၊ ဟီး...၊ ဟီး..၊ ပြန်သွားပြီး ဟုန်ရွှန်ကျိကို မေးလိုက်ပါ။ မင်းက ငါ့ပါးစပ်ထဲက သဲလွန်စတစ်ခုခု ရယူချင်နေတာလား။ အိပ်မက်မက်လိုက်ဦး။ ခွေးကောင်၊” ကျောက်ဟန်က ရယ်မောလိုက်သည်။ "မင်း ဒီနေ့ ငါ့ကို ဒီလို ဆက်ဆံခဲ့တယ်။ ရက်အနည်းငယ်ကြာရင် မဒမ်ကျောက်ရဲ့ အဆုံးမဲ့ လက်စားချေမှုကို မင်း စောင့်နေလိုက် တော့။ ဒါက အဆုံးသတ်လို့ မထင်နဲ့။”

"ဒါပေမယ့်, မင်း ငါ့ကို တောင်းပန်ရင် ဒူးထောက်ပြီး တောင်းပန်ရင် ငါပြောပြမယ်။ တကယ်တော့ မင်းအမေက ဒေါသထွက်လွန်ပြီး သေသွားတာ မဟုတ်ဘူး။ မဒမ်ကျောက် က အရွတ်လောင်ကျွမ်းအမှုန့်နဲ့ သူမကို တိတ်တဆိတ် အဆိပ်ခတ်ခပ်လို့ပဲ။ ဒီဝေဒနာနဲ့ သေသွားရတာ။ ဟီး...၊ ဟီး...၊ အရွတ်လောင်ကျွမ်းအမှုန့်အကြောင်း မင်း သိတယ် မဟုတ်လား။ ဒီဆေးကို စားပြီးနောက် ဆယ်ရက်ကျော်ကြာအောင် နာကျင်စေလိမ့်မယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အရိုးတွေနဲ့ အတွင်းအင်္ဂါတွေ ကွဲအက်သွားလိမ့်မယ်။ နောက်ဆုံးမှာ တော့ ချီနဲ့သွေးတွေ ခန်းခြောက်သွားလိမ့်မယ်။ အဆုံးသတ်မှာတော့ မင်းအမေသေတာကို မင်းကိုယ်တိုင် ကြည့်ခဲ့ပြီးပြီ မဟုတ်လား။ ဟား ဟား... ဟီးဟီး၊ ဟိုတုန်းကတော့ မဒမ်ကျောက်က နူးညံ့သိမ်မွေ့လွန်းတော့ မင်းကို အဆိပ်မခတ်ခဲ့ဘူး။ မဟုတ်ရင် မင်း အခု ဘယ်လိုလုပ် မာနကြီးနိုင်မှာလဲ။"

"ဘာ.." ဟုန်ယွိသည် ထိုစကားကိုကြားသောအခါ ရုတ်တရက် ထရပ်လိုက်သည်။ သူ့မျက်လုံးတွေက သွေးကြောမျှင်များ ထွက်ပေါ်နေပါသည်။

သူ့အမေ သွေးအန်သည့် နေ့ရက်တွေတိုင်းကို သူ့စိတ်ထဲမှာ သတိရမိသည်။ သူ့အမေသည် အမှန်ပင် ကုတင်ပေါ်မှာ အိပ်နေတတ်သည်။ သူမ၏ မျက်ခုံးများက တွန့်နေတက်ပြီး၊ ဘယ်တော့မှ ပြေလျော့သွားခြင်း မရှိခဲ့ပေ။ သူမလက်နှစ်ဖက်စလုံးက အပိုင်းများစွာ စုတ်ပြဲနေသော အိပ်ယာခင်းကို ဆုပ်ကိုင်ထားသည်။ သို့သော်, အော်ဟစ်နေချိန်တွင် သူ မေးမြန်းသည့်အခါ, မိခင်ဖြစ်သူက ခေါင်းယမ်းပြီး စကားတစ်ခွန်းမှ မပြောခဲ့ပေ။

ဟုန်ယွိ၏ နှလုံးသားထဲမှ ကြီးမားသော ဒေါသတစ်ခု ထွက်ပေါ်လာခဲ့သည်။

"အမေ့ကို သတ်ပစ်တဲ့ မုန်းတီးမှုက လုံးဝ ပြန်စေ့ဆပ်လို့မရတော့ဘူး။ ဒီအတွက်, တကယ်လို့, ငါသာ လက်စားချေခြင်း မပြုနိုင်ခဲ့ရင်, ငါက သားလို့ခေါ်ဖို့ မထိုက်တန်တော့ ဘူး။” ဟုန်ယွိ၏လက်သည် သူ့ဓားရိုးကို ပြင်းထန်စွာ ဆုပ်ကိုင်ထားသည်။ သူ့လက်တစ် ဖက်က စားပွဲ၏သစ်သားပေါ်သို့ လှမ်းကိုင်လိုက်သည်။ သူ့လက်သည်းခွံတွေ ကျိုးသွားကာ သွေးများ ထွက်ကျလာသော်လည်း၊ သူ သတိမထားမိခဲ့ပေ။

သူငယ်ငယ်က သူ့အမေ၏ အသွင်အပြင်ကို ပြန်သတိရမိသည့်အခါ သူ့နှလုံးသားက အရမ်း နာကျင်သွားပါသည်။ သူ့နှလုံးသားထဲကို အပ်ပေါင်းများစွာ ထိုးသွင်းနေသလိုပင်။ နာကျင် လွန်းသဖြင့် သွေးစက်တွေ စီးထွက်လာသည်။

"ကျေးဇူးရှင်၊ ဒီကောင်ရဲ့ရန်စမူကို သတိထားပါ၊"

ဟုန်ယွိကို ထိုကဲ့သို့ အခြေအနေမျိုးတွင် မြင်နေရသဖြင့် ရှန်ထိုက်ယန်က အလျင်အမြန် ပြောလိုက်သည်။

တစ်ခုခုလွှဲနေပြီဟု အတွေ့အကြုံရှိသည့် လူတိုင်း ပြောနိုင်သည့်အတွက်, သူက ကမန်းကတန်း ပြောလိုက်ခြင်း ဖြစ်ပါသည်။

ဟုန်ယွိသည် ထိုအသံကိုကြားလိုက်သောအခါတွင် သူ၏နှလုံးသားထဲတွင် တုနှိုင်းမရသော နာကျင်မှုများနှင့် ကြီးမားလှသော အမျက်ဒေါသမှ သူ နိုးထလာခဲ့သည်။ သူသည် သူ၏ဓားကို ယူပြီး၊ ရှင်းပြချက်တောင်းခံရန် မြို့စားစံအိမ်သို့ ပြေးသွားလိုသည့်ဆန္ဒကို ပြင်းပြင်းထန်ထန် ဖိနှိပ်လိုက်ပါသည်။

သို့သော်၊ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ, သူသည် ယခုအချိန်တွင် မြို့စားစံအိမ်သို့ မသွားနိုင်သည်ကို သူ သိပါသည်။ မဟုတ်ရင် သူ ဒုက္ခရောက်မှာ သေချာပါသည်။

"ရှင်းပြချက်တောင်းဖို့ ငါ့ဓားကိုကိုင်ပြီး မြို့စားစံအိမ်ကို အပြေးလွှားသွားတောင် နှိုးဆော်ဖို့ မစဉ်းစားနဲ့" ဟုန်ယွိက ကျောက်ဟန်ကို မြေပြင်ပေါ်တွင် ကြည့်လိုက်သည်။ သူ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် အေးစက်နေ၏။ "အဲဒီအမျိုးသမီး မဒမ်ကျောက်က ငါ့အမေကို ဒုက္ခပေးခဲ့တယ်လို့ မင်း ပြောခဲ့တယ်။ သူမ ငါ့အမေကို အဆိပ်ခတ်ခဲ့တာ ငါ့အဖေက ဘယ်လိုမှ မသိနိုင်ဘူးလား။ ဒါ့အပြင် အမေက ဂိုဏ်းချုပ်ရဲ့ တပည့်တစ်ဦး ဖြစ်မှ တော့ သူမရဲ့ကိုယ်ခံပညာက နက်ရှိုင်းရမယ်။ သူမ ဘာကြောင့် ထိခိုက်သွားရတာလဲ။ ဒါ့အပြင်, သူမသေဆုံးသွားရင်တောင်, တိုင်ရှန်တာအိုဂိုဏ်းက လူတွေက ကလဲ့စားချေဖို့ မြို့စားစံအိမ်ကို ဘာလို့ မလာကြတာလဲ။”

"ဟီး..၊ ဟီး..၊ တိုင်ရှန်တာအိုဂိုဏ်းက ကမ္ဘာပေါ်မှာ ကစားပွဲတွေကိုပဲ အာရုံစိုက်တယ်။ တိုင်ရှန်တာအိုဂိုဏ်းက စိတ်ခံစားချက်တွေကို မေ့လျော့ထားတယ်။ မန်ပိုင်ယွန်က အချစ်နွံ ထဲ ကျရောက်သွားမှတော့, သူမစိုက်ထားတဲ့အရာကို သူမ ရိတ်သိမ်းရမှာပဲ။ တိုင်ရှန် တာအိုဂိုဏ်းက လူတွေက သူမကို ရှင်းလင်းမပစ်တာကတင် ထူးဆန်းနေပြီ။ သူမရဲ့ ရှင်ခြင်း သေခြင်းကို သူတို့က ဘာလို့ ဂရုစိုက်မှာလဲ။ ဟီး..၊ ဟီး..၊ မန်ပိုင်ယွန် သေဆုံးပုံနဲ့ ပတ်သက်ပြီး ဟုန်ရွှန်ကျိက သဘာဝအတိုင်း သိတာပေါ့။ ဒါ့အပြင်, အဲဒီတုန်းက အခြေအနေတွေကို မင်း သိချင်နေတာလား။ မင်းအဘိုးကြီးကို ပြန်သွားမေးကြည့်လိုက်ပါ။ မြန်မြန် ပြန်သွားပါ။ မင်းရဲ့အဘိုးကြီးက မင်းကို ရှင်းပြလိမ့်မယ်။ ဟီး..၊ ဟီး..၊ ဟီး.."

ကျောက်ဟန်က ထိုစကားကို ပြောပြီး ရယ်မောလိုက်သည်။

"ထိုက်ယန်၊ သူ့ပါးစပ်ကို ဖွင့်လိုက်စမ်း၊"

ဟုန်ယွိသည် ရှည်လျားသော အသက်ရှုသံကို ထုတ်လိုက်ပြီး၊ သူ့ရင်ထဲတွင် နာကျင်မှုတွေ ကို ခံနိုင်ရည်ရှိအောင် ကြိုးစားလိုက်ပါသည်။

"မင်း ဘာလုပ်မလို့လဲ၊" ဟုန်ယွိကို မြင်တော့ ကျောက်ဟန်က အော်မေးလိုက်သည်။

ဟုန်ယွိက တစ်ခွန်းမှ မပြောပေ။ သူသည် ရှန်ထိုက်ယန်က ကျောက်ဟန်၏ ပါးစပ်ကို ဖမ်းကိုင်နေသည်ကို ကြည့်နေရင်း ငါးမန်းသတ်ဓားကို ဆွဲထုတ်လိုက်သည်။ သူသည် ဓားကို သူ့ပါးစပ်ထဲသို့ ထိုးသွင်းပြီး လှည့်လိုက်ပါသည်။

ဖျန်း...။ သွေးထွက်သံယို လျှာတစ်ခုက ပြတ်ထွက်လာသည်။

"ကျွန်တစ်ယောက်အနေနဲ့ ကိုယ့်သခင်ရဲ့ပိုက်ဆံကို ခိုးရဲတယ်။ ကိုယ့်သခင်ရဲ့အမေကို စော်ကားရဲတယ်။ ကိုယ့်သခင်ကိုတောင် အင်အား အသုံးပြုရဲတယ်။ မင်းရဲ့အပြစ်တွေက ခွင့်လွှတ်လို့ မရဘူး။ ဒီနေ့ မင်းကို ငါ မသတ်ဘူး။ မိသားစုဥပဒေနဲ့အညီ အပြစ်ပေးမယ်။ နောက်တော့ ကျောက်စိမ်းမြို့တော် စီရင်စုရဲ့ တာဝန်ရှိသူတွေကို မင်းကို ဂရုစိုက်ခွင့် ပေးလိုက်မယ်။ တော်ဝင်ချန်မင်းဆက်မှာ ဥပဒေပေါင်း သုံးထောင့်ရှစ်ရာ ကိုးဆယ့်ခြောက်ခု ရှိတယ်။ ငါ ဒီဉပဒေအားလုံးနဲ့ ရင်းနှီးတယ်။ မင်းရဲ့နောက်ကွယ်မှာ မဒမ်ကျောက်ရှိတာနဲ့ ငါက မင်းကို ဂရုမစိုက်နိုင်ဘူးလို့ မင်း ထင်နေတာလား။”

ဟုန်ယွိက ရုတ်တရက် ထရပ်လိုက်သည်။ "သူ့ကို ဂရုစိုက်ထား။ ငါ အပြင်ထွက်ဦးမယ်"

"ကျေးဇူးရှင်၊ ဘယ်သွားမလို့လဲ" ရှန်ထိုက်ယန်က ကမန်းကတန်း မေးလိုက်သည်။

"ငါ ကျန်းနန်မင်းသမီးရဲ့ နေအိမ်ကို သွားမယ်။ ပြီးရင် မင်းတို့အတွက် အိမ်ထောင်စု စာရင်းရဖို့ ငါ ကူညီပေးမယ်။" ဟုန်ယွိက ဓားကို ယူကာ အိမ်မှထွက်လာခဲ့သည်။ သူက လျှပ်စီးဖမ်းမြင်းကို စီးပြီး ထွက်သွားခဲ့သည်။

All Chapters