အခန်း (၆၉-၇၀)
Vol. 5 Ch. 69-70
အခန်း (၆၉)။
ခွပ်...၊ ခွပ်...၊ ခွပ်...၊ ခွပ်...။
ထူထပ်သော နံနက်ခင်းတွင် မြင်းခွာသံများ အစီအရီ ဖြတ်ကျော်သွားသည်။
နွေဦးရာသီတွင် မြူများ အလွန်ထူထပ်ပါသည်။ ကောင်းကင်ကြီး လင်းထိန်နေသော်လည်း ကျောက်စိမ်းမြို့တော်၏ ကျယ်ပြန့်သော လမ်းများသည် မှုန်မှိုင်းနေသေး၏။ လူတွေက ရှေ့ကို မျှော်ကြည့်သည့်အခါ မီးခိုးရောင် ကွက်လပ်တစ်ခုကိုသာ မြင်ရပါသည်။ သူတို့၏ ပါးစပ်နှင့် နှာခေါင်းတို့သည် အေးမြသော မြူခိုးများထဲတွင်သာ အသက်ရှုနိုင်ကြပါသည်။
ဟုန်ယွိ၏နှလုံးသည် မြင်းခွာသံကဲ့သို့ ခုန်နေ၏။
သူ့မြင်းစီးသည့် လမ်းကြောင်းက ကျန်းနန်မင်းသမီး၏ နေအိမ်ကို ဦးတည်နေခြင်း မဟုတ် ဘဲ မြို့စားစံအိမ်ကို ဦးတည်သွားနေခြင်း ဖြစ်ပါသည်။
တကယ်တော့၊ သူ့အမေသေဆုံးရသည့် အကြောင်းရင်းကို မေးမြန်းရန် မြို့စားစံအိမ်ကို သွားခြင်းက သူ့အတွက် လက်တွေ့မဆန်ပြီး အန္တရာယ်များသည်ကို သူ အလွန်ရှင်းလင်းစွာ သိထားပါသည်။
သို့သော်, သူ့အောက်ကမြင်း ကဆုန်ပေါက်လိုက်သည်နှင့် သူ့နှလုံးသားကို မထိန်းနိုင်ဘဲ အိမ်ဆီသို့ ပြေးသွားရန် ပြင်းပြင်းထန်ထန် တွန်းအားပေးနေခဲ့မိသည်။
အဝေးမှ သူသည် မြူထူထပ်သော မြို့စားစံအိမ် တံခါးကို မြင်နိုင်သည်။ တံခါးဝသည် နတ်ဆိုးတစ်ကောင်၏ နှုတ်ခမ်းဝကဲ့သို့ မှောင်မိုက်နေ၏။ ဟုန်ယွိက ဇက်ကြိုးကို ဆွဲတင် လိုက်ပြီး မြင်းက ရပ်သွားပါသည်။
ထူထပ်သော မြူခိုးများ၏ အေးမြမှုသည် သူ၏ဆူပွတ်နေသော စိတ်နှလုံးကို အနည်းငယ် ကြည်လင်သွားစေပါသည်။
"စွမ်းအား...၊ ငါ စွမ်းအား လုံလုံလောက်လောက် ရှိရမယ်။ တော်ဝင်ချန်မင်းဆက်ရဲ့ ဥပဒေ က သွေးသား ဆွေမျိုးတွေအပေါ် ကလဲ့စားချေမရဘူးလို့ တားမြစ်ထားခြင်း မရှိဘူး။ ငါ့မှာ လုံလောက်တဲ့ စွမ်းအားရှိရင် ငါ့အဖေကို မေးခွန်းထုတ်ဖို့ မြို့စားစံအိမ်ကို ပြေးဝင်နိုင်ပြီး၊ အဲဒီခွေးမကြီး မဒမ်ကျောက်ကို ဆွဲထုတ်နိုင်လိမ့်မယ်။ ဒါပေမယ့်... အခု ငါ အရမ်း အားနည်းလွန်းတယ်။ သြဇာလွှမ်းမိုးမှုအရဖြစ်စေ, ဒါမဟုတ် စွမ်းအားအရဖြစ်ပါစေပေါ့။ ငါ့မှာ ဘာပြောပိုင်ခွင့်မှ မရှိဘူး။”
ဟုန်ယွိသည် ဟုန်ရွှန်ကျိ၏ စရိုက်ကို ကောင်းစွာ နားလည်သည်။ ဟုန်ရွှန်ကျိသည် သူ့ဘဝ တစ်လျှောက်လုံးတွင် စွမ်းအားကြီးမားခဲ့ပြီး ဆန့်ကျင်ကွဲလွဲမှု အနည်းငယ်ကိုပင် သည်းမခံနိုင်ခဲ့ပေ။ အကယ်၍ သူသည် မဆင်မခြင် ရှေ့ဆက်တိုးပြီး ဟုန်ရွှန်ကျိကို မေးခွန်း ထုတ်ခဲ့မည်ဆိုလျှင်၊ သူသည် ပွဲချင်းပြီး သေသွားပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ သူ၏ဖခင် ဟုန်ရွှန်ကျိသည် ထူးခြားသည့် သိုင်းပညာကို ကျွမ်းကျင် သော သိုင်းသူတော်စင်တစ်ဦး ဖြစ်ရုံသာမဟုတ်၊ သူ၏ကိုယ်ရံတော်များသည် ရဲရင့်ပြီး တိုက်ခိုက်ရာတွင် ကျွမ်းကျင်ကြသည်။ ယခင်က၊ အသက်မဲ့တာအိုဂိုဏ်းနှင့် အစစ်မှန် လေဟာနယ်တာအိုဂိုဏ်းတို့ လုပ်ကြံသတ်ဖြတ်ရန် ရောက်လာသောအခါတွင် ဟုန်ယွိသည် မိုဆေဘာအစောင့်တပ်ဖွဲ့နှင့် ဒူးလေးအစောင့်တပ်ဖွဲ့တို့၏ တန်ခိုးကို ကိုယ်တိုင် တွေ့မြင်ခဲ့ဖူးသည်။
ထို့အပြင် ဟုန်ရွှန်ကျိကို ဖယ်ထုတ်လိုက်ရင်တောင်, မဒမ်ကျောက်ကို ပေါ့ပေါ့တန်တန် ရင်ဆို၍ မရပါဘူး။ သူမ၏နောက်ကွယ်ရှိ မိသားစုသည် မထင်မှတ်လောက်အောင်ပင် တန်ခိုးကြီးမားသည်။
ကျောက်မိသားစုသည် တောင်ဘက်တွင် တည်ရှိပါသည်။ မဟာကျိုးမင်းဆက်အတွင်းမှာ သူတို့သည် ဂုဏ်သိက္ခာကြီးမားသည့် မိသားစုကြီးတစ်ခု ဖြစ်နေခဲ့ပါပြီ။ ကမ္ဘာကြီး ကမောက်ကမ ဖြစ်နေချိန်မှာ, သူတို့သည် တော်ဝင်ချန် မင်းဆက်ကို တည်ထောင်သူ ခန်းလုံကို အားကိုးအားထား ပြုခဲ့ကြသည်။ သူတို့၏ အင်အားများ ကျယ်ပြန့်လာကာ ၎င်းတို့သည် နှစ်ပေါင်းရာနှင့်ချီသော သမိုင်းကြောင်းရှိပြီး၊ ကောင်းမွန်စွာ ထူထောင်ထား သော မိသားစုတစ်ခုဟု ဆိုနိုင်သည်။ ၎င်းတို့သည် မရိုးရှင်းသည်မှာ သေချာပါသည်။
"ငါ့ဘဝတစ်လျှောက်လုံး မှားနေတဲ့လူကို ယုံကြည်နေခဲ့မိတယ်.."
ဟုန်ယွိသည် မြင်းစီးရင်း, စံအိမ်ကြီးကို အဝေးမှ လှမ်းကြည့်သည်။ သူငယ်ငယ်က သူ့အမေ အကြောင်းတွေးပြီး မငိုဘဲမနေနိုင်ခဲ့ပါချေ။ ကျောက်ဟန် ပြောစကားများကို သူ ယုံနေပါ ပြီ။
ဆုမူသည် ကျောက်စိမ်းမြို့တော်တွင် နံပါတ်တစ် ပါရမီရှင် အမျိုးသမီးဖြစ်ပြီး၊ လွန်ခဲ့သော အနှစ် ၂၀ က သူ့မိခင်လည်း ထိုသို့ ဖြစ်ခဲ့ဖူးသည်။ ထိုနေ့တွင်, သူ ဆုမူနှင့် တွေ့သောအခါ ဟုန်ယွိသည် သူမသည် မရိုးရှင်းကြောင်း ခံစားခဲ့ရသည်။ သူမကို တိုင်ရှန်တာအိုဂိုဏ်းမှ ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။ ကွင်းဆက်များကို ချိတ်ဆက်ခြင်းဖြင့် သူ့မိခင်သည် တိုင်ရှန်တာအိုဂိုဏ်းမှ ဖြစ်ရန် ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ အခွင့်အရေး ရှိပါသည်။
သူ့အမေသည် သူငယ်ငယ်ကတည်းက သူမအကြောင်းကို ဘယ်တုန်းကမှ မပြောပြခဲ့ခြင်း က သူ့ကို ကာကွယ်ပေးရန် ဖြစ်သည်ကို ဟုန်ယွိက နားလည်လာသည်။ မဟုတ်ရင်, အကယ်၍, သူသည် အမှန်တရားကို သိရှိသွားခဲ့ပါက, သူသည် အခုအချိန်အထိ အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။
သူသည် အခုမှ သိုင်းပညာကို သင်ယူစဖြစ်ပြီး၊ အာရုံစိုက်ခံရမှု အများအပြား ရရှိနေခဲ့ပါပြီ။ အကယ်၍, အတိတ်တုန်းကသာ ဖြစ်ခဲ့ပါက, ကြောက်မက်ဖွယ်ကောင်းလိမ့်မည်။
"အနှေးနဲ့အမြန်ပဲ၊ အနှေးနဲ့အမြန်ပဲ။ ငါ ဒီကိစ္စရဲ့အောက်ခြေကို သိရလိမ့်မယ်။" ဟုန်ယွိက တိတ်တဆိတ် တွေးတောပြီး သူဓားရိုးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ "ခွေးမကြီးကျောက်, တကယ်လို့ ခင်ဗျားကြီးသာ ကျုပ်အမေကို တကယ်ပဲ အဆိပ်ခတ်ခဲ့ မယ်ဆိုရင်, ကျုပ်အမေရဲ့ ဝိညာဉ်ကို ယဇ်ပူဇော်ဖို့အတွက် ခင်ဗျားရဲ့ဈေးပေါတဲ့ အသက်ကို ကျုပ် သေချာပေါက် ယူရလိမ့်မယ်။ ဟုန်ရွှန်ကျိ၊ တကယ်လို့, ခင်ဗျားကြီးလည်း ဒီကိစ္စကို သိပြီး မတားခဲ့ဘူးဆိုရင် ကျုပ် ခင်ဗျားကို ခွင့်မလွှတ်ဘူး။ အမေရဲ့အခေါင်းရှေ့မှာ ဒူးထောက်ပြီး ခင်ဗျားကို နောင်တရစေချင်တယ်။”
သူ့အဖေနှင့်ပတ်သက်၍မူ, ဟုန်ယွိသည် သူငယ်ငယ်လေးကတည်းက သိပ်မတွေ့ဖူးပါဘူး။ သူသည် သူ့အမေနှင့် အမြဲနေခဲ့ရသည်။ ယခုတော့ သူသည် ရုတ်တရက် ထိုအကြောင်းကို သိလိုက်ရသည်နှင့် ဟုန်ရွှန်ကျိဆီသို သူ အပ်နှင်းထားသော အခွင့်အာဏာသည် လုံးဝ ပြိုလဲသွားပါသည်။ ဒေါသတွေသာ ကျန်ရစ်ပါတော့သည်။
ထိုအကြောင်းကို တွေးပြီး ဟုန်ယွိသည် သူ့နှလုံးသားထဲက အဆုံးမရှိသည့် ဒေါသတွေကို ဖြေဖျောက်ရန် ကောင်းကင်ကိုမော့ပြီး အော်ဟစ်ပစ်ချင်နေခဲ့သည်။
သို့သော် အဆုံးတွင် သူသည် ထိုသို့ မလုပ်ခဲ့ပေ။ သွေးထွက်အောင် နှုတ်ခမ်းကို ပြင်းပြင်း ထန်ထန် ဖိကိုက်လိုက်သည်။
"ဖြောင့်မတ်ခြင်း..."
"အခြေအနေ..
"လက်စားချေ..."
"တရားမျှတမှု..."
ဟုန်ယွိသည် ဤစကားလုံး လေးလုံးကို ထပ်ခါထပ်ခါ ပြောနေခဲ့မိသည်။ သူသည် ရုတ်တရက် သူ့မြင်းကို ပြန်လှည့်ကာ ကျန်းနန်မင်းသမီး၏ နန်းတော်ဆီသို့ ပြေးသွားပြီး၊ စံအိမ်ကိုပင် လှည့်မကြည့်ခဲ့ပေ။
ကျန်းနန်မင်းသမီး၏အိမ်သည် တောင်ဘက်ရှိ ကျန်းယန်လမ်း၏ အဆုံးတွင် တည်ရှိသည်။
ကျန်းယန်လမ်းသည် ကျောက်စိမ်းမြို့တော်၏ မင်းသားများနှင့် စီရင်စုမှူးများ နေထိုင်ရာ နေရာဖြစ်သည်။ ၎င်းသည် ဆယ်မိုင်ကျော်ရှည်လျားပြီး အရိပ်ရသစ်ပင်များ၊ ရေစီးဆင်းနေ သော တံတားငယ်များဖြင့် ပြည့်နေပါသည်။ လမ်းက သန့်ရှင်းပြီး အညစ်အကြေးကင်းစင် သော အပြာရောင်ကျောက်ပြားကြီးများဖြင့် ခင်းထားသည်။
ထိုအချိန်တွင် ကောင်းကင်သည် လင်းလက် တောက်ပလာခဲ့ပြီ။ မှူးမတ်များနှင့် စီရင်စုမှူး များ၏ ကျွန်များသည် နိုးနေကြပြီ ဖြစ်သည်။ တစ်ချို့က သန့်ရှင်းရေးလုပ်ကြပြီး၊ တစ်ချို့က ညအိပ်ယာဝင် နံ့သာတိုင်တွေကို ငြိမ်းသတ်ကြကာ၊ တစ်ချို့က ကုန်ခြောက်တွေ ဝယ်ယူနေကြသည်။ ဝက်အရှင်များနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို သယ်ဆောင်လာသည့် လှည်းများဖြင့် အဆုံးမရှိ စီးဆင်းနေပါသည်။
သို့သော် ဟုန်ယွိကတော့ ထိုအရာတွေကို ဂရုမစိုက်ခဲ့ပါဘူး။ သူသည် မင်းသမီး နန်းတော် ရှေ့ ရောက်သည်နှင့်, သူက ချက်ချင်း မြင်းပေါ်က ဆင်းသွားသည်။ သစ်သားတိုင်တွေလို ရပ်နေသည့် အစောင့်နှစ်ယောက်က အော်မေးလိုက်သည် "မင်းက ဘယ်သူလဲ"
"ငါက မင်းသမီးရဲ့ သူငယ်ချင်းကောင်း ဟုန်ယွိပါ။ ငါ လာပတ်ဖို့ လာခဲ့တာ။" ဟုန်ယွိသည် သူ့လက်ထဲမှ ငါးမန်းသတ်ဓားကို ထုတ်လိုက်သည်။
"ဒါဆို သခင်လေး ဟုန်ပေါ့၊ မင်းသမီး နိုးနေပြီ။ ရေချိုးပြီးလို့ ခြံထဲမှာ ဓားရေး လေ့ကျင့်နေ တယ်။ မင်း ဝင်သွားလို့ရပြီ၊ သတင်းပို့ စရာမလိုဘူး။ ဒါက မင်းသမီးရဲ့ အမိန့်ပါ။”
အစောင့်တွေက ဟုန်ယွိကို ချက်ချင်း အသိအမှတ် ပြုလိုက်သည်။ ထို့နောက် အစောင့် တစ်ဦးက မြင်းယူရန် ရောက်ရှိလာပြီး ကျန်တစ်ဦးမှာ ဟုန်ယွိအား လေးစားစွာ ဖိတ်ကြားခဲ့ သည်။
"ဘယ်လောက် တိုင်းတပါးတိုင်းပြည် ဆန်လိုက်လဲ။" ဟုန်ယွိ ကျန်းနန်မင်းသမီး၏ အိမ်တော်ထဲ ဝင်သွားသည့်အခါ နေရာတိုင်းလိုလိုမှာ မက်မွန်ပင်တွေကို တွေ့လိုက်ရပါသည်။ နွေဦးရာသီ ရောက်ရှိလာတော့ ပန်းတွေပွင့်ပြီး လေထုက ပန်းရနံ့တွေနှင့် ပြည့်နေခဲ့ပါသည်။ ထို့အပြင် ဤမက်မွန်ပင်များသည် တော်ဝင်ချန်၏မက်မွန်ပွင့်များနှင့် ကွဲပြားပါ သည်။ ပန်းတစ်ပွင့်စီသည် နတ်ဘုရားလေပြည်နယ်၏ အထူးထုတ်ကုန်ဖြစ်သော ပန်းကန် လုံး အရွယ်စား ရှိပါသည်။
နတ်ဘုရားလေပြည်နယ်သည် ကျွန်းနိုင်ငံတစ်ခု ဖြစ်သည်။ မက်မွန်ပွင့်များကို ကျွန်းပေါ်ရှိ နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ နွေဦး ပေါက်ရောက်သည်နှင့် တနေရာလုံး အနီရောင် ပြောင်းသွားသည်။
“ဒီနန်းတော်ဟာ ဧကရာဇ်မင်းမြတ်ရဲ့ သွေးရင်းညီတော် တိမ်တိုက်မင်းသားရဲ့နေအိမ် ဖြစ်ခဲ့ဖူးတယ်။ နောက်ပိုင်းမှာ တိမ်တိုက်မင်းသားက ထီးနန်းကို သိမ်းပိုက်ဖို့ ကျရှုံးခဲ့ပြီး သေဒဏ်ချမှတ် ခံခဲ့ရတယ်။ အဲဒီအချိန်ကစပြီး ဒီနန်းတော်ဟာ အလွတ်ဖြစ်နေပါပြီ။ ကျန်းနန်မင်းသမီးကို အပ်ထားတာ တစ်နှစ်နှစ်နှစ်လောက် ရှိပြီ၊ ဒါပေမယ့် ဒီလို အလှဆင် ထားပြီး ဖြစ်နေပြီ။”
ဟုန်ယွိသည် အိမ်ကြီးကို ကြည့်လိုက်ရင်း ကျန်းနန်မင်းသမီး လော်ယွန်၏ ကြွယ်ဝမှုနှင့် စွမ်းရည်များကို တိတ်တဆိတ် အံ့ဩသွားမိသည်။
ဤစံအိမ်သည် မြို့စားဝူဝမ်စံအိမ်၏ နေအိမ်ထက် များစွာကြီးမားသည်။ သို့သော် လော်ယွန်က ရှုပ်ထွေးလွန်းသည်ဟု ခံစားရသည်။ သူမသည် အိမ်တော်၏ နံရံများစွာကို ဖယ်ရှားပစ်ခဲ့သည်။ ၎င်းသည် တောက်ပပြီး ကျယ်ဝန်းသော်လည်း မြို့စားဝူဝမ်စံအိမ်ကြီး ကဲ့သို့ နံရံအလွှာများ များစွာ မရှိပါ။
ဟုန်ယွိသည် ခါးတစ်ဝိုက်တွင် အနီရောင် ပိုးသားခါးပတ်, အဖြူရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသော လော်ယွန်သည် အနည်းဆုံး ခြေလှမ်းတစ်ထောင်ကျယ်သော လေ့ကျင့် ရေးကွင်းကြီးတွင် ဓားဖြင့် ကပြနေသည်ကို တွေ့လိုက်ရသည်။
"ဟုန်ယွိ၊ မင်း ဘာလို့ ဒီကိုရောက်နေတာလဲ"
ထိုအချိန်တွင် လော်ယွန်သည် ဟုန်ယွိကို သတိထားမိသွားသည်။ သူမသည် သူမ၏ လေ့ကျင့်မူကို ရပ်လိုက်ပြီး၊ အဝေးက လှမ်းအော်လိုက်သည် "မင်းက အထက်တန်း ပညာရှင်တစ်ယောက် ဖြစ်လာပြီလို့ ငါ ကြားထားတယ်။ မင်းက အမှတ်များဆုံးနဲ့ အထက်တန်း ပညာရှင်တောင် ဖြစ်ခဲ့တယ်။ မင်းက တကယ်ကို အံ့ဩစရာ ကောင်းလိုက် တာ။ ငါ မင်းကို လာရှာချင်ပါတယ်၊ ဒါပေမယ့် မင်းတို့ မြို့စားစံအိမ်ရဲ့ စည်းမျဉ်းတွေက အရမ်းတင်းကျပ်ပြီး ပေါ့ပေါ့ပါးပါး လမ်းလျှောက်လို့ မရဘူး။"
"ငါ အခု ထွက်လာခဲ့ပြီ။ ငါ့မှာ မိသားစုတစ်ခု ရှိနေပြီ။ မင်းသမီး၊ မင်း ငါ့ကို အချိန်မရွေး လာရှာလို့ရပါတယ်။" ဟုန်ယွိက လေးလေးနက်နက် ဦးညွှတ်မချမီ ကမန်းကတန်း ပြန်ဖြေလိုက်သည်။
"ဟုန်ယွိ၊ မင်း ဘာလုပ်နေတာလဲ" လော်ယွန်က သူ့လက်ထဲက ဓားကို အစောင့် တစ်ယောက်ဆီ ပစ်ချလိုက်ပြီး ခေါက်ယပ်တောင်ကို ကောက်ကိုင်ကာ ဆော့ကစားလိုက် သည်။ သူမသည် ထက်မြက်သော သခင်ငယ်တစ်ဦးကဲ့သို့ ပြုမူနေသော်လည်း ဟုန်ယွိ၏ အပြုအမူကို မြင်သောအခါ အံ့အားသင့်သွားခဲ့သည်။
“မင်းသမီးလေး မေးစရာရှိတယ်" ဟုန်ယွိက ပြောသည်။
“ဘာလဲ? ငါ့ရဲ့စွမ်းပကားထဲမှာ ရှိနေသရွေ့ ငါတို့က သူငယ်ချင်းကောင်းတွေပါပဲ။ ဒီလောက်ယဉ်ကျေးနေဖို့ မလိုပါဘူး။" လော်ယွန်က ရယ်မောရင်း၊ သူမယပ်တောင်ကို အသုံးပြုပြီး ဟုန်ယွိ၏လက်မောင်းကို ဖိလိုက်ပါသည်။
"ဒါက ဒီလိုပါ။"
ဟုန်ယွိသည် ယနေ့နံနက်တွင် ကျောက်ဟန်ကို ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ကျန်းနန် မင်းသမီးအား ပြောပြခဲ့သည်။ တစ်ချိန်တည်းမှာပင် မဒမ်ကျောက်က သူ့ကို ထိန်းချုပ်ဖို့ လူတွေကို စေလွှတ်ခဲ့ပုံအကြောင်း ပြောပြခဲ့ပါသည်။ "မင်းသမီး၊ မင်းက ငါ့ရဲ့ သက်သေ အဖြစ် တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး ကျောက်ဟန်က သူ့သခင်ကို အနိုင်ကျင့်တယ်၊ သူ့သခင်ရဲ့ဥစ္စာကို ခိုးတယ်၊ သူ့သခင်ရဲ့ ကွယ်လွန်သူ မိခင်ကို စော်ကားတဲ့ကျွန်လို့ ပြောနေသရွေ့တော့ သူ ဘယ်တော့မှ ပြန်မလွတ်နိုင်တော့ဘူး။"
"မြို့စားစံအိမ်မှာ မင်း ဒီလောက် ဒုက္ခခံနေရမယ်လို့ ငါ မမျှော်လင့်ထားဘူး။ အခု မင်း စာမေးပွဲတွေ ပြီးသွားပြီ။ ဒါတောင် မဒမ်ကျောက်က မင်းကို ထိန်းချုပ်ချင်နေတုန်းပဲ။ ဒါက ဒေါသထွက်စရာကောင်းတယ်။" လော်ယွန်က သူမယပ်တောင်ကို ဒေါသတကြီး ဝှေ့ယမ်း လိုက်ပါသည်။ ငါ မင်းကို ကျောက်စိမ်းမြို့တော် စီရင်စုရုံးခန်းကို လိုက်ပို့ပေးမယ်။ တစ်ချိန် တည်းမှာပဲ ကျောက်ဟန်ကို အဲဒီကို ခေါ်သွားလိုက်ပါ။”
"အစောင့်တွေ၊ ဆီဒင်ထမ်းစင်ကို ပြင်ထား။"
လော်ယွန်သည် ယခင်အတိုင်း ရိုးရိုးဖြောင့်ဖြောင့် ဖြစ်ပြီး ချက်ချင်း အလုပ်ဆင်းခဲ့သည်။
လော်ယွန်နှင့် ဟုန်ယွိတို့သည် သတိလစ်နေသော ကျောက်ဟန်ကို ကျောက်စိမ်းမြို့တော် စီရင်စုရုံးခန်းသို့ ခေါ်ဆောင်လာသောအခါ တရားသူကြီးက ချက်ချင်းပင် သူတို့ကို ကြိုဆို ရန် တံခါးဖွင့်ပေးခဲ့သည်။ လော်ယွန်က သက်သေအဖြစ်နှင့် ကျောက်ဟန်က သူ့သခင်၏ ပစ္စည်းတွေကို ခိုးယူခြင်း ပြစ်မှုဖြင့် ချက်ချင်း တရားစွဲဆိုခံခဲ့ရပါသည်။ ပထမဆုံး ကြိမ်ဒဏ် အချက်တစ်ရာ အရိုက်ခံရပြီး၊ ထက်ဝက်ခန့် အရိုက်ခံရပြီးနောက် မေ့မြောသွားကာ သူ့ကို ထောင်သို့ ပို့ဆောင်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင်၊ ဟုန်ယွိသည် ရှန်ထိုက်ယန်, ရှန်ထိုက်ဇူနှင့် မုကလေးတို့ကိုလည်း သူ့ကျွန်များဖြစ်လာအောင် ကူညီပေးခဲ့သည်။ သူတို့သည် မူလက သူနှင့်အတူ ခိုလှုံရန် မြို့တော်ဆင်ခြေဖုံးမှ လူများဖြစ်သည်ဟုဆိုကာ ၎င်းတို့အတွက် ရာဇဝတ်မှု မှတ်တမ်းကို ပင် ပြင်ဆင်ခဲ့သည်။ အရာရာကို အပြစ်ကင်းစင်စွာဖြင့် လုပ်ဆောင်နိုင်ခဲ့ပါသည်။ ထိုမှသာ သူ သက်သာရာရသွားပါသည်။
ထိုကိစ္စတွေ ပြေလည်သွားသည့်အခါ ကောင်းကင်ကြီးက တောက်ပနေပြီး မြူတွေ ပျောက်ကွယ်သွားပါပြီ။
ဟုန်ယွိသည် မြင်းရထားကို မြို့အပြင်ဘက်ရှိ ငှားထားသော နေရာသို့ ခေါ်ယူကာ ခေတ္တ အခြေချနေထိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ရှန်ထိုက်ယန်, ရှန်ထိုက်ဇူနှင့် မုကလေးတို့ကို သူ့အခန်းသို့ ခေါ်ခဲ့သည်။ အတန်ကြာ စဉ်းစားပြီးနောက်၊ သူသည် ရှန်ထိုက်ဇူကို နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ် ပထမဆုံးသင်ပေးရန် ဆုံးဖြတ်ခဲ့ပြီး၊ သူ့လူများ၏အင်အားကို လျင်မြန် စွာ ချဲ့ထွင်ရန် ဆုံးဖြတ်ခဲ့သည်။
ယခု သူသည် ဧကရာဇ် စာမေးပွဲများကို ဖြေဆိုအောင်မြင်ပြီးသောအခါတွင် သူသည် လူကြီးလူကောင်းတစ်ဦး ဖြစ်လာခဲ့ပြီး၊ မျိုးနွယ်စုတစ်ခု ထူထောင်ပိုင် ခွင့်ရှိပါသည်။ ဤမျိုးနွယ်စုငယ်သည် မဒမ်ကျောက်, မြို့စားဝူဝမ်တို့နှင့် နှိုင်းယှဉ်၍ မပြောဆိုထိုက်သော် လည်း၊ သူသည် စိတ်ငြိမ်သက်စွာ ဖြင့် ကျင့်ကြံနိုင်ပြီး တဖြည်းဖြည်း သန်မာလာနိုင်သည်။ နောက်ဆုံးတွင် သူသည် လက်စားချေရန် အခွင့်အရေးကို ရှာဖွေနိုင်လိမ့်မည်။
ဟုန်ယွိသည် တစ်နေ့တွင် မြို့စားစံအိမ်သို့ ဝင်ပြီး ဟုန်ရွှန်ကျိကို မျက်နှာချင်းဆိုင် မေးခွန်း ထုတ်မည်ဟု စိတ်ထဲတွင် ကျိန်ဆိုခဲ့သည်။ ကျောက်ဟန် ပြောသည့်အတိုင်းသာ အမှန်တကယ် ဖြစ်ပျက်ခဲ့လျှင် သူသည် မည်သည့်ကရုဏာကိုမျှ ပြသမည် မဟုတ်ပါ။
အခန်း (၇၀)။
မြူခိုးတွေ ပြန့်ကျဲပြီး နေမင်းကြီးက ထွက်ပေါ်လာပါပြီ။
နွေဦးနံနက်ခင်း နေရောင်ခြည်သည် အလွန်နွေးထွေးသဖြင့် လူတို့အား လန်းဆန်းတက်ကြွ သော ခံစားချက်ကို ပေးစွမ်းပြီး လူတို့ကို လန်းဆန်းစေသည်။
ဤအချိန်တွင် မြို့စားဝူဝမ်စံအိမ်၏ အဓိက နေအိမ်တွင် ဖြစ်သည်။ မနက်စာ စားချိန်လည်း ရောက်နေပြီ။
မနက်စာက အရမ်းအရသာ ရှိပါသည်။ လက်ရာမြောက်သော အစာသွတ်မုန့် ပုဂံပြား ဆယ်ချပ်, သကြားသစ်သီးများအပြင် ငှက်သိုက်ယာဂု၊ ဂျုံယာဂု၊ ကြာစေ့ယာဂု၊ ပျားရည် ရောထားသောနို့နှင့် ကျန်းမာရေးနှင့်ညီညွတ်သော ဂျုံယာဂု ဆယ်မျိုးကျော်လည်း ရှိနေပါသေးသည်။
ယာဂုတွေအပြင်၊ လက်သီးဆုပ်အရွယ်ရှိသော ကြက်မည်းစွပ်ပြုတ် အိုးငယ်များ၊ အရသာရှိ သော သိုးသားငယ်ဟင်းချိုငါးပွဲ၊ ခိုစွပ်ပြုတ်၊ ငါးကြင်းဦးနှောက်စွပ်ပြုတ်နှင့် ဆယ်မျိုး ထက်မကသော ဟင်းရည်ဆယ်မျိုးကျော်၊ ၎င်းတို့သည် လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို ထိန်းညှိပေးပြီး ကိုယ်တွင်းအင်္ဂါများကို အာဟာရဖြစ်စေပါသည်။
မုန့်များ၊ ပိန်းဥအချိုမှုန့်နှင့် ပေါင်းထားသော မုန့်သေးသေးများကို ဇလုံအတွင်းမှ လတ်လတ် ဆတ်ဆတ် ခူးဆွတ်ပြီး ရေဆေးထားသော ပန်းပွင့်ချပ်များဖြင့် အလှဆင်ထားပါသည်။ အစားအစာ၏ရနံ့သည် ပန်းနှင်းရည်၏ရနံ့နှင့် ရောစပ်နေပါသည်။ စားရန်မဆိုထားနှင့်, ၎င်းတို့ကို အနံ့ခံရုံဖြင့်ပင် လူတစ်ယောက်၏ စိတ်ကို လန်းဆန်းစေပါသည်။
ထိုသို့သော နံနက်စာ စားပွဲကို ပြင်ဆင်ရန်အတွက် ပင်မနေအိမ်ရှိ စားဖိုမှူးများနှင့် အိမ်အကူများ စုစုပေါင်း လူသုံးဆယ်မှ လေးဆယ်ခန့်သည် ညဥ့်သန်းခေါင်ချိန် အိပ်ရာမှ ထကာ မိုးလင်းသည်အထိ အလုပ်ဆင်းခဲ့ရပါသည်။
ထိုအချိန်တွင် မဒမ်ကျောက်သည် ကျိုထားသော နှင်းကြာပန်းပြုတ်ဖြင့် ပါးစပ်ကို ဆေးကြောကာ ထိုင်ခုံတွင် ထိုင်နေလေသည်။ အိမ်အကူများနှင့် အိမ်အကူအုပ်စုကြီးများ၏ ပြုစုမှုအောက်တွင် သူမသည် နံနက်စာစားနေပါသည်။
ဤအချိန်တွင် နေ့တိုင်း နံနက်စာစားခြင်းသည် တောင်ပိုင်းရှိ ကျောက်မိသားစုမှ နှစ်ပေါင်း များစွာ တီထွင်ခဲ့သော စည်းမျဉ်းတစ်ခု ဖြစ်သည်။ မဒမ်ကျောက်သည် မြို့စားစံအိမ်၏ အိမ်ရှင်ဖြစ်သည်။ သူမသည် တောင်ဘက်ရှိ မင်းမျိုးမင်းနွယ်များ၏ ဇိမ်ခံမှု၊ ကျက်သရေနှင့် ဂုဏ်သိက္ခာတို့ကို မြို့စားစံအိမ်သို့ ယူဆောင်လာခဲ့သည်။
အရင်တုန်းကတော့ မဒမ်ကျောက်သည် သူမ၏မနက်စာကို တစ်ယောက်တည်း တိတ်တဆိတ် စားသောက်ခြင်းကို နှစ်သက်ခဲ့ပါသည်။ သို့သော်, ယနေ့မှာတော့ သူမဘေး မှာ ထိုင်နေသည့် လူတစ်ယောက်ရှိနေပြီး၊ သူမလည်း ထိုင်နေသည်။
ဤလူသည် သူမဦးခေါင်းပေါ် မြပုတီးများပါသော ရွှေရောင်ဆံညှပ်ကို ထိုးစိုက်ထားကာ၊ ပန်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးလည်း ဖြစ်ပါသည်။ သူမသည် အသက်သုံးဆယ်မှ လေးဆယ်ခန့်သာ ရှိသေးပြီး မြင့်မြတ်သော အမျိုးသမီးဖြစ်သည်မှာ ထင်ရှားပါသည်။
"ညီမလေး၊ နင်က အရမ်းကို ချွေတာလွန်းနေတယ်။ မနက်စာအတွက် မုန့်တွေ၊ ယာဂုတွေ နဲ့ စွပ်ပြုတ် သုံးဆယ့်ခြောက်မျိုးပဲ ရှိနေတယ်။ ခဲအိုက ယခုလက်ရှိ မင်းဆက်ရဲ့ တော်ဝင်နည်းပြဆရာတစ်ဦးဖြစ်ကြောင်း သိသင့်တယ်။ သူက လူတစ်ယောက်အောက်မှာသာ ရှိတော့ပြီး၊ လူထောင်သောင်း ကျော်ရဲ့အထက်မှာ ရှိနေပြီ။ နင့်ရဲ့ဂုဏ်သိက္ခာကို ဆုံးရှုံးမခံပါ နဲ့။
ထိုမြင့်မြတ်သော အမျိုးသမီးသည် အိမ်အကူတစ်ဦးမှ ကျွေးသော ငှက်သိုက်ယာဂုကို တစ်ငုံသောက်လိုက်ပါသည်။ သူမက စားပွဲပေါ်ရှိ နံနက်စာအား ကြည့်ပြီး ပြုံးလျက် ပြောသည် "ငါတို့ကျောက်မိသားစုက မဟာကျိုးမင်းဆက်မှာ နှစ်ပေါင်းရာနဲ့ချီပြီး ဂုဏ်သိက္ခာကြီးမားတဲ့ မိသားစုကြီးတစ်ခု ဖြစ်နေခဲ့ပြီ။ အခု ငါတို့က တော်ဝင်ချန် မင်းဆက်ကို ရောက်ရှိနေပြီ။ တည်ထောင်ခဲ့တဲ့ ဘိုးဘေးတွေရဲ့ လမ်းစဉ်အတိုင်း လိုက်ပါပြီး၊ အလှူငွေတွေ ထည့်ဝင်ခဲ့ကြတယ်။ ငါတို့မျိုးနွယ်မိသားစု, အကြီးအကဲအမျိုးသမီးရဲ့ နံနက် စာဆို ယာဂု ပန်းကန် ၅၀ နဲ့ ခေါက်ဆွဲပြုတ်အချို့လည်း ပါသေးတယ်။ ညီမလေးရဲ့ အဆင့်တန်းက ငါတို့မျိုးနွယ်မိသားစု, အကြီးအကဲအမျိုးသမီးထက် များစွာ နိမ့်ကျနေပြီ။ နင်က အရမ်းကို ချွေတာလွန်းနေတယ်။"
"မင်းရဲ့ခဲအိုက ဇိမ်ခံတာကို မကြိုက်ဘူး။ သူက သူ့မိသားစုကို ရိုးရှင်းတဲ့နည်းနဲ့ တရားရုံးက အရာရှိတွေအတွက် စံနမူနာဖြစ်အောင် အုပ်ချုပ်နေတာ။ သူ့တရားဝင် ဇနီးမယား တစ်ယောက်အနေနဲ့, သူ့အတွက် ငါက ဒီမိသားစုကို စီမံခန့်ခွဲပေးရမယ်။ ငါ ပြင်ပလူတွေကို သူ့နောက်ကွယ်မှာ စကားပြောခွင့် မပေးနိုင်ဘူး။" မဒမ်ကျောက်က ပြောသည်။
"ရိုးရှင်းတဲ့ပုံစံနဲ့ မိသားစုကို စီမံခန့်ခွဲတာ ကောင်းပါတယ်၊ ဒါပေမယ့် ငါတို့ မျက်နှာပျက်လို့ မရဘူးလေ" မိန်းမလှက ပြုံးလိုက်ပြီးနောက် သူမမျက်နှာက အုံ့မှိုင်းသွားသည်။ "ညီမ၊ အဲဒီခွေးမက ငါတို့ကို ခြောက်လှန့်နေလို့လား။ သူမမွေးခဲ့တဲ့ ခွေးကောင်လေးက အခု လှုပ်လှုပ်ရွရွဖြစ်အောင် စတင်မွေနှောက်နေပြီဆို။ တကယ်လို့, နင်သိခဲ့ရင်, အကြင်နာမဲ့ ပြီး၊ ဒီခွေးကောင်လေးကို သတ်ပစ်ခဲ့မိလိမ့်မယ်"
“သူ လှုပ်ချင်ရင်တောင် လှိုင်းတွေကြီးတွေဖြစ်အောင် မလုပ်နိုင်ပါဘူး။ နင် ကျောက်ဟန်ကို ဒီကို ခေါ်လာခဲ့တာ မဟုတ်ဘူးလား။ ကျောက်ဟန်၏ ကျွမ်းကျင်မှုနဲ့ဆို သူက အဲဒီ ခွေးကောင်လေးကို မထိန်းချုပ်နိုင်လား။” မဒမ်ကျောက်က တည်ငြိမ်စွာ ပြောသည် "ဒါပေမယ့် ငါ မှားသွားခဲ့တယ်။ ဒီခွေးကောင်လေးက စာကျက်နေတယ်ထင်ပြီး ငါ လွှတ်ထားလိုက်တာ။ သူ့ကို ဒီလောက်ထိ ဂနာမငြိမ် ဖြစ်လာမယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမယ့် ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ သူ မြို့စားစံအိမ်ကနေ ထွက်သွား ရင်တောင် ငါ့လက်ကနေ မလွတ်မြောက်နိုင်ပါဘူး။ မြို့စားစံအိမ်ထဲမှာ ငါမလုပ်နိုင်တဲ့ အရာတွေ အများကြီး ရှိတယ်။”
"ကျောက်စိမ်းခရမ်း, နောက်မှ ကျောက်ဟန်ကို ဆက်သွယ်ပြီး ဒီခွေးကောင်လေးရဲ့ လှုပ်ရှားမှုတိုင်းကို ပြောပြပါ။" မဒမ်ကျောက်သည် မူလက ဟုန်ယွိကို စောင့်ကြည့်နေသော ကျောက်စိမ်းခရမ်းကို အမိန့်ပေးခဲ့သည်။
"ကျောက်ဟန်ရဲ့ အရည်အချင်းက ကျောက်မိသားစုရဲ့ သေမင်းတမန်တွေထဲမှာ အကောင်း ဆုံး မဟုတ်ပေမယ့် သူက ထူးချွန်ပါတယ်။ သူက အဲဒီခွေးကောင်လေးကို စောင့်ကြည့်နေ တာကြောင့် အရမ်းလုံခြုံလိမ့်မယ်" မြင့်မြတ်သော အမျိုးသမီးက ပြောသည်။ "ဒီမနက် နေမထွက်ခင် ဒီခွေးကောင်လေး ထွက်သွားတယ်လို့ ငါ ကြားတယ်။ သူက ဉာဏ်ကောင်း သထက် ဉာစ်ကောင်းလာတယ်။”
"မဒမ်၊ သတင်းဆိုး..."
ထိုအချိန်တွင် ကျောက်စိမ်းဝါက ထိတ်လန့်စွာ ပြေးဝင်လာခဲ့သည်။
"ဘာကိစ္စရှိလို့လဲ၊ စည်းကမ်းကို မလိုက်နာဘူး၊ နောက်မှ ညှဉ်းပန်းနှိပ်စက်ခန်းကို သွားပြီး ပါးဆယ်ချက် အရိုက်ခံလိုက်။" မဒမ်ကျောက်က မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။
"မဒမ်၊ ကျေးဇူးပြုပြီး ကျွန်မကို မရိုက်ပါနဲ့။ အခုပဲ ကျောက်စိမ်းမြို့တော် စီရင်စု တရားသူကြီးဆီက တာဝန်ရှိသူတစ်ဦးကို လွှတ်လိုက်ပါတယ်။ မြို့စားစံအိမ်က ကျောက်ဟန်က သူ့သခင်ရဲ့ပစ္စည်းတွေကို ခိုးပြီး ထွက်ပြေးဖို့ ကြိုးစားတယ်တယ်။ သူ့ကို ကျန်းနန်မင်းသမီးရဲ့ အစောင့်တွေက အခင်းဖြစ်ပွားနေရာမှာ ဖမ်းဆီးပြီး ထောင်ချထားတယ်။ ဒီအမှုကို ဆုံးဖြတ်ပြီးသွားပြီ။ သူ့ကို ပြည်နှင်ဒဏ်ပေးပြီး၊ သံချပ်ကာဝတ် လူတွေအတွက် အစေခံဖြစ်လာတော့မယ်။”
"ဘာ.. ထပ်ပြောစမ်း။”
မဒမ်ကျောက်က ရုတ်တရက် ထရပ်လိုက်သည်။
ကျောက်စိမ်းဝါက သူမပြောစကားကို ထပ်ခါထပ်ခါ ပြောသည်။
“ပုန်ကန်တာ၊ ပုန်ကန်တာ။ ဒီခွေးကောင်က ပုန်ကန်နေတာပဲ။ သူ ဒီလောက် စွမ်းအားတွေ ဘယ်က ရလာတာလဲ။" မြင့်မြတ်သော အမျိုးသမီးက ထအော်သည်။ ညီမ, ကျောက်စိမ်း မြို့တော် စီရင်စုတရားသူကြီးထံ စာတစ်စောင်ပို့ပြီး ကျောက်ဟန်ကို ထုတ်ခဲ့လာလိုက်ပါ။ သူ့ကို ထောင်ချခဲ့တဲ့လူက အဲဒီခွေးကောင်လေးပဲ ဖြစ်ရမယ်။ ဒီအမှုကို ပြောင်းပြန်လှန်ပြီး သူ့ခေါင်းကို ဖြုတ်ပစ်နိုင်ပါတယ်။ သူ့ကို ဖယ်ရှားဖို့က လွယ်သွားလိမ့်မယ်။”
"ကျောက်စိမ်းခရမ်း၊ ထောင်ကိုသွားပြီး ကျောက်ဟန်ကို သွားကြည့်။ မြန်မြန်ပြန်လာပြီး အခြေအနေကို သတင်းပို့ပါ။" မဒမ်ကျောက်က ထိုင်ချလိုက်ပြီး ခေါင်းကို လှည့်လိုက်သည်။ "အစ်မ၊ ဒါက ကျောက်စိမ်းမြို့တော်, တောင်ပိုင်း မဟုတ်ဘူး။ ဒါ့အပြင်၊ ဒီကိစ္စက တကယ် ကို ကျန်းနန်မင်းသမီးနဲ့ ပတ်သက်နေတယ်။ ဒီအမှုကို ပြောင်းပြန်လှန်လိုက်ရင် ငါတို့ မိသားစုနှစ်ခုစလုံး တရားစွဲခံရလိမ့်မယ်။ ဒါက တရားရုံးကို ချက်ချင်း တုန်လှုပ်သွားစေပြီး နတ်ဘုရားလေပြည်နယ်နဲ့ တော်ဝင်ချန်တို့ရဲ့ သံတမန်ဆက်ဆံရေးကိုတောင် ထိခိုက်စေ နိုင်တယ်။ ငါတို့ မဆင်မခြင်လုပ်လို့ မရနိုင်ဘူး။”
ခဏကြာတော့ ကျောက်စိမ်းခရမ်း ပြန်ရောက်လာသည်။ "ကျောက်ဟန်က ထောင်ထဲမှာ ရှိတယ်။ သူ့လက်တွေ ခြေထောက်က အရွတ်တွေ ဖြတ်ခံထားရတယ်။ သူ့လျှာလည်း အဖြတ်ခံရတယ်။ သူကိုလည်း ပြင်းပြင်းထန်ထန် နှိပ်စက်ထားတယ်။ စကားလည်း မပြောနိုင်တော့ဘူး။ ကျွန်မတို့ သူ့ကို သွားတွေ့တဲ့အခါ သေခါနီးနီး ဖြစ်နေပြီ။ သူ့စိတ်တွေ က ကယောက်ကဂက်ဖြစ်နေပြီး ကျွန်မတို့ သူ့ဆီကနေ ဘာသတင်းမှ မရနိုင်တော့ဘူး။"
"ဘာ.." မဒမ်ကျောက်သည် ထိုစကားကိုကြားသောအခါ ရုတ်တရက် စားပွဲကို လှန်လိုက် သည်။ စားပွဲပေါ်ရှိ မုန့်ပန်းကန်များသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကာ ကွဲကြေသွားကြသည်။
"ကျေးဇူးရှင်၊ ဒီအဘိုးကြီးက နောက်ဆုံးတော့, အစိုးရဝန်ကြီးတွေ ဘယ်လောက် တန်ခိုးကြီးလဲဆိုတာ သိသွားပါပြီ။ အဲဒီအဘိုးကြီးတောင် ရိုက်နှက်ဒဏ်ကို မခံနိုင်ခဲ့ဘူး။ ကျောက်ဟန် ဒဏ်ရာ ပြင်းပြင်း ထန်ထန်ရသွားတာ မပြောနဲ့။ သူ့လက်တွေ ခြေသလုံးတွေ ရဲ့ အရွတ်တွေက ပြတ်နေပြီး လျှာလည်း ဖြတ်ခံထားရတယ်။ သူက သွေးတွေအများကြီး ဆုံးရှုံးနေပြီ။ နောက်တစ်ကြိမ် ထောင်ထဲမှာ အရိုက်ခံရရင် မိုင်သုံးထောင် ပြည်နှင်ဒဏ် မပို့နိုင်ခင် သေသွားလိမ့်မယ်"
မြို့အပြင်ဘက်, ကျောက်စိမ်းဘုရားကျောင်း၏ တိတ်ဆိတ်သည့် ခြံဝင်းထဲမှာ။
ကျောက်စိမ်းနဂါးတောင်တစ်ခုလုံးသည် ကျောက်စိမ်းဘုရားကျောင်း၏နယ်မြေ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း လူအများအပြားသည် အမွှေူနံ့သာတိုင်များ ကို ထွန်းညှိပူဇော်ကြပြီး ဘုရားထံဆုတောင်းကာ လည်ပတ်ကြည့်ရှုကြသည်။ ကျောက်စိမ်းဘုရားကျောင်းသည် အဆောက်ဦးစွာကို တည်ဆောက်ခဲ့ပြီး အရာရှိများနှင့် မင်းမျိုးမင်းနွယ် မိသားစုဝင်များ နေထိုင်ရန် ငှားရမ်းကြပါသည်။
ဟုန်ယွိက ပိုက်ဆံအကုန်ခံပြီး၊ ထိုနေရာကို ခေတ္တနေထိုင်ရန် ငှားရမ်းခဲ့သည်။ ပထမဦးစွာ သူသည် ရှုခင်းများကို ခံစားချင်သည်။ ဒုတိယအနေဖြင့်၊ ကျောက်စိမ်းဘုရားကျောင်းတွင် တာအိုဘုန်းတော်ကြီး များစွာ ရှိသည်။ သူတို့က ကျွမ်းကျင်ပညာရှင်တွေ ဖြစ်ကြပါသည်။ အကယ်၍, တစ်ခုခုဖြစ်ခဲ့လျှင်, သူတို့က အကာအကွယ်တစ်ခု ဖြစ်သွားပါလိမ့်မည်။
ရှန်ထိုက်ဇူသည် သံတုတ်ကို ထမ်းကာ ဝင်းအလယ်၌ ရပ်နေ၏။ သူသည် စိတ်အား ထက်သန်စွာ ဟန်ချက်ညီအောင် လေ့ကျင့်နေပါသည်။ ၎င်းသည် နွားသိုးနတ်ဆိုးခွန်အား လက်သီးပညာရပ်၏ အလယ်အပိုင်း ဖြစ်သည်။
သူသည် အရပ်က ဆယ်ပေရှိပြီး ကျွဲတစ်ကောင်လို သန်မာပါသည်။ သူ့လက်ထဲမှာ သံတုတ်ကြီးဖြင့်ဆိုပါက သူသည် ဗာဂျရာစစ်သည်တော်နှင့် တူနေသည်။
ထိုအချိန်တွင် မုကလေးသည် အခန်းထဲတွင် ထုပ်ပိုးနေသည်။
ရှန်ထိုက်ယန်သည် ဟုန်ယွိ၏နောက်တွင် ရပ်ကာ ဟုန်ယွိက ရှန်ထိုက်ဇူအတွက် သူ၏ နွားသိုးနတ်ဆိုးခွန်အားပညာရပ် လှုပ်ရှားမှုတိုင်းကို ပြသနေသည်ကို ကြည့်ရူနေလေသည်။
ရိုးရှင်းသောအိမ်လေးသည် ထိုကဲ့သို့ပင် ဖွဲ့စည်းထားပါသည်။