← Chapters

ဓာတ်ငွေ့ ပေါက်ကွဲမှု

Vol. 5 Ch. 65

ဓာတ်ငွေ့ ပေါက်ကွဲမှု

Vol. 5 Ch. 65

“အခင်းဖြစ်ပွားရာ နေရာကနေ တိုက်ရိုက် သတင်းပို့ တင်ဆက်နေခြင်း ဖြစ်ပါတယ်... မနေ့ညတုန်းက ၂၁ လမ်းကနေ ၂၃ လမ်းအထိ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်... ထိခိုက်ဒဏ်ရာရသူတွေ အများကြီး ရှိခဲ့ပြီးတော့ ငွေကြေးဆုံးရှုံးမှုကလည်း သန်းပေါင်းများစွာ ရှိလိမ့်မယ်လို့ ခန့်မှန်းရပါတယ်”

“ကျွမ်းကျင်သူများရဲ့ အဆိုအရ ဒါဟာ ပြင်းထန်တဲ့ ရာသီဥတု၊ စက်ရုံတွေရဲ့ ကြီးကြပ်မှု အားနည်းခြင်းနဲ့ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်းတို့ ပေါင်းစပ်သွားတဲ့ ရလဒ်ဖြစ်ပါတယ်... ဒါကြောင့် ပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကလည်း လျင်မြန်စွာ ပျံ့နှံ့ခဲ့ပါတယ်... ဒါ့အပြင် နောက်ဆက်တွဲ ရေကြီးမှုကလည်း အဆောက်အအုံတွေကို ပြိုကျစေခဲ့ပါတယ်...”

“ကံကောင်းစွာနဲ့ ကျွန်တော်တို့ရဲ့ မီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့တွေဟာ အခင်းဖြစ်ပွားရာ နေရာကို အချိန်မီ ရောက်ရှိခဲ့ပြီးတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ချက်ချင်း ဆောင်ရွက်ခဲ့ပါတယ်... ဒါ့အပြင် မိုးသည်းထန်စွာ ရွာသွန်းနေတာကလည်း မီးပျံ့နှံ့မှုကို ဟန့်တားပေးခဲ့ပြီး ၂၃ လမ်းကို မရောက်ခင်မှာပဲ မီးတောက်တွေကို ရပ်တန့်နိုင်ခဲ့ပါတယ်... ခင်ဗျားတို့ အားလုံး မြင်တွေ့ရတဲ့အတိုင်းပဲ လမ်းမဟာ ရှင်းရှင်းလင်းလင်း ပိုင်းခြားထားတဲ့ နယ်နိမိတ်တစ်ခုလိုမျိုး ဖြစ်သွားခဲ့ပါတယ်... ဘယ်ဘက်မှာ လုံးဝမပျက်စီးတဲ့ အိမ်တွေ ရှိပြီး ညာဘက်ခြမ်းကတော့ အပျက်အစီးပုံတွေ ဖြစ်နေပါတယ်”

လင်ကျဲ တစ်ယောက် မနက်စောစော ဆိုင်ဖွင့်ဖို့ ဆင်းလာစဉ် အိမ်နီးချင်း၏ ရုပ်မြင်သံကြားစက်မှ သတင်းကို ကြားလိုက်ရသည်။ သူ ခဏတာမျှ တောင့်တင်းသွား၏။

‘၂၃ လမ်း... ဒါ ဒီလမ်းမဟုတ်ဘူးလား...’

သူ ချက်ချင်းပင် တံခါးကို ဖွင့်ပြီး ကြည့်လိုက်သည်။ မိုးများ ရွာနေသည့် ကြားမှပင် စက်များ နှိုးထားပုံ၊ မီးလုံးများ လင်းထိန်နေပုံနှင့် လူများ ကတိုက်ကရိုက် လှုပ်ရှားနေပုံတို့ကို မြင်လိုက်ရသည်။ လမ်းတစ်ဖက်ရှိ မြင်ကွင်းမှာ အမှန်ပင် အပျက်အစီးများ ဖြစ်နေသည်။ ဘေးမှနေ၍ ထိုမြင်ကွင်းကို ကြည့်ရှုနေသည့် လူအုပ်စုတစ်စုလည်း ရှိသည်။

ထို့အပြင် သတင်းကို live တင်ဆက် ပေးနေသည့် သတင်းထောက် တစ်ယောက်ကိုပင် လင်ကျဲ မြင်လိုက်ရသည်။

“ငါ အိပ်နေတုန်း ဘယ်လိုကြီး ရုတ်တရက် ပေါက်ကွဲ သွားရတာလဲ...”

လင်ကျဲ မျက်မှောင်ကြုတ်လိုက်သည်။ လမ်းတစ်ဖက်၌ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း အိပ်ရာမှ နိုးမလာလေရာ တကယ်ကို ကောင်းကောင်း အိပ်ပျော်ခဲ့ပုံရသည်။

လင်ကျဲ မနေ့က အဖြစ်အပျက်များကို ပြန်လည် စဉ်းစားလိုက်၏။ ဒိုရစ်ဟု ခေါ်သည့် မိန်းမလှလေး ရောက်ရှိလာခြင်း၊ စာအုပ် ၃၀ ကို တစ်ထိုင်တည်း ရောင်းချခြင်းအပြင် လိုင်စင်မဲ့ ဆိုင်များကို စစ်ဆေးရန် ရဲတစ်စု ရောက်ရှိလာခြင်းမှ အပ အခြားမည်သည့်အရာမှ မဖြစ်ပွားခဲ့ပေ။ တစ်ညတာလုံးမှာ ငြိမ်းချမ်းခဲ့သော်လည်း ယနေ့မနက် နိုးနိုးချင်းပင် မျက်နှာချင်းဆိုင် လမ်း၌ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟူသော သတင်း ထွက်ပေါ်လာသည်။

ဘဝက တစ်ခါတစ်ရံတွင် အမှန်တကယ် မှော်ဆန်နိုင်ပေသည်။

“လမ်းတစ်ဖက်မှာ ရပ်သွားတာ ကံကောင်းလိုပေါ့... မဟုတ်ရင် ငါ့ရဲ့ ဘဝကူးပြောင်းမှု ခရီးစဉ်က ဒီမှာပဲ ပြီးဆုံးသွားနိုင်တယ်”

လင်ကျဲ ခေါင်းခါရင်း ရေရွတ်လိုက်မိသည်။ ထို့နောက် သူက တံခါးကို ပေါ့ပေါ့ပါးပါး ပိတ်ကာ ပြန်လှည့်ဝင်လာခဲ့၏။

သူ ကောင်တာရှိ ထိုင်ခုံသို့ ပြန်လာကာ လျှပ်စစ်မီးများနှင့် အပူစေးစက်တို့ကို ဖွင့်လိုက်သည်။ ထို့နောက် လက်ဖက်ရည် ဖျော်ရန်အတွက် ရေနွေးအိုးကို တည်လိုက်၏။

နေ့စဉ် ပုံမှန် လုပ်ငန်းဆောင်တာများနှင့် ကွဲပြားသည့် တစ်ခုတည်းသော အရာက လင်ကျဲ တစ်ယောက် ကောင်တာပေါ်တွင် ထားရှိသည့် ပန်းအိုးကို ရေလောင်းလိုက်ခြင်း ဖြစ်သည်။

ပန်းအိုးဟုခေါ်သော်လည်း... အမှန်တကယ်တွင်တော့ ၎င်းမှာ မြေအိုး တစ်လုံး ဘဝတွင်သာ ရှိနေသေးသည်။ မနေ့က ဒိုရစ်မှာ မထွက်ခွာမီ သူ့ကို အစေ့တစ်စေ့ ပေးခဲ့သည်။

သူမ၏ အဆိုအရ... ၎င်းမှာ အတော်လေး အဖိုးတန်ကာ ကိုယ်ပိုင် အတွေးများ၊ ဆန္ဒများ ရှိသည့် အပြင် မိန်းမငယ်လေးများကို ဆွဲဆောင်နိုင်သည့် နက်နဲဆန်းကြယ်သော အရာများ ရှိသည်ဟု ဆိုသည်။

မည်သို့ပင် ဆိုစေ... အပင်စိုက်၍ စာအုပ်ဆိုင် အတွင်းရှိ လေထုကို သန့်စင်ခြင်းမျာ မကောင်းသည့် အကြံမဟုတ်ဟု လင်ကျဲ တွေးထားသည်။ ထို့ကြောင့်ပင် သူက မြေအိုးဟောင်းတစ်လုံးကို ရှာဖွေကာ ထိုအစေ့ကို စိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။ အစေ့ ပေါက်ရန် အချိ် မည်မျှကြာမည်ကို သူကိုယ်တိုင်လည်း မသိပေ။

လင်ကျဲသည် အိုးကို ပုတ်လိုက်ရင်း ပြုံးလိုက်၏။

“အစေ့လေးရေ... မင်းမှာ တကယ် ကိုယ်ပိုင် အတွေးတွေ ရှိနေတယ်ဆိုရင် လှပတဲ့ အပင်လေး အဖြစ် ပေါက်လာပါ”

...

“ဆိုတော့ ဒီဆိုင်လား...”

အက်ကာမန် တစ်ယောက် မိုးရေထဲတွင် ခေါင်းမော့လိုက်ရင်း ရှေ့မှ စာအုပ်ဆိုင်ကို ကြည့်လိုက်သည်။ မိုးစက်များမှာ သူ၏ ခေါင်းပေါ်ရှိ ခေါင်းစွပ် ပေါ်သို့ တဖောက်ဖောက်ကျနေကာ မိုးကာအင်္ကျီတစ်လျှောက် စီးဆင်း၍ မြေပြင်ပေါ်သို့ ရောက်ရှိသွားခဲသည်။

မြင်ကွင်းကတော့ အမှန်တရား အသင်းတော်၏ အစီရင်ခံစာတွင် ဖော်ပြထားသည့်အတိုင်းပင် အနည်းငယ် ဟောင်းနွမ်းနေပုံရပြီး ဆိုင်းဘုတ်ပင် မရှိသည့် သာမန်စာအုပ်ဆိုင်တစ်ခု ဖြစ်သည်။

အကယ်၍ လက်ရာမြောက်သည့် ပြတင်းပေါက်များမှတစ်ဆင့် စာအုပ်စင်ကို အတန်းလိုက် မြင်နိုင်ခြင်းသာ မရှိခဲ့ပါက... ၎င်းမှာ စာအုပ်ဆိုင်ဖြစ်လိမ့်မည်ဟု အက်ကာမန် တွေးမိမည်မဟုတ်ပေ။

‘စီးပွားရေး စိတ်ဓာတ် မရှိတာလား... ဒါမှမဟုတ် ဒီစာအုပ်ဆိုင်ပိုင်ရှင်က စာအုပ်တွေကို ရောင်းချဖို့ လုံးဝ မစဉ်းစားတာလား...’

သူက ဆိုင်၏ မှေးမှိန် ညစ်နွမ်းမှုကို အထူးတလည် ထိန်းသိမ်းထားသလိုပင်။ အတွေးများနှင့် အတူ အက်ကာမန် တစ်ယောက် ပို၍ပင် သံသယဝင်လာ၏။ သူက မျက်လုံးများကို မှိတ်လိုက်ရင်း မိုးရေထဲရှိ အီသာစွမ်းအင် အမျှင်လေးများကို ဖမ်းယူကာ ထူးခြားသော အနံ့ခံအာရုံကို အားကိုး၍ ခွဲခြမ်းစိတ်ဖြာလိုက်သည်။

ဝယ်လ်၏ အီသာစွမ်းအင် အကြွင်းအကျန်များမှာ ဤစာအုပ်ဆိုင် အတွင်း၌ အမှန်တကယ် ရှိနေခဲ့သည်။ ၎င်းကို အလွန်ကောင်းမွန်စွာ ဖုံးကွယ်ထားသော်လည်း၊ အက်ကာမန်၏ အနံ့ခံအာရုံကိုတော့ ရှောင်လွှဲလို့ မရခဲ့ပါချေ။

ထို့အပြင် အန္တရာယ် ခံစားမှုတစ်ခုလည်း ရှိနေသည်။ သို့သော်လည်း ၎င်းမှာ သိပ်မပြင်းထန်လှချေ။ တံခါးကို စောင့်ရှောက်ရန် အတွက် ၎င်းကို အသုံးပြုခြင်းသည် အမှန်ပင် ကောင်းမွန်သော ရွေးချယ်မှုဖြစ်သည်။ သို့သော်လည်း... ၎င်းမှာ အက်ကာမန်လို သတ္တဝါတစ်ဦးကို တားဆီးရန် အတွက်တော့ လုံးဝ မဖြစ်နိုင်ပါချေ။

အမှန်တရား အသင်းတော်၏ အစီရင်ခံစာ အရ... ဝယ်လ်သည် ဤစာအုပ်ဆိုင်သို့ နှစ်ကြိမ် လာရောက်ခဲ့ပြီး တစ်ကြိမ်လျှင် တစ်နာရီကျော်ကြာ နေထိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း လက်ရှိ မြင်တွေ့ နေရသလောက် ဤစာအုပ်ဆိုင်မှာ အရေးကြီး ခံတပ်တစ်ခု မဟုတ်ဘဲ၊ သတင်းအချက်အလက်နှင့် ထူးခြားသည့် ကုန်ပစ္စည်းများအား ဖလှယ်ရန် တည်ဆောက်ထားသည့် လျှို့ဝှက် စခန်းတစ်ခု ဖြစ်နိုင်သည်ဟု အက်ကာမန် ခံစားရသည်။

လူများစွာမှာ အချို့သော ပစ္စည်းများကို ယူဆောင်လာခဲ့ကြပြီး၊ မတူညီသည့် ပစ္စည်းများနှင့်အတူ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။

လေထဲ၌ ရှိနေသည့် ရှုပ်ထွေးသော အီသာစွမ်းအင် အကြွင်းအကျန် အမျိုးမျိုးက ရှုပ်ထွေးသော ပုံရိပ်များကို ပုံဖော်ပေးသည်။

ထိုအထဲတွင် ဝယ်လ်၏ အော်ရာဖြင့် ဖြစ်ပေါ်လာသည့် ခြေရာများမှာ အခြားသူများထက် ပိုမို ထင်ရှားပြီး အထပ်ထပ်လည်း ဖြစ်ပေါ်နေသည်။ သူက ဤစာအုပ်ဆိုင်၏ မကြာခဏ လာရောက်တတ်သူ ဖြစ်ပုံရသည်။

အက်ကာမန် မျက်လုံးများကို ဖွင့်လိုက်၏။ ဤသို့ဆိုလျှင် ဝယ်လ် နောက်တစ်ကြိမ် ပြန်လာလိမ့်မည်မှာ သေချာသည်။ ထိုအောက်လမ်းဆရာ ပြန်လာသရွေ့ သူ့ထံတွက် ဖမ်းဆီးရန် အခွင့်အရေး ရှိလိမ့်မည်။

အမှန်တရား အသင်းတော်မှာလည်း ထိုအရာကို သတိထားမိပြီးသား ဖြစ်ရမည်။ သို့သော်လည်း သူတို့မှာ စကားလက် ဝါဒီဂိုဏ်းနှင့် ဝံပုလွေဖြူတို့ကြောင့် ဖြစ်ပေါ်လာသည့် အနှောက်အယှက်များကို လိုက်ရှင်းရင်း အလွန်ပင် အလုပ်များနေခဲ့သည်။

“ဒါပေမယ့် တွေးကြည့်ရင် ကိစ္စက မကြာခင် ပြီးဆုံးသွားတော့မှာပါ...”

အက်ကာမန် နောက်ဖက်ရှိ ပြန်လည် တည်ဆောက်ဆဲ လမ်းနှင့် အဆောက်အအုံများကို စိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။ ထိုတိုက်ပွဲ ပြီးဆုံးသွားသည်မှာ တစ်ပတ် ရှိပြီဖြစ်သော်လည်း၊ မနှစ်မြို့ဖွယ် ရာသီဥတု အခြေအနေများကြောင့် ပြန်လည်တည်ဆောက်ရေးမှာ မူလကထက် ပိုမို ခက်ခဲနေသည်။

ထို့အပြင် ပြန့်ကျဲနေသည့် အီသာစွမ်းအင်လှိုင်း အကြွင်းအကျန်များမှာ မီးခိုးငွေ့များကဲ့သို့ လေထဲတွင် ကျန်ရှိနေဆဲ ဖြစ်သည်။ မီးခိုးနှင့် သွေးနံ့များ ဆက်လက် ကျန်ရှိနေသည်။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်နှင့် အမှန်တရား အသင်းတော်တို့မှာ ဤကဲ့သို့သော ကိစ္စရပ်များကို ဖုံးကွယ်ရာတွင် တကယ်ကို ကျွမ်းကျင်ကြသည်။

မည်သို့ပင် ဆိုစေ... မော်ဖီ သေဆုံးသွားခဲ့ခြင်းက စကားလက် ဝါဒီဂိုဏ်းနှင့် ဝံပုလွေဖြူတို့ နှစ်ဖွဲ့စလုံး အာဏာနှင့် ယုံကြည်မှုတို့တွင် အကြီးမားဆုံးသော အထောက်အပံ့ကို ဆုံးရှုံးသွားကြောင်း အခြေခံအားဖြင့် အဓိပ္ပာယ် ရပေသည်။

“အဲဒီ မကောင်းဆိုးဝါးမက သူ မသေခင် ဘာတွေ မှားယွင်းခဲ့လဲဆိုတာကို သိသွားမယ်လို့ မျှော်လင့်ပါတယ်...”

အက်ကာမန်က လှောင်ပြောင်ဟန်ဖြင့် ပြုံးရင်း ပြောလိုက်၏။ တစ်ချိန်တည်း၌ မော်ဖီ၊ ဝံပုလွေဖြူ အဖွဲ့တို့နှင့် ဆက်စပ်၍ အခြား အကြောင်းအရာ တစ်ခုက သူ့ခေါင်းထဲ ရောက်လာခဲ့သည်။

“ဒါနဲ့ လန်စီ မှော်ကြေးမုံက လူတစ်ယောက်ရဲ့ စိတ်ဝိဉာဉ်ကို ဆင်ခြင်တုံတရား ပျောက်ဆုံးတဲ့အထိ ဆွဲဆောင်နိုင်လောက်အောင် တကယ် အစွမ်းထက်တာလား”

အက်ကာမန် ခေါင်းခါလိုက်ရင်း နောက်သို့ လှည့်လိုက်သည်။ ၎င်းမှာ သူ ကြိုးစားချင်သည့် အရာတစ်ခု မဟုတ်ပေ။ ယခု သူ၏ မစ်ရှင်မှာ အခွင့်အရေးကို စောင့်ဆိုင်းရန်နှင့် ကိုယ်ပိုင် ဖျက်ဆီးခြင်း အဆင့် အကဲဖြတ်မှုကို အောင်မြင်ရန် ဖြစ်သည်။

သူသည် မုဆိုးတစ်ဦးဖြစ်သည်။ မုဆိုးတစ်ဦး အနေဖြင့် လိုအပ်သည့် အရေးကြီးဆုံး လက္ခဏာမှာ သတိထားခြင်းနှင့် သည်းခံခြင်းတို့ပင် ဖြစ်ကြသည်။

အက်ကာမန်သည် စာအုပ်ဆိုင်ထဲသို့ ချက်ချင်းမဝင်သေးဘဲ ပတ်ဝန်းကျင်ကို အသေးစိတ် စုံစမ်းစစ်ဆေး ကြည့်လိုက်၏။ မကြာသေးမီက ‘ဓာတ်ငွေ့ ပေါက်ကွဲမှု’ ဟု ခေါင်းစဉ် တပ်ခဲ့သည့် ခေါ်သည့် မြင်ကွင်းကို ကြည့်ရှုရန် လူများစွာ လာရောက်ခဲ့ကြသောကြောင့် ဤပတ်ဝန်းကျင်တွင် လျှောက်သွားနေခြင်းမှာ ထူးထူးခြားခြား ဖြစ်နေလိမ့်မည် မဟုတ်ပေ။

***

All Chapters