← Chapters

ပျော်ရွှင်သောဘဝ

Vol. 14 Ch. 196

ပျော်ရွှင်သောဘဝ

Vol. 14 Ch. 196

စုဝမ်ယိမှာ ယဲ့ချန်းအကြောင်း ပိုပိုပြီးသိချင်လာမိသည်။ ဟွားစံအိမ်တော်တွင် အိမ်ဝယ်နိုင်သူများမှာ ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်များဖြစ်ကြောင်း သူ(မ)၏အဖေက ပြောဖူးသည်။

ယဲ့ချန်းက ဘယ်လိုလူစားမျိုးလေလဲ။ ဟွားစံအိမ်တော်ရှိ ဗီလာတစ်လုံးတွင် မည်သို့နေနိုင်လေသလဲ။

ဟွားစံအိမ်တော်ဆိုသည်မှာ ကမ္ဘာ့အပြင်ဘက်ရှိ နိဗ္ဗာန်ဘုံတစ်ခုအလားပင်။

တံတားသေးသေးလေးများ၊ စီးဆင်းနေသောရေများ၊ မဏ္ဍပ်များနှင့် မျှော်စင်များဖြင့် ပြည့်နှက်နေလေရာ ကြီးမြတ်လှသော ထန်မင်းဆက်သို့ ပြန်ရောက်သွားသည့်အလားပင်။

ယဲ့ချန်းက ဟွားစံအိမ်တော်၏ နံပါတ်တစ်ဗီလာသို့ မောင်းသွားလိုက်သည်။ စုဝမ်ယိမှာ အံ့အားသင့်သွားချေသည်။

"ယဲ့ချန်း.. ရှင်က နံပါတ်တစ်ဗီလာမှာ နေတာလား"

"ဒါပေါ့။ မင်းယောက်ျားက အတော်ဆုံးပဲလေ"

ဟွားစံအိမ်တော်အကြောင်း စုဝမ်ယိ အနည်းအကျဉ်းသိထားသည်။ ဗီလာထဲတွင် နေထိုင်ကြသူများ၏ အဆင့်အတန်းကို ဗီလာအမှတ်စဉ်ဖြင့် သတ်မှတ်ထားသည်။

အစ်ကိုမာက နံပါတ်နှစ်ဗီလာတွင် နေထိုင်ပြီး နံပါတ်တစ်ဗီလာကိုတော့ ထူးခြားဆန်းကြယ်လှသော ဒိတ်ဒိတ်ကြဲသူဌေးတစ်ယောက်ပိုင်ဆိုင်သည်ဟု သိရသည်။

ယဲ့ချန်းက နံပါတ်တစ်ဗီလာပိုင်ရှင်ဖြစ်လိမ့်မည်ဟု စုဝမ်ယိ လုံးဝထင်မထားချေ။

သူ(မ)၏အဖေက ဟွားစံအိမ်တော်တွင် ဗီလာတစ်လုံးဝယ်ချင်ခဲ့ပါသော်ငြား အဆင့်သတ်မှတ်ချက်ကား မလုံလောက်ပေ။

ဤသည်မှာ ယဲ့ချန်းက ဘယ်လောက်အံ့ဩဖို့ကောင်းသလဲဆိုသည်ကို သက်သေပြနေပေသည်။

ယဲ့ချန်းက ကားကို ဗီလာဆီသို့ မောင်းလာခဲ့သည်။ ဗီလာအတွင်းပိုင်းအပြင်အဆင်ကြောင့် စုဝမ်ယိခမျာ ကြက်သေသေသွားရသည်။

"ယဲ့ချန်း ရှင့်ဗီလာက အရမ်းလှတာပဲ"

"ဟားဟား မင်း စိတ်တိုင်းကျရဲ့လား။ အခုကစပြီး မင်းလည်း ဒီဗီလာရဲ့ပိုင်ရှင်ဖြစ်သွားပြီ"

သူတို့နှစ်ယောက်သားဟာ ကားကို ဂိုဒေါင်ထဲတွင် ပါကင်ထိုးထားခဲ့ပြီးနောက် ဓာတ်လှေကားထဲမှ ထွက်လိုက်သည်နှင့် လင်းဝမ်ယိုကို မြင်လိုက်ရသည်။

"အိမ်က ကြိုဆိုပါတယ် သခင်လေးနဲ့သခင်မလေး"

လင်းဝမ်ယိုက သူတို့ကို အသာအယာဦးညွှတ်၍ နှုတ်ဆက်လိုက်သည်။

လင်းဝမ်ယိုကို မြင်လိုက်ရချိန်ဝယ် စုဝမ်ယိလည်း အံံ့အားသင့်သွားရချေသည်။

"အစ်မဝမ်ယို.. ရှင့်ရဲ့ဟန်ဖူဝတ်စုံက အရမ်းလှတာပဲ"

လင်းဝမ်ယို ပြုံးလိုက်မိသည်။

"သခင်မလေး သဘောကျတယ်ဆိုရင် သခင်မလေးအတွက်လည်း တစ်စုံလုပ်ခိုင်းလိုက်ပါ့မယ်"

စုဝမ်ယိကား ခေါင်းတညိတ်ညိတ်။

"ကောင်းသားပဲ။ ကျွန်မလည်း ဟန်ဖူဝတ်ချင်နေတာ။ ကျေးဇူးတင်ပါတယ် အစ်မဝမ်ယို"

လင်းဝမ်ယိုက ပြုံးလျက် ပြောလိုက်လေသည်။

"သခင်မလေးကို ခစားဖို့က ကျွန်မရဲ့တာဝန်ပါ"

"ကျွန်မကို သခင်မလေးကို မခေါ်ပါနဲ့။ ညီမလေးလို့ပဲ ခေါ်ပါ"

သူတို့နှစ်ယောက်က ညီအစ်မများအလား ရင်းနှီးသွားသည်ကို မြင်လိုက်ရသဖြင့် ယဲ့ချန်းလည်း အံံ့အားသင့်မိသည်။ အလှလေးနှစ်ယောက်က ယဲ့ချန်းအား ဘေးပို့ထားလေသည်။

သူတို့နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောနေကြပုံကို မြင်သောအခါ ယဲ့ချန်းလည်း ကြားမဖြတ်ချင်သဖြင့် မီးဖိုချောင်ထဲကိုသာ ထွက်လာခဲ့လိုက်သည်။

မီးဖိုချောင်ထဲတွင် လင်းဝမ်ယိုဝယ်ထားသော ပါဝင်ပစ္စည်းများ အပြည့်ပင်။

"သခင်လေး.. သခင်မလေးက အိမ်ကို ပထမဆုံးအကြိမ်ရောက်ဖူးတာဆိုတော့ ကျွန်မပဲ ချက်လိုက်ပါ့မယ်"

လင်းဝမ်ယိုက ယဲ့ချန်း၏အချက်အပြုတ်စွမ်းရည်နှင့်ပတ်သက်ပြီး အယုံအကြည်ကင်းမဲ့နေချေသည်။

ယဲ့ချန်းကတော့ ခပ်ဖွဖွသာပြုံးလိုက်သည်။

"မလိုပါဘူး။ ဒီနေ့ င့ါဟင်းချက်စွမ်းရည်က ဘယ်လောက်ကောင်းသလဲဆိုတာ မင်းတို့ကိုပြမယ်"

"ကောင်းပါပြီ"

ယဲ့ချန်းက ဇွတ်အတင်းပြောနေသဖြင့် လင်းဝမ်ယိုလည်း ခေါင်းသာညိတ်ပြလိုက်ရသည်။

လင်းဝမ်ယိုက ပြုံးပြုံးလေးပြောလိုက်၏။

"သခင်မလေးက အရမ်းကံကောင်းတာပဲ။ သခင်လေးက အလုပ်တွေနဲ့ အမြဲမအားမလပ်ဖြစ်နေတတ်တော့ မီးဖိုချောင်ထဲဝင်ပြီး ဟင်းချက်တာ ဒါ ပထမဆုံးအကြိမ်ပဲ"

ဤစကားကိုကြားသော် စုဝမ်ယိခမျာ ရင်ထဲထိရှသွားပြီး ရှက်သွေးဖြာသွားလေသည်။

ယဲ့ချန်းက မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေစဉ် သူတို့နှစ်ယောက်သားကတော့ ခြံဝင်းထဲတွင်ထိုင်ရင်း စကားစမြည်ပြောနေကြသည်။

နေဝင်ဆည်းဆာအောက်ဝယ် ခြံဝင်းထဲ၌ သူတို့နှစ်ယောက် စကားပြောနေပုံကိုကြည့်ရင်း ယဲ့ချန်းလည်း သက်ပြင်းမချဘဲ မနေနိုင်ပေ။ ပိုပျော်ရွှင်ဖို့ကောင်းသောဘဝကား အခြားမရှိတော့ပြီ။

နတ်ဘုရားအဆင့်အချက်အပြုတ်စွမ်းရည်ကြောင့် ယဲ့ချန်း မြန်မြန်ဆန်ဆန် ချက်ပြုတ်နိုင်ခဲ့သည်။ ထိုအချိန်တွင် စိတ်မအေးရှာသော လင်းဝမ်ယိုက မီးဖိုချောင်ထဲသို့ ရောက်ချလာသည်။

ထိုအခါ ယဲ့ချန်းက အာလူးတစ်လုံးကို လေထဲသို့ ပစ်လိုက်သည်ကို မြင်လိုက်ရ၏။

ဝှစ် ဝှစ် ဝှစ်!

ဓားအရိပ်က တဝှီးဝှီးပျံသန်းနေပြီးနောက် လေထဲရှိ အာလူးများကို တစ်စစီဖြစ်အောင် လှီးဖြတ်လိုက်လေသည်။ ထိုအခါ ထိုအာလူးများမှာ အိုးထဲသို့ သက်ဆင်းသွားလေသည်။

"ဝိုး သခင်လေးက အရမ်းတော်တာပဲ"

ယဲ့ချန်းလည်း ခပ်ဖွဖွပြုံးလိုက်မိသည်။

"ဒါပေါ့။ ငါ့အစွမ်းအစက ကြယ်ငါးပွင့်ဟိုတယ်က စားဖိုမှူးတွေထက် မနိမ့်ဘူးလေ"

မကြာခင်မှာပင် စားပွဲထက်၌ ပူပူနွေးနွေးဟင်းလျာများဖြင့် ပြည့်နှက်သွားသည်။ ဂဏန်းအစပ်၊ ဝက်သားနှပ်၊ ဝက်ချိုချဉ်ကြော်၊ အသားချိုချဉ်ကြော်...

ရနံ့က အလွန်စွဲမက်ဖွယ်ကောင်းလှပြီး ဟင်းလျာများမှာလည်း မျက်စိပသာဒဖြစ်ဖွယ်ရာပင်။

စုဝမ်ယိနှင့် လင်းဝမ်ယိုတို့မှာ ယဲ့ချန်းပြင်ဆင်ချက်ပြုတ်ထားသော စားပွဲအပြည့်ဟင်းလျာများကြောင့် အံံ့အားသင့်သွားကြသည်။

"အမလေး ယောကျ်ားရေ..ရှင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ"

"ဟုတ်ပါရဲ့ သခင်လေး.. ရှင့်လက်ရာက အရမ်းကောင်းလိမ့်မယ်လို့ ထင်မထားဘူး"

ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။

"ကောင်းပါပြီ။ ကိုယ့်လက်ရာကို မြည်းကြည့်ပါဦး"

စုဝမ်ယိက ဝက်သားနှပ်တစ်တုံးကို ခပ်လိုက်သည်။ တစ်ကိုက်ကိုက်လိုက်ရုံမျှဖြင့် အသားပြုတ်ရည်များက ပေါက်ထွက်လာပြီးနောက် ကြွယ်ဝလှသော အနံ့အရသာတစ်မျိုးက ရသာဖူးလေးများကို လှုံ့ဆော်လိုက်ပေသည်။

"အရသာရှိလိုက်တာ"

လင်းဝမ်ယိုကလည်း ဂဏန်းအစပ်ကို တစ်ကိုက်ကိုက်ကြည့်လိုက်သည်။

"သခင်လေးရဲ့လက်ရာက အရမ်းအရသာရှိတယ်နော်။ စီချွမ်ဟင်းလျာပညာရှင်တွေကိုတောင် မီတယ်"

အလှပဂေးနှစ်ယောက်ထံမှ ချီးကျူးခံလိုက်ရသဖြင့် ယဲ့ချန်းမှာ အလွန်ပျော်ရွှင်နေချေသည်။

ဟင်းလျာများမှာ အလွန်အရသာရှိလှသဖြင့် သူတို့နှစ်ယောက်သားမှာ တစ်စားပွဲလုံးကို အပြတ်ရှင်းပစ်လိုက်ကြသည်။ စားသောက်ပြီးနောက် လင်းဝမ်ယိုက ပန်းကန်များကို ရှင်းလင်းနေချိန်တွင် စုဝမ်ယိက ဆိုဖာပေါ်တွင်ထိုင်ရင်း လက်ဖက်ရည်သောက်နေသည်။

"ယောကျ်ား.. ရှင့်လက်ရာက အရမ်းကောင်းတာပဲ။ ကျွန်မ ခဏခဏလာစားချင်တယ်"

"ရတာပေါ့။ မင်း နေ့တိုင်းလာလို့ရတယ်"

"မဖြစ်ဘူး။ ကျွန်မ ဝလာလိမ့်မယ်"

ယဲ့ချန်းက စုဝမ်ယိကို ပွေ့ဖက်ထားလိုက်သည်။

"မင်း ဘာပဲဖြစ်ဖြစ် ကိုယ်က မင်းကိုချစ်နေဦးမှာပဲ"

"စကားမစပ် ရှင့်အိမ်ကို လိုက်ပြဦးလေ"

"ဟုတ်ပြီ"

ယဲ့ချန်းက အလှလေးနှစ်ယောက်ကို နောက်ဖေးခြံဝင်းထဲသို့ ခေါ်သွားလိုက်ပြီးနောက် ကြယ်တာရာစုံလင်နေသော ကောင်းကင်နှင့် ခြံဝင်းရှုခင်းကို ခံစားလေတော့သည်။

ထိုအချိန်မှာ ယဲ့ချန်းက စန္ဒရားနားသို့ လျှောက်သွားလိုက်၏။

"အလှလေးနှစ်ယောက်ကို စန္ဒရားတီးပြပါရစေ"

"ကောင်းပြီလေ"

အလှပဂေးလေးနှစ်ယောက်ကလည်း ခေါင်းညိတ်ပြသည်။

ယဲ့ချန်းက စန္ဒရားရှေ့တွင်ဝင်ထိုင်ပြီးနောက် ခဏမျှစဉ်းစားပြီး 'ရိုးရှင်းသောအချစ်'ကို တီးခတ်လိုက်သည်။

သူကိုယ်တိုင် စန္ဒရားတီးပြီး သူကိုယ်တိုင်ပင် သီဆိုခဲ့ခြင်းပင်။

အလှလေးနှစ်ယောက်ခမျာ ယဲ့ချန်း၏သီချင်းသံနှင့် သာယာငြိမ့်ညောင်းလှေသာ စန္ဒရားသံကြောင့် ချက်ချင်းဆိုသလို ဆွဲဆောင်ခံလိုက်ရသည်။

သီချင်းပြီးသွားသည့်တိုင် အလှလေးနှစ်ယောက်ခမျာ လှပလွန်းသော ဂီတသံထဲတွင် နစ်မြောနေဆဲသာ။

"ယောက်ျား.. ရှင်က အရမ်းတော်တာပဲ။ စန္ဒရားတီးတာလည်းတော်တယ်။ သီချင်းလည်း ကောင်းကောင်းဆိုနိုင်တယ်"

"သခင်လေးရဲ့စန္ဒရားစွမ်းရည်က ကျွမ်းကျင်အဆင့်တော့ ရှိလောက်ပြီ။ ရှင့်တီးခတ်မှုက တကယ့်ကို အံ့ဩဖို့ကောင်းတာ။ စန္ဒရားပြိုင်ပွဲသာ ဝင်ပြိုင်မယ်ဆိုရင် စန္ဒရားလောကတစ်ခုလုံးကို ကိုင်လှုပ်နိုင်လောက်တယ်"

စုဝမ်ယိမှာ အံ့ဩမှင်တက်သွားလေသည်။

ကမ္ဘာပေါ်တွင် ဤမျှအထိ ပြီးပြည့်စုံသော ယောကျ်ားတစ်ယောက် မည်သို့နှယ် ရှိနိုင်ရသလဲ။

ယဲ့ချန်းက ပြစ်ချက်ကင်းပြီး ချောမောခံ့ညားကာ အရည်အချင်းလည်းရှိသလို ကြင်နာတတ်ပြီး အချက်အပြုတ်နှင့် အနုပညာပိုင်းတွင် ကျွမ်းကျင်ပေသည်။

ယဲ့ချန်းအလှည့်ပြီးသွားသောအခါ လင်းဝမ်ယိုကလည်း သီချင်းတစ်ပုဒ် တီးခတ်ပြခဲ့သည်။ လင်းဝမ်ယိုကလည်း သေချာလေ့ကျင့်ထားသောကြောင့် သူ(မ)၏စန္ဒရားစွမ်းရည်က ပရော်ဖက်ရှင်နယ်အဆင့်ကို ရောက်နေလေပြီ။

"ယောကျ်ား.. ကျွန်မလည်း စန္ဒရားတီးသင်ချင်တယ်"

စုဝမ်ယိကလည်း အားကျစိတ်ဖြင့် ဆိုလာလေသည်။

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ကိစ္စမရှိပါဘူး"

သူက စုဝမ်ယိကို လက်ချင်းထပ်၍ သင်ပေးပါလေတော့သည်။ မသိလိုက်ပါဘဲ အချိန်ကား ညဆယ်နာရီကျော်သွားခဲ့သည်။

"အာ တော်တော်နောက်ကျနေပြီ။ ကျွန်မ အိမ်ပြန်ရတော့မယ်"

ယဲ့ချန်းက ပြုံးပြလိုက်သည်။

"ဘာလို့ပြန်မှာလဲ။ ဒီညတော့ ဒီမှာပဲနေလိုက်ပါတော့လား"

"မဖြစ်ဘူး။ ကျွန်မ ရှင့်လို ဝံပုလွေအိုကြီးဆီမှာ အစားမခံချင်သေးဘူး"

စုဝမ်ယိမှာ အတန်ငယ်စိတ်လှုပ်ရှားမိသည်။ ယောကျ်ားတစ်ယောက်၏အိမ်တွင် သူ(မ) တစ်ခါမှမအိပ်ဖူးသေးပေ။

ယဲ့ချန်းကတော့ ခပ်ပြုံးပြုံးသာ။

"မင်းစိတ်ပူနေတယ်ဆိုရင်လည်း ဝမ်ယိုနဲ့ အတူအိပ်လို့ရတယ်လေ"

စုဝမ်ယိလည်း ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီလေ။ ဒါဆို ကျွန်မ အစ်မဝမ်ယိုနဲ့ သွားအိပ်လိုက်မယ်"

သုံးယောက်သားမှာ ခဏမျှစကားပြောပြီးနောက် မိမိတို့အိပ်ခန်းရှိရာဆီသို့ ပြန်အိပ်ကြလေတော့သည်။

နောက်တစ်နေ့မနက်၌ လင်းဝမ်ယိုပြင်ပေးထားသော မနက်စာကို စားပြီးနောက် ယဲ့ချန်းက စုဝမ်ယိကို ကုမ္ပဏီသို့ လိုက်ပို့လေသည်။

စုဝမ်ယိ ပြုံးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ယဲ့ချန်း"

ယဲ့ချန်းကမူ ခပ်ဖွဖွသာပြုံး၏။

"ကိုယ့်ကိုယဉ်ကျေးနေစရာမလိုပါဘူး။ အိမ်ကို မကြာမကြာလာလည်နော်"

"အင်း။ စိတ်ချ။ အစ်မဝမ်ယိုက ကျွန်မကို ဟန်ဖူလုပ်နည်းသင်ပေးမယ်လို့ ပြောထားတယ်"

ယဲ့ချန်း ကားမောင်းထွက်တော့မည့်ဆဲဆဲမှာပင် အဘွားကြီးတစ်ယောက်က မြေကြီးပေါ်သို့ ရုတ်တရက်ပစ်လဲသွားလေတော့သည်။

အနားတွင် လူအများကြီးရှိသော်ငြား မည်သူကမှ ထိုအဘွားကြီးကို မကူညီကြချေ။

လတ်တလောကပင် လူကြီးတစ်ယောက်ကို ကူညီပေးရင်း အသရေဖျက်ခံထားရသော လူငယ်လေးအကြောင်း သတင်းပြန့်နေသဖြင့် မည်သူကမှ မကူညီရဲကြချေ။

ထိုအချိန်မှာပင် ကောင်မလေးတစ်ယောက်က ထိုအဘွားကြီး၏ဘေးနားတွင် ကားကို ပါကင်ထိုးလိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်ချလိုက်၏။

"အဘွား အဆင်ပြေရဲ့လား။ ကျွန်မ ထူပေးမယ်နော်"

သို့သော် ထိုအချိန်မှာပင် အဘွားကြီးက ထိုမိန်းကလေး၏လက်မောင်းကို ရုတ်တရက်ကြီးဆုပ်ကိုင်ထားလိုက်သည်။

"ငါ့ကိုဝင်တိုက်တာ နင်ကိုး။ အမလေး ခြေထောက်နာလိုက်တာ"

ယဲ့ချန်းလည်း မျက်ခုံးပင့်လိုက်မိလေတော့သည်။

"သေလိုက်ပါတော့။ ဒီအဘွားကြီးက သက်သက်ဟန်ဆောင်နေတာပါလား"

All Chapters