ဘတ်စကတ်ဘောမာစတာ
Vol. 14 Ch. 199
ယဲ့ချန်း ချက်ချင်းနားလည်လိုက်သည်။ ဤလူ အထင်လွဲနေဟန်ပင်။
သို့သော် ရှဲ့ယင်းယင်းက ဤကောင်လေးအပေါ် လုံးဝခံစားချက်မရှိကြောင်းကိုလည်း သတိထားမိလိုက်သည်။
ထိုသို့ဆိုပါက သူ ဤတစ်ခေါက်လည်း ရှဲ့ယင်းယင်းကို ကူညီပေးရလိမ့်မည်။
"ကောင်းပြီလေ။ ကိစ္စမရှိပါဘူး"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
ယဲ့ချန်း၏စကားများကို ကြားသောအခါ လုဂန်၏မျက်ဝန်းထဲဝယ် အံ့သြရိပ်တစ်ခု ဖြတ်ပြေးသွားသည်။
"ဘယ်လိုကစားကြမလဲ"
ယဲ့ချန်းက မေးလိုက်၏။
"တစ်ယောက်ချင်းကစားမယ်။ ပထမဆုံးငါးမှတ်ရတဲ့လူက အနိုင်"
"ကောင်းပြီလေ"
ယဲ့ချန်း ခေါင်းညိတ်ပြလိုက်သည်။
တစ်စုံတစ်ယောက်က လုဂန်ကို စိန်ခေါ်လိုက်သည့်မြင်ကွင်းအား မြင်သောအခါ ဘတ်စကတ်ဘောကွင်းတစ်ခုလုံးရှိ ပွဲကြည့်ပရိသတ်များမှာ စိတ်လှုပ်ရှားသွားကြလေသည်။
လုဂန်က ရယ်ကာမောကာဖြင့် ပြောလိုက်၏။
"အားလုံးပဲ.. ဒီကျောင်းသားက ကျွန်တော့်ကို စိန်ခေါ်ချင်တယ်တဲ့။ ကျွန်တော်တို့ လောင်းကြေးလည်း ထပ်ထားတယ်။ ရှုံးတဲ့လူက ယင်းယင်းနဲ့ ဝေးဝေးနေရမယ်။ မင်းတို့တွေအားလုံးက မျက်မြင်သက်သေလုပ်ပေးကြပေါ့"
ရှဲ့ယင်းယင်း၏မျက်နှာအမူအရာမှာ ဤစကားကိုကြားအပြီး ပြောင်းလဲသွားသည်။
လုဂန်က ယဲ့ချန်းနှင့် လောင်းကြေးထပ်ရလောက်သည်အထိ အထင်သေးဖို့ကောင်းလိမ့်မည်ဟု သူ(မ) ထင်မထားပေ။
ရှဲ့ယင်းယင်း တားချင်ပါသော်ငြား နောက်ကျသွားပြီဖြစ်၏။
ပွဲကြည့်ပရိသတ်များမှာ အုတ်အော်သောင်းတင်းဖြစ်သွားကြသည်။
"သေစမ်း။ ဒီကောင်လေးက ငါတို့ဘတ်စကတ်ဘောမင်းသားလေးကို တကယ်စိန်ခေါ်လိုက်တာဟ"
"ဟားဟား လုဂန်က ငါတို့ကျောင်းရဲ့ရူခါဝါကာဒယ်ဆိုတာကို သူမသိတာလား"
"အာ.. ခန့်မှန်းနေစရာမလိုဘူး။ သူတော့ သေချာပေါက်ရှုံးမှာပဲ"
...
ကစားပွဲ စတင်လေပြီ။
လုဂန်က ပထမဦးစွာ တိုက်စစ်ဆင်လာသည်။
ဘတ်စကတ်ဘောက သူ့လက်ထဲတွင် အလျင်အမြန်ခုန်ပေါက်ရင်း ဘေးဘက်သို့ ရှောင်တိမ်းကာ ယဲ့ချန်းအနားက ဖြတ်သွားလိုက်၏။
ထို့နောက် ဘောလုံးကို ခြင်းထဲသို့ ခပ်မြင့်မြင့်ချိန်၍ ပစ်လိုက်သည်။
ဘန်း!
ဘတ်စကတ်ဘောက ပိုက်ကွန်ထဲသို့ တန်းတန်းမတ်မတ်ဝင်ချသွားသည်။
"မိုက်တယ်ဟေ့"
"ဘတ်စကတ်ဘောမင်းသားလေး ပီသပါပေတယ်"
"လုဂန်က မိုက်လိုက်တာ။ အရမ်းချစ်တာပဲ"
လူအုပ်ကြီးက ချက်ချင်းပင် လက်ခုပ်သြဘာပေးကြတော့သည်။
လုဂန်ကလည်း ဘဝင်ခိုက်နေဟန်ဖြင့် ယဲ့ချန်းကို လှောင်ပြောင်လေဟန် အမူအရာတစ်ခု လုပ်ပြသည်။
ယဲ့ချန်းကတော့ တိုက်စစ်ဆင်ခြင်း သိပ်မရှိပေ။
အဓိကကတော့ သူ လေ့ကျင့်ခန်းမလုပ်သည်မှာ အတော်ကြာပြီဖြစ်သောကြောင့် သွေးပူလေ့ကျင့်ခန်းလုပ်လိုက်ခြင်းသာ။
သို့သော် လုဂန်အတွက်တော့ ယဲ့ချန်းက လူသစ်တစ်ယောက်ထက် မပိုပေ။
ဤမျှပင်။
ငါ့ကိုလာစိန်ခေါ်ရဲတယ်ပေါ့?
ဤတစ်ခေါက်တွင်မူ ယဲ့ချန်း တိုက်စစ်ဆင်ရမည့်အလှည့်ပင်။
ယဲ့ချန်းက ဘောလုံးလုလိုက်ပြီးနောက် နှစ်ကြိမ်မျှ ဝိုက်သယ်သွားလိုက်၏။ အခွင့်အရေးကို အရယူသည့်အနေနှင့် လုဂန်လည်း ဘောလုံးကို ရုတ်တရက်လုယူလိုက်သည်။
သံသယဖြစ်စရာမလိုချေ။ လုဂန်၏ဘတ်စကတ်ဘောစွမ်းရည်က ဝါသနာရှင်များအကြား ထိပ်တန်းအဆင့်ပင်။
ယဲ့ချန်းက နိုးနိုးကြားကြားရှိမနေသောကြောင့် လုဂန်က ဘောလုံးကို လုလိုက်နိုင်သည်။ လုဂန်က ဘောလုံးရပြီးနောက် အဝေးပစ်ခုန်ချက်တစ်ချက်ဖြင့် ဘောလုံးကိုပစ်လိုက်လေရာ ဘောလုံးက ပိုက်ကွန်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားချေသည်။
၂ : ၀
ယဲ့ချန်း ခါးသက်သက်ရယ်လိုက်မိသည်။
အာ.. လေ့ကျင့်ရေးမလုပ်ဖြစ်တာ တော်တော်တောင်ကြာသွားပြီပဲ။ သူ့ခန္ဓာကိုယ်က အလွန်တောင့်တင်းနေပေသည်။
ဤတစ်ခေါက်တွင်လည်း လုဂန်က တိုက်စစ်ဆင်ပြန်သည်။ သူက သူ့ခန္ဓာကိုယ်ကိုသုံး၍ ယဲ့ချန်းကို အသာလေးဘေးပို့ထားလိုက်သည်။
၃ : ၀
ယဲ့ချန်း တိုက်စစ်ဆင်လိုက်ပါသော်ငြား ဤတစ်ခေါက်တွင် ဘောလုံးပစ်တင်နေစဉ်အတွင်းမှာပင် လုဂန်ထံမှ ပိတ်တားခံလိုက်ရသည်။
၄ : ၀
"အရမ်းအားနည်းလွန်းတယ်နော်"
"ဒီလိုစကေးမျိုးနဲ့တောင်မှ ငါတို့ရဲ့ဘတ်စကတ်ဘောမင်းသားလေးကို လာစိန်ခေါ်ရဲသတဲ့"
"ဟားဟား အရမ်းရယ်ရတာပဲ။ သူ့ကို ဆရာကြီးတစ်ဆူလို့ထင်နေတာ။ တကယ်တော့ လူသစ်လေးဖြစ်နေတာပဲ"
လုဂန်က လေးမှတ်တိတိ ဆက်တိုက်ရလိုက်သဖြင့် အလွန်မာန်တက်နေချေသည်။
"ကိုယ့်လူ.. ခင်ဗျားရှုံးရင် ယင်းယင်းနဲ့ ဝေးဝေးနေရမှာနော်။ မဟုတ်လို့ကတော့ ခင်ဗျားကိုမြင်တိုင်း ကျွန်တော် ထိုးမှာ"
အစကတော့ ယဲ့ချန်းလည်း ဘတ်စကတ်ဘောမာစတာစွမ်းရည်ကို ထုတ်သုံးရန် မရည်ရွယ်ထားဘဲ ပျော်ရုံသက်သက်သာသဘောထားပြီး သူ့ခွန်အားအစစ်အမှန်ကို မြင်ချင်ခဲ့သည်။
ထင်မှတ်မထားပါဘဲ အမှတ်နည်းနည်းလောက်ရပြီးသည်နှင့် တစ်ဖက်လူက မာန်တက်နေလေပြီ။
မင်း ဒီလောက်အထိလုပ်ချင်တာလား?
ရှဲ့ယင်းယင်းကတော့ အလွန်စိတ်မသက်မသာဖြစ်နေလေပြီ။ ထို့ကြောင့် သူ(မ)နှင့် အရင်မဆွေးနွေးဘဲ လုဂန်နှင့် လောင်းကြေးထပ်လိုက်သည့်အတွက် ယဲ့ချန်းကိုပင် တိတ်တိတ်လေးအပြစ်တင်နေမိသည်။
ယဲ့ချန်းကတော့ ခပ်ဖွဖွပြုံး၏။
"ကောင်းပြီလေ။ သွေးပူလေ့ကျင့်ခန်းလုပ်လို့ပြီးပြီ။ ဒီတစ်ခေါက်တော့ သတိထားတော့နော်"
ယဲ့ချန်း၏စကားကို ကြားသော် လုဂန်က အထင်အမြင်သေးဟန်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။ ယဲ့ချန်း၏အစွမ်းအစကို သူ မြင်ထားပြီးဖြစ်၏။ အလွန်သာမန်ပါပင်။ ထိုကဲ့သို့သောအစွမ်းအစမျိုးက သူ့အတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ပေ။
ဤတစ်ခေါက်တွင် ယဲ့ချန်းက တိုက်စစ်ဆင်ခဲ့သည်။
[တင်! ဘတ်စကတ်ဘောမာစတာစွမ်းရည်ကို အသက်သွင်းပြီးပါပြီ]
ဘတ်စကတ်ဘောမာစတာစွမ်းရည်ကို အသက်သွင်းလိုက်ပြီဖြစ်သောကြောင့် ယဲ့ချန်း၏အကြည့်ကား ချက်ချင်းပြောင်းလဲသွားလေသည်။
မြောက်များလှစွာသော ဘတ်စကတ်ဘောစွမ်းရည်များက သူ့စိတ်အာရုံထဲသို့ စီးဆင်းလာသည်။ သူ့လက်ထဲရှိ ဘောလုံးက သူနှင့် တစ်သားတည်းဖြစ်နေသလို ခံစားရ၏။
လုဂန်ကလည်း ယဲ့ချန်း၏ပြောင်းလဲမှုကို ရိပ်စားမိသဖြင့် နှလုံးသားထဲတွင် အံ့ဩရိပ်သမ်းသွားချေသည်။
ယဲ့ချန်းက ဘောလုံးကို လှလှပပလေးလိမ်ခေါက်သွားပြီးနောက် လုဂန် မတုံ့ပြန်နိုင်ခင်မှာပင် အသာလေးဖောက်ထွက်သွားသည်။
ခြေလှမ်းသုံးလှမ်းဖြင့် ပစ်သွင်းလိုက်လေရာ ချက်ချင်းတန်းဝင်သွားသည်။
လုဂန်ခမျာ ထိုနေရာမှာပင် အကြောင်သားရပ်နေမိသည်။
ဤအကွက်က ဂျိမ်းစ်၏နတ်ဘုရားစွမ်းရည်ပင် မဟုတ်ပါလော။
သူလည်း ထိုအကွက်ကို လေ့ကျင့်ကြည့်ခဲ့ပါသော်ငြား ထိုအလိမ်အခေါက်က အလွန်ခက်ခဲလှသဖြင့် အသားကျရုံလောက်သာ လုပ်နိုင်ခဲ့သည်။
မဖြစ်နိုင်တာ.. ငါ အမြင်မှားတာပဲဖြစ်ရမယ်…
ပွဲကြည့်ပရိသတ်များမှာ လုံးဝမှင်တက်သွားရသည်။
ဘာတွေဖြစ်ကုန်တာလဲ?
ယခုလေးတင် လူသစ်တစ်ယောက်အလား အားနည်းလှသော ယဲ့ချန်းက အခြားလူတစ်ယောက်အဖြစ်သို့ ရုတ်ခြည်းပြောင်းလဲသွားသည်။
အထူးသဖြင့် နောက်ဆုံးအကွက်မှာ အလွန်ရင်သပ်ရှုမောဖွယ်ကောင်းလှ၏။
ယဲ့ချန်းက ဘောလုံးကိုသယ်သွားပြီးနောက် လုဂန်ကို လက်ခလယ်ထောင်ပြလိုက်သည်။ လုဂန်ခမျာ အံတင်းတင်းကြိတ်လျက် ယဲ့ချန်းပစ်လိုက်သော ဘတ်စကတ်ဘောကို လှမ်းဖမ်းလိုက်သည်။
"ဆက်ကစား"
ဤတစ်ခေါက်တွင်မူ ယဲ့ချန်းကို လုံးဝအခွင့်အရေးမပေးဘဲ သူရအောင်ဂိုးသွင်းမည်ဟု လုဂန်ဆုံးဖြတ်ထားသည်။
ဘတ်စကတ်ဘောကွင်းထဲတွင် မည်သူကများ သူ့အား ယခုလိုရန်မစရဲပေ။ ထို့ကြောင့် လုဂန်မှာ ဒေါသထွက်သွားသည်။ ယဲ့ချန်းဆီသို့ မြွေလိမ်မြွေကောက်ပုံစံဖြင့် ချဉ်းကပ်သွားလိုက်သည်။
ဤတစ်ကြိမ်မှာမူ အခမ်းနားဆုံးအကွက်ဖြင့် ပွဲသိမ်းပစ်လိုက်ချင်သည်။ သူကသာ အတော်ဆုံးဖြစ်ကြောင်း ရှဲ့ယင်းယင်းကို သက်သေပြချင်သည်။
လုဂန်က ဘောလုံးကိုသယ်၍ သုံးမှတ်တန်မျဉ်းနားသို့ ခပ်မြန်မြန်ချဉ်းကပ်သွားလိုက်သည်။
ယဲ့ချန်း၏မျက်စိရှေ့မှာတင် သူ ဂိုးသွင်းလိုက်ချင်သည်။ သို့မှသာ သူက ဤဘတ်စကတ်ဘောကွင်း၏ အရှင်သခင်ဖြစ်ကြောင်း ယဲ့ချန်းကို ပြသနိုင်မည်ဖြစ်၏။
လုဂန် ဘောလုံးပစ်ရန်အတွက် ခုန်လိုက်သည်။ ထိုအချိန်မှာပင် ယဲ့ချန်းကလည်း ခုန်လိုက်သည်။
လုဂန်၏မျက်လုံးထဲ၌ လှောင်ရိပ်တစ်ချက် ပေါ်ပေါက်လာသည်။ သူ့အရပ်က ၁.၉၂စင်တီမီတာဖြစ်ပြီး ယဲ့ချန်းကတော့ ၁.၈၂စင်တီမီတာဖြစ်၏။
သူနှင့် အပြိုင်ခုန်ခြင်းမှာ ကိုယ့်သေတွင်းကိုယ် တူးနေသလိုပင်။
သို့သော် ရုတ်ခြည်းပင် ပုံရိပ်တစ်ခုက သူ့ကို ကျော်တက်သွားပြီး သူ ပစ်တော့မည့်ဘောလုံးကို ရိုက်ချလိုက်သည်ကို မြင်လိုက်ရ၏။
လုဂန်၏အမူအရာကား ချက်ချင်းပြောင်းလဲသွားသည်။
ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
သူတို့နှစ်ယောက်သား လေထဲမှာ မတိုးသာမဆုတ်သာအခြေအနေသို့ ဆိုက်ရောက်နေသည်။
လုဂန်မှာ အံတင်းတင်းကြိတ်လျက် ဤဘောလုံးကို ရအောင်ပစ်ပြီး ပွဲသိမ်းရန်အတွက် ခွန်အားကုန်ထုတ်သုံးလိုက်သည်။
သို့သော် မယုံကြည်နိုင်စရာကောင်းလောက်အောင်ပင် သူ့ခွန်အားများကို အကုန်ဆုံးရှုံးလိုက်ရသည့်တိုင် ဘတ်စကတ်ဘောကတော့ လေထဲတွင် မလှုပ်မယှက်ရှိနေဆဲသာ။
ယဲ့ချန်းက မယိမ်းမယိုင်သော တောင်တန်းကြီးတစ်ခုအလားပင်။
"ဒီကိုဆင်းခဲ့လေ"
ယဲ့ချန်းက လှောင်ပြုံးပြုံး၍ ပြင်းထန်သောအင်အားတစ်ရပ်ကို ထုတ်သုံးလိုက်၏။
ဘန်း!
ယဲ့ချန်းက လုဂန်ကိုရော ဘောလုံးကိုပါ လေထဲမှ အားပါပါဖြင့် ရိုက်ချလိုက်သည်။ လုဂန်ခမျာ ယိုင်နဲ့သွားရပြီးနောက် လဲကျတော့မတတ်ဖြစ်သွားသဖြင့် အနောက်သို့ ခြေနှစ်လှမ်းဆုတ်လိုက်ရသည်။
ယဲ့ချန်းကတော့ ဘောလုံးကိုဖမ်းမိထားပြီဖြစ်၏။ ထို့နောက် အသာလေးပစ်သွင်းလိုက်လေရာ ဘောလုံးက ပိုက်ကွန်ထဲသို့ တန်းတန်းမတ်မတ်ဝင်သွားချေသည်။
၄: ၂
ထိုနေရာတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
အစောတုန်းက ယဲ့ချန်း ကံကောင်းသွားသည်ဟုဆိုပါက ယခုတစ်ခေါက်ကတော့ အရည်အချင်းစစ်စစ်ကြောင့်ပင်။
ထို့ပြင် ယဲ့ချန်း၏ခုန်ချက်က အလွန်မြင့်လွန်းလှ၏။
မိုတုနည်းပညာတက္ကသိုလ်တွင် လုဂန်က ဘတ်စကတ်ဘောကွင်း၏ အရှင်သခင်ဖြစ်၏။ သူသည် ဘယ်တုန်းကမှ မရှုံးဖူးပေ။
"ဝိုး အဲဒီလူက မိုက်လိုက်တာ"
"အံ့ဩဖို့ကောင်းချက်"
"ချစ်တယ် လူချောလေးရေ"
ယဲ့ချန်းက အလွန်ချောမောခံ့ညားပြီးသားပင်။ ဤလုပ်ဆောင်ချက်ကိုပါ ထည့်ပေါင်းလိုက်သည့်အခါ အလွန်ရင်သပ်ရှုမောဖွယ်ကောင်းသွားသည်။ လုဂန်ကို အားပေးနေကြသော မိန်းကလေးများမှာ ချက်ချင်းဘက်ပြောင်း၍ ယဲ့ချန်းကို အားပေးကြလေတော့သည်။
လုဂန်၏မျက်နှာကား ပျက်ယွင်းသွားရသည်။
ယဲ့ချန်းက တိုက်စစ်ဆင်လိုက်ပြန်သည်။ ဤတစ်ခေါက်တွင်မူ အတုအယောင်လှုပ်ရှားမှုတစ်ခုဖြင့် လုဂန်ကိုလှည့်စားပြီး အသာလေးဂိုးသွင်းလိုက်သည်။
၄ : ၃
လုဂန်က တိုက်ခိုက်လိုက်ပါသော်လည်း သူ့ကွေ့ဝိုက်မှုကို ယဲ့ချန်းက အသာလေးဖြတ်ထုတ်လိုက်နိုင်ပြီးနောက် ဂျော်ဒန်၏အနှေးပစ်ချက်ကို သုံးလိုက်သည်။
၄ : ၄
မျက်စိတစ်မှိတ်အတွင်းမှာပင် သရေရမှတ်ထွက်ပေါ်လာသဖြင့် နောက်ဆုံးတစ်မှတ်သာ လိုတော့သည်။
ဤတစ်ခေါက်တွင် ယဲ့ချန်းက တိုက်စစ်ဆင်ခဲ့သည်။
သို့သော် ယဲ့ချန်းက ဘောလုံးကို လုဂန်ထံသို့ ပစ်ပေးလိုက်ပြီးနောက် ခြင်းရှေ့တွင် အသာရပ်နေချေသည်။
လုဂန်က ခပ်စူးစူးစိုက်ကြည့်နေပုံမှာ ဒေါသူပုန်ထနေသော ခြင်္သေ့တစ်ကောင်အလားပင်။
"ငါ့ဆီ ဘောလုံးပစ်ပေးတာက ငါ့ကို အထင်သေးမှန်း သိသာလွန်းတယ်"
လုဂန်မှာ အံတင်းတင်းကြိတ်လျက် ဘောလုံးကိုသယ်၍ ခြင်းနားသို့ ချီတက်သွားပြီးနောက် ခပ်မြင့်မြင့်ခုန်လိုက်သည်။
အလွန်ကြည့်ကောင်းလှသော ခုန်သွင်းချက်ဖြင့် သူ ပွဲသိမ်းချင်မိသည်။