← Chapters

ပညာရေးလောကတစ်ခုလုံး ထိတ်လန့်သွားခြင်း

Vol. 14 Ch. 205

ပညာရေးလောကတစ်ခုလုံး ထိတ်လန့်သွားခြင်း

Vol. 14 Ch. 205

အသက်ဆယ့်ခြောက်နှစ်အရွယ် ကျောင်းသားတစ်ယောက်က အူလာသီအိုရီကို တွက်ချက်နိုင်သတဲ့လား။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

အူလာသီအိုရီဆိုသည်မှာ ကမ္ဘာပေါ်ရှိ အခက်ခဲဆုံးသင်္ချာပုစ္ဆာများထဲမှ တစ်ခုအဖြစ် နာမည်ကြီးသည်။

ပါရဂူဘွဲ့ရသင်္ချာပညာရှင်များပင် ထိုသီအိုရီနှင့်ပတ်သက်လာလျှင် အစွမ်းအစမရှိကြတော့ချေ။

အသက်ဆယ့်ခြောက်နှစ်အရွယ် အထက်တန်းကျောင်းသားလေးတစ်ယောက်က ဤသီအိုရီကို တကယ်ဖြေရှင်းနိုင်ခဲ့လေသလား။

မဖြစ်နိုင်တာ။ လုံးဝမဖြစ်နိုင်တာ..

ယဲ့ချန်းက ယူအက်စ်ဘီဒရိုက်ကိုယူ၍ ထိုဖိုင်ကိုကူးယူပြီးနောက် ရယ်လိုက်မိလေတော့သည်။

"ကျေးဇူးပါပဲ အလှလေးရေ"

"ရပါတယ်"

ကျန်းကျစ်ချီက ယဲ့ချန်းနှင့် ချန်းရှောင်ပေ့ကို ထိတ်လန့်တကြား ကြည့်နေမိသည်။

တစ်ယောက်က ရင်သပ်ရှုမောဖွယ်ကောင်းအောင် ချောမောခံံ့ညားပြီး ကျန်တစ်ယောက်မှာမူ ဉာဏ်ကြီးရှင်တစ်ယောက််ပင်။

ထူးချွန်ထက်မြက်တဲ့လူနှစ်ယောက်ကို တစ်ပြိုင်တည်းတွေ့ရလောက်တဲ့အထိ ငါ ကံကောင်းသွားတာလား?

"ဒီစာတမ်းကို ဘယ်မှာတင်မှာလဲဆိုတာ မင်းဆုံးဖြတ်ပြီးပြီလား"

ချန်းရှောင်ပေ့ကမူ ခေါင်းခါယမ်းပြသည်။

"ကျွန်တော်မသိဘူး။ ကျွန်တော်က ဒီအတိုင်းစာတမ်းတင်ချင်တာပဲရှိတာ။ ကျွန်တော့်ကျိုးကြောင်းသုံးသပ်မှုတွေက မှန်လားဆိုတာကို သူများတွေ အတည်ပြုပေးရအောင်လို့လေ"

ယဲ့ချန်းလည်း ခဏမျှတွေးကြည့်လိုက်ပြီးနောက် လီယန့်ကိုသာ ဆက်သွယ်လိုက်သည်။

"လီယန်..သင်္ချာစာတမ်းနဲ့ပတ်သက်တဲ့ နာမည်ကြီးဝက်ဘ်ဆိုက်တစ်ခုခုကိုများ မင်းသိလား"

"ဘာလို့လဲ။ စီနီယာယဲ့က ကမ္ဘာမြေတုန်လှုပ်ဖွယ်ကောင်းတဲ့ ရှာဖွေတွေ့ရှိမှုကြီးတစ်ခုခုကိုများ လုပ်နိုင်ခဲ့လို့လား။ ဒါမှမဟုတ် စာတမ်းတစ်စောင်ထုတ်ဝေဖို့ ကြံနေတာလား"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"ငါက ချန်းရှောင်ပေ့ကို စာတမ်းတင်သွင်းနိုင်အောင် ကူညီပေးမလို့"

"ချန်းရှောင်ပေ့က စာတမ်းတင်သွင်းမှာလား"

လီယန်ခမျာ တဒင်္ဂမျှကြက်သေသေသွားရှာသည်။

"ယဲ့ချန်း နင် လာနောက်နေတာား။ ချန်းရှောင်ပေ့ကလေ? သူက ပရော်ဖက်ရှင်နယ်သင်္ချာစာတမ်းကို ရေးနိုင်လို့လား"

ယဲ့ချန်းလည်း ရယ်မောလိုက်သည်။

"ဘာလို့မရေးတတ်ရမှာလဲ။ သူက ဉာဏ်ကြီးရှင်ပါလို့ ငါပြောသားပဲ"

လီယန်ကလည်း ပြန်ပြောလာသည်။

"သင်္ချာနိဗ္ဗာန်ဘုံမှာ တင်သွင်းလို့ရတယ်လေ။ အဲဒါက သင်္ချာစာတမ်းတွေနဲ့ပတ်သက်ပြီး ဩဇာအာဏာအရှိဆုံးဆိုက်တစ်ခုပဲ။ နင့်စာတမ်းမှာ တန်ဖိုးတစ်ခုရှိနေသရွေ့ သေချာပေါက်ထင်းထွက်နေမှာပဲ"

ယဲ့ချန်းလည်း ခေါင်းတညိတ်ညိတ်လုပ်၍ ထိုဝက်ဘ်ဆိုက်ကိုဖွင့်ကာ ချန်းရှောင်ပေ့၏စာတမ်းကို တင်ပေးလိုက်သည်။ ယဲ့ချန်းတင်လိုက်သည့် စာတမ်းကိုမြင်သောအခါ လီယန်ခမျာ ချက်ချင်းအံ့ဩသွားရသည်။

ဤစာတမ်းကို သူ(မ)ကိုယ်တိုင်ပင် ဆယ်ပုံတစ်ပုံလောက်သာ နားလည်သည်။

သီအိုရီက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သေချာသည့်ကိစ္စတစ်ခုတော့ ရှိသည်။ စာတမ်းတင်သွင်းသူမှာ သင်္ချာဘာသာရပ်တွင် ကျွမ်းကျင်ပိုင်နိုင်သူတစ်ယောက်ပင် ဖြစ်ရမည်။

ချန်းရှောင်ပေ့တဲ့လား။

စာမတော်သည့် ကျောင်းသားတစ်ယောက်က ဤမျှလေးစားဖို့ကောင်းသော စာတမ်းတစ်စောင်ကို မည်သို့ရေးနိုင်သလဲဆိုသည်ကို သူ(မ) မတွေးတတ်လောက်အောင်ပင်။

ထိုအချိန်မှာပင် အမ်နိုင်ငံရှိ ဒန်နီဟုခေါ်သော သင်္ချာပါမောက္ခတစ်ယောက်က ဖိုရမ်များကို ဖွင့်ကြည့်နေသည်။ ထို့နောက် ဟွားနိုင်ငံမှ အသစ်တင်ထားသော ဖိုရမ်တစ်ခုကို မြင်လိုက်ရ၏။

ခေါင်းစဉ်ကို တစ်ချက်ကြည့်ပြီးနောက်တွင်မူ ချက်ချင်းရယ်ချလိုက်မိသည်။

အူလာသီအိုရီတဲ့လား?

ဟာသပဲ...

အူလာသီအိုရီဆိုသည်မှာ ထူးခြားဆန်းကြယ်သော ကမ္ဘာ့ထိပ်တန်းသင်္ချာပုစ္ဆာတစ်ခုပင်။

ကွန်ပျူတာပေါင်းများစွာကို သုံးခဲ့သည့်တိုင် ထိုသီအိုရီကို မဖြေရှင်းနိုင်ခဲ့ပေ။ ဟွားနိုင်ငံက ဖြေရှင်း၍မရနိုင်သော ဤထူးခြားဆန်းကြယ်သီအိုရီကို ဖြေရှင်းနိုင်ခဲ့သတဲ့လား။

သို့သော် အကြောင်းအရာကို မြင်လိုက်ရချိန်မှာတော့ သူ့အထင်သေးမှုမှာ ရုတ်ခြည်းပျောက်ကွယ်သွားသည်။

အခြေခံအုတ်မြစ်က သိပ်မခိုင်မာသောကြောင့် တွက်ချက်နည်းအဆင့်များက အလွန်ပရမ်းပတာနိုင်လှပေသည်။ သို့တိုင် ဤဖြေရှင်းနည်း၏ ဖြစ်နိုင်ခြေကိုတော့ သူ ခံစားမိသည်။

ပါမောက္ခဒန်နီခမျာ ဖတ်ကြည့်လေလေ ပိုအံ့ဩရလေလေပင်။

ဤသည်မှာ မယုံနိုင်လောက်စရာပင်။ သူ့လက်များပင် အနည်းငယ်တုန်ယင်လာသည်။

ဖြစ်ရပ်ဆန်းတစ်ခုပင်တည်း။ သင်္ချာဘာသာရပ်ဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်ဆန်းတစ်ခုပင်။

ဤစာတမ်းက ထူးခြားလှကြောင်း ဒန်နီ ချက်ချင်းသဘောပေါက်လိုက်သည်။ ဤအကြောင်းကို သေချာတွေးကြည့်ပြီးနောက် တရုတ်သင်္ချာပညာရှင်တစ်ယောက်ဖြစ်သော လီခယ့်ထံသို့ ဖုန်းဆက်လိုက်၏။

"လီခယ်..ဟွားနိုင်ငံမှာ ချန်းရှောင်ပေ့လို့ခေါ်တဲ့ သင်္ချာပညာရှင်တစ်ယောက်ရှိလား"

"မရှိပါဘူး။ ဘာလို့လဲ။ ဘာဖြစ်တာလဲ"

"ငါ အခုလေးတင် စာတမ်းတစ်စောင်မြင်လိုက်တယ်။ ဟွားနိုင်ငံအိုင်ပီတစ်ခုကနေ တင်ထားတာ"

"ဟွားနိုင်ငံမှာ တစ်နေ့ကို စာတမ်းပေါင်းများစွာ တင်သွင်းနေတာဆိုတော့ ငါတို့အတွက် မဆန်းတော့ပါဘူး"

ယနေ့ခေတ်တွင် ပညာရေးအသိုင်အဝိုင်းထဲ၌ ဟွားနိုင်ငံရှိ စာတမ်းများ၏ဂုဏ်သတင်းက အလွန်ဆိုးဝါးလွန်းသည်။

အရေအတွက်များပြားသော်ငြား ၎င်းတို့မှာ ခိုးချခြင်းနှင့် တုပခြင်းတို့သာ။

ထို့ကြောင့် ဟွားနိုင်ငံ၏စာတမ်းဟု ကြားလိုက်ရသည်နှင့် ပညာရှင်တော်တော်များများက ခေါင်းခါယမ်းမိကြသည်သာ။

"လီခယ်.. ခင်ဗျား ဒီစာတမ်းကိုတော့ ကြည့်မှဖြစ်မယ်။ ဒါက သူများနဲ့မတူဘူး။ ပြီးတော့ စာရေးသူမိတ်ဆက်ကိုလည်း ကျုပ် စစ်ဆေးပြီးပြီ။ သူက အသက်၁၆နှစ်ပဲရှိသေးတာ"

"အသက်၁၆နှစ်သားတစ်ယောက်ရဲ့စာတမ်းလား"

ဒန်နီ၏စကားများကြောင့် သူလည်း ချက်ချင်းခေါင်းခါယမ်းလိုက်မိသည်။

"ထားလိုက်ပါတော့။ ကျုပ် ကြိုသိပြီးသား။ သူက သင်္ချာပါမောက္ခတစ်ယောက်ယောက်ရဲ့ ကလေးပဲဖြစ်ရမယ်။ သူ့မိဘတွေက ရေးပေးထားတာဖြစ်ဖို့များတယ်"

"လီခယ်.. တကယ်ပြောတာ။ ဒီစာတမ်းကို ခင်ဗျား သေချာကြည့်ကြည့်လိုက်။ မဟုတ်လို့ကတော့ နောင်တရလိမ့်မယ်"

"ကောင်းပါပြီ။ ကောင်းပါပြီ။ ကျုပ်မိတ်ဆွေကြီးဒန်နီကို တအားအံ့ဩသွားစေတဲ့ ဒီစာတမ်းကို ကျုပ် ကြည့်လိုက်ပါ့မယ်"

လီခယ်ကလည်း ထိုဖိုရမ်ကိုဖွင့်ရန်အတွက် ကွန်ပျူတာကို အင်တင်တင်ဖြင့် ဖွင့်လိုက်၏။ စာတမ်းကို တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အကြောင်းအရာကြောင့် သူ စိတ်ဝင်စားသွားရသည်။

ဒန်နီခမျာ တစ်နာရီကျော်လောက် စောင့်နေခဲ့ပါသည့်တိုင် တစ်ဖက်က ဘာတုံ့ပြန်ချက်မှ ရောက်မလာချေ။

လီခယ်ကို ဖုန်းဆက်လိုက်သောအခါတွင်မူ တစ်ဖက်လူက ဟွားနိုင်ငံရှိ မိုတုမြို့ကိုသွားနေကြောင်း သိလိုက်ရသည်။

"ဒန်နီ.. ဒီစာတမ်းက ကျုပ်တို့သင်္ချာလောကအတွက်တော့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ။ ကျုပ် အခုချက်ချင်း မိုတုမြို့ကို သွားနေပြီ။ ဒီလူ့ကို ကျုပ် ရအောင်ရှာမယ်။ သူက သင်္ချာပါရမီရှင်တစ်ယောက်ပဲ။ ကျုပ်တို့နယ်ပယ်ထဲက တက်သစ်စပုဂ္ဂိုလ်တစ်ယောက် ဖြစ်နိုင်လောက်တယ်"

ယခုလောက်ဆိုလျှင် ဤစာတမ်းကို ပညာရှင်တော်တော်များများက အာရုံစိုက်မိနေကြလောက်ပြီဖြစ်၏။

"ဘုရားရေ.. ငါ တစ်ဆင့်ချင်းစီတိုင်းကို သေချာစစ်ဆေးပြီးပြီ။ ကြည့်ရတာတော့ မှန်တယ်ထင်တာပဲ"

"အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ငါရထားတဲ့အချက်အလက်တွေအတိုင်းဆိုရင် သူက အခုမှ အသက်၁၆နှစ်ပဲရှိသေးတာ"

...

ထိုအခိုက်ဝယ် လီခယ်က မိုတုမြို့သို့ ပြန်ရောက်လာသည်။

လီခယ်တစ်ယောက်တည်းတင်မဟုတ်ပေ။ ပီကင်းတက္ကသိုလ်၊ တောင်ပိုင်းတက္ကသိုလ်၊ ဟာပင်းနည်းပညာတက္ကသိုလ်နှင့် ဖူတန်သင်္ချာဌာနမှ ပါမောက္ခများအားလုံးလည်း ဤစာတမ်းကြောင့် ကြက်သေသေကုန်ကြသည်။

ဤစာတမ်းထဲတွင် သင်္ချာပါရမီရှင်တစ်ယောက်သာ ဖြေရှင်းနိုင်မည့်အဆင့်များ ပါဝင်လေသည်။ ထို့ပြင် သူက အသက်၁၆နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ယောက်ပင်။ ဤသည်မှာ လုံးဝယုံနိုင်စရာမရှိချေ။

ကျောင်းပေါင်းစုံရှိ ခေါင်းဆောင်များမှာ မိုတုစာကြည့်တိုက်သို့ အပြေးအလွှားရောက်ချလာကြသည်။ စာတမ်းကို ဤစာကြည့်တိုက်မှ တင်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိလိုက်ရသဖြင့် လီခယ်က စာကြည့်တိုက်သို့ ပထမဆုံးရောက်ချလာသည်။

"မိန်းကလေး.. ဒီရက်ပိုင်းထဲမှာ ဒီကကွန်ပျူတာကိုသုံးပြီး စာတမ်းတင်သွင်းခဲ့တဲ့ လူတစ်ယောက်ယောက်ကိုများ မြင်မိလား"

"သိတယ်။ ၁၆နှစ်သားကောင်လေးတစ်ယောက်နဲ့ အသက်၂၀အရွယ်ရှိတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ပဲ"

"အိုး.. မင်းမှာ သူ့ဖုန်းနံပါတ်ရှိလား"

ကျန်းကျစ်ချီလည်း ခေါင်းညိတ်ပြလိုက်သည်။

"ခပ်ချောချောအစ်ကိုကတော့ မပြန်ခင် ဖုန်းနံပါတ်ပေးသွားတယ်"

လီခယ်လည်း ထိုဖုန်းနံပါတ်ကို မျှော်လင့်ချက်အပြည့်ဖြင့် တောင်းယူလိုက်သည်။ ဖုန်းဝင်သွားချိန်မှာ တစ်ဖက်မှ သာယာနာပျော်ဖွယ်အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟယ်လို.. ဟိုစာတမ်းကို ခင်ဗျားတင်သွင်းလိုက်တာလား"

ယဲ့ချန်း ပြုံးလိုက်မိသည်။

"အဲဒီစာတမ်းကို ကျွန်တော့်ညီလေးက တင်သွင်းခဲ့တာပါ"

"၁၆နှစ်သားကောင်လေးလား။ သူ အခုဘယ်မှာလဲ။ ကျုပ် သူနဲ့တွေ့လို့ရမလား"

လီခယ်က စိတ်လှုပ်ရှားစွာ မေးလိုက်လေသည်။

"ပီကင်းတက္ကသိုလ်က မိတ်ဆွေတစ်ယောက်နဲ့ ကျုပ်က ဒီကလေးကိုတွေ့ဖို့အတွက် လာခဲ့တာပါ။ ဒီအထက်တန်းကျောင်းသားလေးက ဘယ်ကျောင်းမှာတက်တာလဲ"

ယဲ့ချန်း လှောင်ပြုံးပြုံးလိုက်လေသည်။

"သူက မိုတုအမှတ်၄၈အလယ်တန်းကျောင်းမှာပါ.."

"ကောင်းတယ်။ ကျုပ်တို့ အဲဒီကို ချက်ချင်းလာခဲ့လိုက်မယ်။ ဒီလူငယ်လေးက ဟွားနိုင်ငံရဲ့သင်္ချာလောကအတွက် မျှော်လင့်ချက်ရောင်ခြည်လေးတစ်ခုနော်။ ကျုပ်တို့ သူ့ကို ပီကင်းတက္ကသိုလ်မှာ ခေါ်ထားမှဖြစ်မယ်"

ထိုအချိန်မှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရောက်လာလေသည်။

ချန်းယန်ဟုအမည်ရသော သက်လတ်ပိုင်းအရွယ်အမျိုးသားမှာ ပီကင်းတက္ကသိုလ် ကျောင်းသားရေးရာဌာန၏ ဒါရိုက်တာပင်။

"မစ္စတာလီခယ်..မြန်မြန်သွားရအောင်။ ဒီလူငယ်လေးကသာ ခင်ဗျားပြောသလို သိပ်တော်တယ်ဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ တခြားနည်းပညာတက္ကသိုလ်တွေကလည်း အရူးအမူးလိုချင်နေကြမှာမဟုတ်လား"

လီခယ်ကလည်း ပြန်ပြောလိုက်သည်။

"အခု ဒီလူငယ်လေးကိုတွေ့ဖို့ အရေးကြီးတယ်။ သူ့ကို တခြားလူတွေ လုမသွားအောင် လုပ်ရမယ်"

သူတို့နှစ်ယောက်သားလည်း မိုတုအမှတ်၄၈အလယ်တန်းကျောင်းသို့ ကားဖြင့် ထွက်လာခဲ့လိုက်ကြသည်။

သူတို့၏သရုပ်မှန်ကို ပြောပြလိုက်ပြီးနောက်မှာ ကျောင်းအုပ်ကြီးဖန့်မင်က သူတို့ကို အပြေးအလွှားသွားရောက်နှုတ်ဆက်လေတော့သည်။

သူတို့က နယ်နယ်ရရပုဂ္ဂိုလ်များ မဟုတ်ကြပေ။ ပီကင်းတက္ကသိုလ် ကျောင်းသားရေးရာဌာန၏ ဒါရိုက်တာများပင်။ ဤဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များက သူတို့ကျောင်းသို့ ရောက်လာခဲ့သည်ဖြစ်ရာ ဘယ်ကျောင်းအုပ်ကများ အလေးမထားဘဲ နေရဲမည်နည်း။

ချန်းယန်က ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။

"ကျောင်းအုပ်ကြီးဖန့်.. ကျုပ်က ပါရမီရှင်စုဆောင်းဖို့အတွက် ရောက်လာတာပါ"

ချန်းယန်က ပါရမီရှင်စုဆောင်းမည့်အကြောင်း ပြောလိုက်သောအခါ ကျောင်းအုပ်ကြီးဖန့်၏မျက်နှာထက်၌ တောက်ပသော အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

All Chapters