← Chapters

S-အဆင့် ဇုန် ၀၁၁၃

Vol. 6 Ch. 76

S-အဆင့် ဇုန် ၀၁၁၃

Vol. 6 Ch. 76

S-အဆင့် ဇုန် ၀၁၁၃ (S-Rank Zone 0113)

အပြင်ပန်းကြည့်လျှင် သာမန် စာအုပ်ဆိုင်တစ်ခု ဖြစ်သော်ငြား၊ ၎င်းမှာ ရောင်စဉ် သူရဲကောင်းဟောင်း အေဗရာဟမ် ဂျိုးဇက်က ကိုယ်တိုင် ရေးသားထားသည့် အမှုတွဲသစ် တစ်ခု ဖြစ်သည်။ ထို့အပြင် များလှစွာသော ထောက်လှမ်းရေး အစီရင်ခံစာများကိုလည်း သူမ ဖတ်ရှုထားပြီး ဖြစ်သည်။

ဤစာအုပ်ဆိုင်မှာ လန်စီ မှော်ကြေးမုံ ကိစ္စတွင် အလွန်ဩဇာညောင်းခဲ့ပြီး ဝံပုလွေဖြူ အဖွဲ့နှင့် စကားလက် ဝါဒီဂိုဏ်းတို့ လျင်မြန်စွာ ပျက်စီးခြင်းကို သွယ်ဝိုက်သောအားဖြင့် ဖြစ်ပေါ်စေခဲ့သည်။

ထို့ပြင်... စာအုပ်ဆိုင်ရှင်ကြောင့် ဂျိုးဇက်မှာ မကောင်းဆိုးဝါးဓား ကန်ဒယ်လာ ပိုင်ဆိုင်ခွင့်ကိုပါ လွှဲပြောင်းပေးလိုသည့် ဆုံးဖြတ်ချက်ကို ချမှတ်လာခဲ့သည်။

မကောင်းဆိုးဝါးဓား ကန်ဒယ်လာမှာ အခရာ အဆင့် တစ်ဦးကိုပင် ထိတ်လန့်တုန်လှုပ်စေမည့် အသူရာ ချောက်နက် တစ်ဖြစ်လည်း အမှောင်ထုမှ အရာဝတ္ထု တစ်ခု ဖြစ်သည်။

လူတစ်ဦး မည်မျှပင် သန်မာသည်ဖြစ်စေ... ထိုမကောင်းဆိုးဝါးဓား၏ ဝိညာဉ်နှင့် စိတ်တို့အား ဖျက်ဆီး စားသုံးခြင်းကို ရှောင်လွှဲ၍ မရနိုင်ဘဲ နောက်ဆုံးတွင် ထိုသူ၏ ပျက်စီးခြင်းဆီကိုသာ ဦးတည်စေမည် ဖြစ်သည်။

လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ ထိုလက်ရာမြောက်ပစ္စည်းကို သိမ်းဆည်းထားခဲ့သည့် အချိန်မှစ၍ ယာယီ ငြိမ်းချမ်းမှုကို သေချာစေရန်နှင့် ၎င်းကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် အပြစ်အကင်းဆုံး ရောင်စဉ် သူရဲကောင်းကို ကန်ဒယ်လာ၏ ပိုင်ရှင်အဖြစ် ရွေးချယ်လေ့ရှိသည်။

သို့သော်လည်း... ရောင်စဉ် သူရဲကောင်း များ တစ်ဦးပြီးတစ်ဦး သေဆုံးသွားခဲ့ရသောကြောင့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ မကောင်းဆိုးဝါးဓား၏ ကျိန်စာအပေါ် လက်မှိုင်ချခဲ့ရကာ ဂျိုးဇက်ကိုပင် သူ စိတ်တိုင်းကျ နေခွင့် ပြုခဲ့ရသည်။

သို့သော်လည်း... ဂျိုးဇက်၏ ပိုင်ဆိုင်မှု လွှဲပြောင်းပေးရန် လျှောက်လွှာမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် မှ အဆင့်မြင့် အရာရှိများကို အလွန်တရာပင် တုန်လှုပ်စေခဲ့သည်။

ဂျိုးဇက်၏ အဆိုအရ ၎င်းမှာ စာအုပ်ဆိုင်ရှင်၏ ပထမဆုံး တောင်းဆိုချက်ဖြစ်သည်။ သူက မကောင်းဆိုးဝါးဓားကို လိုချင်ခဲ့သည်။

ဂျိုးဇက်၏ အစီရင်ခံစာအရ... စာအုပ်ဆိုင်ရှင်က သူ့ကို ပေးခဲ့သော စာအုပ်မှာ မကောင်းဆိုးဝါးဓားကို ဖိနှိပ်နိုင်သည့် စွမ်းအား ပိုင်ဆိုင်ထားသည်။ ဆိုလိုသည်က... စာအုပ်ဆိုင်ရှင်မှာ မကောင်းဆိုးဝါးဓားကို ပိုမို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သည့် စွမ်းရည်ရှိသည်။

သူလိုချင်ရသည့် အကြောင်းရင်းမှာလည်း ဂျိုးဇက်၏ နာကျင်မှုများကို မြင်တွေ့ရပြီး သူ့ကို ကယ်တင်လိုသောကြောင့် ဖြစ်သည်။

သို့သော်လည်း... ဂျိုးဇက်၏ စကားတစ်ခွန်းတည်းဖြင့် အကြီးအကဲများမှာ မကောင်းဆိုးဝါးဓားကို လွှဲပြောင်းပေးလို့ မရပါချေ။ အထူးသဖြင့်... လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ စာအုပ်ဆိုင်ရှင်နှင့် ပတ်သက်ပြီး ခိုင်မာသည့် သတင်းအချက်အလက် တစ်စုံတစ်ရာ မရရှိသေးသောကြောင့် ဖြစ်သည်။

နောက်ဆုံးတွင်... အကြီးအကဲများကြား ဆွေးနွေးမှုအချို့ ပြုလုပ်ပြီးနောက် မကြာသေးမီက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ပေါင်းစပ်ကာ စာအုပ်ဆိုင်ရှင်၏ ကိုယ်ရေးအချက်အလက်၊ စိတ်သဘောထား၊ ရည်ရွယ်ချက်နှင့် စွမ်းရည်တို့ကို ဆုံးဖြတ်ရန်အတွက် အနီးကပ် အကဲဖြတ်မှုနှင့် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့ကြောင့် လော့ဂျစ်ဌာနခွဲမှ ဒုတိယ ဌာနမှူး၊ ဖျက်ဆီးခြင်း အဆင့် သူရဲကောင်း၊ အထူးပြု အကဲဖြတ်သူဖြစ်သည့် လ်စီ ကာရိုလိုင်းကို လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ အကြီးအကဲများမှ အထူးတာဝန်ဖြင့် စေလွှတ်လိုက်ခြင်း ဖြစ်သည်။

စိတ်ထိန်းချုပ်ခြင်းတွင် မွေးရာပါ ပါရမီပါသည့် ကာရိုလိုင်းမှာ လူတစ်ဦးကို ကောင်းသလား၊ ဆိုးသလား ဆုံးဖြတ်ရာတွင် သဘာဝအတိုင်း ကျွမ်းကျင်သည်။

လော့ဂျစ် ဌာန၏ ဒုတိယ ဌာနမှူးအနေဖြင့် သူမ၏ တရားဝင် အလုပ်မှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် နှင့် အခြား အဖွဲ့အစည်းများ၏ ရှုပ်ထွေးမှုများကို ရှင်းလင်းရန်နှင့် လူထုဆက်ဆံရေးကို ကိုင်တွယ်ရန်တို့ဖြစ်သည်။ သာမန် နော်ဇင် မြို့သူမြို့သားများ၏ စိတ်ထဲတွင် ထူးခြားသည့် သတ္တဝါများဟူသည် ဒဏ္ဍာရီမျှသာ ဖြစ်သည်။ ကာရိုလိုင်းတို့ ကဲ့သို့သော သူများမှာ အမှန်တရားကို ဖုံးကွယ်ရန်နှင့် ကိုယ်တိုင် ထုတ်ဖော်နိုင်သည့် အခြေအနေ အမျိုးမျိုးကို လျင်မြန်စွာ ဖြေရှင်းရန် နည်းလမ်းမျိုးစုံကို အသုံးပြုဖို့ လိုအပ်သည်။

ကာရိုလိုင်းမှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် ၏ အထူးချွန်ဆုံး အကဲဖြတ်သူ မဟုတ်နိုင်သော်လည်း သူမက သံသယဖြစ်ဖွယ်မရှိ အတည်ငြိမ်ဆုံး တစ်ဦးဖြစ်သည်။

ထို့ကြောင့်ပင်... ဤသည်မှာ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်မှာ သူမအား အလွန် အရေးကြီးပြီး အန္တရာယ်ရှိသည့် ဤမစ်ရှင်ကို လွှဲအပ်ခဲ့ရသည့် အကြောင်းရင်း ဖြစ်သည်။

S-အဆင့် လူပုဂ္ဂိုလ် တစ်ယောက် စောင့်ကြည့်လေ့လာရန်နှင့် အကဲဖြတ်ရန် အခွင့်အရေးကို လူတိုင်း မရနိုင်ပေ။

ကာရိုလိုင်း လက်ရှိမစ်ရှင်ကို ပြန်လည် တွေးလိုက်မိ၏။ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ကိုယ်စားလှယ် တစ်ဦးအနေဖြင့် သူမမှာ စာအုပ်ဆိုင်ရှင်ကို ဖောက်သည် တစ်ဦး ပုံစံဖြင့် စကားပြောဆိုရမည်ဖြစ်ပြီး S-အဆင့် ဇုန် ၀၁၁၃ ၏ အမှုတွဲကို ပြည့်စုံစွာ ဖြည့်ဆည်းရန်နှင့် အကြီးအကဲများ၏ စီရင်ဆုံးဖြတ်ချက်ကို ဖြည့်စွက်ပေးရန် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။

ကာရိုလိုင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ၊ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ထိန်ရင်း စာအုပ်ဆိုင်ထဲသို့ ဝင်ရောက်သွားခဲ့သည်။

...

“ကြိုဆိုပါတယ်”

ကောင်တာနောက်ကွယ်မှ စာအုပ်ဆိုင် ပိုင်ရှင်၏ အသံ ထွက်ပေါ်လာသည်။ ကာရိုလိုင်း တစ်ယောက် စာအုပ်ဆိုင် အတွင်း မဝင်ခင်တည်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ထားသော်လည်း ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းသွားခဲ့ကာ အသက်ရှူနှုန်းမှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။

S-အဆင့်…

မျက်တောင် တစ်ချက် မခတ်ဘဲ ဂျိုးဇက်ကို သတိလစ်သွားစေခဲ့သည်ဟု ကောလာဟလ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် သတ္တဝါ...

ဒုန်း... ဒုန်း... ဒုန်း...

ကာရိုလိုင်း နှလုံးခုန်သံများကို ခံစားလိုက်ရရာ လက်ဖဝါးကို ပြန်ဆိတ်လိုက်၏။ သူမက ထုံးစံအတိုင်းပင် ဆွဲဆောင်မှုရှိသည့် အပြုံးကို ပြုံးလိုက်ရင်း အသက်ပြင်းပြင်း ရှူသွင်းကာ ကောင်တာရှေ့တွင် ထိုင်လိုက်သည်။ ထို့နောက်... စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းရင်း စာအုပ်ဆိုင် ပိုင်ရှင်ကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“မင်္ဂလာပါ”

လင်ကျဲသည် ဖတ်လက်စ စာအုပ်ကို ချထားလိုက်ရင်း ဤလှပသည့် ငွေရောင်ဆံပင် ပိုင်ရှင် မိန်းကလေးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

‘မင်္ဂလာပါ တဲ့... ဒါက နည်းနည်းတော့ ချဲ့ကားလွန်းတယ် မဟုတ်ဘူးလား...’

လင်ကျဲ စိတ်ထဲမှ တွေးလိုက်သည်။ ထိုမိန်းကလေးက အလွန် လှပသည်။ အသက်ရှူ မှားလောက်အောင် လှပသည်။ သူမက လှပလွန်းလှသဖြင့် ဤဟောင်းနွမ်းသော စာအုပ်ဆိုင်ထဲတွင် မရှိသင့်ဘဲ ကော်ဇောနီပေါ်တွင် ရှိသင့်သည်ဟု သူ ခံစားလိုက်ရသည်။

နောက်တစ်ခုက သူမ၏ အပြုံး...

ထိုအပြုံးက ပရော်ဖက်ရှင်နယ် ဆန်လှသည်။ သူ့ကို ရင်းနှီး ကျွမ်းဝင်ပြီးသား လူတစ်ယောက်ကို တွေ့မြင်လိုက်ရသလို ခံစားရစေသည်။ မသိပါက အသိအကျွမ်းဟောင်း တစ်ယောက်ကို ပြန်တွေ့လိုက်ရသလို ခံစားချက်မျိုးပင်။

နောက်ပြီး “မင်္ဂလာပါ...” ဟု နှုတ်ဆက်ပုံ...။

‘ဟား ဟား… ငါ့ကို ဒီလိုလာလုပ်လို့ ရမယ် ထင်လား...’

လင်ကျဲ စိတ်ထဲမှ နေ၍ လှောင်ပြောင် ရယ်မောလိုက်၏။ ကမ္ဘာမြေတွင် နေထိုင်စဉ် အခါက သူ ထိုမိန်းကလေးလို လူမျိုးကို မကြာခဏ ဆိုသလို မြင်ခဲ့ဖူးသည်။

သူမက ကုမ္ပဏီ တစ်ခုခု၏ အရောင်းမြှင့်တင်သူ ဟုတ်လျှင်ဟုတ်၊ မဟုတ်လျှင် စစ်တမ်း မေးခွန်းစာရွက် တစ်ခုကို ဖြေခိုင်းဖို့ ကြိုးစားနေသူပင်။

မြေကြီးလက်ခတ် မလွဲပါချေ။

ထိုကဲ့သို့သော ဧည့်သည်များမှာ သူ့အချိန်လေးများကို စုပ်ယူဝါးမျိုခြင်းမှ အပ သူ့ထံမှ စာအုပ် ဝယ်လိမ့်မည် မဟုတ်သလို ငှားလိမ့်မည်လည်း မဟုတ်ပါချေ။

လင်ကျဲ စိတ်အတွင်း ပြင်ဆင်ထားသည့် နွေးထွေးသော ကြိုဆို နှုတ်ခွန်းဆက် စကားလုံးများကို ပြန်လည် သိမ်းဆည်းလိုက်သည်။ တစ်နည်းအားဖြင့်ဆိုသော် သူ့ရှေ့မှ မိန်းကလေးမှာ ဖောက်သည် မဟုတ်ပေ။ ဖောက်သည် မဟုတ်သည့်အပြင်... သူမက သူ့အား ငွေသုံးစေရန်ပင် ကြိုးစားနေနိုင်ခြေ ရှိသည်။

သို့သော်လည်း... ဆရာလင် ဆိုသော ဘွဲ့နာမည်မှာ မထိုက်တန်ဘဲ ရရှိခဲ့သည့် ဂုဏ်သတင်း မဟုတ်ပေ။

‘ဘာပဲဖြစ်ဖြစ် သင်းက ငါ့တံခါးကို လာခေါက်ရဲတယ် ဆိုမှတော့ အရောင်း မြှင့်တင်ခြင်း မကလို့ ဈေးကွက် ရှာဖွေခြင်းပဲ ဖြစ်ဖြစ်... ငါ့ ဖောက်သည်ပဲ... ‘

‘လာလေ...’

လင်ကျဲ လက်ကို ပိုက်လိုက်ရင်း တည်ငြိမ်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ ထိုမိန်းကလေး ပြောမည်သည့် နောက်ထပ် စကားလုံးများကိုပင် သူ သိရှိထားပြီး ဖြစ်သည်။

“ကျွန်တော် မေးပါရစေ…”

“ကျွန်မ မေးပါရစေ…”

***

All Chapters