ကိုယ်က ကိုယ်ပါပဲ
Vol. 79 Ch. 1171
ပုံရိပ်ယောင်နယ်ပယ်ထဲမှ အသက်ရှူမှားလောက်အောင် လှပသော အမျိုးသမီးကို တွေးမိလိုက်သည်နှင့် လုချန်း၏ စိတ်ဝိညာဉ်စွမ်းအားများ ထိန်းချုပ်မရနိုင်အောင် လှုပ်ရှားလာသည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးလည်း စွမ်းအင်များ လှိုင်းထန်လာကာ တုန်ခါသွားသည်။
လုချန်း မျက်ခုံးတွန့်လိုက်ပြီး ချက်ချင်းပင် အလင်းအရိပ်ကို အသုံးပြုလိုက်သည်။
တစ်ချိန်တည်းမှာပင် ယွမ်ရှန်ရှန်သည် ပြတင်းပေါက်နံဘေးတွင် ရပ်လျက် ကောင်းကင်ယံရှိ ကြီးမားလှသော ကမ္ဘာ့သစ်ပင်ကြီးကို မော့ကြည့်နေသည်။
လုချန်း ဤကမ္ဘာ့သစ်ပင်ကြီးကို မည်သည့်နေရာမှ ရရှိခဲ့သနည်းဟု သူမ သိချင်နေမိသည်။ ယွမ်ချင်းရှုထံမှ ရရှိထားသော မှတ်ဉာဏ်များအရ ကမ္ဘာ့သစ်ပင် ပိုင်ဆိုင်သော ကမ္ဘာများသည် ပုံမှန်အားဖြင့် မြင့်မြတ်သော နယ်မြေများ ဖြစ်လေ့ရှိသည်။
ဤနေရာတွင် ဆိုလိုသည့် မြင့်မြတ်သောနယ်မြေဆိုသည်မှာ သန့်ရှင်းသောနဂါးနက် နယ်မြေကဲ့သို့သော အင်အားစုငယ်များကို ဆိုလိုခြင်း မဟုတ်ပေ။ ရှေးဟောင်းခေတ်ကာလမှ မြင့်မြတ်နယ်မြေများမှာ သီးခြားရပ်တည်နေသော ကမ္ဘာများဖြစ်ပြီး အရွယ်အစား၊ ဥပဒေနိယာမများနှင့် ကျင့်စဉ်အရင်းအမြစ်များမှာ အဆင့်မြင့် ကျင့်စဉ်ကမ္ဘာထက် အဆများစွာ သာလွန်သည်။
အခြားသူများ၏ အမြင်တွင် ထျန်းချန်ကမ္ဘာသည် အဆင့်မြင့် ကျင့်စဉ်ကမ္ဘာတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ယွမ်ရှန်ရှန်၏ မျက်လုံးထဲတွင်မူ ရှေးဟောင်းခေတ်ကာလမှ မြင့်မြတ်သောနယ်မြေတစ်ခုနှင့် မခြားနားပေ။
ထို့ကြောင့် လုချန်း၏ ဇစ်မြစ်နှင့် ပတ်သက်ပြီး ယွမ်ရှန်ရှန်၏ သိလိုစိတ်များ တစ်ဖန် ပို ပြင်းထန်လာခဲ့သည်။
အဝေးမှ သစ်ပင်ကြီးကြောင့် ယွမ်ရှန်ရှန် အာရုံလွင့်နေစဉ်မှာပင် သူမ၏ အနောက်ဘက်ဆီမှ တည်ရှိမှုတစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။ နောက်တစ်ခဏ၌ လက်မောင်းတစ်စုံက သူမ၏ ခါးကို သိုင်းဖက်လာခဲ့သည်။
မည်သူဖြစ်ကြောင်း ယွမ်ရှန်ရှန် သိလိုက်သည်။ ကမ္ဘာ့သစ်ပင်အကြောင်း မေးမြန်းရန် သူမ လှည့်ကြည့်လိုက်စဉ်မှာပင် လုချန်းက သူမကို ကုတင်ပေါ်သို့ ဆွဲချလိုက်သည်။
ထို့နောက် အဝတ် စုတ်ပြဲသွားသံကို ကြားလိုက်ရပြီးနောက် လုချန်းတစ်ယောက် အလုပ်ရှုပ်သွားတော့သည်။
ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း ယွမ်ရှန်ရှန် စကားမပြောနိုင် ဖြစ်သွားရသည်။ ဒီလူကတော့ တကယ်ပါပဲ...။
ယွမ်ရှန်ရှန်က သူမ၏ ခေါင်းကို အနည်းငယ် ငဲ့စောင်းပြီး အနောက်ဘက်ရှိ လုချန်းကို ကြည့်လိုက်ရာ တစ်စုံတစ်ခု၏ ထိန်းချုပ်မှုအောက် ရောက်နေသကဲ့သို့ သူ၏ မျက်ဝန်းများက သွေးရောင်လွှမ်းနေသည်ကို တွေ့လိုက်ရသည်။
ယွမ်ရှန်ရှန်က မေးလိုက်သည်။
“ရှင် ဘာတွေ ရူးသွပ်နေတာလဲ”
လုချန်းသည် အမြဲတမ်း စိတ်လောလေ့ရှိသော်လည်း ယနေ့တွင်မူ သူ၏ အလျင်လိုမှုက ပုံမှန်မဟုတ်ပဲ ထူးခြားနေသည်။ သူ နတ်ဆိုးဝင်ပူးခြင်း ခံနေရသည်ဟုပင် ယွမ်ရှန်ရှန် သံသယဝင်မိလိုက်သည်။
လုချန်းက ယွမ်ရှန်ရှန်၏ စကားကို ဂရုမစိုက်ပေ။ သူက ချက်ချင်းပင် ကိုယ်ကို ကိုင်းညွတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းပါးကို ပိတ်ဆို့နမ်းရှိုက်ကာ သူ၏ လှုပ်ရှားမှုများကို ဆက်လက် ပြုလုပ်နေတော့သည်။
ယွမ်ရှန်ရှန်လည်း လုချန်းကို ဂရုမစိုက်တော့ပဲ သူလုပ်ချင်ရာ လုပ်ပါစေတော့ဟု လွှတ်ထားလိုက်သည်။
…….
တစ်လ အကြာ ယွမ်ရှန်ရှန်၏ အိပ်ဆောင်အတွင်း၌ ကောင်းကင်တေးသံများ သာယာနာပျော်ဖွယ် ပျံ့လွင့်နေဆဲဖြစ်သည်။ ထိုအချိန်တွင် လုချန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ကိုယ်ကို လှန်ကာ ခြေပစ်လက်ပစ်ဖြင့် ကုတင်ပေါ်တွင် လှဲချလိုက်သည်။
သူ လုံးဝ အနားယူသွားသည့်ပုံ ပေါက်နေသည်။ ထို့နောက် ယွမ်ရှန်ရှန်က ဖြည်းညှင်းစွာ ကိုယ်ကို လှည့်လိုက်ပြီး ထထိုင်ကာ လုချန်းကို ကြည့်ရင်း မေးလိုက်သည်။
“ဘာဖြစ်နေတာလဲ”
လုချန်း နတ်ဆိုးဝင်ပူးခံရသည်ဟု သူမ ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ စိတ်ညစ်စရာ တစ်ခုခု ကြုံတွေ့ခဲ့ရပြီး ပေါက်ကွဲရန် ထွက်ပေါက် ရှာနေခြင်း ဖြစ်ပုံရသည်။
လုချန်းက
“အတိတ်ဘဝက မှတ်ဉာဏ်တချို့ ပြန်ရလာလို့ပါ။”
ထိုစကားကို ကြားသောအခါ ယွမ်ရှန်ရှန် အနည်းငယ် လန့်သွားကာ ဘာမှပြန်မပြော တော့ပေ။ ဝေဝါးသော စိုးရိမ်မှုတစ်ခုလည်း သူမရင်ထဲ သို့ တိုးဝင်လာသည်။
လုချန်း၏ အတိတ်ဘဝ မှတ်ဉာဏ်များက သူ့အပေါ် သက်ရောက်မှုရှိပြီး သူ၏ စရိုက်ကို ပြောင်းလဲသွားစေမည်လား ဆိုတာကို ယွမ်ရှန်ရှန် မသိပေ။
ရိုးရိုးသားသား ပြောရလျှင် လုချန်းသည် ရာဂစိတ်ကြီးပြီး ကျားမ ကိစ္စများကိုသာ သိနားလည်သော်လည်း ထိုအချက်ကို ပြုပြင်ပြောင်းလဲရန် လိုအပ်သော အားနည်းချက်တစ်ခုဟု ယွမ်ရှန်ရှန် မမြင်မိပေ။
အကယ်၍ မှတ်ဉာဏ်များ ပြန်လည်ရရှိလာ သောကြောင့် လုချန်း၏ စိတ်နေသဘောထား ပြင်းပြင်းထန်ထန် ပြောင်းလဲသွားပြီး အေးစက်သွားမည်ဆိုပါက သူမအနေနှင့် လက်ခံရန် ပို ခက်ခဲပေလိမ့်မည်။
လုချန်းက ယွမ်ရှန်ရှန်ကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။
“ဘာလို့ ရုတ်တရက် အသံတိတ်သွားတာလဲ”
ယွမ်ရှန်ရှန်က
“မှတ်ဉာဏ်တွေ ပြန်ရပြီးရင် ရှင်က တခြားလူတစ်ယောက် ဖြစ်သွားမှာလား။”
လုချန်းက ပြုံး၍ ပြန်ဖြေသည်။
“ကိုယ်က ကိုယ်ပါပဲ... ဘယ်လိုလုပ် တခြားလူ ဖြစ်သွားမှာလဲ”
ယွမ်ရှန်ရှန်က
“ဝင်စားသူ အများစုက အတိတ်က မှတ်ဉာဏ်တွေနဲ့ ပေါင်းစည်းလိုက်ရင် သိသိသာသာ ပြောင်းလဲသွားတတ်ကြတယ်လေ။”
ယွမ်ရှန်ရှန်၏ စိုးရိမ်မှုများကို သတိထားမိသဖြင့် လုချန်းက လက်လှမ်းလိုက်ပြီး သူမ၏ လက်ကို ဆွဲယူကာ ရင်ခွင်ထဲ ထည့်လိုက်သည်။ ထို့နောက် လုချန်းက သူမ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“ချစ် ေလး.. စိတ်ချပါ။ အတိတ်က မှတ်ဉာဏ်တွေ ဘယ်လောက်ပဲ ပြန်ရပါစေ ကိုယ်ကတော့ မင်းကို အမြဲတမ်း ချစ်နေမှာပါ ”
ယွမ်ရှန်ရှန်သည် လုချန်း၏ ရင်ခွင်ထဲတွင် မှီရင်း နောက်တစ်ကြိမ် တိတ်ဆိတ်သွားပြန်သည်။
ဒါက ပြောရခက်သည်။
အတိတ်ဘဝက မှတ်ဉာဏ်များက လူတစ်ယောက်၏ စရိုက်လက္ခဏာအပေါ် အတော်အတန် လွှမ်းမိုးမှု ရှိတတ်သည်။ လုချန်း၏ အတိတ်ဘဝနှင့် ယခုဘဝ စိတ်နေသဘောထား မတူပါက အပြောင်းအလဲ အချို့တော့ ရှိနေမည်သာ ဖြစ်သည်။
ယွမ်ရှန်ရှန် သူမအကြောင်းကို ပြန်တွေးမိသည်။ သူမ၏ မူလခန္ဓာကိုယ်မှ မှတ်ဉာဏ်များကို ဆက်ခံရရှိပြီးကတည်းက သူမ၏ စရိုက် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
သို့သော် ယခုအချိန် သူမ မည်မျှပင် စိုးရိမ်နေပါစေ ဒီဘဝမှာ လုချန်း သူ့ပင်ကိုယ်စရိုက်အတိုင်း ရှိနေပါစေဟု မျှော်လင့်ရုံမှတစ်ပါး သူမ တတ်နိုင်တာ မရှိပေ။
ထိုအချိန်တွင် လုချန်းက ဆက်ပြောလိုက်သည်။
“မှတ်ဉာဏ်တွေ မပြန်ရခင်တုန်းက စိတ်ကူးယဉ်နယ်ပယ်တစ်ခုထဲကို ကိုယ် ရောက်သွားခဲ့တယ်။ အဲဒီမှာ နှစ်တစ်ရာလောက် နေခဲ့ရတယ်။”
ထိုစကားကို ကြားသောအခါ လွန်ခဲ့သည့် တစ်လအတွင်း လုချန်း အဘယ်ကြောင့် ဤမျှ ကြမ်းတမ်းနေရသည်ကို ယွမ်ရှန်ရှန် နားလည်သွားသည်။ စိတ်ကူးယဉ်နယ်ပယ်ထဲတွင် နှစ်တစ်ရာကြာအောင် နေခဲ့ရသည်မှာ တော်တော်လေး မွန်းကြပ်စရာ ကောင်းပေလိမ့်မည်။
ယွမ်ရှန်ရှန်က မေးလိုက်သည်။
“ရှင် အဆင့်တက်သွားတယ် မဟုတ်လား။”
လုချန်း၏ စွမ်းအားများ သိသိသာသာ တိုးတက်လာသည်ကို သူမ ထင်ထင်ရှားရှား ခံစားမိနေသည်။ အစကတည်းက အလွန် စွမ်းအားကြီးနေပြီ ဖြစ်သော်လည်း ယခုအခါ သူ့တိုက်ခိုက်ရေးစွမ်းရည်များက ပိုမြင့်မားလာသည်။
လုချန်းက
“ဟုတ်တယ်။ ကိုယ် အဆင့်တက်သွားပြီ။”
လုချန်း၏ အတည်ပြုချက်ကို ကြားသောအခါ ယွမ်ရှန်ရှန်၏စိတ်ထဲ ခံစားချက်ပေါင်းစုံ ရောထွေးသွားပြီး ဘာပြောရမှန်း မသိတော့ပေ။
လုချန်း၏ ကျင့်စဉ်အဆင့်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်၍ စုံတွဲကျင့်စဉ်ဖြင့် သူ့ကျင့်စဉ်ကို မြှင့်တင်နိုင်စွမ်း ကုန်ဆုံးသွားပြီဟု သူမ ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ပဲ သူက ခဏတာအတွင်း ထပ်မံ အဆင့်တက်သွားပြန်သည်။
သို့သော် လုချန်းသည် အတိတ်ဘဝ မှတ်ဉာဏ်များ ပြန်ရခဲ့သဖြင့် အတိတ်က ကျင့်စဉ်ဉာဏ်အလင်းများကိုပါ ရရှိကာ ဤမျှ လျင်မြန်စွာ အဆင့်တက်သွားခြင်းလည်း ဖြစ်နိုင်သည်။
ယွမ်ရှန်ရှန် အတွေးလွန်နေစဉ်မှာပင် လုချန်းက သူမ၏ ခါးကို ဖက်လိုက်ပြီး တစ်ပတ်လှည့်လိုက်ပြန်သည်။
ယွမ်ရှန်ရှန်က လုချန်းကို မျက်စောင်းထိုးကြည့်လိုက်သည်။ ဒီတပည့်စုတ်ကတော့ နားတာမှ မကြာသေးဘူး ပြန်စနေပြန်ပြီ။ ယွမ်ရှန်ရှန်၏ ပါးပြင်ကို ပွတ်သပ်ရင်း လုချန်းက ပြုံး၍ ပြောလိုက်သည်။
“ပုံရိပ်ယောင် နယ်ပယ်ထဲမှာ မိန်းမတစ်ယောက်နဲ့ ယောကျ်ားတစ်ယောက်ကို ကိုယ် တွေ့ခဲ့တယ်။”
ယွမ်ရှန်ရှန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး မေးလိုက်သည်။
“အမ်... ဘာယောကျ်ားနဲ့ မိန်းမလဲ”
ယွမ်ရှန်ရှန် စိတ်ရှုပ်သွားသည်။ လုချန်းက ဘာလို့ ဒီအကြောင်း သူမကို ပြောပြနေရတာလဲ။ ထိုစုံတွဲက သူမနှင့် ပတ်သက်နေလို့များလား။
လုချန်းက ပြောလိုက်သည်။
“ကိုယ်လည်း သူတို့ကို မသိပါဘူး”
သူစိမ်းတွေအကြောင်း ဘာလို့ လာပြောနေတာလဲဟု တွေးရင်း ယွမ်ရှန်ရှန်က လုချန်းကို စကားမပြောနိုင်စွာ ကြည့်လိုက်သည်။ ထို့နောက် သူမ ဆက်မေးလိုက်သည်။
“သူ......သူတို့က ရှင့်ကို တစ်ခုခု ပြောလိုက်လို့လား”
လုချန်းက သူမ၏ နားနားကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။
“အဲဒီနှစ်ယောက်က ပန်းပင်လယ်ကြီးထဲမှာ နှစ်ပေါင်းတစ်ရာကျော်ကြာအောင် မရပ်မနား စုံတွဲကျင့်စဉ်ကျင့် နေကြတာလေ။”
ထိုစကားကို ကြားသောအခါ ယွမ်ရှန်ရှန် တစ်ခဏမျှ ကြောင်အသွားသည်။ ဒါက လုချန်း၏ စိတ်ကူးယဉ်မှုသာဖြစ်ပြီး လက်တွေ့မဟုတ်ကြောင်း သူမ သဘောပေါက်လိုက်သည်။
“ဒါက... စိတ်ကူးယဉ် သက်သက်ပါ”
မည်သည့် ကျင့်ကြံသူ စုံတွဲမှ နှစ်ပေါင်းတစ်ရာကျော်ကြာအောင် မရပ်မနား ကျင့်ကြံနိုင်လိမ့်မည်ဟု သူမ မယုံကြည်ပေ။
သို့သော် လုချန်းက ဤကဲ့သို့သော စိတ်ကူးယဉ်မှုကို ဖန်တီးခဲ့သည်ဟု ဆိုခြင်းက သူ တကယ်ပဲ ဒီလို လမ်းစဉ်ကို လျှောက်လှမ်းချင်နေသည်ဟု ဆိုလိုခြင်းများလား။
လုချန်းက ဆက်ပြောလိုက်သည်။
“ချစ် ေလး နောက်ပိုင်း အခြေအနေတွေ ငြိမ်သွားရင် ကိုယ်တို့နှစ်ယောက် သီးသန့်ခွဲထွက်ပြီး နှစ်တစ်ရာလောက် ကျင့်ကြံကြည့်ရအောင်လေ။”
ထိုစကားကို ကြားသောအခါ ယွမ်ရှန်ရှန်၏ နှလုံးသား ချက်ချင်း တင်းကျပ်သွားပြီး သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ ပို၍လှုပ်ရှားလာသည်။
နှစ်တစ်ရာလောက် ကျင့်ကြံမယ် ဟုတ်လား။
တစ်လလောက် ကျင့်ကြံခြင်းကိုပင် သူမ မနည်း တောင့်ခံထားရသည်။ သူမ၏ ခန္ဓာကိုယ်ထဲတွင် မသန့်စင်ရသေးသော လုချန်း၏ စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြား ကျန်ရှိနေသေးသည်။ နှစ်တစ်ရာသာဆိုလျှင် ပြောစရာပင် လိုမည်မထင်။
ယွမ်ရှန်ရှန်၏ စိတ်လှုပ်ရှားမှုများကို ခံစားမိလိုက်သဖြင့် လုချန်း ရုတ်တရက် ပို ကြမ်းတမ်းလာသည်။
ထိုအချိန်မှ ယွမ်ရှန်ရှန် တစ်စုံတစ်ခုကို သဘောပေါက်လိုက်သည်။
ဒီလူယုတ်မာက သူမကို တမင်သက်သက် စနောက်နေတာပဲ။
သူ့အတွက် ပျော်စရာတစ်ခုရဖို့ သူမ လျှောက်တွေးပြီး ထိတ်လန့်သွားအောင် တမင် လုပ်နေခြင်းပင်။