← Chapters

ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်

Vol. 79 Ch. 1172

ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်

Vol. 79 Ch. 1172

လအနည်းငယ် ကြာပြီးနောက် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့သည် ယုံကြည်စိတ်ချရသော လက်အောက်ငယ်သားအချို့ကို ခေါ်ဆောင်ကာ ချန်ရန်ကမ္ဘာသို့ ထွက်ခွာသွားကြသည်။

လုချန်းသည် ထိုအမျိုးသမီးနှစ်ဦးအား ကိုယ်တိုင်ကိုယ်ကျ လိုက်လံပို့ဆောင်ပေးရုံသာမက လိုရာခရီးရောက်သည်အထိ တိုက်ရိုက် ခေါ်ဆောင်သွားပေးခဲ့သည်။

ချန်ရန်ကမ္ဘာ၌ စိတ်ဝိညာဉ်စွမ်းအား ရှားပါးပြီး ကျင့်စဉ်ကျင့်ကြံရန် မသင့်လျော်သည်ကို ထည့်သွင်းစဉ်းစားလျက် လုချန်းသည် ချန်ရန်ကမ္ဘာသို့ သွားရာလမ်းတစ်လျှောက်တွင် ထိုအမျိုးသမီးနှစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအား အမြောက်အမြား ထည့်သွင်းပေးခဲ့သည်။

အမျိုးသမီးနှစ်ဦးအား ချန်ရန်ကမ္ဘာသို့ ပို့ဆောင်ပေးပြီးနောက် လုချန်း ထျန်းချန်ကမ္ဘာသို့ ပြန်လာပြီး ကမ္ဘာကြီးကို ကိုယ်တိုင်ကိုယ်ကျ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည်။

ထျန်းချန်ကမ္ဘာသည် သိသိသာသာ ကျယ်ပြန့်လာပြီး ကျိယန်ကမ္ဘာနှင့်ပါ ပေါင်းစပ်လိုက်ပြီ ဖြစ်သောကြောင့် ကိုင်တွယ်ဖြေရှင်းရမည့် ကိစ္စရပ်များမှာ တောင်ပုံရာပုံ ရှိနေတော့သည်။

ဤသို့ဖြင့် အချိန်တစ်နှစ် ကုန်ဆုံးသွားခဲ့လေသည်။

……

မြူခိုးမှော်ဂိုဏ်း။

ခရမ်းရောင် ဝတ်စုံရှည်ဖြင့် စုဟန်ယန်သည် ဂိုဏ်းခန်းမအတွင်း၌ ထိုင်နေပြီး အောက်ဘက်ရှိ အကြီးအကဲများ၏ တင်ပြချက်များကို နားထောင်နေသည်။

ကျင့်စဉ်ကျောင်းကို တည်ထောင်ပြီးကတည်းက မြူခိုးမှော်ဂိုဏ်း၏ အခြေအနေ တည်ငြိမ်စ ပြုလာပြီဖြစ်ပြီး ပါရမီရှင်များ ရှားပါးလာခြင်း၊ ဂိုဏ်းဖျက်သိမ်းရလုနီးပါး ဖြစ်ခြင်းကဲ့သို့သော အခြားဂိုဏ်းများ ကြုံတွေ့နေရသည့် အဖြစ်ဆိုးများနှင့် မကြုံရတော့ပေ။

ကျင့်စဉ်ကျောင်းနှင့် ပတ်သက်သော အကြီးအကဲများ၏ အစီရင်ခံမှုများကို နားထောင်ရင်း လုချန်းနှင့် သဘောတူညီချက် ပြုလုပ်ခဲ့စဉ်က မြင်ကွင်းကို စုဟန်ယန် ပြန်လည်အမှတ်ရလာသည်။

ကျင့်စဉ်ကျောင်း တည်ထောင်ရန်အတွက် သူမ၏ ခံယူချက်များကို လျှော့ပေါ့ပေးခဲ့ရပြီး လုချန်းအား သမားရိုးကျမဟုတ်သော နည်းလမ်းများကို အသုံးပြုခွင့် ပေးခဲ့သည်။ သို့သော် ထိုအချိန်မှစ၍ အရာရာမှာ ထိန်းချုပ်မရနိုင်အောင် ဖြစ်လာခဲ့တော့သည်။

ယခု ထိုလူ သူမကို လာရှာတိုင်း ပုံမှန်နည်းလမ်းအတိုင်း မဟုတ်ပဲ ဖောက်ထွက်လာလေ့ရှိသည်။ ထိုလူ၏ ကစားစရာအဖြစ် ပြုမူဆက်ဆံခံရသည်ကို တွေးမိတိုင်း စုဟန်ယန်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာတတ်သည်။

စုဟန်ယန်၏ မျက်နှာထား အနည်းငယ် ပျက်ယွင်းသွားသည်ကို မြင်သောအခါ သူတို့ ပြောမှားဆိုမှား ရှိသွားသည်ဟု ထင်မှတ်ပြီး အောက်ဘက်ရှိ အကြီးအကဲများက အလျင်အမြန် မေးမြန်းလိုက်ကြသည်။

“ဂိုဏ်းချုပ်... တစ်ခုခု မှားနေလို့ပါလား”

အကြီးအကဲ၏ စကားကို ကြားမှ ဆုဟန်ယန် သတိပြန်ဝင်လာပြီး ခပ်အေးအေး ပြောလိုက်သည်။

“ဘာမှ မဖြစ်ပါဘူး... ဆက်ပြောကြပါ”

စုဟန်ယန် စကားဆုံးသည်နှင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအားများ အလွန်ရှုပ်ထွေးလာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီးနောက် ဆန်းကြယ်သော စွမ်းအားတစ်ခု သူမ၏ ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာသည်။

စုဟန်ယန် အံ့အားသင့်သွားသည်။ ဒါက အဆင့်တက်တော့မယ့် လက္ခဏာများလား။

အကြီးအကဲများ ဆက်လက်တင်ပြခြင်း မပြုနိုင်မီ စုဟန်ယန်က ဖြတ်ပြောလိုက်သည်။

“ကျွန်မ လုပ်စရာကိစ္စလေးတွေ ရှိနေလို့... ကျန်တာ ရှင်တို့ဘာသာ ကြည့်စီမံလိုက်ကြတော့။ “

ထိုသို့ ပြောပြီးသည်နှင့် စုဟန်ယန်လည်း ထိုင်နေရင်းမှ ပျောက်ကွယ်သွားပြီး နောက်တစ်ခဏ၌ သူမ၏ အိပ်ဆောင်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။ သူမသည် ချက်ချင်းပင် တင်ပျဉ်ခွေထိုင်လိုက်ပြီး ဆူပွက်လှုပ်ရှားနေသော စိတ်ဝိညာဉ်စွမ်းအားများကို ငြိမ်သက်သွားစေရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်ထဲရှိ ယခင်က ခြောက်သွေ့နေသော ကမ္ဘာငယ်လေး၌ အပင်အချို့ ပေါက်ရောက်လာပြီး အမှောင်ထု လွှမ်းမိုးမနေတော့ကြောင်း စိတ်အာရုံမှတစ်ဆင့် တွေ့ရှိလိုက်ရသည်။

ဒါက ကမ္ဘာတစ်ခုကို အောင်မြင်စွာ ပျိုးထောင်နိုင်လိုက်ခြင်းများလားဟု စုဟန်ယန် သူမကိုယ်သူမ တွေးလိုက်မိသည်။

သူမ၏ ခန္ဓာကိုယ်ထဲမှ ကမ္ဘာငယ်လေးကို ဆက်လက် လေ့လာကြည့်ရှုလိုက်ရာ မကြာမီမှာပင် ထူးခြားသော စွမ်းအားတစ်ခု၏ ဖျော့တော့သော အရိပ်အယောင်ကို သတိပြုမိလိုက်သည်။ သူမ အဆင့်တက်နိုင်ခဲ့ခြင်းက ထိုစွမ်းအားကြောင့်ပင် ဖြစ်သည်။

စုဟန်ယန်သည် ကမ္ဘာငယ်များနှင့် ပတ်သက်၍ သိပ်ကျွမ်းဝင်ခြင်း မရှိလှပေ။ လုချန်း၏ ရုပ်သေးကိုယ်ပွားမှတစ်ဆင့် ကမ္ဘာငယ်နှင့် ပတ်သက်သော အကြောင်းအရာအချို့ကို မေးမြန်းသင့်သလားဟု သူမ စဉ်းစားမိသည်။

ထိုသို့ တွေးမိပြီးနောက် စုဟန်ယန် မျက်လုံးဖွင့်လိုက်ပြီး သူမ၏ အာကာသ လက်စွပ်ထဲမှ လုချန်း၏ ရုပ်သေးရုပ်ကို ထုတ်ယူလိုက်သည်။ လုချန်း ပုံစံတူ ရုပ်သေးရုပ်လေးကို ကြည့်ရင်း စုဟန်ယန် တွေးတောနေမိသည်။

လုချန်းတစ်ယောက် ဟိုမိန်းမနှင့် အတူရှိနေမလားဆိုတာ သူမ မသေချာပေ။ အကယ်၍ သူ ပျော်ပါးနေချိန်တွင် ရုပ်သေးကို အသုံးပြုပြီး ဆက်သွယ်လိုက်ပါက သူ့ကို နှောင့်ယှက်သလို ဖြစ်သွားနိုင်သည်။ လုချန်း စိတ်အနှောင့်အယှက် ဖြစ်သွားလျှင် ပြဿနာတက်နိုင်ပေသည်။

တစ်ချိန်တည်းမှာပင် လုချန်းသည် နန်းတော်၏ စာကြည့်ခန်း၌ နိုင်ငံရေး ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေသည်။

“သခင်၏ ဇနီး စုဟန်ယန်သည် ကမ္ဘာငယ်တစ်ခုကို အောင်မြင်စွာ ပျိုးထောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ဆုလာဘ်: ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်”

စနစ်၏ အသိပေးချက် ပေါ်လာပြီးနောက် လုချန်း ချက်ချင်းပင် စုတ်တံကို ချလိုက်ပြီး စနစ်မျက်နှာပြင်ကို ကြည့်ရှုကာ ဖီးနစ်တစ်ရာ ဂါရဝပြု ကျင့်စဉ်၏ ရှင်းလင်းချက်ကို အလျင်အမြန် ဖွင့်ဖတ်လိုက်သည်။

[ဖီးနစ်တစ်ရာ ဂါရဝပြု ကျင့်စဉ်: ဧကရာဇ်အဆင့် ကျင့်စဉ်နည်းစနစ်၊ သခင်၏ ဇနီးများ၏ ကျင့်ကြံမှုနှုန်းကို မြှင့်တင်ပေးသည်။ ဇနီးများ ကျင့်ကြံထားသော မည်သည့် ကျင့်စဉ်ကိုမဆို သခင့်အနေနှင့် သီးသန့် သင်ယူစရာမလိုပဲ အသုံးပြုနိုင်သည်။ ဇနီးများ အဆင့်တက်ရောက်သွားသောအခါ သူတို့၏ ကျင့်စဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းက သခင့်ထံသို့ ပြန်လည်စီးဆင်းလာပြီး သခင်၏ ကျင့်ကြံမှုကို လျင်မြန်စွာ တိုးတက်စေသည်]

ဒါက...

ဖီးနစ်တစ်ရာ ဂါရဝပြု ကျင့်စဉ်၏ လုပ်ဆောင်ချက်များကို မြင်လိုက်ရသောအခါ လုချန်း တစ်ခဏမျှ ကြောင်အသွားသည်။

ဒီကျင့်စဉ်က...

ကောင်းကင်ဘုံကို အာခံလွန်းနေပြီပဲ။

ဆိုလိုတာက နောင်ကျရင် သူ ကျင့်ကြံစရာ မလိုတော့ပဲ ဒီအတိုင်း နှပ်နေလို့ ရပြီဆိုတဲ့ သဘောလား။

သူ့မိန်းမတွေအားလုံးကို ကျင့်စဉ်တွေ ပေးလိုက်မယ်။ သူတို့ ကျင့်ကြံအားထုတ်ပြီး အဆင့်တက်သွားတိုင်း သူလည်း အဆင့်လိုက်တက်နေမည်။ သူ့မိန်းမတွေ တတ်သမျှ ပညာရပ်တွေကိုလည်း သူ အလိုလို တတ်မြောက်နေမည်။ ဒါဆိုရင် သူက ဘာကျင့်ကြံစရာ လိုတော့မှာလဲ။

ဧကရာဇ်အဆင့် ကျင့်စဉ်ဆိုတာ ဒါမျိုးကို ခေါ်တာလား။

ဧကရာဇ်အဆင့် ကျင့်စဉ်ဆိုတဲ့အတိုင်း တကယ့်ကို ထိပ်တန်းပါပဲဟု ဆိုရပေမည်ဖြစ်သည်။

မိန်းမလုပ်စာ ထိုင်စားသည့် ယောကျ်ားတစ်ယောက် ဖြစ်လာတော့မည်ဟု လုချန်း သူ့ကိုယ်သူ ခံစားလိုက်ရသည်။

စုဟန်ယန်က ဧကရာဇ်အဆင့် ကျင့်စဉ်တစ်ခုကို ပထမဆုံး ဆွတ်ခူးပေးနိုင်သည့် အမျိုးသမီး ဖြစ်လာလိမ့်မည်ဟု ဘယ်သူ ထင်ထားမိပါ့မလဲ။

ဒါက သူ စည်းဘောင်တွေကို ဖောက်ထွက်ပြီး ကစားတတ်လို့များလား။

ဤအတွေးဖြင့် လုချန်း မတ်တပ်ရပ်လိုက်ပြီး ပျင်းရိလေးတွဲ့စွာ အကြောဆန့်လိုက်သည်။ စုဟန်ယန်က သူ့ကို ဒီလောက် ကောင်းမွန်တဲ့ ကျင့်စဉ်တစ်ခု ရအောင် ကူညီပေးခဲ့တာဆိုတော့ သူမကို ဆုတစ်ခုခုတော့ ပြန်ပေးမှ ဖြစ်ပေမည်။

ထို့နောက် အလင်းအရိပ်ကို အသုံးပြုပြီး စုဟန်ယန်၏ အိပ်ဆောင်အတွင်းသို့ တိုက်ရိုက် ရောက်ရှိသွားသည်။

အိပ်ဆောင်ထဲသို့ ဝင်ဝင်ချင်းမှာပင် သူ၏ ရုပ်သေးရုပ်ကို ကိုင်ထားပြီး အကျပ်ရိုက်နေသည့် မျက်နှာထားဖြင့် ရှိနေသည့် စုဟန်ယန်က တွေ့လိုက်ရသည်။

လုချန်း၏ တည်ရှိမှုကို အာရုံခံမိလိုက်သည်နှင့် စုဟန်ယန် သတိဝင်လာပြီး ရုပ်သေးရုပ်ကို လက်စွပ်ထဲသို့ အလျင်အမြန် ပြန်ထည့်လိုက်သည်။

“မင်း... မင်းကြီး... ဘာကိစ္စနဲ့ ရောက်လာတာလဲ။”

လုချန်းကို မေးမြန်းရန် စဉ်းစားနေခဲ့သော်လည်း သူ ရုတ်တရက် ရောက်ရှိလာခြင်းက သူမကို အနည်းငယ် ထိတ်လန့်သွားစေသည်။

လုချန်းက ပြုံး၍ ပြောလိုက်သည်။

“ကိုယ့်ရဲ့ ရုပ်သေးရုပ်ကို ကိုင်ပြီး ဘာလုပ်နေတာလဲ။ ကိုယ့်အရုပ်ကို သုံးပြီး ကြည့်မကောင်းတဲ့ ကိစ္စတွေ လုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်။”

ကြည့်မကောင်းတဲ့ ကိစ္စ ဟုတ်လား။

စုဟန်ယန်၏ မျက်နှာတစ်ခုလုံး ချက်ချင်းပင် ရဲတက်သွားသည်။

လုချန်းနောက်သို့ လိုက်ပါလာသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီဖြစ်၍ သူ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို သူမ ကောင်းကောင်းကြီး နားလည်သည်။ ပြီးတော့ နဂါးနက် နန်းတော်သို့ သူမ ရောက်ရှိခဲ့စဉ်က နန်းတော်ထဲရှိ လုချန်း၏ မိဖုရားများနှင့် ပတ်သက်သည့် ဇာတ်လမ်းတိုလေးများကို ကြားခဲ့ဖူးသည်။

တစ်စုံတစ်ယောက်က လုချန်း၏ ရုပ်သေးရုပ်ကို အသုံးပြုပြီး ကြည့်မကောင်းသော ကိစ္စရပ်များ လုပ်ဆောင်ခဲ့သည်ဟုလည်း ကြားဖူးသည်။

စုဟန်ယန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး

“မင်းကြီးက ကျွန်မကို ဘာမှတ်နေလို့လဲ။ အဲဒီလို ရှက်စရာကောင်းပြီး ညစ်ညမ်းတဲ့ ကိစ္စတွေကို ကျွန်မ ဘယ်လိုလုပ် လုပ်ပါ့မလဲ”

လုချန်းလည်း စုဟန်ယန်ကို ဆက်လက် စနောက်မနေတော့ပဲ ကုတင်ဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ စုဟန်ယန်ကို တွန်းလှဲလိုက်သည်။

စုဟန်ယန်က သူမ၏ ခြေထောက်များကို ဆန့်ထုတ်လိုက်ပြီး လုချန်း၏ ချောမောသော မျက်နှာကို စိုက်ကြည့်လိုက်သည်။

အဝတ်များ စုတ်ပြဲသွားသံ ထွက်ပေါ်လာပြီးနောက် စုဟန်ယန်၏ မျက်ဝန်းထဲတွင် နာကြည်းစိတ်များ ပေါ်လာသည်။ ဒီလူကတော့ တကယ်ပဲ အချိန်မဖြုန်းပါလား။

လုချန်းက သူ၏ လက်များဖြင့် ပွတ်သပ်နေရင်း ပြောလိုက်သည်။

“မင်း ကမ္ဘာငယ်တစ်ခု ပျိုးထောင်နိုင်ခဲ့ပြီလို့ ကိုယ် အာရုံခံမိတယ်။ ဘယ်လို ခံစားရလဲ။”

ထိုစကားကို ကြားမှ လုချန်း ဘာကြောင့် ရောက်လာမှန်း စုဟန်ယန် သဘောပေါက်သွားသည်။ သူ့ ပုံမှန်တာဝန်ကို ထမ်းဆောင်ရန် လာသည်ဟု သူမ ထင်နေခဲ့ခြင်း ဖြစ်သည်။

စုဟန်ယန်က

“ကျွန်မရဲ့ ကမ္ဘာငယ်လေးက အရမ်းထူးခြားတဲ့ စွမ်းအားတစ်မျိုးကို ထုတ်လုပ်ပေးနေသလိုပဲ။ အဲဒီစွမ်းအားကို စုပ်ယူပြီးတဲ့နောက် ကျွန်မရဲ့ ကျင့်ကြံမှုနှုန်း အရမ်းမြန်လာတယ်လို့ ခံစားရတယ်။”

လုချန်းက ရှင်းပြလိုက်သည်။

“အဲဒါက မူလစွမ်းအားလို့ ခေါ်တယ်။ နောက်ပိုင်း မင်းရဲ့ ကမ္ဘာငယ်လေးမှာ သက်ရှိတွေ ပေါက်ဖွားလာရင် မူလစွမ်းအားတွေ ပိုပြီး များလာလိမ့်မယ်။”

စုဟန်ယန်က

“ထျန်းချန်ကမ္ဘာက သတ္တဝါတွေကို ကျွန်မရဲ့ ကမ္ဘာငယ်လေးထဲ ထည့်ပြီး မျိုးပွားခိုင်းလို့ ရမလား။”

လုချန်းက သူမကို အနည်းငယ် မလိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှဲချလိုက်ရင်း ပြောလိုက်သည်။

“အဲဒီလို လုပ်လို့ မရဘူး။ မင်းရဲ့ ကမ္ဘာငယ်လေးက ကိုယ်ပိုင် သက်ရှိတွေကို ပျိုးထောင်နိုင်မှသာ မူလစွမ်းအားတွေကို ပိုထုတ်လုပ်ပေးနိုင်မှာ။”

လုချန်း၏ မရိုးမသား လှုပ်ရှားမှုများကို ခံစားလိုက်ရပြီးနောက် စုဟန်ယန် သွားများကို တင်းတင်း စေ့ထားလိုက်သည်။

ဒီခွေးကောင်ကတော့...

ဖောက်ပြန်တဲ့ လမ်းစဉ်တွေကို ကျင့်သုံးနေပြန်ပြီပဲ။

All Chapters