← Chapters

ရန်သူ၏ တိုက်ခိုက်မှု

Vol. 79 Ch. 1175

ရန်သူ၏ တိုက်ခိုက်မှု

Vol. 79 Ch. 1175

ချန်ရန်ကမ္ဘာရှိ ကျင့်ကြံသူအများစုသည် ကျင့်စဉ်အဆင့် နိမ့်ကျကြကြသည်။ ကောင်းကင်မှ ကျလာသော ဥက္ကာခဲကြီးများကို တားဆီးနိုင်စွမ်း မရှိကြပေ။

ထိုအချိန်တွင် ကောင်းကင်ယံရှိ ဥက္ကာခဲသည် နေကဲ့သို့ တောက်ပနေသည်။ နေလုံးကဲ့သို့လည်း ကြီးမားလှသည်။ ထိုဥက္ကာခဲသာ ချန်ရန်ကမ္ဘာပေါ်သို့ ကျရောက်လာပါက ကြီးမားသော ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေမည်မှာ မလွဲဧကန်ပင်။

ထို့ကြောင့် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့က ကြားဝင်၍ ဥက္ကာခဲကို တားဆီးရန် စီစဉ်လိုက်ကြသည်။ သူတို့၏ အင်အားဖြင့် ဥက္ကာခဲကို တားဆီးခြင်းက ပြဿနာကြီးကြီးမားမား မဟုတ်ပေ။

လေထဲသို့ ပျံတက်သွားပြီးနောက် အမျိုးသမီးနှစ်ဦးသည် သူတို့၏ စိတ်ဝိညာဉ်စွမ်းအားများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ထို့နောက် လေထဲတွင် ကြီးမားသော လက်ဝါးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ကျဆင်းလာသော ဥက္ကာခဲကို တားဆီးလိုက်သည်။

ထို့နောက် ချက်ချင်းပင် နန်းကုန်းညီအစ်မတို့သည် သူတို့၏ အင်အားကို ပူးပေါင်းထုတ်ဖော်လိုက်ကာ ဥက္ကာခဲကို ချန်ရန်ကမ္ဘာ၏ အပြင်ဘက်သို့ လွင့်စင်သွားအောင် တွန်းထုတ်လိုက်သည်။

ထို့နောက် ညီအစ်မနှစ်ဦးလုံး ချန်ရန်ကမ္ဘာ အပြင်ဘက်သို့ ဆက်လက် ပျံသန်းသွားကြသည်။

ပုံမှန်အားဖြင့် ထိုကမ္ဘာအပိုင်းအစများ သို့မဟုတ် ဥက္ကာခဲများသည် လေထဲတွင် ငြိမ်သက်စွာ မျောပါနေတတ်သည်။ လျှောက်သွားနေလေ့ မရှိပေ။

ချန်ရန်ကမ္ဘာ အပြင်ဘက်တွင် တစ်စုံတစ်ခု အနှောင့်အယှက် ရှိနေနိုင်သည်ဟု အမျိုးသမီးနှစ်ဦးစလုံး သံသယဝင်ကြသည်။ သို့မဟုတ် တစ်စုံတစ်ယောက်သည်ချန်ရန်ကမ္ဘာကို ဖြတ်သန်းသွားရာမှ ဥက္ကာခဲကို ထိခိုက်မိပြီး ချန်ရန်ကမ္ဘာထဲသို့ ကျရောက်လာခြင်း ဖြစ်နိုင်သည်။

အမျိုးသမီးနှစ်ဦး ချန်ရန်ကမ္ဘာ အပြင်ဘက်သို့ ရောက်ရှိသွားသောအခါ ပုံမှန်မဟုတ်သော အရာတစ်ခုကို သတိထားမိလိုက်သည်။

ဥက္ကာခဲ အမြောက်အမြားက အဝေးမှ သူတို့ဆီသို့ ပျံသန်းလာနေခြင်း ဖြစ်သည်။

ဤဥက္ကာခဲများသည် အနှောင့်အယှက် တစ်စုံတစ်ရာကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့လည်း တုံ့ဆိုင်းမနေပဲ ဥက္ကာခဲများ လာရာလမ်းကြောင်းဆီသို့ တိုက်ရိုက် ပျံသန်းသွားကြသည်။

ဥက္ကာခဲများကို ဖျက်ဆီးပြီးနောက် အဝေးတစ်နေရာမှ မှိန်ဖျော့ဖျော့ အလင်းစက်တစ်ခုကို သူတို့ ရုတ်တရက် သတိထားမိလိုက်သည်။ အလွန် ဝေးကွာနေသော်လည်း ထိုအရာက ဘာလဲဆိုသည်ကို သူတို့ ခွဲခြားသိမြင်နိုင်သည်။

ထိုအရာသည် နတ်လှေတစ်စင်း ဖြစ်ကြောင်း ထင်ရှားနေသည်။

အပြင်ဘက်မှ တစ်စုံတစ်ယောက်က ဖရိုဖရဲကြယ်ပင်လယ်ထဲသို့ ဝင်ရောက်လာခြင်း ဖြစ်နိုင်သည်။ ထိုအချက်ကို သတိပြုမိလိုက်သဖြင့် နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့လည်း တုံ့ဆိုင်းခြင်းမရှိပဲ လုချန်း၏ ရုပ်သေးကို ထုတ်ယူလိုက်ကြသည်။

သူတို့၏ လှုပ်ရှားမှုများက တစ်ပြိုင်နက်တည်း ဖြစ်နေသည်။ နန်းကုန်းယွဲ့ဟွာက လုချန်း၏ ရုပ်သေးရုပ်ကို ထုတ်လိုက်သည်ကို မြင်သောအခါ နန်းကုန်းချင်ရလည်း သူမ၏ ရုပ်သေးရုပ်ကို ပြန်သိမ်းလိုက်သည်။

ထို့နောက် နန်းကုန်းယွဲ့ဟွာက ရုပ်သေးရုပ်ထဲသို့ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် ထည့်သွင်းလိုက်သည်။

ခဏအကြာတွင် ထျန်းချန်ကမ္ဘာ၌ အလုပ်ရှုပ်နေသော လုချန်းလည်း ရုပ်သေးရုပ်၏ အငွေ့အသက်ကို ခံစားမိလိုက်သည်။ ထို့ကြောင့် နန်းကုန်းယွဲ့ဟွာ ကိုင်ဆောင်ထားသော ရုပ်သေးရုပ်ထဲသို့ သူ၏ စိတ်အာရုံတစ်မျှင် ခွဲထုတ် ပို့လွှတ်လိုက်သည်။

နန်းကုန်းယွဲ့ဟွာ၏ ရုပ်သေးရုပ်ထဲသို့ စိတ်အာရုံ ဝင်ရောက်သွားပြီးနောက် လုချန်းက အသက်ပြင်းပြင်း ရှူလိုက်ကာ လန်းဆန်းသွားပုံဖြင့်

“ နေလို့ကောင်းလိုက်တာ”

ထိုအသံကို ကြားသောအခါ နန်းကုန်းယွဲ့ဟွာ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ လုချန်း ထိုကဲ့သို့ ရုတ်တရက် ဘာကြောင့်ပြောသည်ကိုလည်း ချက်ချင်း ရိပ်မိလိုက်သည်။

ထိုလူ မိန်းမတစ်ယောက်ယောက်ရဲ့ ကိုယ်ပေါ် ရောက်နေတာ သေချာသည်။

လုချန်းက စကားပြောပြီးသည်နှင့် ပတ်ဝန်းကျင်ကို ကြည့်ရှုရန် ရုပ်သေးရုပ်ကို ထိန်းချုပ်လိုက်သည်။ ထိုအခါ နန်းကုန်းယွဲ့ဟွာနှင့် နန်းကုန်းချင်ရတို့ နှစ်ဦးစလုံး စကြဝဠာထဲ ရောက်နေသည်ကို တွေ့လိုက်ရသည်။ လုချန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

“ယွဲ့ဟွာ၊ ချင်ရ... ဘာကိစ္စရှိလို့လဲ”

နန်းကုန်းယွဲ့ဟွာက ဦးဆောင်၍

“ ဖရိုဖရဲကြယ်ပင်လယ် အပြင်ဘက်ကို မင်းကြီး လူလွှတ်ထားတာ ရှိလား။”

ချန်ရန်ကမ္ဘာသည် ဖရိုဖရဲကြယ်ပင်လယ်၏ ဝင်ပေါက်ဖြစ်သည်။ ဖရိုဖရဲကြယ်ပင်လယ်အနီးသို့ လာရောက်သော သို့မဟုတ် ထွက်ခွာသွားသော မည်သည့်နတ်လှေမဆို ချန်ရန်ကမ္ဘာ၌ စာရင်းသွင်းရမည်။

သို့သော် ယခုအချိန်အထိ မည်သည့်နတ်လှေမှ ဖရိုဖရဲကြယ်ပင်လယ်မှ ထွက်ခွာသွားခြင်း မရှိသေးပေ။ သူတို့ တွေ့ရသော နတ်လှေသည် အခြားကြယ်နယ်မြေတစ်ခုမှ ဖြစ်နိုင် ခြေများသည်။

သို့သော် လုချန်း၏ နတ်လှေကတော့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ စာရင်းသွင်းရန် မလိုအပ်။ ထို့ကြောင့် အပြည့်အဝ အတည်ပြု၍ မရပေ။ တွေ့ရှိရသော နတ်လှေမှာ ချန်ရန်ကမ္ဘာနှင့် အတော်ဝေးကွာနေသေးပြီး ရှင်းလင်းစွာ မမြင်ရသေးသဖြင့် လုချန်း၏ ဖေးဟုန်နတ်လှေလည်း ဖြစ်နေနိုင်သည်။

နန်းကုန်းယွဲ့ဟွာ၏ မေးခွန်းကို ကြားသောအခါ လုချန်း ချက်ချင်း ပြန်မဖြေပေ။ ရုပ်သေးရုပ်ကို နန်းကုန်းယွဲ့ဟွာ၏ ပခုံးပေါ်သို့ ခုန်တက်စေကာ အဝေးသို့ လှမ်းကြည့်လိုက်သည်။

အလင်းစက်ကို သူလည်း သတိထားမိလိုက်သည်။ အားနည်းသော စိတ်ဝိညာဉ်စွမ်းအား တုန်ခါမှုများမှတစ်ဆင့် ထိုအလင်းမှာ ကမ္ဘာတစ်ခု မဟုတ်ပဲ နတ်လှေတစ်စင်းသာဖြစ်ကြောင်း သူ ပြောနိုင်သည်။

ရန်သူများ လာရောက်နေခြင်း ဖြစ်နိုင်ကြောင်း လုချန်း ချက်ချင်း သတိပြုမိလိုက်ပြီး နန်းကုန်းယွဲ့ဟွာကို ပြောလိုက်သည်။

“လွှတ်ထားတာမရှိဘူး... တခြားကြယ်နယ်မြေက ကျင့်ကြံသူတွေ ရောက်လာတာ ဖြစ်မယ်။ ကိုယ် အခု ချန်ရန်ကမ္ဘာကို လာခဲ့မယ်။ အန္တရာယ် တစ်ခုခုရှိရင် မင်းတို့တွေ ချက်ချင်း ပြန်လာခဲ့ကြပါ။”

စကားဆုံးသည်နှင့် လုချန်းလည်း မိန်းမ၏ ရင်ခွင်မှ ရုန်းထွက်ကာ ချန်ရန်ကမ္ဘာဆီသို့ တိုက်ရိုက် သွားလိုက်သည်။

ယခုအခါ နန်းကုန်းယွဲ့ဟွာသည် ရှန်ဟွေသံချပ်ကာကို ဝတ်ဆင်ထားသဖြင့် ပြန်လည်ပျက်စီးခြင်းအဆင့် အင်အားကို ပိုင်ဆိုင်ထားသည်။ သို့သော် အင်အားသက်သက်သာ ဖြစ်သည်။ တကယ့် ပြန်လည်ပျက်စီးခြင်းအဆင့် ရှိသူတစ်ဦးနှင့် တကယ်တမ်း ရင်ဆိုင်ရပါက သူတို့ ယှဉ်နိုင်ဖွယ် မရှိပေ။

လုချန်း ချန်ရန်ကမ္ဘာဆီသို့ တန်းတန်းမတ်မတ် သွားလိုက်သည်။ ချန်ရန်ကမ္ဘာ၏ နယ်နိမိတ်သို့ သူရောက်ရှိချိန်တွင် ဖရိုဖရဲကြယ်ပင်လယ် အစွန်းရှိ နတ်လှေမှာ ရှေ့မတိုး နောက်မဆုတ်ပဲ ရှိနေသည်။ တစ်စုံတစ်ယောက် ရောက်လာမည်ကို စောင့်ဆိုင်းနေသကဲ့သို့ ထိုနေရာ၌ ရှိနေဆဲဖြစ်သည်။

ယင်မီးဂိုဏ်းက လူလွှတ်လိုက်ခြင်း ဖြစ်နိုင်မလားဟု လုချန်း မတွေးပဲ မနေနိုင်ပေ။

ယင်မီးဂိုဏ်းမှ လူများကို သူသတ်ခဲ့သည်ကို ယင်မီးဂိုဏ်းက သိပြီး ဖြစ်လောက်သည်။ ထို့ပြင် ယင်မီးဂိုဏ်းသည် လုယန်ဟွာ စေလွှတ်လိုက်သူများ ဖြစ်ရာ ဤကိစ္စကို လုယန်ဟွာလည်း သိနိုင်ခြေ များသည်။

လုချန်း အလောတကြီး မလုပ်ခဲ့‌ပေ။ ထိုနတ်လှေ ချန်ရန်ကမ္ဘာ အနီးသို့ ရောက်လာသည်အထိ စောင့်ဆိုင်းပြီးမှ လှုပ်ရှားရန် သူစီစဉ်လိုက်သည်။

သို့သော် နတ်လှေက အချိန်အတော်ကြာသည်အထိ ရောက်မလာခဲ့သဖြင့် လုချန်းလည်း အလျင်မလိုတော့ပေ။ ထျန်းချန်ကမ္ဘာ၏ အရေးကြီးကိစ္စ အများစုမှာ ပြီးမြောက်ပြီး ဖြစ်သည်။ အုပ်ချုပ်မှု အပိုင်းကိုမူ သူ့သားထံ လွှဲအပ်ထားမည် ဖြစ်သည်။

ထို့ကြောင့် လုချန်း ဖေးဟုန်နတ်လှေကို ထုတ်ယူကာ ထိုနတ်လှေဖြင့် ချန်ရန်ကမ္ဘာ အပြင်ဘက်၌ စောင့်ဆိုင်းနေလိုက်သည်။

…….

လများ လျင်မြန်စွာ ကုန်ဆုံးသွားသည်။

ခမ်းနားထည်ဝါသော ခန်းမဆောင်တစ်ခု အတွင်း။

လုချန်းသည် ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကို လေ့ကျင့်ရန် နန်းကုန်းယွဲ့ဟွာအား လမ်းညွှန်ပေးနေသည်။ ထိုစဉ် ခန်းမဆောင် အပြင်ဘက်မှ ပိုင်ချင်းချင်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။

“မင်းကြီး... နတ်လှေ လှုပ်ရှားနေပါပြီ။”

ထိုအရာကို ကြားသောအခါ လုချန်းလည်း နန်းကုန်းယွဲ့ဟွာကို လွှတ်ပေးလိုက်ကာ လက်ဝှေ့ယမ်းလိုက်သည်။ ထို့နောက် အဝတ်အစားများက သူ့ခန္ဓာကိုယ်ပေါ်သို့ ရောက်ရှိလာပြီး ခန်းမဆောင်မှ ချက်ချင်း ထွက်ခွာသွားသည်။

လုချန်း ထွက်သွားပြီးနောက် နန်းကုန်းယွဲ့ဟွာလည်း အားမရှိသကဲ့သို့ မတ်တတ်ထရပ်လိုက်ကာ ခန်းမဆောင်တံခါးဝဘက်သို့ အနည်းငယ် စိတ်နာနေသည့် အမူအရာဖြင့် ကြည့်လိုက်သည်။

ဒီလူက ခံစားချက်ချင်း ချိတ်ဆက်နိုင်တဲ့ ဒီလောက် ထူးဆန်းတဲ့ ကျင့်စဉ်ကို ဘယ်က ရလာတာပါလိမ့်။

သူ့အတွက်တော့ ပျော်ချင်တယ်ဆိုရင် စိတ်ဝိညာဉ်စွမ်းအား ဆက်ပို့လွှတ်နေရုံပင်ဖြစ်သည်။ သူမကတော့ သူနဲ့အတူ လိုက်မျောပါရ၏။ ဒီလို နှိပ်စက်မှုကို သူမ ခံနိုင်ရည်မရှိတော့ပေ။ ဒီအတိုင်း ဆက်သွားရင် မကြာခင်မှာ နန်းကုန်းချင်ရလိုမျိုး သူမ ဖြစ်သွားတော့မည်။

နတ်လှေနှင့် ပတ်သက်သည့် ကိစ္စ မြန်မြန်ပြီးပြတ်သွားကာ လုချန်း ချန်ရန်ကမ္ဘာမှ စောစော ထွက်ခွာသွားရန် သူမ မျှော်လင့်နေသည်။ မဟုတ်ပါက သူမ ကျင့်ကြံလိုစိတ် ရှိတော့မည် မဟုတ်ပေ။

ထိုအချိန်တွင် လုချန်းသည် နတ်လှေကုန်းပတ်ပေါ်၌ ရပ်လျက် အဝေးမှ တဖြည်းဖြည်း ထင်ရှားလာသော အလင်းစက်ကို ကြည့်နေသည်။

အဝေးမှ နတ်လှေ နီးကပ်လာသောအခါ နတ်လှေ၏ ပုံသဏ္ဌာန်ကို လုချန်း တဖြည်းဖြည်း မြင်တွေ့လာရသည်။ ထိုနတ်လှေပေါ်တွင် အပြာရောင်အလံ တစ်ခု ချိတ်ဆွဲထားပြီး ကြီးမားသော “ချန်” ဟူသည့် စာလုံး ပါရှိသည်။

ဒါက တခြားဂိုဏ်းတစ်ခုရဲ့ နတ်လှေ ဖြစ်လောက်တယ်လို့ လုချန်း တွေးလိုက်သည်။ အလံပေါ်တွင် “ယင်” စာလုံး မပါရှိသောကြောင့် ဤနတ်လှေသည် ယင်မီးဂိုဏ်းမှ မဟုတ်လောက်ပေ။

သို့သော် ယင်မီးဂိုဏ်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဖရိုဖရဲကြယ်ပင်လယ်ထဲသို့ ရောက်ရှိလာခြင်းနှင့် ထိုနေရာတွင် အချိန်အကြာကြီး ရပ်နားနေခြင်းဆိုသည့် အချက်များက ဤနတ်လှေ ရောက်ရှိလာမှု ရိုးသားမှု မရှိကြောင်း ပြသနေသည်။

အဝေးမှ နတ်လှေ နီးကပ်လာသောအခါ နတ်လှေသုံးစင်းအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်။

နတ်လှေပေါ်မှ လူများလည်း ချန်ရန်ကမ္ဘာနှင့် ချန်ရန်ကမ္ဘာ အပြင်ဘက်ရှိ နန်းတော်သဖွယ် ခမ်းနားထည်ဝါသော နတ်လှေကို သတိထားမိလိုက်ကြသည်။

ထိုနတ်လှေကို မြင်လိုက်ရသောအခါ လေဟောင်ရန် အလွန်စိတ်လှုပ်ရှားသွားသည်။

All Chapters