← Chapters

နတ်ဆိုးဧကရာဇ်၏ အတွေးများ

Vol. 79 Ch. 1183

နတ်ဆိုးဧကရာဇ်၏ အတွေးများ

Vol. 79 Ch. 1183

စကြဝဠာ ကပ်ဘေးကြီး ဖြစ်ပေါ်လာရသည့် အကြောင်းရင်း သို့မဟုတ် ကပ်ဘေးဖြစ်ပွားပုံ ဖြစ်စဉ်ကို နားလည်သွားသကဲ့သို့ လုချန်း ခံစားလိုက်ရသည်။

သို့သော် တကယ်တော့ ဒါတွေအားလုံးက သူ၏ အယူအဆသက်သက်သာ ဖြစ်ပြီး အမှန်ဟုတော့ ဧကန်မုချ မပြောနိုင်သေးချေ။

ကောင်းကင်နတ်ဆိုးကို ဖယ်ရှားရန်နှင့် မျိုးနွယ်စုအားလုံးကို ခွဲခြားခြင်းမရှိပဲ သုတ်သင်ရှင်းလင်းရန် အထွတ်အထိပ်နတ်ဘုရား သို့မဟုတ် စကြာဝဠာဆန္ဒကြောင့် ဤစကြာဝဠာ၏ ကပ်ဘေး ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါက သူတို့ လုပ်ရန် လိုအပ်သည်မှာ ကောင်းကင်နတ်ဆိုးများ ဤစကြာဝဠာထဲသို့ မဝင်ရောက်စေရန် သို့မဟုတ် မပေါ်ပေါက်လာစေရန် တားဆီးရန်သာ ဖြစ်သည်။

လူသားတို့၏ လောဘ သို့မဟုတ် မကောင်းသော စိတ်ခံစားချက်များမှ ကောင်းကင်နတ်ဆိုး မွေးဖွားလာခြင်း ဟုတ်မဟုတ် ဆိုတာကတော့ သက်သေပြရန် တိုက်ရိုက် အထောက်အထား လိုအပ်နေသေးသည်။

လုချန်း အာရုံလွှဲနေချိန်၌ မိုထျန်းသည် နတ်ဆိုးအသွင်ပြောင်းလဲခြင်းကို ပြီးမြောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ၏ လူသားခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး အနက်ရောင် မြူခိုးထုနှင့် အနီရောင် မျက်လုံးနှစ်လုံးသာ ကျန်ရစ်တော့သည်။

ဤအချိန်တွင် ရှိနေသော လူသားမျိုးနွယ် စစ်သည်များ၏ မကောင်းသော စိတ်ခံစားချက်များနှင့် ဆန္ဒမျိုးစုံသည် နတ်ဆိုးအငွေ့အသက်အဖြစ် ပြောင်းလဲကာ မိုထျန်းထံသို့ စုဝေးနေဆဲဖြစ်သည်။ ထိုအရာက လုချန်း၏ ထင်ကြေးကို ပို၍ ထောက်ပံ့ပေးသည်။

သူ့ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ရူးသွပ်စွာ တိုးပွားလာသည်ကို ခံစားလိုက်ရပြီး ဂုဏ်ယူစွာဖြင့် မိုထျန်း ရယ်မောလိုက်သည်။

“ဟားဟားဟား... စွမ်းအားတွေနဲ့ ပြည့်နေတယ်ဆိုတာ ဒီလိုခံစားချက်မျိုးကိုး။ ခင်ဗျားတို့က နတ်ဘုရားတွေ ဖြစ်ရင်တောင် ကျုပ်ကို မတားဆီးနိုင်ဘူး။”

ကောင်းကင်နတ်ဆိုး စွမ်းအားကို ရရှိပြီးနောက် ချူးယုချင်နှင့် လုချန်းတို့ ထုတ်လွှတ်သော ဖိအားသည် ဘာမှမဟုတ်ကြောင်း မိုထျန်း ခံစားလိုက်ရသည်။ နတ်ဘုရားများကို သတ်နိုင်သော အင်အားကို ရရှိပြီဟုလည်း သူ ယုံကြည်ခဲ့သည်။ သို့သော် ချူးယုချင်နှင့် လုချန်းတို့က သူတို့ ထုတ်လွှတ်နေသော ဖိအားကို ထိန်းချုပ်ထားကြောင်းနှင့် ထိုသို့မလုပ်ထားပါက လူသားများနှင့် အခြားမျိုးနွယ်များ ခံနိုင်ရည်ရှိမည် မဟုတ်ကြောင်းကိုတော့ မိုထျန်း မသိခဲ့ပေ။

မိုထျန်း နတ်ဆိုးအသွင် လုံးဝ ပြောင်းလဲသွားသည်ကို မြင်သောအခါ ချူးယုချင်လည်း တွန့်ဆုတ်မနေတော့ပဲ မိုထျန်းကို သုတ်သင်ရန် သူမ၏ ရင်သွေးကမ္ဘာမှ ကောင်းကင်ဘုံလမ်းစဉ် စွမ်းအားကို တိုက်ရိုက် စုစည်းလိုက်သည်။

ရင်သွေးကမ္ဘာမှ ကောင်းကင်ဘုံလမ်းစဉ် စွမ်းအားသည် ကောင်းကင်၌ ခရမ်းရောင် လျှပ်စီးကြောင်းများအဖြစ် ပြောင်းလဲသွားသည်။ လျှပ်စီးကြောင်းများကို မြင်သော်လည်း မိုထျန်းကတော့ အနည်းငယ်မှ ကြောက်ရွံ့ခြင်း မရှိပေ။

ထိုအချိန်၌ ပန်းကန်လုံးခန့် အကျယ်ရှိသော လျှပ်စီးကြောင်းတစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး မိုထျန်းထံ တည့်တည့် ဦးတည်လာသည်။

ထိုလျှပ်စီးကြောင်းကို မြင်လိုက်ရသောအခါ မိုထျန်းက သူ၏ ခန္ဓာကိုယ်မှ ကောင်းကင်နတ်ဆိုး စွမ်းအားကို ထုတ်လွှတ်လိုက်ရာ လေထဲတွင် လက်ကြီးတစ်ဖက်အဖြစ် စုစည်းသွားပြီး ထိုလက်ကြီးက ကောင်းကင်ရှိ ခရမ်းရောင် လျှပ်စီးကြောင်းဆီသို့ တိုက်ရိုက် လှမ်းလိုက်သည်။

လျှပ်စီးကြောင်း နီးကပ်လာသည်နှင့် မိုထျန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ မြင့်တက်လာသည်။ မယ်တော်နတ်ဘုရားမ၏ တိုက်ခိုက်မှုကို သူကာကွယ်နိုင်ပါက နတ်ဘုရားများကို ရင်ဆိုင်နိုင်သည့် အင်အားကို သူရရှိသွားပြီဖြစ်သည်။

သို့သော် ခရမ်းရောင် လျှပ်စီးကြောင်းသည် ကောင်းကင်နတ်ဆိုး စွမ်းအားဖြင့် ဖွဲ့စည်းထားသော လက်ကြီးနှင့် ထိတွေ့လိုက်သောအခါ မရေမတွက်နိုင်သော လျှပ်စီးမျှင်ကြောင်းများအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ ထို့နောက် မျက်တောင်တစ်ခတ်အတွင်း ကောင်းကင်နတ်ဆိုး စွမ်းအားဖြင့် ဖွဲ့စည်းထားသော လက်ကြီးကို ဖြိုခွင်းလိုက်သည်။

ထို့နောက် ထိုလျှပ်စီးမျှင်ကြောင်းများသည် နောက်တစ်ကြိမ် ပြန်လည်စုစည်းကာ မိုထျန်းထံ တည့်တည့် ဝင်ရောက်လာချိန်တွင်တော့ သူ လုံးဝ ကြောင်သွား၏။

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...

ခရမ်းရောင် လျှပ်စီးကြောင်းက သိပ် အစွမ်းမထက်ဘူးလို့ သူ ရှင်းရှင်းလင်းလင်း ခံစားခဲ့ရတာပဲ။

ဘာလို့ ဒီလောက်ကြီးမားတဲ့ အင်အား ရှိနေရတာလဲ။

မိုထျန်း အာရုံများနေချိန်၌ ခရမ်းရောင် လျှပ်စီးကြောင်းသည် မိုထျန်း၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ခရမ်းရောင် လျှပ်စီးကြောင်းကို တားဆီးရန် မျှော်လင့်ချက်ဖြင့် သူ၏ ကောင်းကင်နတ်ဆိုး စွမ်းအား အားလုံးကို မိုထျန်းအလျင်အမြန် စုစည်းလိုက်သည်။

သို့သော် ခရမ်းရောင် လျှပ်စီးကြောင်းသည် မိုထျန်း၏ ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ် အူတိုင်နှင့် ထိတွေ့လိုက်သောအခါ မရေမတွက်နိုင်သော ခရမ်းရောင် လျှပ်စီးကြောင်းများ အဖြစ်သို့ ထပ်မံပြောင်းလဲသွားပြီး မိုထျန်း၏ ကောင်းကင်နတ်ဆိုး ခန္ဓာကိုယ် အနှံ့သို့ စီးဆင်းသွားသည်။

ဤအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း မိုထျန်း နောက်ဆုံး၌ သဘောပေါက်သွားပြီး ကြောက်ရွံ့မှုက သူ့ရင်ထဲတွင် ချက်ချင်း နေရာယူသွားသည်။

ဒီ ကောင်းကင်ကပ်ဘေးက...

“အာားးးးးး”

နောက်တစ်ခဏ၌ မိုထျန်းထံမှ ရင်ခွဲမတတ် နာကျင်သော အော်ဟစ်သံ ထွက်ပေါ်လာသည်။

“မဖြစ်ဘူး... ဒါကို ငါ လက်မခံနိုင်ဘူး”

ခရမ်းရောင် လျှပ်စီးကြောင်းထဲတွင် ကောင်းကင်နတ်ဆိုး စွမ်းအားကို နှိမ်နင်းနိုင်သော စွမ်းအားတစ်ခု ပါဝင်နေသည်။ လျှပ်စီးသည် ကောင်းကင်နတ်ဆိုး စွမ်းအားကို ထိတွေ့လိုက်သည့် သန့်စင်ပစ်လိုက်သည်။

မိုထျန်း၏ ခန္ဓာကိုယ်သည်လည်း အလွန်တိုတောင်းသော အချိန်အတွင်း ခရမ်းရောင် လျှပ်စီးကြောင်းကြောင့် ပျက်စီးသွားရ တော့သည်။

လျှပ်စီးတစ်ချက်တည်းဖြင့် မိုထျန်း သေဆုံးသွားသည်ကို မြင်သောအခါ ရှိနေသော မျိုးနွယ်စုအားလုံး ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ပို၍ရိုကျိုးစွာ ဝပ်တွားလိုက်ကြသည်။

ချူးယုချင်၏ ကောင်းကင်ဘုံလမ်းစဉ် စွမ်းအားထဲတွင် ကောင်းကင်နတ်ဆိုး စွမ်းအားကို ဖျက်ဆီးနိုင်သည့် စွမ်းရည် ပါဝင်နေသည်ကို မြင်သောအခါ လုချန်း မတွေးပဲ မနေနိုင်တော့ပေ။ ချူးယုချင်သည် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်ကြံထားသောကြောင့် သူမ၏ ရင်သွေးကမ္ဘာရှိ ကောင်းကင်ဘုံလမ်းစဉ် စွမ်းအားသည် ကောင်းကင်နတ်ဆိုးကို နှိမ်နင်းနိုင်သော စွမ်းအား ပါဝင်နေခြင်း ဖြစ်နိုင်သည်။

ထိုသို့သာ ဖြစ်ပါက သူ၏ ဇနီးများ၏ ရင်သွေးကမ္ဘာများ၌ ကောင်းကင်နတ်ဆိုးများပေါ်ပေါက်ခြင်းကို သူ စိုးရိမ်ရန် လိုအပ်တော့မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဇနီး တစ်ဦးစီတိုင်းသည် နတ်ဆိုးမြေမြုပ်ကျင့်စဉ်ကို ကျင့်ကြံထားကြပြီး ကောင်းကင်နတ်ဆိုးကို နှိမ်နင်းနိုင်သော စွမ်းအားများကို သူတို့ခန္ဓာကိုယ်ထဲတွင် ပိုင်ဆိုင်ထားကြသောကြောင့် ဖြစ်သည်။

နတ်ဆိုးအငွေ့အသက်အပေါ် ကောင်းကင်ဘုံလမ်းစဉ် စွမ်းအား၏ နှိမ်နင်းနိုင်စွမ်းကို ချူးယုချင်လည်း သဘောပေါက်သွားသည်။ ထို့နောက် သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ဘုံလမ်းစဉ် စွမ်းအားများသည် မိုးတိမ်အဖြစ် ပြောင်းလဲသွားပြီး မိုးများသည်းထန်စွာ ရွာသွန်းလာကာ လူသားမျိုးနွယ်များ၏ ခန္ဓာကိုယ်များမှ နတ်ဆိုးအငွေ့အသက်များကို ဆေးကြောသန့်စင်ပေးလိုက်သည်။

နတ်ဆိုးအငွေ့အသက်များ ပျောက်ကွယ်သွားသောအခါ လူသားမျိုးနွယ် စစ်သည်များ သတိပြန်ဝင်လာကြသည်။ တစ်ဆက်တည်းမှာပင် သူတို့၏ အတိတ်က လုပ်ရပ်များကို တွေးတောမိပြီး ကြီးစွာသော နောင်တကို ခံစားလိုက်ရသည်။ သူတို့သည် မယ်တော်နတ်ဘုရားမကို တကယ် သစ္စာဖောက်ခဲ့ကြသဖြင့် သေဒဏ်နှင့် ထိုက်တန်ပေသည်။

မိုထျန်းကို ကိုင်တွယ်ပြီးနောက် ချူးယုချင်၏ အကြည့်က ရှန်ကျွယ်အပေါ်သို့ ကျရောက်သွားသည်။ သူသည် မိုထျန်း၏ စည်းရုံးသိမ်းသွင်းမှုကို ခံခဲ့ရသူတစ်ဦးသာ ဖြစ်သော်လည်း သူကိုယ်တိုင်လည်း အမှားများ ပြုလုပ်ခဲ့သဖြင့် အပြစ်ပေးခြင်းခံရခြင်းမှ ကင်းလွတ်ခွင့် မရနိုင်ပေ။

ကောင်းကင်ဘုံလမ်းစဉ် စွမ်းအား၏ စိတ်ဝိညာဉ်မိုးရေဖြင့် ဆေးကြောခံရပြီးနောက် ရှန်ကျွယ်၏ စိတ်အာရုံ ကြည်လင်လာပြီး ချူးယုချင်ကို ကျယ်လောင်စွာ ပြောလိုက်သည်။

“အထက်က မယ်တော်နတ်ဘုရားမ... အပြစ်သား ကျွန်တော်ဟာ ခွင့်လွှတ်ခြင်းနဲ့ မထိုက်တန်တဲ့ ကြီးလေးတဲ့ အမှားတွေကို ကျူးလွန်မိခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စတွေအားလုံးကို ကျွန်တော် တစ်ယောက်တည်း လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ မျိုးဆက်တွေနဲ့ မသက်ဆိုင်ပါဘူး။ ကျေးဇူးပြုပြီး သူတို့ကို ချမ်းသာပေးပါ မယ်တော်နတ်ဘုရားမ။”

ရှန်ကျွယ် စကားပြောပြီးသည်နှင့် သူ၏ ဓားကို ဆွဲထုတ်ကာ ကိုယ့်ကိုယ်ကို ထိုးစိုက်၍ ပြတ်သားစွာပင် အဆုံးစီရင်လိုက်သည်။

ဤအချိန်တွင် မိုးကပို၍သည်းထန်လာပြီး ကွင်းပြင်ကျယ်ကြီးထဲ၌ မိုးသံများကိုသာ ကြားနေရသည်။

အဓိက တရားခံ သေဆုံးသွားပြီ ဖြစ်သဖြင့် ချူးယုချင်လည်း နောက်ထပ် အရေးယူခြင်း မပြုတော့ပဲ ဤကိစ္စကို အဆုံးသတ်လိုက်သည်။

ထို့နောက် ချူးယုချင်၏ ပုံရိပ် လေထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

လုချန်းလည်း သူ၏ ပုံရိပ်ကို ပြန်လည်ရုပ်သိမ်းလိုက်သည်။

ဖိနှိပ်မှုများ ကင်းစင်သွားသော်လည်း နေရာ၌ ရှိနေကြသော လူများနှင့် နတ်ဆိုးများ ချက်ချင်း မထရဲကြချေ။

အချိန်မည်မျှ ကြာသွားသည် မသိ လူတစ်ဦးသည် မြေပြင်မှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။

ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားတို့ တကယ် ထွက်ခွာသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးမှသာ သူတို့ သက်ပြင်းချနိုင်ကြသည်။

ထိုအချိန်တွင် နတ်ဆိုးကြီးတစ်ကောင်က သူ့ရှေ့ရှိ နတ်ဆိုးဧကရာဇ်ကို တိုးတိုးလေး မေးလိုက်သည်။

“အရှင် နတ်ဆိုးဧကရာဇ်... အခု တာ့ရှန်ဧကရာဇ်နဲ့ မိုထျန်းတို့ သေကုန်ကြပြီ။ လူသားမျိုးနွယ်ရဲ့ စိတ်ဓာတ်တွေလည်း ပျက်ပြားနေပြီဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး လူသားမျိုးနွယ်ကို မျိုးဖြုတ်ပစ်ကြမလား။”

မိုထျန်းနှင့် ရှန်ကျွယ် မရှိတော့သဖြင့် လူသားမျိုးနွယ်တို့၏ စိတ်ဓာတ်ခွန်အား ပျောက်ဆုံးသွားပြီဖြစ်ရာ ခြိမ်းခြောက်မှု မရှိတော့ပေ။ ထို့ကြောင့် နတ်ဆိုးအများအပြားအတွက် ထိုအရာက ကောင်းမွန်သော အခွင့်အရေးတစ်ခု ဖြစ်နေသည်။

ဤအချိန်တွင် သူတို့ တန်ပြန်တိုက်ခိုက်လျှင် လူသားမျိုးနွယ်၏ တပ်မတော်ကြီးကို ချေမှုန်းနိုင်မည် ဖြစ်ပြီး ယခုမှစ၍ လူသားမျိုးနွယ်သည် နတ်ဆိုးမျိုးနွယ်၏ ပြိုင်ဘက်အဖြစ် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

သို့သော် နတ်ဆိုးဧကရာဇ်က

“ငါတို့ ဆုတ်ခွာကြမယ်”

နတ်ဆိုးဧကရာဇ်၏ စကားကို ကြားသောအခါ နတ်ဆိုးမဟာမိတ်တပ်ဖွဲ့မှ စစ်သည်များ နားမလည်နိုင် ဖြစ်သွားကြသည်။ ထို့နောက် နတ်ဆိုးဧကရာဇ်က

“ဒီနေ့ ဖခင်နတ်ဘုရားနဲ့ မယ်တော်နတ်ဘုရားမ တို့ ဆင်းသက်လာကြတယ်။ သတ်ဖြတ်မှုတွေ ဆက်လုပ်ဖို့ မသင့်တော်ဘူး။”

ထိုစကားကို ကြားသောအခါ စစ်သည်များ သဘောပေါက်သွားကြသည်။ ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားမတို့ ယခုလေးတင် လာသွားခဲ့ကြသည်။ ယခု သူတို့သာ စစ်ပွဲကို ချက်ချင်း စတင်ကာ အစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်စေခဲ့လျှင် ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားမတို့ကို ရန်စသကဲ့သို့ ဖြစ်သွားနိုင်သည်။

ထို့နောက် နတ်ဆိုးညွန့်ပေါင်းတပ်ဖွဲ့ စတင်ဆုတ်ခွာခဲ့သည်။ နတ်ဆိုးများ ဆုတ်ခွာသွားသည်ကို မြင်သောအခါ လူသားမျိုးနွယ် တပ်မတော်ကြီးကလည်း ချက်ချင်း ဆုတ်ခွာရန် ရွေးချယ်လိုက်သည်။

ဧကရာဇ်နှင့် နိုင်ငံတော်ပညာရှိ သေဆုံးသွားပြီ ဖြစ်သဖြင့် သူတို့ ယခု လုပ်ဆောင်ရန် လိုအပ်သည်မှာ ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားမ၏ ဆန္ဒကို ကိုယ်စားပြုနိုင်မည့် နောက်ထပ် ဧကရာဇ်တစ်ပါးကို အလျင်အမြန် ရွေးချယ်တင်မြှောက်ရန် ဖြစ်သည်။

လူသားမျိုးနွယ်များ ဖရိုဖရဲ ဆုတ်ခွာသွားသည်ကို ကြည့်ရင်း နတ်ဆိုးဧကရာဇ် အတွေးနက်နေသည်။ ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားမတို့ ဆင်းသက်လာခဲ့ခြင်းကြောင့်သာ နတ်ဆိုးမဟာမိတ်တပ်ဖွဲ့ကို သူ တားမြစ်ခဲ့ခြင်း မဟုတ်ပေ။ သူမတိုက်ရသည့် နောက်အ‌ကြောင်းပြချက်တစ်ခုက ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားမတို့ လူသားမျိုးနွယ် တစ်ခုလုံးကို အရေးယူခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။

ဖခင်နတ်ဘုရားနှင့် မယ်တော်နတ်ဘုရားမ တို့သည် လူသားမျိုးနွယ်အပေါ် သံယောဇဉ် ရှိနေသေးကြောင်း ဤအချက်က သက်သေပြနေသည်ဟု နတ်ဆိုးဧကရာဇ်က တွေးတောလိုက်သည်။ အနာဂတ်တွင် ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရယူရန် လူသားမျိုးနွယ်နှင့် စစ်ခင်းရလျှင်ပင် လူသားမျိုးနွယ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းမျိုး လုံးဝ မလုပ်သင့်ပေ။ မဟုတ်ပါက သူတို့သည်လည်း ရှန်ကျွယ်နှင့် မိုထျန်းကဲ့သို့ အဆုံးသတ်သွားရပေလိမ့်မည်။

All Chapters