← Chapters

ကောင်းကင်မီးနိုင်ငံ

Vol. 79 Ch. 1185

ကောင်းကင်မီးနိုင်ငံ

Vol. 79 Ch. 1185

လုချန်းနှင့် အတူမကျင့်ကြံဖြစ်တာ ကြာနေပြီဖြစ်သောကြောင့် သူနှင့် ကျင့်စဉ်အခြေအနေသို့ ဝင်ရောက်စအချိန်တွင် နန်းကုန်းယွဲ့ဟွာ အသားမကျ ဖြစ်နေသည်။

ထို့ပြင် အဆင့်များစွာကို ဆက်တိုက် ကျော်ဖြတ်ထားခဲ့သဖြင့် နန်းကုန်းယွဲ့ဟွာ၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားများ အလွန် ကစဉ့်ကလျားဖြစ်နေသည်။ လုချန်း၏ စိတ်ဝိညာဉ်စွမ်းအား သက်ရောက်မှုအောက်တွင် သူမက ကိုယ့်ကိုယ်ကိုယ် သတိမကပ်မိတော့ပေ။

နန်းကုန်းယွဲ့ဟွာ၏ သာယာသောအသံကို ကြားရသောအခါ လုချန်း ပို၍ကြမ်းတမ်းလာသည်။ ဤအချိန်တွင် နန်းတော်၏ မြေအောက်ဆောင်၌ ကျင့်ကြံနေသော နန်းကုန်းချင်ရကလည်း နန်းတော်အတွင်းမှ လှုပ်ရှားမှုကို အာရုံခံမိလိုက်သည်။

နန်းတော်တစ်ခုလုံးကို စိတ်ဝိညာဉ်စွမ်းအားဖြင့် ဖြန့်ကျက်ကြည့်ရှုရာ လုချန်းရောက်ရှိနေကြောင်း သိရှိလိုက်ရသဖြင့် နန်းကုန်းချင်ရ ချက်ချင်း စိတ်လှုပ်ရှားသွားသည်။

နန်းကုန်းယွဲ့ဟွာကဲ့သို့ပင် သူမသည်လည်း လုချန်း၏ မျက်နှာသာပေးမှုကို မရခဲ့တာ ကြာနေပြီဖြစ်၏။ ဖေးဟုန်နတ်လှေပေါ်၌ သူ့ကို သွားရောက်ရှာဖွေရန်ပင် ဆန္ဒပြင်းပြနေခဲ့သည်။ သို့သော် သူကျင့်ကြံနေကြောင်း လုချန်းက ရုပ်သေးမှတစ်ဆင့် အသိပေးထားဖူးသောကြောင့် နန်းကုန်းချင်ရ သူ့ကို မနှောင့်ယှက်ခဲ့ပေ။

နန်းကုန်းယွဲ့ဟွာနှင့် ယှဉ်လျှင်

နန်းကုန်းချင်ရ၏ ဆန္ဒက ပို၍ပြင်းပြသည်။ လုချန်း နန်းကုန်းယွဲ့ဟွာနှင့် ပြင်းပြင်းထန်ထန် ရင်းနှီးနေကြောင်း အာရုံခံမိသောအခါ နန်းကုန်းချင်ရ၏ စိတ်နှလုံး ပို၍ဂနာမငြိမ် ဖြစ်လာသည်။

နန်းကုန်းချင်ရသည် နန်းကုန်းယွဲ့ဟွာ၏ အိပ်ဆောင်သို့ အလျင်စလို မသွားပေ။ လုချန်းသည် တရားမျှတသူဟု သူမ ယုံကြည်သည်။ ယနေ့ လုချန်း၏ နည်းလမ်းများအရ နန်းကုန်းယွဲ့ဟွာ ကြာကြာတောင့်ခံနိုင်မည် မဟုတ်ချေ။ ထိုအခါ လုချန်းက သူမကို နန်းကုန်းယွဲ့ဟွာ၏ နေရာတွင် အစားထိုးမှာ သေချာသည်။

ထိုသို့တွေးရင်း နန်းကုန်းချင်ရလည်း သူမ၏ မျက်လုံးများကို မှိတ်ကာ ဆူပွက်နေသော စိတ်ဝိညာဉ်စွမ်းအားများကို အပြင်းအထန် ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

တစ်ရက်ကြာပြီးနောက် နန်းကုန်းယွဲ့ဟွာ၏ ကျင့်စဉ်အခြေအနေ တည်ငြိမ်လာခဲ့သည်။ ယခု မြေအောက်အဆောင်တွင် သူ့ကို စောင့်နေသူတစ်ယောက် ရှိသေးသည်ဖြစ်သဖြင့် လုချန်း သူမကို ဆက်လက်တိုက်ခိုက်ခြင်း မပြုတော့ပေ။

လှပသော ဧကရီကို သူ့ရင်ခွင်ထဲ၌ အိပ်စက်စေလိုက်ပြီးနောက် စနစ်မျက်နှာပြင်ပေါ်သို့ လုချန်း၏ အကြည့်ရောက်သွားသည်။

[ဂုဏ်ပြုပါတယ်။ နန်းကုန်းယွဲ့ဟွာသည် ရင်သွေးကမ္ဘာကို ပျိုးထောင်နိုင်ခဲ့သဖြင့် ကောင်းကင်မီးနိုင်ငံတော်ကို ဆုချီးမြှင့်လိုက်သည်။]

နန်းကုန်းယွဲ့ဟွာ၏ အဆောင်သို့ မရောက်မီ စနစ်ဆုလာဘ်ကို တစ်ချက်ကြည့်ခဲ့သော်လည်း ထိုစဉ်က နန်းကုန်းယွဲ့ဟွာကို ဆုချရန် အရေးကြီးနေသဖြင့် သူ ချက်ချင်းမဖွင့်ခဲ့ပေ။

ယခုမှ စနစ်ဆုလာဘ်ကို ဖွင့်လိုက်ရာ ကောင်းကင်မီးနိုင်ငံတော်နှင့် ပတ်သက်သည့် အကျဉ်းချုံး အချက်အလက်များ သူ့မျက်စိရှေ့တွင် ပေါ်လာသည်။

[ကောင်းကင်မီးနိုင်ငံတော်: ကောင်းကင်မီးကမ္ဘာ၊ တောင်ဝင်တောင်တန်း ကြယ်နယ်မြေတွင် တည်ရှိပြီး သူတော်စင်အဆင့်နှစ်ဦး၊ သူတော်စင်တစ်ပိုင်းအဆင့်သုံးဦး၊ ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူတစ်ရာနှင့် ပြန်လည်ပျက်စီးခြင်းအဆင့်အောက် ကျင့်ကြံသူမြောက်မြားစွာ ရှိသည်...]

စနစ်၏ ဖော်ပြချက်ကို မြင်သောအခါ လုချန်းက ခဏခန့် အံ့ဩသွားသည်။

သူတော်စင်အဆင့် နှစ်ဦး။

ပြီးတော့ သူတော်စင်တစ်ပိုင်းအဆင့် သုံးဦးလား။

ထိုသူတော်စင်အဆင့်နှစ်ဦးကို ရှန်ဟွေသံချပ်ကာ ပေးလိုက်ပါက သူတို့၏ အင်အားကို အဆင့်တစ်ခုအထိ တိုက်ရိုက်မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ ထိုသို့ဆိုလျှင် သူတို့၏ စွမ်းအားက ဧကရာဇ်တစ်ပါးနှင့် တန်းတူဖြစ်မသွားပေဘူးလား။

လုချန်းက ထိုသို့တွေးလိုက်စဉ် စနစ်အသိပေးသံ ထွက်ပေါ်လာသည်။

“ရှန်ဟွေသံချပ်ကာသည် သူတော်စင်အဆင့်အောက် ကျင့်ကြံသူများအတွက်သာ အကျိုးသက်ရောက်မှု ရှိပါသည်။”

စနစ်အသိပေးသံကို ကြားသောအခါ လုချန်း အံ့အားသင့်သွားသည်။ သူတော်စင်အဆင့်အောက် ကျင့်ကြံသူများအတွက်သာ အသုံးဝင်တယ်တဲ့လား။

ရှန်ဟွေသံချပ်ကာကို မည်သည့်ကျင့်စဉ်အဆင့်တွင်မဆို အသုံးပြုနိုင်မည်ဟု သူက အစက ထင်မှတ်ထားခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးသော ရှန်ဟွေသံချပ်ကာသည် သူတော်စင်အဆင့် စိတ်ဝိညာဉ်လက်နက် မဟုတ်တာ အံ့သြစရာမရှိတော့ပေ။ ၎င်း၏ စွမ်းအားမြှင့်တင်ပေးမှုတွင် ကန့်သတ်ချက်ရှိနေသောကြောင့်ဖြစ်သည်။

သို့သော် ကန့်သတ်ချက်များ ရှိနေသည့်တိုင် ကိစ္စမရှိပေ။ ကောင်းကင်မီးနိုင်ငံတော်တွင် ပြန်လည်ပျက်စီးခြင်းအဆင့် ကျင့်ကြံသူ တစ်ရာရှိသည် မဟုတ်ပါလား။

ထိုကျင့်ကြံသူတစ်ရာကို ရှန်ဟွေသံချပ်ကာ ပေးလိုက်ပါက သူတို့၏ အင်အားသည်လည်း သူတော်စင်အဆင့်နီးပါးအထိ မြင့်တက်လာနိုင်သည်။

သူတော်စင်အဆင့် တစ်ရာကျော် ပိုင်ဆိုင်ရမည်ကို တွေးမိရာ လုချန်းလည်း ကြီးမားသော စိတ်လှုပ်ရှားမှုတို့ဖြင့် တက်ကြွလာသည်။ ဤအချိန်တွင် ညှို့ဓာတ်ပြင်း၍ ကြယ်တာရာကဲ့သို့ မျက်ဝန်းများဖြင့် တောက်ပနေသည့် သူ့ရင်ခွင်ထဲမှ ဧကရီကို ကြည့်ရန် လုချန်း ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။

ဤအချိန်တွင် နန်းကုန်းယွဲ့ဟွာသည် အနည်းငယ် မူးဝေနေဆဲဖြစ်သော်လည်း လုချန်း၏ တဖန်ပြန်လည် စိတ်လှုပ်ရှားမှုကို အာရုံခံမိလိုက်သည်။ သူမ ချက်ချင်း သတိဝင်လာပြီး လုချန်းကို အလျင်အမြန် ပြောလိုက်သည်။

“မင်း... မင်းကြီး။ ရှင် ချင်ရကို မျက်နှာသာမပေးတာ ကြာလှပါပြီ။ သူက ရှင့်ကို အမြဲတမ်း မျှော်လင့်နေတာပါ။”

အန္တရာယ်ကို အခြားတစ်နေရာသို့ လွှဲပြောင်းပေးချင်ရုံသာ နန်းကုန်းယွဲ့ဟွာ ဆန္ဒရှိတော့သည်။ အကယ်၍ အခြေအနေများ ယခုအတိုင်း ဆက်သွားနေပါက သူမ လုံးဝ ပြိုလဲသွားမည်ကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

လုချန်းက ခပ်ဖွဖွ ပြုံးလိုက်ပြီး

“လောစရာမလိုပါဘူး။ နောက်မှပဲ သူ့ကို လာခိုင်းလိုက်မယ်။”

ထိုသို့ပြောပြီးနောက် နန်းကုန်းယွဲ့ဟွာ၏ ခန္ဓာကိုယ်ကို ဖက်ကာ နောက်တစ်ကြိမ် နန်းရှိုက်လိုက်သည်။

နန်းကုန်းယွဲ့ဟွာ၏ စိတ်ထဲ အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။ သူမ၏ တစ်ခုတည်းသော ရွေးချယ်စရာမှာ ခန္ဓာကိုယ်အတွင်းရှိ ဂနာမငြိမ်ဖြစ်နေသော စိတ်ဝိညာဉ်စွမ်းအားကို တည်ငြိမ်စေရန် ကျင့်စဉ်ကိုလည်ပတ်ခြင်းသာ ဖြစ်တော့သည်။

သို့သော် လုချန်း ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်ကို စတင်ချိန်မှစ၍ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သူမ မသုံးရဲတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်က စုံတွဲကျင့်ကြံနေစဉ်အတွင်း သူတို့၏ အာရုံခံစားမှုများကို ချိတ်ဆက်ထားသောကြောင့် ဖြစ်သည်။

လုချန်းဘက်က သာယာမှု ခံစားရသောအခါ နန်းကုန်းယွဲ့ဟွာ၏ စိတ်ခံစားချက်များလည်း လှုံ့ဆော်ခံရမည်ဖြစ်သည်။ သူမသာ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို သုံးစွဲလိုက်ပါက နောက်ဆုံးတွင် မတောင့်ခံနိုင်သူမှာ သူမသာ ဖြစ်လာပေလိမ့်မည်။

ဤအချိန်တွင် နန်းကုန်းယွဲ့ဟွာသည် ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို ငြိမ်သက်စေရန် အစွမ်းကုန် ကြိုးစားနေရသော်လည်း လုချန်းက ဖီးနစ်တစ်ရာ ဂါရဝပြုကျင့်စဉ်သာမက နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကိုပါ ကျင့်ကြံနေသောကြောင့် သူမ၏ စိတ်ဝိညာဉ်စွမ်းအားက သူနှင့် ချိတ်ဆက်နေသကဲ့သို့ ဖြစ်နေသည်။

လုချန်း၏ ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအား စီးဆင်းသွားသည်နှင့် နန်းကုန်းယွဲ့ဟွာ၏ စိတ်ဝိညာဉ်စွမ်းအားကိုလည်း လိုက်ပါစီးဆင်းနေစေသည်။ ထိုအခါ သူမ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်စွမ်းအားကို လုံးဝ မထိန်းချုပ်နိုင်တော့ပေ။

အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအားကို မထိန်းချုပ်နိုင်တော့သဖြင့် နန်းကုန်းယွဲ့ဟွာ၏ နဂိုက လှုပ်ရှားနေသော စိတ်ဝိညာဉ်စွမ်းအားများ ကစဉ့်ကလျား ဖြစ်သွားရသည်။

မကြာမီ နန်းကုန်းယွဲ့ဟွာ၏ ညည်းညူသံများ ခန်းမကြီးအတွင်း ပြည့်နှက်သွားသည်။

ရက်အနည်းငယ်ကြာသောအခါ နန်းကုန်းယွဲ့ဟွာလည်း ဤအခြေအနေနှင့် ကျင့်သားရလာသည်ကို လုချန်းက မြင်လိုက်ရသည်။ ထို့နောက် သူတို့နှင့်အတူ လာရောက်ကျင့်ကြံရန် မြေအောက်အဆောင်ရှိ နန်းကုန်းချင်ရထံသို့သို့ စိတ်အာရုံသတင်းပေးပို့လိုက်သည်။

သူတို့သုံးဦးသည် တစ်လခန့် အတူတကွ ကျင့်ကြံခဲ့ကြပြီး ကျင့်စဉ်ကာလ ပြီးဆုံးသွားသောအခါ လုချန်းလည်း ကျေနပ်စွာဖြင့် ဖေးဟုန်နတ်လှေသို့ ပြန်လာခဲ့သည်။

ဖေးဟုန်နတ်လှေသို့ ပြန်ရောက်ရောက်ချင်း လုချန်း ပထမဆုံးလုပ်သည့်အရာမှာ ကောင်းကင်မီးနိုင်ငံတော်မှ ဧကရာဇ်ကို တိုက်ရိုက်ဆက်သွယ်ရန် အချိန်နှင့် နေရာကြည့် ကြေးမုံကို အသုံးပြုခြင်းဖြစ်သည်။

…….

ထိုအချိန်။

ကောင်းကင်မီးနိုင်ငံတော်။

လင်းထိန်နေသော ခန်းမကြီးထဲတွင် နဂါးဝတ်ရုံ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ခမ်းနားထည်ဝါသော နဂါးပလ္လင်ထက်၌ ခန့်ညားစွာ ထိုင်နေသည်။ သူ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ကြီးမားသော ရွှေနဂါးကြီးနှစ်ကောင် ရှိနေပြီး ကြောက်ရွံ့လေးစားဖွယ်ကောင်းသော လွှမ်းမိုးမှု အငွေ့အသက်များ ထုတ်လွှတ်နေသည်။

မီးဧကရာဇ် မုကျန့်ချင်းက တက်ရောက်လာသူများကို ဝေ့ဝဲကြည့်ရှုပြီး

“ဘာလဲ။ ခင်ဗျားတို့အားလုံး ကောင်းကင်ဧကရာဇ်ကို သစ္စာဖောက်ချင်ကြတာလား။”

ထိုစကားကို ကြားသောအခါ ရှိနေသော ဝန်ကြီးများလည်း စကားမပြောရဲကြပဲ စိုးရိမ်သော အမူအယာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။

ဤအချိန်တွင် ဝန်ကြီးတစ်ဦးက ရှေ့ထွက်လာပြီး

“မင်းကြီး။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေ နယ်ပယ်သခင်က ဧကရာဇ်ကြီးအဆင့် ရောက်ခါနီး နေပါပြီ။ တကယ်လို့ ကျွန်တော်တို့က ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို မကြေငြာဘူးဆိုရင် သူက ဧကရာဇ်အဆင့် ဖြစ်လာတဲ့အခါ သူ ပထမဆုံး ရှင်းလင်းမယ့်သူတွေက ကျွန်တော်တို့ ဖြစ်လာမှာ သေချာပါတယ်။”

ထိုဝန်ကြီး ပြောပြီးသည်နှင့် အခြားဝန်ကြီးတစ်ဦး မတ်တတ်ထရပ်ကာ

“ဟုတ်ပါတယ် မင်းကြီး။ ကောင်းကင်ဧကရာဇ် ပျောက်ဆုံးနေတာ နှစ်သောင်းကျော်နေပါပြီ။ သူ ဘယ်တော့မှ ပြန်မလာတော့တာလည်း ဖြစ်နိုင်ပါတယ်။”

“နောက်ပြီး ကောင်းကင်ဧကရာဇ် ထွက်ခွာသွားတုန်းက သူထွက်သွားပြီးနောက် ကောင်းကင်မီးနိုင်ငံတော်ရဲ့ ကိစ္စရပ်အားလုံးကို မင်းကြီးကပဲ ဆုံးဖြတ်ရမယ်လို့ မှာခဲ့ပါတယ်။”

ထို့နောက် နန်းတွင်းရှိ ဝန်ကြီးများစွာ ရှေ့ထွက်လာကြပြီး ကောင်းကင်မီးနိုင်ငံတော် အနေနှင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ နယ်ပယ်သခင်ထံ သစ္စာခံမည့်အပေါ် ထောက်ခံကြောင်း ပြောကြားကြသည်။

တောင်ဝင်တောင်တန်း ကြယ်နယ်မြေရှိ ကောင်းကင်မီးနိုင်ငံတော်၏ သမိုင်းကြောင်းမှာ အလွန်ရှည်လျားသည်။ ကံမကောင်းစွာဖြင့် ကောင်းကင်ဧကရာဇ်က တောင်ဝင်တောင်တန်း ကြယ်နယ်မြေကို ယာယီခြေကုပ်စခန်းတစ်ခု အဖြစ်သာ သတ်မှတ်ခဲ့သည်။ ကောင်းကင်ဧကရာဇ် ထွက်ခွာသွားချိန်မှစ၍ ကောင်းကင်မီးနိုင်ငံတော်လည်း တဖြည်းဖြည်း အင်အားကျဆင်းလာခဲ့သည်။

နောက်ပိုင်းတွင် တောင်ဝင်တောင်တန်း ကြယ်နယ်မြေ၌ ဧကရာဇ်လောင်းတစ်ယောက် ပေါ်ထွက်လာခဲ့ပြီး ထိုသူသည် ဧကရာဇ်အဆင့်၏ တံခါးဝကို ထိတွေ့နေပြီဖြစ်သည်။ ထို့ကြောင့် ထိုသူ၏ အင်အားသည် သူတော်စင်တစ်ပါးထက် များစွာ သာလွန်သည်။

ထိုဧကရာဇ်လောင်း ဧကရာဇ် အဆင့်သို့ ချိုးဖျက်ဝင်‌ရောက်ပြီးသည်နှင့် တောင်ဝင်တောင်တန်း ကြယ်နယ်မြေအတွင်းရှိ အင်အားစုအားလုံးကို ချက်ချင်း စုစည်းကာ အင်ပါယာတစ်ခု တည်ထောင်ရန် စီစဉ်ထားသည်။

ကောင်းကင်ဧကရာဇ်၏ အင်အားစုတစ်ခုဖြစ်သော ကောင်းကင်မီးနိုင်ငံတော်သည် ထိုဧကရာဇ်လောင်း တည်ထောင်မည့် အင်ပါယာနှင့် ပူးပေါင်းရန် ဆန္ဒမရှိတာက သဘာဝကျသည်။ ထိုအကြောင်းပြချက်ကြောင့်ပင် ဧကရာဇ်လောင်းက အင်ပါယာနှင့် မပူးပေါင်းလိုသော အင်အားစုများကို စဉ်းစားရန် အချိန်အတိုင်းအတာတစ်ခု ပေးခဲ့ခြင်းဖြစ်သည်။ တောင်ဝင်တောင်တန်း ကြယ်နယ်မြေမှ ထွက်ခွာသွားမလားသို့မဟုတ် သူ အောင်မြင်သွားသောအခါ သူ့လက်ချက်ဖြင့် အမြစ်ပြတ်ချေမှုန်းခံမလား ဟူ၍ ဖြစ်သည်

All Chapters