← Chapters

(အမှတ်မရချင်သော အမှတ်တရဆိုးများ)

Vol. 7 Ch. 63

(အမှတ်မရချင်သော အမှတ်တရဆိုးများ)

Vol. 7 Ch. 63

ကူးယူထားသော ရွှေရောင် နည်းလမ်း အသွယ်သွယ် စာအုပ်ကို ကြည့်‌နေရင်း ချီယွမ်၏ မျက်နှာထားသည် ထူးဆန်းလာကာ ဘယ်တုန်းကမှ အမှတ်မရချင်ခဲ့သော အတိတ်ကာလ တစ်ခုကို တွေးမိသွားခဲ့သည်။

ဤစာအုပ်၏ စာရေးသူကလောင်ရှင် 'ရယ်မောနေသော စာသင်ကျောင်းသား'သည် တစ်ကယ်တော့ သူပဲဖြစ်သည်။

ထိုအချိန်တွင် ချီယွမ်သည် ဤကမ္ဘာသို့ စတင် ပြောင်းလာခါစ ဖြစ်သည့်အတွက် အလွန်အမင်း စိတ်ပျက်နေခဲ့သည်။ ပိုက်ဆံရှာနိုင်ရန် အတွက် သူများတွေ ရေးသားထားသော စာများကို ခိုးကူးပေးခဲ့ရသည်။ ထို့နောက်မှာ ကျော်ကြားမှု ရဖို့အတွက် ချီယွမ်သည် အတိတ်ဘဝရှိ မှတ်ဉာဏ် တစ်ချို့ကို အသုံးပြုရင်း ကိုယ်ပိုင်စာအုပ်ကို စတင် ရေးသားခဲ့သည်။

(မှန်ပါတယ်။ ၁၈ယောက်စုဖတ်၊ ၂၁ယောက်စုဖတ်ရတဲ့ စာအုပ်တွေကို ရေးခဲ့တာပါ)

ထူးချွန်သည်ကတော့ သေချာပေါက်ထူးချွန်သည်ပဲ။ ထိုရွှေရောင် နည်းလမ်း အသွယ်သွယ် စာအုပ်သည် ချက်ချင်းပင် ပေါက်သွားကာ ဝိညာဉ်ကျောက်တုံး အများကြီး ရရှိခဲ့သည့်အတွက် ထိုက်ရွှမ်း သန့်စင်နယ်မြေ ရှိရာသို့ သွားနိုင်ခဲ့သည်။

မထင်ထားစွာဖြင့် သူ၏လက်ရာ မြောက် စာအုပ်ကို ဤမြက်ပင်စုတ်၏ လက်အတွင်း၌ တွေ့ခဲ့ရ၏။ အလွန်ကို ရယ်ချင်ဖွယ် ကောင်းလှသည်။

ထိုစာအုပ်ကို ကြည့်လေလေ ချီယွမ်တစ်ယောက် အရှက်ရလေလေ ခံစားနေရသည်။ ထို့ကြောင့် စာအုပ်တွေ အားလုံးကို သိုလှောင်အိတ် အတွင်းသို့ ထိုးထည့်လိုက်ကာ အော်ဟစ် လိုက်တော့သည်။

“ကလေးတွေက ဒီလိုစာအုပ်တွေ မဖတ်သင့်ဘူး။ ငါအခု ထိန်းသိမ်းပေးထားမယ် မင်းလူကြီးတစ်ယောက် ဖြစ်လာတဲ့ အချိန်ကျရင် ပြန်လာတောင်းလိုက်”

ထိုမြက်ပင်၏ မျက်နှာထားကချက်ချင်းပင် အေးခဲသွားကာ ခေါင်းငိုက်စိုက် ကျသွားရင်း ခပ်တိုးတိုး ရေရွတ် လိုက်သည်။

“အစ်ကိုကြီး ကျွန်တော်က အသက် တစ်သောင်းရှိနေပြီလို့.. ပြီး ကျွန်‌တော်က ပုံတွေပဲ ကြည့်တာပါ”

“ပုံတွေဆိုလည်း မကြည့်ရဘူး”

ထိုစကားကို ပြောပြီးသည်နှင့် ချီယွမ်သည် ထိုကောင်လေးကို အာရုံစိုက်ဖို့ ပျင်းရိစွာပင် မြေပြင်ပေါ်မှာ ချီးစားနေဆဲ ဖြစ်သော အစီအရင် ဝိညာဉ်ကို လက်ညှိုးထိုးကာ အတည်အတံ့ ပြောလိုက်တော့သည်။

“မင်းအရင်ဆုံး ငါ့ရဲ့မိတ်ဆွေကို ပြန်ကောင်းအောင် လုပ်ပေး။ ပြီးတဲ့ အချိန်ကျရင် မင်းသွားလို့ရပြီ”

“ကောင်းပြီ အကိုကြီးပြောတာ ကျွန်တော်နားထောင်ပါ့မယ်”

ထိုမြက်ပင် ဝိညာဉ်က ခေါင်းငြိမ့်ကာ ပုံရိပ်ယောင် အစွမ်းကို ပုံမှန်လိုမျိုး ဖြည်ပေးလိုက်သည်။

သတိပြန်ရလာသည်နှင့် အစီအရင် ဝိညာဉ်တစ်ယောက် မထင်ထားစွာပင် ပါးစပ်တစ်ခုလုံး အညစ်အကြေးများ ပြည့်နှက်နေမှန်း သဘောပေါက် လိုက်သည်။ ရွှံ့အရသာကြီး တစ်ခုလုံးကပါးစပ်ထဲတွင် အရသာဆိုးစွာ ဝင်ရောက် နေသည့်အတွက် အကြမ်းပတမ်း ချောင်းဆိုး ကုန်တော့သည်။

“အဟွတ် အဟွတ် အာ”

အခြေအနေကို သဘောပေါက်သည်နှင့် အစီအရင်ဝိညာဉ် ဒေါသတကြီး အော်ဟစ်လေရဲ့။

“အသုံးမကျတဲ့ သူခိုးစုတ် ငါအဘိုးကြီးက ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး”

နောက်တစ်စက္ကန့်မှာပဲ အစီအရင်ဝိညာဉ်သည် မြက်ပင်ငယ်ကို ခုန်အုပ်ဖို့ ပြင်လိုက်သည်။ သို့သော်ငြား လမ်းတဝက်မှာတင် အရင်ခွေးပုံစံ ပြန်ပြောင်းသွားကာ ဦးတည်ရာ ပြောင်းပြီး မြေပြင်ပေါ်ရှိ နောက်ထပ် အညစ်အကြေးပုံ တစ်ခုကို စတင် စားသောက်လေတော့၏။

ထိုမြက်ပင်ငယ်က ချီယွမ်ကို အဓိပ္ပါယ် တစ်ချို့ပါသော အပြုံးဖြင့် လှမ်းကြည့်လိုက်သည်။

“အကိုကြီး၊ အကိုကြီးက ကျွန်တော်ရဲ့ မိတ်ဆွေဆိုတော့ ကျွန်တော် အဲ့ဒီနေရာကနေ ပစ္စည်းတွေ ထပ်မယူတော့ပါဘူး။ ပြီးတော့ အရင်တုန်းက စားခဲ့တဲ့ အရာတွေကိုလည်း လုံလောက်တဲ့ ဝိညာဥ်ကျောက်တုံးတွေ စုပြီးရင် ပြန်လာ ပေးပါ့မယ်”

ထို့နောက်တွင် ထိုမြက်ပင်ငယ်က နာကျင်မှုကို တောင့်ခံရင်း သစ်သီးများ အတွင်းမှ သုံးလုံးကိုအတင်းအကြပ် ဆွဲနှုတ်လိုက်ကာ ချီယွမ်ကို ပေး လိုက်သည်။

“ဘိုးဘိုး ဂျင်ဆင်းက ပြောဖူးတယ်။ အပင် ဝိညာဉ်ကောင်းက ကြင်နာမှုကို ပြန်ဆပ်ရမယ်တဲ့။ ကြင်နာမှုကို ပေးဆပ်တဲ့ အနေနဲ့ ဒီပုံရိပ် တစ်ထောင်ကြယ်သစ်သီး သုံးလုံးကို ယူလိုက်ပါ။ အကိုကြီး အန္တရာယ်ကြုံပြီ ဆိုရင် ဒီထဲက တစ်လုံးကို ချေပစ်လိုက်။ ဒါဆိုရင် ပတ်ပတ်လည်မှာ ရှိတဲ့သူတွေအားလုံး ပုံရိပ်ယောင်ထဲကို ကျသွားလိမ့်မယ်။ အစ်ကိုကြီး လွတ်မြောက်မှာပါ”

ပုံရိပ်တထောင် ကြယ်သစ်သီး၏ အကျိုးကျေးဇူးကို ကြားလိုက်ရသည်နှင့် ချီယွမ်၏ မျက်လုံးများ လင်းလဲ့သွားကာ ချက်ချင်းပင် ယူလိုက်တော့သည်။

( ဒါဘယ်လိုရတနာလဲ )

( ဒီပုံရိပ်တစ်ထောင် ကြယ်သစ်သီးတွေက နှစ်တစ်သောင်း သက်တမ်းရှိတဲ့ ပုံရိပ်တစ်ထောင် ကြယ်မြက်ပင်ကနေ ဆင်းသက်လာတာပဲ။ ဒါကိုသာ ကောင်းကောင်းမွန်မွန် အသုံးချမယ်ဆိုရင် အထက်ဘုံ တက်လမ်းခြင်း နယ်မြေ အောက်မှာရှိတဲ့ ဘယ်ကျင့်ကြံသူမဆို ချက်ချင်းပဲ သက်ရောက် ခံလိုက်ရလိမ့်မယ်။ ဒီသစ်သီးတွေရဲ့ အစွမ်းက တစ်ကြိမ်ပဲ အသုံးပြုလို့ရတဲ့ ထိပ်သီးအဆင့် မန္တာစာရွက်တွေထက် တစ်စက်ကလေးမှ မနှိမ့်ကျဘူး )

“မင်းကြည့်ရတာ သွေးထွက်နေပုံပဲ အဆင်ပြေရဲ့လား”

ဦးခေါင်းထက်မှ သစ်သီးကိုဆွဲနှုတ် လိုက်ခြင်းကြောင့် ခရမ်းရောင်သွေး တချို့စီးကျလာတာကို မြင်သည်ဖြင့် ချီယွမ် မနေနိုင်စွာ မေးလိုက်တော့သည်။

“အဆင်ပြေပါတယ်”

မြက်ပင်ဝိညာဉ်က မပြောင်းမလဲ မျက်နှာထားနှင့်ပဲ ခေါင်းကုပ်လိုက်ကာ အံကြိတ်ရင်း ပြောလိုက်သည်။

"မကြာခင် ကောင်းသွားမှာပါ"

“အကိုကြီးရဲ့ မိတ်ဆွေလည်း မကြာခင်မှာ နိုးလာလိမ့်မယ်။ ဒါဆိုရင် နှုတ်ဆက်ပါတယ် အကိုကြီး”

ထိုသို့ဖြင့် ထိုအပင်ဝိညာဉ်သည် ချီယွမ်ကို လေးစားစွာ အရိုအသေပေးလိုက်ပြီး ချက်ချင်းပင် မြေအောက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။

“တင်၊ ပိုင်ရှင်က နှစ်တစ်သောင်း အပင်ဝိညာဉ်ကို လွှတ်ပေးခဲ့တဲ့ အတွက် ကောင်းကင်တာအို အမျှင် ပါဝင်တဲ့ ချီစွမ်းအင်ကို အောင်မြင်စွာ ရရှိပါပြီ။ စနစ်ရဲ့ ဆုလာဒ် နေရာထဲမှာ ဒီဆုလာဒ်ကို သိမ်းဆည်း ပေးထားပါ့မယ်။ ပိုင်ရှင် ကြိုက်တဲ့အချိန် ထုတ်ယူလို့ရပါတယ်”

စနစ်၏ အေးစက်သော သတိပေးချက်ကို ကြားသည်နှင့် ချီယွမ်၏ မျက်နှာတစ်ခုလုံး ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားကာ စနစ်၏ ဆုလာဒ်နေရာကို လျင်မြန်စွာ ဖွင့်လိုက်တော့သည်။

ထိုနေရာမှာပဲ သိမ်မွေ့ကာ ကျက်သရေ ရှိလှသော ကြာပန်းတစ်ခုလိုမျိုး တည်ရှိနေသည့် ရွှေ အ‌ဖျော့ရောင် မြူခိုးငွေ့လုံးကို မြင်တွေ့လိုက်ရသည်။ ပတ်ပတ်လည်တွင် ဆန်းကြယ်ခန့်ညားသော အရှိန်အဝါများ ဝန်းရံနေပြီး ထူးခြားကောင်းမွန်သော ခံစားချက်ကို ပေးစွမ်းနိုင်သည်။

( ကောင်းကင် တာအို အမျှင်ပါတဲ့ချီစွမ်းအင်ပဲ)

( ဒီငတုံးစနစ်ရဲ့ တာဝန်တွေက တော်တော်လေး ကျက်သရေတုံးတယ် ဆိုပေမယ့် ဆုပေးတဲ့ အချိန်မှာတော့ ရိုးသားသားပဲ။ ဒီကောင်းကင်တာအို အမျှင်ပါတဲ့ ချီစွမ်းအင်နဲ့ဆိုရင် ငါကောင်းကင်တာအိုဝိညာဉ် သ‌န္ဓေကို ဖန်တီးဖို့ အခွင့်အရေး ရှိလာလိမ့်မယ် )

“ငါစောက်ရမ်း ဒေါသထွက်နေပြီနော်…”

ချီယွမ် တက်ကြွနေစဉ်မှာပဲ ဖရိုဖရဲ ဖြစ်နေသော အစီအရင် ဝိညာဉ်သည် အညစ်အကြေးပုံထဲမှ တွားသွားပြီး ထွက်လာခဲ့ကာ မြက်ပင်ဝိညာဉ် မရှိတော့မှန်း သိသည်နှင့် ကြမ်းတမ်းစွာ ကြိမ်းဝါးလိုက်တော့၏။

“ကောင်စုတ်ချီ မင်းဘာသာမင်း မြေပုံကြည့်ပြီးတော့ သွားလိုက်တော့ ဒီအဘိုးကြီးက အဲ့ဒီ သူခိုးမြက်ပင်ကို လိုက်ရှာပြီးတော့ ရိုက်မှဖြစ်တော့မယ်”

ထိုသို့ဖြင့် အစီအရင်ဝိညာဥ်က စွမ်းအင်လှိုင်း၏ တည်နေရာ မှတ်သားထားသော မြေပုံစာရွက်ကို ဝတ်ရုံအတွင်းမှထုတ်လိုက်ကာ ချီယွမ်ကို ပစ်ပေးရင်း ဒေါသတကြီး ထွက်သွားလေတော့သည်။

သို့သော်ငြား ထိုမြက်ပင် ဝိညာဉ်၏ လျင်မြန်မှုသည် အလွန် ကောင်းမွန်သောကြောင့် တခဏ အတွင်းမှာပင် မိုင်သောင်းချီ ဝေးကွာသွားလေပြီ။

“အကိုကြီးက တကယ်ကို လူကောင်း တစ်ယောက်ပဲ။ ငါအခုတော့ ဘိုးဘိုးဂျင်ဆင်းရဲ့ တည်နေရာကို လွတ်လွတ်လပ်လပ် ရှာဖွေလို့ရသွားပြီ”

ထို့နောက်တွင် မြက်ပင်ဝိညာဉ်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားလေကာ နေရာမှာပဲ အေးခဲ သွားလေတော့၏။

“အို့ မဟုတ်သေးဘူး။ ငါအကိုကြီးကို ပေးခဲ့တဲ့ ပုံရိပ်တစ်ထောင် ကြယ်သစ်သီးမှာ ပုံရိပ်တစ်ထောင် ကြယ်အရည်တွေ ပါနေသေးတယ်။ အဲ့ဒီအရည်ရဲ့ ပုံရိပ် ယောင် အစွမ်းက သစ်သီးထက် အများကြီး ပိုအားကောင်းတယ်။ အဲ့ဒါသာ လေထဲမှာ ပျံ့နေမယ်ဆိုရင် အကိုကြီးလည်း မကျခင်မှာ ပဲ ပုံရိပ်ယောင်ထဲကို ကျသွားမှာမလား”

တွေးမိသွားသည်နဲ့ မြက်ပင်ငယ်သည် ချက်ချင်းပင် ကြောက်ရွံ့သွားကာ အရှိန်လျော့သွားလေသည်။

“ငါပြန်ပြီးတော့ အကိုကြီးကို သွားနိုးလိုက်ရမလား”

မြက်ပင်ငယ်သည် ပြန်လှဲတော့မည့် အချိန်မှာပဲ နောက်ထပ် အတွေးတစ်ခု ဝင်ရောက်လာပြန်၏။

“အစ်ကိုကြီးက ငါ့ကို ကယ်ဖို့တောင် လုပ်နိုင်တယ် ဆိုမှတော့ အင်မတန်စွမ်းအားကြီးလောက်မှာပါ။

အဲ့ဒီ မကောင်းတဲ့ မိန်းမကိုလည်း အနိုင်ယူပြီး ဖြစ်လောက်မှာပါ။ ဒါဆိုရင် အဲ့ဒီနေရာမှာ လူမရှိတော့ဘူး။ ပုံရိပ်ယောင်ထဲ ကျသွားရင်တောင်မှ ပြဿနာတက်မှာ မဟုတ်ပါဘူး။ ဘယ်လိုပဲဆိုဆို ပုံရိပ်ယောင် အစွမ်းကလည်း မကြာခင် ပြယ်သွားမှာပဲ။ အဲ့တော့အစ်ကိုကြီး အဆင်ပြေမှာပါ”

စစ်ဆေး တွက်ချက်မှု အပြီးတွင် မြက်ပင်ဝိညာဉ်သည် ကိုယ့်ကိုယ်ကိုယ် အောင်မြင်စွာ ဖြေလျှော့ နိုင်လိုက်သဖြင့် ချက်ချင်းပင် စိတ်သက်သာသွားကာ ဆက်လက် ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် ချီယွမ်တစ်ယောက် မူးဝေမှုကို စတင် ခံစားလိုက်ရ၏။ သတိပြန်ဝင်လာချိန်တွင် မြို့ဝင်ပေါက်တစ်ခု၌ ရပ်နေမှန်း တွေ့လိုက်ရသည်။

ထိုမြို့သည် လှုပ်ရှားမှုများဖြင့် ဆူညံနေခဲ့ပြီး မြင်းလှည်းသံများကို မကြာမကြာ ကြားရလိမ့်မည်။ မြင့်မားသော ဝင်ပေါက်ထိပ်တွင် ချင်းဟယ်မြို့ဟူသော စကားလုံးကို ရှင်းလင်းစွာ ချိတ်ဆွဲထား၏။

“ဒါဘယ်နေရာလဲ”

ချီယွမ်တစ်ယောက် ဦးနှောက်ကို အသည်းအသန် အလုပ်ပေးကာရှာဖွေခဲ့သော်ငြား သူ၏မှတ်ဉာဏ် တွေ အားလုံးသည် အလွန်အမင်း ဝေဝါးနေပြီး ဘာကြောင့် ဤနေရာသို့ ရောက်ရှိလာမှန်း ဘယ်လိုမှ စဉ်းစားလို့ မရခဲ့ချေ။

ထိုအချိန်မှာပဲ နှုတ်ဆက်သော အသံတစ်ခုကို ကြားလိုက်ရသည်။

“သခင်ရှီမန် ဒီနေ့ ဘယ်လိုလုပ် ရောက်လာတာလဲ။ ဝမ်ရှန်း စားသောက်ဆိုင်ထဲ လာပြီးတော့ သေရည် သောက်ပါအုန်းလား။ ဒီရက်ပိုင်းထဲမှာ မိန်းကလေးယုချန်က သခင်ကြီးအကြောင်း အများကြီး ပြောနေခဲ့တာ”

All Chapters