← Chapters

(မိန်းမလှတွေ အမြင်ကောင်းရှိကြဖို့ပဲ မျှော်လင့်ပါတယ်)

Vol. 7 Ch. 65

(မိန်းမလှတွေ အမြင်ကောင်းရှိကြဖို့ပဲ မျှော်လင့်ပါတယ်)

Vol. 7 Ch. 65

တိမ်ကြွေဂိုဏ်း၏ စာကြည့်တိုက်တွင်

“ဒါဆိုရင် ဒီလိုဖြစ်သွားတာပေါ့”

ပိုင်ရှီရို့ အနည်းငယ်မလုံမလဲဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ရင်း လျှို့ဝှက်နည်းလမ်း ၃၆သွယ်ဟူသော စာအုပ်ကို စာအုပ်စင်ပေါ် ပြန်တင်လိုက်သည်။ သူမ၏ လှပသောမျက်နှာတစ်ခုလုံး နီရဲနေလေ၏။

သူမ၏ဘဝမှာ ဤကဲ့သို့ ရှက်ရွံ့ဖွယ်စာအုပ်မျိုးကို စာကြည့်တိုက်အတွင်းလာရောက်ရှာဖွေရမည်ဟု တစ်ခါမှ မမျှော်လင့်ခဲ့ချေ။

(ဒါက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ)

ကံကောင်းစွာပင် သူမသည် အရေးကြီးသောအချက်ကို အတည်ပြုနိုင်သွားသည်။

(ယောက်ျားတစ်ယောက်ကို နမ်းရုံနဲ့ ကိုယ်ဝန်မရနိုင်ဘူး။)

စိတ်သက်သာရာ ရသွားသည်နှင့် ပိုင်ရှီရို့သည် သူမ၏လက်ကို ရင်ဘက်ပေါ်တင်ကာ တည်ငြိမ်အောင်ပြုလုပ်လိုက်ရင်း အနောက်ကသားရဲတစ်ကောင် လိုက်နေသည့်နှယ် မတည်မငြိမ်ခြေလှမ်းများဖြင့် စာကြည့်တိုက်ထဲမှ ထွက်သွားခဲ့သည်။

သို့သော်ငြား သူမထွက်သွားသည်နှင့် နဂိုကတိတ်ဆိတ်နေခဲ့သော စာကြည့်တိုက်သည် ရုတ်တရက် ပရမ်းပတာဖြစ်လာလိမ့်မည်ဟု ပိုင်ရှီရို့ မျှော်လင့်ခဲ့မည် မဟုတ်ချေ။ သူမထွက်သွားသည်ကို ကြည့်နေသော တိမ်ကြွေဂိုဏ်း၏တပည့်များစွာသည် မယုံကြည်နိုင်သော မျက်နှာထားများဖြင့် စိတ်လှုပ်ရှားမှုများကို အတင်းအကျပ် ဖိနှိပ်လိုက်ကြ၏။

“ကောင်းကင်ဘုံရေ ငါဘာတွေမြင်လိုက်ရတာလဲ။ ဂိုဏ်းတူအစ်မပိုင်က တစ်ကယ်ပဲ အဲ့လိုစာအုပ်တွေဖတ်နေတာလား။”

“ဟုတ်တယ် အဲ့တာကလျှို့ဝှက်နည်းလမ်း၃၆သွယ်ဆိုတဲ့ စာအုပ်မလား။ အဲ့ဒီထဲမှာပါတဲ့ အကြောင်းအရာတွေက တော်တော်လေး စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ငါဆိုရင် လွန်ခဲ့တဲ့ရက်က ဘယ်သူမှမသိအောင်တိတ်တိတ်လေး သွားငှားခဲ့ရတာ။”

“အရေးမပါတာတွေမပြောနဲ့။ ဂိုဏ်းတူအစ်မပိုင်က အမြဲတမ်းဖြူစင်ပြီး နတ်သမီးလေးလို သန့်စင်တဲ့ မိန်းကလေးပဲ။ ဘယ်လိုလုပ် ဒီလို မဖွယ်မရာရုပ်ပုံတွေကိုစိတ်ဝင်စားမှာလဲ။ မင်းတို့အမြင်မှားတာပဲဖြစ်ရမယ်။”

ထိုအချိန်တွင် ငယ်ရွယ်သော တပည့်တစ်ယောက်သည် ရုတ်တရက်ငြင်းဆိုလိုက်သည်။

“မင်းတို့အားလုံးမကြားလိုက်ဘူးလား။ ဂိုဏ်းတူအစ်မပိုင်က အစောပိုင်းကတင် ချီတနဲ့သူက အချင်းချင်းနှစ်သက်နေကြတယ်လို့ အတည်ပြုသွားခဲ့တာလေ။ ချီတဆိုတာ ပြိုင်ပွဲမှာ ပထမဦးဆုံး ရခဲ့တဲ့ ကောင်လေးပဲ။ အခုဆိုရင် သူတို့က လျှို့ဝှက်ကျင့်ကြံရေး လက်တွဲဖော်တွေတောင် ဖြစ်နေလောက်ပြီ။”

“အခုဂိုဏ်းတူအစ်မမှာ လက်‌တွဲဖော်ရှိသွားပြီဆိုမှတော့ သူတို့ရဲ့ ဆက်ဆံရေးကို အနည်းငယ်ပူနွေးလာစေဖို့ မဖွယ်မရာ ရုပ်ပုံတွေကို ကြည့်ရှုတာပုံမှန်ပဲ မဟုတ်ဘူးလား။”

ထိုစကားကြောင့် များစွာသော ကျင့်ကြံသူများအားလုံး ပထမဦးဆုံးအကြိမ်အဖြစ် အလွန့်အလွန် စိတ်ပျက်သောမျက်နှာထားများဖြင့် သက်ပြင်းချလိုက်ကြသည်။

“ငါလက်မခံနိုင်ဘူး။ အဲ့ဒီကောင်လေး ချီတက ငါ့လောက်တောင်မချောဘဲနဲ့ ဘာကိစ္စဂိုဏ်းတူအစ်မ ပိုင်ဆီကနေ ကြိုက်နှစ်သက်မှုရသွားတာလဲ။ ဘာကြောင့်လဲ။”

“ငါ့ရဲ့ နှလုံးသားတစ်ခုလုံး အရမ်းနာကျင်နေပြီ။ ငါဒီလောက်နှစ်တွေအများကြီး စောင့်ခဲ့တာက ဒီလိုမျိုး မထိုက်တန်တဲ့ လက်ထပ်မှုကိုမြင်တွေ့ရဖို့အတွက်လား ဟင့် ဟင့် ဟင့်”

“ငါတို့ရဲ့ ဂိုဏ်းတူအစ်မပိုင်က ဒီလောက်ချောမောတဲ့ဟာကို ဒီလိုသာမန်ရုပ်ရည်နဲ့ကောင်ကို လက်ထပ်လိုက်တယ်တဲ့လား ကောင်းကင်ဘုံကမတရားလိုက်တာ။”

“ဟူး ဒီသတင်းကအရမ်း နှလုံးနာကျင်ဖို့ကောင်းတယ်။ ဂိုဏ်းတူအစ်မပိုင်မရှိတော့ဘူးဆိုတော့ အခုကစပြီး ငါ့ရဲ့နှလုံးသားထဲကို ဂိုဏ်းတူအစ်မကျန်း၊ ဂိုဏ်းတူအစ်မနျို ဂိုဏ်းတူအစ်မဝေ့နဲ့ ဂိုဏ်းတူညီမလေးဖန်နဲ့ဖြည့်လိုက်တော့မယ်။ သူတို့တွေတော့ အမြင်ကောင်းရှိဖို့မျှော်လင့်ပါတယ်။”

“ဟိုသူတောင်းစား၊ ငါတို့ကဒီမှာအကောင်းပြောနေကြတာကို မင်းက ဂိုဏ်းတူညီမလေးဖန်ကို စိတ်ကူးယဉ်နေတုန်းပဲလား။ ငါဒီနေရာမှာတင် မင်းကိုမရိုက်ဘူးလို့ယုံလား။”

စာကြည့်တိုက်တွင် ဆူညံပွက်လောရိုက်နေသော်ငြား ပိုင်ရှီရို့သည် မှော်လက်နက်ကို အသုံးပြုရင်း တိမ်ကြွေဂိုဏ်း၏ ပင်မခန်းမသို့ ပျံသန်းသွားလိုက်သည်။

“အလှလေးဘယ်သွားမလို့လဲ”

ရုတ်တရက်ဆိုသလို အနည်းငယ် ရိုင်းစိုင်းသော အသံတစ်ခုနှင့် အလင်းတန်းတစ်ခုသည် သူမ၏လမ်းကိုပိတ်ပင်လာခဲ့၏။

ပိုင်ရှီရို့ အနည်းငယ် မျက်မှောင်ကျုံ့သွားကာ ရုတ်တရက်ပေါ်လာသော ငယ်ရွယ်သည့်အမျိုးသားကို သတိကြီးစွာ ကြည့်လိုက်ရင်း နက်ရှိုင်းသောလေသံဖြင့် မေးလိုက်သည်။

“ရှင် ဘယ်သူလဲ”

ကောင်းမွန်သော အဝတ်အစားများနှင့် ကောက်ကျစ်သော ရုပ်ရည်ရှိသည့် ထိုလူသည် တိမ်ကြွေဂိုဏ်း၏ တပည့်ဖြစ်ဟန်မရချေ။

“ဒီလိုမျိုး ဝေးလံခေါင်ခိုက်ပြီး မဖွံ့ဖြိုးတဲ့နေရာမှာ ဒီလောက်လှတဲ့ မိန်းမလှလေးနဲ့ တွေ့ရမယ်လို့ လုံးဝမမျှော်လင့်ထားမိဘူး။ ဒီနေ့ ကျုပ် တော်တော်လေး ကံကောင်းနေတာပဲ”

ပိုင်ရှီရို့ကို အထက်အောက်ကြည့်နေရင်း ထိုသူ၏ မျက်လုံးအတွင်းမှာ လောဘအရောင်များ ဝင်ရောက်လာခဲ့သည်။

“ကျုပ်က ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဖန်ကဲစွေ့ပဲ။ မင်းကလည်း တိမ်ကြွေဂိုဏ်းရဲ့တပည့်တစ်ယောက်လား။ မင်းရဲ့နာမည်ကဘာလဲ။”

(ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော် ဟုတ်လား။)

ပိုင်ရှီရို့ အစပိုင်းတွင် အနည်းငယ်အံ့ဩသွားခဲ့သော်ငြား ချက်ချင်းပင် တည်ငြိမ်စွာဖြင့် အရိုအသေပေးလိုက်သည်။

“တိမ်ကြွေဂိုဏ်းရဲ့ လက်ရွေးစင်တပည့် ပိုင်ရှီရို့က ထူးခြားကောင်းကင်သန့်စင်နယ်မြေရဲ့ တာအိုသားတော်ကို နှုတ်ဆက်ပါတယ်။”

ထိုသူ၏ သူမအပေါ်ကျရောက်နေသော စူးရှသည့် အကြည့်သည် အလွန်အမင်းသက်သာဖွယ် မရှိသော်ငြား သူမစိတ်ရှည်စွာ ရှေ့တိုးရင်း ရိုသေမှုပြလိုက်ရသည်။

ထူးခြားကောင်းကင်သန့်စင်နယ်မြေသည် ကမ္ဘာပေါ်ရှိ အသန်မာဆုံးဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး သူမတို့တိမ်ကြွေဂိုဏ်းသည် သူတို့အတွက်တော့ ပုရွက်ဆိတ်‌တစ်ကောင်လိုမျိုးအားနည်းပါ၏။ ထူးခြားကောင်းကင်သန့်စင်နယ်မြေ၏ တာအိုသားတော်ကို သူမလိုမျိုး သေးငယ်သည့် ဂိုဏ်း၏ သာမန်တပည့်တစ်ယောက်က ရန်စဖို့မစွမ်းသာချေ။

“ရပါတယ် ရပါတယ်”

ရှန်ဝူကျိရယ်လိုက်လေကာ

“ဂိုဏ်းတူညီမလေးပိုင် ဒီလောက်ထိ ယဉ်ကျေးနေဖို့မလိုပါဘူး။ ကျုပ်က အမြဲတမ်း မိန်းကလေးတွေဆိုရင် လေးစားမြတ်နိုးတယ်။ အခုဒီလိုဆုံလာပြီဆိုမှတော့ ဒါကကံတရားပဲ။ လက်ဖက်ရည်သောက်ပြီး စကားအနည်းငယ်ပြောရအောင်လို့ နေရာတစ်ခုကိုသွားကြမလား။ ကျုပ်တို့ရဲ့ တူညီတဲ့လမ်းကြောင်းကို ဆွေးနွေးလို့ရတာပေါ့။”

ထိုစကားကြောင့် ပိုင်ရှီရို့ ချက်ချင်းပင်ခေါင်းရမ်းလိုက်ကာ ယဉ်ကျေးစွာငြင်းဆိုလိုက်သည်။

“ကျွန်မတစ်ကယ်ပဲ တောင်းပန်ပါတယ်။ အခုသွားမှဖြစ်မယ့် အရေးကြီးကိစ္စလေးရှိနေလို့ပါ။ ဒီနေ့တော့ တာအိုသားတော်ကို အဖော်ပြုပေးလို့မရတော့ဘူးနဲ့တူပါတယ်။”

ရှန်ဝူကျိ၏ မျက်လုံးကအနည်းငယ် ကျဉ်းမြောင်းသွားကာ ချက်ချင်းပင် မဖော်ရွေသောလေသံအဖြစ် ပြောင်းလဲသွားလေ၏။

“ကျုပ် မျက်စိကျနေတာကိုက ကံကောင်းတာနော်။ ကျေးဇူးမသိတတ်သလို လာမလုပ်နဲ့။”

ပိုင်ရှီရို့ အံကြိတ်လိုက်ကာ ဆက်လက်ငြင်းဆိုဖို့ ပြင်လိုက်ချိန်မှာပဲ ဘေးဘက်မှ ယင်ချင်းယွမ်၏ အပြစ်တင်သံကို ကြားလိုက်ရသည်။

“တူမလေးပိုင် ဘယ်လိုတောင် ရိုင်းစိုင်းနေရတာလဲ။ တာအိုသားတော်က ငါတို့တိမ်ကြွေဂိုဏ်းရဲ့ အထူးလေးစားထားရမယ့် ဧည့်သည်တော် တစ်ယောက်ပဲ။ သူ့ကိုဆန့်ကျင်ရဲလို့ကတော့ တူမလေးပိုင်ရဲ့အဖေ ပိုင်ချင်းဝူ ဒီနေရာမှာရှိနေရင်တောင်မှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးနော်။”

“ဪ ညီမလေးက တိမ်ကြွေဂိုဏ်းက ဂိုဏ်းခေါင်းဆောင်ရဲ့သမီးလား။”

ရှန်ဝူကျိ၏ ပုံစံကပိုမိုစိတ်ဝင်စားလာတော့သည်။

“ပိုင်ချင်းဝူရဲ့ရုပ်က ဒီလောက်ထိဆိုးတာကို ဒီလိုမျိုး လှပပြီး ဆွဲဆောင်မှုရှိတဲ့ သမီးတစ်ယောက်ရှိနေမယ်လို့ မမျှော်လင့်ထားမိဘူး။”

သူမ၏ အဖေဖြစ်သူ ပိုင်ချင်းဝူကို အလွန်အမင်းရိုင်းစိုင်းစွာ ပြောဆိုသော စကားလုံးများကြောင့် ပိုင်ရှီရို့ သည်းမခံနိုင်တော့ဘဲ ချက်ချင်းပင် ဒေါသတကြီးဖြင့် အေးစက်စွာ တုံ့ပြန်လိုက်တော့သည်။

“ရှီရို့မှာ တခြားအရေးကြီး ကိစ္စတွေရှိနေတဲ့အတွက် တာအိုသားတော်ကို အဖော်ပြုပေးဖို့ မဖြစ်နိုင်ပါဘူး။ တာအိုသားတော် လိုချင်တဲ့အခါးရည်သောက်ပြီး စကားပြောမယ့် ဆွေးနွေးဝိုင်းအတွက် အကြီးအကဲယင် ရှိနေပါတယ်။ ဒါဆိုရင် နှုတ်ဆက်ပါတယ်။”

ထိုသို့ဖြင့် သူမသည် ကျက်သရေရှိစွာ လှည့်ထွက်ပြီး တခြားဦးတည်ရာကို ပျံသန်းသွားလိုက်သည်။

“မောက်မာလိုက်တာ”

ယင်ချင်းယွမ်၏ မျက်နှာသည် မဲမှောင်သွားလေရဲ့။ အလျင်အမြန်ရှေ့တိုးကာ တားမြစ်ဖို့ ပြင်ဆင်လိုက်ချိန်မှာပဲ ရှန်ဝူကျိသည် လက်ဟန်ပြကာ တားမြစ်လာသည်။

“လိုက်မနေနဲ့တော့ ငါ့ရဲ့ဘေးမှာ ဆွဲဆောင်မှုရှိတဲ့ မိန်းမလှတွေအများကြီးပဲ။ ဒီလိုရိုင်းစိုင်းတဲ့မိန်းမကို ကျိုးနွံအောင် လုပ်ရရင် ပိုပြီး ပျော်ဖို့ကောင်းတာပေါ့ ဟားဟား”

“သခင်ပြောတာ မှန်ပါတယ်။ ဒီအစေခံက အမြင်ကျဉ်းမြောင်းသွားတာပါ။”

ယင်ချင်းယွမ် သဘောတူစွာဖြင့် အလျင်အမြန် ခေါင်းညိမ့်လိုက်ရင်း စကားလမ်းကြောင်းပြောင်းလွဲကာ လေသံနိမ့်ဖြင့်ပြောလိုက်သည်။

“သခင် ညွှန်ကြားထားတဲ့အတိုင်း ပိုင်မိသားစုကို မကျေနပ်နေတဲ့ တိမ်ကြွေဂိုဏ်းရဲ့ အကြီးအကဲတစ်ချို့ကို သခင့်ရဲ့နာမည်နဲ့ ဆက်သွယ်ထားပြီး ပိုင်ရှင်းဝူကို နတ်ဆိုးဂိုဏ်းတွေနဲ့ ပူးပေါင်းနေတဲ့ သစ္စာဖောက်တစ်ယောက်လို့ ယုံကြည်သွားအောင် ပြောထားပါတယ်။ ဒါကြောင့် သခင်သာ ပိုင်ရှင်းဝူကို လုပ်ကြံနိုင်သရွေ့ ထူးခြားကောင်းကင် သန့်စင်နယ်မြေရဲ့ တာအိုသားတော်ဆိုတဲ့ ဂုဏ်ပုဒ်ရဲ့ ထောက်ခံမှုကြောင့် ဘယ်လိုအခက်အခဲကိုမှ ကြုံရမှာမဟုတ်ပါဘူး။ ဒါဆိုရင် ဒီအစေခံက တိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်လာတော့မှာပါ။ အဲ့ဒီအချိန်ကျရင် တိမ်ကြွေဂိုဏ်းထဲမှာ ရှိတဲ့အရာအားလုံးက သခင့်ရဲ့အပိုင်ဖြစ်လာလိမ့်မယ်။”

ရှန်ဝူကျိ၏ မျက်နှာထက်တွင် ကောက်ကျစ်သောအပြုံးတစ်ခု ထွက်ပေါ်လာကာ

“တိမ်ကြွေဂိုဏ်းက ဘာတန်နေလို့လဲ”

“ဂိုဏ်းတူညီမလေးကျိ ဒီ‌တစ်ခေါက် ငါ မင်းကိုအပိုင်သိမ်းမှာတင်မဟုတ်ဘူး မင်းဂရုတစိုက်စောင့်ရှောက်ထားတဲ့ အရာကိုပါလုယူပစ်မယ်။”

ထိုအချိန်တွင် ပုံရိပ်ယောင်အတွင်း၌

ဘုတ်

နောက်ဆုံးတော့ ဝါးလုံးရှည်သည် မြေပြင် ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ချီယွမ် သတိလက်လွတ်မော့ကြည့်လိုက်ရာ ပြတင်းပေါက်မှ လှပသော ခန္ဓာကိုယ်တစ်ပိုင်း ထွက်ပေါ်နေပြီး တောင်းပန်တိုလျှိုးစွာ ကြည့်နေ‌သော မိန်းမလှလေးကိုမြင်တွေ့လိုက်ရသည်။

(ဟာ ဘယ်လိုတောင် လှတဲ့မိန်းကလေးလဲ)

ထိုမိန်းကလေးသည် ရိုးရှင်းစွာဝတ်ဆင်ထားသော်ငြား အလှတရားများကို ဖုံးကွယ်လို့ မရနိုင်ခဲ့ပေ။ အထူးသဖြင့် သူမ၏ နက်ရှိုင်းသော အပြာရောင်မျက်ဝန်းများသည် အသက်ဝင်နေသည့်နှယ် ဆွဲဆောင်မှုရှိလှ၏။

အကြည့်ချင်းဆုံသည်နှင့် ချီယွမ်တစ်ယောက် နေရာမှာတင်အေးခဲကာ အံ့ဩမှင်သက်သွားတော့သည်။

တစ်ဖက်ရှိ ကျိချန်အာသည်လည်း အောက်တွင်ရပ်နေသော အလွန်အမင်းခန့်ညားသော ကောင်လေးကြောင့် နှလုံးသားတစ်ခုလုံး မနေနိုင်အောင် တလက်လက်ဖြစ်လာပြီး ပါးပြင်နှစ်ခုသည် ရှက်သွေးဖြာလာလေရဲ့။

ပုံရိပ်ယောင် အစွမ်းအောက်တွင် သူမတို့နှစ်ယောက်လုံးသည် တူညီသောအခြေအနေထဲမှာ ပိတ်မိသွားခဲ့ပြီး ဆန်းကျယ်သော အင်အားတစ်ခု၏ ဆွဲငင်မှုခံလိုက်ရသည့်နှယ် မသိလိုက်စွာပင် အချင်းချင်းဆွဲဆောင်မိသွားကြသည်။

All Chapters