← Chapters

(ဂိုဏ်းတူအမကျန်း ကျွန်တော်တို့ဘယ်မှာလဲ)

Vol. 7 Ch. 66

(ဂိုဏ်းတူအမကျန်း ကျွန်တော်တို့ဘယ်မှာလဲ)

Vol. 7 Ch. 66

ထိုသို့ဖြင့် အချိန်ကြာမြင့်လာသည့်တိုင်အောင် ပုံရိပ်ယောင်သည် ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။

အဘွားဝမ်၏ဆိုင်တွင်..

နူးညံ့ကာ မွှေးပျံ့နေသော ကိုယ်လုံးငယ်တစ်ခုသည် အရိုးမပါသည့်နှယ် ချီယွမ်ကို မှီတွယ်နေခဲ့ပြီး ချီယွမ်က ပျင်းရိစွာ ပွေ့ဖက်ထားလေရဲ့။

သူ၏လက်မောင်းကြားထဲရှိ ကျိချန်အာ၏ မျက်နှာထားသည် အနည်းငယ် ရှက်ရွံ့နေကာ နွေဦးစမ်းချောင်းရေကဲ့သို့ မျက်လုံးများကလည်း ရီဝေနေ၏။

အချိန်တခဏကြာပြီးသည့်နောက်တွင် ကျိချန်အာသည် ချီယွမ်၏ လက်မောင်းကို တိုးဝှေ့ပွတ်သပ်လိုက်ရင်း အားနည်းစွာ ပြောလိုက်သည်။

"သခင်ကြီး ကျွန်မတို့ လုပ်နေတာက မှန်တယ်မထင်ဘူးနော်၊ ဒါက... ဒါက အရမ်းမမြန်လွန်းနေဘူးလား"

"ကိုယ်မမြန်တာ မင်းသိပါတယ်နော်"

ချီယွမ် စနောက်ရင်း သူမ၏ ပြစ်ချက်ကင်းသော အဖြူရောင် ပါးပြင်ကို ခပ်ဖွဖွ တို့ဆိတ်လိုက်သည်။ ထို့နောက်တွင် ရယ်မောရင်း သူမကို နှစ်သိမ့်လိုက်၏။

"မိန်းကလေးရယ် စိတ်မပူပါနဲ့၊ ဒီနေ့ညပဲ မင်းကို ကိုယ့်ရဲ့အိမ်ထဲ ခေါ်နိုင်ဖို့ ကောင်းမွန်တဲ့ မြင်းလှည်းကြီးတစ်ခု လွှတ်လိုက်မယ်၊အခုကစပြီး မင်းလေးက ကိုယ့်ရဲ့ ခုနစ်ယောက်မြောက် မိန်းမဖြစ်လာရမယ်"

ထိုအချိန်မှာပဲ ပတ်ဝန်းကျင်သည် ရုတ်တရက် ဆူညံလာခဲ့ပြီး ဆူညံသံများကြားထဲမှ အလွန်ဒေါသထွက်နေသော အော်သံတစ်ခုသည် သူတို့၏နားထဲသို့ ဖျော့တော့စွာ ဝင်ရောက်လာသည်။

"ဝမ်မျိုးရိုးနဲ့ မိန်းမအို၊ ငါ့ရဲ့လမ်းကနေ ဖယ်စမ်း၊ ငါ့ရဲ့မိန်းမကို သွားရှာရမယ်၊ အဲ့ဒီနှစ်ယောက် ဘယ်လို အရှက်ရဖွယ်ကိစ္စတွေ လုပ်နေလဲ ငါကိုယ်တိုင် ကြည့်မယ်"

ထိုအော်သံကြောင့် ကျိချန်အာ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့သွားကာ ကြောက်ရွံ့တကြီး ငိုယိုလေတော့၏။

"အိုး၊ မဖြစ်တော့ဘူး အဲဒီ ဝူတ…”

ရုတ်တရက်ဆိုသလို ကျိချန်အာတစ်ယောက် မူမမှန်သည့်အရာကို သတိထားမိသွားလေ၏။ သူမသည် လက်ထပ်ထားပြီးမှန်း မှတ်မိသော်ငြား ထိုယောင်္ကျားဖြစ်သူနှင့် ပတ်သက်သော မှတ်ဉာဏ်ကို လုံးဝစဉ်းစားလို့ မရခဲ့ချေ။ ဝူတဆိုသော နာမည်တစ်လုံးသာ သိလေ၏။

ပိုမိုထူးဆန်းဖို့ကောင်းသည်မှာ အစောပိုင်းက ပတ်သက်မှု မစတင်ခင်အထိ သူမသည် အပျိုတစ်ယောက် ဖြစ်နေသေးသည်ပင်။

ချက်ချင်းဆိုသလို ကျိချန်အာ၏ အတွေးတစ်ခုလုံးသည် ယောက်ယက်ခတ်သွားရင်း သံသယများ တိုးမြင့်လာတော့သည်။

မကြာမီမှာပဲ အလွန်ကြောက်မက်ဖွယ်ကောင်းသော အရာကို တွေးမိသွားသည့်နှယ် သူမ၏မျက်နှာသည် သေလောက်အောင် ဖြူဖျော့လာတော့၏။

[ဖြစ်နိုင်တာ]

ဘန်း

ကျယ်လောင်သော အသံတစ်ချက်အပြီးမှာ တံခါးသည် ပွင့်ဟသွားပြီး ခပ်ပုပု လူတစ်ယောက် တိုးဝင်လာ၏။

နောက်တစ်စက္ကန့်မှာပဲ..

သူမ၏မြင်ကွင်းရှေ့ရှိ အရာအားလုံးသည် မှန်တစ်ခုလို အစိတ်စိတ်ကွဲကြေရင်း နောက်ဆုံးတော့ သတိဝင်လာတော့သည်။

အရာအားလုံးသည် အလွန်မူးနောက်ဖွယ်ကောင်းအောင် ဝိုင်းဝိုင်းလည်နေသည့်အတွက် နောက်ဆုံးတော့ ကျိချန်အာ အားနည်းလာသလိုပင် ခံစားလာရ၏။ သူမ၏ လက်ရှိအခြေအနေကို သဘောပေါက်သည်နှင့် သူမ လုံးဝကို ကြောင်အမ်းသွားတော့သည်။

[ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ]

ကျိချန်အာ၏ လှပသော မျက်လုံးသည် မယုံကြည်နိုင်မှုကြောင့် ပြူးကျယ်နေကာ ခန္ဓာကိုယ်တစ်ခုလုံး ချမ်းစိမ့်နေပြီး နောက်ဆုံးတော့ လုံးဝ သတိဝင်လာခဲ့သည်။

"ဒီနေရာက၊ ဒီနေရာက သွားကြစမ်း"

ဦးနှောက်တစ်ခုလုံး စုတ်ပြဲတော့မတတ် နာကျင်နေသည့် နာကျင်မှုကို တောင့်ခံရင်း ထိုလူ၏ ပွေ့ဖက်မှုကြားမှ ရုန်းထွက်ကာ ကြမ်းပြင်ရှိ အဝတ်များကို အလျင်အမြန် ကောက်ယူရင်း ဝတ်ဆင်လိုက်သည်။

အချိန်အကြာကြီး တိတ်ဆိတ်နေပြီးနောက်တွင်မှ နောက်ဆုံးတော့ တည်ငြိမ်အောင် ပြုလုပ်နိုင်ခဲ့ပြီး ညောင်းညာနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲရင်း ချီယွမ်၏ဘေးသို့ သွားကာ မုန်းတီးမှုအပြည့်နှင့် ပြောလိုက်သည်။

“အကျင့်မကောင်းတဲ့ကောင် နင့်ရဲ့ ထူးချွန်တဲ့အရည်အချင်းနဲ့ ကောင်းမွန်တဲ့ ပါရမီကြောင့် ငါက ယင်ရှဂိုဏ်းကို ခေါ်သွားပြီးတော့ ကံကြမ္မာကောင်းရအောင် ဖန်တီးပေးဖို့ ကြိုးစားခဲ့တယ်၊ ငါဒီလောက် တွေးပေးတာတောင်မှ နင့်ရဲ့ မကောင်းတဲ့ဗီဇက ဒီလောက်အထိ ကြီးနေမယ်လို့ မထင်ထားဘူး၊ ဒီလောက်ကို ညစ်ညမ်းတဲ့ မကောင်းတဲ့လုပ်ရပ်တွေ အများကြီး ပြုလုပ်ခဲ့တယ်၊ ချီသန့်စင်ခြင်းနယ်ပယ်ပဲ ရှိသေးတဲ့ နုံချာတဲ့ ကျင့်ကြံမှုနဲ့ကောင်ကများ ငါဒီလောက် စောင့်ရှောက်ထားတဲ့ အပင်တစ်သောင်းဝိညာဉ်ကို ခိုးယူရုံတင်မကဘူး ငါ့ရဲ့သန့်စင်တဲ့ ခန္ဓာကိုယ်ကိုပါ ညစ်ညမ်းအောင် လုပ်ခဲ့တယ်"

"နတ်ဆိုးဘိုးဘေးကြီးတွေ အားလုံး ကမ္ဘာပေါ်ကို ဆင်းသက်လာပြီး ထင်တိုင်းပြုမူမယ်ဆိုရင်တောင်မှ နင့်လောက် ရိုင်းစိုင်းရက်စက်မယ် မထင်ဘူး၊ နင်လုပ်ခဲ့တဲ့အရာက အကြိမ်တစ်သောင်းမက သေဖို့ထိုက်တန်တယ်"

သူမ ဒေါသတကြီး ကြိမ်းဝါးနေခဲ့သော်ငြား ရှောင်လွှဲလို့မရနိုင်သော မသက်မသာ ခံစားမှုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးနေကာ တစ်စုံတစ်ခု၏ သွေးထိုးမှုခံလိုက်ရသည့်နှယ် လူသတ်အရိပ်အငွေ့များသည် ဖြည်းညင်းစွာဖြင့် နည်းကျသွားခဲ့သည်။

[ဒါပေမဲ့ ဒီကောင်ရဲ့ ကျင့်ကြံဆင့်က ဒီလောက်နိမ့်တဲ့ဟာကို ဘယ်လိုလုပ် နှစ်တစ်သောင်းအပင်ဝိညာဉ်ကို ခိုးယူဖို့ အရည်အချင်း ရှိမှာလဲ၊ ဒီကိစ္စက သံသယဝင်ဖို့ ကောင်းနေပြီ]

[ဒီကျက်သရေတုံး မျိုးမစစ်ကောင်ကို အပိုင်းပိုင်းဖြဲရရင်တောင်မှ ငါကျေနပ်မှာ မဟုတ်ဘူး၊ ဒီကောင့်ကို အလွယ်တကူ သေခွင့်ပေးလို့ မရဘူး၊ အနည်းဆုံးတော့ နှစ်တစ်သောင်းအပင်ဝိညာဉ်ရဲ့ တည်နေရာကို ရှာတွေ့မှ ဖြစ်မယ်]

သူမကိုယ်သူမ ယာယီ တည်ငြိမ်အောင် ပြုလုပ်ပြီးနောက်တွင် ကျိချန်အာသည် ချီယွမ်ကို ခပ်ဖြည်းဖြည်း လှည့်ကြည့်လိုက်သည်။ သူမ၏ အေးစက်သော အကြည့်အောက်တွင် ပိတ်မိနေသော်ငြား ချီယွမ်သည် ပုံရိပ်ယောင်ထဲ ပိတ်မိနေဆဲဖြစ်ရာ စကားတစ်ခွန်းတောင် မပြောနိုင်ခဲ့ချေ။

ဘန်း ဘန်း ဘန်း။

ဝူတကို အကြိမ်ကြိမ် ရိုက်နှက်ပြီးနောက်တွင်မှသာ ချီယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာခဲ့ပြီး နောက်ဆုံးတော့ ပုံရိပ်ယောင်ထဲမှ လွတ်မြောက်နိုင်ခဲ့သည်။

သူ၏နှာခေါင်းကို အနေခက်စွာ ပွတ်သပ်လိုက်ရင်း ဘေးတွင် ရပ်နေသော ကျိချန်အာကို မြင်သည်နှင့် မနေနိုင်စွာ မေးလိုက်တော့၏။

"မိန်းကလေး ကျွန်တော်တို့ ဘယ်ရောက်နေတာလဲ"

တဖြည်းဖြည်း မဲမှောင်လာသော ကျိချန်အာ၏ မျက်နှာကြောင့် နောက်ဆုံးတော့ ချီယွမ်လည်း သတိဝင်လာကာ လန့်ပြီး အော်မိတော့မတတ် ဖြစ်သွားတော့သည်။

"ဘုရားရေ"

(သေစမ်း၊ ငါလည်း ပုံရိပ်ယောင်ထဲ မိသွားခဲ့တာပဲ၊ ဟိုကောင်စုတ်က တစ်ချိန်လုံး ရွှေကြာပွင့်လိုမျိုး မဖွယ်မရာစာအုပ်တွေပဲ ဖတ်နေခဲ့တာ၊ ဒီကောင်ဖန်တီးတဲ့ ပုံရိပ်ယောင်က ဒီလိုမျိုး ဖြစ်နေလိမ့်မယ်လို့ ငါလုံးဝ မမျှော်လင့်ထားခဲ့ဘူး)

တိုင်းသိပြည်သိ နှာဘူးကောင် ရှိမန်ချင်းအဖြစ် ကိုယ်တိုင်ကိုယ်ကျ ပြုမူခဲ့ရသည်ဟူသော အတွေးများကြောင့် ချီယွမ်တစ်ယောက် နေရာမှာပင် သွေးအန်တော့မတတ် ဖြစ်သွားခဲ့သည်။ ထိုမကောင်းသော နတ်ဆိုးလေးကို လိုက်ရှာပြီး ကောင်းကောင်းရိုက်နှက်ဆုံးမချင်သွား၏။

ထို့အပြင် ပိုမိုအံ့ဩဖို့ကောင်းသည်မှာ ကျိချန်အာ၏ မျက်နှာထားကို ကြည့်လိုက်သည်နှင့် ဖြစ်သွားသော ကိစ္စရပ်များကို မှန်းဆလို့ ရနိုင်ပါသည်။

[ဒါကြောင့် တော်တော်လေး အစစ်အမှန်လို့ ခံစားနေရတာကိုး၊တစ်ကယ်ကို သူမဖြစ်နေတာပါလား]

အလွန်ကို ပရမ်းပတာဖြစ်နေသော အတွေးကြောင့်ထင်သည်.. ကျိချန်အာသည် နောက်ဆုံးတော့ ဖုံးကွယ်ထားသော ရုပ်ပြောင်းရုပ်လွှဲကျိန်စာကို အသက်မသွင်းနိုင်တော့ဘဲ ပုံရိပ်အစစ်အမှန်ကို ထုတ်ဖော်ထား၏။

လှပသော ကိုယ်လုံး၊ နှင်းလိုမျိုး ဖြူဖွေးသည့် အသားအရေ၊ ကောင်းမွန်စွာ ထုဆစ်ဖန်တီးထားသော မျက်နှာအစိတ်အပိုင်းများနှင့် ထူထဲသည့် မျက်ခုံးမွေးတန်း အောက်မှ ဆွဲငင်နိုင်သော ပြာတောက်တောက် မျက်ဝန်းတစ်စုံ...

သူမသည် ယင်ဟောင်၏ မှတ်ဉာဏ်အတွင်းမှာ မြင်တွေ့ခဲ့ရသော ကျိချန်အာ၏ ပုံရိပ်နှင့် တစ်ထပ်တည်းပင်။

[အို... မဖြစ်တော့ဘူး]

ပုံရိပ်ယောင်အတွင်းမှာ အကြိမ်ကြိမ် ဆင်နွှဲခဲ့သော တိုက်ပွဲငယ်များကို စဉ်းစားမိသည်နှင့် ချီယွမ်တစ်ယောက် အနည်းငယ် ရှက်ရွံ့သွားတော့၏။ အောက်တွင် ပုံကျနေသော ဘောင်းဘီကို အမြန်ဆွဲယူကာ ဝတ်လိုက်ရင်း မသိချင်ယောင်ဆောင်ထားလိုက်၏။

"မိန်းမငယ်လေး ကျွန်တော် ဘယ်ရောက်နေလဲ မေးလို့ရမလား"

ဖြစ်ရိုးဖြစ်စဉ်အရဆိုလျှင် ကျိချန်အာ၏ ဖုံးကွယ်ထားသော ပုံရိပ်အစစ်ကို ချီယွမ်သည် မမြင်ဖူးသည့်အတွက် သူမကို ဂိုဏ်းတူအစ်မကျန်းဟု တိုက်ရိုက်ခေါ်ဆိုလိုက်ပါက မလိုအပ်သော သံသယများ ဝင်ရောက်လာနိုင်သည်။

ချီယွမ်၏ မေးခွန်းကြောင့် ကျိချန်အာ မျက်မှောင်ကြုတ်သွားကာ တည်ငြိမ်စွာ ပြောလိုက်၏။

"ကျန်းယုယန်ဆိုတာ ငါ့ရဲ့နာမည်တုတစ်ခုပဲ၊ ငါက ယင်ရှဂိုဏ်းရဲ့ လက်ရွေးစင်တပည့် ကျိချန်အာ"

"အခု နင့်မှာ ရွေးချယ်စရာနှစ်ခုရှိတယ်၊ တစ်ခုက နင်ဒီနေရာကို ရောက်နေတဲ့ အကြောင်းအရင်းကို ရိုးရိုးသားသား ပြောပြီးတော့ ပုံရိပ်တစ်သောင်းကြယ်မြက်ပင်ရဲ့ နေရာကို ပြောလိုက်"

"ဒုတိယရွေးချယ်မှုက နင့်ရဲ့ အသိဉာဏ်ထဲကို ငါကိုယ်တိုင် ဝင်ရောက်မွှေနှောက်ပြီး နင့်ရဲ့ စိတ်ဝိညာဉ်ကို သန့်စင်ပေးမယ်၊ အဲ့ဒီလိုဆိုလည်း ငါလိုချင်တဲ့အဖြေကို ရမှာပဲ"

[နတ်ဆိုးဂိုဏ်းရဲ့ လက်ရွေးစင်တပည့်ဆိုတဲ့အတိုင်း တော်တော်ကို ရက်စက်လှပါလား၊ အစောကတင် အသံချိုချိုလေးနဲ့ ငါ့ကို သခင်ကြီးလို့ ခေါ်နေခဲ့တာ မဟုတ်ဘူးလား၊ အခုများတော့ လုံးဝကို မမှတ်မိချင်စရာပဲ]

ဘယ်လိုပဲ စိတ်ထဲမှ ညည်းညူနေပါသော်ငြား ချီယွမ်သည် ပူးပေါင်းစွာပင် ပထမရွေးချယ်မှုကို ပြုလုပ်ခဲ့ရသည်။

"နတ်သမီးကျိ၊ ဒါက တစ်ကယ်တော့ ကိစ္စအရှည်ကြီးတစ်ခုပါ၊ ဒါတွေအားလုံးက အစီအရင်ဝိညာဉ်ရဲ့ လိုဏ်ဂူထဲက ဝိညာဉ်ကျောက်တုံးတွေကို ခိုးယူတဲ့ဖြစ်စဉ်ကနေ အစပြုခဲ့တယ်"

"ဒါပေမဲ့ ကျွန်တော်က ခိုးယူမှုဖြစ်စဉ်ကိုပဲ စုံစမ်းပေးရတာပါ၊ အဲ့ဒါတွေအားလုံးက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ ပုံရိပ်တစ်သောင်းကြယ်မြက်ပင်ကို လွှတ်ပေးတဲ့လူက အစီအရင်ဝိညာဉ်ပါ၊ ဒါပေမဲ့ အဲဒီကောင်လေးက ဒီလောက်အထိ လိမ်ညာတတ်မယ်လို့ ဘယ်သူထင်ထားမှာလဲ၊ အသက်တစ်သောင်းပြည့်ပါရက်နဲ့ သာမန်ကလေးငယ်တစ်ယောက်လို ဟန်ဆောင်ပြီး ဝိညာဉ်ဖိနှိပ်ခြင်းမန္တန်စာရွက်ကို ဖယ်ပြီးတာနဲ့ ထွက်ပြေးသွားခဲ့တယ်၊ မထွက်ပြေးခင်မှာ ကျွန်တော့်ကိုတောင် လှည့်စားသွားခဲ့တာ၊ ထပ်တွေ့လို့ကတော့ ဘယ်နေရာမှာပဲတွေ့တွေ့ ရိုက်ပစ်ဦးမယ်"

ချီယွမ်သည် ပြောနေရင်းနဲ့ ဒေါသတကြီး ဖြစ်လာကာ နစ်နာသူတစ်ယောက်၏ ပုံစံကို အပီအပြင် သရုပ်ဖော်လိုက်သည်။

"နင်အမှန်အတိုင်း ပြောနေတာလား"

ကျိချန်အာ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားကာ လေသံသည်လည်း နူးညံ့သွားလေ၏။ သူမသည် ချီယွမ်၏ ဇာတ်လမ်းကို ယုံကြည်သွားခဲ့သည်။

[သူ့ရဲ့အကြည့်က တည်ငြိမ်နေတယ်၊ အတွင်းစိတ်ကလည်း ရှင်းလင်းနေတယ်၊ လိမ်နေတဲ့လူတစ်ယောက်နဲ့ မတူဘူး]

All Chapters