← Chapters

(ကောင်းကင်တာအိုဝိညာဥ်သန္ဓေ၏ ပင်ကိုယ်စွမ်းရည်)

Vol. 7 Ch. 68

(ကောင်းကင်တာအိုဝိညာဥ်သန္ဓေ၏ ပင်ကိုယ်စွမ်းရည်)

Vol. 7 Ch. 68

လျှပ်စီးလက်သံ၊ မိုးခြိမ်းသံများကြားတွင် ကောင်းကင်သည် တဖြည်းဖြည်း မည်းမှောင်လာ၏။ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းမိုးဖွယ် အစွမ်းက ဖုံးလွှမ်းပစ်လိုက်သောကြောင့် ငှက်များနှင့် သားရဲများအားလုံး ကြောက်ရွံ့စွာ ထွက်ပြေးသွားကြသည်။ သူတို့ ထွက်ပြေးမှု နောက်ကျခဲ့လျှင် ကောင်းကင်ဘုံမှ ကျရောက်လာသော အတိဒုက္ခ၏ မိုးကြိုးဒဏ်မှ မလွတ်မြောက်နိုင်ဘဲ နေရာမှာတွင် သေဆုံးရမည်ကို အလွန်အမင်း စိုးရိမ်နေကြ၏။

ထိုအချိန်တွင် အလင်းပွင့်မှု အခြေအနေမှာရှိနေသော ချီယွမ်၏ အတွေးထဲသို့ ဝိညာဉ်သန္ဓေနှင့် ပတ်သက်သော အတွေးအမြင်များက ဒီရေတစ်ခုလို စီးဝင်လာကာ ပြစ်ချက်ကင်းစွာဖြင့် အတွင်းစွမ်းအင်ကို လည်ပတ်စေလိုက်သည်။

ချီယွမ်၏ ပုံစံသည် ကောင်းကင်နှင့် မြေကြီးဖြင့် ပေါင်းစည်းလိုက်ကာ ပတ်ဝန်းကျင်၏ စိတ်ဝိညာဥ် စွမ်းအင်များကို အဆုံးမရှိအောင် စုပ်ယူနေလေ၏။

မကြာခင်မှာဘဲ ကောင်းကင်ဘုံတွင် ပြင်ဆင်နေသော စုဝေးလာသည့် တိမ်စိုင်များသည် နတ်အတိဒုက္ခအတွက် ပြီးမြောက်သွားဟန်ပင်။

ဗုန်း

ထောက်တိုင်တစ်ခုလို ထူထဲသိပ်သည်းသော ခရမ်းပြာရောင် အတိဒုက္ခ မိုးကြိုးသည် လေဟာနယ်ထဲမှ ထွက်ပေါ်ကာ ကောင်းကင်ထက်ကပင် ချီယွမ်၏ တည်နေရာ တည့်တည့်သို့ ရိုက်ခတ်လိုက်၏။

ကြောက်မက်ဖွယ် ဟိန်းသံကြီးအပြီးတွင် ချီယွမ်၏ ခန္ဓာကိုယ်ကို မိုးကြိုးက ချက်ချင်းပင် လွှမ်းမိုးသွားသည်။ အဆက်မပြတ် ကျရောက်လာသော လျှပ်စီးလက်ခြင်းများနှင့် မိုးကြိုးများက မိုင်တစ်ထောင် ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးတော့မည့်ဟန်ပင်။

ဒုန်း ဒုန်း ဒုန်း

ထိုမိုးကြိုးများသည် ချီယွမ်အား အတားအဆီးတစ်ခုမှ ချိုးဖျက်နိုင်ရန် ကူညီနေဟန်ပင်။ သူ၏ ဒန်ထျန်အတွင်းရှိ တုန်ယင်နေသော ရွှေအမြုတေသည် ကြွေခွက်တစ်ခုလိုမျိုး ကွဲကြေသွားကာ သေးငယ်သော ဖောက်ထွင်းမြင်နိုင်သည့် ၁လက်မအရွယ်ခန့် သန္ဓေသားတစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုသန္ဓေသား၏ ပုံစံသည် ချီယွမ်နှင့် ဆင်တူကာ ဆန်းကြယ်သော စွမ်းအင်လှိုင်းတစ်ချို့ ထုတ်လွှတ်ပေးနေပြီး ဖန်တစ်ခုလိုမျိုး ရှင်းလင်းကြည်တောက်သော အသားအရေရှိသည်။

ထိုအရာသည် အရှင်းအလင်းကို အလွန်အဆင့်မြင့်သော နတ်ဝိညာဥ်သန္ဓေပင်။

ထို့နောက်တွင် ချီယွမ်သည် စနစ်၏ ဆုလာဘ်နေရာထဲမှ ကောင်းကင်ဘုံ၏ တာအိုစွမ်းအင် ပါဝင်သော ချီစွမ်းအင်ကို ထုတ်ယူကာ အသင့်ဖန်တီးထားသော နတ်ဝိညာဉ်သန္ဓေနှင့် ပူးပေါင်းလိုက်သည်။

နောက်တစ်စက္ကန့်မှာပဲ

ကောင်းကင်တာအို အမျှင်ပါသော ချီစွမ်းအင်နှင့် ပူးပေါင်းပြီးသည်နှင့် ဝိညာဉ်သန္ဓေသည် ချက်ချင်းပင် မရေမတွက်နိုင်အောင် များပြားသော အလင်းတန်းများ ထုတ်လွှတ်ပေးကာ ပတ်ဝန်းကျင် တစ်ခုလုံးကို နေ့အချိန်လို တောက်ပစေလိုက်သည်။

ကျယ်ပြန့်ကာ အလွန်မြင့်မားသော အရှိန်အဝါများက ထိုဝိညာဉ်သန္ဓေမှ ပျံ့နှံ့ထွက်ပေါ်နေပြီး ပြီးပြည့်စုံမှုနှင့် သန့်စင်မှုကို ကိုယ်စားပြုသော ကောင်းကင်တာအို အလင်းတန်းများသည် အနောက်မှာ ဝန်းရံထားသည်။ နက်ရှိုင်းကာ အဆုံးမဲ့သော ထိုအလင်းတန်းများသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ကျော်ဖြတ်နိုင်ပုံပင်။

ကောင်းကင်တာအို အမျှင်ပါဝင်သော ချီစွမ်းအင်နှင့် ဝိညာဉ်သန္ဓေတို့ တဖြည်းဖြည်း ပူးပေါင်းလာသည်နှင့်အမျှ ကောင်းပင်ပေါ်မှ စွန့်ခွာသွားပြီဖြစ်သော တိမ်မဲများ ရုတ်တရက် ပြန်လည်စုဝေးလာကာ မျက်စိတစ်မှိတ်အတွင်းမှာပဲ အလျင်မြန်ဆုံး အရှိန်ဖြင့် ပြန်ပေါင်းစည်းလိုက်သည်။ လေထုထဲရှိ ဖျက်ဆီးမှု အရှိန်အဝါက ပိုမိုပြင်းထန်လာ၏။

မကြာမီမှာဘဲ

ဗုန်း

အစောပိုင်းက မိုးကြိုးများထက် အလွန်အင်အားကြီးပုံရသော နတ်မိုးကြိုးက တိမ်မည်းများကြားမှ ချီယွမ်ကို လွှမ်းခြုံပစ်လိုက်ပြီး ချီယွမ်၏ အောက်တည့်တည့်တွင် အလွန်ကြီးမားသော ချိုင့်နက်ကြီးကို ဖြစ်ပေါ်စေလိုက်သည်။

ဒုတိယ မိုးကြိုးချက် အပြီးမှာတော့ စုဝေးနေသော အတိဒုက္ခ တိမ်စိုင်များ ခပ်ဖြည်းဖြည်း စွန့်ခွာသွားကာ ကြည်လင်သော မိုးပြာရောင် ကောင်းကင် ထွက်ပေါ်လာသည်။

မကြာမီတွင် ချိုင့်နက်၏ အောက်ခြေမှ အရိပ်တစ်ခုလိုမျိုး မည်းနက်နေသော ပုံရိပ်တစ်ခုသည် တွားသွားပြီး ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ညလက်ကို ခပ်ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ သို့သော်ငြား လက်ခလယ် တစ်ချောင်းတည်း ထောင်ထားသော ထိုသူ၏ ညာလက်က လမ်းတစ်ဝက်တွင် ရပ်တန့်သွားကာ ကောင်းကင်ဘုံကို ရန်ပြုလိုစိတ်များအား အလျင်အမြန် ထိန်းသိမ်းလိုက်ရ၏။

ထိုအချိန်တွင် စနစ်၏ အလင်းပွင့်မှု အခြေအနေကလည်း အဆုံးသတ်သွားခဲ့ပြီ။ ချီယွမ်သည် မတ်တတ်ရပ်ဖို့ပင် အနိုင်နိုင် ကြိုးစားနေရ၏။ အလွန်အမင်း ပျက်စီးယိုယွင်းနေသော ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ချီယွမ်၏ မျက်နှာတစ်ခုလုံးသည် နာကျင်မှုကြောင့် ရှုံ့မဲ့သွားသည်။

ပုံမှန်အားဖြင့် ဝိညာဉ်အခြေတည် နယ်ပယ်သို့ အဆင့်တက်ခြင်းသည် ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်ဖို့ မလိုအပ်ချေ။ အနည်းဆုံး ကျင့်ကြံသူတစ်ယောက်သည် နတ်အသွင်ပြောင်းခြင်း နယ်ပယ်သို့ ရောက်ရှိမှသာ ဖန်တီးပြီးသား ဝိညာဥ်သန္ဓေကို ပြုပြင်ပေးသည့်အနေဖြင့် နတ်အတိဒုက္ခ မိုးကြိုးကို ခံစားရတတ်တာဖြစ်သည်။ ထိုသို့ပြောင်းလဲပေးလိုက်ပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် မိုင်ပေါင်းများစွာကို ပျံသန်းသွားလာခွင့် ပြုပေးကြသည်။

ထို့ကြောင့် ဝိညာဉ်အခြေတည် နယ်ပယ်သို့ အဆင့်တက်ချိန်တွင် နတ်အတိဒုက္ခ မိုးကြိုးကို ကြုံတွေ့ရမည်ဟု ချီယွမ် မမျှော်လင့်ထားချေ။ သို့အတွက် မည်သည့်ပြင်ဆင်မှုကိုမှလည်း မလုပ်ခဲ့ရဘူး။

အစောပိုင်းတွင် ကြုံတွေ့ခဲ့ရသော နတ်မိုးကြိုး နှစ်ခုအပြီးတွင် သူ၏ အဝတ်များအားလုံး ပြာအဖြစ် ပြောင်းလဲသွားကာ ခန္ဓာကိုယ်တစ်ခုလုံး မည်းတူးနေလေ၏။ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်ပင် အပိုင်းပိုင်း ကွဲထွက်သွားခဲ့ပြီး အတွင်းမှာ ပါဝင်သောပစ္စည်းများက မြေပြင်ပေါ်တွင် ပြန့်ကျဲနေလေကာ အလွန်အမင်း စုတ်ပြတ်မွဲတေနေလေရဲ့။

ကံကောင်းစွာဖြင့် အရေးကြီး ပစ္စည်းများအားလုံးကို ဝိညာဉ်နယ်မြေအတွင်းမှာသာ သိမ်းဆည်းထားခဲ့ပြီး သိုလှောင်အိတ်အတွင်းတွင် အရန်အနေဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများနှင့် ဆေးလုံးတစ်ချို့သာ သိမ်းဆည်းထားခဲ့သည့်အတွက် အခုလောက် ဆုံးရှုံးမှု မကြီးမားခဲ့ချေ။

"စာအုပ်ထဲမှာပြောတာ ကျင့်ကြံသူတွေက ဝိညာဥ်အခြေတည် နယ်ပယ်ကို တက်ရင် မိုးကြိုးဒဏ် မခံရဘူးဆို။ ဘုရားရေ ငါ့အလှည့်ကျမှ မထင်ထားဘဲ မိုးကြိုးတွေ တစ်ခုပြီးတစ်ခု ရောက်လာရလား။ ဘာလဲ။ ငါက ကောင်းကင်ဘုံရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင့်မိသွားလို့လား"

"မိုးကြိုးတစ်ခုဆိုရင် အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ နှစ်ခုတောင်လေ။ ဘုရားရေ ငါက ဝိညာဉ်သန္ဓေလေး တစ်ခုပဲ ဖန်တီးချင်တာပါ။ ဘာလို့ ဒီလောက်ကြီးထိ လုပ်ရတာလဲ"

ချီယွမ်တစ်ယောက်တည်း ငြီးတွားနေစဥ်မှာပဲ အတိဒုက္ခ မိုးကြိုးကြောင့် ဖြစ်ပေါ်ခဲ့သော ပတ်ဝန်းကျင်ရှိ စွမ်းအင်လှိုင်းများက ဒီရေတစ်ခုလို သူ့အပေါ်သို့ ကျရောက်လာခဲ့သည်။ သူ၏ အရှိန်အဝါသည် ရုတ်တရက် တည်ငြိမ်သွားကာ ဝိညာဉ်အခြေတည် နယ်ပယ် အစောပိုင်းအဆင့်သို့ အလျင်အမြန် တိုးတက်သွားလေ၏။

ထို့နောက်တွင် ကိုယ်တွင်းရှိ စိတ်ဝိညာဥ် စွမ်းအင်ကို အနည်းငယ် လည်ပတ်လိုက်သည်နှင့် အရေပြားပေါ်ရှိ မည်းတူးနေသော အသားအရေသည် ချက်ချင်းပင် အရေခွံခွာလိုက်သည့်နှယ် ကြည်လင်သွားကာ ချောမွတ်ပြီး ကျောက်စိမ်းတုံးတစ်ခုလို နူးညံ့အဖိုးတန်သော ခန္ဓာကိုယ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

စစ်ဆေးလိုက်သည်နှင့် သူ၏ ဒန်ထျန်အတွင်းတွင် တာအို အဆီအနှစ်ဖြင့် အလင်းဝန်းရံခြင်း ခံထားရသော ဝိညာဉ်သန္ဓေကို မြင်လိုက်သည်။ ဆန်းကြယ် စွမ်းအင်လှိုင်းများ ဖြာထွက်နေပြီး ရှင်းလင်းကာ လှပသော အလင်းတိမ်စိုင်များ ဝန်းရံထားကာ၊ အလွန်သန့်စင်ပြီး ပြင်းထန်သော စိတ်ဝိညာဥ်စွမ်းအင်ကို ရှူသွင်းရှူထုတ် ပြုလုပ်နေသည်။

"ကောင်းကင်တာအို ဝိညာဥ်သန္ဓေ ဆိုတဲ့အတိုင်းပါပဲလား။ အရင်က ငါ ဖန်တီးထားတဲ့ ဝိညာဥ်သန္ဓေထက် အများကြီး သာလွန်တယ်။ ငါ့ရဲ့ အလုပ်ကြိုးစားမှုတွေ အားလုံး အရာထင်သွားခဲ့ပြီ”

မထင်ထားလောက်အောင် အလွန် အင်အားကြီးမားသော စွမ်းအင်ကြောင့် ချီယွမ် အပျော်လွန်သွားကာ အစောပိုင်းရှိ စိတ်ပျက်မှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ထို့နောက်တွင် အာရုံစူးစိုက်လိုက်သည်နှင့် နဂိုက ကြည်လင်နေသော ချီယွမ်၏ အဖြူအမည်း မျက်ဆံသည် ချက်ချင်းပင် ရွှေရောင်ပုံစံခွက်များဖြင့် ဖုံးလွှမ်းသွား၏။ သူ၏ ကြွက်သား၊ အရိုးနှင့် အသားစိုင်များထံမှ အသံတစ်ချို့ ထွက်ပေါ်လာပြီး နဂါးတစ်ကောင် ကောင်းကင်ပေါ်သို့ တက်သည့်နှယ် မိုးခြိမ်းသံများသည် ကောင်းကင်ကို တုန်လှုပ်တော့မည့်အလား ခြိမ်းလာခဲ့သည်။

တစ်ချိန်တည်းမှာပဲ ချီယွမ်၏ အရှိန်အဝါသည် လျင်မြန်စွာ တိုးတက်လာကာ ဝိညာဉ်အခြေတည် နယ်ပယ် အလယ်ပိုင်းအဆင့်သို့ ထိုးတက်သွားလေရဲ့။

ထိုအခြေအနေသည် အသက်ရှူချိန် ခဏစာမျှ ကြာမြင့်ခဲ့ပြီးနောက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။ ချီယွမ်၏ မျက်လုံးအတွင်းမှ ရွှေရောင်ပုံစံခွက်များ ပျောက်ကွယ်သွားသည်နှင့် ချီယွမ်၏ ကျင့်ကြံမှုသည် ဝိညာဉ်အခြေတည် နယ်ပယ် အစောပိုင်းအဆင့်သို့ ပြန်ရောက်သွားခဲ့သည်။

(မဆိုးဘူး)

ချီယွမ် မျက်လုံးပြန်ဖွင့်လိုက်ပြီး ကျေနပ်သော မျက်နှာထား ဖြစ်သွားလေသည်။

ကောင်းကင်ဝိညာဥ်သန္ဓေကို ဖန်တီးနိုင်သည့်အတွက် သန်မာမှုသည် တိုးမြင့်လာကာ မွေးရာပါ နတ်စွမ်းရည်ကို ရရှိလိုက်သည်။

(သွေးနတ်ဘုရားရဲ့ သန့်စင်မှု ၄မျိုး)

ထိုနတ်စွမ်းရည်သည် သွေးနှင့် ချီစွမ်းအင်ကို လောင်ကျွမ်းစေရင်း တိုက်ပွဲစွမ်းရည်ကို အချိန်ခဏတာ မြင့်တင်ပေးနိုင်သည်။ မြင့်တင်ပေးနိုင်သော ပမာဏသည် အသုံးပြုသော သွေးနှင့် ချီစွမ်းအင် စားသုံးမှုအပေါ် မူတည်၏။

နာမည်၏ အတည်ပြုချက်အတိုင်းပင် သွေးလောင်ကျွမ်းမှုကို အဆင့်၄ဆင့်အဖြစ် အသက်သွင်းလို့ရသည်။ ကြောက်ဖို့အကောင်းဆုံး ၄ဆင့်မြောက် သန့်စင်မှုအပြီးတွင်တော့ အသုံးပြုသူရဲ့ သန်မာမှုသည် ၄ဆ မြင့်တက်သွားမည်ပင်။

သို့သော်ငြား ထိုသန့်စင်မှုသည် အလွန် ပြင်းထန်သည့်အတွက် အကျိုးဆက်အနေဖြင့် အသုံးပြုသူသည် သေလျှင်သေ၊ မဟုတ်လျှင် ပြင်းထန်စွာ အားနည်းသွားနိုင်သည်။

ချီယွမ်သည် ဒုတိယ သန့်စင်မှု အခြေအနေကိုသာ အသုံးပြုသည့်အတွက် သွေးနှင့် ချီစွမ်းအင်ကို အသုံးပြုသည်ဆိုသော်ငြား ဘေးထွက်ဆိုးကျိုး မရှိဘဲ သန်မာမှုကို ၂ဆ ချက်ချင်း မြင့်တင်နိုင်ခဲ့သည်။

ထိုမွေးရာပါ နတ်စွမ်းအင်၏ ကြောက်ဖို့ကောင်းသော သဘာဝအရ အားနည်းသူသည် သန်မာသူကို တစ်ချက်တည်းနှင့် အနိုင်ရနိုင်ဖို့ အသုံးဝင်သော အရာတစ်ခု ဖြစ်လာနိုင်ပါသည်။

ကျင့်ကြံရေးလောကတွင် ယခုကဲ့သို့ ဖျက်ဆီးနိုင်စွမ်း မြင့်မားသော ကျင့်ကြံမှုများသည် သူတော်စင်နယ်ပယ် အနိမ့်ဆုံး ရှိတတ်ကြပြီး သန့်စင်နယ်မြေကြီး ၇ခု၏ အမွေခံ သိုင်းများနှင့် ညီမျှသည်။

ထို့အပြင် ချီယွမ်၏ ပင်ကိုစွမ်းရည်ဖြစ်သော သွေးနတ်ဘုရား၏ သန့်စင်မှု ၄မျိုး စွမ်းရည်က ကျွမ်းကျင်အောင် ကျင့်ကြံဖို့ မလိုအပ်ပါဘဲ အလိုအလျောက် တတ်မြောက်နိုင်သည်။ သူ၏ ကျင့်ကြံမှု မြင့်မားလာသည်နှင့်အမျှ ထိုစွမ်းရည်သည်လည်း အလိုအလျောက် သန်မာလာမည်ပင်။

"ကောင်းကင်ဝိညာဉ်သန္ဓေကို ဖန်တီးနိုင်တဲ့အနေနဲ့ ဒီလောက်အင်အားကြီးတဲ့ ပင်ကိုစွမ်းရည်ကို ရလာလိမ့်မယ်လို့ ငါ လုံးဝကို မထင်ထားမိဘူး။ တစ်ကယ်ကို မထင်ထားတဲ့ ကောင်းချီးတစ်ခုပဲ"

ချီယွမ်၏ နှုတ်ခမ်းထက်တွင် ထိန်းမရနိုင်သော အပြုံးတစ်ခု ဝင်ရောက်လာကာ

အဆင့်တက်နိုင်မှုကြောင့် ဖြစ်ပေါ်လာသော ကျေနပ်မှုများသည် ပိုမိုကြီးထွားလာတော့သည်။

ခဏတာ စဥ်းစားပြီးနောက်တွင် တိမ်ကြွေဂိုဏ်း၏ တပည့်ဝတ်စုံကို ပြန်လည်ဝတ်ဆင်လိုက်ကာ နေရာကူးပြောင်းခြင်း အစွမ်းဖြင့် မိုင်ရာချီသို့ ချက်ချင်းပင် ပျောက်ကွယ်သွားလေ၏။

ဝိညာဉ်အခြေတည် နယ်ပယ်သို့ အဆင့်တက်နိုင်သော ကျင့်ကြံသူများသည် အကွာအဝေးကို လက်မအနည်းငယ်လောက် ရောက်သည်အထိ ချုံ့ပစ်ကာ အလွန်လျင်မြန်သော နည်းလမ်းဖြင့် ရွေ့လျားသွားလာနိုင်ကြသည်။

All Chapters