ဒူးထောက်စမ်း
Vol. 24 Ch. 349
~လျိုချင်းယန်က 'ထျန်းလော့' မြို့၏ နံပါတ်တစ် ပါရမီရှင် 'ရှန်ကွမ်းချင်း' ကို ဓားတစ်ချက်တည်းဖြင့် အလဲထိုး ချေမှုန်းခဲ့သည်။
ဖုန်းဝူချန်က 'ကြယ်တာရာ နယ်မြေ' ၏ ထိပ်တန်း ပါရမီရှင် 'မော့ချင်းယွင်' ကို ကန်ချက် တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့သည်။
သူတို့ နှစ်ဦးစလုံးသည် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် ကြောက်မက်ဖွယ် စွမ်းအားများကို ပြသခဲ့ပြီး သူတို့၏ ပြိုင်ဘက်များကို အလုံးစုံ ဖိနှိပ်နိုင်သော စွမ်းအားဖြင့် ချေမှုန်းကာ 'ထျန်းလော့' မြို့ရှိ ကျင့်ကြံသူ အများအပြားကို အင်အားသုံး ခြိမ်းခြောက်
လိုက်နိုင်တော့၏။
ထိုသူတို့သည် 'မော့ချင်းယွင်' ကိုပင် တိုက်ခိုက်ရဲပြီး သက်ညှာခြင်း အလျဉ်းမရှိခဲ့ပေ။ ဤသို့ဆိုလျှင် ထိုသူတို့အနေနှင့် 'ရှန်ကွမ်းချင်း' ကို အဘယ်မှာ အရေးတယူ စိုက်ကြည့်နေမည်နည်း။
'ထျန်းယွမ်' ဘုံ စတုတ္ထလွှာသို့ ခြေချ လှမ်းနိုင်ခဲ့ပြီးနောက် ဖုန်းဝူချန်သည် သိသိသာသာ ပိုမို သန်မာလာခဲ့ပြီး ဆဌမလွှာ အဆင့်ရှိ ပြိုင်ဘက်များမှာ သူ့အတွက် ခြိမ်းခြောက်မှု တစ်စုံတစ်ရာ မပေးနိုင်တော့ပေ။
'ကိုးထပ် ချန်ခွင်း မျှော်စင်' ကို အသုံးမပြုဘဲ 'ထျန်းယွမ်' ဘုံ သတ္တမလွှာ အဆင့်ရှိ ပုဂ္ဂိုလ်များကိုပင် ချေမှုန်းပစ်နိုင်မည်ဟု သူ ယုံကြည်ထားလေ၏။
“ဘယ် ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်သလဲ သူက ဘယ်သူလဲ”
“'မော့ချင်းယွင်' လုံးဝ ပြန်မတိုက်နိုင်ဘူး ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
“'မော့ချင်းယွင်' ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေ အားလုံးထဲမှာ သူ့ကို ဘယ်သူမှ မနိုင်ခဲ့ဘူး။ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ အဆင့်ပဲ ရှိတဲ့ ဒီလူငယ်က 'မော့ချင်းယွင်' ကို တိုက်ကွက်
အနည်းလေးနဲ့ အနိုင်ယူလိုက်တယ်”
လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြပြီး အံ့ဩတကြီး အော်ဟစ်သံများမှာ ကောင်းကင်ယံသို့ စီးဆင်းသွားတော့သည်။
လူငယ် ယောက်ျား၊ မိန်းမ လေးယောက်မှာ ဖုန်းဝူချန်အား အလွန် ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့်နေကြပြီး စကားပြောဖို့ပင် မရဲကြတော့ပေ။ သူတို့၏ ခန္ဓာကိုယ်များမှာ တုန်ရီနေပြီး မျက်နှာများမှာလည်း ဖြူဖျော့နေလေသည်။
“အိုးတကယ်ပဲ အစ်ကိုဖုန်း ပီသပါတယ် ဆဌမလွှာ အဆင့် အသန်မာဆုံးလူကို ကန်ချက် တစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်တာ” လျိုချင်းယန်က လေးစားစွာ အော်ဟစ်လိုက်ပြီး အလွန်အမင်း အားကျနေလေသည်။
“အစ်ကိုဖုန်း ..အဲ့ဒီလူကို သတ်လိုက်မိပြီလား မသိဘူး” မြောင်ချင်းချင်းက အနည်းငယ် စိုးရိမ်စွာ ဆိုသည်။ မည်သို့ပင် ဆိုစေ သူမတို့က 'ထျန်းလော့' မြို့သို့ ရောက်ရောက်ချင်း ပြဿနာ ရှာမိခြင်း ဖြစ်ရာ အနည်းငယ်တော့ ရှုပ်ထွေးနိုင်ပေသည်။
“စိတ်မပူပါနဲ့ .. ချင်းချင်း အစ်ကိုကြီးဖုန်းက သူ့ကို မသတ်ပါဘူး” လင်ရှောင်ရှောင်က ခပ်ဖွဖွ ရယ်မောရင်း ပြန်ပြောလိုက်သည်။
ဖုန်းဝူချန်က ကြောက်လန့်နေသော လူလေးယောက်ကို တစ်ချက် ကြည့်လိုက်သည်။ အကယ်၍သာ သူတို့ ရိုင်းစိုင်းစွာ မဆက်ဆံခဲ့ပါလျှင် သူတို့အား လျစ်လျူရှုလိုက်မည်သာ။ 'ရှန်ကွမ်းချင်း' ၏ ပါးစပ် မလုံမှုကြောင့်သာ မဟုတ်လျှင် သူ အသတ်ခံရမည် မဟုတ်ပေ။
ဖုန်းဝူချန်နှင့် သူ့အဖွဲ့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ကြောက်မက်ဖွယ် လူသတ်လိုသော အငွေ့အသက်နှင့် အလွန် အစွမ်းထက်သော အရှိန်အဝါတို့ အလုံးအရင်းဖြင့် ဝင်ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
“'ရှန်ကွမ်း' မိသားစုရဲ့ သခင်ကြီး လာပြီ” လူအုပ်ထဲမှ တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။
မျက်လုံးအားလုံးသည် မြို့ထဲသို့ လှမ်းမျှော် ကြည့်လိုက်ကြသည်။
“ရွှတ် ရွှတ် ရွှတ်”
အနက်ရောင် အရိပ်များ ပုံသဏ္ဌာန်ဖြင့် လူရိပ်များမှာ လျှပ်စီးကဲ့သို့ ပစ်ထွက်လာကြသည်။ သူတို့၏ အရှိန်အဟုန်မှာ ကြီးမားလှပြီး လူသတ်လိုသော စိတ်များဖြင့် ပြည့်နှက်နေသည်။
'ရှန်ကွမ်း' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ရောက်ရှိလာကြလေပြီ။
“ ဘယ်သူ ငါ့သားကို သတ်တာလဲ”
ဒေါသတကြီး ဟိန်းဟောက်သံကြီးက 'ထျန်းလော့' မြို့တစ်ခုလုံးကို ပဲ့တင်ထပ်သွားစေပြီး အမိန့်ပေးနိုင်သော အရှိန်အဝါတို့ ပါဝင်နေ၏။
မြို့အပြင်ဘက်မှ လူများမှာ အတိုင်းမသိ ကြောက်လန့်သွားကြပြီး မည်သူမျှ မလှုပ်ရဲကြတော့ပေ။ သူတို့၏ မျက်နှာများမှာ ပူဆွေးမှုများဖြင့် ပြည့်နှက်နေပြီး ကြောက်မက်ဖွယ် ဖိအားဒဏ်ကို မခံနိုင် ဖြစ်နေကြသည်။
“'ကောင်းကင်ဘုံ လူသား' ဘုံ စွမ်းအားရှင်”
လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့၏ မျက်နှာများ ပြောင်းလဲသွားပြီး ရုတ်ချည်းပင် နာကျင်သော အမူအရာများ ထင်ဟပ်လာသည်။ သူတို့ အသက်ရှူ မဝတော့သလို ခံစားနေရသည်။
ဖုန်းဝူချန်၏ မျက်နှာအမူအရာပင်လျှင် ထိုအခိုက်အတန့်၌ အနည်းငယ် ပြောင်းလဲသွားသည်။
'ကောင်းကင်ဘုံ လူသား' ဘုံ၏ ကြောက်မက်ဖွယ် ဖိအားမှာ 'ထျန်းယွမ်' ဘုံ အဆင့်ဖြင့် ခုခံနိုင်စွမ်း ရှိသည့်အရာ မဟုတ်ပေ။
'ရှန်ကွမ်း' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ စုစုပေါင်း ဆယ့်ခြောက်ယောက် ရှိသည်။ 'ကောင်းကင်ဘုံ လူသား' ဘုံ သုံးယောက်၊ 'ထျန်းယွမ်' ဘုံ နဝမလွှာ အဆင့် နှစ်ယောက်၊ အဋ္ဌမလွှာ အဆင့် သုံးယောက်၊ သတ္တမလွှာ အဆင့် ငါးယောက်နှင့် ဆဌမလွှာ အဆင့် သုံးယောက် ဖြစ်သည်။
သူတို့၏ အင်အားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
'ရှန်ကွမ်း' မိသားစုသည် 'ထျန်းလော့' မြို့၏ မိသားစုကြီး လေးခုကို ဦးဆောင်သူ အဖြစ် ထိုက်တန်ပါပေသည်။
'ရှန်ကွမ်း' မိသားစု၏ သခင်ကြီး 'ရှန်ကွမ်းထျန်းယွဲ့' ၏ အစွမ်းမှာ 'ကောင်းကင်ဘုံ လူသား' ဘုံ ဒုတိယလွှာ အဆင့်သို့ပင် ရောက်ရှိနေပြီး အလွန်တရာ အစွမ်းထက်လှသည်။
မြို့ဂိတ် အပြင်ဘက်ရှိ ကြီးမားသော တွင်းနက်ကြီးထဲတွင် ဖုန်းဝူချန် တစ်ယောက်တည်းသာ ရှိနေပြီး သူ၏ အနောက်ဘက် အဝေးတွင် 'ရှန်ကွမ်းချင်း' ၏ အလောင်းမှာ 'လျိုယွင်ဖေး' နှင့် အခြားသူများ၏ ဘေးတွင် လဲကျနေလေသည်။
“ချင်းအာ”
'ရှန်ကွမ်းချင်း' ၏ အလောင်းကို မြင်လိုက်ရသောအခါ 'ရှန်ကွမ်းထျန်းယွဲ့' ၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး ပြင်းထန်သော ဝမ်းနည်းပူဆွေးမှုများက သူ၏ နှလုံးသားထဲတွင် လှိုက်တက်လာသည်။
“သခင်လေး”
'ရှန်ကွမ်း' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ တုန်လှုပ်ခြောက်ခြားသွားကြပြီး 'ရှန်ကွမ်းချင်း' ၏ အလောင်းကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။
'ရှန်ကွမ်းချင်း' တကယ် အသတ်ခံလိုက်ရပြီလား။
'ရှန်ကွမ်းထျန်းယွဲ့' က အပြေးအလွှား သွားလိုက်ပြီး 'ရှန်ကွမ်းချင်း' အား အရူးတပိုင်း ပွေ့ဖက်လိုက်ကာပူဆွေးစွာ အော်ဟစ်လိုက်သည်။
“ချင်းအာ ချင်းအာ နိုးလာပါဦး မင်းအဖေကို မခြောက်ပါနဲ့ နိုးလာပါဦး”
“ဘယ်သူ ငါ့သားကို သတ်တာလဲ ရှေ့ထွက်ခဲ့စမ်း” အကြီးအကဲ တစ်ဦးက အလွန် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ ကြောက်မက်ဖွယ် အရှိန်အဝါက လူတိုင်းကို ကြောက်လန့်သွားစေသည်။
“ဦးလေး ရှန်ကွမ်း သူတို့ သူတို့ပဲ။ သူတို့ 'ရှန်ကွမ်းချင်း' ကို သတ်တာ။ ကျွန်တော့်ကိုလည်း ဒဏ်ရာရအောင် လုပ်တယ်။ ပြီးတော့ အစ်ကိုကြီး မော့ကိုလည်း လုပ်ကြံတယ်။ သူတို့ကို လုံးဝ အလွတ်ပေးလို့ မဖြစ်ဘူး” 'လျိုယွင်ဖေး' က ဖုန်းဝူချန်နှင့် လျိုချင်းယန်အား လက်ညှိုးထိုးကာ ဒေါသတကြီး ပြောလိုက်သည်။ သူ၏ မိသားစုမှ အင်အားကြီး ပုဂ္ဂိုလ်များ ရောက်ရှိလာပြီ ဖြစ်၍ စိတ်အေးသွားဟန် တူသည်။
အနည်းဆုံးတော့ သူတို့၏ အသက်မှာ အန္တရာယ် မရှိတော့ပေ။
ဤစကားကို ကြားလိုက်ရသောအခါ 'ရှန်ကွမ်းထျန်းယွဲ့' ၏ မျက်နှာသည် ကြမ်းတမ်းခက်ထန်သွားပြီး သူ၏ လူသတ်လိုသော အကြည့်များက ဖုန်းဝူချန်ထံသို့ ကျရောက်လာသည်။ ဖုန်းဝူချန်အား ချက်ချင်းပင် အမှုန့်ချေပစ်ရန် အသင့်ရှိနေပုံ ပေါ်သည်။
ကြမ်းတမ်းသော မျက်နှာထားဖြင့် အကြီးအကဲ တစ်ဦးက ဖုန်းဝူချန်အား စိုက်ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။ “မင်း သတောင်းစားလေး မင်း တော်တော် သတ္တိကောင်းနေတယ်ပေါ့ သတ်ကြ ငါ့အတွက် သူတို့ကို သတ်ပစ်လိုက်”
“'လျို' မိသားစုရဲ့ သခင်ကြီးလည်း လာပြီ” လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ထပ်မံ အော်ဟစ်လိုက်သည်။
“ဖေးအာ ဖေးအာ”
'လျို' မိသားစု၏ သခင်ကြီးနှင့် အဆင့်မြင့် ပုဂ္ဂိုလ်များ အပြေးအလွှား ရောက်ရှိလာကြပြီး သခင်ကြီးက သူ၏ သားအား စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။
“အဖေ သား.. ဒီမှာ” 'လျိုယွင်ဖေး' က ပြန်အော်လိုက်သည်။
“အဖေ သူတို့ ကျွန်တော့်ကို ဒဏ်ရာရအောင် လုပ်တယ်။ ပြီးတော့ 'ရှန်ကွမ်းချင်း' ကိုလည်း သတ်လိုက်တယ်။ မြန်မြန် သူတို့ကို သတ်လိုက်ပါ..”
'လျိုယွင်ဖေး' က ဖုန်းဝူချန်အား လက်ညှိုးထိုးရင်း ဒေါသတကြီး တိုင်တန်းလိုက်သည်။ သူ၏ မိသားစုမှ အင်အားကြီးများ ရောက်ရှိလာပြီ ဖြစ်၍ အလွန်ပင် သတ္တိရှိလာဟန်တူသည်။
“'ရှန်ကွမ်းချင်း'”
'လျို' မိသားစု ခေါင်းဆောင်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး 'ရှန်ကွမ်းထျန်းယွဲ့' နှင့် သူ၏ ဘေးမှ 'ရှန်ကွမ်းချင်း' ထံသို့ မကြည့်ဘဲ မနေနိုင်တော့ပေ။
“အစ်ကို ရှန်ကွမ်း ဒါ ဒါက” 'လျို' မိသားစု ခေါင်းဆောင်မှာ မယုံကြည်နိုင်လောက်အောင် တုန်လှုပ်သွားသည်။
'ထျန်းလော့' မြို့ထဲတွင် တစ်စုံတစ်ယောက်က 'ရှန်ကွမ်းချင်း' ကို သတ်ရဲလိမ့်မည်ဟု သူ မယုံကြည်နိုင် ဖြစ်နေသည်။
သူ၏ တုန်လှုပ်နေသော အကြည့်များက ဖုန်းဝူချန်ထံသို့ မလွှဲမရှောင်သာ ကျရောက်သွားပြီး ဖုန်းဝူချန်က 'မော့ချင်းယွင်' ကို ဒဏ်ရာရစေနိုင်သည်ကို သူ မယုံကြည်နိုင် ဖြစ်နေသည်။
ထိုအခိုက်အတန့်တွင် 'ရှန်ကွမ်း' မိသားစုမှ 'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့် စွမ်းအားရှင်တစ်ဦးသည် ဖုန်းဝူချန်ထံသို့ လူသတ်လိုသော စိတ်များဖြင့် ပြင်းထန်စွာ တိုးဝင်လာခဲ့သည်။
“သေချင်နေတာလား”
ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်ပြီး သူ၏ အေးစက်သော မျက်လုံးများက တိုးဝင်လာသော ထိုလူအား စိုက်ကြည့်နေသည်။
“ဘုန်း”
“ဖွီ”
ဖုန်းဝူချန်သည် တုံ့ဆိုင်းမနေဘဲ ချက်ချင်း လှုပ်ရှားလိုက်သည်။ သူ၏ ပုံရိပ် လှစ်ခနဲ ပျောက်ကွယ်သွားပြီး ရုတ်တရက် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ 'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့်ရှိ ထိုလူမှာ သွေးများ အန်ထုတ်လိုက်ရပြီး ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသော အရှိန်ဖြင့် နောက်ပြန် လွင့်စင်သွားတော့သည်။
အားကြီးလှသည်။ မယုံနိုင်လောက်အောင် အားကြီးလှသည်။
လက်သီးတစ်ချက်တည်းဖြင့် 'ထျန်းယွမ်' ဘုံ ဆဌမလွှာ အဆင့် ပုဂ္ဂိုလ်တစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေခဲ့သည်။
“'ထျန်းယွမ်' ဘုံ စတုတ္ထလွှာ ဒီလောက် ကြီးမားတဲ့ အစွမ်းပိုင်ရှင်” 'လျို' မိသားစု ခေါင်းဆောင် လျိုချင်းယန်၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး ဖုန်းဝူချန်အား တုန်လှုပ်စွာ စိုက်ကြည့်နေသည်။
“သခင်ကြီး ဒီကောင်လေး တော်တော် အစွမ်းထက်တယ်။ ဘယ်အင်အားစုက ပါရမီရှင်မှန်းတောင် ကျွန်တော်တို့ မသိဘူး” အကြီးအကဲ တစ်ဦးက လေးနက်သော မျက်နှာထားဖြင့် တိုးတိုးလေး ဆိုသည်။
“အဖေ မြင်တယ် မဟုတ်လား သူတို့” 'လျိုယွင်ဖေး' က ဒေါသတကြီးဖြင့် သွားကြိတ်ရင်း စကား စတင်လိုက်သော်လည်း သူ၏ စကား မဆုံးမီမှာပင် ဖြတ်တောက်ခြင်း ခံလိုက်ရသည်။
“မင်း ဝင်မစွက်ဖက်နဲ့”။
'လျို' မိသားစု ခေါင်းဆောင်က လေးနက်စွာ ဆိုလိုက်ပြီး 'လျိုယွင်ဖေး' အား အသံတိုးတိုးဖြင့် ဆူပူလိုက်သည်။ “တုံးလိုက်တာကွာ သူတို့က အလွယ်တကူ ရန်စလို့ ရတဲ့သူတွေ မဟုတ်ဘူးဆိုတာ မင်း မမြင်ဘူးလား။ 'မော့ချင်းယွင်' ကိုတောင် ဒဏ်ရာရအောင် လုပ်ရဲတယ် ဆိုကတည်းက သူ့မှာ အင်အားကြီးတဲ့ နောက်ခံ ရှိရမယ် သူက 'မော့ချင်းယွင်' ထက် ပိုသန်မာရမယ်”
'လျိုယွင်ဖေး' မှာ လုံးဝ ကြက်သေသေသွားသည်။ ဖုန်းဝူချန်အား ကြောင်ငေး စိုက်ကြည့်နေရင်း ဖုန်းဝူချန်သည် တကယ် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်သည်ကို သူ စတင် သဘောပေါက်လာဟန်တူသည်။
ဤမျှ ငယ်ရွယ်ပြီး 'မော့ချင်းယွင်' ထက်ပင် နှစ်အနည်းငယ် ငယ်သော်လည်း ဤမျှ ကြောက်မက်ဖွယ် စွမ်းအားကို ပိုင်ဆိုင်ထားသည်။ ဤသို့သော လူက လူမိုက်တစ်ဦး ဖြစ်နိုင်ပါ့မလား။
ကြီးမားသော အင်အားစုက သူ့အား ကျောထောက်နောက်ခံ မပေးထားပါလျှင် ဖုန်းဝူချန်က 'ထျန်းလော့' မြို့တွင် ဤသို့ ရိုင်းစိုင်းစွာ ပြုမူရဲမည်လား 'ရှန်ကွမ်းချင်း' ကို သတ်ရဲမည်လား သို့မဟုတ် 'မော့ချင်းယွင်' ကို ဒဏ်ရာရအောင် လုပ်ရဲမည်လား။
'လျိုယွင်ဖေး' သည် တွေးလေလေ ကြောက်လာလေ ဖြစ်နိုင်သည်ဟု ပို၍ တွေးလာလေ ဖြစ်သည်။
'ရှန်ကွမ်း' မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များ ရှေ့တွင်ပင် ဖုန်းဝူချန်နှင့် အခြား သုံးယောက်မှာ စိုးရိမ်သောက အလျဉ်း မရှိသည်ကို မြင်တွေ့ရခြင်းက ဖုန်းဝူချန်နှင့် သူ့အဖော်များတွင် ကြောက်မက်ဖွယ် အဆက်အသွယ်များ ရှိနေသည်ဟူသော သူ၏ ယုံကြည်ချက်ကို ပိုမို ခိုင်မာစေသည်။
“သူ့ရဲ့ နောက်ခံက အစ်ကိုကြီး မော့ထက်တောင် ပို ကြောက်ဖို့ကောင်းနေမလား” 'လျိုယွင်ဖေး' က တိတ်တဆိတ် တွေးဆလိုက်ရာ သူ၏ နှလုံးသား အေးစက်သွားသလို ခံစားလိုက်ရသည်။
“ဖေးအာ တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ” 'လျို' မိသားစု ခေါင်းဆောင်က လေးနက်သော အသံဖြင့် မေးလိုက်သည်။
'လျိုယွင်ဖေး' က ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြန်ဖြေသည်။ “သူတို့ သူတို့က 'ကျန်းမိသားစု' နေတဲ့ နေရာကို မေးတာ အဲ့ဒါနဲ့ ကျွန်တော်တို့က စကား နည်းနည်း ပြောလိုက်တော့ သူက ကျွန်တော်တို့ကို စော်ကားတယ်။ အဲ့ဒါနဲ့ ကျွန်တော်က အရင် ဝင်တိုက်လိုက်တာ နောက်ဆုံးတော့ အဖြူရောင် အဝတ်နဲ့ ဟိုကောင်လေး လက်ချက်မိပြီး ဒဏ်ရာရသွားတာပဲ”
“'ကျန်းမိသားစု' ကို မေးစုံစမ်းနေတာ” 'လျို' မိသားစု ခေါင်းဆောင်၏ မျက်ခုံးများ အနည်းငယ် တွန့်သွားပြီး ဖုန်းဝူချန်အား လေးနက်သော အမူအရာဖြင့် အကဲခတ်လိုက်သည်။
ရုတ်တရက် ၊အလွန်အမင်း ဝမ်းနည်းပူဆွေးမှုဖြင့် ဖိစီးနေသော 'ရှန်ကွမ်းထျန်းယွဲ့' က ဟိန်းဟောက်လိုက်သည်။
“လူလွှတ်ပြီး သူတို့ရဲ့ နောက်ကြောင်းကို စုံစမ်း သူတို့နဲ့ ပတ်သက်တဲ့ လူမှန်သမျှ သေရမယ်”
'ရှန်ကွမ်းထျန်းယွဲ့’၏ မျက်လုံးများမှာ ဒေါသဖြင့် သွေးနီရောင်များ လွှမ်းနေသည်။
သားဖြစ်သူကို ဆုံးရှုံးလိုက်ရသော နာကျင်မှုက 'ရှန်ကွမ်းထျန်းယွဲ့' အား ဒေါသတကြီးဖြင့် အသိဉာဏ်မဲ့သွားစေသည်။
'ရှန်ကွမ်းချင်း' သေဆုံးမှုသည် 'ထျန်းလော့' မြို့၏ အခြား အဓိက မိသားစုကြီး နှစ်ခုကိုလည်း တုန်လှုပ်သွားစေပြီး မိသားစု နှစ်ခုလုံးမှ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် မျိုးဆက်သစ်များ မြို့ဂိတ်များဆီသို့ အလျင်အမြန် ရောက်ရှိလာကြသည်။
အပြင်းအထန် ဒဏ်ရာရထားသော 'မော့ချင်းယွင်' သည် သူ၏ ကြီးမားသော ဒဏ်ရာများကို သယ်ဆောင်လျက် ယိုင်နဲ့စွာ ပျံသန်းလာသည်။
အပြင်းအထန် ဒဏ်ရာရနေသော 'မော့ချင်းယွင်' ကို မြင်လိုက်ရသောအခါ 'ရှန်ကွမ်းထျန်းယွဲ့' အပါအဝင် ရှိနေသူ အားလုံး တုန်လှုပ်သွားကြသည်။
'မော့ချင်းယွင်' သည် အလွန် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း ဖုန်းဝူချန်မှာမူ လုံးဝ ထိခိုက်မှု မရှိခဲ့ပေ။
ဤဖြစ်ရပ်မှာ မည်မျှ ကြီးမားသော ကွာခြားချက် ဖြစ်သနည်း။
“ဟိုကောင်လေးရဲ့ အစွမ်းက အရမ်း ကြောက်ဖို့ကောင်းတာပဲ လက်သီး နှစ်ချက်နဲ့ ကန်ချက် တစ်ချက်တည်းနဲ့ 'မော့ချင်းယွင်' ကို ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားစေတယ်”
“'ထျန်းယွမ်' ဘုံ စတုတ္ထလွှာက တကယ်ပဲ ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအား ရှိတာလား သူ ဘယ်သူလဲ”
“'မော့ချင်းယွင်' က ဒီလောက် ပြင်းထန်တဲ့ ဒဏ်ရာတွေ ရသွားတယ်။ 'ထျန်းယွမ်' ဘုံ စတုတ္ထလွှာက ဆဌမလွှာကို လက်သီးတစ်ချက်တည်းနဲ့ အပြင်းအထန် ဒဏ်ရာရစေတယ် သူ တကယ်ပဲ ဒီလောက် အစွမ်း ရှိတာလား”
လူအုပ်ကြီးမှာ ပို၍ပင် ထိတ်လန့်တကြား အံ့အားသင့်လာကြသည်။
“လူယုတ်မာ ငါ မင်းကို အရေခွံနွှာပစ်မယ်”
'ရှန်ကွမ်းထျန်းယွဲ့' က အရူးအမူး ဟိန်းဟောက်လိုက်ပြီး 'ကောင်းကင်ဘုံ လူသား' ဘုံ၏ ပြင်းထန်သည့် စွမ်းအားများ ရူးသွပ်မတတ် စီးဆင်းထွက်ပေါ်လာ၏။
“ဝှီ ဝှီ”
ထို စွမ်းအားသည် 'ထျန်းလော့' မြို့ တစ်ခုလုံးကို တုန်ခါသွားစေသည်။ မြို့ဂိတ် အပြင်ဘက်တွင် ကြီးမားသော တွင်းနက်ကြီးမှာ နောက်တစ်ကြိမ် ပြိုကျ ပေါက်ကွဲသွားပြီး အဝေးမှ ပွဲကြည့် ပရိသတ်များမှာလည်း ပြင်းထန်စွာ တုန်ရီနေကြ၏။
“အစ်ကိုကြီးဖုန်း သတိထား” လင်ရှောင်ရှောင်က အပြေးအလွှား ရောက်လာပြီး သူမ၏ လှပသော မျက်နှာလေးမှာ တင်းမာနေသည်။
“မြေကမ္ဘာအဆင့် အခြေခံ သိုင်းပညာ ငရဲမီး လက်ဝါး”
အသိဉာဏ်မဲ့လောက်အောင် ဒေါသထွက်နေသော 'ရှန်ကွမ်းထျန်းယွဲ့' က ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး မြေကမ္ဘာ အဆင့် သိုင်းပညာကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်အား လက်ဝါး တစ်ချက်တည်းဖြင့် အပြီးတိုင် ချေမှုန်းပစ်ရန် ရည်ရွယ်လိုက်၏။
'ရှန်ကွမ်းထျန်းယွဲ့' သည် သက်ညှာခြင်း အလျဉ်းမရှိဘဲ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်ထံသို့ လက်ဝါးအားလှိုင်း တစ်ခု ပစ်သွင်းလိုက်သည်။
“ဝှီး”
“ဝှီ ဝှီ”
အစိမ်းရောင် လက်ဝါး ပုံရိပ်တစ်ခု ပစ်ထွက်လာသည်။ ၎င်းမှာ ပေအနည်းငယ်မျှသာ အရွယ်အစား ရှိပုံ ပေါက်သော်လည်း အတွင်း၌ ပါဝင်သော စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။
ထို ကြောက်မက်ဖွယ် လက်ဝါး ပုံရိပ်ကို ကြည့်ရင်း မြို့ပတ်လည်မှ ပွဲကြည့်နေသော ကျင့်ကြံသူ အားလုံးမှာ မကောင်းဆိုးဝါး တစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်တကြား ဖြစ်သွားကြသည်။
“ဟွန့်”
လင်ရှောင်ရှောင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး ခုခံ တားဆီးရန် အကာအကွယ် တစ်ခု ဖန်တီးရန် ပြင်လိုက်သည်။
“ဝှီး”
သို့သော် ထိုအခိုက်အတန့်မှာပင် ပုံရိပ်တစ်ခုသည် အလွန် ထူးဆန်းသော ပုံစံဖြင့် ဖုန်းဝူချန်၏ ရှေ့မှောက်သို့ ရုတ်တရက် ပေါ်ထွက်လာသည်။
'ကောင်းကင်ဘုံ လူသား' ဘုံ ပဉ္စမလွှာ၏ ကြောက်မက်ဖွယ် အရှိန်အဝါ ။
ရောက်ရှိလာသူက သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး လက်ဝါးကို ဖြန့်ထားလိုက်သည်။ သူ့ထံသို့ ပစ်ဝင်လာသော ကြောက်မက်ဖွယ် လက်ဝါး ပုံရိပ်သည် လေထဲတွင် ထူးဆန်းစွာ ရပ်တန့်သွား၏။ ထိုသူက သူ၏ လက်ကို လက်သည်းကုတ်သဏ္ဌာန် ဆုပ်ကိုင်လိုက်ရာ ကြောက်မက်ဖွယ် စွမ်းအင် တံဆိပ်ကြီးမှာ စတင် ကျုံ့ဝင်သွားပြီးနောက် မည်သို့မျှ ရှင်းပြ၍ မရနိုင်ဘဲ ပျောက်ကွယ်သွားတော့သည်။
“'ကောင်းကင်ဘုံ လူသား' ဘုံ ပဉ္စမလွှာ”
'ရှန်ကွမ်းထျန်းယွဲ့' ၏ မျက်နှာ သိသိသာသာ ပြောင်းလဲသွားသည်။
ရှိနေသူ အားလုံးမှာ ပို၍ပင် ကြောက်ရွံ့သွားကြပြီး သူတို့၏ ကြောက်လန့်နေသော မျက်ဝန်းများအားလုံး ရောက်ရှိလာသူ ထံသို့ စုပြုံ ကျရောက်သွားလေသည်။
“သူ သူတို့မှာ တကယ်ပဲ ကြီးမားတဲ့ နောက်ခံ ရှိနေတာပဲ” 'လျိုယွင်ဖေး' မှာ လုံးဝ ထိတ်လန့်သွားသည်။
ဤသူကား မည်သူနည်း။ ဖုန်းဝူချန်၏ နောက်ကွယ်မှ စွမ်းအားရှင်လား။
ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင် နှစ်ဦးစလုံး အံ့အားသင့်သွားကြသလို လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့မှာလည်း ကြက်သေသေသွားကြသည်။
ဤ 'ထျန်းယွမ်' ဘုံ ပဉ္စမလွှာ အဆင့်ရှိ ပုဂ္ဂိုလ်ကား မည်သူနည်း။ အဘယ်ကြောင့် သူတို့ကို ကူညီရသနည်း။
“ရှန်ကွမ်းထျန်းယွဲ့ မင်း တော်တော် သတ္တိကောင်းနေတယ်ပေါ့” ရောက်ရှိလာသူက အေးစက်စွာ ဆိုလိုက်သည်။ သူ၏ အေးစက်သော အသံထဲတွင် ခြိမ်းခြောက်မှုများ ပြည့်နှက်နေပြီး သူ၏ ကြောက်မက်ဖွယ် လူသတ်လိုသော အငွေ့အသက်က 'ရှန်ကွမ်းထျန်းယွဲ့' အား ပစ်မှတ်ထားလိုက်သည်။
'ရှန်ကွမ်းထျန်းယွဲ့' က မော့ကြည့်လိုက်ပြီး ထိုသူ မည်သူဖြစ်သည်ကို မြင်လိုက်ရသောအခါ ကြောက်လန့်တကြားဖြင့် လဲကျမသွားရုံတမယ် ဖြစ်သွားသည်။
ရောက်ရှိလာသူမှာ 'ရှန်ကွမ်းထျန်းယွဲ့' အား ဟိန်းဟောက်လိုက်သော လူလတ်ပိုင်း အရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။
“ဒူးထောက်စမ်း”
သူက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အလွန် ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခုက 'ရှန်ကွမ်းထျန်းယွဲ့' အပေါ်သို့ ဖိနှိပ်ကျရောက်လာပြီး 'ရှန်ကွမ်းထျန်းယွဲ့’အား ဒူးထောက်စေရန် အတင်းအကျပ် ဖိအားပေးလိုက်သည်။