← Chapters

လျိုချင်းယန် ပွဲထွက်ခြင်း

Vol. 24 Ch. 347

လျိုချင်းယန် ပွဲထွက်ခြင်း

Vol. 24 Ch. 347

~'အင်မော်တယ် လက်နက် စံအိမ်' ဆိုတာက ပြည်မကြီး ၏ နံပါတ်တစ် လက်နက်သန့်စင်ခြင်း ဂိုဏ်းပင်။ သူတို့၏ မူဝါဒက ရှင်းသည်။ မည်သည့် လက်နက်သန့်စင်သူမျိုးမဆို သူတို့ကို ကျော်တက်သွားခွင့် လုံးဝ မရှိပေ။

ယခုတော့ 'ကျန်းကျွင့်လန်' က ပြည်မကြီးရဲ့ ထိပ်တန်းပါရမီရှင် ဘွဲ့ကြီးကို ဆွတ်ခူးသွားခဲ့လေ၏။

သည်အတိုင်းသာဆို မဝေးတော့သည့် အနာဂတ်မှာ 'ကျန်းမိသားစု' က 'အင်မော်တယ် လက်နက် စံအိမ်' ကို ကျော်တက်သွားမည့် အလားအလာ ရှိနေလေသည်။

'အင်မော်တယ် လက်နက် စံအိမ်' ကရော သူတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်လာမည့် အဖြစ်မျိုးကို လက်ပိုက်ကြည့်နေမည်လား။

သို့ရာတွင်၊ 'အင်မော်တယ် လက်နက် စံအိမ်' က တွက်ကွက်မှားသွားတာ တစ်ခု ရှိနေသည်။ သူတို့ မထင်မှတ်ထားခဲ့တာကတော့ သေရေးရှင်ရေး အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် 'ကျန်းမိသားစု' က 'ဖုန်းဝူချန်' ကို ကြိုတင် ဖိတ်ခေါ်ထားခဲ့ပြီး ဖြစ်နေခြင်းပင်။

'ကျန်းကျွင့်လန်' မှာတော့ သူ့ဆရာ 'ဖုန်းဝူချန်' ၏ ကြောက်မက်ဖွယ် လက်နက်သန့်စင်ခြင်း အဆင့်နှင့်ဆို 'အင်မော်တယ် လက်နက် စံအိမ်' ကို အသေအချာ နှိမ်နင်းနိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားလေသည်။

'အင်မော်တယ် လက်နက် စံအိမ်'ကဲ့သို့ ဧရာမ အဖွဲ့အစည်းကြီးကို ရင်ဆိုင်ဖို့ 'ကျန်းမိသားစု' မှာ 'ဖုန်းဝူချန်' ကို ယုံကြည် အားကိုးရုံကလွဲပြီး တခြား မည်သို့ ရွေးချယ်စရာများ ရှိတော့မည်နည်း။

---

'ကြယ်တာရာ နယ်မြေ'၏ တည်နေရာကို သိရှိသွားပြီးနောက်မှာတော့ ဖုန်းဝူချန်နှင့် သူ့အဖော် သုံးယောက်ဟာ တည်းခိုခန်းမှ ထွက်ခွာခဲ့ပြီး 'ကြယ်တာရာ နယ်မြေ' ဆီ တန်းတန်းမတ်မတ် ဦးတည်လိုက်ကြတော့သည်။

'အနောက်ပိုင်း ဒေသ' ဟာ 'ကြယ်တာရာ နယ်မြေ' နှင့် သိပ်မဝေးလှသော်ငြား တစ်နာရီလောက် ခရီးနှင်ရသေးရာ 'အနောက်ပိုင်း ဒေသ' ၏ကျယ်ပြန့်မှုကို ပြသနေသလိုပါပင်။

'ကြယ်တာရာ နယ်မြေ' ထဲ ခြေချမိသည်နှင့် ဖုန်းဝူချန်တို့ တစ်ဖွဲ့ဟာ 'ထျန်းလော့' မြို့ ကို ရောက်ရှိလာခဲ့ကြသည်။ 'ကျန်းမိသားစု' ၏ တိကျသော နေရာကို ဦးစွာ စုံစမ်းမေးမြန်းဖို့ သူတို့ စီစဉ်လိုက်ကြ၏။

ထိုအချိန်တည်းမှာပင်၊ 'ကျန်းမိသားစု' ၏ ခမ်းနားလှသော နန်းတော်ကြီး အတွင်း အကြီးအကဲများ စုဝေးတိုင်ပင်နေကြစဉ် အရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုသူ၏ အရှိန်အဝါကို ကြည့်ရုံဖြင့် 'ကောင်းကင်ဘုံ လူသား' ကျင့်ကြံဆင့် အဆင့်ရှိပြီး အလွန် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းပိုင်ရှင်မှန်း သိသာလှသည်။

"မိသားစု ခေါင်းဆောင်ကို သတင်းပို့ပါတယ် 'ဆေးဧကရာဇ် ဖုန်းဝူချန်' က 'ထျန်းလော့' မြို့ကို ရောက်နေပါပြီ။ သခင်လေးရဲ့ ဖော်ပြချက်နဲ့ ကိုက်ညီပါတယ် ယောက်ျားနှစ်ယောက်၊ မိန်းမနှစ်ယောက်ပါပဲ။" ထိုသူက လေးစားစွာ သတင်းပို့လိုက်သည်။

"ဆရာ 'ကြယ်တာရာ နယ်မြေ' ကို ရောက်လာပြီလား။" ကျန်းကျွင့်လန် ချက်ချင်းပင် ဝမ်းသာကြည်နူးမှုများဖြင့် ပြည့်နှက်သွားတော့သည်။

"နောက်ဆုံးတော့ သူ ရောက်လာခဲ့ပြီ။" 'ကျန်းမိသားစု' ၏ မိသားစု ခေါင်းဆောင်မှာလည်း ပျော်ရွှင်သော အမူအရာကို ပြသလာ၏။

"သခင်လေး ခင်ဗျားရဲ့ ဆရာက 'အင်မော်တယ် လက်နက် စံအိမ်' ကို တကယ်ပဲ နိုင်နိုင်ပါ့မလားဗျာ။" အကြီးအကဲ တစ်ဦးက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။

"အကြီးအကဲ စိတ်ချလက်ချသာ နေပါ။ ကျွန်‌တော့် ဆရာရဲ့ လက်နက်သန့်စင်ခြင်း ပညာရပ်က အင်မတန် ကြောက်စရာကောင်းတယ်။ 'အင်မော်တယ် လက်နက် စံအိမ်' ကို ရင်ဆိုင်ဖို့ ဘာမှ ပြဿနာ မရှိစေရဘူး။ ပြီးတော့ ရှောင်ရှောင်ရဲ့ နောက်ခံက ပိုတောင် ကြောက်ဖို့ကောင်းသေးတယ်။ သူ့နောက်က အင်အားစုက 'အင်မော်တယ် လက်နက် စံအိမ်' ထက်တောင် ပိုသန်မာတာ သေချာတယ်။" ကျန်းကျွင့်လန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

"လန်အာ မင်းဆရာကို သွားမကြိုသေးဘဲ ဘာလုပ်နေတာလဲ။" 'ကျန်းမိသားစု' သခင်ကြီးက အလျင်စလို လှမ်းပြောသည်။

"ဟုတ်ကဲ့။ ကျွန်‌တော် ချက်ချင်း သွားလိုက်ပါ့မယ်။" ကျန်းကျွင့်လန်က စိတ်လှုပ်ရှားစွာ ဆို၏။

"သခင်လေး ဒီအဖိုးကြီးလည်း အတူ လိုက်ခဲ့ပါရစေ။ ဒီလို အရေးကြီးတဲ့ ဧည့်သည်တော်တွေကို ကျွန်တော်တို့ ဂရုမစိုက်ဘဲ နေလို့ မဖြစ်ဘူးလေ။" ပထမ အကြီးအကဲက ချက်ချင်း ဝင်ပြောလိုက်ပြီးနောက် 'ကျန်းမိသားစု' ၏ အင်အားကြီး ပုဂ္ဂိုလ်များကို ဦးဆောင်ကာ ဖုန်းဝူချန်အား ကြိုဆိုရန် ထွက်ခွာသွားတော့သည်။

'ကျန်းမိသားစု' မှ အင်အားကြီး ပုဂ္ဂိုလ် ဒါဇင်ပေါင်းများစွာ ထွက်ခွာသွားကြသည်။ ထိုတန်းစီလှည့်လည်မှုမှာ အလွန်ပင် ခံ့ညားလှ၏။ အားလုံးမှာ 'ကောင်းကင်ဘုံ လူသား' ဘုံ အဆင့်ထက် မြင့်မားသူများချည်း ဖြစ်ပြီး သူတို့ထဲတွင် 'ထျန်းကျိ' ဘုံအဆင့် စွမ်းအားရှင် အများအပြားလည်း ပါဝင်သည်။ အသန်မာဆုံးမှာကား ပထမ အကြီးအကဲပင် ဖြစ်သည်။

'ကျန်းမိသားစု' ၏ ပထမ အကြီးအကဲမှာ အလွန် မြင့်မားသော အဆင့်အတန်းရှိသူ ဖြစ်ပြီး ပြည်မကြီးတစ်ခွင်လုံးတွင် လူသိများသော ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ 'ထျန်းကျိ' ဘုံ အဆင့် အဌမ လွှာသို့ပင် ရောက်ရှိနေပြီ ဖြစ်ကာ အစွမ်းမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

သူကိုယ်တိုင်ကလည်း 'သတ္တမ အဆင့် ' လက်နက်သန့်စင်သူ တစ်ဦး ဖြစ်သောကြောင့် ပြည်မကြီးတစ်ခွင်မှ မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ အထူးတလည် လေးစားမှုကို ခံရသူ ဖြစ်လေသည်။

ဖုန်းဝူချန်အား ကြိုဆိုရန် ဤမျှကြီးကျယ်ခမ်းနားသော အခမ်းအနားဖြင့် စီစဉ်ခြင်းမှာ သူတို့၏ စိတ်ရင်းမှန်ကို ပြသလိုက်ခြင်းပင် ဖြစ်၏။

---

တစ်ဖက်တွင်မူ 'ထျန်းလော့' မြို့ အတွင်း

လျိုချင်းယန်က လမ်းသွားလမ်းလာ တစ်ဦးကို တားလိုက်ပြီး ယဉ်ကျေးစွာ မေးလိုက်သည်။

"ဒီက အစ်ကို 'ကျန်းမိသားစု' ကို ဘယ်လိုသွားရလဲ သိပါသလား ခင်ဗျာ။"

"ကျန်းမိသားစု ဟုတ်လား။ ဘယ် 'ကျန်းမိသားစု' ကို ပြောတာလဲ။" ထို သန်မာထွားကြိုင်းသော လူကြီးက ကြောင်တောင်တောင်ဖြင့် ပြန်မေးသည်။

"လက်နက်သန့်စင်တဲ့ မိသားစုလေ 'ကျန်းမိသားစု' ပါ။"

"အော် အဲ့ 'ကျန်းမိသားစု' လား။ သူတို့က 'ထျန်းလော့' မြို့ရဲ့ အရှေ့ဘက်မှာဗျ။"

"ကျေးဇူးတင်ပါတယ် အစ်ကို။" လျိုချင်းယန်က ကျေးဇူးတင်စကား ဆိုလိုက်သည်။

နေရာ သိသွားပြီ ဖြစ်သောကြောင့် ဖုန်းဝူချန်တို့ အဖွဲ့လည်း 'ကျန်းမိသားစု' ရှိရာသို့ ထွက်ခွာရန် ပြင်လိုက်ကြသည်။

သို့သော် ထိုအခိုက်မှာပင် အလွန် နားရှုပ်စရာကောင်းပြီး မထီမဲ့မြင်ပြုသော အသံတစ်ခုက သူတို့ နားထဲသို့ ပျံ့လွင့်လာခဲ့သည်။

"ကိုယ့်အဆင့်ကိုယ် ဘာမှန်းမသိဘဲနဲ့ 'ကျန်းမိသားစု' ကိုတောင် သွားရဲကြသေးတာလား။"

"‘ကျန်းမိသားစု’ ဆိုတာ လက်နက်သန့်စင်တဲ့ မိသားစုကွ။ အဆင့်အတန်းက မြင့်လွန်းတယ်။ အဲ့ဒါ ဘယ်လို 'ပေါက်စန' တွေမှ ဝင်လို့ရတဲ့ နေရာ မဟုတ်ဘူး။"

"အာ 'ကျန်းမိသားစု' ကို လာတွေ့ချင်တဲ့ လူကြီးပိုင်းတွေတောင် 'ကျန်းမိသားစု' က လက်ခံတွေ့ရဲ့လား အရင် ကြည့်ရသေးတာ။ မင်းတို့လိုကောင်တွေကတော့ 'ကျန်းမိသားစု' ရဲ့ ဂိတ်ဝကိုတောင် မြင်ခွင့်ရမှာ မဟုတ်ဘူး။"

လမ်းမ၏ ဘေးတစ်ဖက်တွင် အလွန် ငယ်ရွယ်သော လူငယ် ယောက်ျား၊ မိန်းမ တစ်စုက ဖြည်းညှင်းစွာ လျှောက်လှမ်းလာကြသည်။ သူတို့သည် လျိုချင်းယန်က 'ကျန်းမိသားစု' အကြောင်း မေးမြန်းနေသည်ကို ကြားလိုက်ရသည့် အခါ မထိတထိ လှောင်ပြောင်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာလည်း မထီမဲ့မြင် အမူအရာများဖြင့် ပြည့်နှက်နေလေသည်။

ဤစကားကို ကြားလိုက်ရသည်နှင့် လျိုချင်းယန်၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး သူ၏ အေးစက်သော အကြည့်များက ထိုလူငယ်၊ လူရွယ်များထံသို့ လှစ်ခနဲ ကျရောက်သွားသည်။

သူတို့၏ ဝတ်စားဆင်ယင်မှုနှင့် ကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါကို ကြည့်ရုံဖြင့် ထို ခြောက်ယောက်စလုံးမှာ အတော်အတန် နောက်ခံ အင်အား ရှိကြမှန်း သိသာလှသည်။ သူတို့သည် 'ထျန်းလော့' မြို့ အနီးအနားမှ အင်အားစု တစ်ခုခု၏ ပါရမီရှင်များ ဖြစ်နိုင်ပေသည်။

ထို လူငယ်၊ လူရွယ် ခြောက်ယောက် အုပ်စုတွင် ယောက်ျား ငါးယောက်နှင့် မိန်းမ တစ်ယောက် ပါဝင်ပြီး အားလုံး၏ ကျင့်ကြံခြင်း အဆင့်မှာ 'ထျန်းယွမ်' ဘုံ အဆင့် တတိယလွှာ အထက်တွင် ရှိကြသည်။

ဖုန်းဝူချန်ကတော့ ထို ခြောက်ယောက်အား 'မမြင်သလို' ပင် လျစ်လျူရှုထားလိုက်သည်။

လင်ရှောင်ရှောင်မှာလည်း မျက်နှာထား အေးစက်နေပြီး သူတို့ကို လှည့်၍ပင် မကြည့်ခဲ့။

သို့သော် လျိုချင်းယန်မှာမူ ထိုသို့ စိတ်ကောင်းထားနိုင်သူ မဟုတ်ပေ။ သူက ချက်ချင်း ပြန်လည် ချေပလိုက်သည်။

"ဟုတ်တယ်လေ။ 'ပေါက်စန' တွေက ဝင်ခွင့်မရတော့ သူများတွေကို မနာလို ဝန်တိုနေရုံပဲ တတ်နိုင်တာပေါ့။"

ဒီစကားကို ကြားလိုက်ရသောအခါ ထို ခြောက်ယောက်လုံး မျက်နှာများ ချက်ချင်း မည်းမှောင်သွားကြသည်။ လျိုချင်းယန်၏ စကားလုံးများက သူတို့ကို တိုက်ရိုက် ရည်ညွှန်းနေမှန်း သိသာလွန်းလှသည်။

"မင်း မင်း သူတောင်းစားလေး။ မင်း ဘာစကား ပြောလိုက်တာ။" လူငယ်တစ်ဦးက လျိုချင်းယန်အား ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ မျက်နှာမှာလည်း အလွန် အရုပ်ဆိုးသွားသည်။

"နားမလည်ဘူးလား။ ဒါဆို ငါ ပိုရှင်းအောင် ပြောပေးမယ်လေ။" လျိုချင်းယန်က ထို ခြောက်ယောက်အား လက်ညှိုးထိုးလိုက်ပြီး "ငါ ပြောတာက မင်းတို့အားလုံးဟာ အဲ့ဒီ 'ပေါက်စန' တွေပဲလို့။" ဟု အေးစက်စွာ ပြုံးရင်း ပြောလိုက်သည်။

"မင်း သေချင်နေပြီလား။" ထိုလူငယ်တစ်ဦးမှာ ဒေါသ အလွန်အမင်း ထွက်သွားပြီး "ငါတို့ကိုတောင် စော်ကားရဲတယ်။ မင်း သေချင်လို့။" ဟု ကြိမ်းဝါးရင်း 'အစစ်အမှန်ယွမ်' စွမ်းအင်ကို ထုတ်ဖော်လိုက်ကာ လျိုချင်းယန်ထံသို့ တအား ထိုးနှက်လိုက်တော့သည်။

ထိုလူငယ်သည် 'ထျန်းယွမ်' ဘုံ အဆင့် တတိယလွှာ လျိုချင်းယန်ထက် အဆင့် တစ်လွှာ ပိုမြင့်ပြီး သူ၏ အစွမ်းမှာ အားနည်းသည်ဟု မဆိုသာပေ။

"ဘုန်း။"

"ဝေါ့။"

သို့သော် ထိုလူငယ် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်မှာ သူ၏ တိုက်ခိုက်မှုသည် ပစ်မှတ်ထံသို့ မရောက်ရှိသေးမီမှာပင် လျိုချင်းယန်က ကြောက်မက်ဖွယ် အရှိန်နှုန်းဖြင့် သူ့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြီး သူ့အား လေထဲ လွင့်စင်သွားစေခဲ့ကာ သွေးများပင် ပန်းထွက်သွားစေသည်။

လျိုချင်းယန်၏ လက်သီးမှာ အားမနည်းလှပေ။ 'ထျန်းယွမ်' ဘုံ အဆင့် တတိယလွှာကို လက်သီးတစ်ချက်တည်းဖြင့် ဒဏ်ရာရစေသည်မှာ သူ၏ ကြီးမားသော စွမ်းအားကို ပြသနေသည်။

ထိုလူငယ်သည် လမ်းမပေါ်သို့ အရုပ်ကျိုးပြတ် လွင့်ကျသွားပြီး မျက်နှာမှာ သွေးဆုတ်ဖြူလျော်လျက် ပြန်၍ပင် မထနိုင်တော့ပေ။

"သခင်လေးလျို"

ကျန်ငါးယောက်၏ မျက်နှာများမှာ ချက်ချင်းဆိုသလို အုံ့မှိုင်းသွားကြသည်။

"ငါ ပြောသားပဲ 'ပေါက်စန' တွေက စင်မြင့်ကြီးပေါ်ကို ဘယ်တော့မှ တက်ခွင့်မရဘူးလို့။" လျိုချင်းယန်က အေးစက်စွာ ပြောလိုက်သည်။

လျိုချင်းယန်၏ ကျင့်ကြံဆင့်သည် 'ထျန်းယွမ်' ဘုံ အဆင့် ဒုတိယလွှာသာ ရှိသော်လည်း သူ၏ စစ်မှန်သော အစွမ်းမှာ အဆင့် တတိယလွှာထက် မနိမ့်ကျသည်မှာ သေချာလှသည်။

'အထွတ်အထိပ်' ခန္ဓာကို ပိုင်ဆိုင်ထားခြင်း၊ 'လမ်းစဉ်ကိုးသွယ် တာအိုအရှင်' ၏ အမွေအနှစ်ကို ဆက်ခံထားခြင်း၊ အစွမ်းထက်သော သိုင်းပညာရပ်များကို လေ့ကျင့်ထားခြင်းတို့ကြောင့် လျိုချင်းယန်၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အလွန်အမင်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။

"ဟို ဟိုလူတွေ ဘယ်သူတွေလဲ။ သခင်လေး လျိုကိုတောင် တိုက်ခိုက်ရဲတယ်။ သခင်လေး လျိုကို ဒဏ်ရာရအောင် လုပ်ရဲတာက။"

"သူတို့ သေချင်နေကြပြီလား။ သခင်လေး လျိုက ဘယ်သူလဲ ဆိုတာ မသိကြဘူးလား။ မစုံစမ်းဘဲနဲ့။"

"သခင်လေး လျိုကို ရန်စမိမှတော့ ဒီအရူးတွေဖို့ သေလမ်းပဲ ရှိတော့တယ်။"

"ဟေး ကြည့်စမ်း။ သခင်လေး ရှန်ကွမ်းတို့ ပါလာတာပဲ။ ဘယ်ကောင်တွေ ဒီလောက် သတ္တိကောင်းနေလဲ လာကြည့်ကြဦး။"

လမ်းမပေါ်တွင် ပရိသတ်များက သခင်လေး လျိုကို မှတ်မိသွားကြပြီး ခဏလေးအတွင်းမှာပင် လူအုပ်ကြီးဖြင့် စုရုံး ရောက်ရှိလာကြသည်။

သခင်လေး လျိုမှာ အခြားသူမဟုတ် 'ထျန်းလော့' မြို့၏ မိသားစုကြီး လေးခုထဲမှ တစ်ခုဖြစ်သော 'လျိုမိသားစု' ၏ သခင်လေး 'လျိုယွင်ဖေး' ပင် ဖြစ်ပြီး အင်အားမှာ အလွန် သန်မာလှသည်။

ထို လူငယ်၊ လူရွယ် ခြောက်ယောက်ထဲတွင် 'ရှန်ကွမ်း' မိသားစု၏ သခင်လေး 'ရှန်ကွမ်းချင်း' လည်း ပါဝင်သည်။ သူသည် 'ထျန်းလော့' မြို့၏ ထိပ်တန်း ပါရမီရှင် ဖြစ်ပြီး မိသားစုကြီး လေးခု၏ ဦးဆောင်သူလည်း ဖြစ်သည်။

'ထျန်းလော့' မြို့တွင်၊ သို့တည်းမဟုတ် အနီးအနားမှ အင်အားစုများစွာထဲတွင် ဤပုဂ္ဂိုလ်များသည် ဘေးတိုက် လျှောက်သွားနိုင်သည်အထိ သြဇာအာဏာ ကြီးမားလှသည်။

သို့သော် ထို ခြောက်ယောက်ထဲတွင် 'ရှန်ကွမ်းချင်း' သည် အသန်မာဆုံး မဟုတ်သေးပေ။ သူ့ထက် ပို၍ အစွမ်းထက်သော လူငယ်တစ်ဦး ရှိနေသေးသည်။ သူသည် ဖုန်းဝူချန်တို့ထက် နှစ်နှစ်ခန့်သာ ကြီးမည့်ပုံ ပေါက်သော်လည်း သူ၏ ကျင့်ကြံခြင်း အဆင့်မှာ 'ထျန်းယွမ်' ဘုံ အဆင့် ဆဌမလွှာသို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

ဤသူမှာ အလွန်အမင်း အစွမ်းထက်လှပြီး အင်အားကြီး အဖွဲ့အစည်း တစ်ခုခုမှ ထိပ်တန်း ပါရမီရှင် တစ်ဦး ဖြစ်ဟန်တူသည်။

"ဟင် 'ထျန်းတောက်' ဂိုဏ်းက 'မော့ချင်းယွင်' လည်း ပါတာပဲ။ ပါရမီရှင်တစ်ယောက်ပဲ။"

"ဟုတ်တယ် သူပဲ။ 'မော့ချင်းယွင်'။ 'ထျန်းတောက်' ဂိုဏ်းက တပည့်။ သူ့အစွမ်းက ဂိုဏ်းချုပ်လေး၊ ပြီးရင် ဒုတိယပဲ။"

"အဲ့ဒီ လေးယောက်က ဘယ်သူတွေလဲ။ 'မော့ချင်းယွင်' ကိုတောင် ရန်စရဲတယ်။ 'ထျန်းလော့' မြို့က အရှင်လတ်လတ် ထွက်သွားဖို့တောင် စိတ်မကူးနဲ့တော့။"

"ငါတော့ သူတို့ရဲ့ လူသေဖြစ်မယ့် မြင်ကွင်းကို မျက်စိထဲ မြင်ယောင်နေပြီ။"

ပွဲကြည့် ပရိသတ်များက ဤ ထိပ်တန်း ပါရမီရှင်ကို မှတ်မိသွားကြလေ၏။။

ဤသူကား 'ထျန်းတောက်' ဂိုဏ်းမှ ပါရမီရှင် တပည့် 'မော့ချင်းယွင်' ပင် ဖြစ်သည်။

'မော့ချင်းယွင်' သည် ထူးကဲသော ပါရမီနှင့် ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်ထားပြီး 'ကြယ်တာရာ နယ်မြေ' ၏ ထိပ်တန်း ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်သည်။

သူသည် 'ကြယ်တာရာ နယ်မြေ' တွင် အတော်လေး နာမည်ကြီးပြီး တိုက်ခိုက်ရေးကို အလွန် ရူးသွပ်သူ တစ်ဦး ဖြစ်သည်။ သူ၏ အစွမ်းမှာ 'ထျန်းတောက်' ဂိုဏ်း၏

ဂိုဏ်းချုပ်လေးထက်သာ နှိမ့်ကျသောကြောင့် 'စစ်နတ်ဘုရားလေး' ဟုပင် ကျော်ကြားလေသည်။

'ထျန်းတောက်' ဂိုဏ်း၏ တည်ရှိမှုမှာ 'ကြယ်တာရာ နယ်မြေ' တွင် အဓိက အင်အားစုကြီး တစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ 'ကျန်းမိသားစု' လောက် အစွမ်း မကြီးသော်လည်း များစွာ အားနည်းသည်တော့ မဟုတ်ဘဲ 'ကြယ်တာရာ နယ်မြေ' အတွင်း သီးသန့် အဆင့်အတန်း တစ်ခု ရရှိထားလေသည်။

ထိုအခိုက်တွင် 'မော့ချင်းယွင်' သည် ဖုန်းဝူချန်အား အကဲခတ်နေ၏။ သူသည် ဖုန်းဝူချန်၏ ကျင့်ကြံခြင်း အဆင့် မည်မျှ နက်ရှိုင်းသည်ကို မခန့်မှန်းနိုင်သဖြင့် အလွန် အံ့ဩသွားလေသည်။

"မင်း တော်တော် သတ္တိကောင်းနေတယ်ပေါ့။ ငါ့သူငယ်ချင်းကိုတောင် ဒဏ်ရာရအောင် လုပ်ရဲတယ်။" ရှန်ကွမ်းချင်းက လျိုချင်းယန်အား အေးစက်ပြီး လူသတ်ချင်စိတ် ပြင်းပြနေသော အကြည့်များဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

'ထျန်းလော့' မြို့၏ ထိပ်တန်း ပါရမီရှင် တစ်ဦးအနေဖြင့် 'ရှန်ကွမ်းချင်း' ၏ အစွမ်းမှာ ပြောစရာ မလိုအောင် သန်မာလှပြီး 'ကြယ်တာရာ နယ်မြေ' အတွင်း၌ပင် အနည်းငယ် ကျော်ကြားမှု ရှိသည်။

သူသည် လျိုချင်းယန်အား ပြင်းထန်သော သင်ခန်းစာတစ်ခု ပေးရန် စီစဉ်လိုက်တော့သည်။

လျိုချင်းယန်မှာမူ ကြောက်ရွံ့ခြင်း အလျဉ်းမရှိဘဲ ပြန်လည် လှောင်ရယ်လိုက်သည်။ "သူ့ကိုယ်သူ သေလမ်း ရှာသွားတာပဲ။"

"ကောင်းကင်ဘုံက ဘယ်လောက် မြင့်မားပြီး မြေကြီးက ဘယ်လောက် နက်ရှိုင်းလဲ မသိတဲ့ကောင်။ 'ထျန်းယွမ်' ဘုံ အဆင့် နှစ်လွှာလောက်နဲ့ ဒီ သခင်လေးက မင်းကို ဒီတိုင်း မထားဘူးကွ။" ရှန်ကွမ်းချင်းက ကြိမ်းဝါးလိုက်ပြီး 'ထျန်းယွမ်' ဘုံ အဆင့် စတုတ္ထလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲ

ထွက်ပေါ်လာတော့သည်။

"အစ်ကို ရှန်ကွမ်း။ သတ် သတ်ပစ်လိုက်။ ကျွန်တော့်အတွက် သူတို့ကို သတ်ပစ်လိုက်စမ်းပါ။" သခင်လေး လျိုက သူ၏ မျက်နှာပေါ်တွင် သွေးကြောများ ထောင်တက်လာသည်အထိ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ရှန်ကွမ်းချင်းက လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည်။ "စိတ်မပူပါနဲ့ ညီလေး လျို။ သူတို့အားလုံး သေရမှာ။ ပြီးတော့ ဟို ချောချောလှလှ ကောင်မလေး တစ်ယောက်ကို မင်းအတွက် ငါ ချန်ထားပေးခဲ့မယ်။"

ထိုအခါ၊ လင်ရှောင်ရှောင်၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး ရှန်ကွမ်းချင်းအား အေးစက်သော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်။

"ချင်းယန် အပြစ်မဲ့တဲ့သူတွေ မထိခိုက်အောင် မြို့ဂိတ် အပြင်ဘက်ကို ထွက်လိုက်။" ဖုန်းဝူချန်က 'ပုံမှန်' အသံဖြင့် ပြောလိုက်သော်လည်း သူ၏ စကားလုံးများထဲတွင် လူသတ်လိုသော အငွေ့အသက်များ စိမ့်ဝင်နေလေသည်။

ရှန်ကွမ်းချင်းက အေးစက်စွာ ပြောလိုက်သည်။ "ကောင်းပြီလေ။ ဒါဆို သူတို့ မြို့ဂိတ်မှာပဲ သေပါစေ။"

"ဘယ်သူက သေမလဲဆိုတာ မသေချာသေးပါဘူး။" လျိုချင်းယန်က ကြောက်ရွံ့ခြင်း မရှိဘဲ ပြန်လည် ချေပလိုက်သည်။

လူများမှာ မြို့ဂိတ်များဆီသို့ အပြေးအလွှား သွားနေကြပြီး သတင်းကြားသူများမှာလည်း တဖွဲဖွဲ ရောက်ရှိလာကြရာ ထိုမြင်ကွင်းမှာ အလွန်ပင် ခမ်းနားလှပေသည်။

မြို့ဂိတ် အပြင်ဘက်တွင် လူများက ပတ်ပတ်လည်မှ ဝန်းရံထားကြပြီး လျိုချင်းယန်နှင့် ရှန်ကွမ်းချင်းတို့မှာ အလယ်ဗဟိုတွင် ရပ်နေကြကာ အချိန်မရွေး တိုက်ပွဲ စတင်ရန် အသင့် အနေအထား ဖြစ်နေတော့သည်။

ပရိသတ်များမှာ မရပ်မနား အချင်းချင်း ဆွေးနွေး လှောင်ပြောင်နေကြသည်။

'မော့ချင်းယွင်' နှင့် 'ရှန်ကွမ်းချင်း' တို့မှာ 'ထျန်းလော့' မြို့တွင် အလွန် နာမည်ကြီးသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သူတို့ကို ရန်စမိခြင်း၏ နောက်ဆုံး ရလဒ်မှာ သေခြင်းတရား တစ်ခုတည်းသာ ရှိသည်။

"ဝှီ ဝှီ”

ရှန်ကွမ်းချင်းက သူ၏ 'အစစ်အမှန်ယွမ်' စွမ်းအင်အားလုံးကို ထုတ်သုံးလိုက်ရာ မြေကြီးတစ်ခုလုံး တုန်ခါသွားပြီး ကြီးမားသော စွမ်းအားများ လှိုင်းထလာသည်။

"မင်း သေဖို့ အဆင်သင့် ဖြစ်ပြီလား။" ရှန်ကွမ်းချင်းက အေးစက်စွာ မေးလိုက်ပြီး တိုက်ခိုက်ရန် အသင့် အနေအထားဖြင့် ပြင်လိုက်သည်။

ထိုအချိန်မှာ၊ လျိုချင်းယန်က 'အလယ်အလတ်တန်းအဆင့် ဝိညာဉ်လက်နက်' ဓားတစ်လက်ကို ဆွဲထုတ်လိုက်သည်။ 'အစစ်အမှန်ယွမ်’ စွမ်းအင်များ ထိုးသွင်းလိုက်သည်နှင့် ပြင်းထန်သော ဓားအရှိန်အဝါများ လှိုင်းထလာပြီး သူ၏ ကြမ်းတမ်းသော စွမ်းအားမှာ သားရဲရိုင်း တစ်ကောင်နှယ်။

လျိုချင်းယန်က ရှန်ကွမ်းချင်းအား ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး ရူးသွပ်သော လှောင်ပြုံးတစ်ခုကို ပြုံးလိုက်သည်။

"သေဒဏ်ကျမယ့် ပြစ်မှုတစ်ခုကို ကျူးလွန်မိသွားပြီ ဆိုတာ သိရဲ့လား။"

"ဝူး"

စကားသံ ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် လျိုချင်းယန်သည် ဓားရှည်ကို ကိုင်ဆောင်လျက် မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ် အရှိန်ဖြင့် ပစ်ထွက်သွားလေသည်။

ထို့နောက် ပွဲကြည့် ပရိသတ်များ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားစေမည့် အံ့ဩဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လျင်မြန်စွာ တိုးဝင်သွားသော လျိုချင်းယန်၏ ခန္ဓာကိုယ်မှ စွမ်းအင် ဓားပေါင်းများစွာ ရုတ်တရက် ပေါ်ထွက်လာပြီး မျက်စိကျိန်းလောက်အောင် လင်းလက်သွားတော့သည်။

ထို အလုံးစုံ ဖိနှိပ်ထားသော အင်အားကြီးထဲတွင် ထိတ်လန့်ဖွယ် စွမ်းအားများ ပါဝင်နေလေ၏။

ပွဲကြည့် ပရိသတ်များ၏ မျက်လုံးများမှာ အံ့ဩမှင်သက်မှုများဖြင့် ပြူးကျယ်သွားကြသည်။

"မြေကမ္ဘာအဆင့် ဓားသိုင်းပညာ။" ရှန်ကွမ်းချင်း၏ မျက်နှာသည် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားပြီး ပြင်းထန်သော အန္တရာယ်၏ အငွေ့အသက်ကို ချက်ချင်း ခံစားမိလိုက်သည်။

"အစ်ကို ရှန်ကွမ်း။ သတိထား။" 'မော့ချင်းယွင်' ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ ဝင်ရောက် တားဆီးရန် ပြင်လိုက်စဉ်မှာပင် သူ၏ ရှေ့တွင် အရိပ်တစ်ခုဖြင့် ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

ဖုန်းဝူချန်သည် တစ္ဆေတစ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ် အရှိန်ဖြင့် 'မော့ချင်းယွင်' အား မည်သူမျှ သတိမထားမိလိုက်မီမှာပင် လာရောက် တားဆီးလိုက်ခြင်း ဖြစ်သည်။

"ထျန်းကန်း ဓားစွမ်းအင် နှလုံးသားကို ထွင်းဖောက်ခြင်း။"

လျိုချင်းယန်က အေးစက်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ လှုပ်ရှားမှုမှာ လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ ရှန်ကွမ်းချင်း၏ ထိတ်လန့်နေသော အကြည့်များ အောက်မှာပင် သူ၏ ဓားသည် ရှန်ကွမ်းချင်း၏ ရင်ဘတ်ကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ဓားချီများက ရှန်ကွမ်းချင်း၏ ရင်ဘတ်ကို ဆုတ်ဖြဲပစ်လိုက်တော့သည်။

ရှန်ကွမ်းချင်း တစ်နေရာတည်းတွင် အသက်ပျောက်သွားခဲ့လေ၏။။

All Chapters