ဒုက္ခိတခွေး
Vol. 12 Ch. 127
“ငါ့ဝိညာဉ်ငြိမ်းအေး အလံလေး!”
ကျန်းယန်လည်းအကျယ်ကြီး အော်ပြောလိုက်လေသည်။
ခုနကအဖြစ်အပျက်အရ သူဝိညာဉ်ငြိမ်းအေးအလံကို ကောင်းကောင်းကြီးဆွဲဆောင်နိုင်လိုက်တာ သေချာ၏။
သို့သော် သူရခါနီးဆဲဆဲမှ အလံကထွက်ပြေးသွားခဲ့သည်။
“အသံပြဲကြီးနဲ့ အော်မနေနဲ့တော့”
ချင်းယွင်ကျိအသံသူ့စိတ်ထဲဟိန်းထွက်လာခဲ့၏။
“ငါဝိညာဉ်ငြိမ်းအေးအလံကို ပြန်ယူသွားတာ ဒီကိစ္စကိုဂိုဏ်းပြန်ရောက်မှဆွေးနွေးမယ် အခုမင်းလုပ်ရပ်ကိုငါအရမ်းကျေနပ်တယ်”
အဇူရာတိမ်ဂိုဏ်းမှ ခိုးယူသွားခံရသော ရတနာနှစ်ခုရှိခဲ့ပြီး ထိုထဲမှ တစ်ခုက ဝိညာဉ်ငြိမ်းအေးအလံ ဖြစ်ပေသည်။
ထိုအရာက ထိပ်တန်းအဆင့်စိတ်ဝိညာဉ်လက်နက်တစ်ခုလည်းဖြစ်၏။ ထိုအရာကိုဖိနှိပ်ရန် ချင်းယွင်ကျိပင်လျှင် အားအတော်သုံး၍ဖိနှ်ိပ်ရပေလိမ့်မည်။ သို့သော်အတင်းဖိနှိပ်လိုက်လျှင် ရတနာ၏စိတ်ဝိညာဉ်ကိုထိခိုက်သွားစေနိုင်သောကြောင့် သူမလုပ်ခဲ့ပေ။
အရင်ကတော့ ထိုရတနာကိုဘယ်တော့မှပြန်မရနိုင်တော့ဘူးဟု သူထင်ခဲ့မိသည်။ ထိုအရာက သူ့နှလုံးသားထဲကအရိပ်မည်းကြီးတစ်ခုလည်းဖြစ်၏။ သို့သော်လည်း မျှော်လင့်မထားဘဲ ကျန်းယန်ကထိုအရာကို အောင်မြင်စွာစည်းရုံးနိုင်ခဲ့ပြီး နောက်ဆုံးတွင်ရတနာက မခုခံတော့ဘဲ သူ့ဆီပြန်ပါလာခဲ့လေသည်။
သူ့ဆရာယူသွားတယ်ဆိုတာကြားမှ ကျန်းယန်စိတ်အေးသွားခဲ့၏။
သူပျော်ရွှင်စွာ ပြောလိုက်သည်။
“ဆရာအဲ့တာကိုကျွန်တော်ပြန်ယူလာတာနော် ပြန်လာရင် ကျွန်ဝောာ့်ကိုပေးရမယ်”
သူ့ဘေးက စန်းစုန့်ကတော့ ကျန်းယန်ကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်ရှုနေခဲ့၏။
ဤအရာက ထိပ်တန်းအဆင့်ရတနာတစ်ခုဖြစ်ပြီး ထိုကလေးကတော့ ထိပ်တန်းအဆင့်ရတနာကြီးကို စကားလုံးသက်သက်ဖြင့်ရအောင်သိမ်းသွင်းနိုင်ခဲ့သည်။
ထိုအရာက နဂိုကတည်းက အဇူရာတိမ်ဂိုဏ်းအပိုင်ဖြစ်ပါသော်လည်း ယခုအဖြစ်အပျက်ကြီးက မယုံကြည်နိုင်စရာကောင်းလွန်းလှ၏။
“မင်းဘယ်လိုလုပ်လိုက်တာလဲ” စန်းစုန့်မမေးဘဲ မနေနိုင်တော့ပေ။
သူတကယ်သိချင်နေခဲ့သည်။
ကျန်းယန်သူ့ကိုတစ်ချက်ကြည့်လိုက်ကာ မေးလိုက်၏။
“ခင်ဗျားမှာလည်း စိတ်ဝိညာဉ်ရတနာတစ်ခုရှိတယ်မဟုတ်လား”
“ရှိတာပေါ့”
တာအိုပေါင်းစည်းခြင်းအဆင့်တိုင်းတွင် စိတ်ဝိညာဉ်ရတနာ အနည်းဆုံးတစ်ခုတော့ ရှိကြပေသည်။
ကျန်းယန်ထပ်မေးလိုက်၏။
“ဒါဆို ခင်ဗျား ခင်ဗျားရဲ့စိတ်ဝိညာဉ်ရတနာကိုဘယ်လိုဆက်ဆံသလဲ”
စန်းစုန့်ကြောင်သွားခဲ့သည်။ ကျန်းယန်ဘာကိုဆိုလိုနေသလဲ သူနားမလည်ခဲ့ပေ။
ကျန်းယန် အေးအေးဆေးဆေးပြောလိုက်သည်။
“အရာအားလုံးမှာ စိတ်ဝိညာဉ်ရှိတယ် စိတ်ဝိညာဉ်ရတနာကိုစိတ်ဝိညာဉ်ရတနာလို့ခေါ်ရခြင်းအကြောင်းအရင်းက သူ့မှစိတ်ဝိညာဉ်ရှိလို့ပဲ”
“ဒါပေမယ့် လူအများစုက စိတ်ဝိညာဉ်ရတနာတွေကို အသုံးပြုစရာပစ္စည်းတွေလို့ပဲ သဘောထားကြတယ်”
“သူတို့ကတွေးနိုင်တယ် တာအိုရဲ့စွမ်းအားကိုဆွဲယူအသုံးပြုနိုင်တယ် တာအိုပညာရပ်တွေအသုံးပြုတဲ့နေရာမှာတောင် ကျင့်ကြံသူနဲ့ပူးပေါင်းပေးနိုင်သေးတယ် အဲ့တာမျိုးတွေက သာမန်ပစ္စည်းတွေလုပ်နိုင်တဲ့အရာမှမဟုတ်တာ”
“ကျွန်တော့်အတွက်တော့ သူတို့က ပုံစံကွဲတဲ့ သက်ရှိတစ်မျိုးပဲ”
“ကျွန်တော်ကသူတို့ကိုတန်းတူညီမျှဆက်ဆံတယ် သူတို့နဲ့ မိတ်ဆွေဖွဲ့တယ် သူတို့ကိုအကြီးအကဲတွေလိုလေးစားပေးတယ်
အဲ့တော့ ကျွန်တော်အကူအညီလိုတဲ့အခါ သူတို့ကမကူညီဘဲ ဘယ်နေတော့မလဲ”
“ခုနက ဝိညာဉ်ငြိမ်းအေးအလံ သူ့စွမ်းအားတွေကိုပြန်ရုတ်သွားတဲ့အဓိကအကြောင်းအရင်းက ကျွန်တော့်စိတ်ဝိညာဉ်ရတနာတွေနားချလိုက်လို့ပဲ
ကျွန်တော့်ကိုသူတို့က ကူညီခဲ့တာ”
စန်းစုန့်တိတ်ဆိတ်သွားခဲ့သည်။
ကျန်းယန်ပြောသည့်အမှန်တရားကို ဘယ်သူမှ မသိရှိကြခြင်းမဟုတ်ပေ။ ဘယ်သူကမှ ကျန်းယန်လိုမစဉ်းစားခဲ့ခြင်းသာ ဖြစ်၏။
စန်းစုန့် သူ့ကိုယ်သူပြန်မေးလိုက်မိသည်။ သူရောအဘယ်ကြောင့်ထိုကဲ့သို့မတွေးခဲ့မိပါသနည်း။
မကြာခင်တွင် သူနားလည်သွားခဲ့လေသည်။
ကျင့်ကြံသူများသည် သူတို့ကျင့်ကြံခြင်းပိုမြင့်လာသည်နှင့်အမျှ အခြားသက်ရှိများအပေါ်ပိုပိုအထင်သေးလာတတ်ကြ၏။
လူတစ်ယောက်က အမြင့်တစ်နေရာသို့ရောက်ရှိသွားခဲ့လျှင် လူတိုင်းအပေါ်စစ်မှန်သောလေးစားမှုပေးရန် လွယ်တော့မည်မဟုတ်ပေ။
ထို့ကြောင့် ကျန်းယန်ကအဘယ်ကြောင့် သက်ရှိများအားလုံးအပေါ် သာတူညီမျှလေးစားမှုပေးနေနိုင်သလဲဆိုတာကို သူနားမလည်နိုင်ခဲ့ပေ။
ရုတ်တရက် စန်းစုန့် နန်းမြို့တော်အပြင်ဘက်ကိုကြည့်လိုက်ပြီး သူ့အမူအရာပြောင်းလဲသွားခဲ့၏။
“ဟိုခွေးကောင်ပြန်လာနေပြီ ကြည့်ရတာ လုံး၀ဒေါသထွက်သွားပြီထင်တယ် မင်းပုန်းနေမလား”
“ပုန်းဖို့လား” ကျန်းယန်နှာခေါင်းရှုံ့လိုက်လေသည်။
“သူ့မှာ ဝိညာဉ်ငြိမ်းအေးအလံမရှ်ိတော့ရင် သူ့ကိုကျွန်တော်ကြောက်ေနဦးမယ်ထင်လား”
“ငါမင်းကိုသတ်ပစ်မယ်ကွ ငါ့ဝိညာဉ်ငြိမ်းအေးအလံကိုခိုးတဲ့ကောင် မင်းသေပြီ!”
နန်းကုန်းချီယီနှလုံးသားထဲတွင် ဒေါသမီးလျှံများတောက်လောင်နေပြီး သူနန်းမြို့တော်ဆီဦးတည်၍ တိုး၀င်လာခဲ့၏။ သူမရောက်လာသေးခင်မှာပင် သူ့ကိုယ်မှထွက်ပေါ်လာသော ဝိညာဉ်အခြေတည်အဆင့်စွမ်းအားက နန်းတော်ကြီးတစ်ခုလုံးကို ဖိနှိပ်ထားခဲ့လေသည်။
ဝုန်းးး!
ထို့နောက် ကောင်းကင်နှင့်မြေပြင်နိယာမများ၏စွမ်းအားအောက်တွင် ခန်းမကြီးတစ်ခုလုံးက ပြိုပျက်သွားခဲ့၏။
သူလုံး၀အသိစိတ်လွတ်နေပြီဖြစ်သောကြောင့် သူ့တိုက်ကွက်တွင် အားလုံး၀လျှော့မထားခဲ့ပေ။
ဝိညာဉ်ငြိမ်းအေးအလံသည် အမတအဆင့်ရတနာများအောက်ရှိ စွမ်းအားအကြီးဆုံးလက်နက်များထဲမှ တစ်ခုဖြစ်ပြီး ထိုလက်နက်နှင့်သူ့ ဖရိုဖရဲဝိညာဉ်ပညာရပ်ပေါင်းစပ်လိုက်သောအခါ နန်းကုန်းချီယီသည် ထိပ်တန်းနတ်၀ိညာဥ်အဆင့်များထဲမှတစ်ယောက်ဖြစ်လာခဲ့၏။
ယခုတော့ ဝိညာဉ်ငြိမ်းအေးအလံကိုဆုံးရှုံးလိုက်ရပြီဖြစ်လေရာ သူသည်ချက်ချင်းဆိုသလို သာမန်နတ်ဝိညာဉ်အဆင့်ဘ၀သို့ ကျဆင်းသွားခဲ့ရသည်။
နန်းကုန်းချီယီမည်သို့စိတ်မဆိုးဘဲ နေနိုင်ပါတော့မည်နည်း။
တော်၀င်နန်းတော်တစ်ခုလုံး ပြိုပျက်သွားခဲ့ရ၏။ နဂိုကတည်းက အပြင်းအထန်ဒဏ်ရာရနေသောဧကရာဇ်ကတော့ သေဆုံးသွားခဲ့ရသည်။
ဒဏ်ရာအပြင်းအထန်ရနေသော ဝိညာဉ်အခြေတည်အဆင့်ပင် ထိုကောင်းကင်နှင့်မြေပြင်နိယာမစွမ်းအားအောက်တွင် ချက်ချင်းသေဆုံးသွားခဲ့၏။
ဒဏ်ရာရမထားသော လုချင်းနှင့်အခြားဝိညာဉ်အခြေတည်အဆင့်များတောင် နန်းကုန်းချီယီ၏ တိုက်ကွက်တစ်ကွက်တည်းကြောင့် အပြင်းအထန်ဒဏ်ရာရကုန်ကြသည်။
သို့သော်လည်း သက်သေဖျောက်သည့်အနေဖြင့် သတ်ခံရမည်စိုးသောကြောင့်ထိုသုံးယောက်နှုတ်ခမ်းထောင့်ကသွေးများကိုသုတ်ကာ ချက်ချင်းထွက်ပြေးသွားခဲ့ကြ၏။
ကြောက်ရွံ့မှု ဒေါသနှင့်စိတ်ပျက်အားငယ်မှု…ယွင်ထန့်အင်ပါယာ တော်၀င်မိသားစုတစ်ခုလုံးထိုအခိုက်တွင် ထိုခံစားချက်များကို ရောပြွန်း၍ခံစားနေခဲ့ကြရသည်။
အဆောက်အအုံအပျက်အဆီးများကြားထဲတွင် လူနှစ်ယောက်ကတော့ အေးဆေးပင်မတ်တပ်ရပ်နေခဲ့၏။
ထိုသူများမှာ စိတ်ဝိညာဉ်အဆင့်ရတနာချပ်၀တ်ရှိသော ကျန်းယန်နှင့် တာအိုေပါင်းစည်းခြင်းအဆင့် စန်းစုန့်တို့သာ ဖြစ်သည်။
“ဘာလို့မင်းမသေတာလဲ” နန်းကုန်းချီယီ ဒေါသတကြီးဖြင့် ဓားကိုလွှဲကာနောက်တစ်ချက်ခုတ်ပိုင်းချလိုက်ပြန်၏။
သို့သော် သူ့ဓားချက်ကကျန်းယန်၏ အကာအကွယ် စိတ်ဝိညာဉ်ရတနာမှ ထုတ်လွှတ်ပေးထားသော အလင်းလွှာကို လှိုင်းတွန့်ရုံလောက်သာဖြစ်သွားေစသည်။
“အမှိုက်ကောင်” ကျန်းယန် နန်းကုန်းချီယုကိုစိုက်ကြည့်လိုက်၏။
“ကျေးဇူးမသိတတ်တဲ့ခွေးသူခိုး ခွေးတစ်ကောင်တောင်ကျေးဇူးကြွေးကိုဘယ်လိုပြန်ဆပ်ရမလဲ မင်းထက် သိသေးတယ်”
ခုနကသူဝိညာဉ်ငြိမ်းအေးအလံကို ဆူဆဲနေခဲ့ခြင်းဖြစ်ပြီး အခုမှ နန်းကုန်းချီယီကိုပြောနေခြင်းဖြစ်သည်။
“ငါ့ဆရာနဲ့အကြီးအကဲတွေက မင်းကိုဂိုဏ်းထဲခေါ်လာပြီး သူတို့မှာရှိသမျှအားလုံးထုတ်သုံးပြီး ပျိုးထောင်ပေးခဲ့တယ် ဝိညာဉ်ငြိမ်းအေးအလံလို ရတနာကိုတောင်မင်းကိုပေးခဲ့တယ် နောက်တော့ရော မင်းကသူတို့ကိုဘယ်လိုကျေးဇူးပြန်ဆပ်ခဲ့သလဲ မင်းကြောက်လို့ထွက်ပြေးတာကိုငါနားလည်ပါတယ် အဲ့တာကအဆင်ပြေပါသေးတယ် ဒါပေမယ့်မင်းကအခြားဂိုဏ်းကိုမျက်နှာလုပ်ဖို့ ဂိုဏ်းရဲ့ရတနာကိုတောင် ခိုးသွားတယ်လေ
ပိုရှက်စရာကောင်းတာကဘာလဲသိလား မင်းကအခြားဂိုဏ်းကို၀င်ပြီးတဲ့နောက်မှာ ကိုယ့်ဂိုဏ်းကိုယ်တိုက်ခိုက်ဖို့ပြန်လာတာပဲ မင်းမှာဂုဏ်သိက္ခာဆိုတာရောရှ်ိသေးလား
အခုလည်း ငါတို့ဂိုဏ်းကရတနာနဲ့ငါ့ရှေ့မှာလာကြွားပြနေသေးတယ် မင်းနဲ့တန်လို့လား”
နန်းကုန်ချီယီအဆက်မပြတ်ဆူခံနေရသောကြောင့် သူ့မျက်နှာဒေါသကြောင့် ရှုံ့မဲ့လာခဲ့သည်။ ထိုဒေါသကြောင့်ပင် သူဘယ်လိုမှမထိန်းချုပ်နိုင်တော့ဘဲ စွမ်းအားအပြည့်သုံးထားသော တိုက်ကွက်တစ်ကွက်ထုတ်လွှတ်လိုက်တော့၏။
ယခုအချိန်တွင် သူ့စိတ်ထဲ၌ ကျန်းယန်ကိုသတ်ဖို့မှလွဲဘာမှမရှိတော့ပေ။
ထို့အပြင်ကျန်းယန်တွင်စိတ်ဝိညာဉ်ရတနာများစွာရှိနေသောကြောင့် ထိုကောင့်ကိုသတ်နိုင်လျှင် သူ့ဆုံးရှုံးမှုကို ပြန်ကာမိနိုင်သေးသည်။
“ဒုက္ခိတခွေးက ငါ့ကိုဟောင်ရဲနေသေးတယ်လား ငါ့ဘ၀မှာမင်းလောက်အရှက်မဲ့တဲ့ကောင်တစ်ကောင်မှမတွေ့ဖူးဘူး” ကျန်းယန်လှောင်ပြောင်လိုက်ဧ။။်
ထို့နောက်သူစန်းစုန့်ဘက်လှည့်ကာ ပြောလိုက်လေသည်။
“စီနီယာမျက်ခုံးဖြူ သူ့ကိုပို့ပေးလိုက်တော့”
စန်းစုန့် အင်္ကျီလက်အိုးကိုတစ်ချက်ယမ်းလိုက်ကာ
“လစ်လိုက်တော့ ကောင်လေးရေ”
လွှမ်းမိုးလွန်းသော တာအိုစွမ်းအားကြီးကသူ့ကိုယ်ကိုဖုံးအုပ်သွားခဲ့ပြီး နန်းကုန်းချီယီ နန်းမြို့တော်အပြင်သို့ လွှင့်ထွက်သွားခဲ့၏။
ဝိညာဉ်ငြိမ်းအေးအလံမရှိလျှင် နန်းကုန်းချီယီသည် စန်းစုန့်ကိုလုံး၀ယှဉ်နိုင်မည်မဟုတ်ပေ။သူ့ကိုလွှင့်ပစ်ဖို့ စန်းစုန့်အလေးအနက်ထားနေစရာပင် မလိုခဲ့ပေ။
မြို့ပြင်သို့လွှင့်ထွက်သွားပြီး သူ့ခန္ဓာကိုယ်ကိုပြန်ထိန်းချုပ်လိုက်နိုင်သောအခါမှ နန်းကုန်းချီယီအမှန်တရားကိုနားလည်သွားခဲ့သည်။
တာအိုပေါင်းစည်းခြင်းအဆင့် တစ်ယောက်!
အဇူရာတိမ်ဂိုဏ်းတွင်နောက်ထပ်တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရှိနေခြင်းပေလော။
သူတုန်လှုပ်သွားပြီး နန်းမြို့တော်ကိုကလဲ့စားချေဖို့ပြန်မသွားရဲတော့ပေ။
ချက်ချင်းလှည့်ထွက်ကာ လန်ကျားကုန်းမြေရှ်ိရာသို့ ထွက်ပြေးသွားခဲ့၏။
နန်းတော်ထဲတွင် စန်းစုန့် ကျန်းယန်ကိုထူးဆန်းစွာကြည့်လိုက်ပြီး
“မင်းသူ့ကိုဖမ်းခိုင်းပြီး ဒေါသဖြေမယ်လို့ငါထင်ထားတာ”
ကျန်းယန်အေးစက်စက်လှောင်ပြောင်ဟန်ဖြင့်
“အခုကစပြီး အခုကစပြီး သူ့အတွက်အသက်ရှင်ရတာကသေရတာထက်ပိုပြီးနာကျင်ရတော့မယ် ကျွန်တော်ကဘာလို့သူ့ကိုသတ်သင့်မှာလဲ”
“အို့”
“လန်ကျားအထွတ်အမြတ်မြေသူ့ကိုတန်ဖိုးထားရတဲ့တစ်ခုတည်းသောအကြောင်းအရင်းက သူ့မှာဝိညာဉ်ငြိမ်းအေးအလံရှိလို့ပဲ အဲ့တာသာမရှိရင်သူကသာမန် ပါရမီရှင်နတ်၀ိညာဥ်အဆင့်လေးတစ်ယောက်သက်သက်ပါပဲ သိပ်မဆိုးလှပေမယ့် လန်ကျားအထွတ်အမြတ်မြေအတွက်တော့ မလုံလောက်သေးဘူး လန်ကျားအထွတ်အမြတ်မြေအတွက်သာမန်ပါရမီရှင်ဆိုတာက အဲ့လောက်တန်ဖိုးထားနေစရာလူမဟုတ်ဘူး
အခုကစပြီး သူ့အဆင့်အတန်းက ထိုးကျသွားလိမ့်မယ်
ဆုံးရှုံးမှုရဲ့ခံစားချက်က သူ့တစ်ဘ၀လုံးရဲ့ အခိုက်အတန့်တိုင်းကို ဝါးမြိုပစ်လိမ့်မယ်
အထူးသဖြင့် အရင်ကသူ့ကိုကိုယ်တိုင်အထူးတလည်ဖိတ်ခေါ်ခဲ့တဲ့လူတွေက တန်ဖိုးမထားတော့တဲ့အခါမှာပေါ့ သူတဖြည်းဖြည်းနဲ့ လန်ကျားအထွတ်အမြတ်မြေအပေါ် အာဃာတတွေဖြစ်လာလိမ့်မယ်
အဲ့ဒီအငြှိုးတရားတွေကိုသူထိန်းမထားနိုင်တော့တဲ့တစ်နေ့မှာ စိတ်ကူးလို့တောင်မရတဲ့ ကိစ္စကြီးတစ်ခုခုကိုသူလုပ်လိုက်လိမ့်မယ်
သူ့အမုန်းတရားက သူနဲ့အတူလန်ကျားအထွတ်အမြတ်မြေကိုပါ လောင်ကျွမ်းသွားစေလိမ့်မယ်
အဲ့တာကို ဘာလို့ကျွန်တော်ကသူ့ကိုသတ်ရမှာလဲ”
စန်းစုန့် ကျန်းယန်၏အေးဆေးတည်ငြိမ်မှုနှင့်အမူအရာကိုအသေးစိတ်အကဲခတ်နေရင်း သူ့နှလုံးသားထဲကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။