ဧကရာဇ်ပြောင်းလဲခြင်း
Vol. 12 Ch. 128
“စီနီယာသွားရအောင် ဂျူနီယာညီမလေးကိုခေါ်ပြီး ဂိုဏ်းကိုပြန်ကြစို့”
ကျန်းယန် စန်းစုန့်ကိုခေါ်ကာ ပျက်ဆီးနေသောနန်းတော်ထဲမှ ထွက်ခွာလာခဲ့လေသည်။
သူတို့ထွက်သွားသောအခါမှ နန်းတော်ထဲတွင် ငိုကြွေးသံများ ထွက်ပေါ်လာခဲ့၏။ လူပေါင်းများစွာ ခန်းမကြီးထဲရောက်ရှိလာကြပြီး အပျက်အဆီးများကြားထဲတွင် ဧကရာဇ်၏အလောင်းကို ရှာဖွေနေခဲ့ကြသည်။
အခြားသူများကတော့ အလျင်အမြန်ပင် ဧကရာဇ်သေဆုံးသွားပြီဟူသောသတင်းကို ဖြန့်လိုက်ကြ၏။
တခဏအကြာတွင် နန်းမြို့တော်တစ်ခုလုံး ၀ရုန်းသုန်းကားဖြစ်ကုန်ကြလေတော့သည်။ အရပ်မျက်နှာပေါင်းစုံမှ တပ်များက နန်းမြို့တော်ဆီချီတက်လာနေခဲ့ကြပြီး အာဏာပြိုင်ဆိုင်မှုပဋိပက္ခကြီးတစ်ခုက ဖြစ်ပွားလုဆဲဆဲ ဖြစ်လာခဲ့၏။
ကျန်းယန်တို့ စစ်ထူစံအိမ်ကိုရောက်သောအခါ စံအိမ်ကိုဝိုင်းပတ်ထားသော ကျင့်ကြံသူများမရှ်ိကြတော့ပေ။
စစ်ထူမိသားစုလည်း ရုတ်ချည်းဖြစ်ပေါ်သွားသောအပြောင်းအလဲကိုသတိထားမိခဲ့ကြသည်။
အကြပ်အတည်းကြီးမှလွတ်မြောက်သွားပြီဖြစ်သောကြောင့် သူတို့အလွန်ပျော်နေခဲ့ကြ၏။
သို့သော်တစ်ချိန်တည်းမှာပင် မရေမရာလည်းဖြစ်နေခဲ့သည်။ နန်းတော်ထဲတွင် ဘာဖြစ်ခဲ့ပါသနည်း။
ခုနကတိုက်ပွဲလှိုင်းကြီးက ပြင်းထန်လွန်းသောကြောင့် အဝေးကသူတို့ပင် သတိထားမိခဲ့ကြသည်။
နန်းတော်တွင်ကိစ္စကြီးတစ်ခုခုဖြစ်သွားသောကြောင့် ထိုကျင့်ကြံသူများက စစ်ကူပေးဖို့ထွက်သွားခြင်းပေလော။
“ဦးလေးချင် စီနီယာအစ်ကိုကြီးတို့အဆင်ပြေလောက်တယ်မလား” စစ်ထူမင်ယွဲ့ ချင်ယွီရှုကိုစိတ်သောကရောက်နေဟန်ဖြင့်ကြည့်ကာ ပြောလိုက်သည်။
“အဲ့ဒီကျင့်ကြံသူတွေထွက်သွားကြပြီ ကျွန်မတို့သူ့ကိုသွားကူညီသင့်လား”
ချင်ယွီရှုအကူအညီမဲ့စွာပြုံးလိုက်ကာ
“သခင်မလေး ကျန်းယန်ဘေးကစီနီယာက တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ပါ”
တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ရှိနေချိန်တွင် သူကဘာအကူအညီပေးနိုင်ပါမည်နည်း။
နန်းတော်ထဲက စစ်သည်အရေအတွက်ကို နှစ်ဆထပ်ပေါင်းလိုက်လျှင်တောင် ထိုစီနီယာအတွက်ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ပေ။
စစ်ထူဟောင်နန်မျက်မှောင်ကြုံ့သွားခဲ့၏။
“အခုနန်းတော်က အကြီးအကျယ်ပြောင်းလဲသွားပြီ ငါတို့ရပ်တည်မယ့်ဘက်ကိုရွေးချယ်မှရတော့မယ် ဒီတစ်ခေါက်ငါတို့ရှင်သန်နိုင်ခဲ့ပေမယ့် နောက်တစ်ခေါက်ကံကောင်းနိုင်တော့မှာမဟုတ်ဘူး”
ဤအဖြစ်အပျက်ကြောင့် သူတို့နှင့်တော်၀င်မိသားစုကြား ခွာပြဲသွားခဲ့ကြရသည်။ အကယ်၍ ဒီတစ်ခေါက်ရှင်သန်နိုင်ခဲ့လျှင်တောင် သူတို့သည် အနာဂတ်တွင်တော်၀င်မိသားစုအတွက် ဆူးတစ်ချောင်းဖြစ်လာပေလိမ့်မည်။
သူတို့စကားပြောနေကြချိန်တွင် ကျန်းယန်ခန်းမထဲလမ်းလျှောက်၀င်လာခဲ့၏။ စစ်ထူဟောင်နန် အမြန်ရှေ့တက်လာခဲ့ပြီး မေးလိုက်လေသည်။
“အခြေအနေဘယ်လိုရှိလဲ”
“ဧကရာဇ်သေပြီ” ကျန်းယန်ပုံမှန်အတိုင်း ပြောလိုက်၏။
ထို့နောက် စစ်ထူမင်ယွဲ့ဘက်သို့ လှည့်လိုက်ပြီး
“ဂျူနီယာညီမလေးအထုပ်အပိုးပြင် ဂိုဏ်းကိုပြန်ရအောင်”
လူတိုင်းသူ့စကားကြောင့်ကြက်သေသေကုန်ကြပြီး သူ့ကိုတုန်လှုပ်နေဟန်ဖြင့် စိုက်ကြည့်နေခဲ့ကြသည်။
သူ့တို့ရှေ့မှလူက ဧကရာဇ်ကိုသတ်လိုက်ခြင်းပေလော။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးယွင်ထန့်ဧကရာဇ်ကိုသတ်လိုက်တာလား” စစ်ထူမင်ယွဲ့ အမြန်မေးလိုက်၏။
ကျန်းယန်ခေါင်းယမ်းလိုက်ကာ
“ငါသတ်တာမဟုတ်ဘူး…အစကတော့ သတ်ဖို့စီစဉ်ထားတာပဲ ဒါပေမယ့် ငါ့အစားတစ်ယောက်ယောက်က၀င်သတ်သွားတယ်”
လန်ကျားအထွတ်အမြတ်မြေကိုအားကိုးပြီး သူ့နေရာသူမသိသော ဧကရာဇ်မျိုးက သေဖို့ထိုက်တန်ပေသည်။
“ဒါပေမယ့် အဇူရာတိမ်ဂိုဏ်းက အပြင်ကိစ္စတွေမှာ ၀င်မစွက်ဖက်ဘူးမဟုတ်လား” စစ်ထူဟောင်နန် ထူးဆန်းသောအမူအရာဖြင့် မေးလိုက်၏။
ကျန်းယန် စိတ်မရှည်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို အဇူရာတိမ်ဂိုဏ်းကပိုင်ခဲ့တာ ဧကရာဇ်တိုင်းက ဂိုဏ်းကိုလာပြီးဂါရ၀ပြုကြရတယ်
လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက ဂိုဏ်းကအပြင်ကိစ္စတွေအပေါ်အာရုံစိုက်မှုလျှော့ချလိုက်လို့သာ ယွင်ထန့်အင်ပါယာနဲ့ တိမ်တောင်အင်ပါယာလို အင်ပါယာတွေတည်ရှိလာနိုင်ကြတာ
ကျွန်တော်တို့ကသူတို့တည်ရှိမှုကိုအသိအမှတ်ပြုပေမယ့် ကျွန်တော်တို့နဲ့ဆန့်ကျင်လာရင်တော့ ယဉ်ကျေးနေမှာမဟုတ်ဘူး
ဆိုတော့ ကျွန်တော်တို့က အပြင်ကိစ္စတွေမှာဝင်မပါနိုင်တာမဟုတ်ဘူး ဝင်ပါစရာအကြောင်းမရှိလို့မပါတာ လိုအပ်လာရင်တော့ ၀င်ပါနိုင်တယ်”
စစ်ထူဟောင်နန် ပြောစရာစကားလံုး ပျောက်ရှသွားခဲ့သည်။
ကျန်းယန်သူ့ကိုကြည့်ကာ မေးလိုက်၏။
“ဧကရာဇ်ကသေသွားပြီ ဦးလေးကဒီမှာထိုင်နေတုန်းပဲလား”
“ဟမ်”
ကျန်းယန်အေးအေးဆေးဆေးပြောလိုက်လေသည်။
“အခုဖြစ်ခဲ့တာတွေအရ ယွင်ထန့်ကုန်သွယ်သမဂ္ဂမှာရွေးစရာနှစ်ခုပဲရှိတော့တယ် ပထမတစ်ခုက ယွင်ထန့်အင်ပါယာကလုံး၀ထွက်သွားဖို့ပဲ ဒုတိယတစ်ခုကတော့ ယွင်ထန့်အင်ပါယာတစ်ခုလုံးကို ထိန်းချုပ်လိုက်နိုင်ဖို့ တတိယရွေးချယ်စရာဆိုတာမရှိဘူး
အခုဧကရာဇ်သေသွားတော့မင်းသားတွေက သူတို့တပ်သားတွေကိုစုပြီး ပလ္လင်ကိုသိမ်းယူဖို့ ပြင်ဆင်နေကြပြီ
ဒါတောင် စစ်ထူမိသားစုနဲ့ယွင်ထန့်ကုန်သွယ်သမဂ္ဂက ဒီတိုင်းထိုင်ကြည့်နေမလို့လား”
“ဒီလိုအခွင့်အရေးမျိုးကို မဖမ်းဆုပ်နိုင်ရင်တော့ ဦးလေးစစ်ထူမိသားစုခေါင်းဆောင်မလုပ်သင့်တော့ဘူး ပင်စင်ယူပြီး အေးအေးချမ်းချမ်းလေး တစ်နေရာရာမှာသာ အနားယူနေလိုက်တော့”
စစ်ထူဟောင်နန်နှင့်စစ်ထူမိသားစုတစ်ခုလုံးကြောင်အကုန်ကြသည်။
ထို့နောက်တွင်တော့…
သူတို့မျက်လုံးများ တောက်ပလာကြ၏။
မှန်ပေသည်။
ဧကရာဇ်သေဆုံးပြီးချိန်တွင် သူတို့ကဘယ်အရာကိုစောင့်ဆိုင်းနေရပါဦးမည်နည်း။
“ဂျူနီယာညီမလေး သွားရအောင်” ကျန်းယန်စစ်ထူမင်ယွဲ့ကိုအလောတကြီးခေါ်လိုက်၏။
“ဂိုဏ်းမှာလုပ်စရာတွေရှိသေးတယ် ငါတို့အမြန်ပြန်ရမယ်
အော် ဟုတ်သားပဲ ဦးလေးချင်ကတော့ယွင်ထန့်အင်ပါယာမှာပဲ နေခဲ့လိုက်”
သူသာမန်အတိုင်းဆက်ပြောလိုက်သည်။
“ကျွန်တော်တို့အစီအစဉ်အတိုင်း မိုးပြာလကုန်သွယ်သမဂ္ဂကို ယွင်ထန့်အင်ပါယာမှာဖွင့်နိုင်ဖို့ ဆက်စီစဉ်ထားလိုက် ဦးလေးတို့ဒီရောက်နေတာ အတော်ကြာနေပြီဆိုပေမယ့် ဘာမှမပြင်ဆင်ရသေးဘူးမလား ဒီကိစ္စကိုချက်ချင်းစီစဉ်ဖို့ လိုမယ်နော်”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး”
စစ်ထူမင်ယွဲ့ကျန်းယန်ကိုထူးဆန်းစွာကြည့်လိုက်ပြီးနောက် ချင်ယွီရှုဘက်လှည့်လိုက်ပြီး
“ဦးလေးချင်…ကျေးဇူးပြုပြီး အဖေ့ကို ကူညီပေးပါဦး”
သူမသည်အရူးမဟုတ်ပေ။ အဘယ်ကြောင့် ချင်ယွီရှုကိုနေခိုင်းခဲ့သလဲဆိုတာကို မသိဘဲ ဘယ်နေပါမည်နည်း။
နတ်ဝိညာဉ်အဆင့်တစ်ယောက်၏ စွမ်းအားက ယွင်ထန့်တော်၀င်မိသားစုကိုဖိနှိပ်ပစ်ဖို့ လုံလောက်တာထက်ပင် ပိုနေသေးသည်။
ထို့အပြင် စစ်ထူမိသားစုမှာလည်း ကိုယ်ပိုင်အင်အားစုရှိနေသေး၏။ ထိုအင်အားစုက တော်၀င်မိသားစုလောက် အားမကောင်းသော်လည်း ယခုအချိန်တွင် တော်၀င်မိသားစုက ပြင်းပြင်းထန်ထန်ထိခိုက်မိထားခြင်းဖြစ်သည်။ ထိုအခြေအနေတွင် နတ်ဝိညာဉ်အဆင့်တစ်ယောက်၏ အကူအညီဖြင့် ဆိုပါက သူတို့အင်အားကလိုတာထက်ပင် ပိုနေခဲ့ချေပြီ။
ထို့နောက်တွင်တော့ စစ်ထူမင်ယွဲ့ သူ့မိဘများကိုနှုတ်ဆက်လိုက်ပြီး ကျန်းယန်နှင့်အတူ အဇူရာတိမ်ဂိုဏ်းသို့ ပြန်လိုက်ခဲ့လေသည်။
စစ်ထူဟောင်နန်နှင့်သူ့ဇနီးတို့ကတော့ ထွက်ခွာသွားသော ကျန်းယန်တို့ကို စိတ်အားထက်သန်စွာ ကြည့်ရှုနေခဲ့ကြ၏။
ထို့နောက်သူတို့ချင်ယွီရှုကိုခေါ်ထားလိုက်ပြီး ပုန်ကန်မှုကို စတင်လေတော့သည်။
“စီနီယာအစ်ကိုကြီး အစ်ကိုကြီးညီမလေးတို့မိသားစုကိုသူပုန်ဖြစ်အောင် တွန်းပို့လိုက်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိဘူး” စစ်ထူမင်ယွဲ့ ငေးကြောင်နေဟန်ဖြင့် ပြောလိုက်၏။
ကျန်းယန် ယွင်ထန့်အင်ပါယာဘက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။
“ယွင်ထန့်တော်ဝင်မိသားစု လန်ကျားအထွတ်အမြတ်မြေနဲ့သွားပေါင်းပြီဆိုကတည်းက သူတို့အတွက်ကပြီးဆုံးသွားပြီ
စစ်ထူမိသားစုကတော့ ဂိုဏ်းထဲမှာမိသားစု၀င်ဖြစ်တဲ့နင်ရှိနေတယ်လေ အဲ့တာကြောင့် ပုံမှန်အားဖြင့် ငါတို့ကသူတို့နဲ့ပဲ ပူးပေါင်းသင့်တယ်
နောက်ပြီး နင့်မှာဘာအစီအစဉ်ရှိလို့လဲ မပုန်ကန်ရင် ရှေ့ဆက်ပြီးဘယ်လိုရှင်သန်ကြမလဲ”
စစ်ထူမင်ယွဲ့ခေါင်းညိတ်ပြလိုက်၏။
“မှန်ပါတယ် စီနီယာအစ်ကိုကြီးစိတ်မပူပါနဲ့ ညီမလေးတို့မိသားစုယွင်ထန့်အင်ပါယာကိုထိန်းချုပ်နိုင်သွားရင် အဇူရာတိမ်ဂိုဏ်းနဲ့နီးကပ်နေအောင်နေမှာပါ ဒါပေမယ့် ယွင်ထန့်တော်၀င်မိသားစုက တည်ရှ်ိလာတာ နှစ်ရာနဲ့ချီပြီးကြာနေပြီ ဦးလေးချင်ရှ်ိရင်တောင် သူတို့ကိုအလွယ်တကူ ခပ်မြန်မြန်ရှင်းပစ်နိုင်မှာတော့ မဟုတ်ဘူး
ဒီကိစ္စက ကြာနေရင် ပြဿနာတွေရှိလာနိုင်တယ်”
ကျန်းယန်အသာအယာခေါင်းညိတ်ပြလိုက်သည်။ သူမမမှားပေ။
အကယ်၍ ယွင်ထန့်အင်ပါယာ၏ဖရိုဖရဲဖြစ်မှုကကြာလွန်းသွားလျှင် အခြားဂိုဏ်းကြီးများအတွက် အဇူရာတိမ်ကုန်းမြေတိုက်ကြီးတွင်၀င်မွှေဖို့ အခွင့်အရေးပိုရသွားနိုင်၏။
သူတခဏတွေးလိုက်ပြီး ပြောလိုက်လေသည်။
“ငါတို့ပြန်ရောက်ရင် ၀မ်ပေ့လဲ့ရဲ့၀တ်စုံနီအဖွဲ့ကို ကူညီဖို့လွှတ်လိုက်မယ်”
(Translator note- ဝတ်စုံပြာအဖွဲ့ကိုလွှတ်လိုက်တာက တိမ်တောင်အင်ပါယာကိုပါ ၀တ်စုံနီအဖွဲ့ကိုမှယွင်ထန့်အင်ပါယာကိုလွှတ်မှာပါ အရှေ့အပိုင်းမှာက မူရင်းမှာကိုမှားရေးထားလို့ပါ)
ထိုအရာက သူတို့အတွက်လေ့ကျင့်ရေးဖြစ်လာနိုင်သလို လမ်းတစ်လျှောက်လုံးတွင်လည်း အရင်းအမြစ်များ ရှာဖွေနိုင်သေးသည်။
သူတခဏတွေးလိုက်ပြီး ပြောလိုက်ပြန်၏။
“ငါတို့ဂိုဏ်းကိုမပြန်ခင် တိမ်တောင်အင်ပါယာကိုတစ်ချက်၀င်ရမယ်”
လန်ကျားအထွတ်အမြတ်မြေက ယွင်ထန့်အင်ပါယာကိုသိမ်းသွင်းသွားခဲ့ပြီးနောက် အလားတူအဖြစ်အပျက်မျိုး တိမ်တောင်အင်ပါယာတွင်မဖြစ်တာသေချာအောင် သူလုပ်ထားရပေလိမ့်မည်။
ထိုအရာက တိမ်တောင်အင်ပါယာဘာမှရူးရူးမိုက်မိုက်မလုပ်မိသေးခင် သတိပေးချက်တစ်မျိုးလည်း ဖြစ်ပေသည်။
သူတို့လှေပျံက တိမ်တောင်အင်ပါယာ နန်းတော်ဆီရောက်ရှိလာခဲ့၏။ သူတို့ရပ်မသွားဘဲ နန်းတော်ထဲတိုက်ရိုက်၀င်လာခဲ့ကြသည်။
ထိုစဉ် နဂါးပျံအစောင့်တပ်၏ တပ်မှူးရှုပိုင်ပေါ်ထွက်လာပြီး သူတို့လမ်းကို ပိတ်ထားလိုက်၏။ သူကျန်းယန်ကိုမြင်တော့မှာ စိတ်အေးသွားခဲ့ကာ
“အမည်ခံဂိုဏ်းချုပ်ကျန်း ဘာကိစ္စရှိလို့လဲ”
သူတို့နှင့် တိမ်တောင်အင်ပါယာကြားပူးပေါင်းမှုများစွာပြုလုပ်ထားသောကြောင့် ကျန်းယန်၏ရောက်ရှိလာမှုတွင် ရန်လိုသောဆန္ဒမျိုးတော့ ရှိမနေလောက်ပေ။
“ကျွန်တော်ဧကရာဇ်နဲ့ချက်ချင်းတွေ့ဖို့လိုနေလို့ပါ ပြီးရင် အဇူရာတိမ်ဂိုဏ်းကိုလည်း အမြန်ပြန်ရဦးမယ်” ကျန်းယန် ခပ်တင်းတင်းပြောလိုက်သည်။
ရှုပိုင်တွန့်ဆုတ်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်၏။
သူကိုယ်တိုင်ပင် ကျန်းယန်တို့ကိုညီလာခံခန်းမဆီဦးဆောင်၍ ခေါ်လာခဲ့လိုက်သည်။
သူတို့ရောက်ချိန်တွင် ညီလာခံကျင်းပနေဆဲဖြစ်ပြီး ခန်းမထဲတွင် ၀န်ကြီးများ အရာရှိများဖြင့် ပြည့်နှက်နေခဲ့၏။
ကျန်းယန် ဧကရာဇ်ဆီတိုက်ရိုက်လျှောက်သွားလိုက်ပြီး ခပ်ကျယ်ကျယ်ပြောလိုက်လေသည်။
“အို့ ညီလာခံလား အချိန်ကိုက်ဖြစ်သွားတာပဲ လူတိုင်းရှိနေတုန်း အရေးကြီးကိစ္စတစ်ခု ကြေငြာပါရစေ”