ဒါကသတိပေးချက်ပဲ
Vol. 12 Ch. 129
တိမ်တောင်အင်ပါယာ၏ ဧကရာဇ်လီရှီချင်း ခန်းမထဲ၀င်လာသောကျန်းယန်ကို မျက်မှောင်ကြုံ့၍ ကြည့်နေခဲ့သည်။
သူစိတ်အနှောင့်အယှက်ထပ်ဖြစ်သွားခဲ့ရပြန်၏။
ကျန်းယန်သည် သူ့နန်းတော်ကိုသူ့အိမ်လိုသဘောထားနေခြင်းပေလော။
ထိုကောင်သည် လာချင်တဲ့အချိန်လာပြီး ထွက်ချင်တဲ့အချိန်ထွက်နေခဲ့သည်။
သို့သော်လည်း အတိတ်တုန်းက အဇူရာတိမ်ဂိုဏ်းကသူ့ကိုကြမ်းတမ်းသောသင်ခန်းစာတစ်ခုပေးထားခဲ့သောကြောင့် သူယွင်ထန့်ဧကရာဇ်လိုတော့ မမောက်မာရဲတော့ပေ။
ရုတ်တရက်အဖြစ်အပျက်ကြောင့် ညီလာခံခန်းမတစ်ခုလုံး အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်သွားခဲ့ဧ။။် ဘယ်သူမှစကားမပြောရဲကြတော့ပေ။
ရှေ့ဆုံးတွင်ရပ်နေသော အရာရှ်ိတစ်ယောက်အခြေအနေပိုဆိုးလာမည်စိုးသောကြောင့် ရှေ့တက်လာပြီး မေးလိုက်လေသည်။
“အမည်ခံဂိုဏ်းသခင်ကျန်း ဘာများပြောချင်လို့လဲ”
ကျန်းယန်ညီလာခံထိပ်ဆုံးသို့လျှောက်သွားခဲ့ပြီး လူအုပ်ကြီးကိုတစ်ချက်ကြည့်ပြီးမှ ဧကရာဇ်လီရှီချင်းဘက်လှည့်လိုက်ကာ
“ကျွန်တော် သတင်းတစ်ခုပြောပြဖို့လာခဲ့တာပါ….
ယွင်ထန့်ဧကရာဇ်သေသွားပြီ ကျွန်တော်သတ်လိုက်တာ!”
သူတကယ်သတ်ခဲ့ခြင်းမဟုတ်သော်လည်း ထိုအမှတ်ကိုသူယူဖို့သာ ဆုံးဖြတ်လိုက်သည်။
ဧကရာဇ်လီရှီချင်းထရပ်လိုက်မိပြီး ကျန်းယန်ကိုတုန်လှူပ်မှုများပြည့်ေနေသာမျက်နှာဖြင့် စိုက်ကြည့်နေခဲ့၏။
ဝောာ်၀င်မှူးမတ်များလည်း သူတို့မျက်နှာပေါ်ကအကြောက်တရားကိုမဖုံးကွယ်နိုင်ကြတော့ပေ။
မြင်ရခဲသောမိန်းမစိုးဟုန်ပင် ဧကရာဇ်ဘေးတွင်ပေါ်လာခဲ့ပြီး ကျန်းယန်ကိုအလွန်အမင်းသတိထားနေဟန်ဖြင့် ကြည့်ရှုနေခဲ့သည်။
သူသည် ယွင်ထန့်ဧကရာဇ်ကိုသတ်ဖြတ်ခဲ့ပြီး ယခုအခါတွင် တိမ်တောင်ဧကရာဇ်ကိုသတ်ဖြတ်ဖို့ ရောက်ရှိနေခြင်းပေလော။
လီရှီချင်းလည်း ထိုသို့သာတွေးနေခဲ့မိ၏။
ထိုသို့ မဟုတ်လျှင် အဘယ်ကြောင့်ကျန်းယန်ကညီလာခံခန်းမထဲပြောင်ပြောင်တင်းတင်း၀င်လာကာ မူးမတ်များရှေ့တွင်ထိုကဲ့သို့ ကြေငြာပါမည်နည်း။
ရှေ့ဆုံးတွင်ရပ်နေသော၀န်ကြီး တကိုယ်လုံးတုန်ရီနေသော်လည်း အားတင်း၍ ပြန်မေးလိုက်သည်။
“အဲ့တာက ဂိုဏ်းသခင်ကျန်းကျွန်တော်တို့ကိုပြောပြချင်တဲ့သတင်းစကားလား”
ကျန်းယန် အကြည့်က ဧကရာဇ်ဆီမှ ၀န်ကြီးများဆီပြန်ရောက်သွားခဲ့ပြီး
“ယွင်ထန့်ဧကရာဇ်က လန်ကျားအထွတ်အမြတ်မြေနဲ့ပေါင်းပြီး အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ထိခိုက်စေမယ့် လုပ်ရပ်မျိုးလုပ်ခဲ့တယ် အဲ့တာကြောင့် ကျွန်တော်ကသူတို့ကို သုတ်သင်ခဲ့တာ သူတို့အားလုံးကိုပဲ
မကြာခင်မှာ ယွင်ထန့်တော်၀င်မိသားစုကအစားထိုးခံလိုက်ရလိမ့်မယ်
ဒီကိစ္စဖြစ်ပြီးခဲ့တဲ့နောက် တိမ်တောင်အင်ပါယာမှာလည်းဒါမျိုးတွေဖြစ်လာမှာကို ကျွန်တော်စိုးရိမ်လာခဲ့မိတယ်
တကယ်လို့ ဧကရာဇ်ကသာ အခြားကုန်းမြေတိုက်ကြီးတွေက ဂိုဏ်းကြီးတွေနဲ့ပူးပေါင်းခဲ့မယ်ဆိုရင် တိမ်တောင်အင်ပါယာကလည်း ယွင်ထန့်အင်ပါယာနဲ့တစ်ထပ်တည်းကျတဲ့ အကျိုးဆက်မျိုးနဲ့ရင်ဆိုင်ရလိမ့်မယ်
အဲ့တာကြောင့် ကျွန်တော်ကကောင်းကောင်းမွန်မွန်သတိပေးဖို့ လာခဲ့တာပါ
တကယ်လို့ အခြားဂိုဏ်းကြီးတစ်ခုခုက ဧကရာဇ်ကိုလာစည်းရုံးခဲ့မယ်ဆိုရင် ယွင်ထန့်ဧကရာဇ်ရဲ့အဖြစ်ကိုသတိရပေးပါ”
၀န်ကြီးအမြန်ပြုံးလိုက်ကာ ပြောလိုက်၏။
“ကျွန်တော်တို့အားလုံးက အဇူရာတိမ်သားတွေပါပဲ ဘယ်လိုလုပ်ဒီလိုရူးမိုက်တဲ့အလုပ်မျိုးကို လုပ်ရမှာလဲ အရှင်မင်းကြီး ကျွန်တော်တို့ကအမိမြေကိုဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူးနော် ဟုတ်တယ်မလား”
သူ ဧကရာဇ်ကို ယခုအချိန်က သူတို့ရပ်တည်ချက်ကိုရှင်းရှင်းလင်းလင်းပြရမည့်အချိန်ဟု သတိပေးနေခဲ့ခြင်းဖြစ်သည်။
ကျန်းယန်က သူ့ကိုသတ်ဖို့လာတာမဟုတ်ဘူးဟု သိလိုက်ရသောအခါမှ လီရှီချင်းစိတ်အေးသွားပြီး ဖြည်းဖြည်းချင်း ပြန်ထိုင်လိုက်ကာလေးလေးနက်နက်ပြောလိုက်၏။
“ဆရာကြီးဖန်းပြောတာမှန်ပါတယ် ငါတို့တိမ်တောင်အင်ပါယာက အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို ဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး နောက်ပြီး ငါတို့နဂါးပျံတပ်ကလည်း အဇူရာတိမ်ဂိုဏ်းရဲ့ ၀တ်စုံပြာအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေပြီလေ ဘယ်လိုလုပ် အဲ့လိုလုပ်ရပ်မျိုးကို လုပ်နိုင်မှာလဲ”
ကျန်းယန်အသာအယာခေါင်းညိတ်ပြလိုက်သည်။
“အရှင်မင်းကြီးဒီလိုတွေးတာကို ကျွန်တော်၀မ်းသာမိပါတယ် အခြားဂိုဏ်းကြီးတွေကဒီလောက်ကြင်နာတတ်ကြတာမဟုတ်ဘူး သူတို့ဧကရာဇ်တို့ကိုသိမ်းသွင်းတယ်ဆိုတာက အဇူရာတိမ်ဂိုဏ်းနဲ့ ရင်ဆိုင်ဖို့သက်သက်ပဲ
ကျွန်တော်ဒဲ့ပဲပြောတော့မယ်
အဇူရာတိမ်ဂိုဏ်းရှိနေလို့သာ လူတိုင်းဒီနေရာမှအေးအေးချမ်းချမ်း ညီလာခံကျင်းပနေနိုင်တာ
အဇူရာတိမ်ဂိုဏ်းက မိစ္ဆာတွေကိုဖိနှိပ်ထားတဲ့သတင်းကို ခင်ဗျားတို့လည်းကြားမိမယ်ထင်တယ်
ကျွန်တော်အတည်ပြုပေးလိုက်မယ် အဲ့ဒီသတင်းကအမှန်ပဲ
ကျွန်တော်တို့ဂိုဏ်းကမိစ္ဆာတွေကိုနှစ်တစ်ထောင်ကျော်ကြာအောင်ဖိနှိပ်ပေးထားတာ အဇူရာတိမ်ဂိုဏ်းက မျိုးဆက်အဆက်အဆက်က သူတို့ကိုယ်သူတို့စတေးပြီး မိစ္ဆာတွေကိုဖိနှိပ်ထားခဲ့ကြတာ
အဲ့ဒီအတွက်ကျွန်တော်တို့က ဘယ်သူ့ဆီကမှကျေးဇူးတင်မှုကို မတောင်းခံဘူး
ဒါပေမယ့်လည်း သစ္စာဖောက်တာကိုတော့ လက်မခံနိုင်ဘူး
အဲ့တာကြောင့် တစ်ယောက်ယောက်က နောက်ကျောကဓားနဲ့ထိုးဖို့ကြံမယ်ဆိုရင် ကျွန်တော်တို့ဘက်ကလည်း အကြမ်းတမ်းဆုံးပုံစံနဲ့ပြန်ပြီးတုန့်ပြန်ရမှာပဲ”
သူခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ တိမ်တောင်အင်ပါယာရဲ့အတွင်းရေးကိစ္စတွေကို အဇူရာတိမ်ဂိုဏ်းက၀င်စွက်ဖက်မှာမဟုတ်ဘူး
တကယ်လို့ ခင်ဗျားတို့ကောင်းကောင်းမအုပ်ချုပ်နိုင်လို့ ပလ္လင်ကို တစ်ယောက်ယောက်က သိမ်းသွားရင်တောင် အဲ့တာကခင်ဗျားတို့သမိုင်းပဲ
ဒါပေမယ့် ကျင့်ကြံသူတွေအနိုင်ကျင့်တာတို့ စွမ်းအားကြီးတဲ့သားရဲကြီးတွေကျူးကျော်တာဆိုရင်တော့ အဇူရာတိမ်ဂိုဏ်းကိုအကြောင်းကြားနိုင်တယ်
ကျွန်တော်တို့ ခင်ဗျားတို့ကိုကူညီမယ်”
ပြောပြီးသည်နှင့် ကျန်းယန်သူတို့တုန့်ပြန်မှုကိုမစောင့်တော့ဘဲ ခန်းမထဲမှ ထွက်ခွာသွားခဲ့လေသည်။
ခန်းမထဲရှိလေထုကတော့ လေးလံ၍ကျန်ခဲ့ပြီး ဘယ်သူမှစကားမပြောရဲကြတော့ပေ။
ကျန်းယန်အတော်ဝေးဝေးရောက်သွားသောအခါမှ ဧကရာဇ်လီရှီချင်းအသိပြန်၀င်လာပြီး အမိန့်ပေးလိုက်၏။
“ေဆာင်ရွက်ရမယ့်ကိစ္စတွေကို ခုနကဆွေးနွေးပြီးတဲ့အတိုင်းပဲ ဆောင်ရွက်ကြမယ် ညီလာခံ ပိတ်သိမ်းပြီ!”
ညီလာခံကိုဘယ်လိုမှဆက်ကျင်းပဖို့ မဖြစ်နိုင်တော့သောကြောင့် ဧကရာဇ်ထွက်ခွာသွားခဲ့ပြီး ၀န်ကြီးများလည်း တစ်ယောက်ပြီးတစ်ယောက်ထွက်ခွာသွားခဲ့ကြလေသည်။
ထိုစဉ် ကျန်းယန်ကတော့ အဇူရာတိမ်ဂိုဏ်းသို့ ပြန်ရောက်လာခဲ့၏။
သူရောက်ရောက်ချင်း ချင်းယွင်ကျိဆီရောက်သွားခဲ့ပြီး
“ဆရာ ကျွန်တော့်ဝိညာဉ်ငြိမ်းအေးအလံဘယ်မှာလဲ”
ချင်းယွင်ကျိ အကူအညီမဲ့စွာခေါင်းယမ်းလိုက်ကာ ထုတ်ပေးလိုက်သည်။
“မင်းမှာစိတ်ဝိညာဉ်ရတနာတွေအများကြီး ရှိနေတာပဲကို”
“ကျွန်တော်သာမကြိုးစားခဲ့ရင် ဒီရတနာကိုပြန်ရမှာတောင်မဟုတ်ဘူးလေ အဲ့တာကို ဘာလို့ကျွန်တော်မရသင့်ရမှာလဲ” ကျန်းယန် အလံကိုစိတ်လှုပ်ရှားစွာ ကိုင်ထားလိုက်ရင်း
“စီနီယာ ဂိုဏ်းကပြန်လည်ကြိုဆိုပါတယ် စိတ်မပူပါနဲ့ ကျွန်တော်အနာဂတ်မှာ စီနီယာ့အတွက် ဖကိုဖရဲဝိညာဉ်ပညာရပ်ကိုကျင့်ကြံတဲ့ သင့်တော်မယ့်ဆက်ဆံသူတစ်ယောက်ရှာပေးပါ့မယ် စီနီယာစိတ်ကျေနပ်စေရမယ်လို့ ကျွန်တော်ကတိပေးပါတယ်
ဒါပေမယ့် အဲ့ဒီမတိုင်ခင်တော့ စီနီယာကျွန်တော့်နောက် လိုက်လိုက်ရင်ရော”
ဝိညာဉ်ငြိမ်းအေးအလံက လှုပ်ပင်လှုပ်မလာခဲ့ပေ။ သူ့ကို လုံး၀ငြင်းဆန်လိုက်ကာ သေချာပေသည်။
ချင်းယွင်ကျိလည်းနတ်အာရုံသုံးကာ ရတနာစိတ်ဝိညာဉ်နှင့်ဆက်သွယ်လိုက်ပြီး
“ဒီကလေးက အနာဂတ်အဇူရာတိမ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လောင်းပဲ သူ့တည်ရှ်ိမှုက အရမ်းအရေးကြီးတယ် ငါဘာကိုမှမစိုးရိမ်ပေမယ့် ငါသတိမထားမိလိုက်ချိန်မှာ သူ့ဝိညာဉ်တိုက်ခိုက်ခံရမှာကိုတော့ စိုးရိမ်တယ် အဲ့တာကြောင့် ငါမင်းကို သူ့ဝိညာဉ်ကိုကာကွယ်ပေးစေချင်တာ”
ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်သော ချင်းယွင်ကျိ၏နတ်အာရုံက အတော်လေးအားကောင်းပေသည်။
သို့သော်လည်း သူပင် အချိန်ပြည့်ကျန်းယန်ကိုဂရုစိုက်၍ ကြည့်ရှုနေနိုင်လိမ့်မည်ဟု အာမမခံနိုင်ပေ။
ထို့ကြောင့်လည်း ကျန်းယန် အလံကိုစည်းရုံးရာ၌ သူလည်း၀င်ပါပေးနေခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အလံကတော့ လုံး၀ကိုလှုပ်မလာခဲ့ပေ။ သိသာစွာပင် အလံသည်ကျန်းယန်ကိုလုံး၀အသိအမှတ်မပြုခဲ့ပေ။
ချင်းယွင်ကျိလည်း အကူအညီမဲ့သက်ပြင်းချလိုက်ရုံသာ တတ်နိုင်တော့သည်။
ကျန်းယန်ကိုသခင်အဖြစ်အသိအမှတ်ပြုရန် သူအတင်းအကြပ်ဖိအားပေး၍လည်း မရသောကြောင့် သူတတ်နိုင်တာဘာမှမရှိတော့ပေ။
ထို့ကြောင့် အလံကိုကျန်းယန်လက်ထဲထည့်ပေးလိုက်ပြီး ရိုးရိုးရှင်းရှင်းသာ ပြောလိုက်၏။
“မင်းဟာမင်း ကြည့်စီစဉ်လိုက်တော့”
နောက်ဆုံးတွင် အမွှေးတိုင်အိုးကတောင် သူ့ကိုသခင်အဖြစ်အသိအမှတ်ပြုထားသေးလေရာ တစ်ချိန်ချိန်တွင် ဤအလံကလည်း သူ့ကိုသခင်အဖြစ် အသိအမှတ်ပြုလာနိုင်ပေသည်။
အလံက သူ့ကိုသခင်အဖြစ်အသိအမှတ်မပြုလိုမှန်း ကျန်းယန်လည်းသတိထားမိ၏။ ထို့ကြောင့် သူအလံကို သိမ်းသာထားလိုက်သည်။ ယခုအချိန်က စည်းရုံးဖို့ အကောင်းဆုံးအချိန်မဟုတ်သေးပေ။
ထို့အပြင် ဤကဲ့သို့သောကိစ္စမျိုးက လောမရပေ။
“ဆရာ တပည့်ကိုပြန်ခေါ်ဖို့ စီနီယာအစ်ကိုကြီးကိုလွှတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ”
အားလုံးပြီးမှသာ စစ်ထူမင်ယွဲ့ရှေ့တက်လာပြီး ချင်းယွင်ကျိကို ဂါရ၀ပြုလိုက်၏။
ချင်းယွင်ကျိ ပြုံးလိုက်ကာ
“ကောင်းတဲ့ကိစ္စဖြစ်သွားတာပါပဲ မင်းအစ်ကိုကြီးက ဒီခရီးကနေ ဝိညာဉ်ငြိမ်းအေးအလံကိုပါ ပြန်ယူလာနိုင်မယ်လို့ ဆရာမျှော်လင့်မထားခဲ့မိဘူး”
ထိုကိစ္စက သူ့ကိုအတော်လေးကျေနပ်သွားစေခဲ့သည်။
ထို့နောက် သူကျန်းယန်ကိုကြည့်ကာ ပြောလိုက်၏။
“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်အတွက် အချိန်သိပ်မကျန်တော့ဘူး မင်းဆက်ပြီးကျင့်ကြံသင့်တယ်”
“ဟုတ်ကဲ့ပါဆရာ” ကျန်းယန်ခေါင်းညိတ်ပြလိုက်ပြီးနောက် ၀င်္ကပါထဲပြန်ပို့ခံလိုက်ရလေတော့သည်။
ကျန်းယန်ကိုပို့ပြီးသောအခါ ချင်းယွင်ကျိ စစ်ထူမင်ယွဲ့ဘက်လှည့်လိုက်ပြီး
“မင်းလည်း ကျင့်ကြံခြင်းမှာအာရုံစိုက်သင့်တယ် ကျင့်ကြံသူတစ်ယောက်အနေနဲ့ တာအိုလမ်းစဉ်ကိုလိုက်ဖို့ ဘယ်တော့မှမမေ့နဲ့”
“ဟုတ်ကဲ့ပါဆရာ” စစ်ထူမင်ယွဲ့ လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်ပြီး နောက်ဆုံးတွင် သူ့ဆရာက သူ့ကိုလည်းတန်ဖိုးထားပါလားဟု ခံစားလိုက်ရ၏။
ထို့နောက် သူမလည်းတံခါးပိတ်ကျင့်ကြံဖို့ ထွက်ခွာသွားခဲ့လေသည်။
လူတိုင်းထွက်သွားသောအခါမှ ချင်းယွင်ကျိ စန်းစုန့်ဘက်လှည့်ပြီး ပြောလိုက်၏။
“ငါမင်းနဲ့ကျန်းယန်ကြားက အလောင်းအစားကိုအသိအမှတ်ပြုမယ်”
“စီနီယာ သူ့ကိုအဲ့လောက်တောင်မြင့်မြင့်တွေးထားတာလား” စန်းစုန့်အံ့အားသင့်သွားဟန်ဖြင့် မေးလိုက်သည်။
သူ့အမြင်တွင် ထိုတိုက်ပွဲကွင်းပြင်၌ ကျန်းယန်အနိုင်ရဖို့ မသေချာပေ။ ချင်းယွင်ကျိက အဘယ်ကြောင့် သဘောတူလိုက်ရပါသနည်း။
ချင်းယွင်ကျိ အသာအယာပြုံးပြလိုက်ကာ
“တကယ်လို့ သူကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှာ သေသွားရင် ငါကအဇူရာမဟာတိမ်၀င်္ကပါကို ဖွင့်ပစ်ပြီး မင်းတို့ဂိုဏ်းကြီးတွေအားလုံးကို ကလဲ့စားချေမှာပဲ အဲ့လိုဖြစ်သွားရင် မင်းကိုခေါ်ထားလည်း ငါ့အတွက်ဘာထူးတော့မှာလဲ”
တကယ်လို့ ကျန်းယန်သာသေဆုံးသွားခဲ့လျှင် အဇူရာတိမ်ဂိုဏ်း၏မိစ္ဆာပြဿနာကို ဘယ်တော့မှဖြေရှင်းလို့ ရနိုင်တော့မည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူချင်းယွင်ကျိက ဘာကိုဂရုစိုက်စရာလိုပါတော့မည်နည်း