← Chapters

ငါ ဝိညာဉ်ကျောက်တုံးလိုတယ်

Vol. 1 Ch. 7

ငါ ဝိညာဉ်ကျောက်တုံးလိုတယ်

Vol. 1 Ch. 7

သူက လမ်းလျှောက်ရင်း ပိုမိုစိတ်လှုပ်ရှားလာခဲ့၏။ သူသွားရာလမ်းတစ်လျှောက်တွင် သွေးများ ချောင်းစီးကျန်နေခဲ့သည်။

“ဘန်း…”

သူ့ရှေ့မှ နောက်ထပ် အမွှေးထူသားရိုင်းတစ်ကောင်သည် မမြင်ရသော တိုက်ခိုက်မှုသုံးကြိမ်တိတိကြောင့် ဖင် ပွင့်သွားပြီး နာကျင်စွာ အော်ဟစ်လျက် သွေးစိမ်းများ မြေပေါ်ကို ပြန့်ကျဲကာ သေဆုံးသွားတော့သည်။

“ဘုန်း…”

ဧရာမသိမ်းငှက်တစ်ကောင်သည်ကား မြေပြင်ပေါ်ကို မဆင်းသက်ရသေးမှီတွင်ပင် နာကျင်စွာ အော်ဟစ်လျက် အိပ်မက်ဆိုးတစ်ခုနှင့် ကြုံတွေ့လိုက်ရရှာ၏။ ထို့နောက်တွင် သူ့ဖင်လည်း ပွင့်ထွက်သွားတော့သည်။

“ဘန်း… ဘုန်း…”

လူသားအရွယ်ခန့်ရှိသော ကျားရိုင်းတစ်ကောင်သည် မန်ဟိုအား ခုန်အုပ်တော့မည်ပြုသည်။ သို့သော်လည်း ထိုသတ္တဝါသည်လည်း ထူးမခြားနားစွာ ငါးကြိမ်တိုင်တိုင် ပေါက်ကွဲလျှက် ဖင်ပွင့်မှုဒဏ်ကို ရင်ဆိုင်ရရှာ၏။

“တကယ့်ရတနာပဲ၊ တကယ်စွမ်းတဲ့ရတနာပဲ”

သူ မသိလိုက်မှီတွင်ပင် အမှောင်ထု သန်းလာချေပြီ။ မန်ဟိုကား စိတ်လှုပ်ရှားသည်ထက် ပို၏။ သူက ကြေးမုံကို ငုံ့ကြည့်သည်။ တစ်ရက်တည်းအတွင်း သူသည် သားရဲပေါင်းတစ်ရာကျော်၏ဖင်များကို ပွင့်အောင် ပြုလုပ်ခဲ့၏။

သူသည် လူသူမနီးသော တောနက်ပိုင်းထဲ၌ ရောက်နေခြင်းက ကံကောင်းပေသည်။ မဟုတ်လျှင် တောကောင်များ၏သွေးညှီနံ့များအား လူအများ သတိထားမိသွားနိုင်၏။

“ကြေးမုံက အားလုံးကို ထိခိုက်စေတာတော့ မဟုတ်ဘူး။ ငါ မြွေနဲ့ ငါးတွေကို စမ်းကြည့်တော့ ဘာမှ တုန့်ပြန်မှု မရှိဘူး။ ပြီးတော့ အကြေးခွံပါတဲ့သတ္တဝါတွေကိုလည်း အလုပ်မဖြစ်ဘူး။ ဒါပေမဲ့လည်း ကြေးမုံက အရမ်းကို တန်ဖိုးရှိတုန်းပဲ”

သူကား နည်လမ်းပေါင်းများစွာ စမ်းသပ်ခဲ့ပြီးဖြစ်၏။ ကြေးမုံသည် သူ့သိုလှောင်အိတ်ထဲတွင်ဆိုပါက တုန့်ပြန်မှု မရှိပေ။ သူက လက်ဖြင့်ကိုင်ထားလျှင်သာ အလုပ်လုပ်ပေသည်။ သားရဲများ၏ဖင်ပွင့်သွားလျှင် သူသည် စိတ်လှုပ်ရှားဝမ်းသာသည့် ထူးဆန်းသော ခံစားချက်အား ရသည်။

အမှောင်ရိပ်သန်းလာလျင် မန်ဟိုသည် တောနက်ထဲ ရောက်နေကြောင်း မိမိကိုယ်ကို သတိပြုမိသည်။ ညလေညင်းက တိုက်ခတ်လာလျှင် မန်ဟိုက သက်ပြင်းတစ်ချက် ရှိုက်သည်။ သူသည် ကျင့်ကြံခြင်းဂူသို့ ပြန်မည်ပြု၏။

မည်သို့ဆိုစေ တောနက်ပိုင်းတွင် သားရိုင်းများပေါများပေသည်။ ကျင့်ကြံခြင်းအဆင့်မြင့်မားသော သားရိုင်းများသည် တောနက်ပိုင်းများတွင် ရှိတတ်သည်ဟု မန်ဟိုကြားဖူး၏။ သူက ဝမ်းသာအူမြူးနေသော်လည်း သည်နေရာမှာ အန္တရာယ်များကြောင်း သိပေသည်။

သူကား သားရိုင်းများကို ရှာဖွေရင်း သည်နေရာသို့ ရောက်လာခြင်းဖြစ်ရာ အလာလမ်း၌ အချိန်များစွာ ကြာမြင့်ခဲ့၏။ အပြန်လမ်းကား အချိန်သိပ်မယူလိုက်ရဘဲ လရောင်၏အလင်းနှင့်အတူ တောင်ကုန်းများကိုဖြတ်ကာ မြန်ဆန်စွာ ပြန်နိုင်ခဲ့သည်။ မကြာမှီ သူနှင့် ကျင့်ကြံခြင်းဂူတို့အကြားတွင် တောင်ကုန်းသုံးခုသာ ခြားတော့သည်ကို မြင်၏။

ရုတ်တရက် နှာမှုတ်သံတစ်ခုနှင့်အတူ သူ့မျက်နှာအား လေပူများရိုက်ခတ်လာ၏။ သူက နှလုံးခုန်မြန်သွားပြီး သွားနေရာမှ ရပ်ကာ ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။

ဂါး…

သူက နောက်ဆုတ်လိုက်သည်နှင့် သူ့ရှေ့မှ လေထုသည် ပြင်းထန်သော ဟိန်းသံတစ်ခုနှင့်အတူ တုန်ခါသွားပြီး လေပူများ သူ့ထံသို့ ရိုက်ခတ်လာပြန်၏။ သူ့ရှေ့တွင်ကား လူအရွယ်အစားခန့်ရှိသော မျောက်ကဲ့သို့ သတ္တဝါတစ်ကောင် ရှိနေသည်။ သူ၏မျက်လုံးများသည် နီရဲနေပြီး တစ်ကိုယ်လုံးမှာ ထူထပ်သော အမွှေးအမျှင်များဖြင့် ဖုံးအုပ်ထားသည်။

သားရိုင်းသည် မန်ဟိုအား သွေးဆာသော မျက်လုံးများဖြင့် ကြည့်၏။ မန်ဟိုက ထိုသားရိုင်းကို ပြန်ကြည့်ကာ မျက်နှာပျက်သွားသည်။ သားရိုင်း၏အကြည့်တွင် သူကား တုန်လှုပ်ကာ နောက်ကို လွင့်စင်လုမတတ် ခံစားရသည်။ ထိုသားရိုင်း၏ကျင့်ကြံခြင်းအဆင့်ကို သူခံစားမိ၏။

“စဦးချီဖွဲ့စည်းခြင်းအဆင့်၂”

မန်ဟိုက ထိတ်လန့်တကြားဖြင့် နောက်ကို တစ်လှမ်းဆုတ်သည်။ သည်သတ္တဝါကား သားရိုင်းမဟုတ်ပေ။ မိစ္ဆာသားရိုင်းသာ ဖြစ်ချေသည်။ သည်သားရိုင်းမိစ္ဆာသည် သူသတ်ဖြတ်ခဲ့သော သတ္တဝါများ၏သွေးနံ့ကြောင့် ရောက်လာခဲ့ဟန်ရသည်။

{ရှင်းလင်းချက်_ သာမန်သတ္တဝါများအား သားရဲ၊သားရိုင်း၊တောကောင်များဟု သတ်မှတ်နိုင်ကာ ကျင့်ကြံခြင်းအဆင့်များရှိသော သတ္တဝါများအား မိစ္ဆာသားရိုင်းများအဖြစ် သတ်မှတ်နိုင်ပေသည်။}

သူ့အနေဖြင့် တွေးတောနေရန် အချိန်သိပ်မရပေ။ ထိုမျောက်သည် လေထဲသို့ ခုန်လိုက်လျှင် ရုတ်တရက် တစ်ကိုယ်လုံး မီးများဖြင့် တောက်လောင်လာ၏။ ထိုမီးများသည် မျေက်၏သားမွှေးများကို လောင်ကျွမ်းခြင်း မရှိချေ။ မီးများဖြင့် လောင်ကျွမ်းနေသော မျောက်သည် မန်ဟိုထံသို့ ခုန်အုပ်လာချေသည်။

သေရေးရှင်ရေးဖြင့် ကြုံလျှင် မန်ဟို၏အမူအရာက ပြောင်းလဲသွားသည်။ ကြေးမုံက မိစ္ဆာသားရိုင်းများကို ထိခိုက်စေမည်လား သူမသေချာပေ။ သို့သော်လည်း သူ့တွင် စဉ်းစားတွေးတောရန် အချိန်မရှိတော့။ သူက ရုတ်တရက် ကြေးမုံအား ထုတ်ကာ အလင်းရောင်ပြန်ဖြင့် မျောက်ကို ထိုးလိုက်တော့သည်။

ထို့နောက် လေထဲ၌ နာကျင်စွာအော်ဟစ်သံများ ဖုံးလွှမ်းသွားတော့သည်။ လေထဲတွင် မိစ္ဆာသားရိုင်း၏ဖင်သည် သွေးစိမ်းရှင်ရှင်ပန်းထွက်လာခဲ့၏။ သူ့မျက်လုံးမှာ ရက်စက်သော အငွေ့အသက်များ ပျောက်ကွယ်သွားပြီး နားမလည်သော ဟန်ပင်ဖြစ်လာသည်။

ထိုသားရိုင်း၏ဘဝတွင် ထိုမျှ နာကျင်မှုကို တစ်ခါမှ မခံစားဖူးသည့်အလား။ သို့သော်၊ မျောက်ကား နောက်ဆုတ်ခြင်း မပြုသေးပေ။ ထိုအခိုက်တွင်ပင် သူ၏ဖင်မှ နောက်ထပ် သွေးများ ပေါက်ကွဲထွက်လာပြန်သည်။

ယခုတွင် သူ၏မျက်နှာမှ တွေဝေနားမလည်ခြင်းများသည် ထိတ်လန့်ခြင်းသို့ ပြောင်းလဲသွားပြီဖြစ်သည်။ သူက လူငယ်၏လက်ထဲမှ ကြေးမုံကို ကြောက်လန့်ခြင်းကြီးစွာဖြင့် ကြည့်ကာ သူ၏ဖင်ကို လက်ဖြင့်ပိတ်လျှက် နောက်လှည့်ပြေးတော့သည်။ သို့သော်လည်း နောက်တစ်ကြိမ် သူ၏ဖင်သည် ငါးကြိမ်ဆက်တိုက် ပေါက်ကွဲလေသည်။

မျောက်ကား နာကျင်စွာ အော်ဟစ်လျှက်ပင် မီတာ၃၀ခန့်အထိ ပြေးလွှားသွားနိုင်ခဲ့သေးသည်။ ကြေးမုံသည် စိတ်လှုပ်ရှားလွန်းသဖြင့် တုန်ခါလာသည်ကို မန်ဟိုခံစားရ၏။ ထို့နောက်တွင် မျောက်၏ဖင်မှ ကျယ်လောင်စွာ ပေါက်ကွဲသံတစ်ခု ထပ်မံကြားလိုက်ရတော့သည်။

မျောက်၏ကိုယ်တစ်ဝက်ခန့်သည် ပေါက်ကွဲထွက်သွားကာ စူးရှနာကျင်စွာ အော်ဟစ်သံသည် တောင်တန်းတစ်လျှောက် ပြေးထွက်သွားဟန်ရ၏။ သွေးများ နေရာအနှံ့ပြန့်ကျဲသွားကာ မျောက်သည် မြေပြင်ပေါ်၌ လဲလျောင်းလျှက် အသက်မဲ့သွား၏။

အရာအားလုံးကား မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့သည်။ တချိန်လုံး မန်ဟိုကား မှင်တက်စွာဖြင့် ရပ်နေခဲ့သည်။ နောက်ဆုံးတွင် သူသည် သက်ပြင်းတစ်ချက်ရှိုက်ကာ ကြေးမုံအား ထိတ်လန့်စွာ ကြည့်၏။

“မိစ္ဆာသားရိုင်းတွေတောင်မှ ကြေးမုံကြောင့် ဖင်ပွင့်ရတာပဲ၊ ဒီကြေးမုံ…”

မန်ဟိုကား ပိုမို၍ စိတ်လှုပ်ရှားလာခဲ့၏။ သူက ကြေးမုံကို သိမ်းလိုက်ကာ မိစ္ဆာသားရိုင်းအသေကောင်ကို ကြည့်သည်။

“စဦးချီဖွဲ့စည်းခြင်းကျမ်းမှာတော့ မိစ္ဆာသားရိုင်းတွေအကြောင်း ဖွင့်ဆိုထားတယ်။ မိစ္ဆာသားရိုင်းတွေမှာ စိတ်ဝိညာဉ်စွမ်းအင်ကို သိုလှောင်တဲ့အမြုတေတွေရှိတယ်။ ငါ အဲဒါကို စားလို့ရမယ်”

သူသည် မြန်ဆန်စွာဖြင့် မျောက်အသေကောင်ထံသို့ လျှောက်လာခဲ့သည်။ အမှန်တကယ်ပင် မိစ္ဆာသားရိုင်း၏ဝမ်းဗိုက်မှ သူသည် လက်သည်းခွံမျှသာရှိသော အမြုတေတစ်ခုအား တွေ့ရှိခဲ့၏။ ထိုအမြုတေမှ ထွက်ပေါ်လာသော မွှေးပျံ့လတ်ဆတ်သော အငွေ့အသက်များသည် မန်ဟိုအားသက်တောင့်သက်သာ ခံစားရစေသည်။

မိစ္ဆာအမြုတေအား သိမ်းဆည်းကာ မန်ဟိုက ခပ်သုတ်သုတ် အိမ်ပြန်လာခဲ့၏။ ကံမကောင်းသည်ကား လမ်းတွင် တခြားသော မိစ္ဆာသားရိုင်းများကို မတွေ့ရတော့ခြင်းပင်။ သည်တောတစ်ဝိုက်တွင် မိစ္ဆာသားရိုင်းများမှာ အလွန်ရှားပါးပေသည်။ မန်ဟိုက အနည်းငယ် စိတ်ပျက်မိ၏။

သူပြန်ရောက်သွားသောအချိန်တွင် ညနက်နေပြီဖြစ်သည်။ မန်ဟိုက တင်ပလ္လင်ခွေထိုင်ကာ သားရိုင်းမိစ္ဆာအမြုတေနှင့် ကြေးမုံတို့အား ဝင်းလက်သော မျက်လုံးများဖြင့် ကြည့်သည်။

“ငါ သားရိုင်းအမြုတေကို အရင်စားလိုက်မယ်။ ဒါပေမဲ့ ဂိုဏ်းက ပေးတဲ့ စိတ်ဝိညာဉ်အားတိုးဆေးလည်း ရှိသေးတာပဲ။ ငါ ဆေးလုံးကို အရင်စားပြီးမှ သားရိုင်းမိစ္ဆာအမြုတေကို စားမယ်”

သူက စိတ်ပိုင်းဖြတ်ပြီး သားရိုင်းမိစ္ဆာအမြုတေ၊ ကြေးမုံနှင့် ဝိညာဉ်ကျောက်တုံးတို့အား ဘေးတွင် ချသည်။ ဝိညာဉ်ကျောက်တုံးကို ဘေးတွင် ချထားခြင်းဖြင့် သူ့အား စိတ်ဝိညာဉ်စွမ်းအင်စုပ်ယူခြင်းတွင် အနည်းငယ် အထောက်အကူပြုပေသည်။

ထို့နောက် သူက စိတ်ဝိညာဉ်အားတိုးဆေးကို ကောက်ယူကာ မျိုချလိုက်သည်။ ဆေးလုံးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်သွားပြီးနောက်တွင် စိတ်ဝိညာဉ်စွမ်းအင်အမျှင်တန်းများသည် သူ့တစ်ကိုယ်လုံးသို့ ဖြေးညင်းစွာ ဖြန့်ကျက်စီးဆင်းသွား၏။ မန်ဟိုက သွေးကြောမှ စွမ်းအားများကို လှည့်ပတ်ကာ ဆေးလုံးမှ စွမ်းအားများကို မြန်ဆန်စွာ စုပ်ယူသည်။

တစ်နာရီခန့်ကြာပြီးနောက် မန်ဟိုက မျက်လုံးများကို ဖွင့်လိုက်လျှင် မျက်လုံးသည် တဖျတ်ဖျတ် လက်သွားသည်။ ဆေးလုံးကို စားသုံးခြင်းက ကျင့်ကြံခြင်းအား ပိုမိုမြန်ဆန်စေ၏။ ကံမကောင်းသည်ကား စိတ်ဝိညာဉ်အားတိုးဆေး၌ လုံလောက်သော စွမ်းအားများ မရှိပေ။ ထို့နောက်တွင် သူက သူ့အကြည့်ကို ဘေးသို့ ပို့ကာ မိစ္ဆာသားရိုင်းအမြုတေကို ကောက်ယူလျှက် ပါးစပ်ထဲသို့ ပစ်သွင်းလိုက်သည်။

အမြုတေက သူ့ဝမ်းဗိုက်ထဲကို ရောက်သွားသည်နှင့် စိတ်ဝိညာဉ်အားတိုးဆေးထက် အဆမတန် များပြားသော စိတ်ဝိညာဉ်စွမ်းအင်များသည် သူ့တစ်ကိုယ်လုံးသို့ စီးဆင်းလာတော့သည်။ စွမ်းအားကား မခံနိုင်လောက်အောင် များပြား၏။ သူက စွမ်းအားများကို မြန်ဆန်စွာ လှည့်ပတ်ကာ ကိုယ်ပိုင်စွမ်းအားများအဖြစ် စုပ်ယူသည်။

၁၀နာရီခန့်ကြာမြင့်သောအခါ သူသည် ဆတ်ခနဲတုန်သွားပြီး ခေါင်းထဲမှ ဖပ်ခနဲမြည်သံတစ်ခုနှင့်အတူ တစ်ကိုယ်လုံး လွန်မင်းစွာ ပေါ့ပါးသွားတော့သည်။ ယခု သူ့ကိုယ်ထဲတွင် ချီစွမ်းအားအငွေ့မျှသာ မဟုတ်တော့ပေ။ စွမ်းအားလှိုင်းကား စမ်းချောင်းကဲ့သို့ ဖြစ်နေလေပြီ။

“ချီစွမ်းအားက စမ်းချောင်းလို စီးဆင်းတယ်။ ခန္ဓာကိုယ်က သေမျိုးတို့အညစ်အကြေးကို သန့်စင်တယ်။ဒါက စဦးချီဖွဲ့စည်းခြင်းအဆင့်၂လား”

မန်ဟိုက မျက်လုံးကို ဖွင့်လိုက်သည်။ သူ့မျက်လုံးကား စူးရှတောက်ပနေ၏။ သူက ခန္ဓာကိုယ်အား စစ်ဆေးကြည့်သည်။ အမှန်တကယ်ပင် သူကား စဦးချီဖွဲ့စည်းခြင်းအဆင့်၂သို့ တက်ရောက်သွားခဲ့၏။

“မိစ္ဆာသားရိုင်းအမြုတေတွေက တကယ်ပဲ အကျိုးသက်ရောက်မှုအားကောင်းတာပဲ”

မန်ဟို၏မျက်လုံးများက တဖျတ်ဖျတ်လက်နေ၏။ သူက ထရပ်ကာ ကျင့်ကြံခြင်းဂူထဲ၌ လမ်းလျှောက်ကာ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားသည် စမ်းချောင်းကဲ့သို့ လှည့်ပတ်စီးဆင်းခြင်းကို ခံစား၏။ သူကား အလွန်အမင်း ပျော်ရွှင်နေ၏။

“ငါက အခု စဦးချီဖွဲ့စည်းခြင်းအဆင့်၂ အင်မော်တယ်ပဲ”

“မိစ္ဆာသားရိုင်းအမြုတေတွေက အရမ်းရှားပါးတာ ဆိုးတယ်။ မဟုတ်ရင် ငါ့ကျင့်ကြံခြင်းက ပိုမြန်ဆန်မှာပဲ။ ဒါတွေက ငါ့ရဲ့ရတနာကြေးမုံကြောင့်ပဲ”

မန်ဟိုက ကြေးမုံကို ကြည့်ကာ ရေရွက်ပြီးမှ ရုတ်တရက် တုန်ခါသွားသည်။ ထို့နောက် မျက်လုံးအား ပွတ်ကြည့်သည်။ သူက သေသေချာချာ ထပ်ကြည့်လျှင် သူ့မျက်နှာ၌ မယုံကြည်နိုင်သော အငွေ့အသက်များထင်ဟပ်လာခဲ့၏။

ကြေးမုံကား ထိုနေရာတွင်ပင် ရှိသည်။ သို့သော်လည်း ကြေးမုံပေါ်တွင် ဝိညာဉ်ကျောက်တုံး ပျောက်ကွယ်သွားကာ ၎င်းနေရာ၌ မိစ္ဆာသားရိုင်းအမြုတေတစ်လုံးသား ရှိတော့သည်။

“ဒါ… ဒါ…”

မန်ဟို၏ခေါင်းက နားမလည်ခြင်းများဖြင့် ပြည့်နှက်လာခဲ့သည်။ သူက ကြေးမုံပေါ်တွင် အကျအန ထိုင်နေသော အမြုတေအား တွေဝေစွာ ကြည့်သည်။ သူကား ဝိညာဉ်ကျောက်တုံးနှင့် အမြုတေတို့အား ကြေးမုံပေါ်တွင် တင်ထားခဲ့၏။

၎င်းကို မန်ဟို သေသေချာချာ မှတ်မိပေသည်။ ထို့အပြင် သူက မိစ္ဆာသားရိုင်းအမြုတေအား စားသုံးပြီးပြီဖြစ်သည်။ သို့သော်၊ သူ မသေမချာ ဖြစ်လာသည်။ သူက မိစ္ဆာအမြုတေကို စားသုံးလိုက်ခြင်းလား၊ ဝိညာဉ်ကျောက်တုံးကို စားသုံးလိုက်ခြင်းလား။

“ငါ ဝိညာဉ်ကျောက်တုံးကို စားလိုက်တာ မဟုတ်ဘူး …”

မန်ဟိုက အတန်ကြာ တွေဝေနေပြီးမှ မိစ္ဆာသားရိုင်းအမြုတေအား ကောက်ယူသည်။ ထို့နောက် အမြုတေအား လျှာဖြင့် သပ်ကြည့်သည်။ အမြုတေ၏အရသာနှင့်ရနံ့က သေချာပေါက် သူစားသုံးခဲ့သော အမြုတေအတိုင်းဖြစ်သည်။

“ဘာ… ဘာဖြစ်နေတာလဲ။ နောက်ထပ် အမြုတေတစ်လုံးလား။ ငါ မှားနေတာများလား။ အဲဒီသားရိုင်းမှာ အမြုတေနှစ်လုံး ရှိနေတာများလား”

မန်ဟိုကား ပိုမို၍ပင် နားမလည်တော့။ သူက ခေါင်းယမ်းကာ အတွေးများကို ရှင်းလင်းသည်။ သူက အမြုတေကို ကြည့်ကာ ကြေးမုံကို ထပ်ကြည့်၏။

ထိုအခိုက်တွင် ရွှေတောင်ကြီးတစ်ခု ကောက်ရလိုက်သည့်အလား သူ့ခန္ဓာကိုယ်က တုန်ယင်လာကာ မျက်လုံးက အလွန်အမင်း စူးရှလာခဲ့၏။

“ကြေးမုံက ဝိညာဉ်ကျောက်တုံးကို စုပ်ယူပြီးတော့ အမြုတေကို ပွားလိုက်တာလား”

သူ့အသံက တုန်ယင်နေသည်။ မူလက သားရိုင်းများအား ဖင်ပွင့်စေနိုင်သော ကြေးမုံ၏စွမ်းရည်က အလွန်ထူးခြားကောင်းမွန်နေပြီဟု တွေးခဲ့သည်။ သို့သော်လည်း ကြေးမုံ၌ ပိုမို ထူးဆန်းသော စွမ်းရည်ရှိနေသေးကြောင်း လုံးဝ မတွေးထင်မိခဲ့။

အတန်ကြာလျှင် စိတ်တည်ငြိမ်လာခဲ့၏။ သူ့တွင် လက်ရှိ၌ ဝိညာဉ်ကျောက်တုံးမရှိတော့ရာ ကြေးမုံအား ထပ်မံစမ်းသပ်ရန် မဖြစ်နိုင်ပေ။ သူကား နောက်တစ်ကြိမ်စမ်းကြည့်လိုသော စိတ်က တားမရဆီးမရဖြစ်လာနေသည်။

“ဝိညာဉ်ကျောက်တုံး…ဝိညာဉ်ကျောက်တုံး”

သူ့မျက်လုံးများက သားရိုင်းတစ်ကောင်လို စူးရှလာခဲ့၏။ ထိုအခိုက်တွင် ဝိညာဉ်ကျောက်တုံးကား သူ့အတွက် ရွှေထက် တန်ဖိုးကြီးပေသည်။ ဝိညာဉ်ကျောက်တုံးများကို ပိုင်ဆိုင်လိုသောစိတ်က ယခင် အရာရှိဖြစ်လိုသော စိတ်ထက် ပိုမိုအားကောင်းလာခဲ့သည်။

ဝိညာဉ်ကျောက်တုံးမှာ ကျင့်ကြံသူများအတွက် အရေးအကြီးဆုံးဖြစ်သည်။ ယခု မန်ဟိုက ဝိညာဉ်ကျောက်တုံးအား ရယူလိုခြင်းမှာ သူ့ဘဝတစ်လျှောက်တွင် အကြီးမားဆုံး အလိုဆန္ဒဖြစ်လာခဲ့၏။

ကံမကောင်းသည်ကား မှီခိုရာဂိုဏ်းသည် အလွန်သေးငယ်လွန်း၏။ လစဉ် ဆေးလုံးဝေခြင်းနေ့မှလွဲ၍ သူ့အနေဖြင့် ဝိညာဉ်ကျောက်တုံးများကို ရယူနိုင်မည့် တခြားနည်းလမ်းမရှိပေ။

“ဆေးလုံးဝေမယ့်နေ့ရောက်ဖို့ တစ်လလိုသေးတယ်”

မန်ဟိုက ကြေးမုံကို စိတ်အားထက်သန်စွာ ကြည့်သည်။ ထို့နောက် သူ၏အမူအရာက ပြန်တည်ငြိမ်လာ၏။ လက်ရှိတွင် သူသည် စဦးချီဖွဲ့စည်းခြင်းအဆင့်၂မျှသာ ရှိသေးသည်။ သူ့အနေဖြင့် တစ်စုံတစ်ခုကို အတင်းလုယူလိုလျှင်ပင် သူ့အနေဖြင့် မည်သူ့ကိုမှ မယှဉ်နိုင်ပေ။

“ယွင်ကျဲ့စီရင်စုမှာတုန်းက ငါ့မှာ ပိုက်ဆံမရှိဘူး”

“အခု အင်မော်တယ်ဖြစ်လာတော့လည်း မွဲပြာကျနေတုန်းပဲ”

မန်ဟိုက မသက်မသာ သက်ပြင်းချသည်။ သူက ဝိညာဉ်ကျောက်တုံးများအား မည်သို့ ရရှိနိုင်မည်ကို တွေးတောနေတော့သည်။

All Chapters