← Chapters

ငါးသွားဖမ်းရအောင်!

Vol. 12 Ch. 130

ငါးသွားဖမ်းရအောင်!

Vol. 12 Ch. 130

ကျန်းယန် မိစ္ဆာစွမ်းအင်များအသိပ်သည်းဆုံးနေရာတွင် တင်ပလ္လင်ခွေ၍ထိုင်နေခဲ့သည်။

ဝိညာဉ်ငြိမ်းအေးအလံကိုတော့ သူ့ဘေးတွင်သာချထားပြီး ဆက်ကျင့်ကြံနေခဲ့၏။

သို့သော်လည်း သူကျင့်ကြံနေရင်းအလွန်စိတ်မကျေမနပ်ဖြစ်လာခဲ့သည်။

တကယ်တော့ သူသည် ကျင့်ကြံနေရင်း သူ့၀ိညာဥ်ကိုလုံး၀အကာအကွယ်မဲ့နေအောင်ဖွင့်လှစ်ပေးထားခြင်း ဖြစ်၏။

“လာစမ်းပါ ငါ့ကို၀င်ပူးလိုက် င့ါဝိညာဉ်ကိုလာတိုက်ခိုက်လိုက်” ကျန်းယန်စိတ်ထဲတွင် တတွတ်တွတ်ပြောနေပြီး မိစ္ဆာများမိစ္ဆာစွမ်းအင်တစ်မျှင်လောက်ထုတ်ကာ သူ့ဝိညာဉ်ကိုတိုက်ခိုက်ဖို့ မျှော်လင့်နေခဲ့သည်။

ထိုသို့ အလွန်အန္တရာယ်များသောအခြေအနေမျိုးသို့ရောက်လာခဲ့လျှင် ဝိညာဉ်ငြိမ်းအေးအလံသည် ရွေးစရာမရှိတော့ဘဲ သူ့ကိုကယ်တင်ရန် သခင်အဖြစ်အသိအမှတ်ပြုလာနိုင်၏။

ထိုကဲ့သို့သော ရတနာမျိုးက သူ့ကိုအသိအမှတ်မပြုဘဲ ပိုင်ရှင်မဲ့အနေအထားဖြင့် နေနေခဲ့လျှင် နှမြောစရာကောင်းလွန်းလှသည်။

ထို့အပြင် သူ့ဆရာလည်းရှိနေသေးသောကြောင့် ထိုဖြစ်ရပ်မှ သူလုံး၀အန္တရာယ်ရှိသွားလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း သလင်းလွှာနံရံထဲမှမိစ္ဆာများသည် ဒီနေ့မှ အလွန်အမင်းတိတ်ဆိတ်နေခဲ့ကြ၏။

မလှုပ်ရုံတင်မက အသံကိုတစ်သံမှထွက်မလာခဲ့ကြပေ။

သူတို့ကြားထဲတွင်သာ တီးတိုးပြောဆိုနေခဲ့ကြသည်။

“ရှူးးး သူကျင့်ကြံနေတယ် သူ့ကိုသွားမနှောင့်ယှက်နဲ့”

“ဟုတ်တယ် သူ့ကျင့်ကြံခြင်းကနိမ့်လွန်းနေသေးတယ် သူ့ကိုယ်သူတောင်ကာကွယ်နိုင်ဦးမှာမဟုတ်ဘူး သူမဖြစ်မနေ အမြန်တိုးတက်လာဖို့လိုတယ်”

“ဒီစောက်သလင်းလွှာနံရံကြီးကြောင့်ပေါ့ကွာ ငါတို့သာသူ့ကိုကူညီလို့ရရင် သူ့ကျင့်ကြံခြင်းကဒီလောက်နှေးနေပါဦးမလား”

“ဟိုခွေးကောင်ကြီးက သူ့ကိုကောင်းကောင်းသင်ပေးပုံမရဘူး”

“အရှင်မြတ်ရဲ့တန်ဖိုးထားခြင်းကိုခံရပြီး မြင့်မြတ်ခန္ဓာကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ရဲ့ ကျင့်ကြံခြင်းအလျင်က ဒီလောက်နှေးနေစရာလား ငါတို့သူ့ကိုကူညီဖို့ နည်းလမ်းရှာကိုရှာရမယ်”

ကျန်းယန် အလွန်ဒေါသထွက်လာခဲ့သည်။ သူနေ့တစ်၀က်ကြာအောင် ကျင့်ကြံပြီးဖြစ်သော်လည်း ထိုမိစ္ဆာများက အသံတစ်သံပင်ထွက်မလာလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

အခွင့်အရေးကိုစောင့်ဆိုင်းနေသောကြောင့် သူအာရုံစိုက်ပြီး ကျင့်ကြံ၍လည်း မရခဲ့ပေ။ လေးလေးနက်နက်အာရုံစိုက်ပြီးကျင့်ကြံချိန်မှာပင် မိစ္ဆာစွမ်းအင်များက စုပ်ယူပြီးရသည့်အကျိုးအမြတ်က အတော်လေးပိုနည်းလာလေပြီဖြစ်လေရာ ယခုလိုအာရုံစိုက်မထားသောအချိန်တွင်ဆိုလျှင် ပြောစရာပင် မလိုတော့ပေ။

နှစ်ရက်ကြာပြီးနောက်တွင်တော့ သူဆက်ပြီးသည်းမခံနိုင်တော့ပေ။

သူ့ခေါင်းကိုမော့လိုက်ကာ အော်ပြောလိုက်လေသည်။

“ဆရာ ကျွန်တော်ထွက်တော့မယ်”

ထို့နောက် ဝိညာဉ်ငြိမ်းအေးအလံကိုယူကာ ၀င်္ကပါထဲမှ ထွက်လာခဲ့၏။

“ဟမ် သူဘာလို့ထွက်သွားတာလဲ”

“သူအရင်က အကြာကြီးကျင့်ကြံတာပါ ဒီတစ်ခေါက်ဘာလို့ခဏလေးနေသွားတာလဲ သူမပျော်လို့များလား”

မိစ္ဆာပဟေဠိဖြစ်ကုန်ကြသည်။ အပြင်သို့ သတင်းစကားလည်းမေးမြန်းမရသောကြောင့် သူတို့စိတ်ဒုက္ခရောက်နေခဲ့ကြ၏။

ကျန်းယန်လည်း သူတို့လို့ပင် စိတ်ဆင်းရဲနေရသည်သာ။

သူ့နည်းလမ်းက အလုပ်မဖြစ်ခဲ့သောကြောင့် သူဝိညာဉ်ငြိမ်းအေးအလံကိုထုတ်ကာ အဆက်မပြတ် စကားပြောနေခဲ့ရသည်။

ကံဆိုးစွာဖြင့် ဝိညာဉ်ငြိမ်းအေးအလံက လုံး၀တုန့်ပြန်မှုမရှ်ိခဲ့ပေ။

ချင်းယွင်ကျိထိုအဖြစ်အပျက်ကို မြင်နေရသော်လည်း ၀င်မစွက်ဖက်တော့ပေ။

တကယ်တော့ လွန်ခဲ့သောဆယ်နှစ်က ကျန်းယန် သူ့ပထမဆုံးစိတ်ဝိညာဉ်ရတနာကိုရရှိခဲ့စဉ်က ယခုထက်တောင် ပိုပြီးရူးသွပ်ခဲ့သေး၏။

သူယခုလိုနည်းလမ်းကိုသာ ဆယ်နှစ်လုံးလုံးအသုံးပြုခဲ့ပြီးနောက်တွင်တော့ နောက်ဆုံးတွင် သူ့နည်းလမ်းကအကျိုးသက်ရောက်မှုရှိမှန်း သက်သေပြနိုင်ခဲ့သည်။

မဟုတ်လျှင် ရွှေအမြုတေအဆင့်တစ်ယောက်ကို များစွာသော စိတ်ဝိညာဉ်ရတနာများက ဘာကြောင့်အသိအမှတ်ပြုရပါမည်နည်း။

စန်းစုန့်လည်း ဘေးမှကြည့်ရှု‌နေခဲ့၏။

ကျန်းယန်သည် စိတ်ဝိညာဉ်ရတနာတစ်ခုကို သူ့အဖော်တစ်ယောက်လို စကားပြောလိုက် အကြံဉာဏ်တောင်းလိုက်ဖြင့် ဆက်ဆံနေလိမ့်မည်ဟု သူတစ်ခါမှ တွေးမထားခဲ့မိဖူးပေ။

သူကိုယ်တိုင်ကတော့ ထိုကဲ့သို့သောအရာမျိုးကို ဘယ်တော့မှလုပ်နိုင်မည်မဟုတ်ပေ။

သို့သော်လည်း စန်းစုန့်စိတ်သောကရောက်နေရသည်မှာ ထိုအဖြစ်အပျက်ကြောင့် မဟုတ်ပေ။

သူသက်တန့်ငါးအကြောင်းတွေးနေခဲ့တာ အချိန်အတော်လေးကြာနေခဲ့ချေပြီ။

ယခုအဇူရာတိမ်ဂိုဏ်းသို့ပြန်ရောက်ချိန်တွင်လည်း သူအခုထိ မစားရသေးပေ။

ကျန်းယန် ဝိညာဉ်ငြိမ်းအေးအလံနှင့်စကားပြော၍ ပြီးသွားသောအခါ စန်းစုန့် ကျန်းယန်‌ေဘးလို့ လျှောက်သွားလိုက်ပြီး ရင်းနှီးစွာ ပြုံးပြလိုက်ကာ

“ပြီးပြီလား”

“တာအိုမိတ်ဆွေအိုကြီး ခင်ဗျားမှာ ဝိညာဉ်ငြိမ်းအေးအလံအသိအမှတ်ပြုလာအောင်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုခုရှိလား”

“ငါ့မှာလည်း နည်းလမ်းကောင်းရယ်လို့တော့မရှိပါဘူး….ငါတို့ငါးအရင်သွားဖမ်းပြီး ဒီကိစ္စကို ဖြည်းဖြည်းချင်းစဉ်းစားကြရင်ရော”

“ဝိညာဉ်ငြိမ်းအေးအလံက ငါးမစားဘူးလေ စိတ်ဝိညာဉ်ရတနာတွေက အစာစားမယ်လို့ ခင်ဗျားတကယ်ကြီးထင်နေတာလား”

“ငါအသက်ရှင်လာတာ နှစ်ပေါင်းတစ်ထောင်ကျော်သွားပြီ ငါးစားတဲ့စိတ်ဝိညာဉ်ရတနာတစ်ခါမှ မမြင်ဖူးဘူး ဒါပေမယ့် လူသားဖြစ်တဲ့ငါကတော့ ငါးတစ်ကောင်လောက်စားချင်တယ်ကွာ ငါတို့ငါးအရင်သွားဖမ်းကြမလား”

“အကြာကြီးနေလာကြတဲ့အရာတွေက အတော်ကိုဒုက္ခပေးကြတာ ဘာမှကိုအလွယ်တကူညှိနှိုင်းလို့မရတော့ဘူး အမတသန့်စင်အမွှေးတိုင်အိုးတောင် သူ့ကိုကိုင်တွယ်နိုင်ဖို့ အကြာကြီးအချိန်ယူလိုက်ရတယ် သူ့ထက်အသက်ကြီးတဲ့ဟာဆို ပိုတောင်ခက်‌ဦးမယ်”

“အသက်ကြီးလေလေ တွေ့ကြုံခဲ့ရတာတွေများလေလေပဲလေ ငါတို့ငါးတစ်ကောင်လောက်အရင်သွားဖမ်းရင်ရော ပြီးရင်ငါမင်းကိုအဲ့ဒီအ‌ေကြာင်း အ‌ေသးစိတ်ပြောပြမယ်လေ”

“အို့ ဟုတ်သားပဲ ကျွန်တော်သာ ဝိညာဉ်ငြိမ်းအေးအလံမူလပိုင်ရှင်ရဲ့အကြောင်းသိခဲ့ရင် သူ့ကိုအတုလိုက်ခိုးလို့ရတယ်…အဲ့တာဆို အလံကကျွန်တော်နဲ့ ပိုနီးကပ်လာလောက်လား”

“အဲ့တာက လွန်ခဲ့တဲ့နှစ်သုံးထောင်တုန်းက ကိစ္စကြီးလေ ဘယ်သူမှသိမှာမဟုတ်တော့ဘူး ငါးသာအရင်သွားဖမ်းရအောင်ပါကွာ ဟုတ်ပြီလား”

“လွန်ခဲ့တဲ့နှစ်သုံးထောင်…သမိုင်းမှတ်တမ်းတွေကို ဘယ်နေရာမှာသွားရှာလို့ ရလောက်လဲ”

“မေ့လိုက်ပါတော့ ငါးအရင်သွားဖမ်းကြစို့ကွာ!” စန်းစုန့် သည်းမခံနိုင်တော့ဘဲ အကျယ်ကြီး‌ေအာ်ပြောလိုက်လေသည်။

သူကအသက်ထွက်မတတ် ပြောနေချိန်တွင် ထိုကလေးက အဘယ်ကြောင့်သူစကားကိုအရေးတယူနား‌မထောင်နေခဲ့ပါသနည်း။

“ဟမ်”

ကျန်းယန် ရုတ်တရက်အသိပြန်၀င်သွားခဲ့၏။

“ကျွန်တော့်ကိုပြောနေတာလား…ငါးဖမ်းဖို့လား အော် သက်တန့်ငါးကိုပြောနေတာပဲ”

စန်းစုန့် အားရပါးရခေါင်းညိတ်ပြလိုက်ကာ

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် ငါသူတို့ကိုနှစ်ပေါင်းများစွာကြာအောင် လေ့လာခဲ့တာ သက်တန့်ငါးတွေက ငါ့အထူးစိတ်၀င်စားရာပဲ မင်းငါ့ကိုတစ်ကောင်လောက်ဖမ်းဖို့ကူညီပေးမယ်ဆိုရင် ငါချက်ပြီးရင် မင်းကိုလည်းကျွေးမယ် အရသာကမင်းတစ်သက်မမေ့ဖြစ်‌သွားစေရမယ် ငါချက်ပြုတ်လိုက်ရင် အဲ့ဒီအရာက မင်းရဲ့ဝိညာဉ်အတွက်ပါ အကျိုးရှိသွားစေလိမ့်မယ်”

“မဖြစ်နိုင်ဘူး” ကျန်းယန် ခေါင်းကိုခါယမ်းလိုက်သည်။

“သက်တန့်ငါးတွေက အရမ်းဉာဏ်ကောင်းတယ် ကျွန်တော်နောက်ဆုံးတစ်ခေါက်တုန်းက ကောင်းကင်ပိုက်ကွန်နဲ့ အမတတုပ်နှောင်ကြိုးကိုသုံးတာတောင် နှစ်ကောင်ပဲဖမ်းနိုင်ခဲ့တယ် နောက်တစ်ခေါက်သွားဖမ်းတော့ ငါးအုပ်ကြီးပေါ်လာပြီး ကျွန်တော့်ကိုသတ်ဖို့ကြိုးစားကြတော့တာပဲ”

“ငါ့ကိုသွားခွင့်ပြုလိုက်လေ” စန်းစုန့် သူ့ကိုယ်သူလက်ညှိုးထိုးပြလိုက်ကာ စိတ်ရှုပ်ထွေးကာ ပြောလိုက်၏။

ကျန်းယန်သူ့ကိုကြည့်လိုက်ကာ

“အဲတာက အဇူရာတိမ်ဂိုဏ်းရဲ့လျှို့ဝှက်နယ်မြေလေ ရွှေအမြုတေအဆင့်တွေပဲ ၀င်လို့ရတယ် တကယ်လို့ခင်ဗျားလို တာအိုပေါင်းစည်းခြင်းအဆင့်ကြီး၀င်သွားရင် လျှို့ဝှက်နယ်မြေက ပေါက်ကွဲထွက်သွားမှာပေါ့”

“ဒါ ဒါဆိုမင်းသွားကွာ မင်းသွား”

စန်းစုန့်အမြန်ပြောလိုက်သည်။

“ငါဘယ်လိုဖမ်းရမလဲဆိုတာကို သိတယ် အမတတုပ်နှောင်ကြိုးနဲ့ကောင်းကင်ပိုက်ကွန်တွေက ငါးဖမ်းဖို့မသင့်တော်ဘူး မင်းသုံးသင့်တာက နဂါးဘုရင်ခြင်းတောင်းပဲ အဲ့ဒီရတနာမှာ ရေသတ္တဝါအားလုံးကို ဖိနှိပ်ပစ်နိုင်တဲ့ ကြီးမားတဲ့စွမ်းအားမျိုးရှ်ိတယ်

အရိုးသားဆုံးပြောရရင် အဲ့ဒီရတနာကိုထုလုပ်ခဲ့တဲ့ စီနီယာက ငါနဲ့ဝါသနာတူတယ်လို့တောင် ငါထင်တယ်

အဲ့ဒီရတနာတွေကို ရေနဂါးတွေဖမ်းတဲ့နေရာမှာ အဓိကသုံးဖို့သွန်းလုပ်ထားတာလို့ခံစားရတယ်”

“ဘယ်လို နဂါးဘုရင်ခြင်းက ရေနဂါးတွေကိုဖမ်းဖို့သုံးတာလား” ကျန်းယန်သူ့ကိုစိုက်ကြည့်လိုက်၏။

သူသည် ထိုအရာကို ပစ္စည်းများထည့်ရန်နှင့် အကာအကွယ်အဖြစ်သာ အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။

စန်းစုန့်သူ့ကိုကြည့်လိုက်ကာ

“မင်းမှာစိတ်ဝိညာဉ်ရတနာတွေအများကြီးရှိတာကို မင်းကအဲ့တာတွေရဲ့ အသုံး၀င်ပုံကိုမသိဘူးလား…ဘယ်လိုသုံးရမလဲဆိုတာ ငါကြားဖူးတယ် ငါမင်းကိုသင်ပေးမယ်”

သူချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် ကျန်းယန်ကိုအသုံးပြုနည်းများ သင်ကြားပေးလေတော့၏။

နားထောင်ပြီးသောအခါ ကျန်းယန်လည်း စိတ်လှုပ်ရှားလာခဲ့သည်။

“ဆိုတော့ နဂါးဘုရင်ခြင်းကိုဒီလိုသုံးရတာကိုး ကျွန်တော်တကယ်ပဲ အမြင်လျှမ်းသွားခဲ့တယ်”

“ဒီမှာစောင့်နေဦး ကျွန်တော်ငါးစာအတွက် ယွင်ထန့်အင်ပါယာသွားပြီး ကျင့်ကြံသူနည်းနည်းသွားဖမ်းလိုက်ဦးမယ်”

စန်းစုန့်ငေးကြောင်သွားခဲ့၏။

“မင်းကဘာလို့ ယွင်ထန့်အင်ပါယာကကျင့်ကြံသူ‌ေတွကို သွားဖမ်းမှာလဲ”

“ငါးမျှားဖို့လေ သက်တန့်ငါးတွေက ကျင့်ကြံသူတွေကိုကြိုက်တယ် အဲ့တာမှမသုံးရင် သူတို့ကိုဘယ်လိုမျှားမလဲ ခင်ဗျားက သက်တန့်ငါးစားလာတာကြာပြီ ဒါတောင်မသိဘူးလား”

စန်းစုန့်ကျန်းယန်ကိုစိုက်ကြည့်ကာ ဆွံ့အသွားခဲ့သည်။

ထိုကလေး၏ နည်းလမ်းများက ကြမ်းကြုတ်လွန်းလှ၏။

“ယွင်ထန့်ကိုသွားစရာမလိုဘူး” စန်းစုန့် စိတ်ဝိညာဉ်စွမ်းအားများပြည့်၀နေသော ပိုးကောင်အသေများကို ကျန်းယန်လက်ထဲထည့်ပေးလိုက်လေသည်။

“သက်တန့်ငါးတွေက စိတ်ဝိညာဉ်စွမ်းအင်ကြွယ်၀တဲ့အရာတွေကိုစားရတာကြိုက်တာ စွမ်းအင်ကသန့်စင်လေလေ သူတို့ကြိုက်လေလေပဲ

ဒါတွေကိုနဂါးဘုရင်ခြင်းထဲထည့်ပြီးဖမ်းရင် မင်းအကောင်နည်းနည်းလောက်တော့ ဖမ်းမိမှာပဲ ကျင့်ကြံသူတွေကိုငါးစာအဖြစ်သုံးဖို့ မင်းလိုကောင်ပဲစဉ်းစားတတ်တယ်”

ကျန်းယန် ပိုးကောင်များကိုယူလိုက်ပြီး အော်ပြောလိုက်၏။

“ဆရာ တံခါးဖွင့်ပေးပါဦး”

ထို့နောက် သူလျှို့ဝှက်နယ်မြေထဲ ၀င်သွားခဲ့လေသည်။

သူလျှို့ဝှက်နယ်မြေထဲရောက်သောအခါ ခပ်လှမ်းလှမ်းမှကြည့်စဉ်က ကန်ထဲတွင်ဆော့ကစားနေသော သက်တန့်ငါးများကို မြင်ခဲ့ရပါသော်လည်း သူကန်နားရောက်သွားချိန်တွင်တော့ ကန်ကတိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ ငါးတစ်ကောင်ပင် မြင်ကွင်းထဲတွင်ပေါ်မလာတော့ပေ။

“ဟီးဟီး ဒီတစ်ကြိမ်တော့ငါပြင်ဆင်လာတယ်ကွ”

ကျန်းယန် နဂါးဘုရင်ခြင်းကိုထုတ်ကာ အထဲတွင် ပိုးကောင်နှစ်ကောင်ထည့်လိုက်ပြီး ရေကန်ထဲပစ်ချလိုက်လေသည်။

ထို့နောက် နဂါးဘုရင်ခြင်းနှင့်တိတ်တဆိတ်ဆက်သွယ်ထားလိုက်ပြီး ငါး၀င်အလာကို ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ဧ။်။

တခဏအကြာတွင် သက်တန့်ငါးနှစ်ကောင် ပိုးကောင်များဧ။် ဆွဲဆောင်မှုကိုတောင့်မခံနိုင်တော့ဘဲ ခြင်းထဲ၀င်လာခဲ့ကြ‌သည်။

သူတို့ပိုးကောင်များကိုမြိုချလိုက်သည်နှင့်တစ်ပြိုင်တည်း နဂါးဘုရင်ခြင်းထဲတွင်ပုန်းကွယ်နေသောတာအိုစွမ်းအာူများ ရုတ်တရက်ထွက်ပေါ်လာပြီး ထို‌ငါးနှစ်ကောင်ကိုဖိနှိပ်ပစ်လိုက်ကာ ငါးများ လုံး၀လှုပ်မရတော့ပေ။

“ဟားဟား ဒီခြင်းက တကယ်ကြီးငါးဖမ်းဖို့အကောင်းဆုံးလက်နက်ကိုးကွ!”

ကျန်းယန် နဂါးဘုရင်ခြင်းကို ရေထဲမှပြန်ဆွဲထုတ်လိုက်၏။ ထို့နောက် ခြင်းထဲတွင်ပိတ်မိနေကာ လှုပ်မရဖြစ်နေသော ငါးနှစ်ကောင်ကိုကြည့်လိုက်ပြီး ခပ်ဟဟရယ်မောလိုက်သည်။

“တစ်ခါတည်းနဲ့နှစ်ကောင်တောင်မိတယ် ဒီတစ်‌ခါမင်းတို့ဘယ်လိုထွက်ပြေးမလဲ ကြည့်ရသေးတာပေါ့!”

“ဆရာ တံခါးဖွင့်ပါဦး”

ကျန်းယန်နဂါးဘုရင်ခြင်းကိုကိုင်ကာလျှို့ဝှက်နယ်မြေထဲမှ ထွက်လာခဲ့ပြီး အပြင်တွင်စောင့်နေသော စန်းစုန့်ကိုအော်ပြောလိုက်၏။

“တာအိုမိတ်ဆွေအိုကြီး ကျွန်တော်နှစ်ကောင်တောင်မိလာတယ် ချက်ဖို့ သွားပြင်လိုက်တော့”

“ကြည့်သာနေလိုက်ပါ”

စန်းစုန့် ငါးနှစ်ကောင်ကိုမြင်လိုက်သည်နှင့် သူ့ပါးစပ်မှသွားရည်များ အလိုလိုစီးကျလာခဲ့လေသည်။

All Chapters