တောင်ပေါ်မှထွက်ခွာသွားသော ကျားမိစ္ဆာ
Vol. 12 Ch. 132
“၀မ်ချိုက်ငါမင်းအတွက်ကောင်းတာတစ်ခုခုပါလာတယ် လာခဲ့ လာခဲ့”
ကျန်းယန်လျှို့ဝှက်နယ်မြေထဲတိုက်ရိုက်၀င်လာခဲ့ပြီး ကျားတောင်ဆီရောက်သောအခါ လက်ကာပြ၍ ပြောလိုက်၏။
ကျားမိစ္ဆာသူ့ဆီတစ်ခုခုချဉ်းကပ်လာသည်ကိုခံစားလိုက်မိပြီး ထခုန်လိုက်လေသည်။
ကျန်းယန်ကိုမြင်သောအခါမှ ပြန်လှဲအိပ်လိုက်ပြီး ကျန်းယန်လက်ထဲကမြှောက်ပြနေသော ငါးရိုးများကိုမြင်သောအခါတွင်မူ သူအထင်အမြင်သေးနေဟန်ဖြင့် ကြည့်နေခဲ့ဧ။။်
“ဒီငါးရိုးတွေက အရင်ငါးနဲ့မတူဘူးကွ စားကြည့်ကြည့်” ကျန်းယန် ရယ်မောလိုက်ကာ ငါးရိုးကိုပစ်ပေးလိုက်ပြီး ကျားမိစ္ဆာနားလမ်းလျှောက်လာခဲ့သည်။
ကျားမိစ္ဆာခေါင်းကိုမော့ကာ ငါးရိုးကိုပါးစပ်ဖြင့်ကိုက်၍ ဖမ်းထားလိုက်၏။ တစ်ကိုက်ကိုက်ပြီးသောအခါတွင်တော့ ထိုငါးရိုးက သာမန်ငါးရိုးမဟုတ်တာကိုသတိထားမိသွားပြီး အချက်အနည်းငယ်သာကိုက်ပြီး ကုန်အောင်စားပစ်လိုက်၏။
ငါးရိုးထဲတွင် သက်တန့်ငါး၏စွမ်းအင်အဆီအနှစ်ပင်ပါရှိနေသောကြောင့် ငါးရိုးကိုစားပြီးသောအခါ ကျားမိစ္ဆာအတော်လေးအကျိုးကျေးဇူးရရှိသွားခဲ့လေသည်။
“ဘယ်လိုနေလဲ အတော်လေးကောင်းတယ်မဟုတ်လား” ကျန်းယန် ကျားမိစ္ဆာရှေ့တွင်ရပ်ကာ ကျားခေါင်းကိုပွတ်၍ ပြောလိုက်၏။
သူအရင်က ကျားမိစ္ဆာနားသို့မကပ်ရဲခဲ့ခြင်းမှာ သူ့တွင်စိတ်ဝိညာဉ်အဆင့်အကာအကွယ်ရတနာမပါ၍ဖြစ်ပြီး အခုလို ရတနာအကာအကွယ်ရှိနေသောအခါတွင်တော့ သူလုံး၀မကြောက်ပေ။
ကျားမိစ္ဆာ ငါးအရိုးမှရရှိထားသော အကျိုးကျေးဇူးများကိုခံစားနေချိန်တွင် တစ်ယောက်ယောက်က သူ့ခေါင်းကိုလာပွတ်သောအခါ ရုတ်တရက်အစွယ်ကိုထုတ်၍ ကိုက်ဖို့ ပြင်လိုက်လေသည်။
သို့သော် သူတကယ်မကိုက်ခဲ့ဘဲ ငါးရိုးကိုသာထပ်ကိုက်ဖို့ လုပ်လိုက်၏။
“စားစား အခုကတိုက်ခိုက်ဖို့အချိန်မဟုတ်သေးဘူး” ကျန်းယန် ငါးစွပ်ပြုတ်ပန်းကန်ကိုထုတ်လိုက်ကာ
“လာ ပါးစပ်ဟထား”
သူကျားမိစ္ဆာ၏မေးရိုးကိုဆွဲဟလိုက်ပြီး ငါးစွပ်ပြုတ်ကိုပါးစပ်ထဲလောင်းချလိုက်လေရာ ကျားမိစ္ဆာပင် ကြောင်အသွားခဲ့သည်။
“ငါမင်းအတွက်အမြဲဝေစုတစ်ခုချန်ထားပါတယ်ကွ ငါကမင်းအေပါ်အရမ်းကောင်းတယ်မဟုတ်လား” ကျန်းယန်ခပ်ဟဟရယ်မောလိုက်ကာ ကျားခေါင်းကိုပွတ်လိုက်ပြီး
“ငါးစွပ်ပြုတ်ကိုသန့်စင်လိုက် အဲ့တာက မင်းအတွက်ကောင်းတယ်”
သူခြေလှမ်းအနည်းငယ်ဆုတ်ပေးလိုက်ပြီး ကျားမိစ္ဆာေရှ့တွင် တင်ပလ္လင်ခွေထိုင်လိုက်၏။
ကျားမိစ္ဆာလည်း သူစားသောက်ထားသောငါးစွပ်ပြုတ်ထဲက စွမ်းအားများကို စတင်သန့်စင်လေတော့သည်။
ထိုအခါ ကျားမိစ္ဆာကိုယ်မှ စိတ်ဝိညာဉ်လှိုင်းများမတည်မငြိမ်ဖြစ်လာသောကြောင့် သူငါးစွပ်ပြုတ်မှ အကျိုးကျေးဇူးအများကြီးရသွားတာ ထင်ရှားလှ၏။
အတန်ကြာသောအခါ ကျားမိစ္ဆာမျက်လုံးများပွင့်လာခဲ့သည်။ သူ့ရှေ့တွင်ထိုင်နေသော ကျန်းယန်ကိုကြည့်သည့် သူ့အကြည့်များက ပိုပြီးနူးညံ့သိမ်မွေ့လာခဲ့၏။
“စားလို့ကောင်းတယ်မဟုတ်လား” ကျန်းယန် ရယ်ပြလိုက်ကာ
“မင်းအခုကစပြီး ငါ့နောက်ကိုလိုက်ခဲ့ပါလား ငါတို့က တိုက်ခိုက်ခဲ့ကြဖူးတယ် အခုလည်းမင်းကငါ့ငါးစွပ်ပြုတ်ကိုစားပြီးပြီ အဲ့တော့ငါတို့က အဖော်တွေဖြစ်သွားပြီလို့ပြောလို့ရတယ်
မင်းဒီနေရာမှာနေရတာအသားကျနေလောက်ပြီဆိုပေမယ့် ဒီနေရာက ကျဉ်းလွန်းတယ်ကွ
ဘာလို့ငါ့နောက်လိုက်ပြီး အပြင်ကမ္ဘာကြီးကိုမကြည့်ရှုရမှာလဲ”
ကျားမိစ္ဆာသည် နဂိုကတည်းက လျှို့ဝှက်နယ်မြေထဲမှမဟုတ်မှန်းတော့ သူမသိခဲ့ပေ။
ကျားမိစ္ဆာသူ့ကိုစိုက်ကြည့်နေခဲ့ပြီး ဘာတုန့်ပြန်မှုမှ မလုပ်ခဲ့ပေ။
“မင်းဘာမှပြန်မပြောရင် သဘောတူတယ်လို့ပဲမှတ်လိုက်မယ်နော်” ကျန်းယန် ရယ်မောလိုက်ကာ ကျားမိစ္ဆာနားပိုကပ်သွားပြီး သူ့ခေါင်းကိုပွတ်သပ်ပေးလိုက်လေသည်။
ကျားမိစ္ဆာ အစွယ်များကိုအလိုလိုထုတ်လိုက်မိပါသော်လည်း ဒီတစ်ကြိမ်လည်းပြန်မကိုက်ခဲ့ပေ။
“လိမ္မာတယ် ကောင်လေး၀မ်ချိုက်” ကျန်းယန် ကျားမိစ္ဆာ၏ ခေါင်းနှင့်လည်ပင်းကိုပွတ်၍ ပြောလိုက်၏။
သူပျော်လည်းပျော်ရွှင်နေခဲ့သည်။ ကျားတစ်ကောင်ပိုပွတ်သပ်ရသောအရသာက အတော်လေးကောင်းလွန်းလှ၏။
“ငါမင်းကိုအပြင်ခေါ်သွားပေးမယ် ဒါပေမယ့် သေချာနားထောင် မင်းဘယ်သူ့ကိုမှတော့ကိုက်လို့မရဘူးနော်” ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။
“အပြင်ဘက်ကဘယ်သူ့ကိုမှမင်းသွားရိုက်လို့မရဘူး မင်းသွားရိုက်မိရင် သူတို့ကငါ့လိုသဘောကောင်းနေမှာမဟုတ်ဘူး မင်းကိုအရှင်လတ်လတ်အရေခွံစုတ်ပစ်လိမ့်မယ် ငါတို့အပြင်ရောက်ရင် ငါမင်းကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကိုပါ ခေါ်သွားပေးမယ်”
တကယ်တော့ ကျားမိစ္ဆာကို ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို ခေါ်သွားဖို့ကမှ ကျန်းယန်၏တကယ့်ရည်ရွယ်ချက် ဖြစ်၏။
ကျားမိစ္ဆာသည် အားနည်းသောသတ္တဝါမဟုတ်ပေ။ ပိုအရေးကြီးသည်မှာ သူသည်မိစ္ဆာသားရဲတစ်ကောင်ဖြစ်သောကြောင့် သူ့ကိုယ်တွင် ပေါများလွန်းသောချီသွေးများရှိနေမှာ သေချာပေသည်။
အချိန်ကျလာသောအခါ ကျားမိစ္ဆာသည်ထိုချီသွေးအနည်းငယ်အား သူ့ကိုလှုဒါန်းပေးပေလိမ့်မည်။ထိုအခါ သူက ထိုချီသွေးများကိုသုံး၍ အဆောင်များရေးဆွဲနိုင်ပေလိမ့်မည်။ ကျားသားရေကိုတော့ ယူ၍ မဖြစ်ပေ။ သူကျားမိစ္ဆာအပေါ် လေးစားမှုအနည်းငယ်ထားပေးဖို့တော့ လိုနေသေးသည်။
ကျားမိစ္ဆာ သူ့စကားကိုနားလည်လားမလည်လား ကျန်းယန်သေချာမသိပေ။ သို့သော်လည်း သူ့ပုံစံကမျက်လုံးကိုမှိတ်ကာ သက်တောင့်သက်သာရှိနေပုံပေါ်သောကြောင့် ငြင်းဆန်ဟန်တော့မရပေ။
“လာ ငါမင်းကိုအပြင်ကမ္ဘာဆီခေါ်သွားမယ်” ကျန်းယန် အတွေးတစ်ချက်တွေးလိုက်ရုံဖြင့် လျှို့ဝှက်နယ်မြေထဲမှ ထွက်ကာ ကျားမိစ္ဆာနှင့်အတူ တောင်အနောက်ဖက်ဆီပြန်ရောက်လာခဲ့၏။
မရင်းနှီးသောနေရာဒေသတစ်ခုသို့ရောက်သွားသောအခါ ကျားမိစ္ဆာ သတိအပြည့်ဖြစ်သွားခဲ့လေသည်။
သူပတ်ပတ်လည်ကိုကြည့်ရှုနေခဲ့ပြီး သူ့ကြွက်သားများက တောင့်တင်းနေခဲ့၏။
“မကြောက်ပါနဲ့ ဒါကငါ့အိမ်ပါ မင်းလျှောက်ပြေးပြီး ပြဿနာမရှာမရွေ့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး”
ကျန်းယန် ကျားမိစ္ဆာကိုနှစ်သိမ့်လိုက်ပြီး သူ့ဗီလာသို့ခေါ်လာခဲ့လိုက်သည်။
“အို့ မင်းနောက်ထပ်ကျားတစ်ကောင်ယူလာတာလား” စန်းစုန့်အံ့အားသင့်သွားဟန်ဖြင့် ပြောလိုက်၏။
“ဒီကျားက အတော်လေးတော့ကြီးတယ် ဟင်းပွဲအကြီးကြီးရမှာပဲ ပြီးတော့အထီးဆိုတော့ သူ့ချီသွေးကလည်း အတော်လေးအားကောင်းလောက်တယ်”
စန်းစုန့်ကိုရင်ဆိုင်ရသောအခါ သဘာ၀ရန်သူတော်တစ်ယောက်ကို ရင်ဆိုင်လိုက်ရသလို ကျားမိစ္ဆာကိုယ်ပေါ်တွင် ကြောက်ရွံ့မှုလှိုင်းတစ်လှိုင်းဖြတ်ပြေးသွားခဲ့ပြီး သူအလိုလိုဟိန်းဟောက်လိုက်မိသည်။
“ဒီတစ်ကောင်က စားဖို့မဟုတ်ဘူး” ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။
“ဒါက၀မ်ချိုက်တဲ့ ကျွန်တော့်သူငယ်ချင်း”
စန်းစုန့် ကျန်းယန်ကို အကူအညီမဲ့ေနဟန်ဖြင့် စိုက်ကြည့်နေခဲ့သည်။ ကျားတစ်ကောင်ကိုသူငယ်ချင်းတော်ခြင်း….
“၀မ်ချိုက် သူ့ကိုလျစ်လျူရှုထားလိုက် သူမင်းကိုဘာမှမလုပ်နိုင်ဘူး” သူကျားမိစ္ဆာကို သူ့ဗီလာဆီခေါ်လာခဲ့ပြီး ရေကူးကန်ဘေးက မြက်ခင်းပြင်ကိုလက်ညှိုးထိုးပြလိုက်ကာ
“အခုကစပြီးမင်းဒီနေရာမှာနေရမယ် ဒီနားတစ်ဝိုက်ကိုလည်း လျှောက်ပတ်ကြည့်လို့ရတယ် ဒါပေမယ့်ဘယ်သူ့ကိုမှတော့ ထိခိုက်အောင်လုပ်လို့မရဘူး လုပ်မိရင်တော့ မင်းပြီးပြီပဲ”
ကျန်းယန်ကျားမိစ္ဆာကိုအကြိမ်ကြိမ်သတိပေးပြီးနောက် ဟွာလင်းကျိရှိရာ စုတ်ချက်တောင်ထွတ်သို့ ထွက်လာခဲ့လိုက်သည်။
“ဆရာဦးလေး ကျွန်တော်ဆရာဦးလေးဆီက အဆောင်၊ကဗ္ဗည်းပညာရပ်ကို သေချာသင်ယူချင်ပါတယ်”
“ဒါဆို မင်းအရင်တုန်းက သေချာမလေ့လာခဲ့ဘူးပေါ့ ဟုတ်လား” ဟွာလင်းကျိသူ့ကိုစိုက်ကြည့်လိုက်ကာ
“ငါမင်းအတွက်အဆောင်တွေအများကြီးဆွဲပေးခဲ့ပေမယ့် မင်းကသေချာတောင်မေလ့လာခဲ့ဘူးလား”
“အဲ့ဒီအဆောင်တွေက အဆောင်အသေးစားလေးတွေလေ ကျွန်တော်ကအခု သတ်ဖြတ်ခြင်းအဆောင်မျိုးလိုချင်တာ” ကျန်းယန် စပ်ဖြဲဖြဲပြုံးလိုက်ကာ
“ဆရာဦးလေး ကျွန်တော့်ကိုစွမ်းအားကြီးတဲ့သတ်ဖြတ်ခြင်းအဆောင်ရေးဆွဲနည်းတွေသင်ပေးပါ အထူးသဖြင့် အမြန်သင်လို့ရတဲ့ဟာမျိုးပေါ့ အို့ ဟုတ်သားပဲ ဆရာ ကျွန်တော်တိုကောင်းကင်တိုက်ပွဲကွင်းပြင်ထဲကို စိတ်ဝိညာဉ်စွမ်းအင်ပါတဲ့ ပစ္စည်းတွေယူမရဘူးဆိုပေမယ့် မိစ္ဆာသားရဲတစ်ကောင်ရော ခေါ်သွားလို့ရလားဆရာ ပစ္စည်းမှမဟုတ်တာ အဲ့တာကတော့ရသင့်တယ်မလားဆရာ”
ချင်းယွင်ကျိ ကြက်သေသေသွားခဲ့သည်။ နောက်ဆုံးတော့ ကျန်းယန်ဘာလို့ကျားမိစ္ဆာကိုလျှို့ဝှက်နယ်မြေထဲကခေါ်လာခဲ့သလဲ သူနားလည်သွားခဲ့၏။ ထိုကဲ့သို့သော အကြံအစည်မျိုးကို သူပင်မစဉ်းစားဖူးပေ။
နှစ်ထောင်ချီအတွင်းလူပေါင်းများစွာက တိုက်ပွဲကွင်းပြင်ထဲသို့ ရတနာများ ဆေးများ လက်နက်များခိုးယူဖို့ကြိုးစားခဲ့ကြသော်လည်း သွေးချီကိုထုတ်ယူကာ အဆောင်ရေးဆွဲဖို့အတွက်သက်သက်ကြောင့် မိစ္ဆာသားရဲကိုခေါ်သွားတာမျိုးတော့ ဘယ်သူမှမကြံခဲ့ဖူးပေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်သည် ပါရမီရှင်များသာ ၀င်ရသောနေရာဖြစ်ပြီး ဘယ်မိစ္ဆာက ထိုပါရမီရှင်များနှင့် တန်းတူရပ်ဖို့ ထိုက်တန်ပါမည်နည်း။
ချင်းယွင်ကျိ သက်ပြင်းချလိုက်၏။ တခဏကြာမှ သူတွေးတွေးဆဆပြောလိုက်သည်။
“ငါသိသလောက်တော့ တားမြစ်ထားတာက လက်နက်တွေ ဆေးတွေ ရတနာတွေပါပဲ မိစ္ဆာသားရဲကကျ လူသားတွေနဲ့တူညီတဲ့သဘာ၀အချို့ရှိတဲ့ သက်ရှိပဲဆိုတော့ ၀င်ခွင့်ရလောက်တယ်”
“ဒါဆိုကောင်းတယ်” ကျန်းယန် ဟွာလင်းကျိဘက်လှည့်လိုက်ကာ
“ဆရာဦးလေး အမြန်ကျွန်တော့်ကိုစွမ်းအားကြီးတဲ့အဆောင်လုပ်နည်းတွေသင်ပေးပေတော့”
ဟွာလင်းကျိလည်း နောက်ဆုံးတော့ ကျန်းယန်ဘာကြောင့်အဆောင်လုပ်နည်းသင်ချင်နေရသလဲဆိုတာကို နားလည်သွားခဲ့ပြီး အကူအညီမဲ့စွာ ပြောလိုက်၏။
“အဆောင်တာအိုဆိုတာမဟာတာအိုလမ်းစဉ်တွေထဲက တစ်ခုပဲ မင်းအဲ့တာကို အဆင့်မြင့်တစ်နေရာရောက်တဲ့ထိ ကျင့်ကြံပြီးသွားရင် သူ့စွမ်းအားကကြောက်စရာကောင်းလွန်းတယ် အဲ့တာကြောင့်မင်းအခြေခံအကျဆုံးအဆောင်ပညာကနေစပြီး သင်သင့်တယ် မင်းရဲ့ထူးဆန်းတဲ့အကြံဉာဏ်တွေနဲ့ဆိုရင် အနာဂတ်မှာ ရှားပါးဆန်းကြယ်တဲ့အဆောင်အသစ်တွေ တီထွင်ကောင်း တီထွင်လာနိုင်လိမ့်မယ်”
“ကျွန်တော်နောက်မှသေချာလေ့လာပါ့မယ် အခုကတော့အချိန်မရှိဘူး” ကျန်းယန်ရယ်မောလိုက်သည်။
ဟွာလင်းကျိခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီ သေချာကြည့် ငါမင်းကိုလူသုံးအများဆုံး မီးတောက်ပေါက်ကွဲအဆောင်ဆွဲနည်း အရင်သင်ပေးမယ်”
ထို့နောက် သူကျန်းယန်အား သူသိသမျှစွမ်းအားကြီးအဆောင်ရေးဆွဲနည်းများကို ဆရာစားမချန်သင်ပေးလေတော့သည်။
“ကောင်းကင်တိုက်ပွဲကွင်းပြင်ဖွင့်ဖို့ အချိန်နှစ်လပဲကျန်တော့တာ ဘာလို့မင်းကလုံး၀စိတ်မညစ်နေတဲ့ပုံစံပေါက်နေတာလဲ” စန်းစုန့် စိတ်ရှုပ်ေထွးနေဟန်ဖြင့် မေးလိုက်၏။
သူအဇူရာတိမ်ဂိုဏ်းတွင်နေလာတာ အချိန်အနည်းငယ်ကြာသွားခဲ့ပြီဖြစ်ပြီး ထိုကာလတစ်လျှောက်လုံးတွင် ကျန်းယန်အလေးအနက်လေ့ကျင့်နေသည်ဟူသောမြင်ကွင်းက အတော်မြင်ရခဲသောအရာဖြစ်ခဲ့သည်။ သူ့ကိုကြည့်လိုက်လျှင် ဟိုသွားလိုက်ဒီသွားလိုက်နှင့် အလုပ်ရှုပ်နေသည်သာ များ၏။
ကျန်းယန် သူ့ဆီအကြည့်တစ်ချက်ပစ်လိုက်ပြီး
“ဘယ်လိုလုပ်ကျွန်တော့်ပုံစံက စိတ်မညစ်တဲ့ပုံပေါ်နေတာလဲ ကျွန်တော်ဒီလောက်တစ်ချိန်လုံး ပြင်ဆင်နေတဲ့ဟာကို”
သူမိစ္ဆာ၀င်္ကပါထဲ၀င်ကာ မိစ္ဆာစွမ်းအင်များကိုစုပ်ယူခဲ့ခြင်းက သူ၏ပြင်ဆင်ခြင်း ဖြစ်ပေသည်။
လျှို့ဝှက်နယ်မြေထဲ၀င်ကာ ကျားမိစ္ဆာကိုသွားစည်းရုံးခဲ့ခြင်းကလည်း သူ့ပြင်ဆင်ခြင်းဖြစ်၏။
အဆောင်ပညာကိုသင်ယူခြင်းမှာလည်း ပြင်ဆင်နေခြင်းသာ ဖြစ်သည်။
ဘာလဲဟ ငါစာကြမ်းပိုးတစ်ယောက်လို ငြိမ်ငြိမ်လေးတရားထိုင်ကျင့်ကြံမနေဘဲ လျှောက်သွားနေရုံနဲ့ ငါ့ကိုပေါ့ပေါ့ဆဆလုပ်နေတယ်ထင်နေတာလား!