← Chapters

မိစ္ဆာများ၏စိုးရိမ်မှု

Vol. 12 Ch. 134

မိစ္ဆာများ၏စိုးရိမ်မှု

Vol. 12 Ch. 134

သူ့ဆရာ၏စိုးရိမ်ပေးမှုကြောင့် ကျန်းယန်အတော်လေးခံစားသွားခဲ့ရသည်။

“ကျေးဇူးတင်ပါတယ်ဆရာ”

ချင်းယွင်ကျိအမူအရာလည်းနူးညံ့သွားခဲ့ပြီး ပြုံးလိုက်ကာ

“မင်းတိုက်ပွဲကွင်းပြင်ထဲကို၀င်ဖို့ ပြင်ဆင်မှုတွေအများကြီးလုပ်ပြီးပြီဆိုတာ ငါသိပါတယ် စိတ်ဝိညာဉ်စွမ်းအားနဲ့ပတ်သက်ရင်တော့ ငါမင်းကိုလုံး၀စိတ်မပူဘူး မင်းတိုက်ပွဲကွင်းပြင်ထဲကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မယ်လို့ ငါယုံတယ်”

ကျန်းယန်လေးလေးနက်နက်ပြောလိုက်၏။

“ဆရာ ဆရာ့မျှော်လင့်ချက်ကလည်း နိမ့်လိုက်တာ

အသက်ရှင်လျက်ထွက်လာနိုင်ဖို့လောက်ကို ကျွန်တော်ကဒီလောက်ကြိုးစားနေစရာလား”

ချင်းယွင်ကျိ သူ့ကိုမျက်စောင်းတစ်ချက်ထိုးလိုက်ကာ

“မင်းပထမဆုကိုမျှော်လင့်နေတာလို့တော့ …မပြောနဲ့နော်”

“မျှော်လင့်တော့ ဘာဖြစ်လို့လဲ”ကျန်းယန် ပြန်ထောက်လိုက်သည်။

ချင်းယွင်ကျိ ဆွံ့အသွားခဲ့၏။

ကျန်းယန် ရယ်မောလိုက်သည်။

“ဆရာ ကျွန်တော်က ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလွန်းနေတာမဟုတ်ပါဘူး ဒီတိုင်းရည်မှန်းချက်မြင့်မြင့် ထားထားတာ အိပ်မက်တွေဆိုတာ အမြင့်ကြီးမှာရှိနေဖို့လိုတယ်လေ တကယ်လို့များ တစ်နေ့နေ့တကယ်ဖြစ်လာရင် လာမှာပေါ့”

ချင်းယွင်ကျိ နှာခေါင်းရှုံ့လိုက်၏။

“တကယ်လို့ မင်းသာပထမဆုရလာခဲ့ရင် အဲ့ဒီအချိန်ကစပြီး အဇူရာတိမ်ဂိုဏ်းကိုမင်းသာအုပ်ချုပ်လိုက်တော့ ငါကမင်းပြောတာကို နားထောင်မယ်”

အကယ်၍ တစ်ယောက်ယောက်ကသာ ပထမဆုရလာနိုင်ခဲ့လျှင် ကြီးမားလွန်းသော ချီကံကြမ္မာဖြင့် ကောင်းချီးပေးခံရမည်ဖြစ်ပြီး သူ့မျိုးဆက်တစ်ခုလုံး ကောင်းစားမည်မှာ အသေအချာပင်။

ကျန်းယန်နှင့်နှစ်ပေါင်းများစွာ အတူရှိလာပြီးဖြစ်သောကြောင့် သူထိုကလေး၏စိတ်နေစိတ်ထားကို ကောင်းကောင်းကြီးသိ၏။ ထိုအခြေအနေတွင် အဘယ်ကြောင့် ဤကလေးကိုအိပ်မက်အကြီးကြီးမက်ခွင့်မပေးရပါမည်နည်း။

“ဒါဆိုရင်တော့ ဆရာကျွန်တော့်စကားကိုနားထောင်ဖို့သာ ပြင်ထားပေတော့ ကျွန်တော်က ပထမဆုကိုအပိုင်သိမ်းမှာ” ကျန်းယန် အကျယ်ကြီးအော်ရယ်လိုက်လေသည်။

“လာ ဆရာ အဲ့ဒီမိစ္ဆာတွေနဲ့သွားဆွေးနွေးရအောင်”

ချင်းယွင်ကျိ ချက်ချင်းဆိုသလို ကျန်းယန်နှင့်၀င်္ကပါထဲ၀င်သွားခဲ့ပြီး သူ့ဘေးတွင်ရပ်၍ စောင့်ကြပ်နေခဲ့၏။

သလင်းကျောက်အလွှာထဲတွင် ငြင်းခုန်နေကြသော မိစ္ဆာများ ကျန်းယန်ကိုမြင်သောအခါ တိတ်ဆိတ်သွားခဲ့ကြသည်။

ကျန်းယန်ကိုမမြင်ရတာကြာပြီဖြစ်သောကြောင့် သူတစ်ခုခုဖြစ်နေမှာကို သူတို့စိတ်ပူနေခဲ့ကြခြင်းဖြစ်၏။

သို့သော် ကျန်းယန်ရောက်လာသောအခါတွင်လည်း သူတို့အတွေးလွန်ဆွဲကုန်ကြပြန်သည်။

သူတို့ကျန်းယန်ကိုမည်သို့ဆက်ဆံရပါမည်နည်း။

“အားလုံးပဲ မိစ္ဆာချီတွေမိစ္ဆာစွမ်းအားတွေကို ပြန်သိမ်းထားလိုက်ကြပါ အေးဆေး ထိုင်ပြီး စကားကောင်းကောင်းပြောကြတာပေါ့” ကျန်းယန် သလင်းကျောက်အလွှာထဲကိုကြည့်၍ ပြုံးပြလိုက်၏။

မိစ္ဆာတစ်ကောင် တမင်သက်သက်ဟိန်းဟောက်လိုက်ပြီး

“မင်းသိမ်းခိုင်းတိုင်း သိမ်းစရာလား ငါတို့ကအဲ့လောက်လွယ်သလားကွ”

ကျန်းယန် မျက်ခုံးများတွန့်ကွေးသွားပြီး

“ဒါဆို…ကျွန်တော့် မိလ္လာတွင်းအစီအစဉ်ကို ပြန်စလိုက်ရမှာလား”

ဟုတ်ပေသည်။ ထိုမိစ္ဆာများကို ခြိမ်းခြောက်ထားဖို့ လို၏။

မိစ္ဆာများလည်း ကျေနပ်သွားခဲ့ကြသည်။

မိစ္ဆာတစ်ကောင်စိတ်ကိုမနည်းလျှော့ထားလိုက်ရချင်ယောင်ဆောင်လိုက်ပြီး

“မလုပ်နဲ့ မလုပ်နဲ့ ငါတို့ပြန်သိမ်းလိုက်ပါ့မယ်”

“သူသိမ်းခိုင်းတိုင်းသိမ်းစရာလား ငါတို့မှာလည်းဂုဏ်သိက္ခာရှ်ိသေးတယ်ကွ”

“ငါကတော့ သိမ်းဖို့အကြံပေးတယ် မဟုတ်ရင် မင်းကမိလ္လာနွံထဲမှာ နစ်နေချင်လို့လား”

“ငါငြင်းတယ်!”

မိစ္ဆာများတစ်ယောက်တစ်ပေါက်ဖြင့် ငြင်းခုန်ကုန်ကြလေသည်။

သလင်းကျောက်အလွှာထဲတွင် မိစ္ဆာများတစ်ယောက်နှင့်တစ်ယောက်ရိုက်နှက်နေချင်ယောင်ဆောင်လိုက်ပြီး မိစ္ဆာချီများကို ဖြည်းဖြည်းချင်း ပြန်သိမ်းလိုက်ကြ၏။

ထို့နောက် ဒါဇင်နှင့်ချီသောသွေးနီရောင်မျက်လုံးကြီးများ ကျန်းယန်ကိုစိုက်ကြည့်လိုက်ကြလေသည်။

ထိုမျက်လုံးကြီးများဆီက သတ်ဖြတ်လိုစိတ်ကိုခံစားလိုက်ရသောအခါ ကျန်းယန်အတော်လေးဖိအားများသွားခဲ့၏။ သူထိုမိစ္ဆာများကို အတင်းတင်းနေ၍တော့ မဖြစ်သေးပေ။ အရမ်းတွန်းမိလျှင် အခြေအနေများက ပြောင်းလဲသွားနိုင်ပေသည်။

“စီနီယာတို့ဒီနေရာမှာ ပိတ်လှောင်ခံထားရတာ နှစ်တစ်ထောင်လောက်ရှိသွားပြီ အဆိုးရွားဆုံးအကျဉ်းသားတွေတောင် လေကောင်းလေသန့်ရှုဖို့ အခွင့်အရေးတစ်ခုကိုရသင့်ပါတယ်” ကျန်းယန် ဖျစ်ညှစ်၍ပြုံးပြလိုက်ပြီး

“ဒါပေါ့ စီနီယာတို့ကိုလွှတ်ပေးဖို့ကတော့ မဖြစ်နိုင်ဘူး

ဒါပေမယ့် စီနီယာတို့ရဲ့မိစ္ဆာအမြုတေကို ယာဉ်အဖြစ်သုံးပြီး စီနီယာတို့အသိစိတ်ကိုအပြင်ကိုပို့နိုင်မယ့် အခွင့်အရေးပေးမယ်

မိစ္ဆာသန္ဓေသားတွေ အပြင်ထွက်ပြီး နည်းနည်းစား နည်းနည်းသောက် အပြင်လောကကြီးကိုခံစားတာလောက်က ပြဿနာမရှိပါဘူး”

မိစ္ဆာသားရဲအုပ်ကြီး အလွန်ပျော်ကုန်ကြ၏။

ဤအရာက သူတို့အပြင်ထွက်လို့ရပြီဟု ဆိုလိုနေခြင်းမဟုတ်ပါလော။

သို့သော် သူတို့ဟန်ဆောင်ပြဖို့ လိုနေသေးသည်။

“ဟမ့် မင်းကငါတို့မိစ္ဆာသန္ဓေသားတွေကို အပြင်ထုတ်ခိုင်းပြီး ထောင်ချောက်ဆင်မလို့မလား ငါတို့မသိဘူးထင်နေလား နောက်ဆုံးတစ်ခေါက် မင်းရဲ့ဆရာခွေးကောင်ကြီး ငါတို့မိစ္ဆာသန္ဓေသားတွေကို လှည့်ကွက်သုံးပြီးအပြင်ထုတ်ခိုင်းခဲ့တယ် ပြီးတော့ အားလုံးဖျက်ဆီးခံလိုက်ရတယ်”

“မင်းကငါတို့ကိုထပ်လှည့်စားချင်သေးတယ်လား မဖြစ်နိုင်ဘူးကွ!”

“ငါတို့ကအရမ်းဉာဏ်ကောင်းတယ် လှည့်ကွက်တစ်ခုထဲမှာ နှစ်ခေါက်အမိမခံဘူး”

ကျန်းယန် လေးလေးနက်နက်ပြောလိုက်သည်။

“ကျွန်တော်ဖြစ်ဖြစ် ကျွန်တော့်ဆရာဖြစ်ဖြစ် အားလုံးကကတိတည်ကြတဲ့လူတွေပါပဲ နောက်ဆုံးတစ်ခေါက် စီနီယာတို့သန္ဓေသားတွေသေသွားရတယ်ဆိုတာ အခြားဂိုဏ်းကြီးကလူတွေလာပြီး သတ်သွားကြတာ ကျွန်တော်တို့နဲ့ဘာမှမဆိုင်ဘူး”

သူ့ဆရာသည် အရင်ကထိုမိစ္ဆာသန္ဓေသားများကိုအပြင်ထုတ်ပေးမည်ဟုသာ ပြောခဲ့ခြင်းဖြစ်ပြီး သူတို့လုံခြုံရေးကိုတစ်ခါမှ အာမခံမပေးခဲ့ဘူးပေ။

ထို့အပြင် ကျန်းယန်ကလည်းအလွန်ရိုးသား၏။ သူသည် ထိုမိစ္ဆာများ၏အသက်ကိုချမ်းသာပေးမည်ဟု တစ်ခါမှ မပြောခဲ့ဖူးပေ။

“ကျွန်တော် နောက်ဆုံးကျရင် စီနီယာတို့အားလုံးကိုသတ်ပစ်မှာပါ” ကျန်းယန်ပြောလိုက်သည်။

“ဒါပေမယ့် အခုကတော့ ဒီနေရာမှာသက်တောင့်သက်သာနေခွင့်ရစေရမယ်လို့ ကတိပေးတယ်”

မိစ္ဆာများဆွံ့အသွားခဲ့ကြ၏။

သူတို့ထပ်ပြီး ဟန်ဆောင်နေဖို့ လိုပါသေးသလော။

သူတို့အရှင်မြတ်ပို့ပေးလိုက်သော လူကိုသာ ကြည့်ရှုနေခဲ့မိကြသည်။

ကောင်းလိုက်တဲ့သရုပ်ဆောင်!

“မင်းကဘာလိုချင်တာလဲ” မိစ္ဆာတစ်ကောင်မေးလိုက်၏။

ကျန်းယန်ပြုံးကာပြောလိုက်သည်။

“ကျွန်တော်မကြာခင် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ထဲ၀င်ရတော့မှာ ဒီနေရာမှာ အချိန်ခဏတော့ကျင့်ကြံနိုင်ဦးမှာမဟုတ်ဘူး အဲ့တာကြောင့် အဲ့ဒီကာလအတွင်း ဒီနေရာမှာမိစ္ဆာစွမ်းအင်တွေ မထုတ်ဘဲနေပေးဖို့ တောင်းဆိုချင်လို့ပါ အဲ့လိုလုပ်ပေးမယ်ဆိုရင် ကျွန်တော်ပြန်လာတဲ့အခါ စီနီယာတို့မိစ္ဆာသန္ဓေသားတွေကို အပြင်လောကမှာ ကောင်းကောင်းကြီးပျော်ပါးခိုင်းမယ်

တစ်လကိုမိစ္ဆာသန္ဓေသားတစ်ကောင် ထွက်ခွင့်ပေးမယ်

ကောင်းကောင်းကြီးပျော်ပါးပြီးရင်တော့ ဒီသလင်းကျော်နံရံထဲပြန်၀င်ရမယ် ပြီးရင်နောက်တစ်ကောင်ထပ်ထွက်လာပေါ့

ဒီနည်းလမ်းနဲ့ ကျွန်တော်တို့ဘက်က မိစ္ဆာသ‌ေန္ဓသား‌ေတွထုတ်ခုိင်းပြီး စီနီယာတို့အင်အားကိုလျော့နည်းအောင်လုပ်မှာမျိုးကိုလည်း စိတ်ပူစရာမလိုဘူး”

သူကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်မှအပြန်လမ်းတွင် သူ့ကိုသူ့ဆရာချင်းယွင်ကျိကသူ့ကိုလာကြိုရမှာ သေချာပေသည်။

ထိုအချိန်အတွင်းဂိုဏ်းတွင် မည်သည့်စွမ်းအားကြီးပုဂ္ဂိုလ်မှမကျန်မှာသေချာသောကြောင့် ထိုအချိန်တွင် မိစ္ဆာများပြဿနာထရှာပါက ဒုက္ခများသွားနိုင်၏။

အကယ်၍ဤအပေးအယူသာအလုပ်ဖြစ်သွားခဲ့လျှင် လက်ကျန်ဂိုဏ်းသားများ ဂိုဏ်းကိုစောင့်ကြပ်ရာ၌ အတော်လေး သက်သာသွားစေနိုင်ပေသည်။

ဟုတ်ပေသည် ဤအပေးအယူကြောင့် ချင်းယွင်ကျိများထိုကာလအတွင်း ဂိုဏ်းထဲမှထွက်သွားမှာလားလို့လည်း မိစ္ဆာများ သံသယ၀င်နိုင်သေး၏။

သို့သော်လည်း သံသယ၀င်ရုံသာဖြစ်ပြီး တကယ်ထွက်သွားမသွားသူတို့လုံး၀မသိနိုင်ပေ။ ထို့အပြင် ကျန်းယန်၏ ကမ်းလှမ်းချက်နှင့်ပေါင်းစပ်လိုက်သောအခါ သူတို့ထိုကဲ့သို့တော့ ပြုမူနိုင်လောက်တော့မည် မဟုတ်ပေ။

နောက်ဆုံးတွင်သူတို့ထိုထဲတွင်ပိတ်ခံထားရတာ နှစ်တစ်ထောင်လောက်ကြာနေပြီဖြစ်လေရာ ထွက်မလာချင်ဘဲ ဘယ်နေပါမည်နည်း။

မိစ္ဆာများ တိတ်ဆိတ်သွားခဲ့ကြသည်။

အတန်ကြာတိတ်ဆိတ်နေပြီးမှ မိစ္ဆာတစ်ကောင်မေးလိုက်၏။

“ငါတို့ကမင်းစကားတွေကို ယုံလို့ရမှာလား”

“သေချာတာပေါ့”

ကျန်းယန် လေးလေးနက်နက်ခေါင်းညိတ်ပြလိုက်ကာ

“စီနီယာတို့ ကျွန်တော့်ဆရာကိုအာမခံပေးစေချင်ရင်လည်း ကျွန်တော်သူ့ကိုပြောပေးလို့ရတယ်”

မိစ္ဆာတစ်ကောင်ခပ်တင်းတင်းပြောလိုက်ပြန်၏။

“သုကငါတို့ကိုလှည့်စားဖူးတယ် ငါတို့သူကိုမယုံဘူး ဒါပေမယ့် မင်းကိုယုံဖို့တော့ ကြိုးစားကြည့်မယ် ဒါပေမယ့် …. မင်းကတိုက်ပွဲကွင်းပြင်ကပြန်မလာနိုင်ရင်ရော”

ထိုကိစ္စက သူတို့မေးချင်နေသော ကိစ္စသာဖြစ်ပေသည်။

နောက်ထပ်မိစ္ဆာတစ်ကောင် သံယောင်လိုက်လိုက်ပြန်၏။

“ဟုတ်တယ် ငါတို့ဒီနေရာမှာ ပိတ်မိနေတာ နှစ်ထောင်ချီကြာနေပြီ ငါတို့မိစ္ဆာသန္ဓေသားတွေ အပြင်ထွက်ခွင့်ရမယ်ဆိုရင်တောင် အတော်လေးကောင်းနေပြီ ဒါပေမယ့် မင်းပြန်မလာနိုင်ရင်ဝောာ့ ငါတို့မျှော်လင့်ချက်တွေ ပျက်ဆီးကုန်မှာပေါ့”

“ငါလည်းအပြင်ထွက်ချင်တယ်”

“ငါရောပဲ”

မိစ္ဆာတစ်အုပ်တစ်ယောက်တစ်ပေါက် ပြောကုန်ကြတော့သည်။

ကျန်းယန်တောက်ပစွာ ပြုံးပြလိုက်ပြီး

“ကျွန်တော်ကျိန်းသေပြန်လာမှာပါ စီနီယာတို့ စိတ်အေးအေးထားလို့ရပါတယ်”

သွေးအရိပ်မိစ္ဆာ ခပ်ထေ့ထေ့ပြောလိုက်၏။

“မင်းခွန်‌အားလေးနဲ့ အာမခံနေတာလား မင်းအတွက် ကောင်ကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကပြန်လာနိုင်ဖို့ အတော်လေးခက်လိမ့်မယ် မင်းသေသွားရင် ငါတို့မျှော်လင့်ချက်လေးတွေလည်း ပျက်ကုန်မှာပေါ့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကဘယ်လိုနေရာလဲ ငါတို့ကိုသေချာရှင်းပြ ဒါဆိုငါတို့မင်းကို အသက်ရှင်နိုင်စွမ်းမြင့်လာအောင် ကူညီပေးလို့ရတယ်”

ကျန်းယန်ကြောင်အသွားခဲ့သည်။

ထိုမိစ္ဆာများသည် ဤနေရာမှအလွန်ထွက်ချင်နေကြသောကြောင့် သူ့ကိုပင် အကြံပေးချင်နေခြင်းပေလော။

သို့သော်လည်း သေချာတွေးကြည့်သောအခါ ဤကဲ့သို့သောနေရာတွင်နှစ်တစ်ထောင်ကြာအောင် ပိတ်ထားခံရလျှင် မထွက်ချင်မည့် လူဟူ၍ရှိမည် မဟုတ်ပေ။

သူသူတို့ကိုယုံဖို့ဆုံးဖြတ်လိုက်ပြီး ပြုံးပြလိုက်ကာ

“ကောင်းပြီလေ ကျွန်ဝောာ်ရှင်းပြမယ် ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဆိုတာ ကောင်းကင်ကကျလာတဲ့ ဥက္ကာခဲကြီးတစ်ခုပဲ သန်မာလွန်းတဲ့လူတိုင်း အဲ့နေရာကို၀င်သွားရင် သူတို့စိတ်ဝိညာဉ်စွမ်းအားတွေကို စုပ်ယူခံလိုက်ရတယ် အသက်အကန့်အသတ်တစ်ခုအောက်က လူတွေပဲအဲ့နေရာကို ၀င်နိုင်တယ်…”

“အာ…ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်!”

“အဲ့တာက ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ပဲ!”

မရေတွက်နိုင်သော မိစ္ဆာများ ထိုစကားလုံးကိုရွတ်ဆိုကုန်ကြပြီး ၀င်္ကပါကြီးတစ်ခုလုံးပင် လှုပ်ခါလာခဲ့လေသည်။

ထို့ကြောင့် ချင်းယွင်ကျိ တင်းမာသောမျက်နှာထားဖြင့် ၀င်္ကပါကိုဖိနှိပ်လိုက်ရ၏။

သူ့မျက်လုံးထဲတွင်လည်း တုန်လှုပ်မှုတစ်ခုဖြတ်ပြေးသွားခဲ့သည်။

ဖန်ဆင်းခြင်း စိတ်ဝိညာဉ်ရေကန်….ဤအရာက မည်ကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်ပါသနည်း။

All Chapters