← Chapters

ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်

Vol. 12 Ch. 135

ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်

Vol. 12 Ch. 135

ချင်းယွင်ကျိကိုကြည့်နေရင်း ကျန်းယန်မျက်နှာအနည်းငယ်ဖြူဖျော့သွားခဲ့၏။ မိစ္ဆာများ၏တကယ့်စွမ်းအားကထိုမျှကြောက်စရာကောင်းနေလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့မိပေ။

ထိုမိစ္ဆာများသည် နှစ်ပေါင်းတစ်ထောင်ကြာပိတ်လှောင်ခံထားရပြီးသား ဖြစ်ပေသည်။ သို့သော်လည်း သူတို့ခွန်အားကလျှော့နည်းမသွားကြသေးပေ။

ထိုအခိုက်တွင် အဇူရာတိမ်ဂိုဏ်းအဘယ်ကြောင့်အခုအခြေအနေထိကျဆင်းသွားရသလဲဆိုတာ ကျန်းယန် နားလည်သွားခဲ့လေသည်။

ထိုမျှစွမ်းအားကြီးသောမိစ္ဆာများကိုနှစ်တစ်ထောင်ကြာပိတ်လှောင်ထားရသောဂိုဏ်းတစ်ဂိုဏ်းက ပျက်ဆီးမသွားတာကပင် အတော်လေး အံ့အားသင့်စရာကောင်းနေခဲ့ချေပြီ။

မိစ္ဆာများအတန်ကြာအောင်၀ရုန်းသုန်းကားဖြစ်ပြီးမှ ပြန်ငြိမ်သွားခဲ့ကြဧ။။် ထို့နောက် သွေးနီရောင်မျက်လုံးတစ်စုံက ချင်းယွင်ကျိကို ရက်စက်စွာစိုက်ကြည့်နေခဲ့သည်။

သူတကယ်ပဲ ချင်းယွင်ကျိကိုသတ်ပစ်ပြီး ကျန်းယန်ကိုဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆီခေါ်သွားချင်နေခဲ့၏။

သို့သော်လည်း ထိုအရာက စိတ်ကူးသက်သက်သာဖြစ်သည်။

ချင်းယွင်ကျိ လေးလေးနက်နက်မေးလိုက်၏။

“ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆိုတာဘာလဲ အဲ့တာကကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ကို‌ပြောတာလား တိုက်ပွဲ‌ကွင်းပြင်နဲ့ပတ်သက်တဲ့ အမှန်တရားကိုမင်းတို့သိထားတာလား”

“ဖွီ ဘာကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်လဲ အဲ့ဒီနေရာကိုဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်လို့ခေါ်တယ်” မိစ္ဆာတစ်ကောင်တုန့်ဆိုင်းနေရာမှ သတိ၀င်သွားပြီး ပြောလိုက်သည်။

ကျန်းယန် စိတ်၀င်တစားမေးလိုက်၏။

“ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်က ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ပဲဆိုတာ စီနီယာတို့ဘယ်လိုသိလဲ”

မိစ္ဆာတစ်ကောင်ခါးသက်သက်ပြုံးလိုက်ကာ

“ငါတို့ဒီနေရာကိုလာတာ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ကိုရှာဖို့ပဲ”

သူတကယ်ပြော‌ချင်နေသည်ကတော့ မိစ္ဆာအရှင်မြတ်ကမင်းကိုလည်း တူညီတဲ့အကြောင်းပြချက်နဲ့ လွှတ်လိုက်တာပဲဟူ၍ ဖြစ်သည်။

ချင်းယွင်ကျိနှင့်ကျန်းယန်တို့အကြည့်ချင်းဖလှယ်လိုက်မိကြ၏။ မိစ္ဆာများဘာလို့ရုတ်တရက်ကြီး ဤနေရာတွင်ပေါ်လာရသလဲဆိုတာ သူတို့အစကနားမလည်ခဲ့ပေ။ နောက်ဆုံးတွင်တော့ သူတို့လာရင်းရည်ရွယ်ချက်ကိုသိရှိသွားခဲ့ရ‌ေချေပြီ။

“မင်းတို့က အဇူရာတိမ်ဂိုဏ်းကိုတိုက်ခိုက်ဖို့ရောက်လာတာမဟုတ်ဘူးလား” ချင်းယွင်ကျိ ပြန်မေးလိုက်သည်။

သွေးအရိပ်မိစ္ဆာဒေါသတကြီးပြောလိုက်၏။

“ငါတို့အဲ့ဒီအချိန်တုန်းက ဆင်းသက်လာရုံပဲရှိသေးတယ် ဘာမှတောင်ပြောခွင့်မရလုိက်ဘဲ မင်းတို့လူတွေက ငါတို့ကိုသတ်ဖို့ကြိုးစားခဲ့ကြတာ အဲ့တာကို ငါတို့ကသေဖို့ထိုင်စောင့်နေရမှာလား ငါတို့ဘာများအမှားလုပ်ခဲ့မိလို့လဲ”

သူတို့ဟင်းလင်းပြင်ကိုစုတ်ဖြဲကာ ဤနေရာသို့ရောက်ရောက်လာချင်းအချိန်တွင် အဇူရာတိမ်ဂိုဏ်းကသူတို့ကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သူတို့တွင် ပြန်တိုက်ဖို့ကလွဲ ရွေးချယ်စရာမရှိခဲ့ပေ။

ထို့ကြောင့်လည်း တိုက်ပွဲကြီးတစ်ခုဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်၏။

ချင်းယွင်ကျိလည်း ဒေါသတကြီးပြန်အော်ပြောလိုက်လေသည်။

“မင်းတို့ကောင်တွေပေါ်ပေါ်လာချင်းပဲ ငါတို့အဇူရာတိမ်ဂိုဏ်းကမရေတွက်နိုင်တဲ့တပည့်တွေရဲ့ နိယာမတွေဖရိုဖရဲဖြစ်ကုန်ကြတယ် မင်းတို့မိစ္ဆာစွမ်းအားကြောင့် သူတို့တာအိုတွေပျက်ဆီးကုန်ကြတယ် လူပေါင်းများစွာလည်း သေခဲ့ရတယ် အဲ့တာကို ငါတို့ကမင်းတို့ကိုသုတ်သင်မပစ်ဘဲ မင်းတို့ကြောင့်ငါတို့အကုန်သေကုန်မှာကို စောင့်နေရမှာလား”

“ငါတို့က မိစ္ဆာပညာရပ်ကိုကျင့်ကြံတာပဲလေ အဲ့ဒါလေးက အပြစ်ကြီးတစ်ခုဖြစ်သွားရောလား” မရေတွက်နိုင်သောမိစ္ဆာများ ဟိန်းဟောက်လိုက်ကြ၏။

ကျန်းယန်လက်မြှောက်ပြလိုက်ပြီး သူတို့ကိုပြောလိုက်သည်။

“မိစ္ဆာပညာရပ်ကိုကျင့်ကြံတာကမမှားပါဘူး ဒါပေမယ့် လျှောက်သွားပြီးအခုလိုဖရိုဖရဲကိစ္စ‌ေတွဖြစ်စေခဲ့တာကတော့ စီနီယာတို့အမှားပဲ”

မိစ္ဆာများကြောင်အကုန်ကြ၏။

ထိုစကားက အဓိပ္ပာယ်ရှိသည်ဟု သူတို့ခံစားလိုက်ကြရသည်။

သို့သော်လည်း မိစ္ဆာအရှင်သူတို့ကို ပို့ပို့ချင်းမှာပင် အဇူရာတိမ်ဂိုဏ်းထဲရောက်သွားလိမ့်မည်ဟု သူတို့ကမည်သို့ကြိုသိထားနိုင်ပါမည်နည်း။

ကျန်းယန် ချင်းယွင်ကျိဘက်လှည့်လိုက်ကာ

“ဆရာစိတ်လျှော့ပါ သူတို့ကိုအရင်ရှင်း‌ေအာင်မေးလိုက်ကြရအောင်”

နှစ်တစ်ထောင်ကြာရန်ငြှိုးကို ဘယ်နည်းနဲ့မှ ချေဖျက်ပေးလိုက်၍ ဖြစ်နိုင်မည်မဟုတ်ပေ။ သူဘာပဲဖြစ်ဖြစ် ဤမိစ္ဆာများကိုချမ်းသာပေးဖို့ အစီအစဉ်မရှ်ိပေ။

သူဤနေရာသို့ စကားအနည်းငယ်ပြောဖို့သာ ရောက်လာခဲ့ခြင်းဖြစ်သော်လည်း အခုလို လျှို့ဝှက်ချက်ကြီးများကို သိခွင့်ရလိုက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့မိပေ။

“ကြီးမြတ်တဲ့စီနီယာတို့ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆိုတာ ဘယ်လိုဟာမျိုးလဲ” ကျန်းယန်မေးလိုက်သည်။

သွေးအရိပ်မိစ္ဆာနှာခေါင်းရှုံ့လိူက်၏။

“ငါတို့မင်းနဲ့ပြောလို့ရပါတယ် ဒါပေမယ့် ဒီခွေးအိုကြီးနဲ့တော့ မပြောချင်ဘူး”

“ဟမ့်” ချင်းယွင်ကျိလည်း အေးစက်စက်နှာခေါင်းရှုံ့လိုက်ပြီး လှည့်ထွက်သွားခဲ့လေသည်။

ထွက်သွားရုံဖြင့် သူထိုစကားကိုမကြားနိုင်တော့ဘူးဟု မိစ္ဆာများက ထင်နေခြင်းပေလော။

ထိုမိစ္ဆာများသည် အတော်လေးတုံးအလွန်းလှ၏။

သို့သော် သူမသိခဲ့သည်မှာ မိစ္ဆာများကလည်း သူ့ကိုပြန်ပြီးအကွက်ချနေသည် ဆိုတာကိုပင်။ နောက်အခေါက်များတွင်လည်း ချင်းယွင်ကျိပါမလာတော့ဘဲ ကျန်းယန်သာလာစေဖို့အတွက် သူတို့ကြိုတင်ကြံစည်နေခဲ့ကြခြင်း ဖြစ်သည်။

“ဂုဏ်သရေရှ်ိစီနီယာတို့ ကျွန်တော့်ဆရာသွားပါပြီ ကျွန်တော့်ကိုပြောပြလို့ရပြီလား” ကျန်းယန်တောက်ပစွာ‌ပြုံးလိုက်ကာ ပြောလိုက်ဧ။။်

သွေးအရိပ်မိစ္ဆာနှာခေါင်းရှုံ့လိုက်ပြီး နောက်ဆုံးတွင်တော့ ပြောပြခဲ့‌လေသည်။

“မင်းသိထားရမှာတစ်ခုက ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်က ဒီကမ္ဘာကမဟုတ်ဘူးဆိုတာပဲ နောက်တစ်ခုက အဲ့ဒီရေကန်က အံ့အားသင့်စရာကောင်းတဲ့နေရာတစ်ခုပဲ သူက အားကောင်းတဲ့သက်ရှိတွေကို ကောင်းကင်ရတနာတွေအဖြစ်ပြောင်းလဲပေးပြီး မျိုးနွယ်စုတွေရဲ့ အနာဂတ်မျိုးဆက်တွေကို ပျိုးထောင်ပေးတာ”

“ကျေးဇူးပြုပြီး အသေးစိတ်ရှင်းပြပေးပါ စီနီယာ”

ကျန်းယန် လက်ကျန်ငါးစွပ်ပြုတ်ကိုထုတ်ကာ သူ့ရှေ့တွင်ချပေးလိုက်ပြီး

“စီနီယာ အစားစားနိုင်လား ကျွန်တော့်မှာသက်တန့်ငါးစွပ်ပြုတ်နည်းနည်းတော့ ကျန်သေးတယ် စားကြည့်ချင်လား အလျင်မလိုပါဘူး အေးဆေးစားပြီးမှပြောလည်းရတယ်”

သွေးနီရောင်မြူခိုးတစ်ခု သလင်းကျောက်လွှာထဲမှ လျင်မြန်စွာထွက်လာပြီး ငါးစွပ်ပြုတ်ခွက်ရှေ့ရောက်ရှိလာခဲ့သည်။

ချင်းယွင်ကျိကိုယ်တိုင်ဒီနေရာတွင်မရှိသော်လည်း သူ့နတ်အာရုံရှိနေမှန်း မိစ္ဆာများကောင်းကောင်းသိ၏။

ထို့ကြောင့်သူတို့ဂိုဏ်း၏မည်သည့်လျှို့ဝှက်ချက်ကိုမှထုတ်မပြောဘဲ ငါးစွပ်ပြုတ်အတွက်သာ ဒီနေရာတွင်ရှိနေကြသလို ဟန်ဆောင်နေကြခြင်းဖြစ်သည်။

သွေးနီမြူငါးစွပ်ပြုတ်ခွက်ထဲ၀င်ကာ သူ့အနှစ်သာရကိုအရသာခံခဲ့ပြီးနောက်တွင် နံရံထဲပြန်၀င်သွားခဲ့၏။

သွေးနီမိစ္ဆာသက်ပြင်းတစ်ချက်ချလိုက်ကာ

“နှစ်တစ်ထောင်…နောက်ဆုံးတော့ အပြင်ဘက်ကအရာတစ်ခုခုကို ငါပြန်ပြီး အရသာခံနိုင်ခဲ့ပြီ”

သူ့ခံစားချက်တစ်၀က်က အစစ်အမှန်ဖြစ်ပြီး တစ်၀က်ကတော့ ချင်းယွင်ကျိကိုလှည့်စားဖို့ ဟန်ဆောင်နေခြင်း ဖြစ်ပေသည်။

“ကျွန်တော်နောက်ကျ စီနီယာအတွက်ပိုယူလာပါ့မယ် စီနီယာ အခုဆက်ပြောလို့ရပြီလား” ကျန်းယန် ပြုံးကာ ပြောလိုက်၏။

သွေးနီအရိပ်မိစ္ဆာကျေနပ်သွားဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ကာ

“ကောင်းပြီ ပြောပြတာပေါ့ ဒါပေမယ့် မင်းလက်ရှိအဆင့်နဲ့နားမလည်နိုင်သေးတဲ့ အချို့လျှို့ဝှက်ချက်တွေကိုတော့ ငါပြောမပြနိုင်ဘူး

ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဆိုတာ အမတတွေ သားရဲတွေ မိစ္ဆာတွေ တစ္ဆေတွေ အားလုံးတောင့်တတဲ့နေရာတစ်ခုပဲ

သူဘာလို့တည်ရှိနေသလဲဆိုတဲ့ဇစ်မြစ်ကိုတော့ ရှေးဟောင်းတည်ရှိမှုကြီးတွေပဲ သိကြလိမ့်မယ်

ငါတို့သိတာကတော့ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲ၀င်သွားတဲ့ကျင့်ကြံသူတိုင်းက ကောင်းကင်ရတနာတွေအဖြစ်ပြောင်းလဲကုန်ကြတယ် အဲ့တာကြောင့် မကြာခဏဆိုသလို မျိုးနွယ်စုကြီးလေးခုကြား စစ်ပွဲကြီးတွေဖြစ်တတ်ပြီး တစ်ဖက်မျိုးနွယ်ရဲ့ပညာရှင်တွေကိုတစ်ဖက်က သတ်ဖို့ကြိုးစားကြပြီးတော့ နောက်အငယ်မျိုးဆက် ၀င်ခွင့်နေရာအတွက် တိုက်ခိုက်လေ့ရှိကြတယ်

တစ်နေ့ကျတော့ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်မှာ ကြီးမားတဲ့အဖြစ်အပျက်ကြီးတစ်ခုဖြစ်သွားတယ် ဘာဖြစ်သွားသလဲဆိုတာ ဘယ်သူမှအတိအကျမသိဘူး

ဒါပေမယ့် တကယ့်အရေးကြီးတာကြီးက အဲ့လိုဖြစ်ပြီး ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ကြီးပျောက်သွားတာပဲ

အဲ့ဒီနောက်တော့ မိစ္ဆာအရှင်တွေက ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ပျောက်ကွယ်သွားတဲ့ဘက်က ဟင်းလင်းပြင်ကိုဖြဲစုတ်ပြီး ငါတို့ကိုပို့လိုက်ကြတယ်

ငါတို့အဲ့ဒီအရပ်မျက်နှာအတိုင်းနောက်ကလိုက်လာပြီး နောက်ဆုံးကျဒီနေရာမှာ လမ်းဆုံးသွားခဲ့ကြတယ်

ပြီးတော့ ရောက်ရောက်ချင်း မင်းတို့ဂိုဏ်းကငါတို့ကို နှစ်တစ်ထောင်ကြာအောင် ပိတ်လှောင်ထားတော့တာပဲ

ငါတို့မိစ္ဆာအရှင်ကိုလည်း ဘာသတင်းမှမပို့နိုင်တော့ဘူး”

ကျန်းယန်ငေးကြောင်သွားခဲ့၏။

“စီနီယာ ကျွန်တော့်ကို ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်အကြောင်း ဘာအသေးစိတ်အချက်အလက်မှ မပြောရသေးဘူးလေ”

သူတကယ်သိချင်သည်မှာ တိုက်ပွဲကွင်းပြင်ထဲတွင်ဘာတွေရှိနေသလဲဆိုတာဖြစ်ပြီး ထိုသို့သိထားခဲ့လျှင် သူကြိုပြီးပြင်ဆင်ထားပေနိုင်လိမ့်မည်။

သွေးအရိပ်မိစ္ဆာမကျေမချမ်းပြန်ဖြေလိုက်သည်။

“မင်းပြောတဲ့ ကောင်းကင်သူရဲကောင်းတိုက်ပွဲကွင်းပြင်ဆိုတာ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ဖြစ်နေပုံပဲ မင်းပြောတဲ့အချက်အလက်တွေနဲ့ အဲ့တာနဲ့က ကွက်တိကျနေတယ်

အဲ့လိုဆိုရင်တော့ ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ရေကန်ထဲမှာ အရေးအကြီးဆုံးအရာက ဖန်ဆင်းခြင်းစိတ်ဝိညာဉ်ခန်းမပဲ

ဒါပေမယ့် ခန်းမကိုဖွင့်ဖို့က မျိုးနွယ်စုလေးခုဖြစ်တဲ့ အမတ မိစ္ဆာ သားရဲ တ‌စ္ဆေတွေထဲက တစ်ယောက်တော့ အနည်းဆုံးရှိနေရမယ်

မင်းတို့ကမ္ဘာအသေးလေးမှာ မျိုးနွယ်စုလေးခုလုံးတောင်စုံအောင်ရှိလို့လား

ဟီးဟီး…ကြည့်ရတာာမင်းတို့ဒီအကျိုးအမြတ်ကိုရိတ်သိမ်းချင်ရင် အနည်းဆုံး ငါတို့ထဲကတစ်ယောက်ကိုတော့ လွှတ်ပေးရတော့မယ် ထင်တယ်”

All Chapters