← Chapters

အသက်ဘေးက လွတ်သော်ငြား ပြစ်ဒဏ်က မလွတ်

Vol. 25 Ch. 368

အသက်ဘေးက လွတ်သော်ငြား ပြစ်ဒဏ်က မလွတ်

Vol. 25 Ch. 368

~"သူတို့က ခင်ဗျားကိုလည်း ဖိတ်ထားတာလား"ဖုန်းဝူချန်က အေးစက်စက် မေးလိုက်သည်။

"ဟုတ်.. ဟုတ်ကဲ့ပါ"

'လုအိုယန်'က အနည်းငယ် တုံ့ဆိုင်းသွားပြီးမှ ထိတ်လန့်တကြား ပြန်ဖြေလိုက်၏။

“ဒါပေမဲ့ သူတို့က ဆေးဧကရာဇ်နဲ့ သခင်လေး 'ကျန်း' ကို စော်ကားထားမှန်း ကျွန်တော် တကယ် မသိခဲ့ပါဘူး”

ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့၏ ရှေ့မှောက်တွင် 'လုအိုယန်' သည် လိမ်ညာရန် မဝံ့ရဲပေ။ အကယ်၍သာ သူ လိမ်ညာခဲ့ပါက သူ့အတွက် သွားစရာ လမ်း တစ်လမ်းတည်းသာ ရှိပေတော့မည်။ ထိုလမ်းမှာ သေလမ်းပင် ဖြစ်သည်။

ယခုအချိန်တွင် 'လုအိုယန်' မှာ 'ကောယွင်ဖုန်း' ကို ရိုက်သတ်ပစ်ချင်စိတ်များ ပေါက်နေလေ၏။ သူက မတော်တဆ နှုတ်ဆက်လိုက်မိသည့် အချိန်မှာမှ ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့က ကြားသွားရသည်တကား။

လွန်ခဲ့သော ခြောက်လက 'အထီးကျန်' နယ်မြေတွင် သူတို့သည် ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့ကို စော်ကားမိခဲ့ကြပြီး သူတို့၏ ဝိညာဉ်များ လွင့်ထွက်မတတ် ကြောက်လန့်ခဲ့ကြရသည်။ သူတို့သည် အပြစ်ဖြေသောအားဖြင့် ကံကောင်းစွာ အသက်ချမ်းသာရာ ရခဲ့ကြပြီးမှ ယခု ကံဆိုးမိုးမှောင်ကျစွာဖြင့် ဖုန်းဝူချန်ကို သွယ်ဝိုက်သောနည်းဖြင့် ထပ်မံ စော်ကားမိပြန်လေ၏။

'လုအိုယန်' မှာ သူ၏ ကံဆိုးလှသည့် ကံကြမ္မာကို ကျိန်ဆဲနေမိသော်လည်း ဤတစ်ကြိမ်တွင် သူကိုယ်တိုင် ဝင်မပါမိခဲ့သည့်အတွက်နှင့် ဖုန်းဝူချန်ကို ပြောင်ပြောင်တင်းတင်း စော်ကားခြင်း မပြုမိသည့်အတွက် စိတ်သက်သာရာ ရနေမိသေးသည်။

'ဒီလူတွေက ဘယ်သူတွေလဲ။ ဘာလို့ ဘာလို့ 'လုအိုယန်' က သူတို့ကို ဒီလောက်တောင် ကြောက်နေရတာလဲ'

'ငါတို့ အင်အားကြီး အဖွဲ့အစည်းတစ်ခုခုက လူတွေကို သွားပြီး စော်ကားမိတာများလား'

"အစ်ကို 'လုအို' က သူတို့ကို ဆေးဧကရာဇ် ၊ သခင်လေး 'ကျန်း' လို့ ခေါ်တယ်၊ သူတို့ ဘယ်သူတွေလဲ ဆိုတာတော့ ငါလည်း မသိဘူး"

သခင်လေး တစ်ဒါဇင်ကျော်လုံးမှာ အလွန်အမင်း ထိတ်လန့်နေကြပြီး အဓိက မျိုးနွယ်စုများမှ အဆင့်မြင့် ပုဂ္ဂိုလ်များမှာလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေကြကာ သူတို့၏ စိုးရိမ်ပူပန်မှုများမှာ တဖြည်းဖြည်း ပိုမို ကြီးထွားလာနေသည်။ 'လုအိုယန်' ပင် ဤမျှ ကြောက်ရွံ့နေမှတော့ သူတို့က ပို၍ပင် မစော်ကားသင့်သော သူများ ဖြစ်နေပေပြီ။

ယခု သေသေချာချာ ကြည့်လိုက်မှ သူတို့ သတိထားမိလာသည်။ ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့သားများသည် အနည်းငယ်မျှပင် တုန်လှုပ်ခြောက်ခြားနေသည့် အရိပ်အယောင် မရှိကြပေ။

ထို့အပြင် သူတို့တစ်ဦးချင်းစီသည် ငယ်ရွယ်ကြသော်လည်း အံ့မခန်းဖွယ် ကျင့်ကြံမှုအဆင့်များ ပိုင်ဆိုင်ထားကြသည် သေချာသည်မှာ သူတို့အားလုံး ပါရမီရှင်များ ဖြစ်ကြသည်။

ထို့နောက် ဖုန်းဝူချန်ကို ကြည့်လိုက်သောအခါ အစွမ်းထက်လှသော 'ပေတိုယန်' ပင်လျှင် သူ၏ စကားကို နားထောင်နေရသည်တကား။

ဒါက ဘယ်လို အဆင့်အတန်းမျိုးကို ပြသနေပါသနည်း။

အဓိက မျိုးနွယ်စုများမှ အဆင့်မြင့် ပုဂ္ဂိုလ်များမှာ တွေးလေလေ ပို၍ ထိတ်လန့်လာလေလေ ဖြစ်ပြီး သူတို့သည် အမှန်တကယ်ပင် ဩဇာကြီးမားသော အင်အားစု တစ်ခုမှ လူများကို စော်ကားမိသွားပြီ ဖြစ်ကြောင်း ကြောက်လန့်တကြား တွေးနေမိကြသည်။

'ယွဲ့ယွင်' မြို့တော်မှ ကြည့်ရှုနေကြသော ကျင့်ကြံသူများစွာမှာလည်း တုန်လှုပ် အံ့ဩနေကြသလို စိတ်ရှုပ်ထွေးမှုများလည်း ဖြစ်နေကြသည်။

"ကျန်းမျိုးရိုး.. သခင်လေး 'ကျန်း' လက်နက်သန့်စင်ခြင်း မိသားစုက သခင်လေး 'ကျန်း' ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်သန့်စင်သူ။ ဟုတ်တယ် သူ ..သူပဲ။"

'ကုန်းစွန်း' သခင်လေးသည် အလွန်အမင်း ထိတ်လန့်တကြားဖြင့် အော်ဟစ်လိုက်လေသည်။

'ကုန်းစွန်း' သခင်လေးသည် 'ကျန်းကျွင့်လန်' ကို မှတ်မိနေပုံရ၏။ သို့မဟုတ်လျှင် သူသည် "ပြည်မကြီး၏ နံပါတ်တစ် လက်နက်သန့်စင်သူ" ဟူသော ဘွဲ့ထူးကို သိနေမည် မဟုတ်ပေ။

“ဘာ.. 'ဝူကျိ' နယ်မြေက 'ကျန်း' မိသားစု ဟုတ်လား။”

'ကုန်းစွန်း' သခင်လေး၏ စကားကို ကြားလိုက်ရသောအခါ သခင်လေး တစ်ဒါဇင်ကျော်လုံး၏ မျက်နှာများမှာ ချက်ချင်း အရောင်ပြောင်းသွားပြီး သူတို့အားလုံး သွေးပျက်

သွားကြတော့သည်။

"ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်သန့်စင်သူ။ သူ သူက 'ကျန်း' မိသားစုက သခင်လေး 'ကျန်းကျွင့်လန်' ပဲ။"

“သွားပြီ ငါတို့တော့ သွားပြီ။ သခင်လေး 'ကျန်း' ကို စော်ကားမိမှတော့ ငါတို့ သေ သေ သေချာပေါက် သေပြီ။”

"'ဝူကျိ' နယ်မြေက 'ကျန်း' မိသားစု။"

သခင်လေး တစ်ဒါဇင်ကျော်လုံးမှာ လုံးဝကို ထိတ်လန့်တုန်လှုပ်နေကြပြီး အဆင့်မြင့် မျိုးနွယ်စုဝင်များမှာလည်း အလွန်အမင်း ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားကြသည်။

"ဘုရား ဘုရား တကယ်ကြီး 'ဝူကျိ' နယ်မြေက 'ကျန်း' မိသားစုရဲ့ သခင်လေး 'ကျန်း' ဖြစ်နေတာပဲ။ ပြည်မကြီးရဲ့ နံပါတ်တစ် လက်နက်သန့်စင်သူ။"

"ပြည်မကြီးမှာ နာမည်ကျော်ကြားလှတဲ့ 'ကျန်းကျွင့်လန်' အစစ် ဖြစ်နေတာပဲ။"

"'ကော' မိသားစုတော့ ပြီးသွားပြီ။ 'ဝမ်' မိသားစုလည်း ပါတယ်။ သခင်လေး 'ကျန်း' ကို စော်ကားမိမှတော့ သူတို့ သေမှာ သေချာနေပြီ။"

ကြည့်ရှုနေသူများမှာ သူတို့၏ ကျောကုန်းများပေါ်သို့ တောင်ကြီးတစ်လုံး ပိကျလာသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူဖို့ပင် မေ့သွားကြလေသည်။ ထိုတောင်ကြီးမှာ အခြားမဟုတ် 'ဝူကျိ' နယ်မြေ၏ 'ကျန်း' မိသားစုပင် ဖြစ်သည်တကား။

"လွန်ခဲ့တဲ့ တစ်ခါ 'အထီးကျန်' နယ်မြေမှာ ငါ မင်းတို့ကို အသက်

ချမ်းသာပေးခဲ့တယ်။ အခု မင်းက ထပ်ပြီး ဝင်ရှုပ်ရဲသေးတယ် ဟုတ်လား။"လျိုချင်းယန်က အေးစက်စွာ ပြောလိုက်သည်။

"ဆေးဧကရာဇ်၊ သခင်လေး 'ကျန်း၊' ကျွန်တော်တို့ တကယ် မသိခဲ့ကြပါဘူး ၊ သူတို့က ခင်ဗျားတို့ကို စော်ကားထားမှန်းသာ သိခဲ့ရင် ကျွန်တော်တို့ကို သတ္တိ အဆတစ်ရာ ပေးရင်တောင် ဝင်ရှုပ်ရဲမှာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ဆေးဧကရာဇ် ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ။"

တပည့်တစ်ယောက်က ထိတ်လန့်တကြား ရှင်းပြရင်း ချက်ချင်းပင် လေဟာနယ်ထဲတွင် ဒူးထောက်ချလိုက်သည်။

'လုအိုယန်' နှင့် အခြားသူ အနည်းငယ်ကလည်း အလျင်အမြန် ဒူးထောက်လိုက်ကြပြီး ရှင်းပြကြ၏။

"ဆေးဧကရာဇ် ..ကျွန်တော့် ညီလေး ပြောသမျှ စကားတိုင်းက အမှန်တရားတွေချည်းပါ၊ ကျွန်တော်တို့ တကယ် မသိခဲ့ကြပါဘူး"'လုအိုယန်' နှင့် အခြားသူများ ထိတ်လန့်တကြား ဒူးထောက်လိုက်ကြသည်ကို မြင်သောအခါ မျိုးနွယ်စု အသီးသီးမှ လူများမှာ ပို၍ပင် စိတ်ဓာတ်

ကျသွားကြတော့သည်။

ဖုန်းဝူချန်နှင့် သူ၏ အဖွဲ့၏ ဂုဏ်ပုဒ်များသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်သနည်း။

'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ တပည့်များပင်လျှင် ဒူးထောက်ပြီး အသနားခံ တောင်းပန်နေကြရသည်တကား။

ထို့အပြင် သူတို့ ဒူးထောက်နေကြသည်မှာ 'ဖုန်းဝူချန်' ကို ဖြစ်သည်။

'ဒါ ဒါ ဖုန်းဝူချန်ရဲ့ အခြေအနေက 'ကျန်းကျွင့်လန်' ထက်တောင် ပိုပြီး ကြောက်စရာ ကောင်းနေတာလား။'

'ဆေးဧကရာဇ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဘာလို့ 'လုအိုယန်' က ဒီလူငယ်လေးကို 'ဆေးဧကရာဇ်' လို့ ခေါ်နေရတာလဲ။'

ကြောက်ရွံ့နေသော အကြည့်အားလုံးသည် လျှို့ဝှက်ဆန်းကြယ်သော ထိုလူငယ်လေး 'ဖုန်းဝူချန်' အပေါ်သို့ စုပြုံ ကျရောက်သွားကြတော့သည်။

ထိုစဉ်၊ ဖုန်းဝူချန်သည် လေဟာနယ်ထဲတွင် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး သူ၏ ညာလက်ကို ထိတ်လန့်တကြား ဖြစ်နေသော 'လုအိုယန်' ဆီသို့ ဆန့်တန်းလိုက်သည်။

'လုအိုယန်' ၏ နှလုံးသားမှာ တစ်ချက် ရပ်တန့်မတတ် ဖြစ်သွားပြီး ကြောက်လန့်တကြားဖြင့် ဦးခိုက် တောင်းပန်လေသည်။

"ဆေးဧကရာဇ် ..အသက် အသက် ချမ်းသာပေးပါ။ ဆေးဧကရာဇ် အသက် ချမ်းသာပေးပါ ကျေးဇူးပြုပြီး ကျွန်တော်တို့ တကယ် မသိခဲ့ကြလို့ပါ"ချွေးစေးများက 'လုအိုယန်' ၏ ကျောပြင်တစ်ခုလုံးကို လုံးဝ စိုရွှဲသွားစေခဲ့လေ၏။

ဖုန်းဝူချန်၏ လက်က 'လုအိုယန်' ၏ ပခုံးပေါ်သို့ ထိတွေ့လိုက်သည့်အခိုက် 'လုအိုယန်' မှာ တဆတ်ဆတ်တုန်သွားပြီး ဖုန်းဝူချန်က သူ့ကို သတ်ရန် ဆုံးဖြတ်လိုက်ပြီဟု တွေးထင်လိုက်၏။

သို့သော် နောက်တစ်စက္ကန့်တွင် 'လုအိုယန်' မင်သက်မိသွားသည်။

ဖုန်းဝူချန်က သူ့ကို မသတ်ခဲ့ပေ။ ထိုအစား သူ့ကို ဆွဲထူလိုက်ပြီး အေးစက်စက် မေးလိုက်သည်။

"ဒီထဲက ဘယ်သူတွေကို ခင်ဗျား သိသလဲ"

ဤစကားကို ကြားလိုက်ရသောအခါ 'လုအိုယန်' မှာ အနည်းငယ် အူကြောင်ကြောင်ဖြစ်သွားပြီး ဖုန်းဝူချန် ဘာကို ဆိုလိုမှန်း နားမလည်နိုင် ဖြစ်သွားသည်။

မည်သို့ပင်ဖြစ်စေ 'လုအိုယန်' သည် တုံ့ဆိုင်း မနေရဲဘဲ သူ သိသော သခင်လေး ခြောက်ယောက်ကို ချက်ချင်း လက်ညှိုးထိုးပြလိုက်သည်။

ထို့နောက် သူက ဖုန်းဝူချန်ကို ထိတ်လန့်တကြား ကြည့်လိုက်၏။

'လုအိုယန်' သည် ဖုန်းဝူချန်၏ အတွေးများကို နားမလည်နိုင်သလို ခန့်မှန်းလည်း မခန့်မှန်းရဲပေ။

ဖုန်းဝူချန်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ခပ်ပါးပါး ပြုံးလျက် ပြောလိုက်သည်။

"ခင်ဗျားရဲ့ မျက်နှာကို ထောက်ထားတဲ့အနေနဲ့ ခင်ဗျား သိတဲ့လူတွေကို ကျုပ် ချမ်းသာပေးလိုက်မယ်။ ခင်ဗျား မသိတဲ့ကောင်တွေ အကုန် သတ်ပစ်လိုက်ပါ"

ထိုစကားကို ကြားလိုက်ရသောအခါ 'လုအိုယန်' မှာ တုန်လှုပ်သွားပြီး သူ၏ မျက်လုံးများက မယုံကြည်နိုင်စွာ ပြူးကျယ်သွားလျက် ဖုန်းဝူချန်ကို စိုက်ကြည့်နေမိသည်။

ဖုန်းဝူချန်က သူ သိသောလူများကို "သူ့မျက်နှာကို ထောက်ထားပြီး" လွှတ်ပေးလိုက်မည်ဟု ပြောလိုက်သည်ကို 'လုအိုယန်' မှာ မယုံနိုင်အောင် ဖြစ်နေသည်။

ပြီးတော့ သူ မသိသော ကျန်လူများကို အကုန် သတ်ပစ်ခိုင်းသည်တဲ့။

'လုအိုယန်' ကို တုန်လှုပ်သွားစေသည်မှာ ထိုသူစိမ်းများကို သတ်ဖြတ်ခိုင်းခြင်းကြောင့် မဟုတ်ဘဲ ဖုန်းဝူချန်က "သူ့မျက်နှာကို ထောက်ထားပြီး" ဟု ပြောလိုက်ခြင်းကြောင့်သာ ဖြစ်သည်။

‘အကုန် သတ်ပစ်လိုက်' ဟုတ်လား’

'တုံကျန့်ထျန်း' ၏ စိတ်ထဲတွင် ရင်ထဲ၌ တစ်ချက်လှုပ်ခါသွားပြီး ထိတ်လန့်သွားသည်။

'ဆရာ ပြောတာ မှန်တယ်..

အဘိုးဆရာကြီးက တကယ်ကို ကြောက်စရာကောင်းတာပဲ'

ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသောအခါ 'လုအိုယန်' လက်ညှိုးထိုးပြလိုက်သော ခြောက်ယောက် 'ကောယွင်ဖုန်း' အပါအဝင် ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြသည်။

နာမည် မပါလိုက်သော ကျန်လူများမှာတော့ လုံးဝ မျှော်လင့်ချက်မဲ့သော အမှောင်တွင်းထဲသို့ ကျရောက်သွားကြတော့၏။

“ဆေးဧကရာဇ် အသက် ချမ်းသာပေးပါ”

“ဆေးဧကရာဇ် အသက် ချမ်းသာပေးပါ။ ကျွန်တော်တို့.. ဆေးဧကရာဇ်ရဲ့ နောက်ခံကို မသိခဲ့ကြပါဘူး စော်ကားဖို့လည်း ရည်ရွယ်ချက် မရှိခဲ့ပါဘူး.. ဆေးဧကရာဇ်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”

“ဆေးဧကရာဇ်။ ကျွန်တော်တို့ ကျွန်တော်တို့ မောက်မာခဲ့တာ အင်အားသုံးပြီး အနိုင်ကျင့်ခဲ့တာ မှားမှန်း သိပါပြီ ကျေးဇူးပြုပြီး ဆေးဧကရာဇ် ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ”

ကျန်ရှိသောသခင်လေးများအားလုံးသည် လေဟာနယ်ထဲတွင် ဒူးထောက်လိုက်ကြပြီး ငိုယိုသံများဖြင့် ဦးခိုက် တောင်းပန်နေကြလေသည်။

သူတို့အားလုံး ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို ထားလိုက်ဦး သူတို့ အကောင်းဆုံး အခြေအနေတွင် ရှိနေလျှင်ပင် 'လုအိုယန်' ၏ ပြိုင်ဘက်များ မဟုတ်ကြပေ။ 'လုအိုယန်' သည် သူတို့ကို သတ်ရန် လက်ဖဝါးတစ်ချက် လှန်လိုက်သကဲ့သို့ လွယ်ကူလှသည်။

"လုအိုယန် ငါ့ဆရာက မင်းကို ဘာလုပ်ရမလဲဆိုတာ ကိုယ်တိုင်ကိုယ်ကျ သင်ပေးရဦးမှာလား"'လုအိုယန်' ၏ မျက်နှာမှာ မျက်စိပျက်မျက်နှာပျက် ဖြစ်နေပြီး ဘာမှ တုံ့ပြန်ခြင်း မရှိသည်ကို မြင်သောအခါ 'ကျန်းကျွင့်လန်' က အေးစက်စွာဖြင့် အသံတိုးတိုး ကြိမ်းမောင်းလိုက်သည်။

'လုအိုယန်' မှာ ဆတ်ခနဲ သတိဝင်လာပြီး ချက်ချင်းပင် တုံ့ဆိုင်းမနေဘဲ တိုက်ခိုက်လိုက်တော့သည်။ သူ၏ အစစ်အမှန်ယွမ်စွမ်းအားများ ရုန်းကြွလာပြီး သွေးဆာနေသည့် သတ်ဖြတ်လိုစိတ်များက လေထုထဲတွင် တဝေါဝေါ လွှမ်းခြုံသွား၏။

"ဝှစ်။"

ကြမ်းတမ်းသော လှုပ်ရှားမှု တစ်ခုဖြင့် 'လုအိုယန်' သည် ရှေ့သို့ လှစ်ခနဲ တိုးဝင်သွားပြီး လက်သီးတစ်လုံး ပစ်ထုတ်လိုက်သည်။ ဘုန်းခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး နေရာမှာပင် သခင်လေး

တစ်ယောက်သည် သွေးများ ဒလဟော ပန်းထွက်ကာ သွေးမြူ အဖြစ်သို့ ပေါက်ကွဲသွားလေသည်။

"အစ်ကို 'လုအိုယန်'.. အသက် ချမ်းသာပေးပါ"

'လုအိုယန်' သည် နောက်တစ်ချက် ထပ်မံ ထိုးနှက်လိုက်ရာ နောက်ထပ် သခင်လေး တစ်ယောက် ချက်ချင်း သေဆုံးသွားပြန်သည်။

"အစ်ကိုကြီး 'လုအိုယန်' ..ကျွန်တော့်ကို မသတ်ပါနဲ့။ မသတ်ပါနဲ့။ အစ်ကို 'ကော' ကယ်ပါဦး။"

သခင်လေး တစ်ယောက်၏ ဖြူဖျော့နေသော မျက်နှာသည် မျှော်လင့်ချက်မဲ့ခြင်း သေခြင်းတရားအပေါ် ကြောက်ရွံ့ခြင်းများဖြင့် ပြည့်နှက်နေသည်။

'ကောယွင်ဖုန်း' မှာ သူ၏ အသက်ကို ကံကောင်းစွာ ချမ်းသာရာ ရထားသူ ဖြစ်ရာ ဘယ်လိုလုပ် ဝင်ရောက် စွက်ဖက်ရဲပါ့မနည်း။

ထို့အပြင် 'ကောယွင်ဖုန်း' မှာ ဝင်ရောက် စွက်ဖက်ပိုင်ခွင့်လည်း မရှိ၊ သူ ရိုးရိုးလေး ပင် မတတ်နိုင်ခဲ့ပေ။

"ဆေးဧကရာဇ်ကို စော်ကားတဲ့ကောင် သေရမယ်။"

'လုအိုယန်' က ဒေါသတကြီး အော်ဟစ်လိုက်ပြီး လုံးဝ သနားညှာတာမှု မပြခဲ့ပေ။

ဖုန်းဝူချန်က "သူ့မျက်နှာကို ထောက်ထားပြီး" တစ်စုံတစ်ယောက်ကို အသက်ချမ်းသာပေးခြင်းသည်ပင် 'လုအိုယန်' အတွက် အံ့ဩစရာ ကောင်းနေပြီ ဖြစ်ရာ သူက ဘယ်လိုလုပ် သနားညှာတာမှု ပြရဲပြီး ဖုန်းဝူချန်၏ အမိန့်ကို မနာခံဘဲ နေရဲပါ့မနည်း။

"လုအိုယန် ..ငါ့အဖေက 'ထျန်းတင့်' မြို့တော်ရဲ့ မြို့အရှင်ကွ ၊ မင်း ငါ့ကို သတ်လို့ မရဘူး။ မင်း ငါ့ကို သတ်ရင် ငါ့အဖေက မင်းကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး။"

ဟု'ထျန်းတင့်' မြို့တော်၏ မြို့အရှင်ငယ်က ကြောက်လန့်တကြားဖြင့် သူ၏ အဖေကိုပင် ဆွဲထည့် ခြိမ်းခြောက်လိုက်လေသည်။

“'ထျန်းတင့်' မြို့တော် ဟုတ်လား။ ဟွန့်။ မင်းအဖေကို 'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှာ ငါ့ကို လာရှာခိုင်းလိုက်”

'လုအိုယန်' က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး 'ထျန်းတင့်' မြို့တော်ကို သူ၏ မျက်လုံးထဲတွင် လုံးဝ ထည့်မထားသည့်ဟန်ပင်။

"မ.. မဟုတ်ဘူး။ မဟုတ်ဘူး။"'ထျန်းတင့်' မြို့တော်၏ သခင်လေးက ထိတ်လန့်တကြား ဟိန်းဟောက်လိုက်သည်။

'လုအိုယန်' သည် လျှပ်စီးကဲ့သို့ ပေါက်ကွဲ လှုပ်ရှားလိုက်ပြီး 'ထျန်းတင့်' မြို့တော် သခင်လေး၏ ရင်ဘတ်ကို လက်သီးတစ်ချက် ထိုးချလိုက်သည်။ ဘုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများက သူ့ကို သွေးမြူအဖြစ်သို့ ပြောင်းလဲသွားစေကာ သူ၏ ဝိညာဉ်မှာလည်း လွင့်ပြယ် ပျောက်ကွယ်သွားတော့သည်။

"ဘုန်း ဘုန်း ဘုန်း။"

'လုအိုယန်' သည် သနားညှာတာမှု ကင်းမဲ့စွာဖြင့် သခင်လေးများကို တစ်ယောက်ပြီး တစ်ယောက် ဆက်တိုက် သတ်ဖြတ်ပစ်လေသည်။

တစ်မိနစ်ပင် မပြည့်သော အချိန်အတွင်း သခင်လေး ဆယ့်တစ်ယောက်လုံး 'လုအိုယန်' ၏ ရက်စက်

ကြမ်းကြုတ်သော သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

သူ၏ ရက်စက်လှသော နည်းလမ်းများက ရှိသမျှ လူတိုင်းကို တုန်လှုပ်သွားစေခဲ့ပြီး ကြည့်ရှုနေသူများမှာ ကြောက်လန့်လွန်းသဖြင့် သူတို့၏ ဝိညာဉ်များ လွင့်ထွက်သွားမတတ်ပင် ဖြစ်ကုန်ကြ၏။ သူတို့၏ မျက်နှာများမှာ သွေးဆုတ်နေကြပြီး လူသေ တစ်ယောက်ထက်ပင် ဖြူလျော်နေကြတော့သည်။

"ဆေးဧကရာဇ် သူတို့အားလုံးကို သတ်ပြီးပါပြီ"

'လုအိုယန်' က ဖုန်းဝူချန်ကို သူ၏ သခင်ပမာ လေးစားစွာ သတင်းပို့လိုက်သည်။

"ကောင်းတယ် ..ခင်ဗျား.. လုပ်တာ ကောင်းတယ်။ နောက်ကျရင်

ခင်ဗျားရဲ့ စံအိမ်သခင်ကို ခင်ဗျားကို ကျုပ်နောက် လိုက်ခွင့်ရဖို့ စကားပြောပေးမယ်။ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' က စံအိမ်သခင်က ငြင်းမှာ မဟုတ်ပါဘူး"

ဖုန်းဝူချန်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်။ ကျေးဇူးတင်ပါတယ် ဆေးဧကရာဇ်”

'လုအိုယန်' သည် ထိုစကားများကို ကြားလိုက်ရသည့်အခိုက် သူသည် ပီတိဖြစ်သွားပြီး အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။

'လုအိုယန်' မှာ သူ ကြားလိုက်ရသည်ကို မယုံနိုင်အောင် ဖြစ်နေသည်။

ဤအဖြစ်က အမှန်တကယ် ဖြစ်ပျက်နေသည်ကို သူ မယုံနိုင်ခဲ့ပေ။

သူ သူ ဆေးဧကရာဇ်၏ နောက်သို့ လိုက်ပါခွင့် ရမည်တဲ့။

ဒါက လူပေါင်းများစွာ အိပ်မက်ပင် မမက်နိုင်သော အခွင့်အရေးကြီး မဟုတ်ပါလား။

ဤမျှ ကြီးမားသော ကံကောင်းခြင်းကြီးက သူ၏ လက်ထဲသို့ ကျရောက်လာလိမ့်မည်ဟု 'လုအိုယန်' မှာ မယုံကြည်နိုင် ဖြစ်နေသည်။

စဉ်းစားကြည့်ပါ။ ဆေးဧကရာဇ်သည် 'ကျန်းကျွင့်လန်' ၏ "ဆရာ" ဖြစ်သည်။

သူ့နောက်သို့ လိုက်ပါခွင့် ရပါက အနာဂတ်သည် မည်မျှ တောက်ပနေမည်ကို ပြောစရာပင် လိုတော့မည် မဟုတ်ပေ။

ယခု ပြန်တွေးကြည့်မှ 'လုအိုယန်' သည် 'အထီးကျန်' နယ်မြေတွင် ဖုန်းဝူချန်နှင့် ရန်ဖြစ်ခဲ့မိသည့်အတွက် တိတ်တဆိတ် ကျေးဇူးတင်နေမိသည်။ သို့မဟုတ်လျှင် သူသည် ဖုန်းဝူချန်နှင့် တွေ့ဆုံခွင့် ရခဲ့မည် မဟုတ်သလို ယနေ့ကဲ့သို့ အခွင့်အရေးမျိုးကိုလည်း ရရှိခဲ့မည် မဟုတ်ပေ။

'လုအိုယန်' သည် ယခုနှစ်တွင် အသက် (၂၅) နှစ်ကျော်မျှသာ ရှိသေးပါ၏။ ဤမျှ ငယ်ရွယ်သော အသက်ဖြင့် 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာသို့ ရောက်ရှိနေသူ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ ပါရမီရှင်တစ်ဦး ဖြစ်သည်။

ဤသို့သော ပါရမီရှင်ကို ဖုန်းဝူချန်သည် သူ၏ အင်အားစု တည်ထောင်ရန်အတွက် အပြည့်အဝ ပြင်ဆင်သည့်အနေဖြင့် ကိုယ်ပိုင် အသုံးချရန် သဘာဝကျကျ လိုလားပေလိမ့်မည်။

"ကျွန်တော်တို့ အသက်ကို မသတ်ဘဲ ချမ်းသာပေးတဲ့အတွက် ဆေးဧကရာဇ်ကို ကျေးဇူးတင်ပါတယ်။"

‘ကောယွင်ဖုန်း’နှင့် အခြားသူများမှာ သူတို့၏ တုန်လှုပ်မှုများမှ သတိပြန်ဝင်လာကြပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုလိုက်ကြသည်။

ဖုန်းဝူချန်၏ အကြည့်က 'ကောယွင်ဖုန်း' နှင့် အခြားသူများအပေါ်သို့ ဝေ့ဝဲသွားပြီး သူက အေးစက်စက် ပြောလိုက်သည်။

"မင်းတို့ သေဒဏ်ကတော့ လွတ်ငြိမ်းခွင့် ရသွားပြီ။ ဒါပေမဲ့ အရှင်လွတ်ရုံနဲ့တော့ အပြစ်က လွတ်မှာ မဟုတ်ဘူး"

ထိုစကားလုံးများကို ကြားလိုက်ရသည့်အခိုက် 'ကောယွင်ဖုန်း' နှင့် ကျန် ခြောက်ယောက်လုံး၏ မျက်နှာများမှာ သိသိသာသာ ပြောင်းလဲသွားပြီး ကြောက်ရွံ့မှုများက သူတို့၏ နှလုံးသားများထဲသို့ တစ်ဖန် ပြန်လည် တိုးဝင်လာပြန်သည်။

သို့သော် နောက်တစ်မျိုး ပြန်တွေးကြည့်လျှင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးကို စော်ကားမိပြီးမှ အသက်ချမ်းသာရာ ရခြင်းသည်ပင် အလွန် ကောင်းမွန်နေပေပြီ။

ဖုန်းဝူချန်က အေးစက်စက် ပြောလိုက်သည်။

"မင်းတို့ အမှားလုပ်ထားမှတော့ အမှားအတွက် တန်ရာတန်ကြေးကို ပေးဆပ်ရလိမ့်မယ်"

အကယ်၍သာ 'လုအိုယန်' ကို စုဆောင်းရန် အကြံအစည် မရှိခဲ့ပါက သူသည် ထို ခြောက်ယောက်ကို အသက်ချမ်းသာပေးခဲ့မည် မဟုတ်ပေ။

“မင်းတို့မှာ ကန့်ကွက်စရာ တစ်ခုခု ရှိသလား”

'ကောယွင်ဖုန်း' နှင့် ခြောက်ယောက်လုံး စကားတစ်ခွန်းမှ မပြောနိုင်ကြပေ။

ကြောက်ရွံ့မှုမှ လွဲ၍ ဖုန်းဝူချန်က သူတို့ကို ဘာလုပ်မည်ကို မသိနိုင်ကြ။

သူတို့ အသက်တော့ ချမ်းသာရာ ရခဲ့ပေပြီ။

သို့ရာတွင်၊ ဖုန်းဝူချန်က သူတို့၏ 'ချီ' ပင်လယ်ကို ဖျက်ဆီးပစ်လိုက်လျှင် သို့မဟုတ် သူတို့၏ ခြေလက်များကို အကျိုးအကြေ ဖြစ်သွားအောင် လုပ်လိုက်လျှင် မည်သို့ လုပ်ရမည်နည်း။

'ကောယွင်ဖုန်း' က 'လုအိုယန်' ထံ အကူအညီ တောင်းခံသော မျက်လုံးများဖြင့် ကြည့်လိုက်သော်လည်း 'လုအိုယန်' က သူ့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ သူ့ကို လုံးဝ စိတ်ပျက်သွားစေခဲ့သည်။

ဤအချိန်တွင် 'လုအိုယန်' သည် သူ့ကို မကူညီနိုင်သလို ကူညီချင်စိတ်လည်း မရှိတော့ပေ။

“ကန့် ..ကန့်ကွက်စရာ မရှိ မရှိပါဘူး”

‘ကောယွင်ဖုန်း’က တုန်တုန်ရီရီ ဖြစ်နေသော အသံဖြင့် ပြောလိုက်သည်။

သူတို့မှာ ရွေးချယ်စရာ မရှိခဲ့။ ဤသို့ အရေးကြီးသော အခိုက်အတန့်တွင် ကန့်ကွက်လိုက်ခြင်းသည် မိမိကိုယ်ကိုယ် သေကြောင်းကြံခြင်းနှင့် တူတူပင် ဖြစ်သည်။

မျိုးနွယ်စုကြီးများမှ အကြီးအကဲများမှာလည်း စကားတစ်ခွန်းမှ မပြောရဲကြဘဲ စိုးရိမ်ပူပန်မှုနှင့် ကြောက်ရွံ့မှုမှလွဲ၍ ဘာမှ မတတ်နိုင်ကြပေ။

ဖုန်းဝူချန်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"ကန့်ကွက်စရာ မရှိဘူးဆိုရင် ကောင်းပြီ။ လုအိုယန် သူတို့အားလုံးရဲ့ လက်တစ်ဖက်စီကို ရိုက်ချိုးပစ်လိုက်။ ဒါက သင်ခန်းစာပဲ။ နောက်တစ်ခါ ထပ်ဖြစ်ရင် သေဒဏ်ပဲ"

"ဟုတ်ကဲ့။"

'လုအိုယန်' က လေးစားစွာ ပြန်ဖြေလိုက်ပြီး တုံ့ဆိုင်းမနေရဲတော့ပေ။

ဖုန်းဝူချန်၏ စကားကို ကြားလိုက်ရသောအခါ 'ကောယွင်ဖုန်း' နှင့် အခြားသူများမှာ လုံးဝ ကြောင်ငေးသွားကြပြီး သူတို့၏ မျက်နှာများမှာ မျှော်လင့်ချက်မဲ့ခြင်းနှင့် ကြောက်ရွံ့ခြင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။

လက်တစ်ဖက် ပြတ်သွားခြင်းသည် အကျိုးမဲ့ မသန်စွမ်းသူ တစ်ယောက် ဖြစ်သွားခြင်းနှင့် အတူတူပင် မဟုတ်ပါလား။

ဟုတ်၏။ ဤသည်မှာ ကျင့်ကြံ၍ မရတော့သောသူ သို့မဟုတ် အသက်ဆုံးရှုံးရခြင်းထက်တော့ ပိုမို ကောင်းမွန်နေသေးသည်။

အသက်ရှင်နေခြင်းက အရာအားလုံးထက် ပိုကောင်းနေသေးသည် မဟုတ်ပါလား။

All Chapters