← Chapters

ပါရမီရှင်များ စုဆောင်းခြင်း

Vol. 25 Ch. 370

ပါရမီရှင်များ စုဆောင်းခြင်း

Vol. 25 Ch. 370

~“ဆေးဧကရာဇ်ကို ကြိုဆိုပါတယ်” “သခင်လေး ‘ကျန်း’ ကို ကြိုဆိုပါတယ်”

'ခရမ်းရောင် တိမ်တိုက် စံအိမ်' ရှိ လူတိုင်း၏ အရိုအသေပေး ကြိုဆိုမှုများ ကြားမှ ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့သည် ရင်ပြင်ကြီးပေါ်သို့ ဆင်းသက်လာခဲ့ကြ၏။

'ဆေးဧကရာဇ်နဲ့ သခင်လေး ‘ကျန်း’ တို့က ဘာလို့ ရုတ်တရက်ကြီး ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ကို ရောက်လာကြတာလဲ။ တစ် တစ်ခုခုများ'

စံအိမ်သခင် 'ကျောက်ချန်ရှန်' ၏ ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်နေပြီး ချွေးစေးများပင် ပျံလာလေသည်။

သို့သော် တစ်ချက်ပြန်တွေးကြည့်လိုက်သောအခါ ထိုသို့ မဟုတ်သလို သူ ခံစားလိုက်ရ၏။ အကြောင်းမူကား သတင်းပြန်ပို့ရန် ရောက်လာခဲ့သော တပည့်လေးယောက်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ မရှိဘဲ စိတ်လှုပ်ရှားမှုများသာ ရှိနေခဲ့သည်လေ။

'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များစွာ၏ အကြည့်များသည် 'ကျန်းကျွင့်လန်' ၏ ရှေ့တွင် ရပ်နေသော ထိုလူငယ်လေးထံသို့ စူးစိုက် ရောက်ရှိနေကြ၏။ သူတို့၏ အမူအရာများတွင် အံ့ဩမှုနှင့် စိုးရိမ်မှုတို့ ယှက်သန်း ဖြစ်ပေါ် နေသည်။

'အထီးကျန်' နယ်မြေတွင် 'လုအိုယန်' က ဖုန်းဝူချန်ကို စော်ကားမိခဲ့သော ကိစ္စမှာ လွန်ခဲ့သော ခြောက်လကတည်းက 'ခရမ်းရောင် တိမ်တိုက် စံအိမ်' တစ်ခုလုံးသို့ တောမီးလို ပျံ့သွားခဲ့ပြီး ဖြစ်သည်။

“အဲ့ဒါ အဲ့ဒါ ဆေးဧကရာဇ်လား။ သူ့ရဲ့ ကျင့်ကြံမှုအဆင့်ကို ကောင်းကောင်း ဖုံးကွယ်ထားတာပဲ။ ငါ သူ့အဆင့်ကို လုံးဝ မမြင်နိုင်ဘူး”

“လွန်ခဲ့တဲ့ ခြောက်လက သူ့ကြောင့်ပဲ ငါတို့ သေမလို ဖြစ်ခဲ့တာ .. လက်စားပြန်ချေဖို့ ဒီကို လာတာများလား”

“သခင်လေး ‘ကျန်း’ ရဲ့ ဆရာက တော်တော် ငယ်တာပဲ၊ ငါ့ထက်တောင် နှစ်အနည်းအကျဉ်း ငယ်မလိုပဲ။ သူ့မှာ တကယ်ပဲ အဲ့ဒီလောက် ကြောက်စရာကောင်းတဲ့ လက်နက်သန့်စင်ခြင်း ပညာရပ် ရှိနေတာလား”

'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များသည် တစ်ယောက်နှင့် တစ်ယောက် ကပ်တိုးလေး ပြောဆိုနေကြပြီး ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့ကို စော်ကားမိမည် ကြောက်သဖြင့် မည်သူမျှ အသံကျယ်ကျယ် မပြောရဲကြပေ။

'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ ထိပ်တန်းတပည့် 'လေ့ထျန်းကျွယ်' သည် ဖုန်းဝူချန်ကို စူးစိုက်ကြည့် နေ၏။

သူ၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။

'ဒီလူက ဆေးဧကရာဇ်ပေါ့လေ။ တကယ် ထူးခြားတယ်။ သာမန်လူတစ်ယောက်လို ဖြစ်နေအောင် ကိုယ့်ရဲ့ အရှိန်အဝါကို လုံးဝ ဖုံးကွယ်ထားနိုင်တာ သာမန်လူ တစ်ယောက်တော့ လုံးဝ မလုပါနိုင်ဘူး'

ဖုန်းဝူချန်သည် စူးရှသော အကြည့်တစ်ချက်ကို ခံစားလိုက်ရသဖြင့် ရိပ်ခနဲ လှည့်ကြည့်လိုက်ရာ အနည်းငယ် အံ့ဩသွားသည်။

'ထျန်းယွမ် ဘုံ နဝမအလွှာ..ဒီလူက ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ရဲ့ ထိပ်တန်းတပည့် ဖြစ်ရမယ် သူ့ရဲ့ အရည်အချင်းက ‘လုအိုယန်’ ထက်တောင် သာလွန်နေတယ်။ ရှားပါးတဲ့ ပါရမီရှင် တစ်ယောက်ပဲ'

'ဒီလောက် စူးရှတဲ့ ထိုးထွင်းသိမြင်မှု..ဒီလူရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းမှာ သေချာတယ်'

'လေ့ထျန်းကျွယ်' သည် ဖုန်းဝူချန်ကို လျှော့မတွက်ရဲဘဲ စိတ်ထဲ၌ တိတ်တဆိတ် အံ့ဩသွားလေသည်။

'ဒုက္ခတော့ ရောက်ပြီ။ ‘လုအိုယန်’ ဆိုတဲ့ ကောင်စုတ်.. ဆေးဧကရာဇ်ကို ထပ်ပြီး သွား စော်ကားမိပြန်ပြီလား'

သူ၏ အံ့ဩမှု အကြားတွင် 'လေ့ထျန်းကျွယ်' ၏ မျက်နှာသည် ရုတ်တရက် မသိမသာပျက်ယွင်းသွား၏။

သူ့ခေါင်းထဲ၌.. အတွေးတစ်စ ဖျတ်ခနဲ ပေါ်လာသည်။

'လုအိုယန်' သည် စားသောက်ပွဲ တစ်ခု တက်ရန် အပြင်သို့ ထွက်သွားသည်ပဲ။

'လေ့ထျန်းကျွယ်' တွေးလေလေ ၊ ဤသို့၊ ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်ပြီး ၊ စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲနေမိတော့သည်။

တစ်ချိန်တည်းမှာပင် စံအိမ်သခင် 'ကျောက်ချန်ရှန်' နှင့် အကြီးအကဲများမှာလည်း ခေါင်းနပမ်းကြီးနေခဲ့သည်။

ဖုန်းဝူချန်နှင့် 'ကျန်းကျွင့်လန်' တို့ 'ခရမ်းရောင် တိမ်တိုက် စံအိမ်' သို့ လာရောက်လည်ပတ်သည်ဟူသော သတင်း ရုတ်တရက် ရောက်ရှိလာသောအခါ 'ကျောက်ချန်ရှန်' နှင့် အခြားသူများမှာ ထိတ်ပျာသွားခဲ့ကြသည်။

ထပ်ပြီး စဉ်းစားမနေရဲတော့ဘဲ 'ကျောက်ချန်ရှန်' သည် ရှေ့သို့ အလျင်အမြန် တိုးလိုက်ပြီး လေးစားစွာ ဆို၏။

“ကျောက်ချန်ရှန်က ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်၊ သခင်လေး ‘ကျန်း’ ကို ဂါရဝပြုပါတယ်”

“ကျွန်တော်တို့ ဆေးဧကရာဇ်ကို ဂါရဝပြုပါတယ်… သခင်လေး ‘ကျန်း’ ကို ဂါရဝပြုပါတယ်”

မဟာ အကြီးအကဲ 'လီချင်းရှန်' နှင့် အခြားသူများကလည်း အလျင်အမြန် ရှေ့တိုးလာကြပြီး သူတို့၏ မျက်နှာများတွင် လေးစားမှုများ ပြည့်နှက်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ စိုးရိမ်ပူပန်မှုများ တိုးပွားလာနေ၏။

သူတို့ထဲတွင် 'လီချင်းရှန်' တစ်ဦးတည်းသာ ဖုန်းဝူချန်ကို ယခင်က တွေ့ဆုံဖူးပြီး 'ကျောက်ချန်ရှန်' နှင့် အခြား အကြီးအကဲများမှာ မတွေ့ဆုံဖူးကြပေ။

“စံအိမ်သခင် ‘ကျောက်’၊အကြီးအကဲ သုံးဦး ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ က 'ကောင်းကင်ဘုံ' နယ်မြေရဲ့ ကြီးမြတ်တဲ့ အင်အားစု ခြောက်ခုထဲက တစ်ခု ဖြစ်ထိုက်တန်ပါပေတယ်၊ တကယ်ကို အင်အားကြီးမားလှပါတယ်”

ဖုန်းဝူချန်က ချီးကျူးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးရိပ် တစ်ခု ပေါ်လာသည်။

ဤနေရာသို့ လာရာ လမ်းတစ်လျှောက်တွင် 'လုအိုယန်' က ဖုန်းဝူချန်ကို 'ခရမ်းရောင် တိမ်တိုက် စံအိမ်' အကြောင်း အကျဉ်းချုပ် မိတ်ဆက်ပေးခဲ့ပြီး ဖြစ်ရာ သူ အကြမ်းဖျင်း နားလည်ထားပြီး ဖြစ်၏။

“ဆေးဧကရာဇ်ရဲ့ ချီးကျူးစကားအတွက် ကျေးဇူးတင်ပါတယ်”

'ကျောက်ချန်ရှန်' က အနည်းငယ် ပြုံးလျက် တုံ့ပြန်လိုက်သည်။

'လုအိုယန်' ၏ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုကို သတိပြုမိလိုက်သောအခါ 'ကျောက်ချန်ရှန်' သည် စိတ်ထဲမှ သက်ပြင်းချ လိုက်နိုင်၏။ ဖုန်းဝူချန်နှင့် အဖွဲ့သည် 'လုအိုယန်' နှင့် ပတ်သက်သော ကိစ္စကြောင့် ရောက်လာခြင်း မဟုတ်မှန်း သူ သိလိုက်ရသည်။

'လီချင်းရှန်' နှင့် အခြား အကြီးအကဲများကလည်း သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ကြသည်။

“ဆေးဧကရာဇ်.. သခင်လေး ‘ကျန်း’ ဒီဘက်ကို ကြွပါ”

'ကျောက်ချန်ရှန်' က အလျင်အမြန် ပြောလိုက်ပြီး လေးစားစွာဖြင့် ဖိတ်ခေါ်သည့်ဟန် ပြုကာ ဖုန်းဝူချန်နှင့် သူ၏ အဖော်များကို ခန်းမဆောင်ကြီးဆီသို့ ဦးဆောင် ခေါ်ဆောင်သွားတော့သည်။

ဖုန်းဝူချန်သည် 'ကျန်းကျွင့်လန်' ၏ "ဆရာ" ဖြစ်သည်ဆိုသောအချက်ကို 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ရှိ လူတိုင်း ကောင်းစွာ သိရှိထားကြသဖြင့် 'ကျောက်ချန်ရှန်' သည် သူတို့ကို မရိုမသေ မပြုဝံ့ပေ။

ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်ပြီးသည်နှင့် အမျိုးသမီး တပည့်များက ချက်ချင်းပင် လက်ဖက်ရည် လာရောက် ကမ်းလှမ်းကြသည်။

'ကျောက်ချန်ရှန်' သည် ဖုန်းဝူချန်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် လေးစားစွာ ပြောလိုက်၏။ “ဆေးဧကရာဇ်နဲ့ သခင်လေး ‘ကျန်း’ တို့ ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ကို ကြွရောက်လာတာဟာ ကျွန်တော်တို့အတွက် တကယ်ကို ဂုဏ်ယူစရာပါ”

“ဆေးဧကရာဇ်၊ လွန်ခဲ့တဲ့ တစ်ခေါက်က 'လုအိုယန်' နဲ့ တပည့်တွေ မတော်တဆ စော်ကားမိခဲ့တဲ့ ကိစ္စအတွက် ဆေးဧကရာဇ် ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်”

'လီချင်းရှန်' က ဝင်ပြောလိုက်ပြီး သူ၏ မျက်နှာတွင် ခါးသီးသော အပြုံးတစ်ချက် ပေါ်လာသည်။

ထိုအခါ၊ ဖုန်းဝူချန်က ခပ်ရေးရေး ပြုံးလိုက်သည်။

“အကြီးအကဲ 'လီ'..စိုးရိမ်လွန်းနေပါပြီ။ 'လုအိုယန်' က ကျွန်တော့်ကို 'ပေမင်ခုံ' နဲ့ 'မုရုန်ထျန်း' ကို ရှာဖို့ ကူညီပေးခဲ့တာက သူ့ရဲ့ အတိတ်က အမှားတွေအတွက် ပြန်လည် အပြစ်ဖြေပြီးသား ဖြစ်သွားပါတယ်။ ဒီနေ့ ကျွန်တော်တို့ 'ထျန်းယွမ်' နယ်မြေကို ရောက်ရောက်ချင်းမှာပဲ 'လုအိုယန်' က ကျွန်တော့်အတွက် ကြီးမားတဲ့ အကူအညီတစ်ခု ပေးခဲ့ပြန်တယ်။ ဒါကြောင့် ကျွန်တော် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ကို အထူးတလည် လာခဲ့တာက သူ့ကို လူစုဆောင်းဖို့ပါ”

“ဗျာ..လူစုဆောင်းဖို့”

'ကျောက်ချန်ရှန်' နှင့် 'လီချင်းရှန်' တို့မှာ အံ့ဩမှု အနည်းငယ်ဖြင့် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး ဖုန်းဝူချန်က ဤ "လူစုဆောင်းခြင်း" ဖြင့် ဘာကို ဆိုလိုမှန်း နားမလည်နိုင် ဖြစ်သွားကြသည်။

'ကျောက်ချန်ရှန်' က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

“ဆေးဧကရာဇ် .. 'လူစုဆောင်းတယ်' ဆိုတာ ဘာကို ဆိုလိုမှန်း.. ကျွန်တော် နားမလည်လို့ပါ”

“'လုအိုယန်' မှာ ထူးခြားတဲ့ အရည်အချင်းတွေ ရှိတယ်။ ကျွန်တော် သူ့ကို စိန်ခေါ်မှု အသစ်တွေ ရင်ဆိုင်ဖို့ ကျွန်တော်နဲ့အတူ ခေါ်သွားချင်တယ်။ စံအိမ်သခင် ‘ကျောက်’.. ဘယ်လို သဘောရပါသလဲ”

ဖုန်းဝူချန်က ပြုံးရင်း မေးလိုက်သည်။

“ဒါက”

'ကျောက်ချန်ရှန်' မှာ အစပိုင်းတွင် ဆတ်ခနဲ တုန်လှုပ်သွားပြီး 'လီချင်းရှန်' နှင့် အခြားသူများအား ထပ်မံ အရိပ်အခြေကြည့်လိုက်ာ ဘာလုပ်ရမှန်း မသိသလို ဖြစ်သွားသည်။

'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ ဒုတိယ တပည့်၊ အကြီးဆုံး စီနီယာအစ်ကို ၏ အောက်တွင် တစ်ဦးတည်းသော ..

'လုအိုယန်' သည် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' အတွက် ရှားပါးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။ 'ကျောက်ချန်ရှန်' သည် သဘာဝအတိုင်း သဘောမတူလိုပေ။ သို့သော် ဖုန်းဝူချန်က တောင်းဆိုလာသောအခါ 'ကျောက်ချန်ရှန်' မှာ မည်သို့ ငြင်းဆန်ရမည်ကို မသိတော့ပေ။

'လုအိုယန်' ၏ မျက်လုံးများကတော့ မျှော်လင့်ချက်များ အပြည့်ဖြင့် 'ကျောက်ချန်ရှန်' နှင့် အခြား အကြီးအကဲများထံတွင် စူးစိုက်နေသည်။

“ညီလေး..မင်း ဒီကိစ္စကို သေချာ စဉ်းစားပြီးပြီလား”

'လေ့ထျန်းကျွယ်' က 'လုအိုယန်' ၏ ပြင်းပြသော မျှော်လင့်ချက်ကို သတိပြုမိပြီး ဘေးမှ တိုးတိုးလေး မေးလိုက်သည်။

'လုအိုယန်' က ခေါင်းညိတ်ရင်း ပြန်ဖြေလိုက်သည်။

“စီနီယာအစ်ကို..ကျွန်တော် စဉ်းစားပြီးပါပြီ။ ကျွန်တော်လည်း အပြင်လောကကို စွန့်စား ထွက်ခွာချင်တယ်”

ဒါက နှစ်ထောင်ပေါင်းများစွာတွင် တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေး ဖြစ်ပြီး 'လုအိုယန်' သည် သူ၏ ဘဝတွင် နောင်တများဖြင့် မကျန်ရစ်ချင်ခဲ့ပေ။

သူ၏ ဆုံးဖြတ်ချက်ကို ချပြီးသောအခါ 'လေ့ထျန်းကျွယ်' လည်း နောက်ထပ် ဘာမှ မပြောတော့ပေ။

'ကျောက်ချန်ရှန်' နှင့် အကြီးအကဲများ၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ ဖုန်းဝူချန်က ဆက်လက် ပြုံးလိုက်ရင်း၊

“စံအိမ်သခင် ‘ကျောက်’ စိတ်မပူပါနဲ့၊ 'လုအိုယန်' က ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ရဲ့ တပည့်အဖြစ် ရှိနေဦးမှာပါ။ သူက ကျွန်တော်နဲ့အတူ ခဏလောက် အပြင်ကို လိုက်ပြီး စွန့်စားတာပဲ ဖြစ်မှာပါ ၊ သူ ပြန်လာချင်တဲ့ အချိန်မရွေး ပြန်လာလို့ ရပါတယ်”

ဤစကားကို ကြားလိုက်ရမှ 'ကျောက်ချန်ရှန်' သည် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားပြီး ပြုံးလိုက်သည်။

“ဒါဆို ဒီလို သဘောမျိုး ဆိုမှတော့ 'လုအိုယန်' က သဘောတူရင် ကျုပ်လည်း သဘာဝအတိုင်း ကန့်ကွက်စရာ မရှိပါဘူး”

“ဒါ ..အရမ်းကောင်းတာပဲ။ ကျေးဇူးတင်ပါတယ် စံအိမ်သခင်”

'လုအိုယန်' က အလွန် ဝမ်းမြောက်သွားပြီး အော်ဟစ်လိုက်သည်။

'ကျောက်ချန်ရှန်' က သတိပေးလိုက်သည်။

“ဆေးဧကရာဇ်နဲ့ သခင်လေး ‘ကျန်း’ တို့အတွက် ပြဿနာ မဖြစ်စေနဲ့ ဒါကို ကောင်းကောင်း မှတ်ထား”

“စိတ်မပူပါနဲ့ စံအိမ်သခင်”

'လုအိုယန်' က ခေါင်းကို တဆတ်ဆတ် ညိတ်ရင်း တုံ့ပြန်လိုက်သည်။

ဖုန်းဝူချန်၏ 'ထျန်းယွမ်' နယ်မြေသို့ ဝင်ရောက်ပြီးနောက် ပထမဆုံး ပါရမီရှင် စုဆောင်းမှုသည် ဤသို့ဖြင့် ချောမွေ့စွာ ပြီးမြောက်သွားလေ၏။

'လုအိုယန်' သည် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ တပည့်အဖြစ် ကျန်ရှိနေဦးမည် ဖြစ်သော်လည်း ဖုန်းဝူချန်က ဤကိစ္စအတွက် စိတ်မပူခဲ့ပေ။

အနာဂတ်ကတော့ အခြား ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေလိမ့်မည်။

ထို့နောက် ဖုန်းဝူချန်၏ အကြည့်များသည် 'လေ့ထျန်းကျွယ်' ထံသို့ ချာခနဲ လှည့်သွားပြီး သူက ပြုံးလျက် မေးလိုက်သည်။

“ခင်ဗျားရော ဘယ်လိုလဲ။ ကျွန်တော့်အနောက်ကို လိုက်ဖို့ ဆန္ဒရှိမလား”

ဤစကားကို ကြားလိုက်ရသောအခါ 'လေ့ထျန်းကျွယ်' မှာ ချက်ချင်း မင်သက်မိ သွားသည်။

'ကျောက်ချန်ရှန်' နှင့် အခြား အကြီးအကဲများ၏ မျက်နှာများမှာ ကွက်ခနဲ ပျက် သွား၏။

ဖုန်းဝူချန်က 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ၏ "အကြီးဆုံး တပည့်" ကိုပါ ခေါ်သွားရန် စိတ်ကူးရဲလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်သည့်အလား တုန်လှုပ်သွားကြသည်။

'ခရမ်းရောင် တိမ်တိုက် စံအိမ်' သည် 'ထျန်းယွမ်' နယ်မြေ၏ 'ပါရမီရှင် အဆင့်သတ်မှတ်ပွဲ' တွင် နေရာတစ်နေရာ ရရှိရန် 'လေ့ထျန်းကျွယ်' အပေါ်တွင် အားကိုးထားရသည် မဟုတ်ပါလား။

“မင်း ဆန္ဒမရှိဘူးဆိုရင်လည်း ငါ အတင်းအကြပ် မတိုက်တွန်းပါဘူး” ဖုန်းဝူချန်က ခပ်ပေါ့ပေါ့ ပြုံးရင်း ပြောလိုက်သည်။

“ကျွန်တော် ဆန္ဒမရှိတာ မဟုတ်ပါဘူး။ ဆေးဧကရာဇ် ဆိုတဲ့ ဘွဲ့ထူးက ဂုဏ်သိက္ခာကြီးမားပေမဲ့ ကျွန်တော်က တခြားသူရဲ့ အရိပ်အောက်မှာ နေထိုင်ချင်စိတ် မရှိဘူး။ ကျွန်တော့်ကို လိုက်စေချင်တယ်ဆိုရင် ဆေးဧကရာဇ်မှာ ကျွန်တော့်ကို ‘ယုံကြည်သက်ဝင်’ လာအောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိ၊ မရှိ ကြည့်ကြတာပေါ့”

'လေ့ထျန်းကျွယ်' က မိမိကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသော အပြုံးဖြင့် ပြောလိုက်သည်။ သူသည် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အဆင့်အတန်းကြောင့် လုံးဝ ခြိမ်းခြောက်ခံနေရခြင်း မရှိပေ။

‘စီနီယာအစ်ကိုက. .. ဆေးဧကရာဇ်ကို စိန်ခေါ်ချင်တာလား’

'လုအိုယန်' ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။

“ထျန်းကျွယ်။ မင်း ဆေးဧကရာဇ်ကို မရိုမသေ မပြုရဘူး”

'ကျောက်ချန်ရှန်' က ရုတ်တရက် အသံကျယ်ကြီးဖြင့် ကြိမ်းမောင်းလိုက်တော့သည်။

'လေ့ထျန်းကျွယ်' က ဆေးဧကရာဇ်ကို ဤသို့ မောက်မာသော စကားများ ပြောရဲခြင်းကြောင့် 'ကျောက်ချန်ရှန်' မှာ ဒေါသကြောင့် သွေးများ ဆူပွက်လာသလို ခံစားလိုက်ရသည်။ အကယ်၍ သူတို့သာ ဆေးဧကရာဇ်ကို ဒေါသထွက်အောင် လုပ်မိပါက အကျိုးဆက်များမှာ စဉ်းစား၍ပင် မရနိုင်လောက်အောင် ဖြစ်ပေလိမ့်မည်။

“ဒါဆိုရင်တော့ ခင်ဗျား အစကတည်းက ရှုံးနှင့်နေပြီ”

ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း ပြောလိုက်သည်။

“ဖြစ်ချင်တော့ ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ ရဲ့ အကြီးဆုံး တပည့်ရဲ့ အစွမ်းအစက ဘယ်လောက်ရှိလဲ ဆိုတာကို ကျွန်တော်လည်း မြင်ချင်နေတာနဲ့ အတော်ပဲ”

All Chapters