← Chapters

အစွမ်းကုန် ထုတ်သုံးခြင်း

Vol. 25 Ch. 374

အစွမ်းကုန် ထုတ်သုံးခြင်း

Vol. 25 Ch. 374

~“နယ်မြေရဲ့ စွမ်းအားတွေ တဖြည်းဖြည်း အားနည်းလာနေတယ်”

“စီနီယာအစ်ကိုကြီး ရဲ့ ‘ရေခဲ ဝိညာဉ် နယ်မြေ’ ကြီး ဝါးမြိုခံလိုက်ရသလိုပဲ ဒါ ဒါ ဘာတွေ ဖြစ်ကုန်တာလဲ”

“စီနီယာအစ်ကိုကြီး ရှုံးသွားတာလား”

“မဖြစ်နိုင်ဘူး။ စီနီယာအစ်ကိုကြီးက ဆေးဧကရာဇ်ကို ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ”

'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ အင်အားကြီးပုဂ္ဂိုလ်များနှင့် တပည့်များမှာ လုံးဝ စိတ်ရှုပ်ထွေးသွားကြသည်။

“ဆေးဧကရာဇ်ရဲ့ သိုင်းဝိညာဉ်က တကယ်ကြီး ဝါးမျိုနိုင်တဲ့ စွမ်းရည် ရှိနေတာပဲ”

'ပေတိုယန်' မှာ အလွန်အမင်း တုန်လှုပ်သွားပြီး မျက်နှာအမူအရာမှာ အနည်းငယ် ကြောင်ငေးသွားသည်။

'တုံကျန့်ထန်း' နှင့် 'နန်းကုန်းကျန့်' တို့လည်း မင်သက်မိနေကြ၏။

နယ်မြေအတွင်း 'လေ့ထျန်းကျွယ်' ၏ မျက်လုံးများမှာ ပြူးကျယ် ထွက်မတတ် ဖြစ်နေပြီး သူ၏ ပါးစပ်မှာလည်း အဟောင်းသား ဖြစ်လျက် ဖုန်းဝူချန်နှင့် တဖြည်းဖြည်း ပျောက်ကွယ်သွားသော နယ်မြေကြီးကို စိုက်ကြည့်နေမိသည်။

တစ်မိနစ်ပင် မကြာလိုက်။ ကျယ်ပြန့်လှသော နယ်မြေကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့လေ၏။

'ရေခဲ ဝိညာဉ် နယ်မြေ' ပျောက်ကွယ်သွားသည်နှင့် ဖုန်းဝူချန်နှင့် 'လေ့ထျန်းကျွယ်' တို့၏ ပုံရိပ်များမှာ လူတိုင်း၏ အမြင်အာရုံထဲတွင် ပြန်လည် ပေါ်ထွက်လာသည်။

ဤအခိုက်အတန့်တွင် ‘ခရမ်းရောင် တိမ်တိုက် စံအိမ်’ တစ်ခုလုံး သေလုမတတ် တိတ်ဆိတ်သွား၏။

'လေ့ထျန်းကျွယ်' မှာ ရှုံးနိမ့်သွားခြင်း မရှိသလို နှစ်ဦးလုံးမှာလည်း ထိခိုက်ဒဏ်ရာ မရှိကြပေ။

ဖုန်းဝူချန်၏ သိုင်းဝိညာဉ်က တကယ်တမ်း ဘာအမျိုးအစား ဖြစ်သနည်း။ အဘယ်ကြောင့် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဝါးမျိုခြင်း စွမ်းအားကို ပိုင်ဆိုင်ထားရသနည်း။

မည်သူမျှ မသိကြပေ။

'ရေခဲ ဝိညာဉ် နယ်မြေ' ပျောက်ကွယ်သွားသည်နှင့် အထက် ကောင်းကင်ယံမှ ‘ကိုးထပ် ချန်ခွင်း မျှော်စင်’ ၏ ဖိနှိပ်မှု စွမ်းအားများက တစ်ဖန် ဒလဟော သက်ဆင်းလာပြီး 'လေ့ထျန်းကျွယ်' ၏ ကျင့်ကြံမှုအဆင့်ကို အတင်းအကျပ် ဖိနှိပ်လိုက်ပြန်သည်။

မျက်စိတစ်မှိတ်အတွင်း 'လေ့ထျန်းကျွယ်' ၏ ကျင့်ကြံမှုအဆင့်မှာ 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာ အထွတ်အထိပ်သို့ တစ်ဖန် ပြန်လည် ကျဆင်းသွားတော့၏။

သူ၏ ကျင့်ကြံမှုအဆင့် အတင်းအကျပ် ဖိနှိပ်ခံလိုက်ရမှ 'လေ့ထျန်းကျွယ်' သည် သူ၏ တုန်လှုပ်မှုများမှ နောက်ဆုံးတွင် သတိပြန်ဝင်လာတော့သည်။

'အားလုံး အားလုံး ဝါးမျိုခံလိုက်ရတာပဲ' 'လေ့ထျန်းကျွယ်' ၏ တစ်ကိုယ်လုံး သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းသွားသည်။ သူ၏ နှလုံးသားထဲတွင် တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားပြီး ကျောပြင်တစ်ခုလုံးမှာလည်း ချွေးစေးများဖြင့် စိုရွှဲသွားသည်။

ထို တုန်လှုပ်ခြောက်ခြားဖွယ် ဝါးမျိုခြင်း စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

“ဆေးဧကရာဇ်က တကယ့်ကို သဘာဝလွန် သတ္တဝါတစ်ကောင်ပဲ” 'လေ့ထျန်းကျွယ်' က သက်ပြင်းတစ်ချက် ရှိုက်ထုတ်လိုက်ပြီး သူ၏ ရင်ထဲမှ ထိတ်လန့်မှုကို အတင်းအကျပ် ဖိနှိပ်လိုက်ရသည်။

ရေခဲ အခြေပြု တိုက်ခိုက်မှုများကို ခုခံနိုင်စွမ်း ရှိသည့်အပြင် ယခု ဝါးမျိုနိုင်သော သိုင်းဝိညာဉ်ကိုပါ ပိုင်ဆိုင်ထားသေးသည်။ ဤသည်မှာ သာမန်လူများ၏ စိတ်ကူးထဲတွင်ပင် တွေးထင်၍ ရနိုင်သော အရာ မဟုတ်ပေ။

“လေ့ထျန်းကျွယ် ၊မှာ တခြား အစွမ်းထက်တဲ့ သိုင်းပညာတွေ ကျန်သေးရဲ့လား” ဖုန်းဝူချန်က ခပ်ဖျော့ဖျော့ ပြုံးရင်း မေးလိုက်သည်။

ဤစကားကို ကြားသောအခါ 'လေ့ထျန်းကျွယ်' သည် လှံရှည်တစ်လက်ကို ဆွဲထုတ်လိုက်၏။ ၎င်းမှာ အလယ်အလတ် အဆင့် 'ဝိညာဉ် လက်နက်' တစ်လက်ပင်။

'ဝိညာဉ် လက်နက်' ကို ထုတ်ဖော်လိုက်သည်နှင့် 'လေ့ထျန်းကျွယ်' ၏ အရှိန်အဝါသည် 'ထျန်းယွမ်' ဘုံ နဝမအလွှာကို ချိုးဖြတ် ကျော်လွန်သွားသည်။ ဖိနှိပ်ခံထားရသော်လည်း သူသည် ကြမ်းတမ်းသော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။

'လေ့ထျန်းကျွယ်' က သူ၏ ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်ရင်း ဖြည်းညင်းစွာ ပြောလိုက်သည်။

“ဆေးဧကရာဇ်ရဲ့ အစွမ်းက တကယ်ကို ကြောက်စရာကောင်းပါတယ်။ ဆေးဧကရာဇ်နဲ့ တိုက်ခိုက်ခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါပဲ”

သူ၏ တိုက်ခိုက်လိုစိတ်များမှာ တဟုန်းဟုန်း တောက်လောင်နေသော မီးတောက်များပမာ ပြန်လည် နိုးကြားလာသည်။

ဖုန်းဝူချန်က 'နဂါးနတ်ဘုရားဓား' ကို မြှောက်လိုက်ပြီး သူ၏ တိုက်ခိုက်လိုစိတ်များကလည်း ကောင်းကင်သို့ ထိုးတက်သွားကာ 'လေ့ထျန်းကျွယ်' ကို ညွှန်ပြလျက် ဟိန်းဟောက်လိုက်သည်။

“လာထား”

ဖုန်းဝူချန်သည် ပြင်းထန်သော တိုက်ပွဲများ၏ ထိတွေ့မှုကို အလွန် နှစ်သက်လေသည်။ ကြီးမားသော စွမ်းအားများ၏ တိုက်ခိုက်မှုက သူ၏ စိတ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးနေ၏။

'ထျန်းယွမ်' ဘုံ နဝမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကြမ်းတမ်းသော အရှိန်အဝါများ တိုးမြင့်လာကာ နေရာလွတ် တစ်ခုလုံး တုန်ခါသွားသည်။ 'လေ့ထျန်းကျွယ်' ၏ မျက်လုံးများက ကြမ်းတမ်းစွာ လင်းလက်သွားပြီး လှံရှည်ကို ပေါက်ကွဲထွက်မတတ်သော အရှိန်ဖြင့် ရှေ့သို့ ထိုးစိုက်လိုက်သည်။

“ဘုန်း”

ဖုန်းဝူချန်က လေဟာနယ်ကို ခြေဖြင့် ကန်လိုက်ပြီး ဟိန်းဟောက်လျက် ရှေ့သို့ တိုးဝင်သွားသည်။ သူ၏ လက်ထဲမှ 'နဂါးနတ်ဘုရားဓား' ၏ အရှိန်အဝါမှာ ခမ်းနားထည်ဝါလှပြီး ဓားစိတ်ဆန္ဒများမှာလည်း ကောင်းကင်သို့ ထိုးတက်နေသည်။

“ချွင် ချွင် ချွင်”

နှစ်ဦးသား ပြင်းထန်သော တိုက်ပွဲတစ်ပွဲကို စတင်လိုက်ကြရာ နေရာတိုင်းသို့ မီးပွားများ ပျံထွက်နေသည်။ ဓားအလင်းတန်းနှင့် လှံအရိပ်များမှာ အဆက်မပြတ် လျှပ်ပြက်နေပြီး ကြောက်မက်ဖွယ် စွမ်းအင် လှိုင်းလုံးများက မြေပြိုသကဲ့သို့ တဝေါဝေါ ရိုက်ခတ်နေသည်။

သူတို့၏ အစွမ်းအကုန်ကို ထုတ်သုံးလျက် အစွမ်းထက်သော ကိုယ်ဖော့ပညာများကို အားကိုးကာ အံ့မခန်းဖွယ် အမြန်နှုန်းများဖြင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။

အားနည်းသော ကျင့်ကြံသူများမှာ သူတို့၏ ပုံရိပ်များကိုပင် မျက်စိဖြင့် လိုက်မကြည့်နိုင်ကြပေ။

အစွမ်းသတ္တိ ဖြစ်စေ အမြန်နှုန်း ဖြစ်စေ ဖုန်းဝူချန်နှင့် 'လေ့ထျန်းကျွယ်' တို့မှာ အညီအမျှ ဖြစ်နေကြသည်။

'ခရမ်းရောင် တိမ်တိုက် စံအိမ်' အတွင်း လူတိုင်း အသက်ရှူပင် မေ့လျော့နေကြပြီး ကောင်းကင်ယံ မြင့်မားသော နေရာမှ ပျံ့ကျလာသော ကြောက်မက်ဖွယ် စွမ်းအားများကြောင့် ခြိမ်းခြောက်ခံနေရသလို ခံစားနေကြရသည်။

“ဆေးဧကရာဇ်က တိုက်လေ အစွမ်းထက်လေပဲ”

'ပေတိုယန်' က ဖုန်းဝူချန်ကို ကြည့်ရင်း လေးနက်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များ ဖြတ်ပြေးသွား၏။

လျိုချင်းယန်က သဘောတူစွာ ခေါင်းညိတ်လိုက်သည်။

“အစ်ကိုဖုန်းရဲ့ အစွမ်းက တကယ် ကြောက်ဖို့ကောင်းတယ် သူ့ရဲ့ ဓားကွက်တွေက သိုင်းပညာရဲ့ အနှစ်သာရကို သူ သဘောမပေါက်သေးဘူး ၊ ဒါပေမဲ့ နက်နဲတဲ့ အဆင့် အမြင့်စား သိုင်းပညာတစ်ခုကို ဒီအဆင့်ထိ ကျင့်ကြံနိုင်တာက တကယ်ကို အထင်ကြီးစရာပဲ”

“ဆေးဧကရာဇ်မှာ သန်မာတဲ့ ရုပ်ခန္ဓာ ရှိတယ်၊ သူ့ရဲ့ လက်နက်ကလည်း အဆင့်မြင့် ဝိညာဉ် လက်နက် ဒုတိယအဆင့် ပုံသွင်းထားတာ ၊ ပြီးတော့ သူ ကျွမ်းကျင်ပိုင်နိုင်ထားတဲ့ မြေကမ္ဘာ အဆင့် ဓားသိုင်းပညာနဲ့ ပေါင်းစပ်လိုက်တော့ ပြီးပြည့်စုံနေတာပဲ။ ငါ့အထင် ‘ကောင်းကင်ဘုံ လူသား’ ဘုံက လူတွေတောင် ဒီလောက် မြင့်မားတဲ့ အဆင့်ကို ရောက်နိုင်မှာ မဟုတ်ဘူး။ ဒီတိုက်ပွဲမှာ ဆေးဧကရာဇ် သေချာပေါက် အနိုင်ရမှာပါ”ဟု 'နန်းကုန်းကျန့်' က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။

'ချီဟွမ်' က လေးနက်စွာ ပြောလိုက်၏။

“'လေ့ထျန်းကျွယ်' ရဲ့ ဘုံအဆင့်က ဗိမာန်သခင်ထက် အများကြီး မြင့်တယ် အမြန်နှုန်းနဲ့ အစွမ်းသတ္တိအရလည်း သူက ဗိမာန်သခင်နဲ့ တန်းတူပဲ။ ဒါပေမဲ့ တည့်တည့်သာ ဝင်တိုက်ရင် 'လေ့ထျန်းကျွယ်' ရှုံးနိမ့်သွားမှာ သေချာတယ်” 'လုအိုယန်' မှာမူ ဘေးမှ တိတ်ဆိတ်စွာ နားထောင်နေပြီး ဝင်ရောက် စွက်ဖက်ရန် မဝံ့ရဲခဲ့ပေ။

ပြင်းထန်သော တိုက်ပွဲကြီးသည် ငါးမိနစ်တိုင်တိုင် ဆက်လက် ဖြစ်ပွားနေခဲ့သည်။ နှစ်ဦးသား အညီအမျှ ဖြစ်နေပုံ ရသော်လည်း 'လေ့ထျန်းကျွယ်' ၏ အသက်ရှူသံများမှာ သိသိသာသာ အားနည်းလာခဲ့ပြီး လှံကို ဆုပ်ကိုင်ထားသော သူ၏ လက်များမှာလည်း အနည်းငယ် တုန်ယင်နေလေ၏။

ဖုန်းဝူချန်မှာမူ သူ၏ အသက်ရှူသံများက အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်ပြီး မျက်နှာထားမှာလည်း တည်ငြိမ်နေဆဲပင်။

တည့်တည့် ဝင်တိုက်သော တိုက်ပွဲတွင် 'လေ့ထျန်းကျွယ်' သည် နောက်ဆုံးတွင် ဖုန်းဝူချန်ကို မယှဉ်နိုင်တော့ပေ။

'ဆေးဧကရာဇ်ရဲ့ တိုက်ပွဲ အတွေ့အကြုံက အရမ်းကို ကြွယ်ဝလွန်းတယ်၊ ငါ့ရဲ့ ဓားကွက်တွေကို သူ ကြိုမြင်နေသလိုပဲ။ ငါ့ရဲ့ တိုက်ခိုက်မှုတွေ အားလုံးက အကျိုးသက်ရောက်မှု မရှိဘူး။ ပို ကြောက်စရာကောင်းတာက ဆေးဧကရာဇ်က ငါ့ရဲ့ အားနည်းချက်တွေကို ချက်ချင်း ရှာတွေ့နိုင်တာပဲ။ သူက တကယ်ကို ကြောက်စရာ ကောင်းတဲ့ ပြိုင်ဘက်တစ်ယောက်ပဲ'

ပြင်းထန်သော တိုက်ပွဲ အပြီးတွင် 'လေ့ထျန်းကျွယ်' သည် ဖုန်းဝူချန်၏ အစွမ်းကို စိတ်ထဲမှ အံ့ဩတကြီး ချီးကျူးနေမိ၏။

“လေ့ထျန်းကျွယ်.. မင်းရဲ့ လှံသိုင်းပညာကို ထုတ်သုံးလိုက်တော့” ဖုန်းဝူချန်က ဟိန်းဟောက်လိုက်၏။ တဆက်တည်း၌၊ အစွမ်းထက်သော အစစ်အမှန်ယွမ်စွမ်းအားများကို 'နဂါးနတ်ဘုရားဓား' ထဲသို့ ထိုးသွင်းလိုက်သည့်အခါ ..လွှမ်းမိုးနိုင်သော ဓားစိတ်ဆန္ဒများ ဖြာထွက်လာသည်။

'နဂါးနတ်ဘုရားဓား' ၏ ဓားသွားမှ မျက်စိကျိန်းမတတ် သွေးရောင် အလင်းတန်းများ လင်းလက်လာပြီး တိုးမြင့်လာသော ကျယ်ပြန့်သော ဓားအလင်းတန်းများ ဖြာထွက်လာသည်။

'နဂါးနတ်ဘုရားဓား' ကို လေဟာနယ်ထဲတွင် စိုက်ထူလိုက်သည်နှင့် သွေးနီရောင် အခင်းအကျင်းများ ဖုန်းဝူချန်၏ ခြေဖဝါးအောက်တွင် ပေါ်ထွက်လာ၏။ ထူးဆန်းသော သွေးနီရောင် သင်္ကေတများ အခင်းအကျင်းထဲမှ ပျံထွက်လာသည်။ သွေးရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားပြီး ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒက လူတစ်ယောက်၏ နှလုံးသားကို တုန်လှုပ်သွားစေသည်။

ထို ထက်မြက်သော သွေးရောင် အလင်းတန်းများက လေဟာနယ်ကို လင်းထိန်သွားစေပြီး မြင်ကွင်းမှာ မယုံနိုင်လောက်အောင် ခမ်းနားထည်ဝါလှသည်။

“ဝင်္ကပါ ဖျက်ဆီးခြင်း ဓားသိုင်း။ နဝမ ကောင်းကင် ဝင်္ကပါ ဖျက်ဆီးခြင်း”

ဖုန်းဝူချန်၏ ကြမ်းတမ်းသော ကြွေးကြော်သံနှင့်အတူ ထိုးတက်သွားသော သွေးရောင် အလင်းတန်းသည် ဧရာမ သွေးရောင်ဓားကြီး တစ်လက်အဖြစ်သို့ ချက်ချင်း စုစည်းသွားသည်။

ဖုန်းဝူချန်၏ ထိန်းချုပ်မှုအောက်တွင် ၎င်းသည် လွှမ်းမိုးနိုင်သော အရှိန်အဟုန်ဖြင့် ပစ်ထွက်သွားပြီး ၎င်း၏ စွမ်းအားမှာ ခန့်မှန်း၍ မရနိုင်လောက်အောင်ပင်။

“မြေကမ္ဘာ အဆင့် ဓားသိုင်းပညာ” 'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

“ဆေးဧကရာဇ်ရဲ့ ဓားသိုင်းပညာက တကယ်ကို အံ့မခန်းပဲ ‘ထျန်းကျွယ်’ ဒါကို တားနိုင်မှာ မဟုတ်ဘူး” ဟု 'ကျောက်ချန်ရှန်' က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

'လီချင်းရှန်' က အနည်းငယ် ခေါင်းညိတ်လိုက်သည်။ “ဆေးဧကရာဇ်ရဲ့ အစွမ်းက ကျုပ်တို့ ထင်ထားတာထက် ပိုပြီး ကြောက်စရာကောင်းတယ်။ သူ့ရဲ့ ဓားကွက်တွေက သိုင်းပညာရဲ့ အနှစ်သာရကို ကျုပ်ဖြင့် တစ်ခါမှ မမြင်ဖူးဘူး”

ဖုန်းဝူချန်၏ တိုက်ပွဲကို ကြည့်ရင်း 'ကျောက်ချန်ရှန်' နှင့် အခြားသူများမှာ သူ၏ ပြီးပြည့်စုံသော ဓားသိုင်းပညာကို ကြောင်ငေး ကြည့်ရှုနေမိကြသည်။ ထိုသို့သော ပြီးပြည့်စုံမှုမျိုးကို 'ကောင်းကင်ဘုံ လူသား' ဘုံ သို့မဟုတ် 'ထျန်းကျိ' ဘုံမှ ပညာရှင်များပင်လျှင် ရောက်ရှိနိုင်မည် မဟုတ်ပေ။

“မြေကမ္ဘာ အဆင့် ဓားသိုင်းပညာ။ ဒီ ဒီ ဓားချီက အရင်တစ်ခါထက်တောင် ပိုပြီး ကြောက်စရာကောင်းတယ်” 'လေ့ထျန်းကျွယ်' ၏ မျက်နှာထားမှာ အလွန်အမင်း တင်းမာသွားပြီး လျှော့တွက်ရန် မဝံ့ရဲတော့ပေ။

“ရှေးဦး ကောင်းကင် ဂိုဏ်းချုပ် ဆုံးဖြတ်ချက်။ တပ်ထောင်ချီကို ဝင့်ခုတ်ခြင်း”

'လေ့ထျန်းကျွယ်' က ဟိန်းဟောက်လိုက်ပြီး သူ၏ အစွမ်းအကုန်ကို လှံရှည်ထဲသို့ ထိုးသွင်းလိုက်သည်။ မျက်စိကျိန်းမတတ် အပြာရောင် အလင်းတန်းများ လင်းလက်လာပြီး လှံ၏ စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

'လေ့ထျန်းကျွယ်' သူ၏ အစွမ်းအကုန်ကို ထုတ်သုံးလိုက်လေ၏။

ပြတ်သားစွာ ဝင့်ခုတ်လိုက်ရာ ပေပေါင်း ဒါဇင်များစွာ ရှည်လျားသော အပြာရောင် လှံအလင်းတန်းကြီးတစ်ခု ပစ်ထွက်သွားပြီး တိုက်ခိုက်မှုမှာ အလွန် ကြမ်းတမ်းလှသည်။

ကောင်းကင်ယံ မြင့်မားသော နေရာတွင် တုန်လှုပ်နေကြသော လူအုပ်ကြီး၏ မျက်လုံးများအောက်၌ ဓားအလင်းတန်းနှင့် လှံအလင်းတန်းတို့သည် ပြင်းထန်စွာ ထိပ်တိုက် ဝင်ဆောင့်မိပြီး ချက်ချင်း ပေါက်ကွဲထွက်သွားကြသည်။ ဧရာမ ပေါက်ကွဲသံကြီးသည် မိုင်ပေါင်း သောင်းနှင့်ချီ၍ ချက်ချင်း ပျံ့နှံ့သွား၏။

“အုန်း အုန်း အုန်း”

“ဝေါ့…”

ထိုလူနှစ်ယောက်လုံး ပါးစပ်မှ သွေးများ “ဝေါ့” ခနဲ အန်ချလိုက်ကြပြီး စွမ်းအင် လှိုင်းလုံးများက ကြမ်းတမ်းသော လေပြင်းများအဖြစ်သို့ ပြောင်းလဲကာ တိုက်ခတ်သွားလျက် 'လေ့ထျန်းကျွယ်' မှာ နောက်သို့ ပစ်လွင့်သွားတော့သည်။

ဤအခိုက်အတန့်တွင် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' ကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး တပည့်များမှာ သူတို့၏ ခြေဖဝါးအောက်မှ မြေကြီး တုန်ခါသွားသည်ကို ခံစားလိုက်ကြရသည်။

“စီနီယာအစ်ကိုကြီး”

'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ တပည့်များမှာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

'လေ့ထျန်းကျွယ်' မှာ ပြင်းထန်စွာ ဒဏ်ရာရသွားပြီး လေထဲမှ အရှိန်မဲ့စွာ ထိုးဆင်း ကျရောက်သွားသည်။

ဖုန်းဝူချန်မှာမူ 'ချီလင် ချပ်ဝတ်' ၏ ကာကွယ်မှုနှင့် သန်မာသော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသော်လည်း ပေပေါင်း ရာနှင့်ချီသော အကွာအဝေးသို့ လွင့်စင်သွားခဲ့ရသည်။

'ထျန်းယွမ်' ဘုံ နဝမအလွှာ၏ တည့်တည့် ဝင်ဆောင့် တိုက်ခိုက်မှုသည် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သော အဖျက်စွမ်းအားဟု ဖော်ပြနိုင်ပေသည်။

All Chapters