← Chapters

အင်အားကြီးမားလာခြင်း

Vol. 25 Ch. 364

အင်အားကြီးမားလာခြင်း

Vol. 25 Ch. 364

~ဟွမ်ယန်နှင့် ချောင်းရှန် ဦးဆောင်သော 'ကောင်းကင် အရိပ်တပ်ဖွဲ့' နှင့် 'အလံနက် တပ်မတော်' မှ စစ်သည်များသည် 'အင်ပါယာ' မှ ခမ်းနားထည်ဝါစွာ ထွက်ခွာသွားကြလေသည်။

သူတို့သည် ဖုန်းဝူချန်၏ ကမ္ဘာမြေကို သိမ်းပိုက်ရေး စစ်ဆင်နွှဲမှုအတွက် ရှေ့ပြေးတပ်ဦးများပင် ဖြစ်၏။

အနာဂတ်တွင် သူတို့သည် ပြည်မကြီးတစ်ခွင်လုံးရှိ အင်အားစုအားလုံးကို သူတို့၏အမည်ကို ကြားရုံမျှဖြင့် တုန်လှုပ်ချောက်ချားသွားစေမည့် တပ်ဖွဲ့တစ်ခု ဖြစ်လာရန် ကံကြမ္မာက သတ်မှတ်ထားပြီးသား ဖြစ်သည်။

စစ်သည်များအားလုံး၏ စိတ်ထဲတွင် လှောင်အိမ်ထဲမှ လွတ်မြောက်လာသော ကြမ်းကြုတ်သည့် သားရဲများပမာ တက်ကြွစိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှံနေတော့သည်။

ဖုန်းဝူချန်က သူတို့ကို ဦးဆောင်ပြီး စစ်ပွဲများဆင်နွှဲမည့်အကြောင်းကို တွေးကြည့်ရုံမျှဖြင့်ပင် သူတို့၏ စိတ်လှုပ်ရှားမှုကို နှိုးဆွရန် လုံလောက်နေခဲ့၏။

စစ်သည်များအတွက် ဤသည်မှာ သူတို့၏ ခြေထောက်များ 'အင်ပါယာ' ပြင်ပသို့ ပထမဆုံးအကြိမ် ချခြင်းဖြစ်ပြီး၊ ကမ္ဘာသစ်တစ်ခုသို့ စွန့်စားထွက်ခွာခြင်းလည်း ဖြစ်ပေသည်။

ဖုန်းဝူချန် မထွက်ခွာမီတွင် သူသည် 'သွမ့်ထျန်းဟွမ်' ထံ၌ 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' မျိုးစေ့ ထောင်ပေါင်းများစွာနှင့် အစွမ်းထက်သော သိုင်းပညာရပ်များစွာကို ချန်ထားခဲ့သည်။ ၎င်းတို့သည် 'အင်ပါယာ' ကို ယခုထက် ပိုမိုအားကောင်းလာစေရန် လုံလောက်သော အရာများပင် ဖြစ်သည်။

'ယန်ထျန်းရှန်' သည် 'ဆဌမ အဆင့်' ဆေးပညာရှင် ဘုံသို့ ခြေချနိုင်ခဲ့ပြီး၊ ‘စစ်ထူကျန့်ထျန်း’ကလည်း 'ပဉ္စမ အဆင့်' လက်နက်သန့်စင်သူ အဖြစ်သို့ အဆင့်ချိုးဖြတ် တက်ရောက်နိုင်ခဲ့သည်။ ဖုန်းဝူချန်၏ လမ်းညွှန်မှုဖြင့် သူတို့၏ ဆေးပညာနှင့် လက်နက်သန့်စင်ခြင်း ပညာရပ်များသည် အရည်အသွေးအရ အဆများစွာ ခုန်တက်သွားခဲ့ပြီး၊ 'ယန်ဟော့ အင်ပါယာ' ၏ အင်အားကို ပိုမို တိုးပွားစေခဲ့လေသည်။

'အင်ပါယာ' မှ ထွက်ခွာပြီးနောက် ဖုန်းဝူချန်သည် 'ထျန်းကျိုး' ရှိ 'ပြိုင်ဘက်ကင်း မြို့' သို့ ပြန်လာခဲ့၏။

ဖုန်းဝူချန် သည်တစ်ကြိမ် ပြန်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ 'ဖုန်း' မိသားစုဝင်များ၏ အင်အားကို မြှင့်တင်ပေးရန် ဖြစ်ပါသည်။

'ဖုန်း' မိသားစု၏ အင်အားမှာ အလွန်တရာ အားနည်းလှသည်။ အဖွဲ့ဝင်အများစုမှာ 'အသွင်ပြောင်း' ဘုံတွင်သာ ရှိကြပြီး၊ 'ယွမ်တန်' ဘုံသို့ ရောက်ရှိသူမှာ ဒါဇင်အနည်းငယ်မျှသာ ရှိလေ၏။

ဖုန်းဝူချန်သည် 'ဖုန်း' မိသားစု၏ အင်အားကို အားဖြည့်

ကူညီပေးလိုသော်လည်း ဒါက လွယ်ကူသော အလုပ်တစ်ခုတော့ မဟုတ်ခဲ့ပါ။

ကံကောင်းထောက်မစွာပင် သူက 'နတ်ဆိုး သွေး ဖီးနစ် သစ်သီး' များနှင့် 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' အမြောက်အမြားကို ယူဆောင်လာခဲ့သည်။ ၎င်းတို့ကို 'စိတ်ဝိဉာဉ် ခွဲဖြာခြင်း ပညာရပ်' ဖြင့် ပေါင်းစပ်ကာ သန့်စင်စုပ်ယူစေသောအခါ 'ဖုန်း' မိသားစုဝင်များသည် အမှန်တကယ်ပင် အဆင့်များ ခုန်ပျံကျော်လွှားကာ တိုးတက်လာကြတော့သည်။

သုံးလ။

သုံးလတည်းသော အချိန်အတွင်း 'ဖုန်းကျိန့်ရှုံး' သည် 'ထျန်းယွမ်' ဘုံ ပထမအလွှာသို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီး၊ 'ရှောင်ချင်းချင်း' ကလည်း 'ထျန်းယွမ်' ဘုံသို့ ဝင်ရောက်နိုင်ခဲ့သည်။

အကြီးအကဲ 'ဖုန်းချန်ယန်' မှာ 'ထျန်းယွမ်' ဘုံသို့ ခြေတစ်လှမ်းသာ လိုတော့သည့် အခြေအနေသို့ ရောက်ရှိသွား၏။

သုံးလအတွင်း 'ဖုန်း' မိသားစု၏ အင်အားသည် အံ့မခန်း ပြောင်းလဲသွားခဲ့ပြီး၊ 'အင်ပါယာ' အတွင်း၌ သူတို့သည် ဧကန်မလွဲ အဓိက မျိုးနွယ်ကြီးတစ်ခုအဖြစ် သတ်မှတ်ခံရတော့မည် ဖြစ်သည်။

'ဖုန်း' မိသားစု၏ သိသာထင်ရှားလှသော ကြီးထွားလာမှုသည် ဖုန်းဝူချန်၏ စိုးရိမ်ပူပန်မှုများကို လုံးဝ ဖြေလျှော့ပေးနိုင်ခဲ့လေ၏။

ကျန်ရှိသော 'နတ်ဆိုး သွေး ဖီးနစ် သစ်သီး' များနှင့် 'မြေကမ္ဘာ နှလုံးသား မြင့်မြတ်သော ကြာပန်း' များထဲမှ ဖုန်းဝူချန်သည် သူ့အတွက် ဒါဇင်အနည်းငယ်ကို ချန်ထားပြီး ကျန်တာအားလုံးအား ထားခဲ့ပေး၏။ ထို့အပြင် 'ဖုန်း' မိသားစုအတွက် 'ဝိညာဉ် လက်နက်' ဒါဇင်ကျော်ကိုလည်း သွင်းလုပ်ပေးခဲ့သေးသည်။

သုံးလတည်းသော အချိန်တိုအတွင်း ဖုန်းဝူချန်သည် 'ဖုန်း' မိသားစုကို 'အင်ပါယာ' နှင့်ပင် ယှဉ်နိုင်သော အင်အားစုတစ်ခုအဖြစ် ပြောင်းလဲပေးခဲ့လေသည်။

'စိတ်ဝိညာဉ် ခွဲဖြာခြင်း ပညာရပ်' က ဤမျှလောက်ပင် အစွမ်းထက်လှ၏။ 'ဖုန်း' မိသားစုဝင်အားလုံးမှာ လုံးဝကို အံ့အားသင့် မှင်သက်သွားကြရသည်။ ဖုန်းဝူချန်တွင် ဤမျှ မယုံနိုင်စရာ ကောင်းသော နတ်ဘုရား ပညာရပ်များ ပိုင်ဆိုင်ထားသည်ကို မည်သူ တစ်ဦးတစ်ယောက်မျှ မယုံကြည်နိုင် ဖြစ်နေကြတော့သည်။

'ဖုန်း' မိသားစုမှ မထွက်ခွာမီ ဖုန်းဝူချန်သည် 'ဖုန်း' မိသားစုဝင်များ ကျင့်ကြံခြင်း အရှိန်မြှင့်တင်နိုင်ရန် 'ဝိညာဉ် စုစည်းခြင်း အခင်းအကျင်း' တစ်ခုကိုလည်း တပ်ဆင်ပေးခဲ့သေး၏။

ဖုန်းဝူချန်သည် 'ဖုန်း' မိသားစုနှင့် 'ချီဟွမ်' တို့အတွက် အချိန် ခြောက်လတိတိကို အလဟဿ အကုန်ခံခဲ့ရသည်။

'ချီဟွမ်' နှင့် အခြားသူများမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားကြ၏။ သူတို့သည် ဖုန်းဝူချန်အပေါ် သစ္စာစောင့်သိပြီး၊ နှလုံးသားနှစ်ခွ မရှိဘဲ မိမိတို့၏ အသက်ကိုပါ ဆက်သရန် တိတ်တဆိတ် သန္နိဋ္ဌာန် ချလိုက်ကြသည်။

အကယ်၍ ထိုခြောက်လလုံးလုံးသာ ဖုန်းဝူချန် တစ်ယောက်တည်း တံခါးပိတ် ကျင့်ကြံနေခဲ့မည်ဆိုလျှင် သူ၏ ကျင့်ကြံမှု အဆင့် မည်မျှအထိ တိုးတက်လာနိုင်သည်ကို မည်သူမျှ မသိနိုင်ပေ။ 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာသို့ ချိုးဖြတ်တက်ရောက်ရန်ပင် ပြဿနာရှိမည် မဟုတ်ချေ။

ခြောက်လတိုင်တိုင် အသိဉာဏ်ပွင့်လင်းမှုနှင့် ကျင့်ကြံမှုများကြောင့် လျိုချင်းယန်နှင့် မြောင်ချင်းချင်းတို့၏ အစွမ်းမှာ အလွန်အမင်း တိုးတက်လာခဲ့ပြီး၊ နှစ်ဦးစလုံး 'ထျန်းယွမ်' ဘုံ စတုတ္ထအလွှာသို့ ခြေချနိုင်ခဲ့ကာ ဖုန်းဝူချန်၏ ကျင့်ကြံမှုအဆင့်ကို အမီလိုက်နိုင်ခဲ့ကြပြီ ဖြစ်သည်။

ကျန်းကျွင့်လန်ကမူ 'ထျန်းယွမ်' ဘုံ စတုတ္ထ အလွှာသို့ပင် ဝင်ရောက်သွားခဲ့၏။

တုံကျန့်ထျန်းကတော့ အလွှာတစ်လွှာသာ တက်နိုင်ခဲ့ပြီး၊ 'ထျန်းယွမ်' ဘုံ နဝမ အလွှာသို့ ရောက်ရှိခဲ့သည်။ (ရှေ့အပိုင်းမှာတော့ စတုတ္ထအလွှာလို့ ရေးထားပါတယ် >

All Chapters