ခြေထောက်ကို ရိုက်ချိုးပစ်မယ်
Vol. 25 Ch. 366
~'ယွဲ့ယွင်' မြို့တော်၏ ဂိတ်တံခါးဝတွင် လူငယ် အမျိုးသား၊ အမျိုးသမီး တစ်စုသည် အတူတကွ လမ်းလျှောက်လာကြလေသည်။
"ဒုတိယ စီနီယာအစ်ကို၊ 'ပါရမီရှင် အဆင့် သတ်မှတ်ပွဲ' က နောက်ထပ် လဝက်ပဲ လိုတော့တာကို ခင်ဗျားမှာ ပျော်ပါးဖို့ အချိန် ရှိသေးတယ်ပေါ့လေ။ စံအိမ်သခင်သာ သိသွားရင် ကျွန်တော်တို့တော့ ခံနိုင်မှာ မဟုတ်ဘူး"
လူငယ်တစ်ယောက်က ညည်းညူလိုက်သည်။
အခြား တပည့်ငယ် တစ်ဦးက
"ဒီ သခင်လေး 'ကော' ဆိုတာက ဘယ်သူမို့လို့လဲ။ 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာ ရောက်တာလေးနဲ့ ပွဲလုပ်ပြီး ဂုဏ်ပြုရတယ်လို့ ဒုတိယ စီနီယာ အစ်ကို နဲ့ အရမ်း ရင်းနှီးလို့လား"
ဟု စပ်စုလိုက်၏။
ထိုအခါ၊ 'ဒုတိယ စီနီယာအစ်ကို' ဟု အခေါ်ခံရသော ထိုလူငယ်က ပခုံးတွန့်ကာ ပြောလိုက်သည်။
"ယွဲ့ယွင် မြို့က 'ကော' မိသားစု သခင်လေးပေါ့ကွာ။ ငါနဲ့တော့ အကြိမ်နည်းနည်း တွေ့ဖူးတာပဲ သိပ် ရင်းနှီးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက ကိုယ်တိုင် ဖိတ်မှတော့ မသွားရင်လည်း မကောင်းဘူးလေ။ အပြင်ထွက်ပြီး ပျော်တယ်၊ အနားယူတယ်လို့ပဲ သဘောထားလိုက်ကြစမ်းပါ။ ပြီးတော့ စံအိမ်သခင်ဆီမှာ ငါ့အတွက် အကြီးဆုံး စီနီယာအစ်ကိုက မျက်နှာချိုသွေးပေး
ထားမှာပါ၊ စိတ်မပူကြနဲ့.. ဘာမှ မဖြစ်ဘူး"
"အကြီးဆုံး စီနီယာအစ်ကိုကတော့ ခုခံကာကွယ်ပေးနိုင်ပါစေ၊ မဟုတ်ရင်တော့ ကျွန်တော်တို့တော့ သေမှာပဲ။"
တပည့် လေးယောက်လုံးက သူတို့၏ မျက်နှာများပေါ်တွင် စိုးရိမ်သောကများ အပြည့်ဖြင့် ပြောလိုက်ကြသည်။
"ဒုတိယ စီနီယာအစ်ကို၊ ကျွန်တော်တို့ ဘယ်သွားကြမှာလဲဗျ။ ဒါ ကျွန်တော့်ရဲ့ 'ယွဲ့ယွင်' မြို့ကို ရောက်ဖူးတာ ပထမဆုံး အကြိမ်ပဲ"
တပည့် တစ်ယောက်က မေး၏။
"'ထျန်းရှန်' စားသောက်ဆိုင်ကွ။ ဒုတိယ စီနီယာအစ်ကိုက မင်းတို့ကို အကောင်းစားတွေ.. လိုက်ကျွေးမယ်လေ၊ ဟားဟား"
'ဒုတိယ စီနီယာအစ်ကို' က ရွှင်လန်းစွာ ရယ်မောရင်း ပြန်ပြောလိုက်လေသည်။
ထို လူငယ်တပည့် အနည်းငယ်မှာ 'အထီးကျန်' နယ်မြေမှ 'လုအိုယန်'၏ ဂျူနီယာ ညီငယ် ငါးယောက် ဖြစ်ကြပြီး၊ သူတို့သည် 'ခရမ်းရောင် တိမ်တိုက် စံအိမ်' မှ လာကြသူများ ဖြစ်ကြပေသည်။
—----
ထိုစဥ်..'ထျန်းရှန်' စားသောက်ဆိုင် အတွင်း၌၊
"ငါ မင်းတို့ကို ထွက်သွားလို့ ပြောနေတယ်။"
သခင်လေး တစ်ယောက်က လျိုချင်းယန်ကို အေးစက်စွာ အော်ဟစ်လိုက်သည်။
လျိုချင်းယန်၏ နှုတ်ခမ်းထောင့်များက ခြိမ်းခြောက်သော အပြုံးရိပ် တစ်ခု တွန့်ကွေးသွား၏။ သူ၏ နက်မှောင်သော မျက်ဝန်းများအတွင်း ကြမ်းတမ်းသော အရောင်များ ဖြတ်ပြေးသွားပြီး လှုပ်ရှားရန် အသင့် ဖြစ်နေလေ၏။
"ထားလိုက်ပါတော့ သွားကြရအောင်။ အလကား စားရမှတော့ သူများတွေရဲ့ ပျော်ပွဲကို မနှောင့်ယှက်တာပဲ ကောင်းပါတယ်"
ဖုန်းဝူချန်က အေးဆေးတည်ငြိမ်စွာပင် ဝင်ပြောလိုက်သည်။
"ဟွန့်။ ကံကောင်းသွားတဲ့ ကောင်"
လျိုချင်းယန်က မထီမဲ့မြင် ပြောလိုက်သည်။ အကယ်၍သာ ဖုန်းဝူချန် ဝင်မပြောခဲ့လျှင် လျိုချင်းယန်သည် ထိုကောင်ကို ဤလောကကြီးထဲ ရောက်လာသည့်အတွက် နောင်တရသွားအောင် သေချာပေါက် လုပ်ပစ်လိုက်မည် ဖြစ်သည်။
"ဆရာ ..ဆရာက တကယ် သည်းခံနိုင်လွန်းတာပဲ မဟုတ်လား။ ဒါသာ ကျွန်တော်ဆိုရင် ဒီ ကလေကချေ ကောင်စုတ်လေးတွေရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်လိုက်ပြီ။"
ဟူ၍ 'တုံကျန့်ထျန်း' က တိုးတိုးလေး ကပ်ပြောလိုက်သည်။
"ဆရာ စိတ်ပေါက်လာပြီဆိုရင် မင်းကို ကြောက်လန့်ပြီး သေသွားစေနိုင်တယ်ကွ။ ဒီလူတွေက ဆရာ့မျက်လုံးထဲမှာ တစ်ချက် ကြည့်ခံရလောက်တဲ့ တန်ဖိုးတောင် မရှိဘူး"
'ကျန်းကျွင့်လန်' က ခေါင်းခါရင်း ပြောလိုက်၏။
'တုံကျန့်ထျန်း' ကတော့ သံသယ ဝင်နေဆဲပင်။ အကြောင်းမူကား သူသည် ဖုန်းဝူချန်၏ တကယ့် တိုက်ခိုက်ပုံကို တစ်ခါမျှ မမြင်ဖူးသေးပေ။ လျိုချင်းယန်သည် သူ့မျက်စိထဲတွင် ကြွားဝါနေသူ တစ်ယောက် ဖြစ်နေပြီး သူ လုံးဝ မယုံကြည်သေးပါ။
သင်ကိုယ်တိုင် မျက်မြင် မတွေ့ဖူးလျှင် ဘယ်အရာက ဖြစ်နိုင်သည်ကို သင် ဘယ်လိုလုပ် သိနိုင်မည်နည်း။
သို့သော် ဖုန်းဝူချန်နှင့် အဖွဲ့ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ထိုသခင်လေးက တစ်ဖန် စကားထပ်ပြောလာသည်။
"အခုမှ ထွက်သွားချင်တယ် ဟုတ်လား။ အရမ်း နောက်ကျသွားပြီ။"
"သခင်လေး 'ကုံ' ထားလိုက်ပါတော့။ ဒါက သခင်လေး 'ကော' ရဲ့ ပွဲလေ၊ ပြဿနာ မဖြစ်တာ အကောင်းဆုံးပါ။ အထူးသဖြင့် သူတို့ရဲ့ အင်အားကလည်း မနည်းဘူး"
အခြား သခင်လေး တစ်ယောက်က ဖျန်ဖြေရန် ကြိုးစားလိုက်သည်။
"ဘာကြောက်စရာ ရှိလို့လဲ။ သူတို့ကို ဖြေရှင်းဖို့ ငါတို့တွေ မလုံလောက်လို့လား"
ဟု 'သခင်လေး ကုံ' က မထီမဲ့မြင် မျက်နှာပေးဖြင့် ပြန်ပြောလိုက်သည်။
အခြား သခင်လေး တစ်ယောက်ကလည်း
"သခင်လေး 'ကုံ' ပြောတာ မှန်တယ်။ ဒီနေ့က သခင်လေး 'ကော' ရဲ့ ပွဲ ဒီကောင်တွေက ဝင်လာရဲတယ်
ဆိုကတည်းက သခင်လေး 'ကော' ကို လုံးဝ အလေးမထားတာပဲ။ ဒီအတိုင်း လွှတ်ပေးလိုက်လို့ ဖြစ်မလား"
ဟု ပျော်ရွှင်စွာ ဝင်ပြောလိုက်၏။
နောက်ထပ် သခင်လေး တစ်ယောက်ကလည်း စိတ်လှုပ်ရှားစွာ ထောက်ခံလိုက်ပြန်သည်။
"ဟုတ်တယ်။ သူတို့ကို သင်ခန်းစာကောင်းကောင်း ပေးပစ်ရမယ် သူတို့ရဲ့ နေရာမှန်ကို သိသွားအောင်လို့။"
ဤသခင်လေးများသည် မောက်မာပြီး မိမိကိုယ်သာ ကိုးကွယ်သူများ ဖြစ်ကြသည်။ သူတို့၏ မိသားစု နောက်ခံ အရှိန်အဝါကို အားကိုးကာ ကောင်းကင်နှင့် မြေကြီးကိုပင် ကြောက်ရွံ့ခြင်း မရှိကြပေ။
ဒါပေါ့ သူတို့၏ အင်အားကလည်း အားနည်းသည်တော့ မဟုတ်။ အသန်မာဆုံး
တစ်ယောက်သည် 'ထျန်းယွမ်' ဘုံ သတ္တမအလွှာတွင် ရှိပြီး အားအနည်းဆုံး တစ်ယောက်ပင် တတိယအလွှာတွင် ရှိနေ၏။ အားလုံး ပူးပေါင်းလိုက်လျှင် သူတို့၏ စုပေါင်းအင်အားမှာ လျှော့တွက်၍ မရပေ။
'သခင်လေး ကုံ' က အေးစက်စွာ အမိန့်ပေးလိုက်သည်။
"သူတို့ကို တားထား၊ တစ်ယောက်မှ ထွက်မသွားစေနဲ့။"
ချက်ချင်းပင်၊ စားသောက်ဆိုင် အပြင်ဘက်တွင် အစောင့်တစ်သုတ်က ဝင်ပေါက်ကို ပိတ်ဆို့လိုက်ကြသည်။
အခြား သခင်လေးများကလည်း ကြမ်းတမ်းသော အရှိန်အဝါများဖြင့် ဒုတိယထပ်မှ ဒေါသတကြီး ဆင်းလာကြ၏။
"အစ်ကိုဖုန်း တွေ့လား။ အခုတော့ တိုက်ပွဲက ရှောင်လွှဲလို့ မရတော့ဘူး။"
လျိုချင်းယန်က ကြမ်းတမ်းသော အေးစက်သည့် အပြုံးဖြင့် ရယ်မောလိုက်သည်။
ထိုသခင်လေးများက သူတို့ကို ထွက်မသွားစေရန် တားဆီးထားသည့် အပေါ် သူက ကျေနပ်နေပုံပင် ပေါက်နေ၏။
"ဆရာ။ အားလုံးကို.. ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ။"
'တုံကျန့်ထျန်း' က ရှေ့သို့ ခြေတစ်လှမ်း တိုးထွက်လိုက်ပြီး သူ၏ အရည်အချင်းအပေါ် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။
ဤသခင်လေးများထဲတွင် အသန်မာဆုံးမှာ 'ထျန်းယွမ်' ဘုံ သတ္တမအလွှာသာ ရှိသည်။ သူ၏ 'ထျန်းယွမ်' ဘုံ နဝမအလွှာ ကျင့်ကြံမှု အဆင့်ဖြင့် 'တုံကျန့်ထျန်း' သည် သူတို့ရှေ့တွင် ကြောက်ရွံ့နေသည့် ပုံစံကို မပြလိုခဲ့ပေ။
ဒီသခင်လေးများကိုသာမက 'ကောင်းကင်ဘုံ' နယ်မြေမှ အဓိက အင်အားစု တစ်ခုခုမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီး တစ်ဦးဦး ရှေ့ထွက်လာလျှင်ပင် 'တုံကျန့်ထျန်း' က ကြောက်ရွံ့မည် မဟုတ်ပါ။
သူသည် 'ဝူကျိ' နယ်မြေတွင်ပင် ဘာကိုမှ မကြောက်ခဲ့ ဒီ 'ကောင်းကင်ဘုံ' နယ်မြေလေးမှာတော့ ပို၍ပင် ကြောက်စရာ အကြောင်းမရှိပေ။
"အစ်ကို 'တုံ' ကျွန်တော့်ကိုပဲ ထားလိုက်ပါ။ ဟိုကောင်စုတ်က ကျွန်တော့်ကို 'ထွက်သွား' လို့ ပြောခဲ့တာ ကျွန်တော့် ဗိုက်ထဲမှာ ဒေါသတွေ ပြည့်နေပြီ"
'တုံကျန့်ထျန်း' သူ၏ 'ချီ' စွမ်းအားကို ထုတ်လွှတ်ရန် ပြင်လိုက်စဉ်မှာပင် လျိုချင်းယန်က ဝင်ပြောလိုက်သည်။
လျိုချင်းယန်က ဝင်ရောက် လှုပ်ရှားတော့မည် ဖြစ်သောကြောင့် 'တုံကျန့်ထျန်း' လည်း ဆက်မပြောရဲတော့ပေ။
လျိုချင်းယန်က 'သခင်လေး ကုံ' ကို ကစားလိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး မထီမဲ့မြင် ပြုံးကာ မေးလိုက်သည်။
"ကဲ ခင်ဗျားတို့ ဘာလုပ်ချင်ကြသလဲ"
"ဘာလုပ်ရမလဲ။ မင်းရဲ့ ခြေထောက်တွေကို ရိုက်ချိုးပစ်ရမှာပေါ့ မင်းကို သင်ခန်းစာ ပေးမလို့။"
'သခင်လေး ကုံ' က အလွန်အမင်း မောက်မာသော အရှိန်အဝါကို ထုတ်လွှတ်ရင်း ပြန်ပြောလိုက်သည်။
'သခင်လေး ကုံ' ၏ ကျင့်ကြံမှုအဆင့်ကလည်း လျှော့တွက်စရာ မဟုတ်ပေ။ သူသည် 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်၏။ အကယ်၍ သူသာ အစွမ်းမထက်ခဲ့လျှင် သခင်လေး 'ကော' ၏ စားသောက်ပွဲတွင် ဤမျှလောက် မောက်မာရဲမည် မဟုတ်ပါ။
လျိုချင်းယန်က ခေါင်းညိတ်လိုက်ပြီး မထီမဲ့မြင် ပြုံးကာ ပြောလိုက်၏။
"ကောင်းပြီလေ ၊ဒါဆို ငါက မင်းရဲ့ ခွေးခြေထောက်တွေကို ရိုက်ချိုးပစ်မယ်။"
သူ စကားပြောလိုက်သည်နှင့်အမျှ လျိုချင်းယန်သည် သူ၏ အစစ်အမှန်ယွမ်စွမ်းအားကို ထုတ်ဖော်လိုက်ရာ 'ထျန်းယွမ်' ဘုံ စတုတ္ထအလွှာ၏ စွမ်းအားများသည် အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာပြီး သူ၏ 'ချီ' စွမ်းအားသည် စားပွဲခုံများနှင့် ကုလားထိုင်များကို ဖျက်ဆီးပစ်လိုက်လေသည်။
"ဟွန့်။ 'ထျန်းယွမ်' ဘုံ စတုတ္ထအလွှာလေးနဲ့ ငါ့ရှေ့မှာ မောက်မာရဲတယ် ဟုတ်လား"
'သခင်လေး ကုံ' က မထီမဲ့မြင် ကြည့်လိုက်သည်။
လျိုချင်းယန်က ပြန်လည် တုံ့ပြန်မနေတော့ဘဲ သူ၏ ခန္ဓာကိုယ်သည် ရုတ်တရက် ရှေ့သို့ လှစ်ခနဲ တိုးဝင်သွားရာ သူ၏ အရှိန်မှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် မြန်ဆန်လှ၏။
'မြန်လိုက်တာ။'
သခင်လေးတစ်ယောက်က မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
လျိုချင်းယန်၏ အံ့အားသင့်ဖွယ် အရှိန်ကို သတိထားမိလိုက်သောအခါ 'သခင်လေး ကုံ' ၏ လှောင်ပြောင်နေသော မျက်နှာသည် ချက်ချင်းပင် တောင့်ခဲသွားတော့သည်။ လျိုချင်းယန်သည် အလွန် မြန်ဆန်လွန်းသောကြောင့် သူ လုံးဝပင် အာရုံမခံနိုင်လိုက်ပေ။
"ဘုန်း။"
"ကြိမ်။"
ရုတ်တရက် ပေါ်လာသော လျိုချင်းယန်သည် သူ၏ ခြေထောက်ကို ဝှေ့ယမ်းကာ ကန်လိုက်ရာ သူ၏ တိုက်ခိုက်မှုမှာ ကြမ်းတမ်းပြီး ရက်စက်လှသည်။ "ဘုန်း" ခနဲ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီးနောက် 'သခင်လေး ကုံ' ၏ ခြေထောက်ကို ကန်လိုက်ရာ "ကြိမ်" ခနဲ အရိုးကျိုးသံက အခန်းထဲတွင် ပဲ့တင်ထပ်သွား၏။ 'သခင်လေး ကုံ' လည်း ချက်ချင်း မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။
"အား ငါ့ ငါ့ခြေထောက်။ ငါ့ခြေထောက် ကျိုးသွားပြီ။"
'သခင်လေး ကုံ' က ထိတ်လန့်တကြား အော်ဟစ်ရင်း နာကျင်မှုကြောင့် အသံကုန် အော်ဟစ်နေတော့သည်။
ဤ ရုတ်တရက် အပြောင်းအလဲသည် ရှိသမျှ လူတိုင်းကို တုန်လှုပ်သွားစေပြီး အင်အားနည်းသော သခင်လေးများမှာ ကြောက်လန့်တကြားဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားကြသည်။
'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာ ကျင့်ကြံမှု ရှိသော 'ကုံ' သခင်လေးသည် ဘာမှပင် မတုံ့ပြန်နိုင်လိုက်ဘဲ 'ထျန်းယွမ်' ဘုံ စတုတ္ထအလွှာ တစ်ယောက်၏ ကန်ချက်တစ်ချက်တည်းဖြင့် ခြေထောက်ကျိုးသွားခဲ့သည်တကား။
"သခင်လေး။ သခင်လေး။"
'ကုံ' မိသားစု၏ အစောင့်များမှာ ကြောက်လန့်တကြား ဖြစ်သွားကြသည်။
"အစ်ကို 'လျို' ကန်ချက် ကောင်းတယ်ဗျာ။"
'တုံကျန့်ထျန်း' က စိတ်သက်သာရာ ရသွားပြီး အော်ပြောလိုက်သည်။
"ဘယ်သူ ဘယ်သူ ငါ့ကို သင်ခန်းစာ ပေးချင်သေးလဲ။ ထွက်ခဲ့။"
လျိုချင်းယန်က အေးစက်စွာ ပြောလိုက်ပြီး သူ၏ ရေခဲတမျှ အေးစက်သော အကြည့်များက ထိုသခင်လေးများအပေါ်သို့ ဝေ့ဝဲကြည့်လိုက်သည်။
"မင်း မင်း 'ကုံ' သခင်လေးရဲ့ ခြေထောက်ကို ချိုးပစ်တယ် ငါတို့ကတောင် အရေးယူစရာ မလိုတော့ဘူး မင်း 'ယွဲ့ယွင်' မြို့ကနေ အရှင်ဘယ်လို ထွက်သွားမလဲသာ စဉ်းစားထား"
သခင်လေးတစ်ယောက်က အေးစက်စက် ပြောလိုက်သည်။
“'ကုံ' သခင်လေးက ဘယ်သူလဲ သိရဲ့လား။ မင်း ..သေလမ်း ရှာနေတာပဲ” ဟု အခြား သခင်လေး
တစ်ယောက်ကလည်း ဒေါသတကြီး ပြော၏။
"သူ..ဘယ်သူပဲဖြစ်ဖြစ်၊ ငါတို့ စိတ်မဝင်စားဘူး။ ငါတို့ ထွက်သွားချင်ရင် မင်းတို့.. ငါတို့ကို တားလို့ မရဘူး။"
'ချီဟွမ်' က အင်အားပါစွာ ဝင်ပြောလိုက်သည်။
'ကော' သခင်လေး၏ မျက်နှာမှာ အလွန်တရာ မည်းမှောင်နေ၏။ ဤသည်မှာ သူ၏ ဂုဏ်ပြုပွဲသာ ဖြစ်သည် အခြားသူများ လာရောက် ပြဿနာရှာရန် နေရာ မဟုတ်ပေ။ ယခု 'ကုံ' သခင်လေး၏ ခြေထောက် ကျိုးသွားခဲ့ပြီ ဖြစ်ရာ သူက မည်ကဲ့သို့ ဒီအတိုင်း ကြည့်နေနိုင်မည်နည်း။
'ကော' သခင်လေးက မည်းမှောင်သော မျက်နှာဖြင့် မေးလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ"
"မင်းအလုပ် မဟုတ်ဘူး"
လျိုချင်းယန်က အေးဆေးစွာ ပြန်ဖြေလိုက်သည်။ 'ကော' သခင်လေးကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် သူက ဆက်လက်၍ မေးလိုက်၏။
"ဘာလဲ.. မင်းကပါ ငါ့ကို သင်ခန်းစာ ပေးချင်သေးလို့လား။ မင်းက 'ထျန်းယွမ်' ဘုံ ပဉ္စမအလွှာကို အခုလေးတင်မှ ချိုးဖြတ်ထားတာ..ငါ့အထင် မင်းက ဒီအမှိုက်ကောင်လောက်တောင် အဆင့်မရှိသေးဘူး။ ဘေးမှာပဲ ရပ်နေလိုက်တာ ကောင်းမယ်"
"မောက်မာလှချည်လား။"
သခင်လေး တစ်ယောက်က အေးစက်စက် အော်ဟစ်လိုက်ပြီး သူ၏ 'ထျန်းယွမ်' ဘုံ ဆဌမအလွှာမှ စွမ်းအားများအား စုစည်းလိုက်သည်။ သူ၏ လက်သီးထဲတွင် အစစ်အမှန်ယွမ်များ စုစည်းလိုက်ပြီး လျိုချင်းယန်ဆီသို့ ကြမ်းတမ်းစွာ တိုးဝင်လာတော့သည်။
"ညီအစ်ကို 'လျို' သတိထား။"
'တုံကျန့်ထျန်း' က မျက်မှောင်ကြုတ်ရင်း သတိပေးလိုက်၏။
လျိုချင်းယန်၏ စွမ်းအားကို 'တုံကျန့်ထျန်း' မသိပေ။ ထို့ကြောင့် လျိုချင်းယန်က 'ထျန်းယွမ်' ဘုံ ဆဌမအလွှာ ပညာရှင် တစ်ဦးကို ခုခံနိုင်လိမ့်မည်ဟု သူ မယုံကြည်ခဲ့ပါ။
လျိုချင်းယန်သည် သူ၏ အစစ်အမှန်ယွမ်စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်၏။ သူ၏ မျက်လုံးများက ကြမ်းတမ်းစွာ လင်းလက်သွားကာ အားနည်းသောပုံ မပြလိုဘဲ ထိုတိုက်ခိုက်မှုကို လက်သီးဖြင့် တည့်တည့် ဝင်ဆောင့်လိုက်သည်။ "ဘုန်း" ခနဲ အသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများက လေထဲတွင် တဝေါဝေါ ရိုက်ခတ်သွား၏။
စားသောက်ဆိုင်ကြီးမှာ တဂျိမ်းဂျိမ်း တုန်ခါသွားပြီး ပြင်းထန်သော 'ချီ' စွမ်းအားများက မုန်တိုင်းပမာ တိုက်ခတ်သွားသည်။ မြေညီထပ်ရှိ စားပွဲခုံအားလုံး အမှုန့်အဖြစ် ကြေမွသွားပြီး ပရမ်းပတာ အခြေအနေ ဖြစ်သွားတော့သည်။
ကျင့်ကြံမှုအဆင့် နိမ့်ပါးသူများမှာ ကြောက်လန့်တကြား တဆတ်ဆတ် တုန်နေကြ၏။
ဆိုင်ရှင်နှင့် စားပွဲထိုးများမှာ စားသောက်ဆိုင်ထဲမှ ထွက်ပြေးသွားကြပြီ ဖြစ်၏။ ဝင်ပေါက်ကို ပိတ်ဆို့ထားသော အစောင့်များကလည်း အစောကတည်းက အဝေးသို့ ရှောင်ထွက်သွားကြသည်။
လမ်းမပေါ်ရှိ ခြေလျင် သွားလာသူများမှာ ကြီးမားသော လှုပ်ခတ်မှုကြောင့် ထိတ်လန့်သွားကြပြီး ကြောက်မက်ဖွယ် စွမ်းအားများကြောင့် စားသောက်ဆိုင်အနီးသို့ မည်သူမျှ မချဉ်းကပ်ရဲကြပေ။
ဤမျှ ကြောက်စရာ ကောင်းသည့် စွမ်းအားများက စားသောက်ဆိုင်ကို တုန်ခါသွားစေသဖြင့် 'ထျန်းရှန်' စားသောက်ဆိုင်သည် ဆက်လက် လုပ်ငန်း လည်ပတ်နိုင်တော့မည် မဟုတ်ဘဲ မည်သည့် အချိန်မဆို ပြိုကျသွားနိုင်သည့် အခြေအနေ ဖြစ်နေလေ၏။
နှစ်ယောက်သား လက်သီးတစ်ချက်ချင်း ယှဉ်လိုက်ကြရာ လျိုချင်းယန်သည် အားနည်းသွားသည့် အရိပ်အယောင် လုံးဝ မပြဘဲ 'ထျန်းယွမ်' ဘုံ ဆဌမအလွှာ၏ စွမ်းအားကို လုံးလုံးလျားလျား တားဆီးထားနိုင်ခဲ့သည်။
'ဒါ.. ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ'
ထိုသခင်လေး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများက မယုံနိုင်လောက်အောင် ပြူးကျယ်သွားသည်။
"'ထျန်းယွမ်' ဘုံ စတုတ္ထ အလွှာက ဆဌမ အလွှာရဲ့ အစွမ်းကို တားဆီးနိုင်တယ်။"
"ဘုရားရေ။ သူ..ဘယ်သူလဲ။ စတုတ္ထ အလွှာက ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အစွမ်း ရှိနေရတာလဲ"
"'ဝမ်' သခင်လေးကို စတုတ္ထအလွှာကောင်က တားလိုက်နိုင်တယ်။ ငါ ငါ မျက်စိမှားနေတာလား"
သခင်လေးများအားလုံးမှာ အလွန်တရာ တုန်လှုပ်သွားကြပြီး သူတို့၏ မျက်နှာများတွင် ထိတ်လန့်မှုများ စတင် ပေါ်ပေါက်လာသည်။
'ကုံ' သခင်လေးသည် ယခုအခါ ထိတ်လန့်မှု အပြည့်ဖြင့် မျက်နှာတစ်ခု ဖြစ်နေပြီး သူ၏ ခြေထောက်ကျိုးသွားသော နာကျင်မှုကိုပင် မေ့လျော့သွားပုံရကာ လျိုချင်းယန်ကို ကြောင်ငေးကြည့်နေတော့သည်။
'ကုံ' သခင်လေးသည် 'ထျန်းယွမ်' ဘုံ စတုတ္ထအလွှာ လူငယ်တစ်ယောက်က ဤမျှ အစွမ်းထက်လိမ့်မည်ဟု မယုံကြည်နိုင် ဖြစ်နေသည်။
"'ထျန်းယွမ်' ဘုံ ဆဌမအလွှာ ဟက် သိပ် သိပ် မထူးပါဘူး"
လျိုချင်းယန်က မထီမဲ့မြင် အပြုံးလေးဖြင့် ပြောလိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ ပြိုင်ဘက်၏ အစွမ်းထက်သော စွမ်းအားကြောင့် လုံးဝ တုန်လှုပ်မသွားသည့်ပုံ ဖြစ်နေ၏။
'ဝမ်' သခင်လေးမှာ ကြောင်ငေးလျက် ရပ်နေတော့သည်။
'ဝမ်' သခင်လေး၏ 'ထျန်းယွမ်' ဘုံ ဆဌမအလွှာက အတုကြီးများ ဖြစ်နေသလား။
လုံးဝ မဟုတ်ပေ။ ဒါ လျိုချင်းယန်၏ အစွမ်းက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းနေခြင်းသာ ဖြစ်သည်။
"ထွက်သွားစမ်း။"
လျိုချင်းယန်က အေးစက်စွာ ဟိန်းဟောက်လိုက်ပြီး သူ၏ စွမ်းအားက ရုတ်တရက် ပိုမို ပြင်းထန်လာသည်။
"ဘုန်း။"
လျိုချင်းယန်၏ စွမ်းအား တိုးမြင့်လာသည်ကို ခံစားမိလိုက်သောအခါ 'ဝမ်' သခင်လေး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားသော်လည်း အချိန် မမီတော့ချေ။ "ဘုန်း" ခနဲ အသံတစ်ချက် ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားတစ်ခုက သူ့ကို အဟုန်ပြင်းစွာ လွင့်စင်သွားစေတော့သည်။
"'ဝမ်' သခင်လေး၊ ခင်ဗျား အဆင်ပြေရဲ့လား"
'ဝမ်' သခင်လေး လွင့်စင်သွားသည့်
အခိုက် လူရိပ် တစ်ခုက လှစ်ခနဲ ရောက်ရှိလာပြီး သူ၏ ဘယ်လက်ကို ဆန့်ထုတ်ကာ 'ဝမ်' သခင်လေးကို ဖမ်းယူလိုက်ပြီး စွမ်းအားအားလုံးကို ဖြေဖျောက်ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ်.. အစ်ကို 'ကုန်းစွန်း'"
'ဝမ်' သခင်လေးက အလျင်အမြန် ကျေးဇူးတင်စကား ဆိုလိုက်သည်။
"အစ်ကို 'ကုန်းစွန်း' သတ်.. သတ်ပစ်လိုက်ပါ။ ကျွန်တော့်အတွက် လက်စားချေပေးပါ။ သူတို့ထဲက တစ်ယောက်မှ အလွတ်မပေးနဲ့။"
'ကုန်းစွန်း' သခင်လေး ဝင်ရောက်လာသည်ကို မြင်သောအခါ 'ကုံ' သခင်လေးသည် ချက်ချင်းပင် ဒေါသတကြီး ဟိန်းဟောက်လိုက်တော့သည်။
"'ထျန်းယွမ်' ဘုံ သတ္တမအလွှာ။"
လျိုချင်းယန်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။ ဤမျှ အစွမ်းထက်သော ပြိုင်ဘက်သည် လျိုချင်းယန်၏ အစွမ်းကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
လျိုချင်းယန် မည်မျှပင် အစွမ်းထက်စေကာမူ 'ထျန်းယွမ်' ဘုံ သတ္တမအလွှာ ပညာရှင်တစ်ဦးကို ရင်ဆိုင်ရန် ယုံကြည်မှု မရှိသေးပေ။
"စတုတ္ထအလွှာက ဆဌမအလွှာကို ယှဉ်နိုင်တယ် မင်းမှာ အရည်အချင်း နည်းနည်းတော့ ရှိသားပဲ။"
'ကုန်းစွန်း' သခင်လေးက မောက်မာစွာ ပြောလိုက်ပြီး သူ၏ စူးရှသော အကြည့်များက လျိုချင်းယန်အပေါ်တွင် စူးစိုက်ထားလျက် ကြမ်းတမ်းသော အရှိန်အဝါတစ်ခုက လေထုထဲတွင် ပျံ့နှံ့လာသည်။
"ဝှစ်။"
"ဘုန်း။"
သူ၏ စကား မဆုံးသေးခင်မှာပင် 'ကုန်းစွန်း' သခင်လေးသည် အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းသွားပြီး လျိုချင်းယန်၏ ရှေ့မှောက်သို့ ချက်ချင်း ရောက်ရှိလာကာ လက်သီးတစ်ချက် ထိုးချလိုက်သည်။ သို့သော် ထိုအခိုက်အတန့်မှာပင် အခြား လူရိပ် တစ်ခုကလည်း လှစ်ခနဲ ရောက်ရှိလာပြီး 'ကုန်းစွန်း' သခင်လေး၏ လက်သီးကို ဖမ်းဆုပ်လိုက်၏။
"ဘုန်း" ခနဲ အသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ် စွမ်းအားများက စားသောက်ဆိုင်ကို တစ်ဖန် ပြင်းထန်စွာ သိမ့်ခါသွားစေတော့၏။
လှေကားများမှာလည်း ပြိုကျသွားခဲ့လေ၏။
"'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာ။"
'ကုန်းစွန်း' သခင်လေး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ဝင်ရောက်တားဆီးသူကို ထိတ်လန့်တကြား ငေးကြည့်နေတော့သည်။
သခင်လေး တစ်ဒါဇင်ကျော်လုံး၏ မျက်နှာများတွင် ထိတ်လန့်မှုများ အပြည့် ဖြစ်သွားကြသည်။ သူတို့အားလုံး ဤလူများထဲတွင် 'ထျန်းယွမ်' ဘုံ အဋ္ဌမအလွှာ စွမ်းအားရှင်ကြီး တစ်ဦး ပါလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြပေ။
ဝင်ရောက် တားဆီးလိုက်သူမှာ 'ပေတို' မိသားစု၏ နံပါတ်တစ် ပါရမီရှင် 'ပေတိုယန်' မှလွဲ၍ အခြား မည်သူ ဖြစ်နိုင်မည်နည်း။