အာရုံထွေပြားအောင် လုပ်တဲ့ နည်းစနစ်
Vol. 150 Ch. 2223
လင်းဟန်နှင့် အပေးအယူ ဖလှယ်ပြီးနောက် ဟုန်မန်ဂိုဏ်းသားနှစ်ဦးက သူတို့ ကားထဲသို့ ပြန်လာခဲ့ကြသည်။
“ ဘော့စ် … အပေးအယူ ပြီးမြောက်သွားပြီ … မာတဲ့ဟုန်လည်း သေပြီ … ပုဖာဘဏ်ရဲ့ သတင်းအချက်အလက်တွေလည်း ရလာတယ် ….”
“ ပစ္စည်းကို ဖျက်စီးပြီး ပြန်လာခဲ့တော့….”
“ ဟုတ်ကဲ့ ….”
……
ဟောင်ကောင် ၊ တုန်းဖန်းဝန်ဟွာ့ ဟိုတယ်။
အနက်ရောင် Rolls-Royce Phantom တစ်စင်းက ဟိုတယ်ဝင်ပေါက်ဝတွင် ထိုးရပ်လာသည်။
သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကားထဲမှ ထွက်လာပြီး သူ့ ဝတ်စုံကို သပ်ရပ်အောင် ချိန်ညှိကာ ဘေးဘီဝဲယာကို သာမန်လျှံကာ တစ်ချက်ကြည့်ပြီး ဟိုတယ်ထဲသို့ ဝင်လာခဲ့သည်။
ဤလူ့နာမည်က ကျိုးကွမ်းယောင် ဖြစ်ပြီး ယခင်က ရှောင်းကျန်းရဲ့တို့နှင့် နီးကပ်သည့် ဆက်ဆံရေး ရှိသူပင်။ သူ့သား ကျုံးဝေ့တပ်ဖွဲ့ထဲက ထုတ်ပယ်ခံလိုက်ရပြီးနောက် သူ့ရဲ့ အာရုံက နိုင်ငံခြားဘက်က အတော်လေး မျက်စိကျခဲ့သည်။
သို့သော် ကျိုးမိသားစု၏ ကိုယ်ပိုင် ခွန်အားဖြင့် နိုင်ငံခြား ဈေးကွက်ထဲ တစ်သီးတစ်သန့် တစ်နေရာရဖို့ဆိုတာမှာ အလွန် အင်မတန် ခက်ခဲသည့် အရာပင်။
ထို့ကြောင့် သူ့ မိသားစုရဲ့ လွှမ်းမိုးမှုကို နိုင်ငံခြားတွင် တက်ကြွစွာ ဖြန့်ကျက်နေခြင်း ဖြစ်သည်။
သူ့ရဲ့ ကြွယ်ဝမှု အများစုကိုပင် အမေရိကားသို့ လွှဲပြောင်းထားပြီး ပြည်တွင်းဈေးကွက်ကို လက်လျှော့ထားခဲ့ပြီ ဖြစ်၏။
ထို့ပြင် ဟုန်မန်ဂိုဏ်းနှင့် ဟောင်ကောင်ကလည်း သူတို့၏ နိုင်ငံခြားဈေးကွက် မဟာဗျူဟာအတွက် အခရာကျသည့် သော့ချက်များပင်။ ဗီဇဆေးရည်၏ အကူအညီ မပါဘဲနှင့် သူ့အစီအစဉ် ဖြစ်မြောက်ဖို့ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။
ထို့ကြောင့် အရေးကြီးသည့် အပေးအယူ ကိစ္စအတွက် ဟောင်ကောင်သို့ ကြီးကြပ်ရန် ကိုယ်တိုင်ကိုယ်ကျ ရောက်လာခြင်းပင်။ မည်သည့် မတော်တဆမှုကိုမျှ သူ မလိုချင်ပေ။
တစ်စုံတစ်ယောက်၏ ဦးဆောင်မှုအောက်တွင် ကျိုးကွမ်းယောင်က လေးလွှာသို့ ရောက်လာပြီး ဧည့်ခန်းထဲသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။
မူလတုန်းက ဤအခန်းထဲတွင် ဖန်းတောက်ဇူက အီဗန်နှင့် ဝေါ်ကာတို့ကို တွေ့ဆုံခဲ့သည်။
ယခု … အခြေအနေတို့က ပြောင်းလဲသွားခဲ့ပြီး ထိုလူနှစ်ယောက်ကလည်း သေဆုံးသွားခဲ့ပြီ ဖြစ်၏။
ဧည့်ခန်းထဲတွင် ထိုင်နေသည့်လူက သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်ပြီး ကျိုးကွမ်းယောင် ဝင်လာတာကို မြင်တော့ မတ်တပ်ရပ်ပြီး နွေးနွေးထွေးထွေးနှင့် ကြိုဆိုလာသည်။
“ ဥက္ကဌကျိုး … ဟောင်ကောင်ကနေ ကြိုဆိုပါတယ် …”
ပြောလိုက်သူက ဟုန်မန်ဂိုဏ်း၏ ဒုတာဝန်ခံ လီကျန်းချွမ်ပင်။
လက်ရှိ ဂိုဏ်းခေါင်းဆောင် ဖန်းတောက်ဇူ သေဆုံးသွားပြီးနောက် ဟုန်မန်ဂိုဏ်း၏ ခေါင်းဆောင်ရာထူးကို ဒုဥက္ကဌဖြစ်သည့် လီကျန်းချွမ်က လက်လွှဲယူလိုက်သည်။
“ လူကြီးမင်းလီက ယဉ်ကျေးလွန်းနေပါပြီ …”
နှစ်ဦးသား အချင်းချင်း လက်ဆွဲနှုတ်ဆက်၍ ထိုင်ခုံသို့ ဝင်ထိုင်လိုက်ကြသည်။
အချင်းချင်း သာကြောင်းမာကြောင်း မေးမြန်းပြီးနောက် အလုပ်ကိစ္စကို တန်းသွားလိုက်ကြ၏။
“ လူကြီးမင်းလီက ကျိုးဟိုင်က ကိစ္စတွေကို ကိုင်တွယ်ပြီးပြီလား မသိဘူး …”
“ အခုလေးတင်ဘဲ အောက်က သတင်းပို့လာတယ် … မာတဲ့ဟုန် သေပြီ … ပြီးတော့ ဗီဇဆေးရည် ဖော်မြူလာ ပေါက်ကြားသွားမှာလည်း စိတ်ပူးစရာ မလိုတော့ဘူး ….” လီကျန်းချွမ်က လက်ဖက်ရည်တစ်ကျိုက်သောက်ရင်း တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
“ ငါတို့ရဲ့ အပေးအယူက ပုံမှန်အတိုင်း ဆက်လုပ်လို့ရတယ် …”
ကျိုးကွမ်းယောင် ခေတ္တ အတွေးနက်သွားခဲ့သည်။ ကိစ္စများက သူ့မျက်စိဖြင့် မြင်တွေ့နေရသည်ထက် မရိုးရှင်းကြောင်းကို အမြဲတစေ ခံစားနေရသည်။ သို့သော်လည်း သူ့မှာ အမှားကို ရှာလို့ မတွေ့သေးချေ။
“ မာတဲ့ဟုန် ဘာအခွင့်အရေးမှ မရလိုက်ဘူးဆိုတာတော့ သေချာတယ်မလား ….”
“ မာတဲ့ဟုန်က အပေးအယူ ကိစ္စ မသိဘူးဆိုတာ ငါ့ ဂုဏ်သိက္ခာနဲ့ အာမခံရဲတယ် …” လီကျန်းချွမ်က ခိုင်မာစွာ ပြောဆိုလိုက်သည်။
“ ငါတို့သူ့ကို သတ်လိုက်ရတဲ့ အကြောင်းအရင်း တစ်ချက်က သူ သုတေသန ရလဒ် အသေးစိတ်တွေကို ပေါက်ကြားစေမှာ စိုးလို့ပဲ … ဥက္ကဌကျိုး စိတ်ချလက်ချ နေပါ …”
…….
နောက်တစ်နေ့ နံနက်ခင်းတွင် ကျီချင်းရန် အိပ်ရာထလာသည့် အချိန်၌ လင်းရီက မနက်စာ ပြင်နေပြီကို မြင်တွေ့လိုက်ရသည်။
“ နင် အစောကြီးပဲနော်…”
“ ငါ မနေ့က အိပ်တာစောတယ်လေ … ဒါကြောင့်မို့ စောစောနိုးလာတယ် ….” လင်းရီ ပြောလိုက်ပြီး “ သွားပြီး မျက်နှာသစ်ခဲ့ … မနက်စာ ရယ်ဒီပဲ …”
“ အွန်း …”
တကယ့်တကယ်တော့ လင်းရီ မနေ့ညက တစ်ညလုံး မအိပ်လိုက်ရပေ။ အိပ်မည် လုပ်သည့် အချိန်၌ နေက ထွက်လာသဖြင့် မအိပ်တော့ဘဲ မနက်စာသွားဝယ်ဖို့ကို ဆုံးဖြတ်လိုက်သည်။ သူ ပြန်လာပြီး မကြာမီ ကျီချင်းရန်က အိပ်ရာနိုးလာသည်။
နာရီဝက်ခန့် ကြာပြီးနောက် ကျီချင်းရန်က ကိုယ်လက်သန့်စင်ပြီး မနက်စာစားဖို့ ရောက်လာသည်။
“ ဆမ်ဆောင်း လီ မိသားစုနဲ့ ပူးပေါင်းဖို့ကို နင် ဘယ်လို သဘောရလဲ … နင် သူတို့နဲ့ အလုပ်အတူ လုပ်ချင်တာ သေချာလား ….”
စားနေစဥ် လင်းရီက အနည်းငယ် အာရုံပျံ့လွင့်နေတာကို မြင်တော့ ကျီချင်းရန်က စကားရှာပြီး မေးလိုက်သည်။
လင်းရီ ခေတ္တ အတွေးနက်သွားခဲ့ပြီး ၊ ထို့နောက် ခေါင်းညိတ်လိုက်သည်။ “ ငါ့ မနေ့က ဘော့စ်ရှန်းနဲ့ စကားပြောကြည့်ပြီးပြီ … ကာဗွန်ချစ်ပ်တွေ ထုတ်လုပ်ဖို့ဆိုရင် ငွေကြေး အထောက်အပံ့ အတော်လေး လိုတယ် … ပူးပေါင်းတာက နည်းလမ်းကောင်းပဲ … ပြီးတော့ မစ်ဆူမိသားစုလည်း ပါဝင်ဖို့ လိုတယ် … မဟုတ်ရင် ငါတို့မှာ ငွေလုံလုံလောက်လောက် ရှိမှာ မဟုတ်ဘူး ….”
“ တကယ်လို့ အဲ့လိုသာဆိုရင် ငါတို့တွေ အနောက်တိုင်း အုပ်စုကြီးတွေရဲ့ အာရုံကို ဆွဲဆောင်မိသလို ဖြစ်သွားမှာနော်…” ကျီချင်းရန် ပြောလိုက်သည်။ “ ပရောဂျက်က စကတည်းကရင် အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ် ….”
“ မှန်တယ် … ဒါပေမယ့် ငါတို့ကို တကယ်ပဲ နှိပ်ကွပ်ထားနိုင်မလားဆိုတာတော့ မသေချာဘူးလေ …” လင်းရီပြောလိုက်ပြီး “ သူတို့က အကျိုးအမြတ်ကြောင့်နဲ့ အတူ ပူးပေါင်းထားတဲ့လူတွေ … သူတို့ရဲ့ ဆက်ဆံရေးက ငါတို့လောက် မခိုင်မာဘူး … ပြီးတော့ ငါတို့ကို နှောင့်နှေးအောင် လုပ်ဖို့ ငွေဘယ်လာက်အထိ ထုတ်လာနိုင်မလဲဆိုတာလည်း မသေချာသေးဘူး … တကယ်လို့ သူတို့က ညစ်ညစ်ပတ်ပတ် ကစားချင်တယ်ဆိုရင် ငါလည်း သူတို့လို ပြန်လုပ်ပေးလိုက်မယ် …”
“ ဒါပေမယ့် ဝေါစထရိက အကျိုးတူ အဖွဲ့အစည်းကြီးတွေ ဒီထဲ ခြေလှမ်းဝင်ပါလာနိုင်တယ်နော်…” ကျီချင်းရန် ဖြည့်စွက် ပြောလိုက်သည်။ “ တကယ်လို့ သူတို့သာ ရင်းနှီးမြုပ်နှံလိုက်ရင် ငါတို့တွေ တောင့်ခံထားနိုင်မှာ မဟုတ်ဘူး ….”
လင်းရီ ရယ်သွမ်းလိုက်သည်။ “ အဲ့တာက ပိုလို့တောင် ပြဿနာ မဟုတ်သေး … သူတို့သာ တကယ်ကြီး အဲ့လို လုပ်ရဲတယ်ဆိုရင် ငါတို့က အာရုံထွေပြားစေတဲ့ နည်းပရိယာယ်ကို နောက်ကွယ်ကနေ သုံးလိုက်ရုံပဲလေ … ဘာပဲဆိုဆို ငါတို့ဘက်က အသာစီးပဲ …. သူတို့ဘာပဲလုပ်လုပ် ငါ့ဘက်က တန်ပြန်တိုက်ခိုက်နိုင်မယ့် နည်းလမ်းတွေ ရှိထားပြီးသား ….”
လင်းရီကို ကြည့်ရင်း ကျီချင်းရန် တခစ်ခစ် ရယ်မောလိုက်သည်။ “ ငါ သိသားပဲ … နင့်အပေါ် အခွင့်ကောင်းယူနိုင်တဲ့လူတွေ မများပါဘူးလို့ …”
“ ဒါပေါ့ … ငါက စီးပွားရေးလုပ်ရင် ဘယ်တော့မှ အရှုံးမခံဘူး ….”
အလုပ်ကိစ္စများ ဆွေးနွေးပြီးနောက် မနက်စာလည်း စားလို့ ပြီးသွားခဲ့ကြသည်။
ကျီချင်းရန်က အဝတ်စားလဲဖို့ အခန်းထဲ ပြန်သွားပြီး လင်းရီကတော့ ကားပါကင်သို့ ထွက်လာသည်။ ထို့နောက် သူမကို ချောင်ရန် အုပ်စုသို့ မောင်းပို့ပေးလိုက်သည်။
ကျီချင်းရန်ကို လိုက်ပို့ပေးပြီးနောက် လင်းရီ ရဲစခန်းသို့ မသွားဘဲ တစ်နေ့ ခွင့်ရက်ယူက အိမ်သို့ ပြန်လာခဲ့သည်။
ယခုအချိန်တွင် သူ့အသင်းက ဟောင်ကောင်ထဲသို့ ရောနှောဝင်ရောက်ထားပြီး နောက်စစ်ဆင်ရေးအတွက် အဆင်သင့် ဖြစ်နေသည်။
အိမ်သို့ ပြန်ရောက်သည်နှင့် လင်းရီသည် ယွီစီယင်ထံသို့ ဗွီဒီယိုကော ခေါ်ဆိုလိုက်သည်။
“ ခေါင်းဆောင် … ကျွန်မတို့တွေ ပွဲလက်မှတ်တွေ ရပြီ … ပစ်မှတ်တွေရဲ့ အနောက်တည့်တည့်မှာပဲ….” ယွီစီယင် ပြောလိုက်၏။
“ ရှင်ပို့လာခဲ့တဲ့ လက်နက်တွေကိုလည်း ကျွန်မတို့တွေ ရတယ် … ပြီးတော့ အချိန်မရွေး လှုပ်ရှားဖို့ အသင့်ပဲ …”
“ ဒီတစ်ခေါက် စစ်ဆင်ရေးမှာ ငါပါမှာမဟုတ်ဘူး … ဒီတော့ မြေပြင်မှာ မင်းကပဲ အမိန့်ပေးရမယ် ….”
“ ဟုတ်ကဲ့ ….”
“ မနက်ဖြန် မစ်ရှင်ကို အုပ်စုလိုက် မလှုပ်ရှားနဲ့ ….” လင်းရီ ညွှန်ကြားလိုက်ပြီး “ မင်းနဲ့ ကျန်းချောင်ယွဲ့တို့ နှစ်ယောက်က ပွဲကျင်းပတဲ့ နေရာထဲ ဖောက်ဝင်ပြီး အသေးစိတ်ကို သေချာစောင့်ကြည့်ထား … ကျန်တဲ့လူတွေကိုကျတော့ စွေ့ချန်က ဦးဆောင်ပြီး အပြင်ဘက်က အခြေအနေတွေကို စောင့်ကြည့်နေ … ဖြစ်လာနိုင်မယ့် အန္တရာယ် အလားအလာကို သတိထား စောင့်ကြည့်ပြီး ယွီစီယင်နဲ့ ကျန်းချောင်ယွဲ့ရဲ့ စစ်ဆင်ရေးကို ကာဗာပေး ….”
“ နားလည်ပါပြီ …”
“ စစ်ဆင်ရေးကို အခုစတော့ … ပြီးတော့ အဆက်အသွယ်မပြတ်စေနဲ့ …”
“ နားလည်ပါပြီ ….”
ဗွီဒီယိုကောပြောပြီးနောက် လင်းရီ စီးကရက် တစ်လိပ် မီးညှိပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ဟောင်ကောင်ရှိ အခြေအနေကို အတွေးနက်နေသည်။
သူ့ကို ပေးလာခဲ့သည့် သတင်းအချက်အလက်တို့က နည်းပါးလွန်းပြီး အသေးစိတ် တစ်ခုချင်းစီတိုင်းကို ဖြေရှင်းနိုင်ဖို့ ခက်ခဲစေသည်။
ထို့ကြောင့် တစ်နေ့ခင်းလုံး ဖုန်းနှင့် အလုပ်ရှုပ်နေပြီး ရတက်မအေးနိုင်ဘဲ ဖြစ်နေရသည်။
ကျီချင်းရန်ကို သွားကြိုရန်အတွက် ညနေရောက်သည့်အချိန်ကျမှပဲ လေကောင်းလေသန့် ရှူနိုင်တော့၏။
“ ဒီည ငါ့အိမ်လာမှာလား….” လင်းရီ ကျီချင်းရန်ကို မေးလိုက်၏။
“ ငါ့အိမ်ပဲ သွားကြစို့ … အမေက ညစာ ပြင်ထားပြီးသား …”
“ ကောင်းသားပဲ … တစ်နပ်ဆိုလည်း တစ်နပ် အလကား စားရတာပေါ့ ….”
ကားမောင်းရင်း လင်းရီသည် ကျီချင်းရန်ကို သူ့အမေအိမ်သို့ ခေါ်သွားလိုက်သည်။
ငြိမ်သက်အေးချမ်းသည့် သာမန် ပုံမှန် ညစာထမင်းဝိုင်းလေးပင်။
ညစာ စားပြီးနောက် လင်းရီက ကျီအန်းထိုက်နှင့်အတူ လိုက်စထွင်းတွေ ကြည့်နေသည်။ ပြောသင့်မပြောသင့် မသိပေမယ့် ကြည့်ရတာ အတော်လေး စိတ်လှုပ်ရှား ရင်ဖိုစရာ ကောင်းလှသည်။
သို့သော် ဟောင်ကောင်ရှိ အခြေအနေကိုလည်း လင်းရီ မျက်ခြေမပြတ် နားစွင့်ထား၏။
ယခုထိတိုင် မည်သည့် လွဲချော်နေသည့် ခြေလှမ်းကိုမျှ မမြင်တွေ့ရသေးဘဲ ဟုန်မန်ဂိုဏ်းကလည်း ထင်ရှားမြင်သာသည့် မည်သည့် အမှားယွင်းကိုမျှ မပြုလုပ်ခဲ့ချေ။
ရေသေတစ်ခုနှယ် ငြိမ်သက်တိတ်ဆိတ်နေသည်။
“ နင်တို့နှစ်ယောက် စနေနေ့ကျရင် ဘာလုပ်ဖို့ စီစဉ်ထားလဲ …” အိပ်ရာမဝင်မီ စုန့်လန်က မေးလာသည်။