← Chapters

အခန်း (၃၄၉−၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉−၃၅၁)

Vol. 24 Ch. 349-351

အခန်း (၃၄၉) ချီသွေးအသွင်ပြောင်းခြင်းအဆင့်တစ်ဆယ် ချီသွေးမီးပြင်းဖိုအဆင့်။ ကောင်းကင်နှင့် မြေကြီးဓားစွမ်းအား။ (၄)

အမှန်တကယ်ပင် တံခါးကိုဖွင့်လိုက်သောအခါ တော်တော်လေး သာမန်ဆန်စွာ ဝတ်ဆင်ထားသော ဟုန်ကျန်းရှန့်က အပြင်ဘက်တွင် ရပ်နေလေ၏။

"ဝင်ထိုင်ပါဦး" စူးချန်ခုန်းက ဟုန်ကျန်းရှန့်ကို အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။

အခန်းထဲတွင် ဟုန်ကျန်းရှန့်သည် စူးချန်ခုန်းကို အံ့အားသင့်သော မျက်နှာထားဖြင့် အပေါ်အောက်ကြည့်လိုက်ပြီး "မင်းက ငါတို့နောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကတည်းက အများကြီးပြောင်းလဲသွားတဲ့ပုံပဲ... မင်း အဆင့်တက်သွားပြီလား။"

"ဟုတ်တယ်။ ကျွန်တော့်ရဲ့ချီနဲ့သွေးက အသွင်ပြောင်းသွားပြီ" ဟုန်ကျန်းရှန် သတိထားမိပြီးကတည်းက သူ့ကိုယ်သူ အတော်လေး ကောင်းမွန်သည်ဟု ခံစားရပြီး စူးချန်ခုန်းက ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။

စူးချန်ခုန်းအတွက် အကြီးမားဆုံးတိုးတက်မှုမှာ ချီသွေးမီးပြင်းဖိုနယ်ပယ်ထဲသို့ ခြေချခြင်းမဟုတ်ဘဲ သူ၏စွမ်းရည်တိုးတက်ခြင်းပင်ဖြစ်သည်။

"အံ့သြစရာပဲ။ ချီသွေးမီးပြင်းဖိုနယ်ပယ်ထဲကို ခြေချလိုက်တာနဲ့ မင်းက တာ့ဖုန်းပြည်နယ်မြို့တော်ရဲ့ ထိပ်တန်းပညာရှင်တွေထဲက တစ်ယောက်ဖြစ်နေပြီ။ မင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီပဲ။ ဂုဏ်ယူပါတယ်။ ဂုဏ်ယူပါတယ်။”

ဒါကိုကြားတော့ ဟုန်ကျန်းရှန့်လည်း စူးချန်ခုန်းအတွက် ဝမ်းသာအားရဖြစ်သွားပြီး စူးချန်ခုန်းရဲ့ အဆင့်တက်မှုအမြန်နှုန်းကို အံ့အားသင့်သွားပေမယ့် စူးချန်ခုန်းရဲ့ အရည်အချင်းနဲ့ဆိုရင် ချီသွေးမီးပြင်းဖိုနယ်ပယ်ထဲကို ခြေချဖို့ဆိုတာ အချိန်တစ်ခုပဲလိုတယ်ဆိုတာ သူနားလည်သည်။

လူအများစုဟာ အဆင့်တစ်ခုတက်ဖို့ တစ်ဆို့နေကြပြီး ယုံကြည်မှုတွေ ပျောက်ဆုံးကာ အကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ကြတာကြောင့် အရှုံးပေးဖို့ လက်လျှော့လိုက်တဲ့အထိပင်။

စူးချန်ခုန်းက ဟုန်ကျန်းရှန့်ကို ဧည့်ခန်းမှာထိုင်ဖို့ ဖိတ်ခေါ်ပြီး လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးကာ သိလိုစိတ်နဲ့ "စစ်သူကြီးဟုန်၊ ကျွန်တော်တို့ တာ့ဖုန်းပြည်နယ်မြို့တော်မှာ အားအကောင်းဆုံးက ချီသွေးနယ်ပယ် သိုင်းပညာရှင်တွေပဲလား" ဟု မေးလိုက်သည်။

စူးချန်ခုန်းက ချီသွေးနယ်ပယ်အထက်က အဆင့်တွေအကြောင်း တော်တော်လေး သိချင်နေမိသည်။ ချီသွေးပြောင်းလဲခြင်းအဆင့်တစ်ဆယ်သို့ ရောက်ရှိပြီးနောက် ချီသွေးပြောင်းလဲခြင်းအဆင့်ဆယ့်နှစ်၏ အထွတ်အထိပ်နှင့် ဝေးနေသေးသော်လည်း သူ့အတွက် အချိန်တစ်ခုသာလိုသည်။ ချီသွေးနယ်ပယ်သည် သိုင်းပညာရှင်များအတွက် အဆုံးသတ် မဟုတ်ကြောင်းနှင့် ထိုနယ်ပယ်ထက်ကျော်လွန်၍ ပိုမိုမြင့်မားသောနယ်ပယ်များ ရှိကြောင်း သူနားလည်သည်။

“တာ့ဖုန်းပြည်နယ်မြို့မှာ… တကယ်တော့ ကောင်းကင်သွေးခုန်နှုန်းကို ဖွင့်ထားတဲ့ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေ မရှိလောက်ဘူး။”

ဟုန်ကျန်းရှန့် ခေါင်းညိတ်ပြီး စူးချန်ခုန်း၏ ခန့်မှန်းချက်ကို အတည်ပြုလိုက်သည်။

“ကောင်းကင်သွေးခုန်နှုန်းကို ဖွင့်တယ်တဲ့လား။ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေလား။” စူးချန်ခုန်းက ဟုန်ကျန်းရှန့်၏ စကားများတွင် သူကြားလိုက်ရသော အသုံးအနှုန်းနှစ်ခု ရေရွတ်လိုက်သည်။

“ကောင်းကင်သွေးခုန်နှုန်းဆိုတာက ခန္ဓာကိုယ်၏ အဓိကစွမ်းအင်စီးကြောင်း အသွင်ပြောင်းတာကို ခေါ်တာ။ လူ့ခန္ဓာကိုယ်ထဲမှာ ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို အတွင်းပိုင်းမှာ ပေါင်းစပ်ထားတဲ့ အဓိက စွမ်းအင်စီးကြောင်းဆယ့်နှစ်ခုရှိတယ်။ အဓိက အဓိကစွမ်းအင်စီးကြောင်းကို ကောင်းကင်သွေးခုန်နှုန်းအဖြစ် ပြောင်းလဲနိုင်ရင် သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်မှာဖြစ်ပြီး အဲ့ဒီအနှစ်သာရကို ချီစွမ်းအင်အဖြစ် သန့်စင်နိုင်ရင် ကောင်းကင်၊ မြေကြီးနှင့် လူသားဆိုတဲ့ ပန်းသုံးပွင့်ကို စုစည်းနိုင်တဲ့ အံ့ဖွယ်အဆင့်ကို ရောက်နိုင်လိမ့်မယ်။” ဟုန်ကျန်းရှန့်က မျှော်လင့်ချက်အပြည့်နဲ့ ရှင်းပြလေ၏။

ချီသွေးနယ်ပယ်ရဲ့ အထက်မှာ မွေးရာပါနယ်ပယ်ရှိသည်။

မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေဟာ သူတို့ရဲ့ ကောင်းကင်သွေးခုန်နှုန်းကို ဖွင့်လိုက်တာနဲ့ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ရှိနေမှုကို ခံစားနိုင်ပြီး သူတို့ကိုယ်သူတို့ အားကောင်းစေဖို့ သန့်စင်နိုင်သည်။ ချီသွေးနယ်ပယ်နဲ့ ယှဉ်လို့မရပါ။

ကောင်းကင်နဲ့ မြေကြီးကြားမှာ အရာအားလုံးကို အာဟာရဖြည့်တင်းပေးပြီး အပင်တွေနဲ့ သတ္တဝါတွေကို မွေးဖွားပေးတဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိသည်။ ဒါပေမယ့် ဒီလိုဝိညာဉ်စွမ်းအင်ကို သာမန်လူတွေ မမြင်နိုင်ပါ။ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေအတွက် အကြီးမားဆုံး ကွာခြားချက်ကတော့ သူတို့ရဲ့ ကောင်းကင်သွေးခုန်နှုန်းကို ဖွင့်လိုက်တာပင်။ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို ခံစားနိုင်၊ သန့်စင်နိုင်ကာ ကောင်းကင်၊ မြေကြီးနဲ့ လူသား ပန်းသုံးပွင့်ကို ပေါင်းစပ်ပြီး ပြန်လည်မွေးဖွားခြင်း ရရှိစေမှာဖြစ်သည်။

စူးချန်ခုန်းတောင် အံ့အားသင့်သွားသည်။ ခန္ဓာကိုယ်သန့်စင်ခြင်းနဲ့ ချီသွေးနယ်ပယ်က ကိုယ့်ကိုယ်ကိုယ် အားကောင်းစေဖို့ ပြင်ပအရာတွေကို အားကိုးနေရပြီး မွေးရာပါနယ်ပယ် သိုင်းပညာရှင်တွေကတော့ သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို ထိတွေ့အသုံးပြုကြရာ ဒါက အဓိကကွာခြားချက်တစ်ခုပင်။

ဒါပေမယ့် စူးချန်ခုန်းက “စစ်သူကြီးဟုန်က ချီသွေးအသွင်ပြောင်းလဲခြင်းအဆင့်၁၂ကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ရောက်ခဲ့တာ။ စစ်သူကြီးရဲ့ပါရမီနဲ့ဆိုရင် မွေးရာပါနယ်ပယ် မရောက်နိုင်ဘူးလား” ဟု မေးလိုက်သည်။

မွေးရာပါနယ်ပယ် ကို ရောက်ဖို့ တော်တော်ခက်ခဲမှာပင်။ သိုင်းပညာပါရမီရှင် ဟုန်ကျန်းရှန့်တောင် မွေးရာပါနယ်ပယ်ကို မဝင်ရောက်နိုင်ဘူးဆိုရင် ဒီကမ္ဘာပေါ်က လူဘယ်နှစ်ယောက်က ဒီအဆင့်ကို ရောက်နိုင်မည်နည်း။

ဟုန်ကျန်းရှန့်က ကူကယ်ရာမဲ့စွာ ပြန်ဖြေသည်။ “ဒါက ပါရမီနဲ့ ဘာမှမဆိုင်ဘူး… မွေးရာပါစွမ်းအင်ဆိုတဲ့အရာက ဖွဲ့စည်းပုံတစ်မျိုးပဲ။ မိခင်ဝမ်းထဲမှာ မွေးရာပါ ချီစွမ်းအင်ကို မွေးမြူထားပြီး ဉာဏ်ရည်နဲ့ အသက်ကို ပြုစုပျိုးထောင်ပေးတယ်။ ဒါပေမယ့် မွေးဖွားလာတဲ့အခါ လောကရဲ့ မသန့်ရှင်းမှုတွေနဲ့ ထိတွေ့မိတဲ့အခါ ဒီ မွေးရာပါ ချီစွမ်းအင်က ပျောက်ကွယ်သွားတယ်။ ဒါကြောင့် မွေးရာပါနယ်ပယ်ကို ရောက်ဖို့အတွက် မွေးရာပါ ချီစွမ်းအင်ကို သန့်စင်ပြီး ခန္ဓာကိုယ်ကို မွေးရာပါ အခြေအနေဆီ ပြန်ပို့ရမယ်။ အဲဒီအချိန်မှသာ ကောင်းကင်ဘုံရဲ့ စွမ်းအင်ကို ဖွင့်ပြီး သဘာဝတရားရဲ့ ဝိညာဉ်စွမ်းအင်ကို ခံစားသိရှိနိုင်မှာ။”

“မွေးရာပါ ချီစွမ်းအင်က အရမ်းရှားပါးတယ်။ *ဖုန်းရွှေကောင်းကောင်းနဲ့ နေရာတချို့မှာ မွေးရာပါ ချီစွမ်းအင်တွေ ပေါ်လာနိုင်ပေမယ့် တချို့မျိုးနွယ်စုတွေနဲ့ လျှို့ဝှက်ဂိုဏ်းတွေက ရှာတွေ့တာနဲ့ သိမ်းယူကြတယ်လို့ ပြောတယ်။ ယန်ဧကရာဇ်မိသားစုကလည်း အဲ့လိုနေရာတွေကို ထိန်းချုပ်ထားပေမယ့် သူတို့ရဲ့ မျိုးနွယ်စုဝင်တွေကိုပဲ ဦးစားပေးတယ်… မဟုတ်ရင်… အလိုလေး…”

(*ဖုန်းရွှေ = ဝိညာဉ်စွမ်းအင်၊ ကံကြမ္မာနှင့် အသက်ဓာတ်ကို သက်ရောက်မှုရှိသော မြေ၊ စွမ်းအင်စီးဆင်းမှုနှင့် ပတ်ဝန်းကျင်တို့၏ သဘာဝအစီအစဉ်။ ဖုန်းရွှေကောင်းတဲ့နေရာ= ဝိညာဉ်စွမ်းအင်များ ခိုင်မာစွာစုပုံနေသောနေရာ)

ဟုန်ကျန်းရှန့်က သက်ပြင်းချပြီး စူးချန်ခုန်းအား သူအရင်က မသိခဲ့တဲ့ အကြောင်းအရာတွေကို ပြောပြလိုက်သည်။

ဟုန်ကျန်းရှန့် ကောင်းကင်ဘုံသွေးခုန်နှုန်းကို မဖွင့်နိုင်ခြင်းမှာ သူ၏ပါရမီချို့တဲ့မှုကြောင့် မဟုတ်ဘဲ သဘာဝစွမ်းအင်ခန္ဓာကိုယ်ဖြင့် မွေးဖွားလာခြင်း မဟုတ်သောကြောင့် ဖြစ်သည်။

မွေးရာပါ ချီစွမ်းအင် ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးမှ ပေါက်ဖွားလာသော ရှားပါးရတနာတစ်ခုဖြစ်ပြီး ထင်ရှားလာသည်နှင့် စွမ်းအားကြီး မျိုးနွယ်စုများ၊ တော်ဝင်မိသားစုများနှင့် လျှို့ဝှက်ဂိုဏ်းများက အလစ်သုတ်သွားကြသည်။ သာမန်မိသားစုများမှ ဟုန်ကျန်းရှန့်ကဲ့သို့သော သိုင်းပညာရှင်များကို မဆိုနှင့်။ သူတို့အတွက်ပင် မလုံလောက်ပါ။

ဟုန်ကျန်းရှန့်က တော်ဝင်မိသားစုအတွက် သိသာထင်ရှားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပါက သို့မဟုတ် သူတို့အပေါ် ထာဝရသစ္စာစောင့်သိမည်ဟု ကျိန်ဆိုခဲ့ပါက ယန်ဧကရာဇ်မိသားစုက သူ့ကို မွေးရာပါချီစွမ်းအင်ဖြင့် ချီးမြှင့်နိုင်ခြေရှိပြီး ဒါကလည်း သူ့ကို ထိုက်တန်သည်ဟု ယူဆမှဖြစ်သည်။

မဟုတ်ပါက တစ်ခုတည်းသော ရွေးချယ်စရာမှာ ကမ္ဘာတစ်ဝှမ်း လှည့်လည်ခရီးသွားပြီး ဖုန်းရွှေကောင်းများရှိသော နေရာများတွင် မွေးရာပါချီစွမ်းအင်နှင့် ကြုံတွေ့ရဖို့ မျှော်လင့်ချက်ရန်သာ ဖြစ်သည်။ သို့သော် တာ့ဖုန်းပြည်နယ်မြို့တော်ကို ကာကွယ်ရန် တာဝန်ရှိသော ဟုန်ကျန်းရှန့်က လှည့်လည်သွားလာဖို့ ဘယ်မှာ အချိန်ရမည်နည်း။

“မွေးရာပါနယ်ပယ်သိုင်းပညာရှင်အချို့ရဲ့ သားစဉ်မြေးဆက်တွေဟာ သဘာဝစွမ်းအား ခန္ဓာကိုယ်တွေနဲ့ သဘာဝအတိုင်း မွေးဖွားလာကြတယ်လို့ ဆိုကြတယ်။ အထူးသွေးမျိုးဆက်ရှိတဲ့ မျိုးနွယ်စုအချို့ရဲ့ သားစဉ်မြေးဆက်တွေတောင် စိုးရိမ်စရာ မလိုဘူး။ လူတွေကြားက ကွာဟချက်က အရမ်းကြီးမားတာပဲ။ တချို့လူကတော့ သူတို့ဘဝမှာ ဘယ်တော့မှ မပိုင်ဆိုင်နိုင်တဲ့အရာနဲ့ မွေးဖွားလာကြတယ်။”

ဟုန်ကျန်းရှန့်က ရင်ထဲမှာ စိတ်ခံစားချက်တွေ များနေမှန်း သိသာပြီး အခုတော့ ထုတ်ပြောလာခဲ့သည်။ သူ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပေမယ့်လည်း မှန်ကန်တဲ့ မိသားစုမှာ မွေးဖွားလာခြင်းလောက် မကောင်းပါ။ တခြားသူတွေ မွေးကတည်းက အားစိုက်ထုတ်မှုမရှိဘဲ ရရှိခဲ့တာတွေဟာ သူ အလွန်တောင့်တခဲ့တဲ့ အရာပင်။ ဒါက ဘယ်လောက် မတရားလိုက်လဲ။

အကယ်၍ သူ.. ဟုန်ကျန်းရှန့်သာ မျိုးနွယ်စုတစ်ခု ဒါမှမဟုတ် တော်ဝင်မိသားစုမှာ မွေးဖွားလာခဲ့ရင် မွေးရာပါ နယ်ပယ်ကို ရောက်ပြီးသား ဖြစ်နိုင်ပါသည်။

အခန်း (၃၅၀) ချီသွေးအသွင်ပြောင်းခြင်းအဆင့်တစ်ဆယ် ချီသွေးမီးပြင်းဖိုအဆင့်။ ကောင်းကင်နှင့် မြေကြီးဓားစွမ်းအား။ (၅)

စူးချန်ခုန်း နားထောင်နေရင်း ဆွံအနေလေ၏။ အမှန်တကယ်ပင် တစ်ချို့လူများသည် ဘုရင်များအဖြစ် မွေးဖွားလာကြသူများဖြစ်ပြီး သူတို့၏ အုပ်ချုပ်မှုသက်တမ်းက မျိုးဆက်များစွာ ကြာရှည်ခံကာ အပြင်လူများက မလှုပ်မယှက်နိုင်ဘဲ အခြားသူများကတော့ ရာဇဝတ်သားများ ဖြစ်လာရန် ကံကြမ္မာပါလာကြသူများ ဖြစ်ကာ ကံကြမ္မာကို အလွယ်တကူ ပြောင်းလဲ၍မရပါ။

သို့သော် ဟုန်ကျန်းရှန့်၏ စရိုက်အရ ခဏလောက် တွေးတောပြီးနောက် စိတ်ပျက်အားငယ်မှု လက္ခဏာကို ဖယ်ရှားပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ “ညီလေးစူး၊ စိတ်ပူစရာမလိုပါဘူး။ လမ်းတစ်ခုဆုံးသွားရင် နောက်လမ်းတစ်ခု ပေါ်လာပါလိမ့်မယ်။ အစ်ကိုတို့ သိုင်းပညာရှင်တွေက ကောင်းကင်ဘုံကို ဆန့်ကျင်ပြီး ကျင့်ကြံနေကြတာပဲ။ လောကကြီးက ဘာမှမရေရာ မသေချာသေးတဲ့အချိန် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ဘယ်သူက တပ်အပ်ပြောနိုင်မှာလဲ။”

“အင်း.. လက်ဖက်ရည်သောက်ပါဦး။” စူးချန်ခုန်း ခေါင်းညိတ်ပြလိုက်သည်။ ထုံးစံအတိုင်း သူသည် ထိုကဲ့သို့သော အသေးအဖွဲကိစ္စများကို စိတ်မပူပါ။ သူသည် အသွင်ပြောင်းအဆင့်ဆယ်နှစ်၏ အထွတ်အထိပ်သို့ပင် မရောက်သေးသောကြောင့် ယခုအချိန်တွင် စိုးရိမ်ဖို့ မလိုပါ။

စူးချန်ခုန်းနှင့် ခဏတာ စကားပြောပြီးနောက် ဟုန်ကျန်းရှန့်သည် သူ့ကို ဆက်လက် မနှောင့်ယှက်တော့ဘဲ ပြန်သွားဖို့ ထရပ်လိုက်သည်။

“မွေးရာပါ သိုင်းပညာရှင်၊ ကောင်းကင်ဘုံ၏ သွေးခုန်နှုန်းကို ဖွင့်ဖို့…”

သိုင်းပညာရှင်များအတွက် အဆင့်မြင့်နယ်ပယ်များ ရှိကြောင်း သိရှိပြီးနောက် စူးချန်ခုန်းသည် စိတ်ဓာတ်ကျခြင်းမရှိဘဲ စိတ်အားထက်သန်မှုဖြင့် ပြည့်နှက်နေသည်။ တစ်ဆင့်ပြီးတစ်ဆင့် ကျော်လွှားပြီးနောက် တစ်နေ့ကျရင် အမတနယ်ပယ်ထဲသို့ ခြေချနိုင်မှာ သေချာပါသည်။

“ဓားနည်းစနစ်ကို ခဏလောက် လေ့ကျင့်ကြရအောင်။ ကျွန်တော် သေသေချာချာ မလေ့ကျင့်တာ ကြာပြီ”

သူ၏ စံအိမ်၌ စူးချန်ခုန်းသည် ဓားနည်းစနစ်ကို အာရုံစိုက်၍ လေ့ကျင့်သည့် နေ့သစ်တစ်ခုကို စတင်ခဲ့သည်။

ဧရာမဝေလငါးဂိုဏ်းအတွင်း စူးချန်ခုန်းသည် သံဖြတ်ဓားနည်းပညာကို အဆင့်ရှစ်အထိ ကျင့်ကြံပြီးဖြစ်သော်လည်း နှစ်ပေါင်းများစွာ အရည်အသွေးဆိုင်ရာ တိုးတက်မှု မရှိခဲ့။ ယခု စူးချန်ခုန်းသည် သူ၏ စွမ်းရည်တန်ဖိုးသည် အသွင်ပြောင်းပြီးနောက် သူ၏ ဓားနည်းစနစ်ကို နယ်ပယ်အသစ်တစ်ခုသို့ တွန်းပို့နိုင်မလားဟု သိချင်မိသည်။

“ရွှမ်း”

စူးချန်ခုန်းရဲ့ သံဖြတ်ဓားဟာ ဓားအိမ်ကနေ ထွက်လာပြီး အရိုးထိအောင် အေးစက်တဲ့ ဓားအလင်းရောင်ကို သယ်ဆောင်လာသည်။ အမြန်နှုန်းပဲဖြစ်ဖြစ် စွမ်းအားပဲဖြစ်ဖြစ် သာမန်လူတွေ လက်လှမ်းမမီနိုင်ပါ။

“ဟင်”

စူးချန်ခုန်းရဲ့ နှလုံးသားထဲမှာ ခပ်ဖျော့ဖျော့ လှုပ်ရှားမှုတစ်ခု ပေါ်လာသည်။ စွမ်းရည်တန်ဖိုးတွေ တိုးလာတာနဲ့အမျှ ကျွမ်းကျင်မှုနဲ့ အရည်အချင်းတွေ တိုးတက်လာတာကြောင့်လားဆိုတာ သူသေချာမသိပေမယ့် ဓားနည်းစနစ်ကို လေ့ကျင့်နေတုန်းမှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ၎င်းက ထူးခြားသည်။ သူ ရှင်းရှင်းလင်းလင်း ခံစားမိပေမယ့် နားမလည်နိုင်ခဲ့။

“ဒီထူးဆန်းတဲ့ ခံစားချက်က… ငါ့ဓားနည်းစနစ်ရဲ့ အောင်မြင်မှုအတွက် အဓိကသော့ချက် ဖြစ်နိုင်တယ်။ ငါနားလည်နိုင်သရွေ့ ငါရဲ့ ဓားနည်းစနစ်ဟာ နောက်တစ်ဆင့်ကိုတက်ပြီး အရည်အသွေးပြောင်းလဲလာလိမ့်မယ်။”

စူးချန်ခုန်း သဘောပေါက်သွားပြီး အခု သူလုပ်ရမှာက ဆက်လက်လေ့ကျင့်နေဖို့ပင် အောင်မြင်မှုအတွက် ဒီအခွင့်အရေးကို အရယူဖို့ဖြစ်သည်။

“ရွှမ်း ရွှမ်း”

စူးချန်ခုန်းဟာ သူ့ရဲ့ ဓားနည်းစနစ်ကို ထပ်ခါထပ်ခါ လေ့ကျင့်နေ၏။ လေ့ကျင့်လိုက်တိုင်း တိုးတက်မှုအနည်းငယ် ရှိပြီး အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာသည်။

အတွင်းအားကို ပြုစုပျိုးထောင်ဖို့ အချိန်နဲ့အမျှ စုဆောင်းဖို့လိုအပ်ပြီး တစ်ညတည်းနဲ့ ပြီးမြောက်အောင်လုပ်လို့မရပါ။ ဒါပေမယ့် သိုင်းပညာစွမ်းရည်တွေကတော့ မတူပေ။ လူတစ်ယောက်ရဲ့ အာရုံခံစားမှုက လုံလောက်အောင် ထက်မြက်ရင် ဓားနည်းစနစ် ဒါမှမဟုတ် ဓားအတတ်ကို အချိန်တိုအတွင်းမှာ အလွန်နက်ရှိုင်းတဲ့အဆင့်အထိ ကျွမ်းကျင်အောင်လုပ်ဖို့ မဖြစ်နိုင်ပါ။

ခွန်အားကြီးထွားဖို့ စုဆောင်းမှုလိုအပ်ပေမယ့် နည်းစနစ်နဲ့ပတ်သက်ရင် တစ်ချို့က သင်ယူနိုင်သလို တစ်ချို့က မသင်ယူနိုင်ပါ။ သင်ယူနိုင်ရင် အောင်မြင်နိုင်ပါသည်။

သံဖြတ်ဓားနည်းပညာ (အဌမအဆင့် သဘာဝလွန်နယ်ပယ် ၂၇%)

တစ်နေ့ကုန်မှာတော့ အဆင့်ရှစ်ကို ရောက်ပြီးသား သံဖြတ်ဓားနည်းပညာမှာ စူးချန်ခုန်းရဲ့ တိုးတက်မှုက ၁% တိုးလာသည်။ သူ့ရဲ့ နားလည်မှုတိုးလာတာနဲ့အမျှ တိုးတက်မှုနှုန်းကလည်း မြန်ဆန်လာသည်။

၃၀%၊ ၃၃%၊ ၃၇%…

စူးချန်ခုန်းသည် မူလဓားစွမ်းအင်ကို စုစည်းကာ သူ၏ဓားနည်းစနစ်ကို လေ့ကျင့်ရန် အာရုံစိုက်ခဲ့သည်။ ဤပျင်းစရာကောင်းပြီး ထပ်ခါတလဲလဲ လေ့ကျင့်မှုသည် ငြီးငွေ့ဖွယ်ကောင်းသော်လည်း တဖြည်းဖြည်း တိုးတက်လာသည်ကို ခံစားရသောအခါ စူးချန်ခုန်းသည် ပျော်ရွှင်လာသည်။

အချိန်သည် စက္ကန့်နှင့်အမျှ ကုန်ဆုံးနေပြီး မျက်စိတစ်မှိတ်အတွင်း တစ်လကုန်ဆုံးသွားခဲ့သည်။

အိမ်တော်ထဲတွင် စူးချန်ခုန်းသည် သံဖြတ်ဓားနည်းပညာကို လေ့ကျင့်နေဆဲဖြစ်ပြီး သူ၏ဓားစွမ်းအင်သည် လုံးဝကျယ်ပြန့်လာပြီး ဖြည်းဖြည်းချင်း ပြန်လည်ဖွဲ့စည်းနေသည်။

“လေတိုက်ပြန်တော့မယ်။”

ဓားနည်းစနစ်ကို လေ့ကျင့်ရင်း စူးချန်ခုန်းသည် ရုတ်တရက် ကြိုတင်ခန့်မှန်းမိလိုက်သည်။

ဝှစ်

မျှော်လင့်ထားသည့်အတိုင်း ခဏအကြာတွင် အေးမြသောလေတစ်ချက် တိုးဝှေ့တိုက်ခတ်လာသည်။ ထိုအချိန်တွင် စူးချန်ခုန်းသည် ဗီဇအရတုံ့ပြန်ကာ လေနှင့်အတူ တစ်ချက် ခုတ်ချလိုက်သည်။

ဤခုတ်ချက်သည် လွတ်လပ်ပေါ့ပါးပြီး စူးချန်ခုန်းသည် သူ၏ဗီဇအတိုင်း ပြုလုပ်ခဲ့သော ခုတ်ချက်ဖြစ်သော်လည်း အမြန်နှုန်းနှင့် စွမ်းအားအရ သူ၏ အပြင်းထန်ဆုံး ခုတ်ချက်ထက် များစွာသာလွန်သည်။

“ရွှမ်း”

သူ့ရဲ့ဓားချက်က လခြမ်းလေးလို အေးစိမ့်စိမ့် ဓားအလင်းတန်းတစ်ခုအဖြစ် ကွေးညွတ်သွားကာ အေးစက်ပြီး ထက်မြက်လှသည်။

“ဝှစ်”

တိတ်တဆိတ်နှင့် နှစ်မီတာအကွာမှာ ကျောက်ထွင်းထားတဲ့ ခြံဝင်းနံရံဟာ အလယ်ကနေ ထက်ခြမ်းကွဲသွားပြီး ကျိုးပဲ့နေတဲ့ အပိုင်းအစတွေဟာ မြေပြင်ပေါ်ကို ကျယ်လောင်စွာ ပြုတ်ကျပြီး ပြန့်ကျဲသွားခဲ့သည်။

“ဒါ… ငါ့ရဲ့ ဓားစွမ်းအင်က သိသိသာသာ ကုန်ဆုံးသွားပြီဆိုပေမယ့် ဒီဓားချက်ရဲ့ စွမ်းအားက ငါ ဓားစွမ်းအင်ကို သုံးတဲ့အခါနဲ့ ယှဉ်လို့ရတယ်တဲ့လား။ ပြီးတော့ ဓားစွမ်းအင်ကို ငါ့ခန္ဓာကိုယ်ကနေ ဝေးဝေးကို ဆန့်ထုတ်ဖို့ ခက်ခဲတယ်…”

စူးချန်ခုန်းက သူ့ဓားကို ဓားအိမ်ထဲ ထည့်လိုက်ပြီး နှစ်မီတာအကွာမှ ပြတ်တောက်နေတဲ့ ခြံဝင်းနံရံကို စိုက်ကြည့်ကာ အနည်းငယ် အံ့သြသွားလေ၏။

ဓားစွမ်းအင်ကို မသုံးဘဲနဲ့တောင် ဒီဓားချက်ရဲ့ စွမ်းအားက အံ့မခန်းပင်။ အကွာအဝေးက ပိုဝေးပြီး ခြံဝင်းနံရံကို နှစ်မီတာအကွာကနေ ခွဲထွက်သွားတာက မယုံနိုင်စရာပင်။

စူးချန်ခုန်းသည် ခုနကခုတ်ချက်ရဲ့ သော့ချက်ကို ဂရုတစိုက် ပြန်သတိရလိုက်ပြီး သူ့စိတ်ထဲမှာ ရုတ်တရက် အတွေးပေါက်သွားသည်။

“အဲ့ဒါက တွန်းအားကြောင့်ပဲ။”

လေတိုက်လိုက်စဉ်က လေရဲ့တွန်းအားကြောင့်ဖြစ်သည်။ စူးချန်ခုန်းဟာ လေရဲ့အားနဲ့အတူ ခုတ်ချခဲ့ပြီး ဒါကြောင့် ခုတ်ချက်ဟာ အလွန်ကြောက်စရာကောင်းလောက်အောင် ထိရောက်ခဲ့တာပင်။

ကမ္ဘာပေါ်က အရာအားလုံးမှာ သူ့အားနဲ့သူရှိပါသည်။ တောင်တွေမှာ သူ့အားနဲ့သူရှိပြီး ရေမှာ သူ့အားနဲ့သူ စီးဆင်းသည်။ လေထဲမှာ သူ့အားနဲ့သူ သယ်ဆောင်လာသည်။ လူတွေမှာတောင် သူ့အားနဲ့သူ အရှိန်အဝါရှိသည်။

လူတစ်ယောက် တောင်တက်ရင် အဲဒီအားနဲ့ ဆန့်ကျင်ဘက် လိုက်လုပ်သလိုပါပဲ။ အဲဒါက အလွန်ခက်ခဲသည်။ ရေစီးကြမ်းတဲ့မြစ်ထဲမှာ ရေကူးရင် ရေစီးကြောင်းရဲ့ လွှမ်းမိုးမှုကို ခံရလိမ့်မည်။

ဒီအားကို နားလည်ပြီး လိုက်လုပ်နိုင်ရင် သူတို့ဟာ အောင်နိုင်သူမရှိတဲ့သူတွေ မလွှမ်းမိုးနိုင်တဲ့သူတွေ ဖြစ်လာနိုင်ပါသည်။

ဒီအားကို ကျွမ်းကျင်အောင် လုပ်နိုင်ရင် အတားအဆီးအားလုံးကို ဖုန်မှုန့်အဖြစ် ပြောင်းလဲနိုင်တဲ့ ကမ္ဘာ့အရှိန်အဟုန်နဲ့ ကျောထောက်နောက်ခံပြုထားသလိုပါပဲ။

“ဒါက ဓားစွမ်းအားရဲ့ နယ်ပယ်ပဲ။”

စူးချန်ခုန်းဟာ အဲဒီအချိန်မှာ လုံးဝကို သဘောပေါက်သွားလေပြီ။

ဓားချီကို ပြုစုပျိုးထောင်ခြင်း၊ ဓားစွမ်းအားကို စုဆောင်းခြင်းနှင့် ဓားစွမ်းအားကို စုစည်းခြင်း၊ စူးချန်ခုန်း၏ ဓားနည်းစနစ်နှင့် သူ၏ဓားသွားကျင့်ကြံခြင်းအတတ်တို့ကို ပေါင်းစပ်ခြင်းဖြင့် ဓားချီကို ပြုစုပျိုးထောင်ပြီးသားဖြစ်ပြီး သူ၏ ပန်းပဲပညာနှင့်ပင် ဓားချီကို ဓားစွမ်းအင်အဖြစ် သန့်စင်နိုင်ခဲ့သည်။ နောက်တစ်ဆင့် တက်လှမ်းလိုက်လျှင် ဓားစွမ်းအားနယ်ပယ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။

ဓားစွမ်းအားဆိုသည်မှာ တစ်ချက်တည်းဖြင့် စွမ်းအားကို ထုတ်လွှတ်ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ သဘာဝစွမ်းအားကိုပင် အသုံးပြု၍ တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်းဖြစ်သည်။

အခန်း (၃၅၁) ချီသွေးအသွင်ပြောင်းခြင်းအဆင့်တစ်ဆယ် ချီသွေးမီးပြင်းဖိုအဆင့်။ ကောင်းကင်နှင့် မြေကြီးဓားစွမ်းအား။ (၆)

ဒါက ဘယ်လိုခုတ်ချက်မျိုးလဲ။ ဘယ်လောက်တောင်ကြောက်စရာကောင်းလိုက်လဲ။ လူတစ်ယောက် ဘယ်လောက်ပဲ ခွန်အားကြီးပါစေ ကောင်းကင်နှင့် မြေကြီးရဲ့ စွမ်းအားတွေကို မည်သို့ ပြိုင်နိုင်မည်နည်း။

“ရွှမ်း”

စူးချန်ခုန်းက သူ့ဓားနဲ့ ခုတ်ပြန်လိုက်သည်။ ဒီခုတ်ချက်က ပေါ့ပေါ့ပါးပါး လွှဲရမ်းလိုက်သလို ထင်ရပေမယ့် အံ့မခန်း စွမ်းအားနဲ့ ပေါက်ကွဲထွက်လာတဲ့ အင်အားတစ်ခုကို ဖန်တီးပေးခဲ့ပြီး မြေပြင်မှာ ပေဆယ်ကျော်ရှည်တဲ့ ချောက်နက်ကြီးဖြစ်အောင် ဖြတ်ပိုင်းလိုက်သည်။

သံဖြတ်ဓားနည်းပညာ (နဝမအဆင့် ကမ္ဘာပြိုင်ဘက်ကင်း ၁%)

အရည်အချင်းပြဘောင်ကွက်မှာ စူးချန်ခုန်းရဲ့ သံဖြတ်ဓားနည်းပညာက အဆင့် ၉ ကို တိတ်တဆိတ် လှမ်းတက်သွားခဲ့သည်။

သိုင်းပညာစွမ်းရည်မှာ မြင့်မားတဲ့အဆင့်ကို ရောက်ဖို့ဆိုတာ အတွင်းအား ကျင့်ကြံမှုနည်းစနစ်တွေမှာ မြင့်မားတဲ့အဆင့်ကို ရောက်ဖို့ထက် မလွယ်ကူပါ။ အတွင်းအား ကျင့်ကြံမှုနည်းစနစ်ကိုတော့ ကောင်းကင်နဲ့ မြေကြီးပေါ်က ရတနာတွေရဲ့ အကူအညီနဲ့ အဆင့်တက်နိုင်ပြီး နောက်ဆုံးမှာ ဖြတ်လမ်းနည်းလမ်းတွေနဲ့ ရနိုင်ပေမယ့် သိုင်းပညာစွမ်းရည်တွေကတော့ နည်းစနစ်၊ ပါရမီနဲ့ နားလည်သဘောပေါက်မှုကိုပဲ အားကိုးနိုင်ပါသည်။ မင်း မရောက်ရှိနိုင်ဘူးဆိုရင် မင်းတကယ် မရောက်နိုင်လို့ပင်။

သံဖြတ်ဓားနည်းပညာရဲ့ အဆင့် ၉ က ဓားစွမ်းအားကို စုစည်းဖို့ပါပဲ။

“ငါသာ မူလဓားစွမ်းအင်ကို အရှိန်နဲ့ လွှတ်ထုတ်ပြီး ဓားစွမ်းအားနဲ့ ပိုမိုမြှင့်တင်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ။ ထူထဲတဲ့ သံမဏိအတားအဆီးတောင် တစ်ချက်တည်းနဲ့ အလွယ်တကူ ဖြတ်တောက်ပစ်နိုင်လောက်တယ်မလား”

စူးချန်ခုန်းရဲ့ နှုတ်ခမ်းထောင့်မှာ မသိစိတ်ကနေ အပြုံးတစ်ခု ကွေးတက်လာလေ၏။

ဓားစွမ်းအားကို ကျွမ်းကျင်အောင် လုပ်ထားတဲ့ စူးချန်ခုန်းရဲ့ ပေါ့ပေါ့ပါးပါး ခုတ်ချက်တိုင်းဟာ သူအရင်က အသုံးပြုခဲ့တဲ့ မူလဓားစွမ်းအင်နဲ့ ယှဉ်နိုင်ပါသည်။ သူက မူလဓားစွမ်းအင်ကို ပြန်လည်စုစည်းလိုက်မယ်ဆိုရင် စွမ်းအားက အဆပေါင်းများစွာ တိုးလာမှာ သေချာပါသည်။ အရင်ကထက် အဆပေါင်းများစွာ ပိုအားလာကောင်းမှာပင်။

"တကယ်တော့ ဓားချီနဲ့ မူလဓားစွမ်းအင် နှစ်ခုစလုံးကို မြင်နိုင်ပြီး ထိတွေ့နိုင်တာကြောင့် မော့ယင်က သူ့ရဲနတ်ဆိုးအတတ်နဲ့ တုပနိုင်တာ။ ဒါပေမယ့် ဒီဓားစွမ်းအားက မမြင်နိုင်၊ ထိတွေ့လို့မရတဲ့ ဓားသွားလမ်းစဉ်ရဲ့ အဆင့်တစ်ခုပဲ။ ငါ့အဆင့်၊ ငါ့အသိဉာဏ်နဲ့ဆိုရင် မော့ယင်က သူ့ရဲ့နတ်ဆိုးအတတ်နဲ့ ငါ့ရဲ့ဓားစွမ်းအားကို တုပဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။"

စူးချန်ခုန်းရဲ့ နှလုံးသားထဲမှာ မာနတစ်စွန်းတစ်စ တိတ်တဆိတ် ပေါ်လာသည်။

ဓားစွမ်းအင်က ကုန်ဆုံးသွားနိုင်ပြီး စစ်မှန်တဲ့ ချီစွမ်းအင်လည်း ကုန်ဆုံးသွားနိုင်ပေမယ့် ဓားစွမ်းအင်နဲ့ ချီစွမ်းအင်တွေ ပျောက်ကွယ်သွားပြီး စူးချန်ခုန်းကို သာမန်လူတစ်ယောက်ဖြစ်သွားခဲ့ရင်တောင် ဓားစွမ်းအားက ကျန်ရှိနေဦးမှာပင်။ ဘာလို့လဲဆိုတော့ ဒါက သူ့ရဲ့ အတွေး၊ သူ့ရဲ့ စိတ်ဓာတ်၊ သူ့ရဲ့ ဓားနည်းစနစ်ရဲ့ နည်းလမ်းဖြစ်လို့ပင်။

မော့ယင်ရဲ့နတ်ဆိုးအတတ်က ဓားချီနဲ့ ဓားစွမ်းအင်ကို တုပနိုင်ပေမယ့် စူးချန်ခုန်းရဲ့ စိတ်ဓာတ်နဲ့ အတွေးအခေါ်ကို တုပလို့ မရပါ၊၊ ဓားစွမ်းအားကလည်း ဒီလိုပါပင်။

မော့ယင်က ဓားစွမ်းအားကိုတောင် တုပနိုင်ရင် သူဟာ အဆင့်နိမ့်နတ်ဆိုး မဖြစ်နိုင်ပါ။ မွေးရာပါနယ်ပယ် သိုင်းပညာရှင်တောင် သူနဲ့ ယှဉ်နိုင်မှာ မဟုတ်ပါ။

"နောက်ဆုံးတော့... ပြီးပြီ။"

စူးချန်ခုန်းသည် သက်ပြင်းချလိုက်သည်။

တစ်နှစ်ကျော်ကာလအတွင်း စူးချန်ခုန်းသည် မနားမနေ လေ့ကျင့်နေခဲ့သည်။ သူ့ရဲ့ သိုင်းပညာကို ကြိုးစားအားထုတ်လိုက်စားတဲ့ ဇွဲလုံ့လက မိစ္ဆာနတ်ဆိုး၏ နတ်ဆိုးအတတ်ထက် မကျော်လွန်နိုင်ဟု သူ မယုံပါ။ ယခင်က သူ မယှဉ်နိုင်ခဲ့တာက အပြည့်အဝ မကျွမ်းကျင်သေးသောကြောင့်သာ ဖြစ်သည်။

ယခု စူးချန်ခုန်းသည် သူ၏စွမ်းအားကို အဆင့်သစ်တစ်ခုသို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့ပြီဖြစ်သည်။

မော့ယင်နှင့် ထပ်မံတွေ့ဆုံပြီး မော့ယင်သည် သူ၏ ဓားပညာ သို့မဟုတ် သိုင်းပညာစွမ်းရည်များကို အတုခိုးရဲပါက စူးချန်ခုန်းသည် သူ့ကို တစ်ကြိမ်တည်းနှင့် အပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင်သည်။

“ငါ့ရဲ့ ဓားစွမ်းအားနဲ့ ရင်းနှီးအောင်လုပ်ရမယ်။”

ကမ္ဘာကြီးက ကျယ်ပြောလှပြီး အမြဲတမ်း ပိုသန်မာတဲ့လူတွေ ရှိတယ်ဆိုတာ ကောင်းကောင်းသိတဲ့ စူးချန်ခုန်း တဖြည်းဖြည်း စိတ်ငြိမ်သွားသည်။ သူက သမုဒ္ဒရာထဲက ရေစက်တစ်စက်မျှသာဖြစ်ပြီး တစ်ကြိမ်တည်းသော အောင်မြင်မှုအပေါ် မာနထောင်လွှားပြီး ကျေနပ်နေရမည့်အစား ရှေ့ဆက်သွားရန် တိုးတက်လိုသော လေးစားထိုက် စိတ်နှလုံးသားကို မွေးမြူသင့်သည်။

စူးချန်ခုန်းသည် တိတ်တဆိတ် လေ့ကျင့်မှုတွင် တစ်နှစ်ကျော် အချိန်ကုန်ခဲ့သော်လည်း တာ့ဖုန်းပြည်နယ်မြို့တော်အတွင်းတွင် လျှို့ဝှက်ဆန်းကြယ်မှုများ ပေါ်ပေါက်လာပြီး ထိတ်လန့်ဖွယ်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

…

စစ်စခန်းတစ်ခုအတွင်း ခန်းမကြီးတစ်ခု၏ လေ့ကျင့်ရေးခန်း အပြင်ဘက်တွင် ငွေရောင်သံချပ်ကာ ဝတ်ထားသောလူတစ်ဦးက စိုးရိမ်တကြီး စောင့်ဆိုင်းနေလေ၏။

“ဒုန်း ဒုန်း ဒုန်း”

လေ့ကျင့်ရေးခန်းတံခါးပွင့်လာပြီး လေ့ကျင့်မှုပြီးသွားသော ဟုန်ကျန်းရှန့် ထွက်လာသည်။

“စစ်သူကြီးဟုန်.. ပြဿနာတက်ပြီ။”

ငွေရောင်သံချပ်ကာ ဝတ်ထားသောလူက အစီရင်ခံဖို့ အလျင်စလို ရှေ့သို့ပြေးလာသည်။

“ဘာဖြစ်တာလဲ။ ဘာလို့ ဒီလောက်ပျာယာခတ်နေတာလဲ။”

ဟုန်ကျန်းရှန့်၏မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားပြီး အခြေအနေမဟန်တာကို ခံစားလိုက်မိသည်။ ပုံမှန်အခြေအနေများတွင် ငွေရောင်သံချပ်ကာ ဝတ်ထားသောလူသည် သောင်းစုမှူးဖြစ်သောကြောင့် စမ်းသပ်မှုများစွာကို ဖြတ်သန်းခဲ့ရပြီး ဂယောက်ဂယက်ဖြစ်နေစရာမလိုပါ။

ငွေရောင်သံချပ်ကာဝတ်ထားသောလူက တည်ငြိမ်အောင်လုပ်ပြီးနောက် အုံ့မှိုင်းနေသော မျက်နှာထာဖြင့် ပြန်ဖြေသည်။ “နေ့တစ်ဝက်လောက်က အုပ်ချုပ်ရေးမှူးဖေယန်နဲ့ ဖေမိသားစုကလူတွေ ဘိုးဘွားကန်တော့ဖို့ သင်္ချိုင်းကုန်းကို သွားခဲ့ကြပေမယ့် ဆရာသခင်တစ်ဦး တိုက်ခိုက်တာနဲ့ ကြုံခဲ့ရတယ်။ အဲ့ဒီဆရာသခင်က အရမ်းအစွမ်းထက်တာကြောင့် ဖေမိသားစုက ပညာရှင်တစ်ယောက်မှ သူနဲ့မယှဉ်နိုင်ခဲ့ဘူး။”

"ဘာ"

ဟုန်ကျန်းရှန့်၏အမူအရာသည် ထိတ်လန့်ခြင်းမှ ဒေါသသို့ ပြောင်းလဲသွားသည်။

ဖေယန်ကို ဘယ်သူက တိုက်ခိုက်ရဲမည်နည်း။

ဖေယန်သည် ပြည်နယ်တစ်ခု၏ အုပ်ချုပ်ရေးမှူး၊ အင်ပါယာအရာရှိတစ်ဦးဖြစ်ပြီး အရေးပါသော အဆင့်အတန်းရှိသူဖြစ်ကြောင်း သိကြသည်။

ဖေယန်ကဲ့သို့သော အုပ်ချုပ်ရေးမှူးကို သတ်ရဲသူတိုင်းသည် မဟာမီးလျှံအင်ပါယာ၏ တော်ဝင်မိသားစုကို ရန်စလိုက်သလိုပါပင်။

သာမန်သိုင်းပညာရှင်ပင်မဆိုနှင့် နှစ်တစ်ထောင်သက်တမ်းရှိ မျိုးနွယ်စုများပင်လျှင် အကျိုးဆက်များကို ချိန်ဆရပေမည်။

မုမိသားစုသားအဖသည် မုကျင် သေဆုံးခြင်းအတွက် ဒေါသအမျက်ထွက်ကာ ရောက်လာကြသော်လည်း မျိုးနွယ်စုကြီးများကဲ့သို့ ရူးသွပ်ကြသည့်တိုင် ဖေယန်အပေါ် လက်မပါရဲကြပေ။

အခုတော့ ဖေယန်ကို တစ်ယောက်ယောက်က တိုက်ခိုက်ခဲ့တယ်ပေါ့။

ဟုန်ကျန်းရှန့်က တည်ငြိမ်နေဆဲပင်။ သူက “ပြည်နယ်အုပ်ချုပ်ရေးမှူးရော ဘယ်လိုနေလဲ” ဟုမေးလိုက်သည်။

ငွေရောင်သံချပ်ကာဝတ်ထားတဲ့လူက ပြန်အစီရင်ခံလိုက်သည်။ “အဲဒီဆရာသခင်က အုပ်ချုပ်ရေးမှူး ဖေယန်ကို တိုက်ခိုက်ခဲ့ပေမယ့် သတ်ဖို့ ရည်ရွယ်တာမဟုတ်ဘူး။ သူက ဖေမိသားစုက ကျွမ်းကျင်သူတွေ အများကြီးကို ဒဏ်ရာရစေခဲ့ပြီး အုပ်ချုပ်ရေးမှူးကို ဖမ်းသွားခဲ့တာ။ စစ်သူကြီးကိုပေးဖို့ တောင်းဆိုထားတဲ့ စာတစ်စောင် ချန်ထားခဲ့တယ်”

“ဘယ်မှာလဲ အဲ့စာက။”

ဟုန်ကျန်းရှန့်က ချက်ချင်း မေးလိုက်သည်။

ဟုန်ကျန်းရှန့်က ငွေရောင်သံချပ်ကာဝတ်ထားတဲ့လူဆီကနေ ထုတ်ယူပြီးသား စာတစ်စောင်ကို လက်ခံလိုက်ပြီး စဖတ်လိုက်သည်။ ဒီစာက ဖေမိသားစုလက်ထဲ ရောက်သွားပြီးနောက် သူတို့အရင်ဖတ်ပြီးမှ ဟုန်ကျန်းရှန့်ဆီ ပေးပို့ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်တာဖြစ်သည်။

ဟုန်ကျန်းရှန့်က စာထဲက အကြောင်းအရာတွေကို ဖတ်နေတုန်း သူ့မျက်နှာအမူအရာ ပြောင်းလဲသွားလေ၏။

ဟုန်ကျန်းရှန့်က ငွေရောင်သံချပ်ကာဝတ်ထားတဲ့လူကို မော့ကြည့်လိုက်သည်။ “အုပ်ချုပ်ရေးမှူးကို ပြန်ပေးဆွဲသွားတဲ့လူရဲ့ အထောက်အထားက ဘာလဲ။ ထူးခြားတဲ့ လက္ခဏာတွေ ရှိလား။”

"သူ့ရဲ့နာမည်ကို ကျွန်တော်တို့ မသိပါဘူး... သူနဲ့ ပတ်သက်ပြီး ဘာသတင်းအချက်အလက်မှ မရှိဘူး။ ဒါပေမယ့် ဖေမိသားစုပြောတဲ့ပုံအရ သူတို့ရဲ့ ကျွမ်းကျင်ပညာရှင်တွေကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေပြီး အုပ်ချုပ်ရေးမှူးကို ဖမ်းဆီးခဲ့တဲ့လူဟာ အနီရောင်အဝတ်အစားတွေ ဝတ်ဆင်ထားတဲ့ တော်တော်လေး ချောမောတဲ့လူတစ်ယောက်ဖြစ်ပြီး ထူးခြားပြီး စွဲမက်ဖွယ်ကောင်းတဲ့ အမူအရာရှိတယ်တဲ့။ တူရိယာတွေကို တော်တော် ကြိုက်တဲ့ပုံရပြီး ကျောက်စိမ်းပလွေတစ်ခုကို ကိုင်ထားတယ်လို့ပြောပါတယ်။" ငွေရောင်သံချပ်ကာနဲ့လူက သူတို့စုဆောင်းထားတဲ့ သတင်းအချက်အလက်အားလုံးကို ဟုန်ကျန်းရှန့်ကို ပြောပြလိုက်သည်။

"ကျောက်စိမ်းပလွေတစ်ခုကို ကိုင်ထားတာလား။"

All Chapters