← Chapters

အခန်း (၃၅၅−၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅−၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅) ပြိုင်ဘက်ကင်းဓားစွမ်းအား။ မလွှမ်းမိုးနိုင်သောစွမ်းအား။ (၃)

ဖေယန်သည် အဝေးမှ တိုက်ပွဲကို စောင့်ကြည့်နေပြီး သူ့နှလုံးသားက တကယ်ကို တုန်လှုပ်ပြီး စိုးရိမ်နေသည်။

သူသည်လည်း မော့ယင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကို သဘောပေါက်သည်။ မော့ယင်က အခြားသူများ၏ သိုင်းပညာလှုပ်ရှားမှုများကို ပြီးပြည့်စုံစွာ တုပနိုင်သည်။

“မော့ယင်ရဲ့ နတ်ဆိုးအတတ် အလားအလာက တကယ်ကို ကြီးမားတာပဲ။ ရန်သူရဲ့ အဆင့်နဲ့ ယှဉ်နိုင်ပြီး သူ့ရဲ့ အမတခန္ဓာကိုယ်၏ အားသာချက်ကို သုံးပြီး တိုက်ပွဲမှာ အနိုင်ရနိုင်တယ်။ နတ်ဆိုးစွမ်းအားပုံစံအတတ်ကို အပြည့်အဝ လေ့ကျင့်တာနဲ့ သာဝလွန်နယ်ပယ်က သိုင်းပညာရှင်နှင့် ရင်ဆိုင်ရရင်တောင် သူအောင်ပွဲခံနိုင်တယ်။”

အနီရောင်ဝတ်စုံနှင့် ဟုန်ယင်သည် တိုက်ခိုက်နေသည့် လူနှစ်ဦးကို ကြည့်နေသည်။ သူက ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိသော်လည်း မော့ယင်၏ အလားအလာ ကောင်းမွန်နေသောကြောင့် သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ရှိနေသည်။

“ဒီအတိုင်း ဆက်သွားနေရင်… ရလဒ်က မသေချာပေမယ့် ငါ့ရဲ့ခွန်အား အားလုံးကို အသုံးပြုပြီး မော့ယင်ကို အနိုင်ယူရင်တောင်မှ ဟုန်ယင်က ရှိနေသေးတယ်…”

ဟုန်ကျန်းရှန့်ဟာ မော့ယင်နဲ့ ပြင်းထန်တဲ့တိုက်ပွဲထဲ ပိတ်မိနေပြီး အကျပ်ရိုက်နေသည်။

တခြားသူတွေရဲ့သိုင်းပညာကို တုပနိုင်တဲ့ မော့ယင်နဲ့ ရင်ဆိုင်ရတာကပဲ ဒုက္ခပေးများတဲ့ ရန်သူတစ်ယောက် ဖြစ်နေလေပြီ။ ထိုထက် သေချာပေါက် အားမနည်းတဲ့ ဟုန်ယင် ရှိနေသေးသည်။

“ဘယ်သူမှ ငါ့ကို အနိုင်ယူလို့မရဘူး… ဘယ်သူမှ မရဘူး။”

မော့ယင်ရဲ့ မျက်လုံးထဲမှာ သွေးနီရောင် အလင်းတန်းတစ်ခု လင်းလက်သွားလေ၏။ သူ့ရဲ့ပြိုင်ဘက် ဘယ်လောက်ပဲ အားကောင်းပါစေ တခြားသူတွေရဲ့ လှုပ်ရှားမှုတွေကို ပြီးပြည့်စုံစွာ တုပနိုင်တဲ့သူကတော့ ဘယ်တော့မှ ရှုံးနိမ့်မှာ မဟုတ်ပါ။ ဒါက သူ့ရဲ့ထူးခြားတဲ့ နတ်ဆိုးအတတ်ဖြစ်သည်။

တစ်ဖက်မှာ တာ့ဖုန်းပြည်နယ်မြို့တော်ရဲ့ ထိပ်တန်းကျွမ်းကျင်သူ ဟုန်ကျန်းရှန့်ရှိပြီး တစ်ဖက်မှာတော့ နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ထားတဲ့ မိစ္ဆာစစ်သည်တော်တစ်ယောက် ရှိသည်။ ပြင်းထန်တဲ့တိုက်ပွဲနားက ဘေးတစ်ဖက်တစ်ချက်စီမှ သစ်ပင်တွေနဲ့ ကောက်ရိုးလို မြက်ခင်းတွေတောင်မှ ညီတူညီမျှ ဖျက်ဆီးခံနေရသည်။ ဒါပေမယ့် တိုက်ပွဲက ကြာလေလေ ဟုန်ကျန်းရှန့်အတွက် အဆင်မပြေလေဖြစ်တယ်ဆိုတာ ဖေယန်တောင် သိနိုင်သည်။

တိုက်ခိုက်ရေးစွမ်းအား တူညီမှုအောက်တွင် လူသားတစ်ယောက်သည် မသေနိုင်သောခန္ဓာကိုယ်ရှိသည့် နတ်ဆိုးကို အနိုင်ယူဖို့ မဖြစ်နိုင်ပါ။

“ဂျိမ်း”

ဟုန်ကျန်းရှန့်နှင့် ဖေယန်တို့ နှစ်ဦးစလုံး စိုးရိမ်ပူပန်နေပြီး စိတ်လေးနေချိန်တွင် ရုတ်တရက် မိုးကြိုးပစ်သံကဲ့သို့သော အသံတစ်ခု ပေါက်ကွဲထွက်လာသည်။

အသံကမြန်သော်လည်း မြားက ပိုမြန်သည်။

အသံသည် လူတိုင်း၏နားသို့ရောက်ရှိချိန်တွင် လေနှင့်မိုးကြိုးပစ်သံ၏ စွမ်းအားကို သယ်ဆောင်ထားသော ဥက္ကာပျံကဲ့သို့သော မြားတစ်စင်းသည် အဝေးမှ ဖြတ်သန်းလာပြီး မော့ယင်၏ရင်ဘတ်ကို ပြင်းထန်စွာ ထိမှန်သွားခဲ့သည်။

“ဒုန်း”

ကြယ်ပုံစံရွှေဖြင့် ပြုလုပ်ထားပြီး မူလဓားစွမ်းအင်၏ စွမ်းအားကို သယ်ဆောင်ထားသော မြားသည် နားကွဲမတတ် ပေါက်ကွဲထွက်သွားသည်။ မော့ယင်၏ခန္ဓာကိုယ်သည် အမြောက်ဆန်ဖြင့် ထိမှန်သွားသကဲ့သို့ နောက်သို့ လွင့်စင်သွားပြီး သူ၏ရင်ဘတ်သည် ပန်းကန်လုံးတစ်ခုအရွယ် အပေါက်တစ်ခု ပေါက်ကွဲသွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့သည်။

“ဟင်”

ဤရုတ်တရက်ဖြစ်ရပ်က ကြည့်နေသည့်သူအားလုံးကို အံ့အားသင့်စေခဲ့သည်။

“ညီလေးစူးလား။”

ဒီအံ့မခန်း မြားပစ်စွမ်းရည်ကြောင့် ဟုန်ကျန်းရှန့်ဟာ အခုမှ ရောက်လာတဲ့သူကို ဘယ်သူဆိုတာ ချက်ချင်း သဘောပေါက်သွားပြီး အံ့အားသင့်သွားခဲ့သည်။

“စစ်သူကြီးဟုန်၊ အမဲလိုက်ရမယ့် နတ်ဆိုးတွေရှိနေတာကိုဗျာ.. ဒီလိုပွဲမျိုးကို ကျွန်တော့်ကို မဖိတ်တာက သိပ်မကောင်းဘူးလေ။ နတ်ဆိုးအမြုတေတွေအားလုံးကို ကိုယ့်အတွက်ကိုပဲ စုဆောင်းဖို့ စီစဉ်ထားတာလား”

မဝေးလှတဲ့ တစ်နေရာမှာ ကြယ်ပုံစံရွှေ အားသန်လေးတစ်ချောင်းကိုင်ထားတဲ့ စူးချန်ခုန်းရဲ့ အသံတစ်သံ ထွက်ပေါ်လာသည်။ သူက ဟုန်ကျန်းရှန့်ကို ကြည့်ပြီး ပြုံးကာပြောလိုက်သည်။

“ဒါက…” ဟုန်ကျန်းရှန့်ရဲ့ ခံစားချက်တွေက ရှုပ်ထွေးနေလေ၏။ ဒီတိုက်ပွဲက အလွန်အန္တရာယ်များမယ်ဆိုတာ သူသိပြီးသားမို့ စူးချန်ခုန်းကို ဝင်ပါစေဖို့ မစီစဉ်ထားခဲ့ပါ။ ဒါပေမယ့် နတ်ဆိုးနှစ်ကောင်နဲ့ ရင်ဆိုင်ရမယ့် အန္တရာယ်တွေကို အပြည့်အဝသိထားတဲ့ စူးချန်ခုန်းက သူမသိဘဲ ဘယ်လိုပေါ်လာရတာလဲ။

အရင်က အတူတူတိုက်ခိုက်ခဲ့ဖူးတဲ့ ဟုန်ကျန်းရှန့်ဟာ စူးချန်ခုန်းရောက်လာတာကို သတိထားမိပြီး အဲဒီလူကို အကဲခတ်မမှားခဲ့မိဘူးဆိုတာ သိလိုက်သည်။

“စူးထိုက်လိုင်၊ အဲ့ဒါ စူးထိုက်လိုင်ပဲ။ သူတကယ်ရောက်လာတာလား” ဖေယန်လည်း ဝမ်းသာသွားလေ၏။ တာ့ဖုန်းပြည်နယ်မြို့တွင် စူးချန်ခုန်းလို နားမလည်နိုင်သော၊ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင်တစ်ဦးကို လူနှစ်ဦးသာ သိရှိကြပြီး တစ်ဦးက သူဖြစ်ကာ နောက်တစ်ဦးမှာ ဟုန်ကျန်းရှန့်ဖြစ်သည်။

စူးချန်ခုန်းကို ပြုစုပျိုးထောင်ရန်အတွက် ဖေယန်သည် သူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့ သိသာထင်ရှားသော အဖိုးအခကို ပေးဆောင်ခဲ့ရသည်။

“စူးထိုက်လိုင် ဝင်ပါလာရင်… အခြေအနေကို ပြောင်းလဲသွားလောက်မလား။” ဖေယန်က မစိုးရိမ်ဘဲ မနေနိုင်ခဲ့ပေ။ စူးချန်ခုန်းသည် အားကောင်းသော်လည်း သူသည် ဟုန်ကျန်းရှန့်ထက် ပိုမိုအားကောင်းနိုင်မည်မဟုတ်ပေ။ သူနားမလည်နိုင်သော ဟုန်ယင်လည်း ရှိနေသေးသည်။

ဟုန်ကျန်းရှန့် ရင်ထဲထိသွားပြီး ယခုအချိန်က အပိုစကား ဆိုရမည့်အချိန်မဟုတ်ကြောင်း သိလိုက်သည်။ သူက ချက်ချင်းပင် “ညီလေးစူး၊ မင်း မော့ယင်ကို အနိုင်ယူလိုက်။ ငါ ဟုန်ယင်နဲ့ ရင်ဆိုင်မယ်။” ဟု ပြောလိုက်သည်။

စူးချန်ခုန်း ရောက်လာတာက တကယ်ကို အရေးကြီးတဲ့ အရွေ့အပြောင်းဖြစ်သည်။ စူးချန်ခုန်းက မော့ယင်ကို ထိန်းထားနေစဉ်တွင် ဟုန်ယင်ကို ရင်ဆိုင်ဖို့ သူ့ရဲ့အစွမ်းအစအားလုံးကို အသုံးချလိုက်မည်ဖြစ်သည်။ နောက်မှ စူးချန်ခုန်းနဲ့ ပူးပေါင်းပြီး မော့ယင်ကို တိုက်ခိုက်တာက အောင်ပွဲရဲ့ အဓိကသော့ချက်ပင်ဖြစ်သည်။

“ကောင်းပြီ” စူးချန်ခုန်းက တိုတိုတုတ်တုတ် ပြန်ဖြေသည်။

“မင်းက သေလမ်းရှာနေတာ… သေလမ်းရှာနေတာပဲ။”

မော့ယင်း မြေပြင်ကနေ ထရပ်လိုက်ပြီး ရင်ဘတ်က အပေါက်က မြန်မြန်ပျောက်ကွယ်သွားကာ သူ့ကို ဒဏ်ရာမရစေခဲ့ပေ။ ဒါပေမယ့် အဲဒီအချိန်မှာ သူ ဒေါသထွက်နေလေ၏။ သူ့မျက်လုံးတွေက သတ်ဖြတ်ချင်စိတ်တွေနှင့် သွေးရောင်တွေ တောက်ပနေပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

စူးချန်ခုန်း ဝင်ရောက်စွက်ဖက်ပြီး တိုက်ခိုက်ခဲ့တဲ့အတွက် မော့ယင် သူ့ကို တကယ် ဒေါသထွက်နေသည်။ စူချန်းခုန်း ပစ်လိုက်တဲ့ မြားကနေ သူဟာ သူနဲ့ အရင်က တွေ့ဖူးတဲ့ ငွေရောင်သံချပ်ကာလူဖြစ်ကြောင်း မော့ယင် မှတ်မိသွားသည်။

မော့ယင်က စူးချန်ခုန်းကို ဘယ်တုန်းကမှ အလေးအနက်မထားခဲ့ပါ။ သူ့ထက် အားနည်းတဲ့သူတွေက ဘယ်တော့မှ ပိုအားကောင်းမှာ မဟုတ်ပါ။ ဒီမဆင်မခြင်လုပ်တတ်တဲ့ ပုရွက်ဆိတ်က သူ့ရှေ့မှာ ဘယ်လိုလုပ်ပြီး ပေါ်လာရဲတာလဲ။

“စိတ်ဝင်စားစရာပဲ။ ဒါဆိုရင် ကြွက်သားတွေကို ဆန့်ထုတ်လိုက်ကြတာပေါ့။ အုပ်ချုပ်ရေးမှူးဖေ၊ နည်းနည်းနောက်ဆုတ်လိုက်ပါ။”

နတ်ဆိုးတစ်ကောင်လို ပုံစံနှင့် အနီရောင်ဝတ်စုံဝတ်ဆင်ထားသော ဟုန်ယင်သည် ကျောက်ဆောင်ပေါ်မှ ထရပ်ရင်း နှုတ်ခမ်းများ ကွေးတက်သွားသည်။ ပုရွက်ဆိတ်တစ်ကောင် ရောက်လာတယ်ပေါ့။ ဒါဆိုရင်လည်း မော့ယင် ကိုင်တွယ်ခိုင်းလိုက်သည်။

ဖေယန်က ပြိုင်ဘက်သည် ယုံကြည်မှုရှိပြီး သူ့ကို သတ်ရန် ရည်ရွယ်ထားခြင်းမရှိကြောင်း သူ၏ အဆင့်အတန်းကို စိုးရိမ်နေကြောင်း သိသောကြောင့် အံကြိတ်လိုက်သည်။

“ဂျိမ်း”

ဟုန်ယင် ထရပ်လိုက်သောအခါ သူ့ခြေထောက်အောက်ရှိ လူတစ်ဝက်ခန့်ရှိသော ကျောက်ဆောင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးချီသည် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး သူ၏ အနက်ရောင်ဆံပင်များသည် လွင့်မျောနေကာ သူ၏ မျက်ဆန်များသည် ဖျော့တော့သော အနီရောင်နှင့် ဒေါင်လိုက် ဖြစ်လာသည်။

“အားကောင်းတယ်… အရမ်းအားကောင်းတယ်။” ဟုန်ကျန်းရှန့်၏ မျက်လုံးထဲတွင် မကြုံစဖူး လေးနက်မှုတို့ ထင်ဟပ်နေလေ၏။ ဟုန်ယင်၏ ခွန်အားသည် မော့ယင်ထက်ပင် အားကောင်းသည်။ သူသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းသော ရန်သူတစ်ဦးဖြစ်သော်လည်း ယခုအခါ အစွမ်းကုန် တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပါ။

“ဝုန်း”

ဟုန်ကျန်းရှန့်ရဲ့ ချီနဲ့သွေးတွေဟာ မီးတောင်တစ်ခုလို ပေါက်ကွဲထွက်လာပြီး သူ့ခေါင်းပေါ်မှာ ကြီးမားတဲ့ မီးပြင်းဖိုကြီးတစ်ခု ရှိနေကာ မီးတောက်တွေ ဟုန်းဟုန်းတောက်နေသည်။ ၎င်းက သန့်စင်ထားတဲ့ ချီနဲ့သွေးတွေကို အစွန်းဆုံးထိ ပို့လိုက်တာဖြစ်သည်။

စွမ်းအားကြီးပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကြီးမားတဲ့တိုက်ပွဲဟာ အနက်ရောင်ရွှံ့တောထဲမှာ ပေါက်ကွဲထွက်တော့မည့်နှယ်။

“ဝှီး”

တစ်ချိန်တည်းမှာပဲ မော့ယင်က ဟုန်ကျန်းရှန့်ကို အလွတ်ပေးလိုက်သည်။ သူက စူးချန်ခုန်းဆီကို အလျင်စလို ပြေးသွားပြီး သူ့လက်တွေကို စုဝေးကာ အနက်ရောင်နတ်ဆိုးချီကို လေးတစ်ချောင်းအဖြစ် စုစည်းလိုက်သည်။ လေးကို ဆွဲပြီး မြားတစ်ချောင်း ပစ်လွှတ်လိုက်ရာ လေမိုးကြိုးမြားအတတ်ကို အသုံးပြုပြီး အနက်ရောင်နတ်ဆိုးချီရဲ့ မြားတစ်စင်းပြီးတစ်စင်း ပစ်လွှတ်လိုက်သည်။

မော့ယင်က စူးချန်ခုန်းရဲ့ လေမိုးကြိုးမြားအတတ်ကို အလွယ်တကူတုပပြီး ပြန်လည်တိုက်ခိုက်တော့သည်။

“ဟိတ်လူသား..ပုရွက်ဆိတ်လေး.. မင်းဘယ်လောက် အရေးမပါလဲဆိုတာ ငါမင်းကို သဘောပေါက်အောင် လုပ်မယ်။” မော့ယင်က ရူးသွပ်နေတဲ့အသံနဲ့ အော်ဟစ်လိုက်သည်။

ဝှစ် ဝှစ် ဝှစ်

စူးချန်ခုန်းက တွန့်ဆုတ်မနေပါ။ လေးနှင့်မြားများကို ဆွဲကာ မြားတစ်ခုချင်းစီသည် လေမိုးကြိုးချိတ်ဆက်ထားသော ပုတီးစေ့များကဲ့သို့ ပျံသန်းသွားသော ဥက္ကာပျံများသဖွယ် သူ့လက်ချောင်းများ၏ ဆုပ်ကိုင်မှုမှတစ်ဆင့် လေးကြိုးအားဖြင့် ပျံထွက်သွားသည်။

“ဒုန်း ဒုန်း ဒုန်း”

ချက်ချင်းပင် မြားများသည် လေထဲတွင် ကျယ်ပြန့်သွားပြီး မိုးကြိုးသံနှင့်အတူ ပေါက်ကွဲထွက်လာကာ အနီးနားရှိ သစ်ပင်များကို ဖြတ်၍ ကွဲအက်သွားသော အက်ကွဲသံနှင့်အတူ အရပ်မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။

လက်ရည်အတူတူပင်။

“ငါ သူ့ကို မြားအတတ်နဲ့ အနိုင်ယူလို့မရဘူး။”

ဒါက စူးချန်ခုန်း မျှော်လင့်ထားသည့်အတိုင်းပင်။ သူသည် ကျောပေါ်ရှိ ကြယ်ပုံစံလေးကို ချွတ်ချလိုက်ပြီး အလျင်အမြန် ချဉ်းကပ်လာသော မော့ယင်ကို မျက်လုံးထဲတွင် အေးစက်သော ပြတ်သားမှုများဖြင့် စိုက်ကြည့်နေသည်။

“ရွှမ်း”

စူးချန်ခုန်း၏ လက်ဖဝါးက ခါးမှသံဖြတ်ဓားကို ထိလိုက်သည်။ သူ ရှေ့သို့ ခြေလှမ်းလိုက်သောအခါ သံဖြတ်ဓားသည် ဓားအိမ်၏ ချုပ်နှောင်မှုမှ လွတ်မြောက်သွားပြီး မော့ယင်၏ လည်ပင်းဆီသို့ ခုတ်ထစ်လိုက်စဉ် ငွေရောင် အလင်းတန်းတစ်ခု ပေါ်လာသည်။ ဤခုတ်ချက်က မူလဓားစွမ်းအင်ကို အသုံးမပြုဘဲ ရိုးရှင်းလေသည်။

“ဖောက်”

မော့ယင်က ရှောင်တိမ်းခြင်းမပြုခဲ့ဘဲ ဓားက သူ့လည်ပင်းကို ချောမွေ့စွာ ခုတ်ချလိုက်ရာ သူ့ခေါင်းက လေထဲသို့ လွင့်ထွက်သွားခဲ့သည်။ သို့သော် ပေဝက်အမြင့်သို့ပင် မရောက်မီတွင်ပင် စုစည်းထားသော နတ်ဆိုးစွမ်းအားအမျှင်များသည် သူ့ခေါင်းကို လည်ပင်းနှင့် ပြန်လည်ချိတ်ဆက်ပြီး သူ့ကို ထိခိုက်မှုမရှိစေခဲ့ပါ။

မော့ယင်က သူ၏လှုပ်ရှားမှုများကို တုပရန် စူးချန်ခုန်း၏ ဓားချက်ကို ခံယူလိုက်သည်။ သူ၏ နတ်ဆိုးအတတ်တွင် ကန့်သတ်ချက်များရှိသည်။ သူ၏ပြိုင်ဘက်က ဦးစွာတိုက်ခိုက်မှသာ သူက ထိုတိုက်ခိုက်မှုကို တုပနိုင်သည်။

နတ်ဆိုးအတတ် အသက်ဝင်လာသည်နှင့် မော့ယင်သည် စူးချန်ခုန်း၏ သံဖြတ်ဓားနည်းစနစ်ကို ချက်ချင်းတုပလိုက်ပြီး နတ်ဆိုးချီသည် သူ့ခါးတွင် အလားတူ အနက်ရောင် ဓားရှည်တစ်ချောင်းအဖြစ် စုစည်းကာ လက်ဖြင့် လက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။

“ငါ မင်းကို… စိတ်ပျက်အားငယ်အောင် လုပ်ပေးမယ်။” မော့ယင်၏ အရိပ်မည်းမျက်နှာသည် ရက်စက်စွာ တွန့်ချိုးသွားသည်။ သူ အနှစ်သက်ဆုံးမှာ ရန်သူများ အစွမ်းကုန် အသုံးပြုနေသည်ကို မြင်တွေ့ရခြင်းဖြစ်ပြီး သူတို့၏ မည်သည့်လှုပ်ရှားမှုကိုမဆို သူ အလွယ်တကူ တုပနိုင်ကာ သူ့လက်ဖြင့် စိတ်ပျက်အားငယ်စွာ သေဆုံးသွားကို တွေ့ရခြင်းပင်။

“ရွှမ်း”

မော့ယင်၏ ဓားခုတ်ချက်သည် စူးချန်ခုန်း၏ လှုပ်ရှားမှု အတိအကျအတိုင်း တုံ့ပြန်လာသည်။ အစွမ်းသတ္တိ သို့မဟုတ် မြန်နှုန်းတွင် စူးချန်ခုန်း၏ မှန်ပုံရိပ်ကဲ့သို့ပင် ခွဲခြား၍မရပေ။

မော့ယင်၏ ဓားခုတ်ချက်ကို ရင်ဆိုင်ရင်း စူးချန်ခုန်း၏ မျက်နှာအမူအရာက တည်ငြိမ်နေသည်။ လေပြေတစ်ချက်တိုက်ခတ်လာပြီး သူသည် ဓား၏လက်ကိုင်ကို ဆုပ်ကိုင်ကာ မော့ယင်၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရန် ဓားတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ခုတ်လွှဲလိုက်သည်။

သို့သော် ဤဓားခုတ်ချက်သည် သဘာဝလှုပ်ရှားမှု၏ စွမ်းအားကို သယ်ဆောင်ထားသကဲ့သို့ အလွန်အမင်း လွမ်းမိုးမှုရှိပြီး ရပ်တန့်၍မရဟု ခံစားရသည်။

“ရွှမ်း”

ဓားနှစ်ချောင်း တိုက်မိပြီး မော့ယင်ရဲ့နတ်ဆိုးချီပုံစံ ဓားရှည်ဟာ အလွယ်တကူ ကျိုးပဲ့သွားခဲ့သည်။ ခုတ်ချက်က အဲဒီမှာတင် မရပ်ခဲ့။ စက္ကူပါးပါးတစ်ရွက်ကို လှီးဖြတ်သလို မော့ယင်ရဲ့ ရင်ဘတ်ကို ဖြတ်ပြီး သူ့ကို ခွဲထွက်သွားစေခဲ့သည်။

“ဘယ်လို… ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

အဲဒီအချိန်မှာ မော့ယင်ဟာ သူ့ခန္ဓာကိုယ် လှီးဖြတ်ခံရတဲ့ နာကျင်မှုကို ခံစားရင်း အံ့သြမှင်သက်နေခဲ့သည်။ မယုံနိုင်စရာပါပင်။

အခန်း (၃၅၆) ဝိညာဉ်စွမ်းအင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်း။ ပန်းသုံးပွင့် ထိပ်တွင် စုဝေးခြင်း။ (၁)

သူသည် ဤလူသား၏ ဓားနည်းစနစ်ကို တုပရန် နတ်ဆိုးအတတ်ကို အသုံးပြုခဲ့ပြီး အမြန်နှုန်းနှင့် စွမ်းအား နှစ်မျိုးလုံး နှိုင်းယှဉ်နိုင်သော်လည်း အဘယ်ကြောင့် သူ့ကို ထိမိသောအခါ ကြေမွသွားစေခဲ့သနည်း။

“အဟုတ်ပဲ… သူက ငါ့ရဲ့ ဓားစွမ်းအားကို အတုမခိုးနိုင်ဘူး။”

လွယ်ကူသည့် အလျားလိုက်ခုတ်ချက်ဖြင့် စူးချန်ခုန်းသည် မော့ယင်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲလိုက်ပြီး သူမျှော်လင့်ထားသည့်အတိုင်း နတ်ဆိုးအတတ်သည် ရုပ်ပိုင်းဆိုင်ရာစွမ်းရည်များကို တုပနိုင်သော်လည်း ဓားစွမ်းအားသည် ဝိညာဉ်ရေးရာနှင့် နယ်ပယ်အဆင့်နှင့် သက်ဆိုင်ပြီး မော့ယင် ပုံတူကူး၍မရပေ။

အပေါ်သို့ ခုတ်ခြင်း။

စူးချန်ခုန်းက ဆက်တိုက်တိုက်ခိုက်လိုက်နှင့် ဒုတိယခုတ်ချက်က ချက်ချင်းပင် လိုက်ပါလာပြီး အလွန်တည်ငြိမ်နေဆဲဖြစ်သော အပေါ်သို့ လွှဲခုတ်ခြင်းဖြစ်သည်။ သူသည် မူလဓားစွမ်းအင်ကို အသုံးမပြုခဲ့သလို သူ၏ စစ်မှန်သော ချီကိုလည်း အသုံးမပြုခဲ့ပါ။ ၎င်းသည် ရိုးရှင်းသော ခုတ်ချက်တစ်ခုသာဖြစ်သော်လည်း ဓားစွမ်းအားကို သယ်ဆောင်လာသည်။

ချက်ချင်းပင် မော့ယင်၏ ခုတ်ခံထားသော ခန္ဓာကိုယ်သည် လျင်မြန်စွာ ပြန်ဆက်သွားခဲ့သည်။ စူးချန်ခုန်းရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရင်း သူဟာ ဓားခုတ်နည်းစနစ်ကို အတုယူလိုက်ပေမယ့် အောက်ကို ခုတ်ချပြီး စူးချန်ခုန်းရဲ့ သံဖြတ်ဓားဆီကို ဖိချလိုက်သည်။

“ချွမ်း”

ဒါပေမယ့် သူတို့ ထိပ်တိုက်တွေ့တဲ့အချိန်မှာ မော့ယင်ရဲ့ မိစ္ဆာချီဓားဟာ တစ်ဖန် ကျိုးသွားပြန်သည်။ ဓားသွားက မော့ယင်ရဲ့ ဝမ်းဗိုက်နဲ့ နဖူးထိ ဖြတ်သွားပြီး ကျယ်ပြန့်လှတဲ့ဒဏ်ရာကြီးတစ်ခု ပေါ်လာကာ သူ့ကို နှစ်ခြမ်းကွဲသွားစေပြီး လှုပ်နေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို အားလုံးမြင်အောင် ဖော်ထုတ်လိုက်လေသည်။

“ဒါ… ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

မော့ယင်ဟာ လုံးဝ အံ့သြမှင်သက်နေလေ၏။ ဓားခုတ်နည်းစနစ်က အတူတူပဲဟာကို စူးချန်ခုန်းက ဘာလို့ ဒီလောက်အစွမ်းထက်နေရတာလဲ။ ကွာခြားချက်က သူ့ကို ကြေမွလုနီးပါးပင်။ မော့ယင်မှာသာ မသေနိုင်တဲ့ ခန္ဓာကိုယ် မရှိခဲ့ရင် သူ လုံးဝသေဆုံးသွားမှာဖြစ်သည်။

“ရွှမ်း ရွှမ်း ရွှမ်း”

သံဖြတ်ဓားကို ဝှေ့ယမ်းရင်း စူးချန်ခုန်းဟာ အလျားလိုက်ခုတ်ခြင်း၊ အပေါ်သို့ ခုတ်ခြင်း၊ ဟက်တပ်ခွဲခြင်း စတဲ့ ခုတ်ချက် တစ်ခုပြီးတစ်ခုစီကို ပုံမှန်ပြောင်းလဲမှုမရှိ မူလဓားစွမ်းအင်ကို မသုံးဘဲ ခုတ်ထစ်နေလေ၏။ သို့ပေမယ့် စွမ်းအားကတော့ ကြောက်စရာကောင်းလှသည်။ မော့ယင်သည် တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် ဓားကို ဝှေ့ယမ်းနေသော်လည်း အလွယ်တကူ အနိုင်ယူခံလိုက်ရပြီး သူ့ခန္ဓာကိုယ်သည် အကြိမ်ကြိမ် ကွဲပြီး ပြန်ဆက်နေသည်။

တစ်ချက်ပြီးတစ်ချက် ခုတ်ထစ်နေပြီး တစ်ချက်ချင်းစီက ပြင်းထန်လှကာ မော့ယင်၏ ခါးကို ဖြတ်လိုက် နှစ်ခြမ်းခွဲလိုက်ပင်။ သူချက်ချင်း ပြန်ဆက်သွားသော်လည်း စူးချန်ခုန်းသည် နတ်ဆိုး၏ မသေနိုင်သောခန္ဓာကိုယ်တွင် ကန့်သတ်ချက်များရှိပြီး ဒဏ်ရာတိုင်းသည် ၎င်း၏ကိုယ်ပိုင်စွမ်းအင်ကို ကုန်ဆုံးစေကြောင်း သိသည်။ ၎င်း၏အကန့်အသတ်သို့ ရောက်ရှိသွားသည်နှင့် သေဆုံးသွားမည်ပင်။

ထိုကဲ့သို့သော ဓားချက်များသည် ချီစွမ်းအင် သို့မဟုတ် မူလဓားစွမ်းအင်ကို မသုံးသည်ဖြစ်ရာ စူးချန်ခုန်းအပေါ် ဖိအားမရှိသလောက်ဖြစ်ပြီး မော့ယင်သည် သူ၏ဓားစွမ်းအင်ကို တုပခြင်းမှ တားဆီးခဲ့သည်။

အလွန်အားနည်းလွန်းသည်။ အရမ်းကို အားနည်းလွန်းသည်။

ဤမော့ယင်သည် နတ်ဆိုးအတတ်ကို အသုံးပြု၍ သူ၏ဓားနည်းပညာကို တုပခဲ့သော်လည်း သူ့မှာ ဓားစွမ်းအား ရှိသည်။ လုံးဝစိန်ခေါ်မှုမရှိသော ချေမှုန်းခြင်း၊ အားစိုက်ထုတ်မှုမရှိဘဲ မော့ယင်ကို နုတ်နုတ်စင်းကာ ခုတ်ထစ်ခြင်းက အလွန်ကိုမှ အေးဆေးလေရာ စူးချန်ခုန်း တိုက်နေရင်း ပျော်စရာမကောင်းတော့ပေ။

အရွယ်ရောက်ပြီးသူတစ်ယောက်က အသက်ငယ်သော ကလေးတစ်ယောက်ကို အနိုင်ကျင့်နေသည့်အလား။

"မင်း အရမ်းအားနည်းတာပဲ။ ပြီးခဲ့တဲ့နှစ်က မင်းအပျင်းကြီးနေခဲ့တာလား။ နည်းနည်းလေးမှ တိုးတက်မှုမရှိဘူး။"

နောက်ထပ် လွယ်လွယ်ကူကူ ခုတ်လိုက်တဲ့အခါ စူးချန်ခုန်းက မော့ယင်ရဲ့ ခေါင်းကို ဖြတ်လိုက်ပြီး ဘာမှ မပြောဘဲ မနေနိုင်ခဲ့ဘူး။

ဒါကို ကြားတော့ မော့ယင်ရဲ့ မျက်လုံးတွေ နီရဲသွားသည်။ ဒီလူငယ်လေးကို ပုရွက်ဆိတ်တစ်ကောင်လို့ပဲ သူ မြင်ခဲ့တာဖြစ်သည်။

သူ့အထင်အရ နတ်ဆိုးအမြုတေနဲ့ ပေါင်းစပ်ပြီးနောက် သူဟာ သိုင်းပညာပါရမီရှင်တွေလို့ ခေါ်တဲ့သူတွေထက် မြင့်တက်လာတဲ့ အသွင်ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရသည်ဟူ၍ပင်။ သူ့ရဲ့ တိုးတက်မှုနှုန်းက သိုင်းပညာရှင်တိုင်း လက်လှမ်းမမီနိုင်အောင် မြင့်မားလွန်းတာကြောင့် သူ့ထက် အားနည်းတဲ့သူတွေအကြောင်း သူ ဘယ်တုန်းကမှ မစဉ်းစားခဲ့။ အားနည်းတဲ့သူတွေဖြစ်တာကြောင့် သူတို့က သူ့ထက် ပိုအားကောင်းနိုင်မှာ မဟုတ်ဘူးလေ။ သူတို့ရဲ့ တိုးတက်မှုနှုန်းကလည်း အတူတူ မဟုတ်ပါ။

ဒါပေမယ့် တစ်နှစ်အတွင်းမှာပဲ ဒီအနက်ရောင်ဝတ်စုံနဲ့ လူငယ်လေးက သူ့ကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့ပြီး တုံ့ပြန်ဖို့တောင် မတတ်နိုင်တော့ပါ။ သူတစ်ချိန်က ဂုဏ်ယူခဲ့ရတဲ့ နတ်ဆိုးအတတ်ဟာ အသုံးမဝင်သလို ထင်ရပြီး လုံးဝကျရှုံးသွားသလို အားသာချက်လည်း မရှိတော့ပါ။

စူးချန်ခုန်းက သူတို့နောက်ဆုံးတစ်ခေါက်တွေ့ဆုံစဉ်က သူ့ရဲ့ ကျွမ်းကျင်မှုတွေကို တမင်တကာ လျှော့ထားတာ များလား။

"ငါ မင်းကို သတ်ပစ်မယ်။ နတ်ဆိုးစွမ်းအင်ပုံစံအတတ်"

မော့ယင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ့နှလုံးက ပြင်းထန်စွာ ခုန်ပေါက်နေလေ၏။ သူ့ရဲ့ အရိပ်ဖုံးလွှမ်းနေတဲ့ အရပ်အမောင်းဟာ မြင့်လည်းမမြင့်၊ ပုလည်းမပုဘဲ ရုတ်တရက် ဖောင်းကြွလာပြီး သူ့ခန္ဓာကိုယ်ဟာ အံ့မခန်းပြောင်းလဲသွားတဲ့အချိန်မှာ တွန့်ချိုးသွားခဲ့သည်။

ခဏလေးအတွင်းမှာပဲ မော့ယင်က ဆယ်ပေနီးပါးမြင့်တဲ့ ဦးချိုနှစ်ချောင်းပါတဲ့ ဧရာမလူဝံကြီး အငယ်စားလေးအဖြစ် ပြောင်းလဲသွားပြီး နွားထီးတစ်ကောင်ရဲ့ ခေါင်းနဲ့ခွာတွေရှိသည်။ ကြွက်သားတွေက စွမ်းအားအပြည့်နှင့် ပုံဖော်ထားလေ၏။

မော့ယင်ရဲ့ ခန္ဓာကိုယ်မှာ သိပ်သည်းနေတဲ့ မိစ္ဆာချီစွမ်းအားတွေ ရစ်ပတ်နေပြီး သူ့ပတ်လည်မှာ ရစ်ခွေနေတဲ့ မြွေမည်းတွေလိုပင်။ သူ့ရဲ့သွေးကြောတွေက သူ့ခန္ဓာကိုယ်တစ်လျှောက်မှာ ပေါက်ကွဲထွက်နေတဲ့ စွမ်းအားတွေနဲ့ ထင်ထင်ရှားရှား ဖောင်းကြွနေသည်။

အင်အားလှိုင်းတစ်ခုက စူးချန်ခုန်းရဲ့ တိုက်ခိုက်မှုကို ရပ်တန့်သွားစေခဲ့သည်။

နတ်ဆိုးစွမ်းအင်ပုံစံအတတ်ဟာ မော့ယင် မကြာသေးမီက ရရှိခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် နည်းစနစ်တစ်ခုဖြစ်ပြီး နတ်ဆိုးအတွေးများကို အာရုံစိုက်ကာ သက်ရှိပုံစံအားလုံးကို တုပနိုင်သည်။ အခြားသူများ၏ စွမ်းရည်များကို တုပနိုင်သော မော့ယင်ကဲ့သို့သောသူနှင့် ကွက်တိပင်။ ဤသိုင်းပညာအတတ်ကို နတ်ဆိုးအတတ်နှင့် ပေါင်းစပ်အသုံးပြုခြင်းဖြင့် မော့ယင်သည် သူမြင်တွေ့ခဲ့ရသော မည်သည့်အစွမ်းထက်သော မိစ္ဆာနတ်ဆိုး သို့မဟုတ် သတ္တဝါကြီးအဖြစ်သို့ ပြောင်းလဲနိုင်သည်။

ယခုအခါ နွားခေါင်းနှင့်လူ၏ပုံစံသည် ထိုကဲ့သို့သော မိစ္ဆာနတ်ဆိုးတစ်ကောင်ဖြစ်ပြီး အဆင့်နိမ့်နတ်ဆိုးများထက် များစွာ ကြောက်စရာကောင်းသည်။

ပုံမှန်အားဖြင့် မော့ယင်သည် နတ်ဆိုးအတတ်နှင့်သာ တိုက်ခိုက်လေ့ရှိသော်လည်း သူ့မှာ ထိုလှည့်ကွက်တစ်ခုတည်းသာရှိသည်ဟု မဆိုလိုပါ။ သူပိုင်ဆိုင်သော တိုက်ခိုက်ရေးအစွမ်းသည်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းပါသည်။

“သေလိုက်တော့။”

နွားခေါင်းနှင့်လူခန္ဓာကိုယ်ရှိသော ဆယ်ပေနီးပါးမြင့်သည့် မော့ယင်သည် အနက်ရောင်မိစ္ဆာချီများက သူ့ပတ်လည်တွင် ရစ်ပတ်နေလျက် သစ်တောများကို တုန်လှုပ်စေသော အော်ဟစ်သံ ထွက်ပေါ်လာပြီး သူ၏အထက်အမြင့်နေရာမှ ဧရာမလက်တစ်ဖက်က ရက်စက်ကြမ်းကြုတ်သော ရိုက်ချက်ကို အောက်သို့ ချိန်ရွယ်လိုက်သည်။

စူးချန်ခုန်းရဲ့ နည်းစနစ်တွေကို အတုယူပြီး သူ့ရဲ့ကိုယ်ပိုင်အစွမ်းနဲ့ တိုက်ခိုက်တာမျိုး မလုပ်တော့ဘဲ မော့ယင်ရဲ့ တိုက်ပွဲစွမ်းရည်ဟာ အရင်ကထက် အများကြီး ပိုအားကောင်းလာသည်။ မိစ္ဆာချီတွေ ဝန်းရံထားတဲ့ ဧရာမလက်ကြီးက မကျရောက်လာသေးပေမယ့် လေပြင်းတိုက်ခတ်မှုက အောက်ဘက်ကို ဖိချပြီး ဖိနှိပ်ခံရတဲ့လေထုကို ပေါက်ကွဲစေခဲ့သည်။

“လာစမ်းပါ။”

ဤဖိနှိပ်တဲ့အင်အားကို ခံစားလိုက်ရတဲ့အခါ စူးချန်ခုန်းဟာ မထိတ်လန့်ဘဲ စိတ်လှုပ်ရှားနေခဲ့ပါတယ်။ သူဟာ သံဖြတ်ဓားကို တင်းတင်းဆုပ်ကိုင်ထားပြီး ဓားပုံသဏ္ဍာန် မူလဓားချီစွမ်းအင်က သူ့အတွင်းမှာ လှုပ်ရှားနေလေ၏။ ဓားပေါ်မှာ ဓားချီစွမ်းအင်ရဲ့ ခိုင်မာတဲ့အလွှာတစ်ခု ဖြစ်ပေါ်လာသည်။

ဓားစွမ်းအားကို အသုံးပြုခြင်းအားဖြင့် စူးချန်ခုန်းရဲ့ တိုက်ခိုက်မှုတွေဟာ မူလဓားစွမ်းအင်ကို အသုံးပြုခဲ့တုန်းကနဲ့ နှိုင်းယှဉ်နိုင်ပြီး မူလဓားစွမ်းအင်ဟာ ဓားစွမ်းအားနဲ့အတူ တိုက်ခိုက်လိုက်တဲ့အချိန်မှာ အားဟာ အရင်ကထက် အဆပေါင်းများစွာ ပိုများလာလေသည်။

စူးချန်ခုန်းရဲ့ ဓားခုတ်ချက်ဟာ ငွေရောင်နဂါးတစ်ကောင်လို တောက်ပနေပြီး လေထဲမှာ ငွေရောင်အက်ကွဲကြောင်းတစ်ခု ချန်ရစ်ကာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ဝင်လာနေတဲ့ ဧရာမလက်ကြီးကို တည့်တည့်ခုတ်ချလိုက်လေတော့သည်။

အခန်း (၃၅၇) ဝိညာဉ်စွမ်းအင် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ခြင်း။ ပန်းသုံးပွင့် ထိပ်တွင် စုဝေးခြင်း။ (၂)

ဓားစွမ်းအားနှင့် မူလဓားစွမ်းအင်တို့ ပေါင်းစပ်လိုက်သောအခါ သံမဏိနံရံကိုပင် အလွယ်တကူ ဖြတ်တောက်နိုင်သည်။

“ရွှမ်း”

ဖောင်းကြွနေသော ကြွက်သားများနှင့် ယပ်တောင်အရွယ်အစားရှိသော လက်ဖဝါးများသည် နှစ်ခြမ်းကွဲသွားပြီး ထက်လှသော မူလဓားစွမ်းအင်သည် ဓားမှ ခွဲထွက်ကာ နောက်သို့ လိမ့်တက်သွားပြီး မော့ယင်၏ လက်မောင်းတစ်ခုလုံးနှင့် ပခုံးတစ်ဝက်ထိ ဖြတ်တောက်လိုက်ရာ မိစ္ဆာသွေးများ ဖျန်းကနဲ ကျဲပြန့်ကုန်သည်။

“အားး”

မော့ယင်ထံမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။ ဤဓားခုတ်ချက်သည် အလွန်ပြင်းထန်ပြီး အလွန်နာကျင်လှသည်။ ဓားစွမ်းအင်ကို သယ်ဆောင်လာသော ခုတ်ချက်သည် ယခင်ကထက် များစွာ ပိုမိုကြီးမားသော ပျက်စီးမှုကို ဖြစ်ပေါ်စေခဲ့သည်။

“မဟုတ်ဘူး… ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါလေ့ကျင့်ခဲ့တဲ့ နတ်ဆိုးစွမ်းအင်ပုံစံအတတ်က ငါ့ကို အလယ်အလတ်အဆင့် နတ်ဆိုးမိစ္ဆာအဖြစ် ပြောင်းလဲပေးခဲ့တာ။ ဒါက စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံ ဒါမှမဟုတ် နှစ်ဆယ်ပုံတစ်ပုံသာ ရှိသေးပေမယ့် သူက ငါ့နတ်ဆိုးခန္ဓာကိုယ်ကို အလွယ်လေး မခုတ်နိုင်ရဘူးလေ။”

မော့ယင်သည် သူ့စိတ်ထဲတွင် အလွန်အံ့အားသင့်နေပြီး သူအသုံးပြုသည့် လှည့်ကွက်များသည် မည်သို့ပင်ဖြစ်စေ စူးချန်ခုန်း၏ ရိုးရှင်းသော ခုတ်ချက်တစ်ချက်က သူ့ခန္ဓာကိုယ်ကို စက္ကူကဲ့သို့ ပျက်စီးလွယ်စေတာကို သူ လက်မခံနိုင်ပေ။

မိစ္ဆာနတ်ဆိုး၏ ခန္ဓာကိုယ်သည် အဆင့်တူ သာမန်ကိုယ်ခံပညာရှင်တစ်ဦးထက် များစွာပိုမိုအားကောင်းကြောင်း၊ နတ်ဆိုးစွမ်းအားဖြင့် ၎င်း၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပြီး သတ္တုထက် ပိုမိုမာကျောကြောင်း၊ သာမန်လက်နက်များသည် ၎င်း၏အရေပြားကို ခြစ်မိရန်ခက်ခဲကြောင်း သိထားကြသည်။ မိစ္ဆာနတ်ဆိုးသည် ပိုအားကောင်းလေလေ ပိုအစွမ်းထက်လေလေဖြစ်သည်။

သို့သော် စူးချန်ခုန်း၏ ဓားစွမ်းအားနှင့် မူလဓားစွမ်းအင်သည် ရပ်တန့်၍မရဘဲ အရာအားလုံးကို အလွယ်တကူ ထိုးဖောက်နိုင်ခဲ့သည်။

“မိစ္ဆာနတ်ဆိုးတွေအတွက် သူတို့ရဲ့ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်ဖို့ ကြီးကြီးမားမား ထိခိုက်စေတာ အကောင်းဆုံးပဲ။ ဒါက သူ့ကို အများကြီး အထိနာစေမှာ။”

မိစ္ဆာနတ်ဆိုးများကို တိုက်ခိုက်ရာတွင် အတွေ့အကြုံရှိသော စူးချန်ခုန်းက သူ့ကိုယ်သူ တွေးလိုက်သည်။

မိစ္ဆာနတ်ဆိုး၏ ခြေလက်များ သို့မဟုတ် ဦးခေါင်းကို ဖြတ်တောက်ခံရသော်လည်း ဖြစ်ပေါ်လာသော ဒဏ်ရာများတွေက အတူတူပင်ဖြစ်သည်။ အရေးကြီးသောနေရာများမရှိသကဲ့သို့ပင်။ ထို့ကြောင့် ဒဏ်ရာကြီးကြီးမားမားရစေတာက အကောင်းဆုံးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဒဏ်ရာပြန်ကောင်းဖို့ နတ်ဆိုးစွမ်းအားကို အဆမတန် ပိုမိုလိုအပ်သောကြောင့်ဖြစ်သည်။

“ခုတ်ပစ်”

စူးရှသောအလင်းရောင်သည် စူးချန်ခုန်း၏မျက်လုံးများထဲတွင် လက်ကနဲ ပေါ်လာပြီး သူထပ်မံ တိုက်ခိုက်လိုက်သည်။ ယခုတစ်ကြိမ်တွင် သူသည် သူ၏ဓားစွမ်းအင်ကို မရေမတွက်နိုင်သော ဓားချီများအဖြစ် ပျံ့နှံ့သွားစေပြီး ကျယ်ပြန့်သောပျက်စီးမှုကို ဖြစ်စေလိုက်သည်။ စွမ်းအားက အရင်ကထက် အားနည်းသွားသော်လည်း ဓားစွမ်းအားဖြင့် အားဖြည့်ထားသော ပျက်စီးမှုသည် အံ့အားသင့်စရာကောင်းလောက်အောင်ဖြစ်ပြီး မော့ယင်၏ မိစ္ဆာနတ်ဆိုးခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်ဖို့ လုံလောက်ပါသည်။

ဝှူးရှ် ဝှူးရှ် ဝှူးရှ်

ဓားချီဆယ်ခုသည် ဓားများစွာကဲ့သို့ ပြန့်ကျဲကာ ခုတ်ထစ်နေပြီး ဓားစွမ်းအား၏တွန်းအားအောက်တွင် ရပ်တန့်၍မရနိုင်တော့ပေ။

“ဒုတ် ဒုတ် ဒုတ် ဒုတ်”

မော့ယင်သည် သူ့လက်မောင်းများကို အသုံးပြု၍ ရှေ့ပိုင်းကို ကာကွယ်သော်လည်း အချည်းနှီးသာ။ သူ၏ ဆယ်ပေနီးပါးမြင့်သော ခန္ဓာကိုယ်သည် တွန့်လိမ် စုတ်ပြဲနေကာ နတ်ဆိုးစွမ်းအားများက ခန္ဓာကိုယ်ကို ပြန်ဆက်ဖို့ ကြိုးစားနေသော်လည်း ၎င်းသည် ယခင်ကထက် များစွာနှေးကွေးနေသည်မှာ သိသာပါသည်။

“သေလိုက်တော့”

စူးချန်ခုန်းသည် အထပ်ထပ်အခါခါ ခုတ်ထစ်နေပြီး မော့ယင်အား သူ့ခန္ဓာကိုယ်ကို ပြန်လည်စုစည်းဖို့ အခွင့်အရေးမပေးဘဲ အရပ်လေးမျက်နှာမှ ခုတ်ထစ်နေသည်။

“ကယ်ပါဦး”

မော့ယင်သည် အလွန်ကြောက်ရွံ့ထိတ်လန့်နေပြီး သေမင်း၏အန္တရာယ်ကို ခံစားမိလိုက်သည်။ ဦးခေါင်းတစ်ခုအဖြစ် ပေါင်းစည်းကာ မော့ယင်က ဟုန်ယင်ကို ကယ်ပေးဖို့ အော်ဟစ်အကူညီတောင်းခဲ့သော်လည်း နောက်တစ်ခဏတွင် သူ့ခေါင်းကိုလည်း ဓားချီများက ဖြတ်တောက်သွားခဲ့သည်။

မော့ယင်သည် အဆက်မပြတ် ခုတ်ထစ်ခံနေရပြီး နုတ်နုတ်စင်းခံနေရသောကြောင့် တုံ့ပြန်ဖို့ပင် မတတ်နိုင်တော့ဘဲ သူ၏နတ်ဆိုးစွမ်းအား တဖြည်းဖြည်း ကုန်ဆုံးနေလေ၏။ သို့သော် လုံးဝ ကုန်ဆုံးသွားသည့်အချိန်တွင် သူ၏သေမင်းရောက်လာလိမ့်မည်သာ။

“ဟင်.. မော့ယင်က အဲ့ဒီလူငယ်လေးနဲ့ မယှဉ်နိုင်ဘူးလား။”

ထိုအချိန်တွင် အဝေးတစ်နေရာမှ အကူအညီတောင်းခံသံများကို ကြားလိုက်ရသောအခါ ဟုန်ယင် အံ့အားသင့်သွားလေ၏။ မှန်းဆချက်အရ ထိုအမည်မသိ လူငယ်လေးသည် မော့ယင်နှင့် ယှဉ်နိုင်သူ မဖြစ်သင့်သော်လည်း သူတို့ တိုက်နေတာ ခဏသာရှိသေးပြီး မော့ယင်က အော်ဟစ်အကူအညီတောင်းနေပြီလား။

“ငါ ဟုန်ကျန်းရှန့်ကို မြန်မြန်သတ်ပစ်ရမယ်။”

အနီရောင်ဝတ်စုံနှင့် ဟုန်ယင်၏ မျက်နှာမှ သက်တောင့်သက်သာ အမူအရာ ပျောက်ကွယ်သွားပြီး ကျောက်စိမ်းပုလွေကို ကောက်ယူကာ စတင်တီးမှုတ်လိုက်သည်။

“ဝူး”

ဝိညာဉ်ခြွေနတ်ဆိုးအသံ စတင်ထွက်ပေါ်လာပြီး လေထဲတွင် မရေမတွက်နိုင်သော အသံလှိုင်းများသည် တစ်ခုနှင့်တစ်ခု အလွှာလိုက် ဖုံးအုပ်သွားကာ ပုံပျက်နေသော ဦးခေါင်းခွံများ၊ ဓားများ၊ ဓားရှည်များ၊ ပုဆိန်များနှင့် အခြားလက်နက်များအဖြစ်သို့ ပြောင်းလဲသွားပြီး ဟုန်ကျန်းရှန့်ဆီသို့ ဆူနာမီလှိုင်းကဲ့သို့ ပြေးဝင်လာသည်။

“ကျင်းကန်းမင်ဘုရင်လက်သီး။”

ဟုန်ကျန်ရှန့်သည် လက်သီး ဆုပ်လိုက်သောအခါ သူ၏ ချီနှင့်သွေးတို့ ဆူပွက်လာပြီး ဒေါသချောင်းချောင်းထွက်နေသော ဘုရင်ကြီးကျင်းကန်းမင်ကဲ့သို့ သွေးများဖြင့် လောင်ကျွမ်းနေပြီး သူ၏လက်သီးများသည် ပြင်းထန်စွာ ထိုးနှက်လိုက်ရာ နတ်ဘုရားစွမ်းအား ပေါက်ကွဲလာသည့်နှယ် ထိုနတ်ဆိုးစွမ်းအားဖြင့် စုစည်းထားသော အသံလှိုင်းများကို ဖျက်ဆီးလိုက်သည်။

“ဂါး”

သို့သော် ပေါက်ကွဲနေသော အသံလှိုင်းများသည် အသံစူးစူးများအဖြစ်သို့ ပြောင်းလဲသွားပြီး ဟုန်ကျန်ရှန့်၏ ဦးနှောက်ထဲသို့ တည့်တည့်ဝင်သွားကာ သူ၏ ချီနှင့်သွေးကို လှုံဆော်လျက် သူ့ခေါင်းပေါက်သွားသကဲ့သို့ သူ့ဦးနှောက်ကို တုန်ခါသွားစေသည်။

ဟုန်ယင်၏ စွမ်းအားက အမှန်တကယ် ခက်ခဲနက်နဲလှသည်။ သူ၏ အသံနှင့်ဆက်စပ်နေသော နတ်ဆိုးအတတ်သည် တူရိယာတစ်ခုနှင့် တွဲဖက်၍ ရန်သူ၏ နှလုံးသားကို ထိခိုက်စေပြီး သူတို့၏ခန္ဓာကိုယ်များကို ကြေမွစေသည့် ပြင်းထန်သော တိုက်ခိုက်မှုကို ဖြစ်ပေါ်စေရာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ခြိမ်းခြောက်မှုအဆင့်အရ ၎င်းသည် မော့ယင်၏ လှည့်ကွက်များထက် ပိုမိုတိုက်ရိုက်ကျပြီး ပိုမိုရက်စက်သည်။

“ငါ… သူ့နားကို ကပ်လို့မရဘူး။”

ဟုန်ကျန်ရှန့်၏ နှလုံးသားသည် အနည်းငယ် ရင်ထိတ်သွားသည်။ ဟုန်ယင်သည် ထိုနေရာတွင် ရပ်နေပြီး ကျောက်စိမ်းပလွေကိုမှုတ်ကာ နတ်ဆိုးစွမ်းအားကိုဖြန့်ကျက်လျက် နတ်ဆိုးအသံကိုအဆက်မပြတ်ဖန်တီးကာ ဟုန်ကျန်ရှန့် အသက်ရှူဖို့ အခွင့်အရေးမပေးဘဲ သူအနားကပ်ရန်ကြိုးစားသည့်တိုင် ဟုန်ယင်သည် တည်ငြိမ်စွာ နောက်ဆုတ်ကာ အကွာအဝေးကိုထိန်းသိမ်းလျက် ရန်သူကိုအနိုင်ယူနိုင်ပြီးမှ ဤသေစေနိုင်သော နတ်ဆိုးအသံကိုရပ်တန့်မည်ဖြစ်သည်။

“ရွှမ်း”

ခဏလောက် သတိလွတ်သွားသည်နှင့် ဟုန်ကျန်ရှန့်၏ပခုံးကို အသံဓားဖြင့်ထိုးခွဲကာ သွေးကွက်များ ကျန်ရစ်ခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ ဟုန်ကျန်ရှန့်၏ချီသွေးမီးပြင်းဖိုသည် ပြိုလဲတော့မည့်လက္ခဏာများ ပြသနေပြီး ချီနှင့်သွေးတို့က ဖရိုဖရဲဖြစ်နေလေပြီ။

“လူသားတစ်ယောက်အနေနဲ့ ဟုန်ကျန်ရှန့်ဟာ တကယ်ကို အစွမ်းထက်တယ်။ ဒါပေမယ့် သနားစရာပဲ… နတ်ဆိုးအမြုတေနဲ့ မပေါင်းစပ်ခင်က ငါလည်း ချီသွေးနယ်ပယ်ထဲက စွမ်းအားကြီးတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ အခုတော့ ပြန်လည်မွေးဖွားခဲ့ပြီးပြီ။ မွေးရာပါနယ်ပယ်က သိုင်းပညာရှင်မဟုတ်ရင် ဘယ်သူမှ ငါ့ကိုအနိုင်မယူနိုင်ဘူး။”

ကျောက်စိမ်းပလွေကိုအဆက်မပြတ်တီးမှုတ်နေစဉ် ဟုန်ယင်သည် စိတ်ထဲ အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေမိသည်။

ဟုန်ကျန်ရှန့်ဟာ တာ့ဖုန်းပြည်နယ်မြို့တော်ရဲ့ နံပါတ်တစ် အားအကောင်းဆုံးပုဂ္ဂိုလ်အဖြစ် လူသိများပေမယ့် ဟုန်ယင်ရဲ့ရှေ့မှာတော့ သူဟာ နည်းနည်းကြာကြာ ပိုခံနိုင်ရည်ရှိရုံသာ။

“မဟုတ်ဘူး… ငါမရှုံးချင်ဘူး။ ငါရှုံးလို့မဖြစ်ဘူး။”

ဟုန်ကျန်ရှန့်ရဲ့မျက်လုံးတွေက မီးတောက်တွေ တဝင်းဝင်း။ သူဟာ တာ့ဖုန်းပြည်နယ်မြို့တော်ရဲ့ စောင့်ရှောက်သူနတ်ဘုရားဖြစ်ပြီး ပြည်သူတွေအတွက် ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ သူဟာ ကျရှုံးမှုကို လုံးဝငြင်းဆန်ခဲ့ပြီး ရှုံးနိမ့်မှုကိုလည်း လက်ခံမည်မဟုတ်ပါ။

All Chapters