← Chapters

ဝမ်တန်ဖေး

Vol. 1 Ch. 10

ဝမ်တန်ဖေး

Vol. 1 Ch. 10

စက်တင်ဘာအကုန်ရောက်လာပြီဖြစ်ရာ ပိုမို၍ ပူပြင်းလာခဲ့၏။ တောင်ဘက်ကုန်းမြေ၊ နန်ရှန်းတိုက်ကြီးရှိ ကျိုးပြည်တွင်ကား နိုဝင်ဘာလခန့်တွင် အပူများ ယုတ်လျော့လေ့ရှိသည်။ ဇန်နဝါရီလတွင် ဆောင်းရာသီ၏အအေးလှိုင်းများ စတင်ဖြတ်သန်း၏။

မနက်ခင်းတစ်ခုတွင် မန်ဟိုသည် ကျင့်ကြံခြင်းဂူ၏အပြင်ဘက်ကို မျက်လုံးများ တောက်ပလျှက် ထွက်လာခဲ့သည်။

“ငါက စဦးချီဖွဲ့စည်းခြင်းအဆင့်(၃)ရဲ့ အမြင့်ဆုံးကို ရောက်ဖို့ ဆံချည်တမျှင်စာပဲ လိုတော့တယ်။ အပြင်စည်းဂိုဏ်းမှာ ငါက စွမ်းအားကြီးတဲ့သူမဟုတ်သေးပေမယ့် အနည်းဆုံးတော့ ဘယ်သူမှ ငါ့ကို ရန်မရှာရဲလောက်တော့ဘူး”

သူက အဝေးကို မျှော်ကြည့်သည်။ လေညင်းများက သူ့ဆံပင်များကို ရိုက်ခတ်ပင့်တင်သွားလျှင် သူသည် စိတ်အေးသက်သာခြင်း၏အရသာကို ခံစားရသည်။

သာမန်စာပေသမားတစ်ဦးသည် အင်မော်တယ်လောကသို့ ဝင်ရောက်လာခဲ့၏။ ဖြစ်ပျက်ခဲ့သမျှအား ပြန်တွေးလျှင် အမှန်တကယ်ဟုပင် ပြောရန် ခက်ခဲပေသည်။

“ငါ့မှာ လုံလောက်တဲ့ဝိညာဉ်ကျောက်တုံးမရှိတာ နာတာပဲ။ ဝိညာဉ်အားတိုးဆေးလုံးတွေက ငါ့အတွက် သိပ်အသုံးမဝင်ဘူး”

ဝိညာဉ်ကျောက်တုံးများအကြောင်းကို တွေးလျှင် သူ၏စိတ်အားတက်ကြွမှုများအားလုံး ပျောက်ကွယ်သွားရသည်။

“ဖက်တီး၊ ဝမ်ယိုချိုင်နဲ့ ခေါင်းမာတဲ့လူငယ်။ ငါတို့ အတူတူ မှီခိုရာဂိုဏ်းသို့ ရောက်လာကြတယ်။ သူတို့ အခု ဘာလုပ်နေကြလဲ မသိဘူး”

မန်ဟိုက ရေရွက်ကာ ရှေ့ကို လှမ်းသွားလိုက်၏။ ခန္ဓာကိုယ်အတွင်းမှ ချီစွမ်းအားများကို လှည့်ပတ်ကာ သူက မြောက်ဘက်တောင်ကုန်းဆီသို့ ဦးတည်လိုက်သည်။

မှီခိုရာဂိုဏ်း၏အရှေ့၊ အနောက်၊ တောင်နှင့်မြောက်ဘက်တောင်ကုန်းများသည် မိုးထိအောင် မြင့်မားကာ အဆောက်အဦများအား ဟိုမှသည်မှ တွေ့ရပေမည်။ မနက်အာရုဏ်ဦးနေရောင်သည် တောင်ထိပ်အား လှပစွာ ဖြန်းပက်ထားသည်ကိုလည်း မြင်နိုင်၏။

တောင်ထိပ်အနီးတွင် တိမ်သားတိမ်စိုင်များ သွားလာနေကြကာ တောင်ကုန်း၏အချို့အစိတ်အပိုင်းများအား ဖုံးအုပ်ထားသည်။ ထိုနေရာကား အမှန်ပင် အင်မော်တယ်တို့၏နေရာနှင့် အလားသဏ္ဌာန်ရ၏။

တောင်ဘက်တောင်ကုန်းမှ မြောက်ဘက်တောင်ကုန်းသို့ သွားမည်၊ သို့သော်လည်း အပြင်စည်းဂိုဏ်းအား ရှောင်လွှဲလိုသည်ဆိုပါက အရှေ့ဘက်တောင်ကုန်း သို့မဟုတ် အနောက်ဘက်တောင်ကုန်းတို့ကို ဖြတ်သန်းသွားရပေမည်။ မန်ဟိုက တောကြက်နှစ်ကောင်ကို ကိုင်ကာ အရှေ့ဘက်တောင်ကုန်းမှ ဖြတ်သန်းသွားခဲ့၏။

“ဖက်တီးကို မတွေ့တာ ၂လလောက် ကြာရောပေါ့။ သူ ဝိတ်ကျနေလောက်ပြီထင်တယ်”

ဖက်တီးအကြောင်းကို တွေးကာ မန်ဟိုက ပြုံးသည်။ ထို့နောက် သူ၏မျက်လုံးများက ဖျတ်ခနဲလက်သွားကာ လမ်းလျှောက်နေရာမှ ရပ်လိုက်၏။

ရှေ့တွင် မြူခိုးများ ဝေနေသော ပတ်ဝန်းကျင်တစ်ခု၌ တန်ဖိုးကြီးအဖြူရောင်ဝတ်စုံကို ဝတ်ထားသော လူငယ်တစ်ယောက် လမ်းလျှောက်နေသည်။

သူကား တခြားသော အပြင်စည်းဂိုဏ်းသားများနှင့်မတူ လွန်စွာ ကွဲပြားခြားနားပေသည်။ သူ၏အဝတ်အစားများသည် နှင်းကဲ့သို့ ဆွတ်ဆွတ်ဖြူနေကာ ဆံပင်ရှည်များသည် ပုခုံးပေါ်သို့ ပြန့်ကျဲကျဆင်းနေသည်။ သူကား အလွန်အမင်း ချောမောလွန်းရာ ကောင်းကင်နှင့် သဘာဝတရားတို့၏ကောင်းချီးပေးခြင်းကို ခံရသည့်သူအလား ထင်မှတ်ရပေသည်။

သူ၏အမူအရာကား တည်ငြိမ်ကာ ၎င်းအမူအရာအား ပြောင်းလဲရန် မည်သည့်အရာကမှ စွမ်းဆောင်နိုင်မည့်ဟန်မရှိပေ။ တောင်များ သူ့ရှေ့တွင် ပြိုကျလာခဲ့လျှင်ပင် သူ၏အမူအရာက ပြောင်းလဲမည်မဟုတ်ပေ။

သူ့ဘေးတွင် လူငယ်နှစ်ယောက် လျှောက်နေကာ သူတို့သည်လည်း ချောမောသော်လည်း ဝတ်စုံဖြူလူငယ်အား ခြေဖျားပင် မမှီပေ။

“အစ်ကိုဝမ် … နောက်နှစ်နည်းနည်းကြာရင် ဂိုဏ်းက အစ်ကိုဝမ်ကို အတွင်းစည်းသို့ အဆင့်မြှင့်တင်ဖို့ အထူးလေ့ကျင့်မှုတစ်ခု ပြုလုပ်ပေးမယ်ကြားတယ်။ ကျွန်တော်တို့ ဂျူနီယာလေးတွေက အစ်ကိုဝမ်ကို ကြိုပြီး ဂုဏ်ပြုပေးပါတယ်”

“ဟုတ်တယ်။ အစ်ကိုဝမ်က ဂိုဏ်းထဲကို ဝင်လာတာနဲ့ ကျော်ကြားနေပြီ။ အစ်ကိုဝမ်က ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှာတောင် နာမည်ကျော်ကြားလာပြီး သူတို့က စိတ်ဝင်စားခဲ့ကြတယ်။ ဒါပေမဲ့လည်း အစ်ကိုဝမ်က မှီခိုရာဂိုဏ်းမှာပဲ ဆက်နေခဲ့တယ်။ ၂နှစ်အတွင်း စဦးချီဖွဲ့စည်းခြင်း အဆင့်(၆)သို့ ရောက်လာခဲ့တယ်။ ဂိုဏ်းအကြီးအကဲတွေက အထူးလေ့ကျင့်ရေးအစီအစဉ်ဟာ အစ်ကိုဝမ် အတွင်းစည်းသို့ ရောက်ဖို့ တမင်လုပ်တဲ့ပွဲလို့ ပြောတာ ကြားတယ်”

“မှန်တယ်။ အစ်ကိုဝမ်က အတွင်းစည်းသို့ ရောက်ရင် အစ်မရှုနဲ့ အစ်ကိုကြီးချန်းတို့ကို ကျော်ဖြတ်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး။ အစ်ကိုဝမ်က မှီခိုရာဂိုဏ်းရဲ့ နံပါတ်တစ် တပည့်ဖြစ်လာမှာပဲ”

ဤတွင် ဝတ်စုံဖြူလူငယ်က ညင်သာစွာ ပြောသည်။

“စကားကို ရမ်းမပြောနဲ့။ အစ်မရှုက ရွေးချယ်ခံပဲ။ အစ်ကိုချန်းကတော့ တာအိုမှာပဲ စိတ်နှလုံး မြှုတ်နှံထားတယ်။ ငါတို့အားလုံးဟာ တဂိုဏ်းတည်းသားချင်းတွေ ဖြစ်ပြီးတော့ ငါဟာလည်း သူတို့ကို အရမ်းလေးစားအားကျသူဖြစ်တယ်”

သူ၏လေသံက ညင်သာကာ နွေးထွေးပြီး ကြားသူတိုင်းကို သက်တောင့်သက်သာဖြစ်စေသည်။ သူကား အပြင်စည်းဂိုဏ်း၏နံပါတ်တစ် တပည့်ဖြစ်သော ဝမ်တန်ဖေးဖြစ်ပေသည်။

“အစ်ကိုဝမ်က ကျင့်ကြံခြင်းမှာ အရမ်းကောင်းတဲ့ ကျွမ်းကျင်မှုတွေ ရရှိထားပြီးပြီ။ ဒီလို ဗီဇပါရမီနဲ့ ကောင်းမွန်တဲ့သဘာဝတို့နဲ့ဆိုရင် ကျွန်တော်တို့ ဂျူနီယာလေးတွေက အစ်ကိုဝမ်ဆီက လိုလိုလားလားနဲ့ သင်ယူလေ့လာချင်တာပေါ့”

“ဟုတ်တယ်၊ အစ်ကိုဝမ်က လူတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံတယ်။ ဂိုဏ်းတစ်ခုလုံးက အစ်ကိုဝမ်ကို သိကြတယ်။ ကျွန်တော် အစ်ကိုဝမ်ကို အရမ်းလေးစားတာပဲ”

သူတို့သုံးယောက်သည် စကားပြောရင်း မန်ဟိုရှိရာဘက်သို့ တရွေ့ရွေ့လာနေကြသည်။ အစ်ကိုဝမ်ဆိုသူသည် မန်ဟိုအား မြင်လျှင် ခေါင်းညိတ်ပြသည်။ သို့သော်လည်း တခြားနှစ်ယောက်ကား မန်ဟိုကို ကြည့်ပင် မကြည့်ပေ။

သူတို့ အဝေးကို ရောက်သွားလျှင် မန်ဟိုက အစ်ကိုဝမ်ဆိုသူအား ကြည့်၏။ ဤတွင် သူ၏ခြေထောက်သည် မြေပြင်မှ ၇လက်မအကွာ၌ ရှိနေသည်ကို သတိထားမိသည်။ မန်ဟိုကား ကြီးစွာ ထိတ်လန့်သွား၏။

သူကိုယ်တိုင်က ထိုလူငယ်နှင့် နှိုင်းယှဉ်ရန် မဖြစ်နိုင်ကြောင်း မန်ဟိုသိသည်။ သူကား သာမန်ရွက်ကြမ်းရေကျိုရုပ်ရည်ဖြင့် ဆွဲဆောင်မှုရှိသော ပုံစံမဟုတ်ပေ။

“ဒါဆို သူက အစ်ကိုကြီးဝမ်တန်ဖေးဆိုတာပေါ့။ သူက လေပေါ် ပျံတက်နိုင်တာပဲ။ အဲဒီပညာက စဦးချီဖွဲ့စည်းခြင်းအဆင့်(၅)ရောက်ရင် လေ့ကျင့်နိုင်တယ်လို့ သိရတယ်”

သူက အစ်ကိုကြီးဝမ်တန်ဖေးနှင့်ပတ်သက်၍ များစွာ ကြားသိထားပေသည်။ ဝမ်တန်ဖေး ဂိုဏ်းသို့ ဝင်လာကစ၌ ကျိုးပြည်၌ များစွာ လှုပ်ခတ်ခဲ့၏။ ဂိုဏ်းက သူ့အား ထိန်းသိမ်းရန် မည်သို့သော တန်ကြေးများ ပေးဆပ်ခဲ့ရသည်ကိုတော့ မည်သူမှ မသိပေ။

“ငါသာ သူ့လိုချောမောရင် နန်းတွင်းစာမေးပွဲမှာ ပထမရပြီးတော့ အင်ပါယာရဲ့သမီးကိုတောင် လက်ထပ်ရနိုင်တယ်”

အားကျစွာဖြင့် မန်ဟိုက နောက်လှည့်ကာ မြောက်ဘက်တောင်ကုန်းဆီသို့ ဦးတည်လိုက်သည်။ သူက မရပ်မနား ခရီးနှင်လာခဲ့ရာ နေ့လည်ပိုင်းတွင် မြောက်ဘက်တောင်ကုန်းနှင့်ဆက်စပ်နေသော တောကြီးထဲသို့ ရောက်လာသည်။ ထိုနေရာကား သူနှင့်ဖက်တီးလေးတို့ သစ်ခုတ်လေ့ရှိသော နေရာဖြစ်သည်။

သူက ထိုနေရာသို့ ရောက်သည်နှင့် သစ်ခုတ်သံများကို ကြားရသည်။ သူက ပြုံးလျှက်ပင် ဆက်လျှောက်သွားရာ သစ်ပင်တစ်ပင်ကို ခုတ်နေသော ဖက်တီးအား မြင်သည်။ သူက လှမ်းနှုတ်ဆက်ရန် ပြင်လိုက်ပြီးမှ နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။

“မင်း ငါ့မိန်းမကို ခိုးတယ်။ ငါ့ပေါက်စီကို ခိုးတယ်။ ငါမင်းကို သေအောင်ခုတ်မယ်။ ငါမင်းကို သေအောင်ကိုက်မယ်”

ဖက်တီးကား ပိန်မသွားပေ။ ပို၍ပင် ဝလာသေး၏။ သူကား ဘောလုံးတစ်လုံးနှင့်ပင် တူနေချေသေးသည်။ သူကား မျက်လုံးကို မှိတ်ကာ သစ်လုံးများ၏အလယ်တွင် ရပ်နေသည်။ ထို့နောက်တွင် သူက ခါးကုန်းကာ သစ်ပင်တစ်ပင်အား ခုတ်ပိုင်းလိုက်၏။ ပြီးလျှင် သူက ပုဆိန်ကို ပစ်ချကာ အိပ်မောကျသွားတော့သည်။

သူ၏ပုဆိန်ရိုးတွင် များစွာသော သွားရာများအား တွေ့နိုင်သည်။

မန်ဟိုကား ထိတ်လန့်သွားသည်။ သူမရှိသော နှစ်လအတွင်း ဖက်တီးလေး၏အိပ်နေရင်းယောင်သည့်ကိစ္စမှာ ပိုဆိုးလာမည်ဟု မထင်ထားခဲ့ပေ။ ယခု ညတွင်သာမက နေ့ဘက်တွင်လည်း အိပ်နေရင်းယောင်နေချေသည်။

သူက ဖက်တီးအား သွားနှိုးလိုက်ရမည်လားဟု တွေးတောနေသောအချိန်တွင်ပင် ရုတ်တရက် ဖက်တီး၏နှာခေါင်းက လှုပ်ရွလာကာ မျက်လုံးများအား ပွတ်လိုက်သည်။ သူက အနီးတဝိုက်ကို စူးရှသော မျက်လုံးများဖြင့် ကြည့်ကာ တစ်စုံတစ်ခုအား ရှာဖွေနေဟန်ရသည်။

“ငါ ကြက်နံ့ရတယ်။ ပြီးတော့ နှစ်ကောင်…”

သူက ထရပ်ကာ ပတ်ဝန်ကျင်အား လိုက်ကြည့်သည်။ သို့သော်လည်း သူက တောထဲတွင် ရပ်နေသော မန်ဟိုအား မမြင်ပေ။ ထို့နောက် သူက ဘေးတွင် ပြန့်ကျဲနေသော သစ်လုံးများအား ကြည့်ကာ အလွန်ကျေနပ်နှိပ်သိမ့်သော အပြုံးတစ်ခုပေါ်လာ၏။

“အာ …မန်ဟို… မင်းက အရမ်းသိတတ်တာပဲ။ မင်း အမြဲတမ်း ငါ့ဆီ တိတ်တခိုးနဲ့သစ်လာခုတ်ပေးတာ ၂လရှိနေပြီ။ ငါ…လီဖူကွေ့ တစ်ဘဝလုံးမှာ မင်းလိုကောင်းတဲ့ မိတ်ဆွေမျိုး မတွေ့ဖူးသေးဘူး”

မန်ဟိုကား အဝေးတွင် ရပ်နေဆဲဖြစ်ကာ ဖက်တီးလေး၏စကားများအားလုံးကို ကြားရပြီး လွန်စွာ အံ့အားသင့်နေသည်။ သူက ဖက်တီးကို ကြည့်ကာ အသာ ခြောင်းဟန့်လျှက် ရှေ့ကို လျှောက်သွားလိုက်သည်။

သူပေါ်ထွက်လာသည်ကို ဖက်တီးက မြင်သည်။ ဖက်တီးလေးကား အလွန်စွာ ပျော်ရွှင်သွားဟန်ရသည်။

“မန်ဟို… မင်းအခုတော့ ထွက်လာပြီပေါ့။ ငါ နိုးလာတိုင်း မင်းကို ခေါ်ပေမယ့် ဘယ်တုန်းကမှ ထွက်မလာခဲ့ဘူး”

ထို့နောက် သူ၏အကြည့်က မန်ဟို၏လက်ထဲမှ တောကြက်နှစ်ကောင်ကို မြင်ကာ မျက်လုံးများ ပြူးကျယ်လာသည်။

အတန်ကြာလျှင် ကြက်နှစ်ကောင်အား မီးတောက်များ ဝိုင်းရံလျှက် မွှေးရနံ့များသည် လေထဲ ပျံ့နှံ့လာခဲ့၏။ မန်ဟိုနှင့် ဆက်တီးတို့ အတူတူထိုင်ကာ ကြက်ကင်များအား စားသောက်ကြ၏။

“ငါ ကြက်ကင်မစားရတာ နှစ်လလောက်ရှိပြီ။ မင်းက ဘာလို့ မျက်နှာမပြတာလဲ။ မင်းက အမြဲငါ့ကို သစ်လာခုတ်ပေးတယ်။ ဘာလို့ အခုမှ ကြက်တွေ ယူလာရတာလဲ”

ဖက်တီးလေးက ကြက်သားများ ပလုပ်ပလောင်း စားကာ ပြောသည်။ သူ၏မျက်နှာမှ အပျော်ကား သိသာလွန်းနေသည်။ သူကား မှီခိုရာဂိုဏ်းသို့ ရောက်လာပြီးနောက်ပိုင်း မန်ဟိုကို သူ့ဆွေမျိုးတစ်ဦးကဲ့သို့ သဘောထားနေပြီဖြစ်သည်။

မန်ဟိုက ရယ်မောလိုက်ကာ ရှင်းမပြတော့ပေ။ သူက ကြက်ပေါင်ကို တစ်ကိုက်ကိုက်ကာ ဖက်တီးအား ကြည့်သည်။ ယခု ဖက်တီး၏သွားများမှာ ပိုမို၍ ရှည်လာသည်ကို သူသတိထားမိ၏။

မန်ဟိုက မေးသည် “မင်းရဲ့ ကျင့်ကြံခြင်းအခြေအနေ ဘယ်လိုရှိလဲ။ ချီစွမ်းအားကို ခံစားမိပြီလား”

“မပြောစမ်းပါနဲ့။ ငါ ညတိုင်းလေ့ကျင့်ပေမယ့် ချီစွမ်းအားနည်းနည်းလေးတောင် မခံစားမိဘူး။ အဲ … ငါ့သွားကတော့ ရှည်လာတယ်။ သွားက ငါ့လျှာကိုတောင် ကိုက်မိတော့မယ်ထင်တယ်” ဖက်တီးက စိတ်ဓာတ်ကျစွာဖြင့် ပြောသည်။

“မင်းပါးစပ်ကိုဟလိုက်” မန်ဟိုက ရုတ်တရက်ပြောသည် “မင်းသွားတွေကို ကြည့်ရအောင်”

မန်ဟိုက သွားများကို မြင်လျှင် ထိတ်လန့်သွားသည်။ ဖက်တီးက ပါးစပ်ကို ဟလိုက်လျှင် နေရောင်အောင်တွင် တလက်လက်ထနေသော သွားအစုံအား မြင်ရသည်။ သွားများကိုစစ်ဆေးကြည့်ပြီးနောက် မန်ဟို၏အမူအရာက ပိုမိုထူးဆန်းလာခဲ့သည်။ သူက ဖက်တီး၏သွားများမှ လာသော ချီစွမ်းအားများကို သေသေချာချာ ခံစားမိသည်။

“ဖက်တီးက ဘယ်လိုတွေ လေ့ကျင့်နေတာလဲ”

“သူ့သွားတွေမှာပဲ ဘာလို့ ချီစွမ်းအားတွေ စုစည်းနေရတာလဲ။ ဒီအတိုင်းသာဆို သူ့သွားတွေက ရတနာတွေအဖြစ် ပြောင်းလဲသွားလိမ့်မယ်”

မန်ဟိုက ထိုသို့ တွေးကာ ခေါင်းကို ယမ်းလိုက်သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာခဲ့ကာ နေမင်းသည် ဝင်လုဝင်ခင်ဖြစ်လာ၏။ မန်ဟိုကလည်း ယခင်နေ့ရက်ဟောင်းများကဲ့သို့ပင် စကားများ ပြောဆိုကြသည်။ သူက ဖက်တီးအား အပြင်စည်းဂိုဏ်းတွင် ကြုံရသမျှကို ပြန်ပြောပြ၏။ မှန်သည် … ကြေးမုံကိစ္စကား ခြွင်းချက်ဖြစ်သည်။

ဖက်တီးကား မန်ဟို၏အတွေ့အကြုံများကို ကြားသိကာ စဦးချီဖွဲ့စည်းခြင်းအဆင့်(၁)သို့ ရောက်ရန် ပိုမိုစိတ်အားထက်သန်လာခဲ့သည်။

ထွက်ခွာရန်အချိန်သို့ ရောက်လျှင် မန်ဟိုက သူ့အား ဝိညာဉ်အားတိုးဆေးတစ်လုံးပေး၏။ ဖက်တီးက ဆေးလုံးအား စားလိုက်သည်။ မန်ဟို ထွက်သွားသည်ကို ကြည့်ကာ ဖက်တီးကား ပိုမို၍ ကြိုးစားလေ့ကျင့်ရန် စိတ်ပိုင်းဖြတ်ထား၏။

မန်ဟိုက အရှေ့ဘက်တောင်ကုန်းလမ်းကြောင်းအတိုင်း လာခြင်းဖြစ်ရာ အပြန်တွင် အနောက်ဘက်တောင်ကုန်းလမ်းကြောင်းမှ ပြန်ခဲ့သည်။ သည်တစ်ကြိမ်ကား မှီခိုရာဂိုဏ်းတစ်ခုလုံးကို ပထမဆုံး ဖြတ်သန်းသွားလာဖူးခြင်း ဖြစ်သည်။ အမှောင်ထုရောက်လာခဲ့လျှင် သူကား အနောက်တောင်ကုန်း၏အစပ်နားတွင်ရှိသော ကွင်းပြင်တစ်ခုဘေး၌ လျှောက်နေခဲ့၏။ ကွင်းပြင်အလယ်တွင်ကား ဧရာမကျောက်တုံးကြီးတစ်ခုရှိသည်။

ကျောက်တုံးကား သွေးနီရောင်ဖြစ်ကာ စာလုံးအနည်းငယ် ရေးထွင်းထားသည်။

အဆင့်နိမ့်အများပိုင်ကွင်း။

ဘေးဘက်တွင် များစွာသော စည်းမျဉ်းများအား ရေးသားထားသည်။ စည်းမျဉ်းများအရ စဦးချီဖွဲ့စည်းခြင်းအဆင့်(၄)နှင့်အထက်များသည် သည်ကွင်းထဲသို့ ဝင်ရန် တားမြစ်ထား၏။ စဦးချီဖွဲ့စည်းခြင်းအဆင့်(၁)မှ (၃)များသည်သာ သည်အများပိုင်ကွင်းသို့ ဝင်ခွင့်ရှိသည်။

မန်ဟိုက လှမ်းကြည့်လျှင် ကွင်းထဲ၌ လူအများအပြား တိုက်ခိုက်နေသည်ကို မြင်သည်။ တိုက်ပွဲများမှာ ပြင်းထန်ကာ ပညာရပ်အမျိုးမျိုးအား အသုံးပြုကြ၏။ နေရာတိုင်းတွင် သွေးများ ပြန့်ကျဲနေကာ အော်ဟစ်သံများ ဆူညံနေသည်။ တစ်နေရာတွင် လူတစ်ယောက် လက်တစ်ဘက်ခုတ်ဖြတ်ခံရကာ ထိုလူ၏သိုလှောင်အိတ် လုယက်ခံရ၏။

သူက ကြည့်နေစဉ်မှာပင် တောင်ကုန်းပေါ်မှ လူတစ်ယောက်သည် အော်ဟစ်လျှက် ပြေးလွှားလာနေသည်။ သူ့နောက်တွင် လူသန်ကြီးတစ်ဦး လိုက်ပါလာ၏။

“ကယ်ကြပါ”

“ကောင်းရန် ဆီကနေ ဘယ်သူ ကယ်နိုင်သလဲ”

All Chapters