← Chapters

နီဖန်းကျိုး သတင်း

Vol. 15 Ch. 212

နီဖန်းကျိုး သတင်း

Vol. 15 Ch. 212

“ ရလဒ်အနေနဲ့ နီမျိုးနွယ်စုက ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုကို ခံခဲ့ရတယ်။ အနာဂတ်အလားအလာကောင်းတွေကနေ အရှက်ရစရာအဖြစ် ကျဆင်းသွားတဲ့ နီမျိုးနွယ်စုက လှောင်ပြောင်မှုအောက်မှာ ပြိုလဲလုနီးပါးဖြစ်ခဲ့ပြီး နီဖန်းကျိုးရဲ့ နောက်ဆုံးကြေငြာချက်အရ ပိုင်မျိုးနွယ်စုနဲ့ ရန်သူတွေဖြစ်လာတယ်လို့ ထင်ရပါတယ်။"

နီဖန်းကျိုးသည် အင်ပါယာ၏ အင်အားအကြီးဆုံးမျိုးနွယ်စုနဲ့ တိုက်ခိုက်ဖို့ ရွေးချယ်

နေသည်ကို စဉ်းစားကြည့်လျှင် နားလည်နိုင်၏။

ထို့အပြင် ပိုင်မျိုးနွယ်စုနဲ့ သူတို့၏ဆက်နွယ်မှုကြောင့် နီမျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့ထားသူတွေလည်း အများကြီးရှိပေသည်။

ထိုဆက်သွယ်မှု ပျောက်ကွယ်သွားသည့်အခါ နီမျိုးနွယ်စုနဲ့ မဟာမိတ်ဖွဲ့ဖို့ မလိုအပ်ဘူးဟု သူတို့ထင်ခဲ့ကြသည်။

နီဖန်းကျိုးသည်လည်း စေ့စပ်ပွဲ ဖျက်သိမ်းလိုက်ရုံနဲ့ တိုက်ခိုက်ဖို့ ကြေညာတာမျိုး မဖြစ်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် စေ့စပ်ပွဲ ပျောက်ကွယ်သွားရင်တောင် ဆက်ဆံရေးက ရှိနေလို့ရ၏

ပိုင်ရွှယ်ချင်းသည် တန်းတူနေခဲ့ပေမဲ့ သူ့ကြေငြာချက်ကြောင့် ၎င်းသည်လည်း ပျက်စီးသွားခဲ့သည်။

ဒါပေမယ့် ၎င်းက ဇာတ်လိုက်လုပ်နေကျအရာပင်

"ဒါဆို နီမျိုးနွယ်စုက ရုန်းကန်နေရတုန်းပဲလား"

ပိုင်ကျီဟန်က မေးလိုက်သည်။

အခြေအနေကို ကယ်တင်ဖို့ ၎င်းကို အသုံးပြုနိုင်သည်။

ရန်ငြိုးများ ပျောက်ကွယ်သွားမည် မဟုတ်သည့်တိုင် အနည်းဆုံးတော့ ထိခိုက်မှုကိုတော့ လျော့ပါးစေမည်သာ။

သူ့အနေနဲ့ နီဖန်းကျိုးကို ကိုင်တွယ်နိုင်မည်ဟု ယုံကြည်ပေမဲ့ ဇာတ်လိုက်တစ်ယောက်သည် မည်သည့်အခွင့်အရေးမျိုး ရနိုင်မည်ကို ပြောလို့မရပေ။

ဝတ္ထုအများစုမှာတော့ ဇာတ်လိုက်သည် အားနည်းပြီး အလွယ်တကူ သတ်ခံရနိုင်ပေမဲ့ အမြင့်ဆုံးသတ္တဝါတစ်ကောင်ကိုတောင် သတ်ဖို့ တစ်ခါသုံး လျှို့ဝှက်ကတ်လို တစ်ခုခုတော့ ရှိနေတတ်၏

ကံမကောင်းစွာပဲ ခုန်ကျန်းဟုန်က ခေါင်းခါလိုက်သည်။

"ဒီနေ့မှာတော့ အဲ့တာက တခြားဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။ စေ့စပ်ပွဲကို ဖျက်သိမ်းလိုက်ပြီးတော့ နီဖန်းကျိုးက သိသာထင်ရှားတဲ့ ပြောင်းလဲမှုတစ်ခု ကြုံတွေ့ခဲ့ရပုံရပါတယ်။"

ပိုင်ကျီဟန် အကြည့်များ ထက်မြက်လာသည်။

"သူက ချီစုဆောင်းခြင်းအဆင့်ကနေ တစ်လအကြာမှာ အဓိကဖွဲ့စည်းပုံအဆင့်ကို ရောက်သွားတယ်။ ဒါတင်မကဘူး၊ အဓိကပေါင်းစည်းခြင်းအဆင့်မှာရှိတဲ့ ပြိုင်ဘက်မျိုးနွယ်စုရဲ့ အကြီးမားဆုံး ပါရမီရှင်ကို အနိုင်ယူခဲ့တယ်။"

"အိုး ဟို”

ပိုင်ကျီဟန်သည် မျက်ခုံးတစ်ဖက်ပင့်လိုက်ပြီး မျက်လုံးထဲတွင် ပျော်ရွှင်မှုတစ်ခု ပေါ်လာသည်။

သူသည် နီဖန်းကျိုး၏ ခြေလှမ်းအဖြစ် အသုံးပြုခံခဲ့ရသော သနားစရာ ဝိညာဉ်ကို တကယ်သနားမိ၏

"ဒါပေမယ့် အဲဒါက အစပဲ ရှိသေးတယ် သခင်လေး။"

"ဆက်ပြော”

"အဲဒီတိုက်ပွဲအပြီးမှာ ကြိုးကြာတိမ်တိုက်မြို့က အစားထိုးခံရတော့မဲ့ နီမျိုးနွယ်စုက မမျှော်လင့်ဘဲ အင်အားကြီးတဲ့ မဟာမိတ်တစ်ယောက်ကို ရရှိခဲ့တယ်။"

ခုန်ကျန်းဟုန်သည် ခဏရပ်ပြီး ဆက်ပြောလိုက်၏ "အဲဒီမဟာမိတ်က စိမ်းလန်းလမင်းလေလံခန်းမကပါ။ အင်ပါယာတစ်ခုလုံးမှာ သူ့ရဲ့ တင်းကြပ်တဲ့ ကြားနေဝါဒအတွက် လူသိများတဲ့ အဖွဲ့အစည်းတစ်ခုပါ။ အကြောင်းရင်းတွေကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ သူတို့က နီမျိုးနွယ်စုဘက်ကို ပွင့်ပွင့်လင်းလင်း ရပ်တည်ခဲ့ကြတယ်။"

"သူတို့က အရင်းအမြစ်တွေနဲ့ စီးပွားရေးဆိုင်ရာ သြဇာလွှမ်းမိုးမှုတွေကို ပံ့ပိုးပေးခဲ့ပြီး မြို့ရဲ့ အာဏာကို ပြိုင်ဘက်မျိုးနွယ်စုတွေသိမ်းပိုက်ဖို့ လှုပ်ရှားနေချိန်မှာပဲ ဟန်ချက်ညီမှုကို ပြောင်းလဲစေခဲ့ပါတယ်။"

"နီမျိုးနွယ်စု ပြန်လည်နိုးကြားလာတာကို မမြင်ချင်တဲ့အတွက် ပြိုင်ဘက်မျိုးနွယ်စုတွေက အလျင်စလို လှုပ်ရှားခဲ့ကြပါတယ်။ လမ်းပေါ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ ညဘက်မှာ မျိုးနွယ်စုပိုင်ဆိုင်မှုတွေကို တိုက်ခိုက်ခဲ့ကြပါတယ်။ ငယ်ရွယ်သူတွေကနေ အကြီးအကဲတွေအထိ နီနဲ့ တခြားမျိုးနွယ်စုတွေကြားမှာ ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။"

"နောက်ဆုံးမှာတော့ ပဋိပက္ခကြီးတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲကြီးတစ်ခုလုံးအထိ မဖြစ်ပွါးခဲ့ပေမဲ့ စစ်ပွဲကြီးတစ်ခုလို့ ခေါ်ရလောက်အောင် ဆိုးရွားခဲ့ပါတယ်။ အံ့သြစရာကောင်းတဲ့ အပိုင်းကတော့”

ပိုင်ကျီဟန်သည် မျက်ခုံးပင့်ပြီး မေးခွန်းထုတ်ခဲ့သည်။

"နီမျိုးနွယ်စုက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။ ပြိုင်ဘက်မျိုးနွယ်စုတွေကို တွန်းလှန်ရုံသာမက အဓိကစီးပွားရေးလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။"

ခုန်ကျန်းဟုန်သည် နီမျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်၌ ရှိသော နယ်မြေများကို အမှတ်အသားပြုထားသည့် မြေပုံတစ်ခုကို ပေးအပ်ခဲ့သည်။

"ပြိုလဲလုနီးပါးကနေ လွှမ်းမိုးမှုအထိ... သူတို့ အတော်လေး နလန်ထူလာနိုင်ခဲ့ပါတယ်။ တစ်နှစ်အတွင်းမှာပဲ အားလုံး ပြီးဆုံးသွားခဲ့ပါတယ်။ မြို့တော်က နီဖနိးကျိုးကို ပြောင်းလဲစေခဲ့သူအဖြစ် ရည်ညွှန်းကြပါတယ်။"

ပိုင်ကျီဟန်သည် ဖြည်းဖြည်းချင်း နောက်သို့မှီလိုက်ပြီး လက်ချောင်းများဖြင့် ထိုင်ခုံကို ပုတ်လိုက်သည်။

(နီဖန်းကျိုးမှာ အင်အားကြီးတဲ့ မဟာမိတ်တစ်ယောက် ရှိရမယ်)

ခုန်ကျန်းဟုန် အနေနဲ့ အချို့သောအရာများ မည်သို့ဖြစ်ပေါ်လာသည်ဆိုသော သတင်းအချက်အလက်မရှိခြင်းကို ပိုင်ကျီဟန် ချက်ချင်းသဘောပေါက်လိုက်သည်။

စိမ်းလန်းလမင်းလေလံခန်းမသည် နီမျိုးနွယ်နှင့် ပူးပေါင်းနေ၏ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် နီမျိုးနွယ် အောင်ပွဲခံမည်ကို သိသောကြောင့်ဖြစ်သည်။

သူတို့ ဘယ်လိုသိကြသည်နည်း

သူတို့ သိခဲ့ကြသည် သို့မဟုတ် နီဖန်းကျိုးကိုယ်တိုင်သွားပြီး သူ့တွင် ထိုအစွမ်းထက်သော မိတ်ဆွေရှိကြောင်း ပြသခဲ့ရမည်။

ထိုတိုက်ပွဲတွင် အစွမ်းထက်သော မဟာမိတ်သည် နီမျိုးနွယ်ကို ကူညီခဲ့ရမည်။ ထို့ကြောင့် ၎င်းတို့ အောင်ပွဲခံခဲ့ကြတာပင်

"သူ အခု ကျင့်ကြံမှု ဘယ်အဆင့်မှာ ရှိပြီလဲ"

ပိုင်ကျီဟန်က မေးလိုက်သည်။

ခုန်ကျန်းဟုန် သည် ခဏတွန့်ဆုတ်သွားပြီး "ကျွန်တော် စုဆောင်းထားတာတွေအရ သူက အခု... အနည်းဆုံးတော့ ရွှေအမြုတေ နှောင်းပိုင်းအဆင့် ဖြစ်ပြီး အခြေတည်ဝိညာဉ်အဆင့်နဲ့ နီးစပ်နေလောက်တယ်" ဟု ပြောသည်။

" ဝိညာဉ်ဖွဲ့စည်းမှုအဆင့် မဟုတ်ဘူးလား"

ပိုင်ကျီဟန်သည် တည်ငြိမ်စွာ မေးလိုက်သည်။

ခုန်ကျန်းဟုန်သည် ခေါင်းခါလိုက်၏

"မဖြစ်နိုင်ပါဘူး..အနည်းဆုံးတော့ မဟုတ်သေးပါဘူး သခင်လေး။ ဒါပေမယ့် သူ့ရဲ့ မြန်ဆန်တဲ့ ကျင့်ကြံမှု နဲ့ဆိုရင် သူ ဘယ်လောက်မြန်မြန် တိုးတက်နေလဲဆိုတာ မပြောနိုင်ပါဘူး။"

ပိုင်ကျီဟန်သည် အနည်းငယ် တွေးတောရင်း နောက်သို့ ကိုယ်ကိုင်းလိုက်သည်။

"သူ အခု ဘယ်မှာလဲ။"

"အဲဒါက ထူးဆန်းတဲ့ အပိုင်းပဲ။ ကြိုးကြာတိမ်တိုက်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက် သူ ပြန်ထွက်သွားတယ်။ မြို့ပေါင်းများစွာမှာ ပေါ်လာပြီး အရည်အချင်းရှိတဲ့ သူတွေကို တစ်ယောက်ပြီးတစ်ယောက် အနိုင်ယူခဲ့ပါတယ်။ သူ့ရဲ့ ဂုဏ်သတင်းကလည်း တိုးလာပါတယ်။ အမှိုက်ကနေ ပါရမီရှင်တစ်ယောက် ပြန်ဖြစ်လာပါတယ်။"

ခုန်ကျန်းဟုန် အသံက အနည်းငယ် ကျဆင်းသွားသည်။

"ဒါပေမယ့် မကြာသေးခင်က သူ ပြန်

ပျောက်သွားပြန်ပါတယ်။ ဘာမှာမှ မတွေ့ရသလို ဘာသတင်းမှလည်း မကြားရပါဘူး။ သူ ပုန်းအောင်းနေတဲ့ပုံပါပဲ။"

ပိုင်ကျီဟန်သည် သူ့ထိုင်ခုံ လက်ရန်းကို ပုတ်

လိုက်၏

"တစ်ခုခုအတွက် ပြင်ဆင်နေတာလား... ဒါမှမဟုတ် တစ်ခုခုအတွက် စောင့်နေတာလား။"

ခုန်က ခေါင်းညိတ်လိုက်၏

"ကျွန်တော် ခန့်မှန်းရမယ်ဆိုရင် သူက နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေတာ ဖြစ်နိုင်ပါတယ်။"

"အိုး ဟိုး”

ပိုင်ကျီဟန်အနေနဲ့ ခုန်ကျန်းဟုန်သည် ထိုသို့ ကောက်ချက်ချလိမ့်မည်ဟု မမျှော်လင့်ထားပေ

"အသေးစိတ်ပြောကြည့်”

"အဟမ်း..သခင်လေး၊ ဒါက ကျွန်တော့်ရဲ့ ခန့်မှန်းချက်ပါ ။ ဒါပေမယ့် ကျွန်တော် ယုံကြည်ပါတယ်။"

ခုန်ကျန်းဟုန်က စပြောလေ၏

"လူအများက ဒါကို မယုံကြဘူး ဒါမှမဟုတ် မဖြစ်နိုင်ဘူးလို့ ထင်ကြပေမယ့် သူ့ရဲ့ပစ်မှတ်က ပိုင်ရွှယ်ချင်းပဲလို့ ကျွန်တော်ထင်တယ်။ သူက သူမကို စိန်ခေါ်ပြီး သူနဲ့ သူ့မိသားစု ခံစားခဲ့ရတဲ့ အရှက်ရမှုကို ဖျောက်ဖျက်ပစ်ချင်နေတာ”

ပိုင်ကျီဟန်သည် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် ပိုင်ရွှယ်ချင်းကို စိန်ခေါ်ပြီး ဒီသတင်းကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားအောင် လုပ်နိုင်ဖို့ နည်းလမ်းတစ်ခုပဲ ရှိတယ်။ အဲဒီအခွင့်အရေးက နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲမှာ ရှိတယ်”

"နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲမှာ ပိုင်ရွှယ်ချင်းကို သူအနိုင်ယူနိုင်ခဲ့ရင် သူ့ရဲ့အတိတ်က အရှက်ရမှုတွေ ပျောက်ကွယ်သွားပြီး သူနဲ့ သူ့မိသားစုရဲ့ ဂုဏ်သတင်းလည်း မြင့်တက်လာမှာပါ။ ဒါကြောင့် သူက အဲဒီနေ့အတွက် တံခါးပိတ် ကျင့်ကြံနေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။"

ခုန်ကျန်းဟုန်သာ် သူ့၏ထင်မြင်ချက်ကို အဆုံးသတ်လိုက်၏

ပိုင်ကျီဟန်သည် ခေါင်းညိတ်လိုက်ပြီး ခုန်ကျန်းဟုန်အပေါ် သူ့၏လေးစားမှု ပြန်လည်

မြင့်တက်လာသည်။

ထိုသို့ကောက်ချက်ချနိုင်သည့်အထိ ခုန်ကျန်းဟုန်သည် ဉာဏ်ရည်ထက်မြက်ပြီး ပွင့်လင်းသောသူတစ်ယောက်ဖြစ်သည်ကို ပိုင်ကျီဟန် သိလိုက်ရသည်။

တခြားတစ်ယောက်သာဆို ထိုဖြစ်နိုင်ခြေကို တွေးခဲ့ရင်တောင် ဖြစ်မည်ဟု မယုံကြပေ

နီဖန်းကျိုးသည် ပိုင်ရွှယ်ချင်းကို စိန်ခေါ်မည်လား။ ထိုအရာမျိုးကို သူတို့လုံးဝမယုံကြပေ

ယင်းအစား နီမျိုးနွယ်စုသည် ကြီးပွားတိုးတက်နေတာကြောင့် နီဖန်းကျိုးသည် နီမျိုးနွယ်စုဆီ ပြန်သွားမည်ဟု ပြောကောင်းပြောလိမ့်မည်။

ခုန်ကျန်းဟုန်သည် သူ့လက်ချောင်းတွေကနေ ဖြစ်နိုင်ခြေ အနည်းဆုံးတောင် မလွတ်စေရဘူးဟု ပြသနေတာပင်

ထို့အပြင် ဇာတ်လိုက်တစ်ယောက်၏ လုပ်ရပ်ကို သာမန်အသိဉာဏ်တစ်ခုတည်းနဲ့ ခန့်မှန်းဖို့ ကြိုးစားခြင်းသည် မိုက်မဲရာကျလိမ့်မည်သာ

၎င်းသည် ခုန်ကျန်းဟုန်လို အခွင့်အလမ်းနဲ့ ဖြစ်နိုင်ခြေ အနည်းဆုံးတွေကိုတောင် ထည့်သွင်းစဉ်းစားသူမျိုး လိုအပ်ပေ၏

(တကယ်တော့ သူက အရမ်းအသုံးဝင်တဲ့လူတစ်ယောက်ပဲ)

All Chapters