မြို့တော်အတွင်းသို့
Vol. 15 Ch. 215
ဝှူး
ကြီးမားသော သင်္ဘောတစ်စင်းသည် မိုးတိမ်များအထက်တွင် ပျံသန်းသွားသည်နှင့်အမျှ ကောင်းကင်ယံသည် ကွဲအက်သွားခဲ့သည်။
ပိုင်မျိုးနွယ်စု၏ တံဆိပ်သည် ၎င်း၏ရွက်များပေါ်တွင် ဂုဏ်ယူစွာတောက်ပနေပြီး အရပ်မျက်နှာအားလုံးမှ မျက်လုံးများကို ဆွဲဆောင်နေသည်။
အောက်တွင် ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာ၏ ကျယ်ပြန့်သောမြို့တော်သည် အဆုံးမရှိ ဖြန့်ကျက်နေသည်။
ခမ်းနားထည်ဝါသော စေတီပုထိုးများမှသည် စည်ကားသောဈေးများ၊ ဂိုဏ်း၏ကင်းစခန်းများ၊ မျိုးနွယ်စု အိမ်ကြီးများအထိ - အာဏာ၊ ချမ်းသာကြွယ်ဝမှုနှင့်ရည်မှန်းချက်များ ရောနှောနေသည့် နေရာတစ်ခုဖြစ်သည်။
သို့သော် ယနေ့တွင် အားလုံး၏မျက်လုံးများသည် ကောင်းကင်ယံသို့ ဆွဲဆောင်ခံရသည်။
"ပိုင်မျိုးနွယ်စု သင်္ဘော”
"ကြီးကျယ်ခမ်းနားလိုက်တာ….အကြီးအကဲတစ်ယောက် ဖြစ်နိုင်လား?"
"သူတို့ လာဖို့ စောလွန်းတယ်မလား။ လူထုရွေးချယ်မှုက မပြီးသေးဘူး”
အရပ်သားများနှင့် ကျင့်ကြံသူများထံမှ အသံများ ပဲ့တင်ထပ်သွားချေသည်။
ဝိညာဉ်ဖွဲ့စည်းမှု ကျင့်ကြံသူများပင် လေထဲတွင် ရပ်လိုက်ကြပြီး သင်္ဘောသည် အပေါ်မှ ဖြတ်သွားသောအခါ လေးစားမှုဖြင့် နေရာယူကြသည်။
ပုံမှန်အားဖြင့် လူအများစုသည် အဓိကမျိုးနွယ် ဒါမှမဟုတ် ဂိုဏ်းတစ်ခုခုမှ ရောက်လာရင်တောင် သိပ်ဂရုမစိုက်ကြပေ ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် မြို့တော်ဖြစ်ပြီး အင်အားအကြီးဆုံးနဲ့ အစွမ်းအကောင်းဆုံး ကျင့်ကြံသူများ တစ်နှစ်ပတ်လုံး စုဝေးလေ့ရှိရာနေရာပင်..အထူးသဖြင့် ဒီလိုပွဲမျိုးမှာပေါ့။
သို့တိုင် ပိုင်မျိုးနွယ်စုကတော့ ကွဲပြား၏ အင်အားအကြီးဆုံး မျိုးနွယ်အဖြစ် ချီးကျူးခံရသော သူတို့ဂုဏ်သတင်းကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ပေ
မည်သူက သူတို့ရဲ့ စွမ်းဆောင်ရည်ကို မသိဘဲနေမည်နည်း ။ တခြားထိပ်တန်း မျိုးနွယ်နှစ်ခုကို အနိုင်ရပြီး ပြင်းထန်သော ပျက်စီးဆုံးရှုံးမှုတွေတောင် ဖြစ်ပေါ်စေခဲ့သည်။
ပိုင်ထျန်းဟမ်သည်လည်း ပိုင်ကျီဟန်တံခါးပိတ် ကျင့်ကြံနေစဉ် ထိုအခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။
လီ ကျောက်မဟာမိတ်အဖွဲ့အပေါ် မယုံကြည်မှုများ တိုးပွါးလာသည်ကို အခွင့်ကောင်းယူပြီး ကြားနေတပ်ဖွဲ့ အများအပြားကို ပိုင်မျိုးနွယ်ဘက်သို့ အောင်မြင်စွာ ဆွဲခေါ်နိုင်ခဲ့သည်။
ပိုင်မျိုးနွယ်စုသည်လည်း တိုးချဲ့လာပြီး ဈေးကွက်များနှင့် နယ်မြေများစွာကို သိမ်းပိုက်နိုင်ခဲ့သည်။
၎င်းတို့၏ ကျင့်ကြံနည်းစနစ်များကို အဆင့်မြှင့်တင်ခြင်းဖြင့် မျိုးနွယ်စု၏ အလုံးစုံအင်အားသည် အလျင်အမြန် မြင့်တက်လာခဲ့ပြီး မျက်စိဖြင့် မြင်နိုင်လောက်အောင် များပြားလာခဲ့သည်။
ယခုအခါ ပိုင်မျိုးနွယ်စုသည် ဆိတ်ငြိမ်ရာ ကောင်းပင် အင်ပါယာတွင် အမှန်တကယ် နံပါတ်တစ်မျိုးနွယ်စုဖြစ်သည်ဟု ယုံကြည်လာကြသည်။
တစ်ကိုယ်တော် ကျင့်ကြံသူများပင် ပိုင်မျိုးနွယ်စု၏ တံဆိပ်ကို မြင်သောအခါ လမ်းဖယ်ခဲ့ကြသည်။
သင်္ဘောအတွင်းမှ ပိုင်ကျီဟန်သည် မြို့တော်ကို မြင်တွေ့ရသောအခါ လက်များကို ကျောနောက်တွင် ထားရင်း သင်္ဘောဦးထိပ်၌ ရပ်နေသည်။
ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း ခုန်ကျန်းဟုန်နှင့် ဖန်ကျင်းယန်တို့ စုဆောင်းရရှိသော သတင်းအချက်အလက်များကို ခုန်ကျန်းဟုန် ကိုယ်တိုင် အဆင်ပြေစွာ အကျဉ်းချုပ်ဖော်ပြထားသည်ကို ဖတ်ရှုနေခဲ့သည်။
ပိုင်ကျီဟန်သည် တစ်စုံတစ်ရာသော ကိစ္စရပ်ကို စိတ်ဝင်စားမှု ပြသသည့်အခါတိုင်း ခုန်က အပြည့်အစုံ ရှာပေးလေ့ရှိသည်။
ပထမဦးစွာ နဂါးနှင့် ဖီးနစ်ပြိုင်ပွဲအတွက် ဂိုဏ်းများနှင့် မျိုးနွယ်စုများမှ ပါဝင်သူများကို ရွေးချယ်ခြင်းတွင် ကောင်းကင်ဓားဂိုဏ်း နှင့် ပိုင်မျိုးနွယ်သည်လည်း ပါဝင်ခဲ့ပေသည်။
မျှော်လင့်ထားသည့်အတိုင်း သူ့အစ်မ ပါဝင်ခဲ့၏ သို့တိုင် ကောင်းကင်ဓားဂိုဏ်း၏ တပည့်တစ်ယောက်အနေနဲ့ဖြစ်ပြီး ပိုင်မျိုးနွယ်အောက်တွင် မဟုတ်ပေ။၎င်းက ပြသနာမဟုတ်ပေ
ဒုတိယအချက်အနေနဲ့ ချူကျီယန်ကိုလည်း ကောင်းကင်ဓားဂိုဏ်းမှ ရွေးချယ်ခဲ့သည်။
ချူမျိုးနွယ်အနေနဲ့ ထိုနှစ်တွင် သူမကို ရွေးချယ်ဖို့ မစီစဉ်ထားဘဲ သူတို့၏ အသက်ကြီးသော အဖွဲ့ဝင်ကို စေလွှတ်ချင်တာကြောင့် ပိုင်ကျီဟန်အနေနဲ့ ၎င်းသည် အကောင်းဆုံးဟု ထင်ခဲ့သည်။
ပိုင်မျိုးနွယ်စုသည်လည်း ရွေးချယ်ရေးလုပ်ငန်းစဉ်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးချေပြီ။
ပိုင်မျိုးနွယ်မှာတော့ ပိုင်ကျီဟန်ကို ကောင်းကင်အင်ပါယာရှိ အသက် ၂၅ နှစ်အောက် တန်ခိုးအရှိဆုံး ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်တာကြောင့် အကြီးအကဲများက ခေါ်ယူပြီး အားပေးခဲ့သည်။
သို့တိုင် ပိုင်ကျီဟန်သည် စိတ်မဝင်စားဘူးဟု ရှင်းရှင်းလင်းလင်း ပြောကြားပြီး ငြင်းဆိုခဲ့သည်၊
ထိုဆုံးဖြတ်ချက်ကြောင့် ပိုင်မျိုးနွယ်မှ သူ့အဖေအပါအဝင် လူအတော်များများ စိတ်ပျက်ခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ထဲက တစ်ယောက် အနိုင်ရဖို့ မျှော်လင့်ထားလို့သာပင်
သို့တိုင် သူတို့ စိတ်ဓာတ်မကျပေ။ အဆုံးမှာတော့ သူတို့တွင် အင်ပါယာ၏ အရည်အချင်းအရှိဆုံး ကျင့်ကြံသူတွေထဲက တစ်ယောက်
ဖြစ်သော ပိုင်ရွှယ်ချင်း ရှိနေခဲ့သည်။
လူထုရွေးချယ်မှုကနေတစ်ဆင့် အဓိက နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲတွင် မည်သူအနိုင်ရနိုင်သည်
ဟူသော သတင်းအချက်အလက် ထွက်ပေါ်လာခဲ့သည်။
အဓိကပွဲ၏ တကယ့်ပြိုင်ဘက်သည် အဓိကမျိုးနွယ်စု ဒါမှမဟုတ် ဂိုဏ်းကပဲ ဖြစ်မှာကြောင့် အများစုသည် ၎င်းကို အဓိပ္ပာယ်မရှိဘူးဟု ယုံကြည်ကြပေမဲ့ ထိုပွဲကိုတော့ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ၎င်းသည် သုံးနှစ်တစ်ကြိမ်သာ ဖြစ်ပွါးခဲ့သည်။
နာမည်တွေ အများကြီး ပြန့်ကျဲနေပြီး အများစုကတော့ ပိုင်ကျီဟန် တစ်ခါမှ မကြားဖူးသညိ့ နာမည်များသာ
ဒါပေမဲ့ သူ မှတ်မိသည့် တစ်ယောက်တော့ ရှိသည်။
နီဖန်းကျိုး
တံခါးပိတ်ကျင့်ကြံရာ နေရာမှ ထွက်လာပြီးနောက် အများပြည်သူ အရည်အချင်းစစ် စာမေးပွဲအတွက် ထိပ်တန်း ကိုယ်စားလှယ်လောင်းစာရင်း၌ မပါဝင်တာကမှ တမျိုးဖြစ်နေမည်ပင်
ခုန်ကျန်းဟုန်သည် သူ့ဘေးတွင် တိတ်တဆိတ် ရပ်နေပြီး လိုအပ်သည့်အခါ ဒါမှမဟုတ် မေးမြန်းသည့်အခါမှသာ စကားပြောပေသည်
"သခင်လေး၊ မကြာခင် ရောက်လာတော့မှာပါ။ ဧကရာဇ်ကျောက်စိမ်း ခန်းမမှာ အဆင့်မြင့် အခန်းတစ်ခန်း စီစဉ်ပြီးပါပြီ။"
ပိုင်ကျီဟန်သည် မျက်ခုံးတစ်ချက် ပင့်လိုက်သည်
"ဧကရာဇ်ကျောက်စိမ်း ခန်းမလား။"
"မြို့တော်မှာ အကောင်းဆုံး ဧည့်ရိပ်သာပါပဲ" ခုန်သည် ရင်ဘတ်ကို အနည်းငယ် တွန့်လိမ်ရင်း ပြောလိုက်၏
"ဂိုဏ်းခေါင်းဆောင်တွေတောင် လပေါင်းများစွာ ကြိုတင်ဘွတ်ကင်လုပ်ရပါတယ်။ နဂါးနဲ့ ဖီးနစ်ပြိုင်ပွဲအတွင်းမှာ အခန်းတစ်ခန်းကို ကြိုတင်ဘွတ်ကင်လုပ်ဖို့ မဖြစ်နိုင်သလောက်ပါပဲ။"
သူက ပြုံးစိစိလုပ်နေ၏
"သခင်လေးအတွက်လို့ သိလိုက်တဲ့အချိန်မှာ မန်နေဂျာက ထွက်လာပြီး အပေါ်ဆုံးထပ်ကို ပေးပါတယ်။"
ပိုင်ကျီဟန်သည် ခေါင်းညိတ်ပြရုံသာ။ သူ့အတွက်တော့ ထိုဇိမ်ခံမှုမျိုးသည် ဘာမှမဟုတ်သလိုပင်။ ကြာမြင့်စွာကတည်းက ကျင့်သားရနေပြီးသားသာ။
သင်္ဘော ဖြည်းဖြည်းချင်းဆင်းသက်လာသည့်အခါ တောက်ပသော အလင်းရောင်များ မိန်ဖျော့သွားပြီး သီးသန့်ဆင်းသက်ရာနေရာတွင် ဆိုက်ကပ်နေသည့်အခါ နူးညံ့သော ဝိညာဉ်လှိုင်းများ ပျံ့နှံ့သွားချေသည်။
အောက်မှာတော့ ကျက်သရေရှိသော အစေခံများနဲ့ ဝန်ထမ်းများသည် တန်းစီပြီး စောင့်ဆိုင်းနေကြသည်။
"ကြိုဆိုပါတယ် သခင်လေးပိုင်”
သူတို့ ဦးညွှတ်ရင်း အသံသည် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
ပိုင်ကျီဟန် သင်္ဘောပေါ်က ဆင်းလာသည့်အခါ အဓိကဝင်ပေါက်ဆီသို့ ဝိညာဉ်ပိုးထည်အနီရောင်ကော်ဇောကို ဖြန့်ကျက်ထားသည်။
အခြေတည် ဝိညာဉ်အဆင့် ဧကရာဇ် ကျောက်စိမ်း ခန်းမ၏ မန်နေဂျာသည် လက်သီးကို ဆုပ်ကိုင်ပြီး ခေါင်းငုံ့ကာ ရှေ့သို့ အလျင်အမြန် ပြေးထွက်သွားသည်။
"ဒီလူက ပိုင်မျိုးနွယ်ရဲ့ လေးစားရတဲ့ သခင်လေးကို ကြိုဆိုရတာ ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ နှိမ့်ကျတဲ့ ပြင်ဆင်မှုတွေကို ခွင့်လွှတ်ပေးပါ။ စောစောစီးစီး သိခဲ့ရင် ရှေ့မှောက်မှာ ထိုက်တန်တဲ့ ပွဲတော်တစ်ခုကို ကျင်းပပေးမှာပါ။"
ပိုင်ကျီဟန်သည် ခေါင်းညိတ်ပြီး မျက်နှာအမူအရာက တည်ငြိမ်နေသည့်တိုင် မာနကြီးတာမျိုးလည်း မဟုတ်ပေ
"ကျွန်တော်တို့ကို အခန်းကို ခေါ်သွားပေးပါ"ခုန်ကျန်းဟုန်က အမိန့်ပေးလိုက်သည်။
ခုန်၏ လေသံတွင် မာနကြီးသော အရိပ်အယောင်တွေ ပါနေ၏
တခြားနေ့တွေမှာတော့ ထိုမန်နေဂျာလို လူတွေသည် သူ့ကို အညစ်အကြေးလို ဆက်ဆံကြမှာပင်။ သို့တိုင် ပိုင်ကျီဟန် ဘေးမှာ ရှိနေသည့်အခါ ထိုလူသည် နူးညံ့သော ခွေးတစ်ကောင်လို ပြုမူနေသည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဒီလမ်းမှာပါ”
မကြာခင်မှာပဲ ခန်းမ၏ အကြီးကျယ်ဆုံးအထပ်ကို ခေါ်ဆောင်သွားခဲ့သည်။ မြို့တော်ကို မျှော်ကြည့်နိုင်သော မြင်ကွင်းကျယ် ဝိညာဉ်မှန် ပြတင်းပေါက်များနဲ့ ပြည့်နှက်နေသည့် သီးသန့်အထပ်၊ ချီအခင်းအကျင်းများ ၊ သီးခြား ကျင့်ကြံရေးဂူများနဲ့ ဝိညာဉ်ချီ ပဲ့တင်ထပ်နေသော ကျောက်စိမ်းကြမ်းပြင်များနဲ့သာ
အရာအားလုံး ပြီးပြည့်စုံနေ၏
ခုန်ကျန်းဟုန်သည် ပိုင်ကျီဟန်နောက် လျှောက်လာခဲ့ပြီး အခန်းထဲဝင်လာသည်။
တံခါးများ ပိတ်လိုက်သည်နဲ့ အစေခံမိန်းကလေးများသည် တိတ်ဆိတ်ငြိမ်သက်စွာပျောက်ကွယ်သွားကြ၏ တိတ်ဆိတ်မှုနဲ့ ဝိညာဉ် ဖွဲ့စည်းမှုမှ တဝီဝီမြည်သံတွေသာ ကျန်ရစ်ခဲ့သည်။
"သခင်လေး" ခုန်ကျန်းဟုန်သည် နောက်ဆုံးတော့ လက်သီးကို အနည်းငယ် ဆုပ်ကိုင်ပြီး ပြောလိုက်၏။ "အရင်ဆုံး အနားယူချင်လား... ဒါမှမဟုတ် နဂါးနဲ့ ဖီးနစ် ရွေးချယ်ရေးကွင်းကို တန်းသွားမလား?"
ပိုင်ကျီဟန်သည် ကျယ်ပြန့်သော ဝိညာဉ်ဖန်ပြတင်းပေါက်ကနေ ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်သည်။
သူတို့အောက်မှာတော့ စည်ကားနေသည့် မြို့တော်ကြီးပင်။ အဝေးတွင် ခမ်းနားသော ဗဟိုတိုက်ပွဲကွင်းကို လူအုပ်ကြီးနဲ့ ဖွဲ့စည်းပုံအတားအဆီးများဖြင့် ဝန်းရံထားပြီးသားပင်
"နီဖန်းကျိုးက ဒီနေ့ ပါဝင်မှာလား?"
ခုန်ကျန်းဟုန်သည် ခေါင်းညိတ်ပြီး "ဟုတ်ပါတယ်။ ကျွန်တော်တို့ ဆင်းသက်ခါနီးမှာ ဒီနေ့ ရွေးချယ်ရေးအချီအတွက် ပွဲစဉ်နံပါတ်ကို သူ မဲနှိုက်လိုက်ပြီလို့ သတင်းကြားပါတယ်။ သူ့အဖွဲ့က နေ့လည်ပိုင်းမှာ ကွင်းထဲ ဝင်ရလောက်မယ်ထင်တယ်။"
ပိုင်ကျီဟန် မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပေမဲ့ သူ့မျက်နှာက တည်ငြိမ်နေ၏
"ဒါဆို ငါတို့ သွားတော့မယ်။"
"အခုချက်ချင်းလား?"
ခုန်ကျန်းဟုန်သည် မေးရင်း လှည့်ပြီး ပြင်ဆင်ဖို့ လုပ်နေသည်။
"သူ စင်မြင့်ပေါ် တက်လာတာကို ငါကိုယ်တိုင် မြင်ချင်တယ်။"
ပိုင်ကျီဟန်သည် ပြတင်းပေါက်ကနေ လှည့်ထွက်သွားပြီး အသံက တိုးတိုးနဲ့ တည်ငြိမ်နေသည်။
"သူက ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့သူလား... ဒါမှမဟုတ် ငြိမ်းသတ်ဖို့ စောင့်နေတဲ့ ဖယောင်းတိုင်တစ်တိုင်လားဆိုတာ ကြည့်ရအောင်။"