← Chapters

ခန့်မှန်းမရသော ကောင်းကင်ရွေးချယ်သူ

Vol. 15 Ch. 217

ခန့်မှန်းမရသော ကောင်းကင်ရွေးချယ်သူ

Vol. 15 Ch. 217

ခုန်ကျန်းဟုန်သည် ဗဟိုကိုယ်ခံပညာကွင်းဆီသို့ ကျွမ်းကျင်စွာ ဦးဆောင်လမ်းပြခဲ့သည်။

ဝင်ပေါက်တွင် အစောင့်များ ရှိနေခဲ့သည်။

"ဘယ်သူလဲ"

သူတို့ထဲက တစ်ယောက်က မေးလိုက်၏

အစောင့်အနည်းငယ်သည် လမ်းကို ပိတ်ဆို့ဖို့ အလိုလို ရှေ့ကို တိုးလာပြီး ပိုင်ကျီဟန်ဝတ်ရုံပေါ်က အမှတ်အသားနှင့် သူ့ကို ဝန်းရံထားသော မှားယွင်းစရာမရှိသည့် အရောင်အဝါကို မမြင်တွေ့ရသည့် အထိသာ။

သူတို့မျက်လုံးများ ပြူးကျယ်သွားချေသည်။

အသက်ကြီးသော အစောင့်တစ်ယောက်သည် ခြေတစ်လှမ်း နောက်ဆုတ်ပြီးမှ မြန်မြန်ဆန်ဆန် ဦးညွှတ်လိုက်ပေသည်။

"သခင်လေးပိုင် ..ကျွန်တော်တို့ မသိလိုက်လို့။ ကျွန်တော်တို့ အပြစ်အတွက် ခွင့်လွှတ်ပေးပါ”

တခြားအစောင့်များသည်လည်း တစ်ပြိုင်နက်တည်း ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။ သူတို့ နဖူးများသည် ကျောက်ကြမ်းပြင်နဲ့ ထိလုနီးပါးပင်။

ပိုင်ကျီဟန်က ဘာမှမပြောပေ။

သူက ခေါင်းညိတ်ပြလိုက်ပြီး သူ့လက်တွေကို ကျောနောက်ဘက်တွင် ချထားလိုက်သည်။

"ဒီနေ့ ဘာလို့ဒီကို ရောက်လာတာလဲလို့ မေးလို့ရမလား။"

"သခင်လေး ပိုင်ကျီဟန်က ပြိုင်ပွဲကို ကြည့်ချင်လို့ပါ" ခုန်ကျန်းဟုန်သည်

ပြန်ဖြေလေ၏

အစောင့်သည် အံ့အားသင့်ပြီး မျက်လုံးတွေ ပြူးကျယ်သွားသည်။

ပိုင်မျိုးနွယ်ဝင်တစ်ယောက်တင် မဟုတ်ပေ။ အမွေဆက်ခံသူကိုယ်တိုင် ရောက်လာတာပင်

ခေါင်းဆောင်သည် စိတ်လှုပ်ရှားစွာ မတ်တပ်ရပ်ပြီး လက်နှစ်ဖက်နဲ့ ဦးညွတ်ကာ လေးစားသည့်လေသံနဲ့ ပြောလိုက်သည်။

"လေးစားအပ်ပါသော သခင်လေးပိုင် ၊ VIP အခန်းအများစုမှာ လူပြည့်နေပါပြီ... ဒါပေမယ့် ခဏလောက် စောင့်ပေးပါ၊ ကျွန်တော် ချက်ချင်းစီစဉ်ပေးပါ့မယ်”

အခန်းတစ်ခန်းကို တိတ်တဆိတ်ရှင်းလင်းဖို့ အစောင့်တစ်ယောက်ကို အချက်ပြတော့မလို့ပင်

"အဲဒါအထိ မလိုအပ်ပါဘူး"ပိုင်ကျီဟန်သည် အမိန့်မပေးခင် အေးအေးဆေးဆေးဝင်ပြောလိုက်သည်။

အစောင့်သည် လှုပ်ရှားမှုအလယ်၌ ရပ်တန့်သွားသည်။

"VIP အခန်းမလိုပါဘူး။ ကျွန်တော့်ကို ပုံမှန်ပရိသတ်အပိုင်းကို ခေါ်သွားရုံပါပဲ။"

အစောင့်သည် အံ့အားသင့်စွာ မျက်တောင်ခတ်လိုက်၏ ထို့နောက် သူ့မျက်နှာပေါ်တွင် စိတ်သက်သာရာရသွားပြန်သည်။

ပိုင်ကျီဟန် အတင်းအကျပ်ပြောခဲ့လျှင် အစွမ်းအထက်ဆုံးဧည့်သည်ကိုပင် နေရာဖယ်ပေးဖို့အတွက် ဝမ်းမြောက်ဝမ်းသာ စော်ကားမိမှာပင်။

နောက်ဆုံးတော့ ဆိတ်ငြိမ်ရာ ကောင်းကင်အင်ပါယာတစ်ခုလုံးတွင် ပိုင်မျိုးနွယ်၏ သခင်လေးကို မည်သူက စော်ကားနိုင်မည်နည်း။

သို့တိုင် ပိုင်ကျီဟန်သည် VIP အခန်းကို မလိုချင်ဘူးဆိုတော့ ပိုကောင်းသည်။

"နားလည်ပါပြီ…ဒီဘက်ကို လာပါ၊ သခင်လေးပိုင်”

အစောင့်သမားသည် နှုတ်ဆက်လိုက်သည်။

"ဒီနှိမ့်ချတဲ့လူက ကိုယ်တိုင် လိုက်ပါပို့ဆောင်ပေးမှာပါ.. အကောင်းဆုံး မြင်ကွင်းကို ရရှိအောင် သေချာဆောင်ရွက်ပေးပါမယ်”

သူတို့ အတွင်းဘက် စင်္ကြံကို ဖြတ်သွားသည့်အခါ တီးတိုးစကားများသည် သူတို့နောက်ကနေ လိုက်လာခဲ့သည်။

"ဒါလား..."

"ပိုင်ကျီဟန်.. ပိုင်မျိုးနွယ်က သခင်လေးလား”

"အစောင့်သမားတွေ ရုတ်တရက် ဦးညွှတ်လာတာ အံ့သြစရာတော့ မဟုတ်ပါဘူး..."

ကွင်းထဲသို့ ပိုင်ကျီဟန် ဝင်လိုက်သည်နဲ့ အာရုံစိုက်မှုအားလုံးသည် သူ့ဆီကို ရောက်သွားကြသည်။ အထူးသဖြင့် မာနကြီးသော အစောင့်ခေါင်းဆောင်၏ လေးစားမှုရှိသော အပြုအမူကြောင့်ပင်

လူတွေသည် သဘာဝအတိုင်း စပ်စုချင်စိတ် ပေါက်လာပြီး ဘယ်သူလဲဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားကြ၏

သူ့ဝတ်ရုံမှ ပိုင်မျိုးနွယ် တံဆိပ်ကို မြင်သည့်အခါ သူသည် အရေးကြီးသူတစ်ယောက်ဆိုတာ ခန့်မှန်းဖို့ မခက်ပေ။

ထို့နောက် လူတွေက သူ့ကို တစ်ယောက်ပြီးတစ်ယောက် မှတ်မိလာကြသည်။

ပိုင်ကျီဟန်

တိုက်ပွဲစတင်တော့မည့် အချိန်တောင် ရပ်တန့်သွားသည်။

သို့တိုင် ပိုင်ကျီဟန်သည် ဆူညံသံများကို လျစ်လျူရှုပြီး ကွင်းအား ငေးကြည့်ရင်း တိတ်တဆိတ် ထိုင်လိုက်ချေသည်။

သူထိုင်ပြီး စစ်မြေပြင်ကို စိုက်ကြည့်နေလိုက်၏ - တစ်ခုခုကို စောင့်နေသလိုပင် ဘာမှမလုပ်တော့ပေ

[ကောင်းကင်ရွေးချယ်ခံရသူကို တွေ့ရှိပါပြီ”

(မျှော်လင့်ထားတဲ့အတိုင်းပဲ)

ပိုင်ကျီဟန် မျက်လုံးများ ကျဉ်းမြောင်းသွားချေသည်။ နီဖန်းကျိုးဆိုတာ သေချာသလောက်ပင်။ အခုထိ သူမြင်တွေ့ခဲ့ရသော အရာအားလုံးနဲ့ဆိုရင် ၉၉% သေချာနေချေပြီ - အခုတော့ သေချာသွားပြီ။

နီဖန်းကျိုး၏ ပရိုဖိုင်အပြည့်အစုံက သူမျှော်လင့်ထားသလိုပင်

[ကောင်းကင်ရွေးချယ်ခံရသူကို တွေ့ရှိပါပြီ]

ထပ်ပြီးလား။

နောက်ထပ် အကြောင်းကြားချက်တစ်ခု ပေါ်လာ၏

(အကြောင်းကြားချက်နှစ်ခုလား။)

ပိုင်ကျီဟန်သည် စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်ပေသည်။

စနစ်က ချို့ယွင်းနေတာလား။

သူ အတွေးကို မြန်မြန်ပယ်ချလိုက်၏ သူ့စနစ်က အတည်ပြောနေတာလား ဒါမှမဟုတ် ပျက်စီးနေတာလား။

[စကင်ဖတ်နေသည်...]

[ကောင်းကင်ရွေးချယ်ထားသောသူ ပရိုဖိုင်ကို လော့ခ်ဖွင့်ထားသည်]

အမည်- နီဖန်းကျိုး

အသက်- ၁၉

ကံကြမ္မာအဆင့်- ကြယ်လေးပွင့်

ကျင့်ကြံမှုအခြေခံ- ဝိညာဉ်ဖွဲ့စည်းမှု (အစောပိုင်းအဆင့်)

ကံကြမ္မာ-

တစ်ချိန်က ကောင်းကင်ဘုံသို့ ရောက်ရှိရန် ကံကြမ္မာရှိသော ပြိုင်ဘက်ကင်းပါရမီရှင်

တစ်ဦးအဖြစ် ချီးကျူးခံခဲ့ရသော်လည်း လျှို့ဝှက်ဆန်းကြယ်သော ဖြစ်ရပ်တစ်ခုကြောင့် သူ၏ ကျင့်ကြံမှုကို နှစ်ပေါင်းများစွာ ရပ်တန့်သွားစေပြီးနောက် အစောပိုင်းတွင် မှေးမှိန်သွားခဲ့သည်။

ရွယ်တူများ၏ လှောင်ပြောင်မှု၊ မဟာမိတ်များ၏ စွန့်ပစ်မှုနှင့်အတူ ကျဆုံးချိန်တွင် ချစ်သူမှ ဘေးဖယ်ထားခံခဲ့ရပြီးနောက် ယခင်ပုံရိပ်၏ အရိပ်တစ်ခု လိုက်လာခဲ့သည် - ကြောက်မက်ဖွယ်ကောင်းသော ခွန်အားနှင့် မယိမ်းယိုင်သောဆန္ဒဖြင့် ပြန်လည်ပေါ်ထွက်မလာခင်အထိ။

နီဖန်းကျိုး ကံကြမ္မာသည် ဆန့်ကျင်ဘက်တွင် တည်ရှိသည်။

သူရရှိသော အောင်မြင်မှုတိုင်းသည် ကြိုးစားအားထုတ်မှု၊ မရေမတွက်နိုင်သော သေလုမျောပါးတိုက်ပွဲများနှင့် ကမ္ဘာကြီးမှားယွင်းကြောင်း သက်သေပြရန် ပြင်းထန်သောဆန္ဒများမှတစ်ဆင့် ပုံဖော်ထားသည်။

သူ့၏ကျင့်ကြံမှုလမ်းကြောင်းသည် ကံကြမ္မာနှင့် ဖုံးလွှမ်းနေတာမဟုတ်ဘဲ နာကျင်မှု၊ အရှက်ရမှုနဲ့ ဒူးထောက်ဖို့ ငြင်းဆန်မှုတွေမှ ထွင်းထုထားတာာပင်

လူအနည်းငယ် သိကြတာက သူ့သွေးကြောတွေထဲ၌ တစ်ချိန်က ဒဏ္ဍာရီလာဘိုးဘေးတစ်ဦး၏ သွေးများ စီးဆင်းတာပင်

မျိုးဆက်တစ်လျှောက်တွင် သွေးဆက် ပါးလွှာလာပြီး မှုန်ဝါးဝါးဖြစ်လာကာ သူ့အစွမ်းသတ္တိကို မေ့ပျောက်လုနီးပါးဖြစ်နေချေပြီ။

သို့တိုင် နီဖန်းကျိုးမှာတော့ ထိုစွမ်းအားသည် တစ်ဖန်ပြန်လည်နိုးထလာခဲ့သည်။

ရာစုနှစ်ပေါင်းများစွာ ငြိမ်သက်နေပေမဲ့ အခုတော့ သူ့အတွင်းတွင် နိုးထလာဖို့ အချိန်ကောင်းကို စောင့်ဆိုင်းနေသည်။

ထိုခက်ခဲသောလမ်းကြောင်းကို ဖြတ်သန်းဖို့ သူ့ကို လမ်းညွှန်ပေးနေတာကတော့ ဝိညာဉ်ရေးရာလက်စွပ်တစ်ခုထဲ၌ ချည်နှောင်ထားသည့်ဒဏ္ဍာရီလာဘုရင် တူချန်ရှန့်ပင်။

ထိုရှေးဟောင်းဝိညာဉ်သည် ကြီးကျယ်မြင့်မြတ်မှုဆီ ချီတက်နေချိန်၌ ဉာဏ်ပညာ၊ ခွန်အားနဲ့ အချိန်မကုန်သော အတွေ့အကြုံတွေကို ပေးစွမ်းပေ၏

သူ့ တိုးတက်မှု နှေးကွေးနိုင်ပေမဲ့ မလွဲမသွေမသေ အင်အားကြီးလာမည်သာ။

“ အိုး အို”

သူက လုံးဝမဆိုးပေ

သူ့ကံကြမ္မာအဆင့်သည် ကြယ်လေးပွင့်အဆင့် လင်းရွှမ်ထက်ပင် ပိုမြင့်ပြီး နီဖန်ကျိုးကို လျှော့မတွက်သင့်ကြောင်း သူနားလည်ပေသည်။

ထို့နောက် သူ့ ကျင့်ကြံမှုအခြေခံ... လူထုသည် သူ့အား အခြေတည်ဝိညာဉ်နယ်ပယ်တွင် ရှိနေသည်ဟု ယုံကြည်ကြပေမဲ့ သူကတော့ ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်ကို ရောက်ရှိနေချေပြီ။

သူသည် ထိုလျှို့ဝှက်ကတ်ကို သိမ်းဆည်းထားပြီး ပိုင်ရွှယ်ချင်းနဲ့ သူ့တိုက်ပွဲအတွင်း လူတိုင်းကို အံ့အားသင့်စေဖို့ပင်

စာအုပ်ထဲက ဇာတ်ကောင် အပြုအမူသာ

အဲဒါက အဆုံးသတ်ဖြစ်သင့်၏

သို့တိုင်

[စကင်ဖတ်နေသည်...]

[ကောင်းကင်ရွေးချယ်သူ ပရိုဖိုင်ကို လော့ဖွင့်ထားသည်]

အမည်- တူချန်ရှန့်

အသက်- မသိရ

ကံကြမ္မာအဆင့်- ကြယ်ငါးပွင့်

ကျင့်ကြံမှုအခြေခံ- အဆင့်မြင့် အင်မော်တယ် နယ်ပယ်

ကံကြမ္မာ-

တစ်ချိန်က ကောင်းကင်နဲ့ မြေကြီးတစ်လျှောက် နာမည်ကြီးသော ဒဏ္ဍာရီလာ ဘုရင်တစ်ပါးဖြစ်ပြီး တူချန်ရှန့်ဝိညာဉ်သည် လူ့ဘောင်ကန့်သတ်ချက်များကို ကျော်လွန်သော ဉာဏ်ပညာနဲ့ စွမ်းအားကို ကိုယ်စားပြုပေသည်။

ယခုတော့ ဝိညာဉ်ရေးရာ လက်စွပ်တစ်ခုထဲ၌ ချည်နှောင်ခံထားရပြီး သူ့တပည့် နီဖန်းကျိုးအတွက် အကြံပေးနဲ့ လမ်းညွှန်အဖြစ် ဆောင်ရွက်သည်။

သူ၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်သည် ကြာမြင့်စွာကတည်းက ပျောက်ဆုံးသွားခဲ့ပေမဲ့ ဝိညာဉ်သည် ခိုင်မြဲနေခဲ့၏ လက်စွပ်ထဲ၌ ပိတ်ဆို့ခံထားရပြီး သူ့အသိပညာနဲ့ အစွမ်းသတ္တိသည် အခု သူ့တပည့် တိုးတက်မှုကို အားဖြည့်ပေးနေသည်။

သို့တိုင် ဒဏ္ဍာရီလာတွေအတွက် တားမြစ်ထားသော တစ်ခုအကြောင်း ပြောရလျှင် ရှေးဟောင်းပြန်လည်ရှင်သန်ရေးနည်းစနစ်။ပင်။ သူ့လို ဝိညာဉ်မျိုးကိုတောင် အပြည့်အဝ အသက်ပြန်ရှင်အောင် လုပ်ပေးနိုင်သည့် နည်းလမ်းတစ်ခုရှိ၏

ထိုနည်းစနစ် အောင်မြင်ခဲ့ပါက တူချန်ရှန်သည် ပေါင်းစည်းခြင်းမဟုတ်သော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အသစ်တစ်ခုကို ပြန်လည်ရရှိမည်ဖြစ်ပြီး လောကကြီးထဲကို ပြန်လည်မွေးဖွားလာမည်ပင်။

ထိုပြန်လည်မွေးဖွားခြင်းနဲ့အတူ သူ့ခွန်အားသည် အပြည့်အဝ ပြန်လည်ရောက်ရှိလာမည်ဖြစ်ပြီး အသက်ရှင်လျက်ရှိသည့် အသန်မာဆုံး ကျင့်ကြံသူတစ်ယောက်အဖြစ် ချက်ချင်းတက်လှမ်းနိုင်မှာပင်

ထိုအချိန်အထိ သူသည် ဝိညာဉ်ပုံစံနဲ့ ဆက်လက်ရှိနေပြီး သူ့အမွေအနှစ်ကို သယ်ဆောင်လာသူအား တိတ်တဆိတ်လမ်းညွှန်ပေးနေမည်သာ

ပိုင်ကျီဟန် မျက်လုံးများက မယုံနိုင်စွာ ပြူးကျယ်သွားသည်။

"...တစ်နေရာတည်းမှာ ကောင်းကင်ဘုံရွေးချယ်ခံရသူ နှစ်ယောက်လား?"

သူ ညည်းညူလိုက်၏။

"ဒါက ဘယ်လိုထူးဆန်းတဲ့ ပေါင်းစပ်မှုမျိုးလဲ”

ထိုအပြင် ဝိညာဉ်သည် နီဖန်းကျိုးထက် အဆင့်မြင့်သော ကောင်းကင်ဘုံရွေးချယ်ခံရသူ တစ်ယောက်သာ။

ဒါက ဘယ်လိုပုံစံမျိုးလဲ။

ဆရာက ဘယ်လိုလုပ် တပည့်ထက် သာလွန်နိုင်မည်နည်း

ဇာတ်လိုက်သည် သူတို့ရဲ့ဆရာထက် အမြဲတမ်း သာလွန်နေမည် မဟုတ်ဘူးလား။

သို့တိုင် ကံကြမ္မာအဆင့်အရ ရှေးဟောင်းဝိညာဉ်ဖြစ်သော တူချန်ရှန်သည် နီဖန်းကျိုးထက်တောင် ကြီးကျယ်မြင့်မြတ်ဖို့ ကံကြမ္မာရှိတာ သိသာပေ၏

သို့တိုင် ထိတ်လန့်စရာအကောင်းဆုံးအပိုင်းကတော့ ကောင်းကင်ဘုံ ရွေးချယ်ခံရသူနှစ်ယောက် အတူတကွ ချည်နှောင်ခံထားရတာပင်။

အရာအားလုံးသည် သူထင်ထားတာထက် ပိုရှုပ်ထွေးလာခဲ့ချေသည်။

All Chapters