← Chapters

သတ်ရန် ဒါမှမဟုတ် အသုံးချရန်

Vol. 15 Ch. 218

သတ်ရန် ဒါမှမဟုတ် အသုံးချရန်

Vol. 15 Ch. 218

ပိုင်ကျီဟန်သည် မျက်နှာပြင်

ငြိမ်သက်နေသော်လည်း ဒီရေလို လှုပ်ခတ်နေသည်။

[တူချန်ရှန့်]

ပိုင်ကျီဟန်သည် မျက်လုံးများ ကျဉ်းမြောင်းလိုက်သည်။

သူ့အနေနဲ့ မသိမြင်နိုင်သော်လည်း ၎င်းက မျှော်လင့်ထားသလိုပင် ။ သူသည်

အဆင့်မြင့် အင်မော်တယ်အဆင့်တွင် ရှိနေသည်။

ထိုအဆင့်ဆိုလျှင် ဆိတ်ငြိမ်ရာကောင်းကင် အင်ပါယာတွင် သူ့အား အသန်မာဆုံးဖြစ်

အောင် လုပ်ပေးနိုင်သည်။

နီဖန်းကျိုးကိုကြည့်နေချိန်၌ သူ့ကိုလည်း သတိထားမိသလို ကြည့်နေသည်။ ထို့အပြင် ပိုင်ကျီဟန်သည် သွေးတပ်မက်ခြင်းကို စက္ကန့်လောက် ခံစားမိသည်။

အခြားလူတွေကတော့ ပြိုင်ဘက် လေးယောက်အပေါ် လွှမ်းမိုးသည်ဟု ထင်မိနိုင်ပေမဲ့ သူ့ကို တိုက်ရိုက်ရည်ညွှန်းနေတာပင်

(ကဲ… သူ့ကို ကြည့်လိုက်ဦး)

ပိုင်ကျီဟန်သည် ပြုံးပြလိုက်သည်။ သူ့အမ အပေါ် မုန်းတီးမှု ကြီးမားနေတာကြောင့် ပိုင်ရွှယ်ချင်း၏ မောင်တစ်ယောက်ဖြစ်သော သူ့ကိုပါ သတ်ချင်နေ၏

တကယ်လို့ နီဖန်းကျိုးသာ အခုလိုအချိန်တွင် သူ့ကို တိုက်ခိုက်မည်ဆိုပါက ပိုင်ကျီဟန်အဖို့ မြန်ဆန်ပြီး လွယ်ကူသောအချိန် ဖြစ်မည်သာ။

သို့တိုင် ထိုသို့ အဆင်ပြေသော အရာက မဖြစ်ပျက်ပေ။ နီဖန်းကျိုးသည် မကြာခင်မှာ ပြိုင်ဘက်ကို အာရုံစိုက်လိုက်သည်။

အခုပဲ

“ပိုင်ကျီဟန်… အဲ့ကောင်လေးရဲ့ လက်စွပ်မှာ မျှော်လင့်မထားတဲ့ ဝိညာဉ်တစ်ခု ကပ်နေတယ်”

မသေမျိုး ဧက္ကရာဇ် ဖေးလိန်က ပြောလိုက်သည်။

(နိုးလာပြီလား?)

“အတော်လေး စွမ်းအားကြီးတဲ့ ဝိညာဉ်တစ်ခုကို ခံစားမိလို့ပဲ။ သူ့အင်အားက ငါ့အသက်

ရှိနေတုန်းကအရွယ်နဲ့ နီးစပ်သလောက်ပဲ”

မသေမျိုး ဧက္ကရာဇ် ဖေးလိန်သည် ပြောရင်း နီဖန်းကျိုး သို့မဟုတ် ပိုင်ကျီဟန်မမြင်နိုင်သော တူချန်ရှန့်ကို အကဲခတ်နေ၏

(သူက မင်းကို ခံစားနိုင်မလား?)

ပိုင်ကျီဟန်က မေးလိုက်သည်။

ဖေးလိန် အသံက ပျော်နေသလိုပင်။

“မဖြစ်နိုင်ဘူး..သူ့ ဝိညာဉ်က ထိခိုက်မှုအဆင့်က ငါနင့်ကို ပထမဆုံးတွေ့တုန်းကလိုပဲ ။ ဒါပေမဲ့ ငါ့က ဝိညာဉ် ထိန်းချုပ်ပစ္စည်းတွေရှိလို့ နည်းနည်း ပြန်ကောင်းလာနိုင်ခဲ့တယ်။ ဒါကြောင့် ငါ့ကိစ္စကို မစိုးရိမ်လည်းရတယ်”

ပိုင်ကျီဟန်သည် ခေါင်းငြိမ့်မိသော်လည်း သူသည် ဖေးလိန် ပေါ်ထွက်လာမည့်ကိစ္စကို

မစိုးရိမ်ပေ

ထို့နောက် နီဖန်းကျိုး၏ စနစ် အချက်အလက်ကို သတိရကာ သူ့စိတ်

အတွင်း၌ အသစ်တစ်ခု ပေါ်လာခဲ့ပြီး ဖေးလိန်ကိုလည်း ပြန်ကြည့်လိုက်သည်။

(တကယ်လို့… မင်းကိုပါ ပြန်လည်ဖန်ဆင်းပေးနိုင်ရင်ရော)

တူချန်ရှန် ကံကြမ္မာကို ကြည့်ရလျှင် နီဖန်းကျိုးအကူအညီနဲ့ ပြန်လည် အသက်ရှင်လာမည့် ပုံစံပင်။

ထိုသို့ဆိုရင်တော့… မသေမျိုးဧက္ကရာဇ်ဖေးလိန်ကိုလည်း ထိုနည်းဖြင့် ပြန်လည်ဖန်ဆင်းနိုင်မည်လား?

ထိုသို့လုပ်နိုင်မည်ဆိုပါက သူ့ဘက်တွင် မသေမျိုးဧက္ကရာဇ်ဖေးလိန် တစ်ယောက်လုံး မဟာမိတ်အဖြစ် ရှိနေမည်သာ

ဤကမ္ဘာ၌ ဘာကိုမှ စိုးရိမ်စရာ မလိုတော့ဘဲ တူချန်ရှန် ပြန်ရှင်လာတောင် သူ့အဆင့်သည် ဖေးလိန်ထက် နည်းနေသေးသည်။

သို့တိုင် ကိစ္စတွေက ထင်သလောက်မသေချာပေ။

ပထမ ပြဿနာကတော့ ဖေးလိန်သည် သူ့ကို ကူညီမည်လား မသေချာပေ ။ ပြန်လည် ရှင်သန် လာသည့်အခါမှာတော့ စကားမတည်ဘဲ သူ့ရန်သူ ဖြစ်လာနိုင်သည်။

ထိုကြောင့် ဖေးလိန်ကို ပြန်လည်ဖန်ဆင်းပေးနိုင်ပါက အရင်ဆုံး သူတစ်ယောက်တည်းကို သစ္စာခံဖို့ လုပ်ရမည်။

ဒုတိယ ပြဿနာကတော့ နီဖန်းကျိုးကို အသက်ရှင်ခွင့်ပေးသင့်သည်လား?

ဇာတ်လိုက်ကို အချိန်ကြာကြာထားလိုက်ပါက ကိုယ့်ကိုယ်ကို သေတွင်းပို့တာနဲ့ အတူတူသာ။

အထူးသဖြင့် သူပြသခဲ့သော အပြုအမူတစ်ခုအရ ပိုင်မိသားစုကို အလွန် မုန်းတီးနေသူတစ်ယောက်ကို ထိုသို့ ရှင်သန်ခွင့်ပေးသင့်သည်လော

ရန်သူအဖြစ် မလွဲမသွေ ဖြစ်လာမည့်သူသာ

ဒါဆို နီဖန်းကျိုးကို အသက်ပြန်ရှင်လာအောင် ခွင့်ပြုသင့်လား။

သူ့၏ ရွေးချယ်စရာများကို ချိန်ဆပြီး အကောင်းဆုံးရွေးချယ်မှုကို ရှာဖွေဖို့ လိုအပ်

ပေသည်။

သို့တိုင် အခုချိန်မှာတော့ သူဒီကိုလာရသည် ရည်ရွယ်ချက်ကို လုပ်တော့မည်ပင်။ နီဖန်းကျိုးကို ကြည့်ရသလောက် ၎င်းသည်

လိုအပ်သည်ဟု သူမထင်ပေ

နီဖန်းကျိုး၏ ကျင့်ကြံမှုသည် ဝိညာဉ်ဖွဲ့စည်းမှုနယ်ပယ်တွင် ရှိနေပြီး သူ့ပြိုင်ဘက်သည် ရွှေရောင်ဗဟိုနယ်ပယ်သာ ဖြစ်တာကြောင့် သွေးပူလေ့ကျင့်ခန်း အတွက်တောင် မလုံလောက်ပေ

နီဖန်းကျိုးနဲ့ တခြားပါဝင်သူလေးယောက်သည် သတိပြန်ရလာပြီး ပိုင်ကျီဟန်ကြောင့် ဖြစ်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှု

အပြီးတွင် တစ်ယောက်နဲ့တစ်ယောက် ရင်ဆိုင်ဖို့ အသင့်ဖြစ်နေချေသည်။

ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ့အသံက စိန်ခေါ်မှုနဲ့ ယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။

"ငါ့ကို လျှော့မတွက်နဲ့”

ချီပေါက်ကွဲမှုနဲ့အတူ ရှေ့ကို တိုးလာပြီး ဓားသည် လေထဲ၌ တောက်ပနေကာ လေတိုက်ခတ်မှုကြောင့် အော်ဟစ်နေ၏

သူသည် လေးယောက်ထဲ၌ အရဲရင့်ဆုံးဖြစ်ကာ ကြွက်သား သန်မာပြီး မျက်လုံးများ ကြမ်းတမ်းသည့်အပြက် ကြောက်တတ်သူအဖြစ် မြင်ခံရမည်ကို လုံးဝမလိုလားသော ရတစ်ယောက်သည် စတင်လေ၏

"လူတိုင်း ငါ့ရဲ့စွမ်းအားကို သိကြလိမ့်မယ်”

ဓားရှည်သည် နီဖန်းကျိုးခေါင်းဆီသို့ ဝိညာဉ်မီးတောက်နဲ့အတူ ဝှေ့ယမ်းလိုက်သည်။

သို့တိုင် နီဖန်းကျိုးက မလှုပ်ပေ

မျက်တောင်တောင် မခတ်ပေ

ကလန့်

သတ္တုသံတစ်ခု ထွက်ပေါ်လာသည်။

လူတိုင်း အံ့အားသင့်သွားသည်က နီဖန်းကျိုးသည် လက်ချောင်းနှစ်ချောင်းကို မြှောက်ပြီး ဓားရှည်ကို ဆုပ်ကိုင်လိုက်တာပင်။

ကွင်းတစ်ခုလုံး အံ့ဩမှင်သက်သွားချေ၏။

"ဘာလဲ”

"သူ... သူ့လက်ချောင်းတွေနဲ့ ပိတ်ဆို့ထားတာလား”

တိုက်ခိုက်သူမျက်နှာသည် မယုံနိုင်စွာ တွန့်လိမ်သွားပြီး ဓားကို အောက်သို့ ဆွဲချဖို့ ကြိုးစားရင်း လက်မောင်း သွေးကြောများ ဖောင်းကားလာသည်။

သို့တိုင် မလှုပ်ပေ

နီဖန်းကျိုးအကြည့်သည် အေးစက်ပြီး ခံစားချက်မဲ့နေ၏ သူ့ရှေ့ကလူကိုတောင် မမြင်သလိုပင်

"အရမ်းအားနည်းလွန်းတယ်”

သူပြောလိုက်၏

ထို့နောက်

ဂျွတ်

သူ့လက်ချောင်းများကို အနည်းငယ်လှည့်လိုက်သည့်အခါ ဓားရှည်သည် ကြွပ်ဆတ်သောဖန်လို ကွဲသွားပေသည်။

ကျင့်ကြံသူ မတုံ့ပြန်နိုင်ခင်မှာပဲ နီဖန်းကျိုးသည် တခြားလက်ကို မြှောက်ပြီး ရိုက်

လိုက်လေ၏

လက်ဖဝါးတစ်ဖက်တည်းသာ

ဘာတောက်ပမှုမှ မရှိပေ

သို့တိုင် ထိုအားက တိုက်ခိုက်သူကို ကျိုးပြတ်သော စွန်လို လွင့်ထွက်သွားစေပြီး ပါးစပ်ကနေ သွေးတွေ ပန်းထွက်လာစေ၏ ကျယ်လောင်သော ပေါက်ကွဲသံနဲ့အတူ ကွင်းကို ဝန်းရံထားသည့် အတားအဆီးအား ဝင်တိုက်မိသွားပေသည်။

မြေပြင်ပေါ် လဲကျကာ မေ့မြောသွား၏

တိတ်ဆိတ်ကုန်၏

ဒိုင်လူကြီး၏ မျက်လုံးတွေတောင် တုန်လှုပ်သွားသည်။

"အရမ်းမြန်တယ်..."

"သူ နည်းစနစ်တစ်ခုတောင် မသုံးခဲ့ဘူး”

"ဒီပဏာမရွေးချယ်မှုမှာ အနိုင်ရဖို့ ရေပန်းစားတဲ့သူတစ်ယောက် ဆိုတဲ့အတိုင်းပါလား”

ကျန်သည့် ကျင့်ကြံသူ သုံးယောက်သည် ချက်ချင်းပဲ ချွေးတွေ ထွက်လာကြပေသည်။

သူတို့ တိုက်ခိုက်မှုတောင် မစရသေးပေ။ ပြီးတော့ တစ်ယောက်က လဲကျနေချေပြီ

ထက်မြက်သော တစ်ယောက်က သွားကို ကြိတ်လိုက်၏

“ ပြန့်ကျဲမနေနဲ့ အတူတူတိုက်ခိုက်ကြ”

ထိုအော်သံနဲ့အတူ ကျန်နှစ်ယောက်သည် တခြားတစ်ယောက် အမိန့်ကို လက်မခံချင်ပေမဲ့ သူပြောတာ မှန်ကြောင်း သိပြီး သုံးယောက်သား အတူတူတိုက်ခိုက်ကြသည်။

သူတို့သည် နီဖန်းကျိုးကို သုံးဖက်ကနေ တိုက်ခိုက်ကြ၏ ချီစုဆောင်းရင်း သူတို့၏ အခိုင်မာဆုံး နည်းစနစ်တွေကို ပြင်ဆင်နေ၏

"သုံးဆင့်ပိတ်ဆို့ အခင်းအကျင်း”

တစ်ယောက်သည် သူ့လက်ဖဝါးကို ပူးကပ်လိုက်ရင်း နီဖန်းကျိုးအပေါ် ရွှေရောင် မှော်စာကို ဆင့်ခေါ်လိုက်သည်။

နောက်တစ်ယောက်သည် လေးတစ်ချောင်းဆွဲပြီး လေနဲ့မီးလျှံများ ရစ်ပတ်ထားသည့် တောက်လောင်နေသော မြားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

တတိယတစ်ယောက်ကတော့ သူ့လက်သီးများကို မြေကြီးပေါ် ထိုးချလိုက်ရာ လှံတွေလို ချွန်ထက်သော မြေဆူးများ ဖြစ်ပေါ်လာသည်။

၎င်းသည် ညှိနှိုင်းပြီး အရဲစွန့်သော ကြိုးပမ်းမှုတစ်ခုသာ။ လူအုပ်သည် အသက်ပင် ခက်ခက်ခဲခဲရှူနေရ၏

အကောင်းဆုံးအနေနဲ့ အဖွဲ့လိုက်လုပ်ဆောင်မှုကို လက်ခံနိုင်စရာဟု ဖော်ပြနိုင်ပေမဲ့ သူတို့အားလုံးသည် သူစိမ်းတွေဖြစ်ပြီး ပြိုင်ဘက်တွေဖြစ်တာကြောင့် ချီးကျူးဖွယ်ကောင်းနေဆဲသာ

ထိုကြောင့် အဖွဲ့လိုက်လုပ်ဆောင်မှုကို ချီးကျူးနိုင်သေးသည်

ပျမ်းမျှအားဖြင့် အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်သည် ဘက်ပေါင်းစုံက တိုက်ခိုက်မှုများကို ရုန်းကန်ရလိမ့်မည်သာ -ရ။ ပြီးတော့ ၎င်းသည်လည်း အရမ်းအစွမ်းထက်၏

နီဖန်းကျိုးသည် သူ့လက်ကို ဖြည်းဖြည်းချင်းမြှောက်ပြီး မြေကြီးကို ခြေထောက်နဲ့ ရိုက်ချလိုက်သည်။

ဘုန်း

အောက်ကနေ တုန်ခါမှုလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ဒီရေလှိုင်းလို လှိုင်းထနေ၏

အပေါ်က ဖွဲ့စည်းပုံသည် အသက်မဝင်ခင်မှာပဲ ကွဲအက်သွားချေသညိ။

ဆူးတွေ မြင့်တက်နေချိန်မှာပဲ ဖုန်မှုန့်တွေအဖြစ် ပြိုကွဲသွားပေ၏

မြားသည် လေထဲ၌ အေးခဲသွားပြီး တုန်ခါနေသော လေထုထဲ၌ ပိတ်မိသွားပေသည်။ ပြီးတော့ ပေါက်ကွဲသွားပြန်သည်။

တိုက်ခိုက်သူ သုံးဦးသည် နောက်ပြန်လဲကျပြီး သွေးချောင်းဆိုးကာ အပုံလိုက် လဲကျသွားသည်။

သူတို့ထဲက မည်သူမှ မထကြတော့ပေ

ဒီလိုပဲ... ပြီးဆုံးသွားချေပြီ။

လူအုပ်သည် အံ့အားသင့်စွာ တိတ်ဆိတ်နေကြ၏ အားပေးသံ တစ်ချက်မှ မကြားရပေ

ကြေငြာသူသည် အသံထွက်အောင် တံတွေးမျိုချလိုက်ပြီး တင်းမာသော မျက်နှာနဲ့ ရှေ့ကို လွင့်မျောသွားသည်။

"အုပ်စုလေးရဲ့အနိုင်ရသူ နီဖန်းကျိုး”

ကြေငြာချက် ပဲ့တင်ထပ်လာသည့်အခါ လူအုပ်ကြားထဲ၌ စကားသံများ ဝင်လာပြန်သည်။

"သူက... နတ်ဆိုးတစ်ကောင်”

"ဒါဆို သူ ဒီလိုဖြစ်သွားတာ..."

"ပြီးတော့ သူက အရမ်းငယ်သေးတယ်..."

နီဖန်းကျိုးသည် လူအုပ်၏ တုံ့ပြန်မှုကို လျစ်လျူရှုလိုက်၏ သူ့အတွက် ထိုရလဒ်က မျှော်လင့်ထားတာပင် - ဘာမှ ထူးထူးခြားခြား ကျေနပ်မှု မရှိပေ

သူ့အကြည့်သည် ပိုင်ကျီဟန်ဆီ ဖြည်းဖြည်းချင်း ပြန်ရောက်သွားခဲ့သည်။

စပ်စုသည့် အကြည့်မျိုးတော့ မဟုတ်ပေ ။ စိန်ခေါ်သူတစ်ယောက်၏ အကြည့်မျိုးသာ

All Chapters